Category: News

  • ရန်ကုန်တွင် ငလျင်လှုပ်ခတ်မှုကြောင့် အထပ်မြင့်နေသူများ လမ်းပေါ်ကိုဆင်းပြေးခဲ့ရ

    ရန်ကုန်တွင် ငလျင်လှုပ်ခတ်မှုကြောင့် အထပ်မြင့်နေသူများ လမ်းပေါ်ကိုဆင်းပြေးခဲ့ရ

    ရန်ကုန်တိုင်း၊ အင်းစိန် ၊မရမ်းကုန်း ၊ လှိုင်၊ ကမာရွတ်၊ မြောက်ဥက္ကလာပ၊ ရွှေပေါက်ကံနဲ့ လှိုင်သာယာ စတဲ့ မြို့နယ်တွေမှာ အောက်တိုဘာ ၁၇ ရက် မနေ့ ည ၁၁နာရီက ငလျင်လှုပ်ခတ်လို့ အထပ်မြင့်တိုက်မှာနေသူတွေ စိုးရိမ်ထိတ်လန့်ပြီး မြေပြင်ကိုဆင်းပြေးရတယ်လို့ မြို့ ခံတွေဆီက သိရပါတယ်။

    မနေ့ ည ၁၁ နာရီလောက်စလို့ ငလျင်လှုပ်ခတ်ရာ အထပ်မြင့်မှာနေထိုင်သူတွေ မြေညီထပ်ကို ဆင်းပြေးကာ ကားလမ်းမပေါ်မှာ တစ်နာရီလောက်နေပြီး အခြေအနေစောင့်ကြည့်ခဲ့ကြရတယ်လို့ လှိုင်မြို့နယ်နေသူ တယောက်က ပြောပါတယ်။

    “ကျမတို့က အထပ်မြင့်မှာနေတော့ ငလျင်သတင်းကို စောင့်ကြည့်နေတာ ညက ငလျင်လှုပ်တော့ အခန်းတိုင်းလိုလို အောက်ကို ဆင်းပြေးကြတာ။ ချက်ချင်းအပေါ် ပြန်မတက်ရဲဘူး ငလျင်ကငြိမ်သွားပြီဆိုမှ အပေါ်ပြန်တက်ကြတာ။ တချို့ဆိုမတက်ကြဘူး၊ လမ်းပေါ်မှာပဲနေကြတယ။ ကမာရွတ်မှာလည်း လှုပ်သွားတယ်။ အရမ်းမပြင်းပေမယ့် စိတ်ပူတယ်။”

    မြောက်ဥက္ကလာပမြို့နယ်နဲ့ ရွှေပေါက်ကံမြို့သစ်မှာလည်း မနေ့ည ၁၁ နာရီကျော်က ငလျင်လှုပ်ခတ်ခဲ့ပြီး ဒဏ်ရာရသူ တချို့ရှိတယ်လို့ ဒေသခံက ပြောပါတယ်။

    “ငလျင်လှုပ်တာ သိသာတယ်။ အိမ်ကို တယောက်ယောက်က ဆွဲကိုင်ပြီးလှုပ်လိုက်သလိုပဲ၊ လမ်းထဲက အဒေါ်ကြီးတယောက် ဘီဒိုပိတာ လက်ထိသွားတယ်။ သူ့ယောကျ်ားက ထုတ်တန်းပေါ်က ပစ္စည်းတွေကျတာ၊ ခေါင်းပေါက်သွားတယ်။ ဘယ်သူမှအိမ်ထဲမှာ မနေရဲဘူး အကုန်လမ်းပေါ်မှာ။”

    “ကုတင်​ပေါ်အိပ်​နေတာ ​နည်းနည်းပြင်းတယ်၊ တမိနစ်​လောက်ကြာတယ်၊ရပ်ကွက်ထဲအိမ်​အောက်မှာလည်း​ပြေးဆင်းကြတာ​တွေ့တယ်”ဟုပုဇွန်​တောင်မြို့နယ်တွင်​နေထိုင်သူတစ်ဦးက ပြောသည်။

    ​မြေငလျင်လှုပ်ခတ်မှုကို​​ဖော်ပြသည့် အပ်ပလီ​ကေးရှင်းများ၏ဖော်ပြချက်အရ ရစ်ချ်တာစကေး အင်အား ၃ ဒသမ ၉ အဆင့်ရှိပြီး ဒလမြို့အနီး တောင်ပိုင်း ပင်လယ်ကမ်းရိုးတန်းကို ဗဟိုပြု၍လှုပ်ခတ်ခဲ့​ကြောင်းသိရသည်။

    အလားတူ မနေ့က အင်းစိန်နဲ့ လှိုင်သာယာမြိုနယ်မှာလည်း ငလျင်လှုပ်ခတ်ခဲ့ပြီး အထပ်မြင့်မှာနေသူတွေအားလုံး မြေညီထပ်လမ်းမပေါ်ကို ဆင်းပြေးရတယ်လို့ နယ်ခံတွေထံက သိရပါတယ်။

    အဆိုပါငလျင်မှာ ကမ္ဘာအေးမြေငလျင်စခန်းမှ အနောက်-အနောက်တောင်ဘက် တမိုင်လောက်ကွာ ဝေးတဲ့ မြန်မာပြည်တွင်း ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်ရဲ့ မြောက်-အနောက်မြောက်ဘက် တမိုင်လောက်အကွာ အနက် ၁၅ မီတာကို ဗဟိုပြုပြီး အင်အားရစ်ချ်တာစကေး ၃ ဒသမ ၆ အဆင့်ရှိငလျင်နဲ့ နောက်ထပ်ငလျင်တခုလှုပ်ခတ်ခဲ့တယ်လို့ မိုးဇလက ထုတ်ပြန်ထားပါတယ်။

    မတ် ၂၈ ရက်က ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ စစ်ကိုင်းငလျင်ကြီး လှုပ်ခတ်ပြီး ပြည်သူ ၄,၀၀၀ ကျော်သေဆုံးခဲ့တာကြောင့် ရန်ကုန်မြို့ခံ ပြည်သူတွေက ငလျင်အန္တရာယ်ကို စိုးရိမ်ထိတ်လန့်နေတာ ဖြစ်ပါတယ်။

  • နတ်ရေကန်ဗျူဟာတိုက်ပွဲ၌ စစ်တပ် တပ်ဖွဲ့ဝင်အချို့ AA ထံ လက်နက်ချ

    နတ်ရေကန်ဗျူဟာတိုက်ပွဲ၌ စစ်တပ် တပ်ဖွဲ့ဝင်အချို့ AA ထံ လက်နက်ချ

    မကွေးတိုင်း၊ ငဖဲမြို့နယ်၊ အမ်း-ပဒါန်းလမ်းပေါ်က နတ်ရေကန်ဗျူဟာစခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ အာရက္ခတပ်တော် (AA) ဆီမှာ အလံဖြူထောင် လက်နက်ချတာရှိသလို တိုက်ပွဲတွင်း လက်ရဖမ်းဆီးရမိတာတွေလည်းရှိတယ်လို့ AA က အောက်တိုဘာ ၁၇ ရက်မှာ ထုတ်ပြန်ပါတယ်။

    လက်နက်ချတဲ့အရေအတွက်နဲ့ ဖမ်းမိတဲ့အရေအတွက်ကိုတော့ ထုတ်ပြန်ချက်မှာ ဖော်မပြထားပါဘူး။

    ဒါပေမဲ့ AA က ထုတ်ပြန်တဲ့ ဓာတ်ပုံမှာတော့ စစ်တပ် တပ်ဖွဲ့ဝင် ၁၁ ယောက် ဒူးထောက်နေတဲ့ပုံပါရှိပါတယ်။

    အမ်း-ပဒါန်းလမ်းပေါ်က စစ်ရေးအရ အရေးပါတဲ့ နတ်ရေကန် ဗျူဟာကုန်းကို AA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်နေတာဖြစ်ပြီး လက်ရှိမှာ နေရာအနည်းငယ်ပဲ ရဖို့ကျန်တော့တယ်လို့ AA က ထုတ်ပြန်ပါတယ်။

    အဲဒီ နတ်ရေကန် ဗျူဟာကုန်းဟာ စစ်တပ်က လက်နက်ငယ်ကျည်ဆန်ထုတ်လုပ်တဲ့ ကပစ ၁၄ စက်ရုံနဲ့ ၉ မိုင်ပဲ ဝေးသလို ပဒါန်းမြို့နဲ့လည်း ၁၂ မိုင်ပဲ ဝေးပါတယ်။

    နတ်ရေကန် ဗျူဟာကုန်းကို တော်လှန်ရေးတပ်တွေက ဝိုင်းပတ်ပိတ်ဆို့ထားတာကြောင့် စစ်တပ်က စစ်ကူလို့ မရတဲ့အပြင် ရိက္ခာကိုပါ လေကြောင်းက ပို့နေရပါတယ်။

    အဲဒီလိုအခြေအနေမှာ စစ်တပ်က ပဒါန်းမြို့နဲ့ နတ်ရေကန်ဗျူဟာကြားမှာ ခံစစ် အဆင့်ဆင့် ပြင်နေတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။

  • ‘ဝ’ ပြည်နယ်လိုချင်ပါက ရွေးကောက်ပွဲဝင်ပြီး လွှတ်တော်ထဲက တောင်းဆိုရန်  ဒု ဗိုလ်ချုပ်ကြီး ရာပြည့်ပြေ

    ‘ဝ’ ပြည်နယ်လိုချင်ပါက ရွေးကောက်ပွဲဝင်ပြီး လွှတ်တော်ထဲက တောင်းဆိုရန် ဒု ဗိုလ်ချုပ်ကြီး ရာပြည့်ပြေ

    ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) အနေနဲ့ ‘ဝ’ ပြည်နယ် လိုချင်တယ်ဆိုပါက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော်ထဲဝင်ပြီး လွှတ်တော်ထဲကနေတောင်း ဆိုပါလို့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ပြောလိုက်ပါတယ်။

    အောက်တိုဘာ ၁၇ ရက် ညနေပိုင်းက နေပြည်တော် MICC 1 မှာ ကျင်းပတဲ့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ၁၀ နှစ်ပြည့်နဲ့ ငြိမ်းချမ်းသော မြန်မာ့အနာဂတ်တည်ဆောက်ခြင်း အလုပ်ရုံဆွေးနွေးပွဲပိတ်ပွဲမှာ အမှာစကားပြောကြားရာမှာ ထည့်သွင်း ပြောကြားသွားတာပါ။

    ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က “သူတို့ရဲ့ လိုလားချက်က ‘ဝ’ ပြည်နယ်လိုချင်တယ်။ ‘ဝ’ ပြည်နယ်လိုချင်ရင် ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော်ထဲဝင်ရမယ်။ လွှတ်တော်ထဲဝင်မှ တောင်းဆိုလို့ ရမယ်” လို့ ပြောပါတယ်။

    ‘ဝ’ တပ်ဖွဲ့ဟာ ရှမ်းပြည်မြောက်ပိုင်းနဲ့ တောင်းပိုင်း ဒေသတချို့မှာ အခြေစိုက်ထားတဲ့ အင်အား အတောင့်တင်းဆုံး တိုင်းရှင်းသားလက်နက်ကိုင်အဖွဲ့ ဖြစ်ပါတယ်။

    ဗမာပြည်ကွန်မြူနစ်ပါတီက ၁၉၈၉ ခုနှစ် မှာ ခွဲထွက်ပြီး ‘ဝ’ တပ်ဖွဲ့ကို ထူထောင်ခဲ့ကာ အရင် စစ်အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး စာချုပ်ချုပ်ဆိုခဲ့တဲ့အတွက် ‘ဝ’ ဒေသကို စစ်အစိုးရက အထူးဒေသ ၂ အဖြစ် အုပ်ချုပ်ခွင့် ပေးခဲ့တာ ဖြစ်ပါတယ်။

    ဦးပေါက်ယူချမ်း ဦးဆောင်တဲ့ ‘ဝ’ တပ်ဖွဲ့ရဲ့ လိုလားချက်ဟာ ‘ဝ’ပြည်နယ် တရားဝင် ရဖို့ဖြစ်ပြီး လက်ရှိစစ်ခေါင်းဆောင်လက်ထက်မှာလည်း ‘ဝ’ တပ်ဖွဲ့ ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ပြောပါတယ်။

    “အဲဒီတော့ ရနိုင်ခြေက ဘာတွေရှိတယ်၊ ဘယ်နေရာ ဘယ်နေရာ ရှိတယ် ကျနော် သေချာရှင်းပြပါတယ်။ လာတက်ရောက်တဲ့ သူတွေကတော့ အကုန်လုံးသဘောပေါက်တယ်။ ဒါပေမဲ့ သူတို့ ခေါင်းဆောင်ကို ရှင်းပြတဲ့အခါကျတော့ သူတို့ခေါင်းဆောင်က သဘောမတူတဲ့ကိစ္စဖြစ်တော့ ဆက်ပြီးတော့ ဆွေးနွေးလို့ မရတာ ဖြစ်ပါတယ်။”

    UWSA အနေနဲ့ NCA လက်မှတ်ရေးထိုးထားခြင်းမရှိပေမဲ့ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်း စစ်ခေါင်းဆောင်ရဲ့ ငြိမ်းချမ်းရေး ဖိတ်ခေါ်မှုအရ စစ်အုပ်စုနဲ့ တွေ့ဆုံဆွေးနွေးခဲ့သလို ပြီးခဲ့တဲ့ ငြိမ်းချမ်းရေးဖိုရမ်မှာလည်း UWSA ရဲ့ ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ဆွေးနွေးခဲ့ပါတယ်။

    ဒါ့အပြင် အောက်တိုဘာ ၁၅ ရက်က ကျင်းပတဲ့ NCA ၁၀ နှစ်ပြည့်အခမ်းအနားကိုလည်း ‘ဝ’ ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့တာ တွေ့ရပါတယ်။

    UWSA ဟာ စစ်အစိုးရနဲ့ အပစ်အခတ်ရပ်စဲထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေထဲမှာ အင်အား အကြီးဆုံးဖြစ်ပြီး သူတို့ထိန်းချုပ်ထားတဲ့ အထူးဒေသ ၂ ဟာလည်း တိုင်းရင်းသားဒေသတွေထဲမှာ အဖွံ့ဖြိုးဆုံးဒေသလည်း ဖြစ်ပါတယ်။

    ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ပြောဆိုခဲ့တဲ့ ပြည်နယ်ရဖို့ လွှတ်တော်ထဲဝင်ပါဆိုတဲ့ ပြောကြားချက်အပေါ် UWSA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးညီရမ်းဆီ DVB က ဆက်သွယ်ပြီး သဘောထားမှတ်ချက် တောင်းခဲ့ပေမဲ့ လက်ရှိအချိန်ထိတော့ ပြန်လည်ဖြေကြားခြင်း မရှိသေးပါဘူး။

    Photo: Wa Land

  • ရုရှား၏ တတိယကမ္ဘာစစ် တန်ပြန်ရန် ဥရောပမဟာမိတ်များ မဟာတံတိုင်းခံစစ် ၄ ထပ် တည်ဆောက်မည့် အစီအမံ ဖော်ပြ

    ရုရှား၏ တတိယကမ္ဘာစစ် တန်ပြန်ရန် ဥရောပမဟာမိတ်များ မဟာတံတိုင်းခံစစ် ၄ ထပ် တည်ဆောက်မည့် အစီအမံ ဖော်ပြ

    ပြီးခဲ့သည့် ၂ ပတ်အတွင်းမှာပင် ဥရောပ နိုင်ငံများအတွင်း ဒရုန်းများစွာ ဝင်ရောက်ခြိမ်းခြောက်လာခဲ့ရာ တတိယကမ္ဘာစစ်ကို ဖန်တီးနေသော ရုရှားရန်မှ ကာကွယ်ရေးအတွက် နေတိုးနှင့်ဥရောပခေါင်းဆောင်များ စစ်ပွဲဖြစ်တည်လာမည့် ကာလ ၂၀၃၀ မတိုင်မီ မဟာတံတိုင်းခံစစ် ၄ ထပ် တည်ဆောက်မည့် အစီအစဉ်ကို ခင်းကျင်းထုတ်ဖော်လာခဲ့သည်။

    ယင်းခံစစ်တံတိုင်း ၄ ခုမှာ အာကာသဒိုင်း၊ လေကြောင်းကာကွယ်ရေးဒိုင်း၊ ဒရုန်းတံတိုင်းနှင့် ရုရှားနှင့်နယ်နိမိတ်ဆက်စပ်နေသော အရှေ့ဘက်စစ်မျက်နှာပြင်တစ်လျှောက် စစ်ရေးတောင်ပံ စောင့်ကြည့်တပ်နှင့်အကာအကွယ်များထားရှိရန် ဖြစ်သည်ဟု ဥရောပ ကော်မရှင် ဥက္ကဋ္ဌ ဗွန်ဒါလင်း က ထုတ်ပြန်ပြောဆိုသွားခဲ့သည်။

    ထိုစီမံကိန်းတံတိုင်း ၄ ခုမှာ ဥရောပတိုက်ကို လေကြောင်းရန်မှ ကာကွယ်ရေးဒိုင်းတပ်ဆင်ရန်၊ ထိုတံတိုင်းမှ ဒုံးကျည်အပါ လေကြောင်းခြိမ်းခြောက်မှုများကို ကာကွယ်ရန်ဖြစ်ကြောင်း၊ နောက်ထပ် အာကာသဒိုင်း(Space Shield)စီမံကိန်းသည် ဥရောပနိုင်ငံများ၏ အာကာသတွင်း ပိုင်ဆိုင်မှုနှင့်ဝန်ဆောင်မှုများကို ကာကွယ်ပေးမည့် အစီအစဉ်ဖြစ်ကာ နေတိုး အရှေ့ပိုင်း ရုရှားဆက်စပ် နိုင်ငံများဖြစ်သော ဘောလ်တစ်နိုင်ငံများအပါအဝင် ပိုလန်၊ ရိုမေးနီးယား၊ ဘူလ်ဂေးရီးယားနှင့် ယူကရိန်းတစ်လျှောက် ဒရုန်းတံတိုင်းကာရန်ခြင်း၊ နောက်ဆုံး Eastern Flank Watch ဆိုသည့် အရှေ့ ဘက်စစ်မျက်နှာပြင်စောင့်ကြည့်ကာကွယ်ရေး အစီအမံအဖြစ် ဝေဟင်နှင့်မြေပြင် ကာကွယ်ရေး အစီအမံနှင့်စောင့်ကြည့်တပ်များအား ၂၀၂၈ အမီ ထားရှိစောင့်ကြည့်သွားရန် ဖြစ်သည်ဟု ဥရောပ ကော်မရှင်က ထုတ်ပြန်ခဲ့သည်။

    ယင်းမဟာခံစစ်တံတိုင်းပြီးစီးပါက ရုရှား၏ တိုက်ခိုက်လာမှုများသည် ဥရောပအတွင်းသို့ လွယ်လင့်တကူ မရောက်လာနိုင်တော့ဘဲ နာရီချီကြာပြီးမှ မစစ်ထုတ်နိုင်သည့် တိုက်ခိုက်လာမှုများကို ဖိုက်တာဂျက်လေယာဉ်များ၊ ခေတ်မီ ဒုံးခွင်းစနစ်များအား အကုန်အကျခံသုံးစွဲကာ ဆက်လက် ဖျက်ချ နိုင်မည်ဟု ဆိုသည်။ ထိုစီမံကိန်းအတွက် မည်မျှ ကုန်ကျခံကာ မည်မျှ ထိရောက်စွာ တားဆီးနိုင်မည် ဆိုခြင်းကိုမူ ဥရောပ ကော်မရှင်က လတ်တလော ထုတ်ပြန်ခြင်းမပြုသေးပေ။

    ✍ကိုကလင်း

    Ref:Thesun

  • ကျားဖြန့်စီးပွားရေးကောင်းအောင် လူ အရှင်ကို သတ်ပီးတော့ ယဇ်ပူဇော်

    ကျားဖြန့်စီးပွားရေးကောင်းအောင် လူ အရှင်ကို သတ်ပီးတော့ ယဇ်ပူဇော်

    ကျားဖြန့်စီးပွားရေးကောင်းအောင် လူ အရှင်ကို သတ်ပီးတော့ ယဇ်ပူဇော်သတဲ့။

    တကယ့် ငရဲပြည်။