Category: News

  • Beauty Land Hotel လူသတ်မှုတွင် အလောင်းဖျောက်ပေးသည့် အမျိုးသမီး ၁ ဦး ထပ်ဖမ်းမိ

    Beauty Land Hotel လူသတ်မှုတွင် အလောင်းဖျောက်ပေးသည့် အမျိုးသမီး ၁ ဦး ထပ်ဖမ်းမိ

    ရန်ကုန်မြို့လယ်၊ ပန်းဘဲတန်းမြို့နယ်၊ Beauty Land Hotel မှာ အမျိုးသမီးတယောက်ကို ဓားနဲ့ ခုတ်သတ်ခဲ့သူနဲ့ အလောင်းဖျောက်ပေးတဲ့ သူ့ရဲ့ရည်းစားဖြစ်သူတို့ကို ထပ်မံဖမ်းဆီးရမိခဲ့တယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတွေဆီက သိရပါတယ်။

    ပြစ်မှုကျူးလွန်သူ အသက် ၁၈ နှစ်အရွယ် အောင်ခန့်ကျော်ဇင်ကို သာကေတမြို့နယ် အမှတ် ၇ ရပ် ကွက်အရှေ့မှာ ဖမ်းမိခဲ့ပြီး အလောင်းဖျောက်ပေးခဲ့တဲ့ ရည်းစားဖြစ်သူ အသက် ၁၈ နှစ်အရွယ် မအေမွန်အောင်ကို ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင်ရပ်ကွက်၊ အောင်ချမ်းသာအိမ်ရကနေ ဖမ်းမိခဲ့တာလို့ အုပ်ချုပ်ရေးနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောပါတယ်။

    “အသတ်ခံရတဲ့ ကောင်မလေး နတ္တလင်းက မစုမြတ်ဝင်းလို့ခေါ်တယ်။ သတ်တဲ့ကောင်လေးက လူသတ်ကားတွေအကြည့်များပြီး စိတ္တဇဆန်ဆန် ဓား ၂ ချောင်းနဲ့ လှီးဖြတ်တာ။ သတ်ပြီးတော့ ဗဟန်းက သူကောင်မလေးက အခန်းကို သန့်ရှင်းရေးလာလုပ်ပေးတာ။ လက်ရှိတော့ စစ်ဆေးနေတယ်။”

    အောက်တိုဘာ ၅ ရက်က မစုမြတ်ဝင်းကို ခန့်ကျော်ဇင်က လူမှုကွန်ရက်မှာ ချိန်းဆိုပြီး အခ ကြေးငွေနဲ့ Beauty Land Hotel အခန်းနံပါတ် ၅၀၂ မှာ ပျော်ပါးကာ ဓား ၂ ချောင်းနဲ့ တစစီ ခုတ်ထစ်သတ်ဖြတ်ခဲ့ပြီး ရည်စားဖြစ်သူကလည်း အခန်းကို သန့်ရှင်းရေးလာလုပ်ပေးခဲ့တယ်လို့သူ က ရှင်းပြပါတယ်။

    လက်တလောမှာ ပြစ်မှုကျူးလွန်သူ အောင်ခန့်ကျော်ဇင်နဲ့ မအေမွန်အောင်တို့ကို ပန်းဘဲတန်းမြိုနယ်ရဲစခန်းက (ပ)အမှတ် ၄၂/၃၀၂ နဲ့ အမှုဖွင့်လှစ် စစ်ဆေးနေပါတယ်။

  • Beauty Land ဟိုတယ် လူသတ်မှု ကျူးလွန်သူကို သာကေတ၌ ဖမ်းမိ

    Beauty Land ဟိုတယ် လူသတ်မှု ကျူးလွန်သူကို သာကေတ၌ ဖမ်းမိ

    ရန်ကုန်မြို့လယ်ကောင်၊ ပန်းဘဲတန်းမြို့နယ်က Beauty Land ဟိုတယ်မှာ အသက် ၂၄ နှစ်အရွယ် အမျိုးသမီးကို တစစီ ခုတ်ထစ်သတ်ဖြတ်ခဲ့တဲ့ အမျိုးသားတယောက်ကို သာကေတမြို့နယ်မှာ အောက်တိုဘာ ၇ ရက်က ဖမ်းမိခဲ့တယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတွေဆီက သိရပါတယ်။

    သေဆုံးသူ အမျိုးသမီးမှာ နတ္တလင်းမြို့နယ်ကနေ ရန်ကုန်မှာ အလုပ်လာလုပ်နေတာဖြစ်ပြီး လူမှုကွန်ရက်မှာ ပြစ်မှုကျူးလွန်သူနဲ့ ချစ်ကြိုက်မိကာ ဟိုတယ်မှာ လာအိပ်ဖို့ ခေါ်ခဲ့ပြီးနောက် သတ်ပစ်ခဲ့တာလို့ ပန်းဘဲတန်းမြို့နယ် အုပ်ချုပ်ရေးနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

    “သတ်တဲ့သူက လူသတ်ကားတွေကြည့်ပြီး စိတ္တဇပုံစံ ဖြစ်နေတာ၊ ကောင်မလေးကို လိုင်းပေါ်ကနေ ဟိုတယ်ခေါ်အိပ်ပြီး သတ်တာ၊ သတ်တဲ့ပုံစံကလည်း အတော်လေးကြောက်ဖို့ကောင်းတယ်၊ တစစီ ခုတ်ထစ်၊ ဝမ်းတွင်းကလီစာတွေထုတ်၊ အသားတွေကို ဝက်သားတုံးသလိုတုံးတာ၊ ပြောရရင် အမဲဖျက်သလို ဖျက်တာ၊ အဲလိုခုတ်ထစ်ပြီး အမှိုက်အိတ်ထဲထည့် လေအေးပေးစက်ပေါ်တင်ခဲ့တာ၊ မနေ့ကပဲဖမ်းမိတယ်၊ လတ်တလောတော့ စစ်ဆေးနေတုန်း။”

    ဒီဖြစ်စဥ်ဟာ အောက်တိုဘာ ၅ ရက် ညပိုင်းက ပန်းဘဲတန်းမြို့နယ်၊ အမှတ် ၁၁ ရပ်ကွက်၊ ၃၂ လမ်း အထက်ဘလောက်မှာရှိတဲ့ Beauty Land ဟိုတယ် အခန်းအမှတ် ၅၀၂ မှာ ဖြစ်ခဲ့တာပါ။

    လတ်တလောမှာ ပြစ်မှုကျူးလွန်သူ အမျိုးသားကို ပန်းဘဲတန်းမြို့နယ် ရဲစခန်းက (ပ)အမှတ် ၄၂/၃၀၂ နဲ့ အမှုဖွင့်လှစ် စစ်ဆေးနေတယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်တဲ့ သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။

  • ဂုတ်ကြီးရွာနီး စစ်ကောင်စီနှင့် AA တို့ တိုက်ပွဲ ရက်ဆက်ဖြစ်ပွားနေ

    မကွေးဘက်ခြမ်း အမ်း – ပဒါန်းလမ်းပိုင်းရှိ ဂုတ်ကြီးကျေးရွာအနီး ပတ်ဝန်းကျင်နေရာများတွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော် (AA) တို့ကြား တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားနေကြောင်း စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။

    အာရက္ခတပ်တော် သိမ်းပိုက်ထားသည့် ဂုတ်ကြီးရွာသို့ စစ်ကောင်စီက ထိုးဖောက်နေကာ AA ကလည်း တန်ပြန်ထိုးစစ်လုပ်နေသဖြင့် တိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်သည်။

    “အဲဒီအနီးတစ်ဝိုက်မှာ စစ်ကောင်စီတပ်သားတွေ ရှိနေသေးတယ်။ နှစ်ဖက်စလုံးက ဟိုဖက်ကထိုး ဒီဖက်ကထိုးနဲ့ ဖြစ်နေကြတာ။ တိုက်ပွဲကတော့ နေ့တိုင်းဖြစ်နေတယ်” ဟု AA နှင့် နီးစပ်သည့် စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

    အာရက္ခတပ်တော်သည် နတ်ရေကန်ဗျူဟာကုန်းကြီး၏ အဓိက ကာကင်းစခန်းဖြစ်သော ဂုတ်ကြီးရွာကို ပြီးခဲ့သည့် စက်တင်ဘာ ၂၈ ရက်တွင် အပြီးသတ်သိမ်းပိုက်ခဲ့သည်။

    လက်ရှိ မကွေးဘက်ခြမ်း အမ်း – ပဒါန်းလမ်းပိုင်းတွင် စစ်ကောင်စီ၏ နတ်ရေကန်ဗျူဟာကုန်း တစ်ခုသာကျန်တော့ပြီး အာရက္ခတပ်တော်က ဝိုင်းပတ်ပိတ်ဆို့တိုက်ခိုက်နေခြင်းဖြစ်သည်။

    အာရက္ခတပ်တော်သည် အဆိုပါဗျူဟာကုန်းကို တိုက်ခိုက်နေသည်မှာ လအတန် ကြာမြင့်လာနေပြီဖြစ်ပြီး တစ်ပြိုင်နက်တည်း ဗျူဟာကုန်းအနီးပတ်ဝန်းကျင်နှင့် ထောက်ပို့လမ်းကြောင်းများကို တိုက်ခိုက်လျက်ရှိနေသည်။

    “ဗျူဟာကုန်းဆိုတဲ့အတိုင်း ပထဝီ သဘောအရလည်း အထက်နဲ့အောက်။ အေအေက ထိုးစစ်မြှင့်ရင် အပေါ်တက်တိုက်ရမယ် ထိခိုက်မှုများ နိုင်တယ်ပေါ့။ ဒါကြောင့်လည်း ဘေးပတ်ဝန်းကျင်က အကာအရံစခန်းတွေ၊ အထောက်ပံ့ပေးနိုင်တဲ့နေရာကို ရှင်းလင်းပြီး နည်းဗျူဟာကျကျ စခန်းကုန်း သိမ်းဖို့ စစ်ရေးအစီအမံနဲ့ တိုက်နေတယ်လို့မြင်တယ်။ ဒါကြောင့်လည်း တိုက်ပွဲက ကြာရှည်နေတာ” ဟု ရခိုင်စစ်ရေးလေ့လာစောင့်ကြည့်နေသူတစ်ဦးက ရှုမြင်သည်။

    ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာမှစတင်ခဲ့သည့် အာရက္ခတပ်တော်၏ မြို့သိမ်းတိုက်ပွဲများမှာ လက်ရှိတွင် နှစ်နှစ်နီးပါးရှိလာပြီဖြစ်ကာ AA က ကျောက်ဖြူအပြင် ရခိုင်နှင့်အစပ် တိုင်းသုံးခုတွင် ထိုးစစ်များ ဆက်လက် ဆင်နွှဲလျက်ရှိသည်။

  • စစ်ကော်မရှင်က ‎ဗန်းမော်မြို့သိမ်းနိုင်ပြီဟုဝါဒဖြန့်ကာ အရာရှိနှင့်ဝန်ထမ်းများကိုခေါ်ဆောင်၍ ရုံးထိုင်ခိုင်း

    စစ်ကော်မရှင်က ‎ဗန်းမော်မြို့သိမ်းနိုင်ပြီဟုဝါဒဖြန့်ကာ အရာရှိနှင့်ဝန်ထမ်းများကိုခေါ်ဆောင်၍ ရုံးထိုင်ခိုင်း

    စစ်ကော်မရှင်က ‎ဗန်းမော်မြို့သိမ်းနိုင်ပြီဟုဝါဒဖြန့်ကာ အရာရှိနှင့်ဝန်ထမ်းများကိုခေါ်ဆောင်၍ ရုံးထိုင်ခိုင်းသော်လည်း တိုက်ပွဲကြောင့် ပြန်ထွက်ပြေးသဖြင့် လိုက်ဖမ်းနေရ

    ‎‎ဗန်းမော်မြို့ကို ထိန်းချုပ်နိုင်ပြီဟု ဝါဒဖြန့်၍ အုပ်ချုပ်ရေးပိုင်းမှ အရာရှိနှင့် ဝန်ထမ်းများကို မြို့တွင်းရုံး ထိုင်ခိုင်းရာ အရာရှိနှင်အဖွဲ့များ တိုက်ပွဲကြောင့် ပြန်လည်ထွက်ပြေးသွားကြကြောင်း သိရသည်။

    ‎‎ဗန်းမော်မြို့ကိုသိမ်းနိုင်ပြီး အုပ်ချုပ်ရေးလုပ်ငန်းများပါစတင်နိုင်ပြီဟု ဝါဒဖြန့်ခဲ့သည့် စစ်ကော်မရှင်က စစ်‌ရေယာဉ်တန်းများဖြင့် လက်နက်ခဲယမ်းများအပြင် ဗန်းမော်တိုက်ပွဲမှထွက်ပြေးလာသည့် အုပ်ချုပ်ရေး အဖွဲ့များကိုပါ ပြန်လည်ခေါ်ဆောင်လာခြင်းဖြစ်ကြောင်း ဒေသတွင်း သတင်းရင်း မြစ်များထံမှ သိရသည်။

    ‎‎”မြို့တွင်းအုပ်ချုပ်ရေးယန္တရားလည်ပတ်နေပြီဆိုတာပြဖို့ အဖွဲ့လိုက်ပြန်ခေါ်လာတယ်။ ဒီရောက်တော့ တိုက်ပွဲအခြေအနေကြောင့် အစုလိုက်ပြေးကုန်လို့ စစ်တပ်ကပြန်လိုက်ဖမ်းနေတယ်လို့ သိထားပါတယ်” ဟု ကချင်သတင်းရင်းမြစ်က ပြောသည်။

    ‎‎ပြီးခဲ့သည့် ဩဂုတ်လက ဗန်းမော်သို့ ဂေါဝိန်ဆိပ်မှလာ‌ရောက် ဆိုက်ကပ်သည့် စစ်ရေယာဉ်အုပ်စုတွင် လူအင်အား၊ လက်နက်၊ ခဲယမ်းနှင့် ရိက္ခာများရောက်လာပြီးနောက် ဗန်းမော်တိုက်ပွဲမှာ စစ်ကော်မရှင်က စစ်ရေးအရ အရေးသာလာကြောင်းတွေ့ရသည်။

    ‎‎စစ်ကော်မရှင်သည် ခလရ ၂၃၆၊ အမြောက်တပ်ရင်း အမတ၃၆၆၊ တင့်ကားတပ်ရင်း ၅၀၁၄နှင့် လေယာဉ်ကွင်းတို့ကို ပြန်လည် သိမ်းယူလိုက်ပြီဖြစ်ကြောင်း ပြီးခဲ့သည့် စက်တင်ဘာ ၁၁ရက်နေ့တွင် ၎င်းတို့၏ ဝါဒဖြန့်သတင်းစာများမှတစ်ဆင့် ဖော်ပြခဲ့သည်။

    ‎သို့သော်လည်း တိုက်ပွဲများရှိနေသည့် ဗန်းမော်မြို့တွင်း အုပ်ချုပ်ရေးပိုင်းဆိုင်ရာဌာနများကို အတင်းအကျပ်ဖွင့်လှစ်ခိုင်းသည့်အတွက် အရာရှိနှင့်အဖွဲ့များ ပြန်လည်ထွက်ပြေးကြ၍ ‎ထွက်ပြေးသူများကို လက်ရပြန်လည်ဖမ်းဆီးကာ ကျပ်ကျပ်မတ်မတ် စစ်ဆေးရန်လည်း ညွှန်ကြားချက်ရှိကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။

    ‎စစ်ရေယာဉ်နှင့်ပါလာသည့် လူအင်အားနှင့် ထောက်ပို့လက်နက်များကြောင့် စစ်ရေးအပြောင်းအလဲ တစ်ခုဖြစ်ခဲ့သော်လည်း ယခုရက်ပိုင်းတွင် ခလရ ၄၇ တပ်ရင်းအနောက်ဘက် ကာကင်းစခန်းနှင့် ရွှေပြည်သာ KBC ဘုရားကျောင်းကုန်းတို့ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ပြန်လည် ထိန်းချုပ်ထားခဲ့သည်။

    ‎စစ်ကော်မရှင်တပ်ဖွဲ့ဝင်များသည် ဆုံးရှုံးသွားသော စခန်းကုန်းများကိုစွန့်ခွာ၍ အမှတ်(၂၁)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၂၁) နှင့် ချိတ်ဆက်ကာ စကခ အတွင်းသို့ ဆုတ်ပြေးကြရကြောင်း သိရသည်။

    ‎‎စစ်ကော်မရှင်က ဗျူဟာမြောက်သည့် နေရာ သုံးခုထက်မနည်းကို စစ်ကြောင်းများဖြန့်ခွဲစစ်ကြောင်း ထိုးနေပြီး KIA ဘက်ကလည်း ကြားဖြတ်တိုက်ခိုက်ခြင်းနှင့် တန်ပြန်ထိုးစစ်များလုပ်ဆောင်နေ၍ ဗန်းမော်တိုက်ပွဲမှာ ပြင်းထန်နေသည်ဟု သတင်းရင်းမြစ်များကဆိုသည်။

    ‎‎စစ်ကော်မရှင်သည် ယခုအခါတွင် ရွှေကူအခြေစိုက်ခြေကုပ်စခန်းများကိုလည်း ခံစစ်အနေအထားမှ တိုက်စစ်ဖော်ဆောင်နိုင်သည်အထိ အင်အားဖြည့် ထိုးစစ်ဆင်နိုင်ရန် လုပ်ဆောင်မှုများရှိကြောင်း သိရသည်။

  • ဖျာပုံတွင် ကြံ့ဖွတ် လွှတ်တော်ကိုယ်စားလှယ်လောင်းများက ခိုးကြောင်ခိုးဝှက် မဲဆွယ်စည်းရုံးမှု စတင်နေ

    ဖျာပုံတွင် ကြံ့ဖွတ် လွှတ်တော်ကိုယ်စားလှယ်လောင်းများက ခိုးကြောင်ခိုးဝှက် မဲဆွယ်စည်းရုံးမှု စတင်နေ

    ဧရာ၀တီတိုင်း၊ ဖျာပုံမြို့နယ်တွင် ကြံ့ဖွတ် လွှတ်တော်ကိုယ်စားလှယ်လောင်းများက ခိုးကြောင်ခိုးဝှက် မဲဆွယ်စည်းရုံးမှု စတင်နေကြောင်း ဒေသခံပြည်သူများထံမှ သိရှိရသည်။

    ဖျာပုံမြို့နယ်တွင် ကြံ့ဖွတ်ပါတီ၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် စိုးစိုးရီကလည်းကောင်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ရှေ့နေ ခိုင်ဝင်းအောင် ၊ အမျိုးသားလွှတ်တော် PR လွှတ်တော်ကိုယ်စားလှယ်လောင်း အဖြစ် ရှေ့နေ ဇင်ပပဦး၊ ကြံဖွတ်ပါတီ၏ ဖျာပုံမြို့နယ်ဥက္ကဋ္ဌလည်းဖြစ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ကျော်ကျော်(ခ) ကျော်မျိုးတင် ၊ တိုင်းဒေသကြီး လွှတ်တော် PR လွှတ်တော်ကိုယ်စားလှယ်လောင်း အဖြစ် အေးပိုင် တို့က ဆောင်ရွက်ကြမည်ဖြစ်ကြောင်း၊ အဆိုပါ လွှတ်တော်ကိုယ်စားလှယ်လောင်းများက ပါတီဝင်များနှင့်တွေ့ဆုံပွဲ ဟု အမည်တပ်ကာ ပြည်သူများကို အတင်းအကျပ် ဆင့်ခေါ်ပြီး မဲဆွယ်စည်းရုံးမှုများ စတင်နေကြောင်း သိရှိရသည်။

    “ပြည်ခိုင်ဖြိုး ပါတီဝင်တွေ့ဆုံပွဲဆိုပြီး ကျေးရွာတွေက ပြည်သူတွေကို အုပ်ကြီးတွေနဲ့ ရာအိမ်မှူးတွေက ဆင့်ခေါ်ပါတယ်။ ပြီးတော့ အတင်းအကျပ် ပွဲတက်ခိုင်းတယ်။ အဲဒီမှာ အမတ်လောင်းတွေဆိုပြီး မိတ်ဆက်တယ်။ မဲထည့်ကြပါ ဆိုပြီး စည်းရုံးတယ်။ သူတို့ကို မဲထည့်ရင် ဒီအခြေအနေက ကျော်လွန်နိုင်မယ်။ ဒီစစ်အာဏာသိမ်းတာကို ကျော်လွှားပေးနိုင်တာ ပြည်ခိုင်ဖြိုး ပါတီပဲရှိတယ်ဆိုပြီး စည်းရုံးပါတယ်” ဟု ဖျာပုံမြို့မှ ဒေသခံပြည်သူတစ်ဦးက ပြောဆိုသည်။

    ထိုသို့ မဲဆွယ်စည်းရုံးရေး တရားဝင် မစတင်မီ ကြံ့ဖွတ်ပါတီဝင် ခန့်အပ်လွှာ ပေးအပ်ပွဲများ၊ စကား၀ိုင်းများနှင့် ပါတီဝင်များ တွေ့ဆုံပွဲဟု အမည် တပ်ပြီး ဖျာပုံမြို့နယ်တစ်ဝန်းတွင် ကြံ့ဖွတ်ပါတီက မဲထည့်ကြရန်နှင့် ပါတီကို ထောက်ခံကြရန် လိုက်လံစည်းရုံးလျက်ရှိသည့်အပြင် အီလက်ထရောနစ်မဲပေးစနစ် လေ့ကျင့်ရေးများတွင်လည်း ကြံ့ဖွတ်ပါတီက တက်ရောက်ကာ မဲပေးရန် စည်းရုံးမှုများ လည်းရှိနေကြောင်း သိရှိရသည်။

    ထို့ပြင် စစ်တပ်နှင့်ကြံ့ဖွတ်ပါတီဝင်များက ဖျာပုံမြို့နယ်အတွင်း ပူးပေါင်းဆောင်ရွက်၍ အုပ်ချုပ်ရေး၊ လုံခြုံရေးနှင့်စီမံခန့်ခွဲရေး လုပ်ငန်းများကို ပူးတွဲ လုပ်ဆောင်နေကြသဖြင့် အခြားနိုင်ငံရေးပါတီများထက် ကြံ့ဖွတ်ပါတီက ပိုမိုအားသာကြောင်း သိရှိရသည်။

    “လက်ရှိ ဖျာပုံဘက်မှာကတော့ အုပ်ကြီးတွေကလည်း ကြံ့ခိုင်ရေးတွေပဲ။ ပျူစောထီးတွေကလည်း ကြံ့ခိုင်ရေးတွေပဲ။ စစ်တပ်ကို သတင်းပေးနေတာကလည်း ကြံ့ခိုင်ရေးတွေပဲ။ အဲဒီတော့ သူတို့ကပဲ အုပ်ချုပ်ရေး လုံခြုံရေး စီမံခန့်ခွဲရေး အားလုံးကို စိုးမိုးထားတာ။ အခုလည်း မဲဆွယ်စည်းရုံးရေးဆိုပြီး ခိုးလုပ်နေတာ။ အုပ်ကြီးတွေနဲ့ ကြံခိုင်ရေးတွေ ခိုးလုပ်နေကြတာ” ဟု ဖျာပုံမှ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးက ပြောဆိုသည်။

    ဖျာပုံမြို့နယ်အတွင်း ကြံ့ဖွတ်ပါတီက ပါတီဝင်ထားလျှင် စစ်မှုထမ်း အဖြစ်မှ ပေါ်တာဆွဲခံရခြင်း ကင်းဝေးနိုင်သည်ဟုဆိုကာ ကျေးရွာများတွင် ပါတီဝင်များ တရားမဝင် နည်းလမ်းများဖြင့် စုဆောင်းလျက်ရှိကြောင်း သိရှိရသည်။

    ယင်းအပြင် ကြံ့ဖွတ်ပါတီကို မဲထည့်လျှင် ကျေးရွာများအတွက် ကွန်ကရစ်လမ်းခင်းပေးခြင်း၊ လျှပ်စစ်မီးသွယ်တန်းပေးခြင်း၊ စာသင်ကျောင်း၊ ဆေးခန်းများ တည်ဆောက်ပေးခြင်း၊ ကျေးရွာများကို စံပြကျေးရွာများအဖြစ် အဆင့်မြှင့်တင်ပေးမည်ဟု မက်လုံးပေး မဲဆွယ်နေကြောင်း သိရှိရသည်။