Category: News

  • “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ” သီချင်းကို တီးခတ်ခဲ့သည့် DJ Violetအား ဖမ်းဆီးပြီး မန္တလေးမြို့မှ COVER ကလပ် ဆိုင်အား ချိတ်ပိတ်အရေးယူ

    “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ” သီချင်းကို တီးခတ်ခဲ့သည့် DJ Violetအား ဖမ်းဆီးပြီး မန္တလေးမြို့မှ COVER ကလပ် ဆိုင်အား ချိတ်ပိတ်အရေးယူ

    “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ” သီချင်းကို တီးခတ်ခဲ့သည့် DJ Violetအား ဖမ်းဆီးပြီး မန္တလေးမြို့မှ COVER ကလပ် ဆိုင်အားချိတ်ပိတ်အရေးယူထားကြောင်း သတင်းရရှိသည်။

    မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက်၊ ၅၃×၃၆လမ်းထောင့်ရှိ COVER ကလပ်ဆိုင်တွင် DJ Violet မှ “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ” အား DJ ဖွင့်ခဲ့ခြင်းဖြစ်သည်။

    “သိရသလောက်တော့ ပင်တိုင် DJ မဟုတ်ဘဲ ဧည့်သည်DJဖြစ်ပြီး သူက အဲသီချင်းဖွင့်တီးသွားတာ။ သိသိချင်း ဆိုင်အနေနဲ့လည်း သက်ဆိုင်ရာကို နောက်ရက်ချက်ချင်းတောင်းပန်တယ်လို့သိရတယ်။ ဆိုင်ကိုတော့ စစ်ဆေးဆဲကာလမို့ ချိတ်ပိတ်ထားတယ်။ သီချင်းဖွင့်တဲ့ DJ အမျိုးသမီးကိုလည်း ဖမ်းဆီးစစ်ဆေးနေပါတယ်။ ဘာပုဒ်မနဲ့အရေးယူမလည်းဆိုတာတော့ နောက်မှသိရမယ်” ဟု တာဝန်ရှိသူတစ်ဦးက အရေးယူမှုနှင့်ပတ်သက်ပြီး ပြောကြားခဲ့သည်။

    DJ Violet က “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ” သီချင်းကို ကလပ်တွင် DJ ဖြင့် တီးခတ်ဖျော်ဖြေမှုများ လူမှုကွန်ရက်စာမျက်နှာများ၌ ထွက်ပေါ်လာအပြီးတွင် ဝေဖန်မှုများ မြင့်တက်လာပြီးနောက် ၎င်းက လူမှုကွန်ရက်တွင် ပြန်လည်တောင်းပန်ခဲ့သည်။

    ဗုဒ္ဓဓမ္မတေး DJ remix လုပ်ထားသည့် သီချင်းကို စင်မြင့်ပေါ်တွင်ဖွင့်မိခဲ့သည့်အတွက် ဗုဒ္ဓဘာသာဝင်များအနေဖြင့် စိတ်နှလုံးမချမ်းမြေ့ ဖြစ်ခဲ့ရပါတယ်ရှင့်။ ညီမသည် ယနေ့အချိန်ထိ ဘာသာ သာသနာပေါ်ချစ်မြတနိုးပြီး နေ့စဉ် ယုံကြည်ကိုးကွယ်နေသူဖြစ်ပါရက်နဲ့ ယုခုလို အဖြစ်မျိုးကိုကြုံခဲ့ရအတွကိ လွန်စွာ စိတ်ထိခိုက်ရပါတယ်ရှင့်။ ထို့ကြောင့် မိမိအပြစ်ထင်ရှားသည့်အတွက် ဗုဒ္ဓဘာသာဝင် ရဟန်းသံဃာများ နှင့် ဗုဒ္ဓဘာသာဝင်ပြည်သူများ အားလုံးကို အနူးညွှန့် ဝန်ချတောင်းပန်အပ်ပါတယ်ရှင့်။ သက်ဆိုင်ရာ သံဃာတော်အဖွဲ့အစည်းများနဲ့ တောင်းပန်အပ်သူများအားလုံးထံသို့လဲ ဆက်လက်တောင်းပန် သွားမှာဖြစ်ပါတယ်ရှင့်။ ဘဝမှာပြင်လို့မရတဲ့ အမှားတစ်ခုကို ကျူးလွန်မိခဲ့သည့်အတွက် လဲ နောင်တများစွာ ရခဲ့ရပါတယ်ရှင့်။ တောင်းပန်အပ်သူများအားလုံးကို တောင်းပန်ပါတယ်ရှင့် ” ဟု DJ Violet က လူမှုကွန်ရက်တွင် ရေးသားထားသည်။

    ထို့အပြင် သင်္ဃန်းကျွန်းမြို့နယ် သံဃမဟာနာယကဆရာတော်ထံ သွားရောက်တောင်းပန်ထားသည့် ဓာတ်ပုံများနှင့် လျှောက်ထားတောင်းပန်မှုများကိုလည်း DJ Violet က ပြုလုပ်ခဲ့ပြီး ယခုသက်ဆိုင်ရာက အမှုဖွင့်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

  • ဖျက်သိမ်းခံရတဲ့ ပါတီ ၄ ခု အယူခံဝင်ခွင့်မရှိ

    ဖျက်သိမ်းခံရတဲ့ ပါတီ ၄ ခု အယူခံဝင်ခွင့်မရှိ

    သတ်မှတ်ပါတီဝင်ဦးရေနဲ့ ရုံးခန်းအရေအတွက် မပြည့်မီလို့ ဖျက်သိမ်းလိုက်တဲ့ပါတီ ၄ ခုက အယူခံဝင်လို့ရမှာ မဟုတ်ဘူးလို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နေပြည်‌တော်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။

    ဖျက်သိမ်းလိုက်တဲ့ပါတီတွေအပေါ် ဖြေလျှော့ဆောင်ရွက်ပေးလိုက်ရင် သတ်မှတ်ချက်ပြည့်မီအောင် ဆောင်ရွက်တဲ့ တခြားပါတီတွေအပေါ် တရားမျှတမှာ မဟုတ်ဘူးလို့ နေပြည်တော်မှာလုပ်တဲ့ သတင်းစားရှင်းလင်းပွဲမှာ ပြည်‌ထောင်စုရွေးကောက်ပွဲကော်မရှင် ‌အဖွဲ့ဝင် ဦးခင်မောင်ဦးက ပြောဆိုလိုက်တာပါ။

    ဒါကြောင့် သတ်မှတ်ထားတဲ့ စည်းမျဥ်းအတိုင်းပဲ ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။ ပါတီတည်ထောင်ခွင့်ပြုထားပြီး နှစ်နှစ်အတွင်းမှာ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားသင့်ပေမယ့် အချိန်နီးမှ ဆောင်ရွက်တာတွေရှိတယ်လို့ ကော်မရှင်က ပြောပါတယ်။

    ကော်မရှင်က ဒီနှစ် မေကနေ စက်တင်ဘာလအထိ ပါတီတွေနဲ့ ၁၅ ကြိမ်ခန့်တွေ့ဆုံပြီး အသိပေးဆွေးနွေးတာတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

    ပါတီတွေက ပေးပို့လာတဲ့ ပါတီဝင်ဦးရေအချက်အလက်တွေကို လဝကနဲ့ ကော်မရှင်က စစ်ဆေးပြီး မှားယွင်းနေတဲ့ အချက်အလက်တွေကို ပြီးခဲ့တဲ့လ ၂၆ ရက်နေ့မှာ ပါတီတွေထံ ပြန်ပေးခဲ့တယ်လို့ ကော်မရှင်က ပြောဆိုပါတယ်။

    စိစစ်ဆောင်ရွက်တာနဲ့ ပတ်သက်ပြီး အချက်အလက် အသေးစိတ်ရှိတာကြောင့် ပြည်‌ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ လာရောက် ကြည့်ရှုနိုင်တယ်လို့ ဆိုပါတယ်။

    ပါတီအယူခံဝင်လို့ မရဘူးဆိုတဲ့အပေါ် “၂၀၁၅ နဲ့ ၂၀၂၀ ကနေ ၂၀၂၅ အထိ ဒီအခင်းအကျင်းတွေကို ကိုယ့်ရဲ့ နိုင်ငံရေးယုံကြည်ချက်ပေါ့ ဗျာ။ ပွတ်ကာသီကာ ကျန်ခဲ့ရတယ်ဆိုတော့ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာအားလုံးထိခိုက်ကြရတယ်” လို့ ဖျက်သိမ်းခံလိုက်ရတဲ့NDF ပါတီအတွင်းရေးမှူး ဦးကျော်ထက်က ပြောပါတယ်။

    NDF ပါတီ၊ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီနဲ့ မွန်အမျိုးသမီးပါတီတို့ ပယ်ဖျက်ခံရတာကြောင့် ကြံ့ခိုင်ရေးပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ ပြည်သူရှေ့ဆောင်ပါတီ၊ ရှမ်းနဲ့ တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ၊ ပြည်သူပါတီနဲ့ မြန်မာနိုင်ငံ တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီတို့ပဲ တစ်နိုင်ငံလုံးဝင်ပြိုင်မဲ့အထဲ ကျန်တော့မှာပါ။

    ရွေးကောက်ပွဲကို လာမယ့် ဒီဇင်ဘာကနေ ဇန်နဝါရီအတွင်း အပိုင်း ၃ ပိုင်းခွဲပြီး ကျင်းပနိုင်ဖို့ စီစဥ်ထားတယ်လို့ ရွေးကောက်ပွဲ ကော်မရှင်ကပြောပါတယ်။ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ဖို့အတွက် အသင်းအဖွဲ့ မှတ်ပုံတင်ရှိတဲ့ ပြည်တွင်းကအဖွဲ့အစည်းတွေကို ခွင့်ပြုသွားမှာဖြစ်ပြီး နိုင်ငံတကာသံရုံးတွေနဲ့ မိတ်ဖက်အဖွဲ့အစည်း ၂၀ ဝန်းကျင်ကို ဖိတ်ကြားသွားမယ်လို့ သိရပါတယ်။

    လာမယ့် စက်တင်ဘာလကုန်ပိုင်းမှာ မဲစာရင်းကြေငြာမှာဖြစ်ပြီး အမှားအယွင်းရှိရင် ပြည်သူတွေအနေနဲ့ ရပ်ကျေးကော်မရှင်တွေထံ တင်ပြကြဖို့ကိုလည်း သတင်းစာရှင်းလင်းပွဲမှာ ကော်မရှင်က ပြောဆိုသွားပါတယ်။

  • စစ်အုပ်စုကို စစ်ကြောင်းအလိုက် ပြုတ်သည်အထိ သုတ်သင်နိုင်ခဲ့တဲ့ ULF စစ်ကြောင်းရဲ့ စစ်ကြောင်းမှူး ကျဆုံး

    စစ်အုပ်စုကို စစ်ကြောင်းအလိုက် ပြုတ်သည်အထိ သုတ်သင်နိုင်ခဲ့တဲ့ ULF စစ်ကြောင်းရဲ့ စစ်ကြောင်းမှူး ကျဆုံး

    စစ်အုပ်စုကို စစ်ကြောင်းအလိုက် ပြုတ်သည်အထိ သုတ်သင်နိုင်ခဲ့တဲ့ ULF စစ်ကြောင်းရဲ့ စစ်ကြောင်းမှူး လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ကျဆုံး

    မင်းအောင်လှိုင် သစ္စာခံ စစ်အုပ်စု လက်နက်ကိုင်တွေကို စစ်ကြောင်းလိုက် ပြုတ်သည်အထိ သုတ်သင်နိုင်ခဲ့တဲ့ စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင်က Union Liberation Front – ULF စစ်ကြောင်းရဲ့ စစ်ကြောင်းမှူး ကိုနိုင်မင်း ဟာ စက်တင်ဘာ ၁၁ရက် မနေ့က မွန်းလွဲပိုင်း စစ်အုပ်စုရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် ဗုံးစထိမှန်ကာ ကျဆုံးတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

    စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်ထဲ စစ်ကြောင်းထိုးကာ ရွာမီးရှို့၊ လူသတ်၊ လုယက်နေတဲ့ စစ်အုပ်စုကို ULF အပါအဝင် ဒေသခံတော်လှန်ရေးတပ်တွေက တိုက်ခိုက်နေချိန် စစ်အုပ်စုက လေကြောင်းဗုံးကြဲပစ်ကူရာက ULF စစ်ကြောင်းမှူး စက်တင်ဘာ ၁၁ ရက် မွန်းလွဲပိုင်းက ဗုံးစထိမှန် ကျဆုံးတာလို့ ဆိုပါတယ်။

    “Y-12နဲ့ လာကြဲတာ၊ နေရာအတိအကျ သတင်းရတယ် တူပါရဲ့၊ အစ (ဗုံးစ)မှန်တာက အဆုတ် နေရာတည့်တည့်လောက်မှာ ထုတ်ချင်းပေါက်ပဲ” လို့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

    ULF စစ်ကြောင်းမှူး ကိုနိုင်မင်းဟာ ယင်းမာပင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ ရဲ့ ဒု-တာဝန်ခံဖြစ်ပြိီး တိုက်ခိုက်ရေးမှာ အလွန်တော်ကာ အားကိုးအားထားရသူဖြစ်သလို ရဲဘော်တွေနှင့် လုပ်ဖော်ကိုင်ဖက်တွေက လေးစားချစ်ခင်ရတဲ့ ခေါင်းဆောင်ကောင်း တစ်ယောက်လည်း ဖြစ်တယ်လို့ ရဲဘော်ရဲဘက်တွေက ပြောပါတယ်။

    ULF စစ်ကြောင်းမှူး ကိုနိုင်မင်း ကျဆုံးတဲ့အပေါ် ဝမ်းနည်းကြောင်း ရဲဘော်ရဲဘက်၊ အညာဒေသ တော်လှန်ရေး အင်အားစုတွေက ဆိုပါတယ်။

    စစ်ကြောင်းမှူး ကိုနိုင်မင်း ဦးဆောင်တဲ့ ULF စစ်ကြောင်းဟာ မုံရွာနဲ့ ယင်းမာပင်ခရိုင်အတွင်း စုဖွဲ့မှုရော တိုက်ရည်ခိုက်ရည်ပါ ကောင်းတဲ့ တပ်ပေါင်းစု စစ်ကြောင်းဖြစ်ပြီး ဘုတလင်၊ မုံရွာ၊ ချောင်းဦး၊ ယင်းမာပင်၊ ဆားလင်းကြီးနဲ့ ကနီ စတဲ့ မြို့နယ်တွေအတွင်း လက်နက်အားကိုးနဲ့ ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးကာ လူသတ်၊ လုယက်၊ မီးရှို့နေတဲ့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို သစ္စာခံတဲ့ စစ်အုပ်စု လက်နက်ကိုင်တွေကို အကြိမ်ကြိမ် ခုခံတိုက်ခိုက်ခဲ့ကာ စစ်အုပ်စု စစ်ကြောင်းလိုက်ပြုတ်သည်အထိ သုတ်သင်နိုင်တဲ့ တိုက်ပွဲတွေလည်း ရှိခဲ့တယ်လို့ ဒေသခံ တော်လှန်ရေး အင်အားစုတွေက ပြောပါတယ်။

    လက်ရှိမှာ စစ်အုပ်စုက ကနီမြို့နယ်ထဲ အင်အား ၅၀၀ လောက်နဲ့ စစ်ကြောင်းထိုးကာ ရွာမီးရှိ့၊ လူသတ်၊ လုယက်နေပြီး ဒေသခံ တော်လှန်ရေးတပ်တွေက အဲ့ဒီ စစ်အုပ်စုကို တိုက်ခိုက်ချိန် တိုက်လေယာဉ်၊ ပါရာမော်တာ၊ Y-12၊ ဟောင်ဝစ်ဇာ လက်နက်ကြီး စတာတွေနဲ့ ပစ်ကူပေးတာ၊ ဒေသခံပြည်သူတွေကိုပါ ပစ်မှတ်ထား ဗုံးကြဲနေတာလို့ ဆိုပါတယ်။

    ULF(စစ်ကြောင်း) ကို ယင်းမာပင်၊ ဆားလင်းကြီး၊ ကနီနဲ့ ဘုတလင်မြို့နယ်က တော်လှန်ရေး တပ်ရင်း၊တပ်ဖွဲ့ ၂၀ နဲ့ ဖွဲ့စည်း ထားတာ ဖြစ်ပါတယ်။

    Photo: ကျဆုံးသူ ULF စစ်ကြောင်းမှူး ကိုနိုင်မင်း/Photo – ULF

  • တက္ကစီအငှားယာဉ် ငှားရမ်း စီးမိရာမှ  လူငယ် ၁ ဦး စစ်မှုထမ်းအဖြစ် ပေါ်တာဆွဲဖမ်းဆီးခံရ

    တက္ကစီအငှားယာဉ် ငှားရမ်း စီးမိရာမှ လူငယ် ၁ ဦး စစ်မှုထမ်းအဖြစ် ပေါ်တာဆွဲဖမ်းဆီးခံရ

    ရန်ကုန်တွင် တက္ကစီအငှားယာဉ် ငှားရမ်း စီးမိရာမှ လူငယ် ၁ ဦး စစ်မှုထမ်းအဖြစ် ပေါ်တာဆွဲဖမ်းဆီးခံရ

    ရန်ကုန်မြို့တွင် အဝေးပြေးကားဝင်းမှ ရန်ကုန်မြို့တွင်းသို့ အငှားယာဉ် ငှားရမ်းစီးမိရာမှ လူငယ် ၁ ဦး စစ်မှုထမ်းအဖြစ် ပေါ်တာဆွဲ ဖမ်းဆီးခံလိုက်ရကြောင်း ဖမ်းဆီးခံရသော လူငယ်တချို့၏ မိဘဆွေမျိုးများက ပြောဆိုသည်။

    စက်တင်ဘာ ၂ ရက်နေ့ ဘိုကလေးမြို့နယ်မှ အသက် ၅၀ အရွယ် ဒေါ်မကြီးအုန်းနှင့် တူဖြစ်သူ အသက် ၂၀ အရွယ် မောင်ဆန်းတင်တို့သည် ဘိုကလေးမှ ရန်ကုန်မြို့ ၊ လှိုင်သာယာ ဒဂုံဧရာ အဝေးပြေးသို့ စုပေါင်းအငှားယာဉ်ဖြင့် ရောက်ရှိလာခဲ့ကြောင်း၊ ယင်းနောက် ဆွေမျိုးများရှိရာ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၊ ၁၂၂ ရပ်ကွက်သို့ သွားရောက်ရန် ကားငှားရမ်းခဲ့ကြောင်း၊ တက္ကစီ ယာဉ်မောင်းက နောက်ထပ် လူ ၂ ဦး ရရှိပါက ကားထွက်မည်ဟု ပြောဆိုပြီး ယာဉ်ပေါ်တွင် ဒေါ်မကြီးအုန်းနှင့် မောင်ဆန်းတင်တို့ တူ၀ရီးကို စောင့်ဆိုင်းခိုင်းခဲ့ကြောင်း၊ ယင်းနောက် ဒေါ်မကြီးအုန်းက အိမ်သာခဏသွားရန်အတွက် ကားပေါ်မှ ဆင်းလာစဉ် ကားသမားက တူဖြစ်သူ မောင်ဆန်းတင်ကို တင်ဆောင်၍ ကားမောင်းထွက်သွားခဲ့ကြောင်း သိရှိရသည်။

    ယင်းနောက် ဒေါ်မကြီးအုန်းက အိမ်သာမှပြန်လာပြီး တူဖြစ်သူနှင့် တက္ကစီအငှားယာဉ်ကို မတွေ့၍ တူဖြစ်သူ၏ဖုန်းနံပါတ်ကို ဆက်သွယ်သောအခါ ဖုန်းစက်ပိတ်ထားကြောင်း၊ သက်ဆိုင်ရာ နယ်မြေခံ ဒဂုံဧရာအဝေးပြေးဝင်း လုံခြုံရေးရဲသားတစ်ဦးထံသို့ အကြောင်းကြားသောအခါ စိတ်မပူရန်သာ ပြောဆိုပြီး အမှုဖွင့်ပေးခြင်းမရှိကြောင်း၊ စက်တင်ဘာလ ၂ ရက်နေ့ ည ၈ နာရီအချိန် တွင် တူဖြစ်သူက ရွှေပြည်သာ စစ်သားစုဆောင်းရေးသို့ ရောက်ရှိသွားပြီး စစ်မှုထမ်းရန် ခေါ်ဆောင်ခံရသည်ဟု ဖုန်းဆက် အကြောင်းကြားလာကြောင်း သိရှိရသည်။

    မောင်ဆန်းတင်၏ အဒေါ်ဖြစ်သူနှင့် ဆွေမျိုးများက ရွှေပြည်သာ စုဆောင်းရေးတပ်များထံသို့ လိုက်လံစုံစမ်းသော်လည်း မရှိ၊ မသိဟုသာ စစ်တပ်က ဖြေဆိုပြီး တူဖြစ်သူ၏လက်ကိုင်ဖုန်းမှာလည်း ဆက်သွယ်မရတော့ကြောင်း၊ မောင်ဆန်းတင်၏ဖုန်းမှာလည်း စက်ပိတ်ထားကြောင်း သိရှိရသည်။

    “ဖုန်းအဆက်သွယ်ရတဲ့အချိန်က ကားသမားနဲ့ အဖော်အမျိုးသားကြီး ၁ ဦးက သားကို အတင်းခေါ်တယ်ပြောတယ်။ ငြိမ်ငြိမ်မလိုက်ရင် အသားနာမယ်ဆိုပြီး ခေါ်သွားတာ။ နောက်တော့ စစ်မှုထမ်းရမယ်ဆိုပြီး ရွှေပြည်သာထဲက စစ်သားစုဆောင်းရေးတပ်တစ်ခုထဲ ရောက်နေတယ်ပြောပါတယ်။ စက်တင်ဘာလ ၃ ရက်နေ့ ရွှေပြည်သာထဲက စစ်တပ်တွေဆီ လိုက်ပေမယ့် ရှာလို့မရခဲ့ပါဘူး။ အခုထက်ထိတော့ ဖုန်းကပိတ်ထားတယ် ဆက်သွယ်မရပါဘူး” ဟု မောင်ဆန်းတင်၏ ဆွေမျိုးတစ်ဦးက ဆိုသည်။

    မောင်ဆန်းတင်ပျောက်ဆုံးမှုအတွက် နယ်မြေရဲစခန်းများတွင် လူပျောက် အကြောင်းကြားထားကြောင်း သိရှိရသည်။

    ဓာတ်ပုံ- ရန်ကုန်တွင် သွားလာနေသော ရဲကားများ။ (ပုံအဟောင်းဖြစ်ပါသည်။)

  • ဗုဒ္ဓံသရဏံဂစ္ဆာမိ သီချင်းကို  DJ တီးတဲ့ကိစ္စ မန္တလေးက COVER ကလပ်ကို စစ်အုပ်စု စီးနင်းချိပ်ပိတ်

    ဗုဒ္ဓံသရဏံဂစ္ဆာမိ သီချင်းကို DJ တီးတဲ့ကိစ္စ မန္တလေးက COVER ကလပ်ကို စစ်အုပ်စု စီးနင်းချိပ်ပိတ်

    ဗုဒ္ဓံသရဏံဂစ္ဆာမိ သီချင်းကို DJ တီးတဲ့ကိစ္စ မန္တလေးက COVER ကလပ်ကို စစ်အုပ်စု စီးနင်းချိပ်ပိတ်

    ဆိုင်ဝန်ထမ်း ရှစ်ဦးကိုလည်း ဖမ်းဆီးထား

    မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက်ရှိ COVER ကလပ်မှာ DJ Violet ဆိုသူ အမျိုးသမီးတစ်ဦးက ဗုဒ္ဓံသရဏံဂစ္ဆာမိသီချင်းကို DJ တီးခတ်ခဲ့တဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး အာဏာသိမ်း စစ်အုပ်စု လက်နက်ကိုင်တွေက ကလပ်ကို စီးနင်းကာ ဝန်ထမ်း ရှစ်ဦးကို ဖမ်းဆီးပြီး ဆိုင်ကို ချိပ်ပိတ်လိုက်တယ်လို့ သတင်းရရှိပါတယ်။

    မန္တလေးမြို့၊ ၅၃လမ်းနဲ့ ၃၆လမ်းထောင့်ရှိ COVER ကလပ်မှာ ပြီးခဲ့တဲ့ ဇူလိုင် ၃၁ရက် ညပိုင်းက ဗုဒ္ဓံသရဏံဂစ္ဆာမိသီချင်းကို DJ Violet က DJ နဲ့ Remix ပြုလုပ်တီးခတ်ခဲ့မှုနဲ့ ပတ်သက်ပြီး စစ်လော်ဘီတွေက အကြီးအကျယ် ဝေဖန်ခဲ့ပြီးနောက် ယမန်နေ့ စက်တင်ဘာ ၁၁ ရက် ညပိုင်းမှာ စစ်အုပ်စု လက်နက်ကိုင်တွေက ကလပ်ကို စီးနင်းချိတ်ပိတ်လိုက်တာလို့ မန္တလေးမြို့ခံ စစ်အုပ်စုနဲ့ ဆက်နွှယ်သူတွေက ဆိုပါတယ်။

    “မဟာအောင်မြေမြို့နယ် ရဲမွန်တောင်ရပ်ကွက်၊ ၅၃လမ်းနဲ့ ၃၆လမ်းထောင့်ရှိ COVER ကလပ် ဆိုင်အား ဇူလိုင် ၃၁ရက် (ညပိုင်း) ၀၁:၀၀ မှ ၀၂:၀၀ အချိန်ထိ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ဘုရားစာအား DJ တီးခတ်သဖြင့် (စက်တင်ဘာ ၁၁ရက် ည၁၁နာရီခွဲအချိန်) ဝင်ရောက်စစ်ဆေးရာ ဝန်ထမ်း ရှစ်ဦး တွေ့ရှိပြီး စစ်ဆေးရန် ထိမ်းသိမ်းကာ COVER ကလပ် ဆိုင်အား ချိပ်ပိတ်ထားရှိပါကြောင်း” လို့ စစ်လော်ဘီတွေက သတင်းဖြန့်ပါတယ်။

    စတူဒီယိုခေတ်ဦး အဆိုတော် မဂျစ်က သီဆိုထားပြီး အဆိုတော် စိုးပိုင်နဲ့ ပိုးအိစံတို့ ပြန်လည်သီဆိုထားတဲ့ ဗုဒ္ဓံသရဏံဂစ္ဆာမိ သီချင်းကို DJ Violet က DJ နဲ့ Remix ပြုလုပ်တီးခတ်ခဲ့တဲ့ ရုပ်သံဖိုင်တွေ လူမူကွန်ယက်မှု ပြန့်လာပြီးနောက် သာသနာညှိုးနွမ်းမှုနဲ့ အရေးယူပေးဖို့ စစ်လော်ဘီတွေက တောင်းဆိုခဲ့ပြီးနေက် စစ်အုပ်စုက အခုလို ကလပ်ကို စီးနင်းချိတ်ပိတ်တာ ဖြစ်ပါတယ်။

    အဲ့ဒီ COVER ဟာ ဝင်ကြေးနဲ့ စာပွဲဝိုင်း တစ်ဝိုင်းစာအတွက် ကျပ်သိန်း ဆယ်ချီ စျေးပေါက်ပြီး သာမန်ပြည်သူတွေ မသွားနိုင်ဘဲ ပျူစောထီးတွေနဲ့ စစ်အုပ်စုနဲ့ ဆက်နွှယ်ဆက်စပ်ကာ ဝင်ငွေဖြောင့်နေသူတွေ အဓိက သွားရောက် ပျော်ပါးတဲ့ ကလပ်ဖြစ်တယ်လို့ မြို့ခံတွေက ပြောပါတယ်။

    စစ်အုပ်စုက စီးနင်းချိပ်ပိတ်လိုက်တဲ့ COVER ကလပ်/Photo – COVER ကလပ်