Category: News

  • ရခိုင်တိုင်းရင်းသား Rapper အဆိုတော် ဇွဲပြည့်ပိုင်ကို စစ်တပ်က ဝင်ရောက်ဖမ်းဆီး

    ရခိုင်တိုင်းရင်းသား Rapper အဆိုတော် ဇွဲပြည့်ပိုင်ကို စစ်တပ်က ဝင်ရောက်ဖမ်းဆီး

    ရန်ကုန်မြို့၊ တာမွေမြို့နယ်တွင် ရခိုင်တိုင်းရင်းသား Rapper အဆိုတော် ဇွဲပြည့်ပိုင်ကို စစ်တပ်က ဝင်ရောက်ဖမ်းဆီး

    ရန်ကုန်မြို့၊ တာမွေမြို့နယ်တွင် နေထိုင်သော ရခိုင်တိုင်းရင်းသား Rapper အဆိုတော် ဇွဲပြည့်ပိုင်(ခ) Mg Alpha ကို စစ်တပ်က ဝင်ရောက်ဖမ်းဆီးသွားကြောင်း အဆိုတော်ဇွဲပြည့်ပိုင်၏ မိတ်ဆွေများက ပြောဆိုသည်။

    ယနေ့ စက်တင်ဘာလ ၃ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်ဝန်းကျင်အချိန် ရန်ကုန်တိုင်း၊ တာမွေမြို့နယ်၊ ကျောက်မြောင်းတွင် နေထိုင်သော Rapper အဆိုတော် ဇွဲပြည့်ပိုင်ကို အရပ်ဝတ် စစ်သားနှင့်ရဲများ အပါအဝင် စစ်တပ်က ဝင်ရောက် ဖမ်းဆီးသွားခဲ့ခြင်းဖြစ်ကြောင်း၊ ဖမ်းဆီးခံရသော အဆိုတော် ဇွဲပြည့်ပိုင်မှာ အသက် ၂၀ ကျော်ဝန်းကျင်သာရှိသေးကြောင်း သိရှိရသည်။

    “နေအိမ်မှာရှိနေတုန်း စစ်တပ်က ဝင်ဖမ်းတာ။ ဘာဖြစ်လို့ ဖမ်းတာလဲ မပြောဘူး။ သူက 11/Arakan သီချင်း ပိုင်ရှင်လည်းဖြစ်ပါတယ်။ သူက ရက်ပ်ပါအဆိုတော်ဖြစ်တဲ့အပြင် တေးရေးလည်းလုပ်ပါတယ်။ နောက်ပြီး Brand တွေလည်းထုတ်ပါတယ်” ဟု မိတဆွေဖြစ်သူက ပြောဆိုသည်။

    လက်ရှိ ဇွဲပြည့်ပိုင် ဖမ်းဆီးခံရမှုအတွက် သတင်းတစ်စုံတစ်ရာမရရှိသေးဘဲ စိတ်ပူနေရကြောင်း၊ ဇွဲပြည့်ပိုင်သည် ဆက်ဆံရေးကောင်းမွန်သူဖြစ်ပြီး နေထိုင်ရာ ပတ်ဝန်းကျင်နှင့်လည်း အဆင်ပြေစွာ နေထိုင်သူဖြစ်ကြောင်း သိရှိရသည်။

  • မော်လိုက်မြို့နယ်၊ တောင်းအင်စစ်တပ်စခန်းကို သေနတ်တစ်ချက် မဖောက်ရဘဲ တော်လှန်ရေးတပ်များက သိမ်းပိုက်ရရှိ

    မော်လိုက်မြို့နယ်၊ တောင်းအင်စစ်တပ်စခန်းကို သေနတ်တစ်ချက် မဖောက်ရဘဲ တော်လှန်ရေးတပ်များက သိမ်းပိုက်ရရှိ

    စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်၊ တောင်းအင်စစ်တပ်စခန်းကို သေနတ်တစ်ချက်မှ မဖောက်ရဘဲ သိမ်းပိုက်ရရှိခဲ့ကြောင်းဒေသ တော်လှန်ရေးသတင်းရင်းမြစ်က ပြောကြားသည်။

    ဩဂုတ်လ ၁၅ ရက်နေ့ မော်လိုက်မြို့နယ်၊ ထော်သာပျူစခန်းကို သိမ်းပိုက်ပြီးနောက် တော် လှန်ရေးပူးပေါင်းတပ်ဖွဲ့များက တောင်းအင်းစစ်တပ်စခန်းကို ထွက်ပေါက်ပေးပြီး ဝိုင်းဝန်းပိတ် ဆို့ထားရာ စက်တင်ဘာလ ၁ ရက်နေ့ညပိုင်းက စစ်သား၊ ပျူစောထီးများအားလုံးစခန်းစွန့်ခွာထွက် ပြေးသွားသဖြင့် သေနတ်တစ်ချက်မှ ပစ်ဖောက်ရခြင်းမရှိဘဲ စခန်းသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    “ထော်သာစခန်းသိမ်းပြီးကတည်းက တောင်းအင်ကို ထွက်ပေါက်တစ်ခုပဲ ပေးထားပြီး ပတ် ချာလည် ဝိုင်းဝန်းပိတ်ဆို့ထားတာ၊ ပိတ်ဆို့ထားတော့ မတိုက်လိုက်ရဘူး။ ၁ ရက်နေ့က ညကပဲ စခန်းစွန့် ထွက် ပြေးသွားကြတာ၊ ထွက်ပြေးသွားတာဆိုတော့ လက်နက်ပစ္စည်းတွေ မရလိုက်ဘူးထင်တယ်။ ရ၊ မရ တော့ အခုထိ သေချာမသိရသေးဘူး” ဟု ဒေသတော်လှန်ရေးသတင်းရင်းမြစ်က ပြောကြားသည်။

    တောင်းအင်းကျေးရွာမှ ဆုတ်ခွာသွားသော စစ်သား၊ ပျူစောထီးများမှာ အော် – နားပင်ကျေးရွာအုပ်စု လမ်းပိုင်းမှ ကင်းတပ်ရွာသို့ လည်းကောင်း၊ တောင်တွင်းရွာ ချောင်းဖျားဖက်ရှိ လောင်းကောင်းစစ် စခန်း ကိုလည်းကောင်း၊ တောင်တွင်းရွာ၊ ညောင်သပြေရွာ၊ ညောင်ဝန်းရွာ ဗျူဟာလမ်းခွဲ အတိုင်း ချင်း တွင်းမြစ်ကို ဖြတ်ကာ မော်လိုက်မြို့ပေါ်ရှိ ခမရ ၃၆၄ ၊ ၃၆၅ ၊ ၃၆၆ တပ်ရင်းများထံသို့လည်း ကောင်း သွားရောက်ပူးပေါင်းနိုင်ဖွယ်ရှိသည်ဟု သိရသည်။

    “ညကြီးဆုတ်သွားတာဆိုတော့ ဘယ်သွားပေါင်းလည်းမသိဘူး။ ပေါင်းရမယ့် လမ်း ကြောင်းကတော့ ၃ ကြောင်းရှိတယ်။ လမ်းကြောင်း ၁ က အော်အုပ်စုနဲ့ နားပင်ကျေးရွာ အုပ်စု လမ်းပိုင်းကနေ ဖွတ်မျိုး ပေါတဲ့ ကင်းတပ်ရွာကို သွားပေါင်းနိုင်တယ်၊ လမ်းကြောင်း ၂ ကတော့ တောင်တွင်းရွာ ချောင်းဖျား ဖက်ကနေ လောင်းကောင်းစခစခန်းကို သွားပေါင်းနိုင်တယ်၊ လမ်းကြောင်း ၃ ကတော့ တောင်တွင်း ရွာ၊ ညောင်သပြေရွာ၊ ညောင်ဝန်းရွာ ဗျူ ဟာ လမ်းခွဲအတိုင်း ချင်းတွင်းမြစ်ကို ဖြတ်ပြီး မော်လိုက်မြို့ ပေါ်က ၃၆၄၊ ၃၆၅ ၊ ၃၆၆ တပ်တွေကို သွားပေါင်းနိုင်တယ်၊ ကျနော်ထင်ထားတာတော့ လမ်းကြောင်း ၃ ဖြစ်နိုင်ခြေ များတယ်၊ ခရီးတိုတယ်၊ ကားလမ်းပွင့်တယ်၊ အဲဒီလမ်းက” ဟု ဒေသခံတော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

    အလားတူ ဩဂုတ်လ ၁၅ ရက်နေ့ကလည်းစစ်ကိုင်းတိုင်း၊ မော်လိုက်ခရိုင်၊ မော်လိုက်မြို့နယ်ရှိ ပျူစောထီးခေါင်းဆောင် အဲပန် ဦးစီးသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ အခြေချနေထိုင်သည့် ထော်သာရွာ (ပျူစောထီး) စခန်းကို မော်လိုက်ခရိုင် တပ်ရင်း ၂၊ ၄ နှင့် ဖောင်းပြင်မြို့နယ် ပကဖ ပူးပေါင်းအဖွဲ့တို့က တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ ပျူစောထီး ခေါင်းဆာင် အဲပန် အပါ ပျူစောထီးများ၏ မိသားစုဝင် ၁၉၀ ဦးကို ဖမ်းဆီးရမိခဲ့သည်။

  • KNLA တပ်ဖွဲ့တွေနဲ့အတူ မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်နေ

    KNLA တပ်ဖွဲ့တွေနဲ့အတူ မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်နေ

    KNLA တပ်ဖွဲ့တွေနဲ့အတူ မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်နေတယ်လို့ NUG ရဲ့ အထူးတိုင်းစစ်ဌာန ထုတ်ပြန်

    ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ဖွဲ့တွေနဲ့အတူ စခန်းသိမ်းတိုက်ပွဲနဲ့ မြို့သိမ်းတိုက်ပွဲတွေ ဖော်ဆောင်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနအောက်ကနေ အသစ်ဖွဲ့စည်းထားတဲ့ အထူးတိုင်းစစ်ဌာနက ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

    အထူးတိုင်းစစ်ဌာနဟာ KNLA တပ်ဖွဲ့တွေနဲ့အတူ ဖာပွန်မြို့သိမ်းတိုက်ပွဲ၊ အနန်းကွင်းဗျူဟာစခန်းသိမ်းတိုက်ပွဲနဲ့ ထိုင်း-မြန်မာနယ်စပ် စခန်းသိမ်းတိုက်ပွဲတွေကို ဖော်ဆောင်နေတာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    အထူးတိုင်းစစ်ဌာနကို ကရင်ပြည်နဲ့ မွန်ပြည်မှာ အခြေပြု ဖွဲ့စည်းထားပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နည်းဗျူဟာတွေ၊ တပ်ရင်း၊ တပ်ဖွဲ့တွေ၊ ဒရုန်းလက်ရုံးတပ်ဖွဲ့တွေ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တွေနဲ့ စုဖွဲ့ထားတဲ့ တိုင်းစစ်ဌာနတစ်ခုဖြစ်တယ်လို့ သိရပါတယ်။

    စစ်ရေးလှုပ်ရှားမှုအနေနဲ့ KNU/KNLA တပ်တွေနဲ့အတူ ကရင်ပြည်၊ မွန်ပြည်နဲ့ ရေး-ထားဝယ်ဒေသတွေအပြင် ပဲခူးတိုင်းစစ်ဌာန၊ ရန်ကုန်တိုင်းစစ်ဌာနတို့နဲ့ပါ ပူးပေါင်းပြီး ပဲခူးတိုင်းထဲက နယ်မြေတချို့မှာ စစ်ရေးဖော်ဆောင်ကာ နယ်မြေစိုးမိုးရေးလုပ်ငန်းတွေ ဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    အခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ မဲပလီဗျူဟာစခန်းကုန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး လှဂွန်းပျိုစခန်းက တပ်ရင်းမှူးအပါအဝင် အခြားအဆင့် တပ်သား ၁၆ ဦးကို လက်နက်တွေနဲ့ အလင်းဝင်လာအောင် စည်းရုံးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

    ဒါ့အပြင် ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်မှာရှိတဲ့ ခမရ ၅၉၈ တပ်ရင်းဌာနချုပ်ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သလို ကရင်ပြည်၊ တနင်္သာရီတိုင်းနဲ့ ထိစပ်နေတဲ့ ထိုင်း-မြန်မာနယ်စပ်က စစ်တပ်အထိုင်စခန်းတွေကိုလည်း သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

    အထူးတိုင်းစစ်ဌာန ဖွဲ့စည်းမှုကို အခုနှစ် ဇန်နဝါရီလကတည်းက စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး NUG ရဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) စစ်ရုံးချုပ်က တိုက်ရိုက်ကွပ်ကဲနေတာ ဖြစ်ပါတယ်။

    တိုင်းစစ်ဌာနချုပ်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) စုစုပေါင်း နည်းဗျူဟာ (၅) ခု၊ တိုင်းစစ်ဌာနကွပ်ကဲမှုအောက်က တပ်ရင်း (၁၁) ရင်းနဲ့ 1801 ဒရုန်းတပ်ရင်း၊ SDDF ဒရုန်းအထူးတပ်ဖွဲ့၊ ရောင်နီဒရုန်းအထူးတပ်ဖွဲ့ နှင့် Cloud Wings ဒရုန်းအထူးတပ်ဖွဲ့တွေ ပါဝင်တယ်လို့ သိရပါတယ်။

    ဒါ့အပြင် မွန်ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ရန်ကုန်ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ပဲခူးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေလည်း တိုင်းစစ်ဌာနရဲ့ စစ်ဆင်ရေးကွပ်ကဲမှုအောက်မှာ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

    အထူးတိုင်းစစ်ဌာနချုပ်ဟာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) စစ်ရုံးချုပ်ရဲ့ မဟာဗျူဟာ စစ်ရေးရည်မှန်းချက်တွေ၊ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ (EROs) တွေရဲ့ စစ်ရေးရည်မှန်းချက်တွေနဲ့ အတူတကွ လက်တွဲဖော်ဆောင်သွားမယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    NUG မှာ လက်ရှိ တိုင်းစစ်ဒေသ (၃) ခု ရှိထားကာ တပ်ရင်းပေါင်း ၃၀၀ ခန့်အထိ စုဖွဲ့ထားပြီး စစ်ဒေသအသီးသီးက PDF တပ်ရင်းတွေမှာ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်း (EROs) တွေနဲ့ ပူးပေါင်းလှုပ်ရှားနေကြပါတယ်။

    ဓာတ်ပုံ – အထူးတိုင်းစစ်ဌာန

  • ကသာမှာ သံခွန်သင်္ဘော၅စီး ဗန်းမော်ကိုဆန်တက်ဖို့ပြင်ဆင်နေ

    ကသာမှာ သံခွန်သင်္ဘော၅စီး ဗန်းမော်ကိုဆန်တက်ဖို့ပြင်ဆင်နေ

    စစ်ကိုင်းနဲ့ကချင်အစပ် ကသာမြို့နယ် သဖန်းကိုင်းဆိပ်ကမ်းတစ်ဝိုက်မှာ သံခွန်သင်္ဘော ၅ စီး ဗန်းမော်မြို့ကိုဆန်တက်ဖို့အတွက်ပြင်ဆင်မှုတွေလုပ်နေတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေကပြောပါတယ်။

    စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၇ ရက်နေ့နဲ့ ၂၂ ရက်နေ့တွေမှာ မန္တလေးဂေါဝန်ဆိပ်ကမ်းကနေ–ကချင်ပြည်နယ်ဗန်းမော်မြို့အထိမြစ်ကြောင်းတစ်လျှောက်က စစ်ကောင်စီတပ်ရင်း၊တပ်ဖွဲ့တွေဆီ ရိက္ခာ၊ဆေးဝါး၊လူအင်အားအပါအဝင် လက်နက်ခဲယမ်းတွေကိုစစ်သင်္ဘောနဲ့သံခွန်သင်္ဘောအစီး ၂၀ ကျော်နဲ့ နှစ်သုတ်ခွဲပြီးတင်ပို့ခဲ့ပါတယ်။

    အဲ့ဒီထဲက သံခွန်သင်္ဘောတစ်ချို့ဟာ ကသာမြို့ဆိပ်ကမ်းမှာရပ်နားထားခဲ့တာ ဒီနေ့အထိဖြစ်ပြီး ဒီရက်ပိုင်းအတွင်းမှာဘဲ ဗန်းမော်မြို့ဆီဆန်တက်ဖို့အတွက်ပြင်ဆင်နေတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။

    “အဲ့တုန်းက ၄ စီးကျန်ထားခဲ့တာ။ အဲ့တာကိုကသာအတွက်လိုအပ်လို့ချန်တယ်လို့ဘဲထင်တာ။ အခုကအဲ့လိုမဟုတ်ဘဲ ၄ စီးကို သဲအိတ်တွေတအားပြင်ဆင်နေကြတာ။ အဲ့တာကိုဗန်းမော်ကိုတက်ပြီးတော့မှကျန်တဲ့ပစ္စည်းတွေ နောက်ထပ် စစ်ကူတစ်ချို့တွေ ဗန်းမော်ကိုထပ်ပို့မယ်အဲ့လိုယူဆနေကြတယ်။ သတင်းကလည်းအဲ့လိုရနေတာ”လို့ပြောပါတယ်။

    စစ်ကောင်စီက ဗန်းမော်မြို့ကိုဆန်တက်ဖို့အတွက် ကသာမြို့ဧရာဝတီမြစ်နံဘေးက အရပ်သားတွေဆီကသံခွန်တစ်စီးကိုချောဆွဲထားပြီးအထက်ကိုဆန်တက်ဖို့ပြင်ဆင်နေတဲ့သံခွန်သင်္ဘော ၅ စီးထိရှိပြီး ပြင်ဆင်နေတာတစ်ပတ်ဝန်းကျင်ရှိလာပြီလို့သိရပါတယ်။

    “ဒီလအတွင်းလောက်ကိုအောက်ကိုစုန်ဆင်းမယ်လို့တော့ အဲ့လိုတော့သိထားရတယ်။ ရေကြောင်းကလည်း ကိုးလပိုင်းနောက်ပိုင်းဆိုရေကြောင်းကကြပ်ပြီဆိုတော့လေ။ ဒီလကိုစုန်ဆင်းမယ်လို့ကြားထားရတယ်”လို့အထက်ပါ ကာကွယ်ရေးတပ်ဖွဲ့ဝင်ကဆက်ပြောပါတယ်။

    ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းမန္တလေးဂေါဝန်ဆိပ်ကမ်းကနေ ကချင်ပြည်နယ်ဗန်းမော်မြို့အထိစစ်သင်္ဘောတွေဆန်တက်ဖို့အတွက် စစ်ကောင်စီကရေလမ်းကြောင်းရှင်းပစ်ခတ်မှုတွေကြောင့် အရပ်သား ၃၁ ဦးသေဆုံးခဲ့ရတယ်လို့ဒေသခံတွေနဲ့မြစ်ကြောင်းအခြေနေစောင့်ကြည့်တဲ့ကာကွယ်ရေးတပ်တွေဆီကသိရပါတယ်။

    ဒါ့အပြင် ကသာမြို့နယ် မိုးတားလေးတိုက်နယ်ကကျေးရွာတစ်ခုမှာတော့ စေတီပုထိုးတွေအပါအဝင် အဆော်ကအဦးများပျက်ဆီးခဲ့ရပြီး စစ်ကောင်စီကစစ်သင်္ဘောပေါ်ကနေလက်နက်ကြီးလက်နက်ငယ်တွေနဲ့ပစ်ခတ်သလိုY 12 အမျိုးအစားရဟတ်ယာဥ်တွေအပါအဝင်၊ ဂျက်ဖိုက်တာတွေအဓိကအသုံးပြုပစ်ခတ်ခဲ့တာဖြစ်ပါတယ်။

    စစ်ကောင်စီရဲ့စစ်သင်္ဘောတွေကတော့ ပြီးခဲ့တဲ့ ဩဂုတ်လ ၁ ရက်နေ့ကပဲ ဗန်းမော်မြို့ကိုရောက်ရှိလာခဲ့ပြီး ဗန်းမော်မြို့အပါအဝင်ဆန်တက်လာတဲ့မြစ်ကြောင်းတစ်လျှောက်က ထီးချိုင့်၊ ကသာ၊ ရွှေကူမြို့တွေမှာပါလက်နက်ရိက္ခာနဲ့ လူအင်အားတချို့ဖြည့်တင်းနိုင်ခဲ့သလို ဗန်းမော်မြို့မှာ အဆိုပါစစ်သင်္ဘောတွေရောက်ပြီးနောက်တိုက်ပွဲတွေပိုပြီးပြင်းထန်နေတယ်လို့သိရပါတယ်။

    စစ်ကောင်စီတပ်ဟာ အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတစ်ဝှမ်းစစ်ရေးပြင်းထန်လာတာနဲ့အမျှ ကုန်ကြောင်း၊လေကြောင်းတင်မက ရေကြောင်းကနေပါစစ်ရေးအတွက်အသုံးပြုလာတာဖြစ်ပြီး နှစ်စဥ်ဧရာဝတီမြစ်ကြောင်းအတိုင်းစစ်သင်္ဘောတွေဆန်တက်လေ့ရှိတာဖြစ်ပါတယ်။

    ✍ အမိုး

  • ဥတ္တရသီရိမြို့နယ်၌ မုဒိမ်းကျင့် သတ်ဖြတ် လုယက်သူ ၂ ဦး ဖမ်းမိ

    နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရသီရိမြို့နယ်၊ ဇလောင်းကျေးရွာမှာ အမျိုးသမီးတယောက်ကို မုဒိမ်းကျင့်ပြီး သတ်ဖြတ်ကာ ရွှေထည်ပစ္စည်း လုယက်ခဲ့သူ ၂ ယောက် ကို စက်တင်ဘာ ၁ ရက် ည ၇ နာရီက ရဲတွေက ဖမ်းမိခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

    မနေ့ည ၇ နာရီက ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ ဆောက်လုပ်ရေလုပ်ငန်းခွင်ထဲမှာ ပြစ်မှုကျူးလွန်သူ အမျိုးသား ၂ ယောက်ကို ရဲတွေက ဖမ်းမိခဲ့ပြီး ဥတ္တရသီရီမြို့နယ်ရဲစခန်းမှာ စစ်ဆေးနေတယ်လို့ မြို့ခံတယောက်က ပြောပါတယ်။

    “လုတဲ့သူတွေကို မနေ့ညက ဇမ္ဗူသီရိက ပန်းရန်ဆိုက်ထဲမှာ မိတယ် ပြောတယ်။ လုသွားတဲ့ နားကပ်ရော လက်စွပ်ရော ပြန်ရတယ်။ လုတဲ့သူတွေက ဒီက မဟုတ်ဘူး။ တခြားမြို့နယ်က ပန်းရန်လာလုပ်တဲ့သူတွေ။”

    လတ်တလောမှာတော့ ဖမ်းဆီးခံထားရတဲ့ သောင်းဝင်းအောင် (ခ) ချစ်ဖူး နဲ့ သိန်းဇော် (ခ) ကိုသိန်း တို့ကို ဥတ္တရသီရိမြို့နယ် ရဲစခန်း စစ်ဆေးနေပါတယ်။

    ပြစ်မှုကျူးလွန်သူ ၂ ယောက်မှာ သြဂုတ် ၃၀ ရက်ညနေ ၆ နာရီခွဲက ဥတ္တရသီရီမြို့ မောင်းရမ်းကျေးရွာမှာနေတဲ့ အသက် ၂၃ နှစ်အရွယ် အမျိုးသမီးကို မုဒိမ်းကျင့် သတ်ဖြတ်ပြီး ရွှေထည် နားကပ်နဲ့ လက်စွပ်တွေ ချွတ်ယူသွားခဲ့တာလို့ ဖြစ်စဥ်သိသူ တယောက်က ပြောပါတယ်။

    “အစက ရိုက်ပြီးလုဖို့ပဲလောက်ပဲ ရည်ရွယ်တာ လူရှင်းတော့ မုဒိမ်းကျင့် သတ်ဖြတ် လုယက်တဲ့ထိ ဖြစ်သွားတာ။ ဒါကြောင့် တယောက်တည်း သွားလာတဲ့ အမျိုးသမီးတွေအနေနဲ့ သတိထား သင့်တယ်။ ဘယ်နေရာမှ မလုံခြုံပါဘူး။ လူပြတ် လူရှင်းတဲ့နေရာဆို ပိုပြီး အန္တရာယ်ရှိပါတယ်။”

    ဇူလိုင် ၁၇ ရက် မနက်ကလည်း ဥတ္တရသီရိမြို့နယ်၊ သပြေကုန်းကျေးရွာ လေးကျွန်း မဏ္ဍိုင်ဘုန်းကြီးကျောင်းမှာ ၇၄ နှစ်အရွယ် ကပ္ပိယကြီးကို ရိုက်သတ်ပြီး ဖုန်းနဲ့ ငွေ ၇၀,၀၀၀ လုယက်ခဲ့တဲ့ အမျိုးသား ၃ ယောက်ကို ခရိုင်တရားရုံးက စစ်ဆေးနေပါတယ်။

    နေပြည်တော်ကောင်စီနယ်မြေအတွင်းမှာ ဇူလိုင်လနဲ့ သြဂုတ်လအတွင်းက မုဒိမ်းကျင့်၊ လုယက် သတ်ဖြတ်ခဲ့သူတွေကို ပုဗ္ဗသီရိ၊ လယ်ဝေး၊ ဥတ္တသီရိမြို့နယ်နဲ့ ဇေယျာသီရိခရိုင် တရားရုံးက သေဒဏ်ကြိုးမိန့်တွေ ချမှတ်ခဲ့ပါတယ်။