Category: News

  • ခရီးပန်းနေခဲ့ပြီး ပြင်ဆင်ချိန်မရှိခဲ့လို့ပါတဲ့..

    ခရီးပန်းနေခဲ့ပြီး ပြင်ဆင်ချိန်မရှိခဲ့လို့ပါတဲ့..

    နိုင်ငံတော်ရုပ်သံလိုင်းမှာ ထုတ်လွှင့်ခဲ့တဲ့ အစီအစဉ်မှာ အဝတ်အစားနဲ့ မိတ်ကပ်တို့ မပြည့်မစုံဖြစ်ခဲ့တာကြောင့် နိုင်ငံတော်လူကြီးတွေနဲ့ ပရိသတ်တွေကို တောင်းပန်ပါတယ်ဆိုတဲ့ ရွှေမှုံရတီ

    ခရီးပန်းနေခဲ့ပြီး ပြင်ဆင်ချိန်မရှိခဲ့လို့ပါတဲ့..

    သဲတို့ ၂ ယောက်ရဲ့ ဖျော်ဖြေရေးခရီးပန်းလာမှုကြောင့် မိတ်ကပ်နှင့် အဝတ်အစား အဆင်မပြေမှုအပေါ် ကြည့်ရှုရသူ နိုင်ငံတော်မှ လူကြီးမင်းများနှင့် မိဘပြည်သူပရိသတ်များအပေါ် မလေးမစား ပြုမူသလိုဖြစ်မိပါက … အားလုံးကို အနူးအညွှန့်တောင်းပန်အပ်ပါတယ်ရှင်

    သဲတို့ကိုလဲ နားလည်ခွင့်လွှတ်ပေးဖို့မျှော်လင့်ပါတယ်ရှင့်

    ဒီဇင်ဘာ ၂၈ ရက်ရွေးကောက်ပွဲအတွက် အသိပညာပေး ရုပ်သံရိုက်ကူးရေးတွေမှာ ဒါဇင်နဲ့ချီတဲ့ နာမည်ကြီး သရုပ်ဆောင်တွေလည်း ပါဝင်ဆောင်ရွက်ပေးတယ်လို့ဆိုပြီး စစ်ကော်မရှင်က သတင်းထုတ်ပြန်လာပါတယ်။

    ရွေးကောက်ပွဲအသိပညာပေး ရိုက်ကူးရေးမှာ ပြည်တွင်းကအဆိုတော်တွေ ပါဝင်ခဲ့ကြတယ်လို့ စစ်ကော်မရှင်က ပြောပြီး နောက်တစ်နေ့မှာပဲ ထိပ်တန်းသရုပ်ဆောင်တွေပါ ပါဝင်နေကြတဲ့အကြောင်း ဆက်ပြောလာတာဖြစ်ပါတယ်။

    ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ရုပ်သံဇာတ်လမ်းတိုမှာ ပါဝင်ဖို့ ပြန်ကြားရေးဝန်ကြီးဌာနကို အကြောင်းမပြန်လို့ ခေါ်ယူစစ်ဆေးခံခဲ့ရတဲ့သရုပ်ဆောင်ဖွေးဖွေးနဲ့ အလင်းရောင်တို့လည်း အခုရိုက်ကူးရေးမှာ မြင်ရပါတယ်။

    ရိုက်ကူးရေးမှာ ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ စိုင်းစိုင်းခမ်းလှိုင်၊ ထွန်းထွန်း၊ ရွှေထူး၊ ညီနန္ဒ၊ ဟိန်းဝေယံ၊ ပိုင်တံခွန်၊ အောင်ရဲလင်း၊ တိုင်ရွန်၊ လွှမ်းပိုင်၊ ကျော်ထက်အောင်၊ ထွန်းအိန္ဒြာဗို၊ ခိုင်သင်းကြည်၊ စိုးပြည့်သဇင်၊ ဝတ်မှုန်ရွှေရည်၊ ချောရတနာ၊ အေးမြတ်သူ၊ ရွှေမှုန်ရတီ၊ ခင်ဝင့်ဝါ၊ မိုးဟေကို၊ ယွန်းဝတီလွင်မိုး၊ ပိုးမမှီသာ၊ ရတနာဗို၊ သင်ဇာဝင့်ကျော်၊ ဖူးစုံ၊ နော်ဖောအယ်ထား၊ ဆောင်းဝတ်ရည်မေ၊ မေပန်းချီ၊ သဲစုငြိမ်း၊ မေမီကိုကို၊ နဲ့ရွှေသမီး စတဲ့ အနုပညာရှင်တွေ ပါဝင်ခဲ့ပါတယ်။

    ရွေးကောက်ပွဲအတွက် အနုပညာရှင်တွေ ပါဝင်နေတယ်လို့ စစ်ကော်မရှင်က သတင်းထုတ်ပြန်နေချိန်မှာပဲ ရွေးကောက်ပွဲနဲ့ဆက်နွှယ်တဲ့ဝါဒဖြန့်ရုပ်သံကို ဝေဖန်တဲ့သူတွေကို အွန်လိုင်းကနေ react လုပ်တဲ့ ရုပ်ရှင်လောကသားတချို့ကို ဖမ်းဆီး အရေးယူတာတွေ ပြုလုပ်နေပါတယ်။

    ဝါဒဖြန့်ဇာတ်လမ်းတို “ခေတ်သမိုင်းကို ဒုန်းစိုင်းမည့်သူများ”ကို အွန်လိုင်းကနေ ဝေဖန်တဲ့ပို့စ်ကို react ပေးလို့ဆိုပြီး ဒါရိုက်တာ မိုက်တီး၊ ဒါရိုက်တာ အောင်ချမ်းလူ၊ ဒါရိုက်တာ သက်လွင်၊ ဟာသသရုပ်ဆောင် အုန်းဒိုင်း ၊ ဇာတ်ပို့သရုပ်ဆောင် ကျော်ဝင်းထွဋ်တို့ကို စစ်တပ်က ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်း ဖမ်းဆီးထားပါတယ်။

  • သားတယောက်လို နှုတ်ကတိပဲ ပြောခဲ့တာမို့ မဖြစ်မနေ ပေးစရာမလိုလို့ မပေးတော့ဘူးဆိုတဲ့ ပွဲစီစဉ်သူ သက်ဖုန်းနိုင် (GG)

    သားတယောက်လို နှုတ်ကတိပဲ ပြောခဲ့တာမို့ မဖြစ်မနေ ပေးစရာမလိုလို့ မပေးတော့ဘူးဆိုတဲ့ ပွဲစီစဉ်သူ သက်ဖုန်းနိုင် (GG)

    ရေမွန့်အမေကို သိန်း ၅၀ ကန်တော့မယ်ဆိုတာ သားတယောက်လို နှုတ်ကတိပဲ ပြောခဲ့တာမို့ မဖြစ်မနေ ပေးစရာမလိုလို့ မပေးတော့ဘူးဆိုတဲ့ ပွဲစီစဉ်သူ သက်ဖုန်းနိုင် (GG)

    ရေမွန့်အတွက် သီးသန့် ဖျော်ဖြေခ မပေးတော့ဘဲ အဖွဲ့ကို ပေးထားတဲ့ငွေထဲကနေ သူတို့ဘာသာ ဝေမျှယူရမှာပါလို့ ပွဲစီစဉ်သူက ပြောလာခဲ့တာပါ။

    ရေမွန့်ရဲ့မိခင် ဒေါ်ခင်မြတ်မွန်ကတော့ idiots အဖွဲ့ဝင် ဖိုးလုံးက တာဝန်ယူဖြေရှင်းပေးတဲ့ သိန်း ၅၀ ကို ရခဲ့ပေမဲ့လည်း အွန်လိုင်းပေါ်မှာ ပွဲဖြစ်သွားတာကြောင့် ကုသမှုခံယူ ခဲ့ရတယ်လို့ သိရပါတယ်။

    ကဲ မပြီးတော့ဘူးလား

    ကျနော်က မပေးပဲ ထွက်ပြေးတယ်ဆိုတဲ့ ကိစ္စ !

    ဒီထက်ပိုပြီး သည်းမခံနိုင်တော့ဘူး

    IDF ပွဲမှာ ပေးရမယ်. Artists Fee တွေကို ၂၇-၁၁-၂၅ နေ့မှာ အကုန် Clear out ထားပါရက်နဲ့ ဘာလို့ပြဿနာတွေတက်လာတာလဲ

    ဆိုတဲ့ အဓိကပြဿနာက ရှင်းရှင်းလေး …

    IDIOTS band ထဲက မရှိတော့ပြီဖြစ်သော Raymond ရဲ့ ရပိုင်ခွင့်ကို သူ့ရဲ့ ကျန်ရစ်သူမိသားစု မရရှိသေးတာကို ကျန်ရစ်သူမိသားစုက အသိပေးတာက စ ပါတယ်။

    ကျနော် က Raymond ကိုယ်စား အန်တီကို ကန်တော့မယ်ဆိုတာ သားတစ်ယောက်က မိခင်ကို သီတင်းကျွတ် တန်ဆောင်တိုင် ကန်တော့သလိုမျိုးပါ။

    ကျနော်က lDIOTS ရဲ့ member မဟုတ်သလို IDIOTS ရပိုင်ခွင့်ထဲက Raymond ရဲ့ ရပိုင်ခွင့်ကို ထိန်းသိမ်းပေးထားခြင်း မရှိသလို ချန်လှပ် ထားခြင်းလည်းမရှိပါ။

    IDF ပွဲရဲ့ Budget Finance Management ဘက်က lDIOTS ရဲ့ Artist fee ကိုလည်း အပြည့်အဝ ရှင်းလင်းပြီးဖြစ်၍ ကျနော် မပေးပဲ ထွက်ပြေးနေတယ်ဆိုတဲ့ ကိစ္စက ကျနော်ရှင်းပြနေစရာ လိုနေလို့လား ?

    အဲ့ဒီတော့ ဒီကိစ္စရပ်တန်းကမရပ်ရင်တော့ ကျနော့်အလွန် မဟုတ်တော့ဘူးနော်
    နှစ်ပေါင်းများစွာ အတူဖြတ်သန်းခဲ့တဲ့ သံယောဇဉ်က အခုဒီစာနဲ့အတူမရှိတော့ဘူးဆိုတော့

    Be awared !

    Don’t Force Me !

    သက်ဖုန်းနိုင်

  • မင်းသားလွင်မိုးရဲ့ ရုပ်ရှင်ရုံသစ် ဖွင့်ပွဲမတိုင်ခင် မီးလောင်

    မင်းသားလွင်မိုးရဲ့ ရုပ်ရှင်ရုံသစ် ဖွင့်ပွဲမတိုင်ခင် မီးလောင်

    မန္တလေးမြို့မှာ မင်းသားလွင်မိုးရဲ့ ရုပ်ရှင်ရုံသစ် ဖွင့်ပွဲမတိုင်ခင် မီးလောင်

    မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၄၂ လမ်းနဲ့ ၄၃ လမ်းကြား၊ ၈၆ လမ်း ပေါ်ရှိ မင်းသားလွင်မိုး ပိုင်တဲ့ မဟာအောင်မြေ ရုပ်ရှင်ရုံသစ် ဒီကနေ့ ညနေပိုင်း မီလောင်မှုဖြစ်ပွားခဲ့ပါတယ်။

    နိုဝင်ဘာ ၁၃ရက် ညနေ၄ နာရီခွဲလောက်မှာ အဲ့ဒီ မဟာအောင်မြေ ရုပ်ရှင်ရုံအတွင်းက မီးခိုးလုံးတွေ ထွက်ပေါ်လာပြီး ရုံအတွင်းထဲက ဆိုဖာနဲ့ ပစ္စည်းတွေ လောင်ကျွမ်းတာ ဖြစ်နိုင်တယ်လို့ အနီးဝန်းကျင် နေထိုင်သူ တစ်ဦးက ပြောပါတယ်။

    “မီးခိုးတွေ အူထွက်လာတာ၊ မီးငြိမ်းတာ မကြာလိုက်ဘူး၊ မိနစ် ၂၀ လောက်ပဲ ကြာတယ်၊ ဆိုးဆိုးဝါးဝါးကြီးတော့ မဖြစ်ဘူးထင်တာပဲ၊ ဝါယာရှော့ကြောင့် လောင်တာလို့ ကြားတယ်၊ လူ ထိခိုက်မှုတော့ မရှိဘူး”

    အဲ့ဒီ ရုပ်ရှင်ရုံကို မင်းသား လွင်မိုးက ပိုင်တာဖြစ်ပြီး စစ်အာဏာသိမ်း ကာလအတွင်း ဆောက်လုပ်ထားခြင်း ဖြစ်ကာ အခုလကုန်မှာ ဖွင့်ပွဲလုပ်မယ်လို့ သတင်းကြားပြီး ဖွင့်ပွဲမတိုင်ခင် မီးလောင်တာလို့ မြို့ခံတွေက ပြောပါတယ်။

    စစ်အုပ်စု မီးသတ်ရဲ့အဆိုအရ ဒီကနေ့ ညနေ ၄ နာရီခွဲဝန်းကျင်မှာ မီးစလောင်ပြီး ၁၅ မိနစ်ကျော်အကြာမှာ မီးငြိမ်းတယ်လို့ ထုတ်ပြန်ထားပါတယ်။

  • ရွေးကောက်ပွဲပညာပေးမှာ အနုပညာရှင် ၃၀ ကျော်ပါဝင်နေတယ်လို့ စစ်ကော်မရှင်ပြော

    ရွေးကောက်ပွဲပညာပေးမှာ အနုပညာရှင် ၃၀ ကျော်ပါဝင်နေတယ်လို့ စစ်ကော်မရှင်ပြော

    ဒီဇင်ဘာ ၂၈ ရက်ရွေးကောက်ပွဲအတွက် အသိပညာပေး ရုပ်သံရိုက်ကူးရေးတွေမှာ ဒါဇင်နဲ့ချီတဲ့ နာမည်ကြီး သရုပ်ဆောင်တွေလည်း ပါဝင်ဆောင်ရွက်ပေးတယ်လို့ဆိုပြီး စစ်ကော်မရှင်က သတင်းထုတ်ပြန်လာပါတယ်။

    ရွေးကောက်ပွဲအသိပညာပေး ရိုက်ကူးရေးမှာ ပြည်တွင်းကအဆိုတော်တွေ ပါဝင်ခဲ့ကြတယ်လို့ စစ်ကော်မရှင်က ပြောပြီး နောက်တစ်နေ့မှာပဲ ထိပ်တန်းသရုပ်ဆောင်တွေပါ ပါဝင်နေကြတဲ့အကြောင်း ဆက်ပြောလာတာဖြစ်ပါတယ်။

    ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ရုပ်သံဇာတ်လမ်းတိုမှာ ပါဝင်ဖို့ ပြန်ကြားရေးဝန်ကြီးဌာနကို အကြောင်းမပြန်လို့ ခေါ်ယူစစ်ဆေးခံခဲ့ရတဲ့သရုပ်ဆောင်ဖွေးဖွေးနဲ့ အလင်းရောင်တို့လည်း အခုရိုက်ကူးရေးမှာ မြင်ရပါတယ်။

    ရိုက်ကူးရေးမှာ ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ စိုင်းစိုင်းခမ်းလှိုင်၊ ထွန်းထွန်း၊ ရွှေထူး၊ ညီနန္ဒ၊ ဟိန်းဝေယံ၊ ပိုင်တံခွန်၊ အောင်ရဲလင်း၊ တိုင်ရွန်၊ လွှမ်းပိုင်၊ ကျော်ထက်အောင်၊ ထွန်းအိန္ဒြာဗို၊ ခိုင်သင်းကြည်၊ စိုးပြည့်သဇင်၊ ဝတ်မှုန်ရွှေရည်၊ ချောရတနာ၊ အေးမြတ်သူ၊ ရွှေမှုန်ရတီ၊ ခင်ဝင့်ဝါ၊ မိုးဟေကို၊ ယွန်းဝတီလွင်မိုး၊ ပိုးမမှီသာ၊ ရတနာဗို၊ သင်ဇာဝင့်ကျော်၊ ဖူးစုံ၊ နော်ဖောအယ်ထား၊ ဆောင်းဝတ်ရည်မေ၊ မေပန်းချီ၊ သဲစုငြိမ်း၊ မေမီကိုကို၊ နဲ့ရွှေသမီး စတဲ့ အနုပညာရှင်တွေ ပါဝင်ခဲ့ပါတယ်။

    ရွေးကောက်ပွဲအတွက် အနုပညာရှင်တွေ ပါဝင်နေတယ်လို့ စစ်ကော်မရှင်က သတင်းထုတ်ပြန်နေချိန်မှာပဲ ရွေးကောက်ပွဲနဲ့ဆက်နွှယ်တဲ့ဝါဒဖြန့်ရုပ်သံကို ဝေဖန်တဲ့သူတွေကို အွန်လိုင်းကနေ react လုပ်တဲ့ ရုပ်ရှင်လောကသားတချို့ကို ဖမ်းဆီး အရေးယူတာတွေ ပြုလုပ်နေပါတယ်။

    ဝါဒဖြန့်ဇာတ်လမ်းတို “ခေတ်သမိုင်းကို ဒုန်းစိုင်းမည့်သူများ”ကို အွန်လိုင်းကနေ ဝေဖန်တဲ့ပို့စ်ကို react ပေးလို့ဆိုပြီး ဒါရိုက်တာ မိုက်တီး၊ ဒါရိုက်တာ အောင်ချမ်းလူ၊ ဒါရိုက်တာ သက်လွင်၊ ဟာသသရုပ်ဆောင် အုန်းဒိုင်း ၊ ဇာတ်ပို့သရုပ်ဆောင် ကျော်ဝင်းထွဋ်တို့ကို စစ်တပ်က ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်း ဖမ်းဆီးထားပါတယ်။

  • ပြင်ဦးလွင်မှာ ရွှေဆိုင်ကို သေနတ်ပစ်ခတ် လုယက်သူကို မြို့ခံတွေဖမ်း

    ပြင်ဦးလွင်မှာ ရွှေဆိုင်ကို သေနတ်ပစ်ခတ် လုယက်သူကို မြို့ခံတွေဖမ်း

    မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့လယ်မှာရှိတဲ့ နာရီစင်အနီးက အောင်စံပယ်ရွှေဆိုင်ကို နိုဝင်ဘာ ၁၂ ရက် နံနက် ၉ နာရီမှာ လက်နက်ကိုင်ထားတဲ့ လူနှစ်ဦးက လုယက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

    “ဆိုင်ကို တံခါးတခြမ်းပဲ ဖွင့်ပြီး ခင်းနေတုန်း ဝင်လာတာ။ လာတာနဲ့ လုံခြုံရေးကို အရင်ပစ်တာ။ တော်တော်ကြမ်းပြီး လက်ယဉ်နေတဲ့ သဘောရှိပါတယ်။ နှစ်ယောက်လုတာ။ တစ်ယောက်က လမ်းလျှောက်ထွက်သွားတယ်။ လာတာက Honda Wave 100 ဆိုက်ကယ်နဲ့ လာတာ” လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

    သေနတ်ပစ်ခဲ့တဲ့အချိန် ပတ်ဝန်းကျင်မှာ ကထိန်အလှူပွဲ လုပ်နေတာကြောင့် သေနတ်ပစ်ခတ်သံကို မကြားလိုက်ဘူးလို့ မြို့ခံတွေက ပြောပါတယ်။

    လုယက်သူနှစ်ဦးမှာ တစ်ဦးကို အနီးပတ်ဝန်းကျင်က ဝိုင်းဖမ်းနိုင်ခဲ့ပြီး တစ်ယောက်ကတော့ လွတ်မြောက်သွားတယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

    လွတ်မြောက်သွားသူက ရွှေတချို့ ယူဆောင်သွားတယ်လို့ ပြောပေမယ့် ပမာဏအတိအကျတော့ မသိရသေးပါဘူး။

    နာရီစင်အနီးက ဆိုင်ခန်းတွေ ဖောက်ထွင်း၊ လုယက်မှုတွေ ခပ်စိပ်စိပ်ကြုံ‌နေရတယ်လို့ မြို့ခံတွေ ကပြောကြပါတယ်။

    အခုလုယက်ခံရတဲ့ ‌ရွှေဆိုင်နဲ့ ၂ ဆိုင်အကျော်က သဟဇာတ Power Bank ဆိုင်ကိုလည်း နိုဝင်ဘာ ၁၀ ရက်နေ့ ညပိုင်းဆိုင်ပိတ်ချိန်မှာ ဖောက်ထွင်းခံခဲ့ရတယ်လို့ ဆိုပါတယ်။

    အောက်တိုဘာ ၁၄ ရက်ကလည်း နာရီစင်အနီးက Ruby ကြူကြူ ရွှေဆိုင်ကို ဓားနဲ့ဝင်ရောက် လုယက်မှု ဖြစ်ခဲ့ပါသေးတယ်။

    အဲဒီလုယက်မှုဖြစ်စဉ်မှာလည်း သံသယဖြစ်သူအမျိုးသားကို အနီးနားမှာရှိတဲ့လူတွေက ဝိုင်းဝန်းဖမ်းဆီးခဲ့ကြတယ်လို့ ဖြစ်စဉ်သိတဲ့မြို့ခံက ပြောပါတယ်။