Category: News

  • တရုတ်တချို့ သောင်ရင်းမြစ်အတွင်းသို့ ခုန်ချ ရေကူးထွက်ပြေးကြ

    တရုတ်တချို့ သောင်ရင်းမြစ်အတွင်းသို့ ခုန်ချ ရေကူးထွက်ပြေးကြ

    မြ၀တီမြို့နယ်၊ KK Park မှ ကျားဖြန့်လုပ်ကိုင်သော နိုင်ငံခြားသား ၆၀၀ ကျော် မဲဆောက်မြို့သို့ ထွက်ပြေးရောက်ရှိလာပြီး အရေအတွက် ထပ်မံမြင့်တက်လာနိုင်

    ကရင်ပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ်၊ မြ၀တီမြို့နယ်၊ KK Park မှ ကျားဖြန့်လုပ်ကိုင်သော နိုင်ငံခြားသား ၆၀၀ ကျော် မဲဆောက်မြို့သို့ ထွက်ပြေးရောက်ရှိလာပြီး အရေအတွက် ထပ်မံမြင့်တက်လာနိုင်ကြောင်း နယ်စပ်သတင်းရင်းမြစ်များနှင့် ထိုင်းသတင်းဌာနများ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

    အောက်တိုဘာလ ၂၂ ရက်နေ့မှစတင်ပြီး KK Park အတွင်းမှ ကျားဖြန့်လုပ်ကိုင်နေသော မြန်မာများနှင့် နိုင်ငံခြားသားများကို လုံခြုံရေးယူပေးထားသော BGF တပ်ဖွဲ့က နှင်ထုတ်နေရာ ယမန်နေ့ညပိုင်းမှစတင်ပြီး ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ဘက်သို့ တရုတ်နိုင်ငံသားများအပါအဝင် နိုင်ငံခြားသားများ ရာချီ ထွက်ပြေး ရောက်ရှိနေကြကြောင်း၊ တရုတ်နိုင်ငံသားများမှာ ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်ကို ရေကူး ဖြတ်ကူး၍ မဲဆောက်မြို့သို့ တဖွဲဖွဲ ရောက်ရှိ လာနေကြကြောင်း သိရှိရသည်။

    “မြ၀တီမြို့ပေါ် ဟိုတယ်၊ တည်းခိုခန်းတွေလည်း အပြည့်ပဲ။ အရေးကြီးတဲ့ တရုတ်ကျားဖြန့် သူဌေးကြီးတွေကိုတော့ BGF နဲ့ DKBA က ခိုလှုံခွင့်ပေးထားတယ်။ အလုပ်သမားနဲ့ အလုပ်ကြီးကြပ်တွေလောက်ပဲ အဆင့်ရှိတဲ့ တရုတ်တွေကတော့ အဆင်ပြေတဲ့နေရာ ပြေးကြတယ်။ KK Park ကနေ မြ၀တီကို ဆိုင်ကယ်ကယ်ရီတွေ ကားအငှားတွေလည်း အလုပ်အရမ်းဖြစ်နေတယ်။ တရုတ်တချို့ သောင်ရင်းမြစ်ကို ရေကူးဖြတ်ကူးပြီးလည်း ပြေးကြတယ်။ အဓိက BGF က နှင်လွှတ်နေတာ။ KK Park ကို အဓိက တာဝန်ယူထားတာက BGF တွေပဲ” ဟု မြ၀တီမြို့ အခြေစိုက် နယ်စပ်သတင်းရင်းမြစ်က ပြောဆိုသည်။

    ထိုင်းအာဏာပိုင်များကလည်း မြ၀တီမြို့ KK Park ဘက်မှ ထွက်ပြေးလာသော နိုင်ငံခြားသားများကို စိစစ်လက်ခံနေပြီး ယာယီထားရှိရာ နေရာများ စီစဉ်နေကြောင်း၊ လတ်တလော နိုင်ငံခြားသားအရေအတွက် ၆၀၀ ကျော် လက်ခံထားပြီး မကြာမီ အရေအတွက် ထောင်ကျော်သွားနိုင်၍ ယာယီထားရှိမည့်နေရာများ ထပ်မံ ဖန်တီးရှာဖွေနေကြောင်း ထိုင်းသတင်းများက ဆိုသည်။

    အကြမ်းဖက်စစ်တပ်က KK Park ကို ဝင်ရောက်စီးနင်းရန်ရှိနေသည်ဆိုသော သတင်းများကလည်း ထွက်ပေါ်လျက်ရှိသဖြင့် KK Park အတွင်းမှ ကျားဖြန့်လုပ်သူများ ထောင်သောင်းချီ ထွက်ခွာနေရာ လုံခြုံရေးအစောင့် ကရင်နယ်ခြားစောင့်တပ် BGF များကလည်း ဂိတ်နှင့်လုံခြုံရေးနေရာများအားလုံးကို ဖွင့်ပေးထားကြောင်း သိရှိရသည်။

    အောက်တိုဘာလ ၁၉ ရက်နေ့ကလည်း အကြမ်းဖက် စစ်တပ်က မြ၀တီမြို့နယ်အတွင်းရှိ KK Parkကို စီးနင်းခဲ့ရာ ဆောက်လုပ်ပြီးအဆောက်အအုံ ၁ ထပ်တိုက် ၁၀ လုံး၊ ၂ ထပ်တိုက် အလုံး ၁၀၀၊ ၄ ထပ်တိုက်အလုံး၂၀၊ ၅ ထပ်တိုက် ၂ လုံး၊ ၁ ထပ်တိုက် ဈေးဆိုင်ခန်း၂၀ လုံး၊ ၂ ထပ်တိုက် ဈေးဆိုင်ခန်း ၃၀ လုံး၊ ၁ ထပ်တိုက်ဂိုထောင် ၁၅ လုံး၊ ၂ ထပ်တိုက်ဂိုထောင် ၂၀ လုံး၊ ၄ ထပ်တိုက် ဂိုထောင် ၁၀ လုံး၊ ဆောက်လုပ်ဆဲ ၂ ထပ်တိုက် ၂၁ လုံး၊ ၃ ထပ်တိုက် ၁၀ လုံး၊ ၄ ထပ်တိုက် ၅ လုံး၊ ၅ ထပ်တိုက် ၅ လုံးနှင့် ၁ ထပ်တိုက် ဆေးပေးခန်း ၂ ခန်းတို့ တွေ့ရှိခဲ့ကြောင်း ၊ Star Link စလောင်း အစုံ ၃၀ နှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ပြီး အလုပ်သမား အမျိုးသား ၁၆၄၅ ဦး၊ အမျိုးသမီး ၄၅၅ ဦး၊ လုံခြုံရေးအမျိုးသား ၉၈ ဦး စုစုပေါင်း ၂၁၉၈ ဦး တွေ့ရှိခဲ့ကြောင်း စစ်တပ်က ထုတ်ပြန်ထားသည်။

    မြ၀တီမြို့နယ် KK Park မှာ စစ်တပ်လက်အောက်ခံ BGF ခေါင်းဆောင် စောချစ်သူ ဦးဆောင်သော တပ်ဖွဲ့များက ဦးစီး၍ ကျားဖြန့် အွန်လိုင်းငွေလိမ်လုပ်ငန်းများကို လက်ခံထားခြင်းဖြစ်သည်။

    Screenshot
    Screenshot
    Screenshot

  • မြစ်ငယ်အထက်တန်းကျောင်း၌ ဓားထိုးမှုဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူ ၃ ဦး ဆေးရုံတင်ထားရ

    မြစ်ငယ်အထက်တန်းကျောင်း၌ ဓားထိုးမှုဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူ ၃ ဦး ဆေးရုံတင်ထားရ

    မန္တလေးတိုင်း၊ အမရပူရမြို့နယ်၊ မြစ်ငယ်မြို့ အထက်တန်းကျောင်းမှာ အောက်တိုဘာ ၂၂ ရက် နေ့လယ် ၁၂ နာရီခွဲက အရပ်သားတယောက်က Grade 11 ကျောင်းသား ကျောင်းသူ ၃ ယောက်ကို ဓားနဲ့ထိုးသွားလို့ ဆေးရုံတင်ထားရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

    မနေ့ နေ့လယ် ၁၂ နာရီခွဲက အရပ်သားလူငယ်တစ်ယောက်က ညီမဖြစ်သူကို အအေးဘူးပေးမယ်ဆိုပြီး Grade 11 ဘီ ခန်းအတွင်းဝင်ကာ ကျောင်းသူတစ်ယောက်ကို လည်ပင်းညှစ် ဓားနဲ့ထိုးပြီး ဝင်ဆွဲတဲ့ ကျောင်းသားတစ်ယောက်နဲ့ ကျောင်းသူတစ်ယောက်ပါ ဓားနဲ့ထိုးခံရတာလို့ မြို့ခံတယောက်က ပြောပါတယ်။

    “မုန့်စားဆင်းချိန် Grade 11 ဘီ ခန်းမှာ ဖြစ်သွားတာ။ အဲဒီကောင်လေးက သူ့ညီမကို မုန့်ပေးမယ် ဆိုပြီး ဝင်လာတာ။ အခန်းထဲရောက်တော့ ကျောင်းသူလေးကို လည်ပင်းကိုညှစ်ပြီး ဓားနဲ့ထိုးတာ။ ဘေးက သူငယ်ချင်းတွေက ဝင်ဆွဲတယ်၊ ဝင်ဆွဲတဲ့ သူငယ်ချင်း ၂ ယောက်ကိုလည်း ဓားနဲ့ထိုးပြီး ထွက်ပြေးသွားတယ်။ ၃ ယောက်စလုံး ဆေးရုံမှာ။”

    ဓားနဲ့ထိုးခံရသူတွေဟာ Grade 11 ဘီ ဝိဇ္ဇာတွဲအခန်းမှ မစုမြတ်နိုးဦး၊ မရွှေစင်ငြိမ်းနဲ့ မောင်ဝင်းထွန်းမျိုး တို့ဖြစ်ပြီး မန္တလေးဆေးရုံကြီးကို ဆေးကုသဖို့ ပို့ဆောင်ထားရတယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

    “ဓားနဲ့ထိုးတဲ့ အကြောင်းအရင်းကို မသိရသေးပေမယ့် အပြင်လူကို ကျောင်းဝင်းထဲကို ဝင်ခွင့်ပြုတဲ့ ဆရာ၊ ဆရာမတွေမှာပဲ တာဝန်ရှိတယ်။ သူ့ညီမကို ခေါ်ပေးပြီး ကျောင်းအပေါက်ဝမှာ မုန့်နဲ့ အအေး ပေးလို့မရဘူးလား။ ဓားနဲ့ထိုးခံရတဲ့ ၃ ယောက်ထဲမှာ လည်ပင်းကို ဓားနဲ့ထိုးခံရတဲ့ ကလေးမက စိုးရိမ်ရတယ်။ ကျန်တဲ့နှစ်ယောက်က ဝင်ဆွဲတော့ လက်တွေပဲရှပ်ထိတာ။”

    လတ်တလောမှာ ကျောင်းသား၊ ကျောင်းသူ ၃ ယောက်ကို မန္တလေးဆေးရုံကြီးမှာ ဆေးကုသမှု ခံယူနေရပြီး ဓားနဲ့ထိုးခဲ့တဲ့ ဝိုင်းဝိုင်း ဆိုသူ လူငယ်ကို ရဲတွေက ဖမ်းမမိသေးဘူးလို့ သူက ပြောပြပါတယ်။

    စစ်တပ်အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ်ကနေ ၂၀၂၅ ခုနှစ်အတွင်း ရန်ကုန်၊ နေပြည်တော်၊ မန္တလေး၊ ဧရာဝတီနဲ့ မွန်န်ပြည်နယ်က စာသင်ကျောင်းတွေမှာ အုပ်စုဖွဲ့ အနိုင်ကျင့်မှုနဲ့ ရန်ဖြစ်တာတွေကြောင့် ကျောင်းသား ၂ ယောက် သေဆုံးကာ ၆ ယောက် ဒဏ်ရာရခဲ့တဲ့ဖြစ်စဥ်လည်း ရှိပါတယ်။

  • Bungalow Section 12

    Bungalow Section 12 (2024)

    မလေးရှားနိုင်ငံက ဆယ်ကျော်သက်အရွယ်ကျောင်းသားတစ်ခုဟာ ယူကျူ့ဘ်ချန်နယ်ထောင်ပြီး ထူးဆန်းထွေလာဖြစ်ရပ်တွေကို ရိုက်ကူးလေ့ရှိသူပါ။

    ဒီလိုနဲ့ သူတို့ရိုက်ပြီးတင်တင်နေတဲ့ ဗီဒီယိုတွေဟာ ယုံတမ်းတွေပါဆိုပြီး ကောမန့်တွေကြား ပုတ်ခတ်ခံလာရတဲ့အချိန်မှာ သရဲကပ်နေတယ်လို့ ရာဇဝင်ကြီးတဲ့ ရှေးဟောင်းအိမ်ကြီးတစ်လုံးကို စွန့်စားပြီးအဖြေရှာဖို့ ကြံလာကြပါတယ်။

    တစ်ချိန်တည်းမှာပဲ အဲဒီ ဘန်ကလိုဆိုတဲ့နေရာမှာ အရင်ကလည်း သူတို့လိုလူငယ်တွေတစ်သိုက် စူးစမ်းဖို့သွားကြရင်း တစ်အုပ်လုံးသေသွားပါတယ်။

    ဒါကိုသိလျက်နဲ့သွားကြဖို့လုပ်တဲ့အချိန်မှာ သွားရင်းနဲ့လည်း အိမ်ရဲ့ အနီးပရဝုဏ်ကိုရောက်လာတဲ့အချိန် အိမ်စောင့်နတ်ကလည်းအကြိမ်ကြိမ်ကိုယ်ထင်ပြပြီး ထွက်သွားကြဖို့ သတိပေးပါတယ်။

    ဒါတောင်မှပဲ ခေါင်းမာပြီး သတ္တိရှိတမ်းကစားခဲ့ကြတဲ့ လူငယ်တစ်သိုက်ဟာ ဘယ်လိုအဖြစ်ဆိုးမျိုးနဲ့ကြုံတွေ့ကြရမလဲဆိုတာကို သဲထိပ်ရင်ဖို စောင့်မျှော်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။