Category: News

  • စောချစ်သူ ဦးစီး ထိန်းချုပ် လုပ်ကိုင်နေသော KK Park ကို စစ်တပ်က ဝင်ရောက်စီးနင်း (ရုပ်သံ)

    စောချစ်သူ ဦးစီး ထိန်းချုပ် လုပ်ကိုင်နေသော KK Park ကို စစ်တပ်က ဝင်ရောက်စီးနင်း (ရုပ်သံ)

    BGF ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူ ဦးစီး ထိန်းချုပ် လုပ်ကိုင်နေသော KK Park ကို စစ်တပ်က ဝင်ရောက်စီးနင်းပြီး လူပေါင်း ၂၂၀၀ နီးပါးကို ဖမ်းဆီးဟုဆို

    အကြမ်းဖက် စစ်တပ် လက်အောက်ခံ BGF ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူ ဦးစီး ထိန်းချုပ် လုပ်ကိုင်နေသော KK Park ကို စစ်တပ်က ဝင်ရောက်စီးနင်းပြီး လူပေါင်း ၂၂၀၀ နီးပါးကို ဖမ်းဆီးရရှိကြောင်း အကြမ်းဖက်စစ်တပ်က သတင်းထုတ်ပြန်သည်။

    စစ်တပ်က မြ၀တီမြို့နယ်အတွင်းရှိ KK Parkကို စီးနင်းခဲ့ရာ ဆောက်လုပ်ပြီးအဆောက်အအုံ ၁ ထပ်တိုက် ၁၀ လုံး၊ ၂ ထပ်တိုက် အလုံး ၁၀၀၊ ၄ ထပ်တိုက်အလုံး၂၀၊ ၅ ထပ်တိုက် ၂ လုံး၊ ၁ ထပ်တိုက် ဈေးဆိုင်ခန်း၂၀ လုံး၊ ၂ ထပ်တိုက် ဈေးဆိုင်ခန်း ၃၀ လုံး၊ ၁ ထပ်တိုက်ဂိုထောင် ၁၅ လုံး၊ ၂ ထပ်တိုက်ဂိုထောင် ၂၀ လုံး၊ ၄ ထပ်တိုက် ဂိုထောင် ၁၀ လုံး၊ ဆောက်လုပ်ဆဲ ၂ ထပ်တိုက် ၂၁ လုံး၊ ၃ ထပ်တိုက် ၁၀ လုံး၊ ၄ ထပ်တိုက် ၅ လုံး၊ ၅ ထပ်တိုက် ၅ လုံးနှင့် ၁ ထပ်တိုက် ဆေးပေးခန်း ၂ ခန်းတို့ တွေ့ရှိခဲ့ကြောင်း ၊ Star Link စလောင်း အစုံ ၃၀ နှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ပြီး အလုပ်သမား အမျိုးသား ၁၆၄၅ ဦး၊ အမျိုးသမီး ၄၅၅ ဦး၊ လုံခြုံရေးအမျိုးသား ၉၈ ဦး စုစုပေါင်း ၂၁၉၈ ဦး တွေ့ရှိခဲ့ကြောင်း သိရှိရသည်။

    “KK Park က တပ်မဟာ ၆ နယ်မြေထဲမှာပေမယ့် BGF က ထိန်းချုပ် လုပ်ကိုင်နေတာပါ။ KK Park ရဲ့ လုံခြုံရေးကို ယူထားတာက BGF က ဗိုလ်မှူးကြီးစောချစ်သူ လက်အောက်က နိုင်မောင်ဇော်တို့ အဖွဲ့ တာဝန်ယူထားတာ။ KNU အရင် လူကြီးတချို့ ပါတာရှိပေမယ့် KNU ကတော့ ပတ်သက်မှု မရှိဘူး။ KK Park တစ်ခုလုံးက BGF ခြေ ၊ BGF လက်တွေချည်းပဲ။ နောက်ပြီး ဘာပစ်ခတ်မှုမှမရှိဘဲ ဝင်စီးတယ်ဆိုတာက BGF နဲ့ စစ်တပ်နဲ့ ရုပ်ရှင်ရိုက်ပြတာမျိုးလို့ ပြောလို့ရတယ်” ဟု ကရင်စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

    KK Park ဝင်းအတွင်းရှိ အဆောက်အအုံများ ဆောက်လုပ်ထားမှု၊ မြေပိုင်ဆိုင်မှုများနှင့် ပတ်သက်ပြီး တရားဝင် ခွင့်ပြုမိန့်၊ မြေပိုင်ဆိုင်ခွင့် အထောက်အထား၊ ဟိုတယ်နှင့်ခရီးသွားလာရေး၏ ဆောက်လုပ်ခွင့်၊ ခွင့်ပြုမိန့် တရားဝင် စာရွက်စာတမ်းများ စစ်ဆေးတွေ့ရှိခြင်း မရှိသည့်အပြင် သက်ဆိုင်ရာ တာဝန်ရှိသူများကို ဆင့်ခေါ်ရာတွင်လည်း လာရောက်ခဲ့ခြင်း မရှိသဖြင့် လိုအပ်သသော အရေးယူမှုများ ဆက်လက် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ စစ်တပ်က လေးကေ့ကော်မြို့သစ်အား တိုက်ခိုက်သိမ်းပိုက်ရာ အောက်တိုဘာ ၅ ရက်တွင် ပြန်ထိန်းချုပ်နိုင်ခဲ့ပြီး ထိုသို့ တိုက်ခိုက်စဉ် KK Park ကိုလည်း တပြိုင်တည်း ဝင်ရောက်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်သည်။

    လက်ရှိ KK Park 1 နှင့် KK Park 2 ဟုဖြင့် ပြောင်းလဲဖွဲ့စည်းထားသော အဆိုပါ KK Park ငွေလိမ်ခြံဝန်း၏ မြေနေရာကို တရုတ်ကျားဖြန့် ရာဇဝတ်ဂိုဏ်းများက မြန်မာစစ်အုပ်စု ကွပ်ကဲမှုအောက်ရှိ ကရင်နယ်ခြားစောင့်တပ်ဖွဲ့ထံမှ ငှားရမ်းခဲ့ခြင်းဖြစ်သည်။

    KK Park တည်ဆောက်ရေးလုပ်ငန်းများကို ၂၀၂၀ ခုနှစ်တွင် စတင်ခဲ့သော်လည်း ၂၀၂၁ အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက်ပိုင်းမှသာ အလုံးအရင်းနှင့် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး၊ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလမှ ဒီဇင်ဘာလ၊ ၁၀လအတွင်း အဆောက်အဦးသစ် အလုံး‌ပေါင်း ၂၀ ကျော် ဆောက်လုပ်ပြီးစီးခဲ့ကြောင်းကို ဂြိုလ်တုဓါတ်ပုံများမှတဆင့် မြင်တွေ့နိုင်သည်ဟု Justice For Myanmar က သတင်းထုတ်ပြန်ခဲ့သည်။

    အွန်လိုင်းငွေလိမ်ဂိုဏ်း (သို့မဟုတ်) ကျားဖြန့် လုပ်ငန်းများသည် မြန်မာစစ်တပ်၏ ရာဇဝတ် ဆင့်ပွားလုပ်ငန်းကွန်ရက်ကြီး၏ ဗဟိုချက်တွင် တည်ရှိနေခြင်းဖြစ်ပြီး၊ စစ်တပ်သည် ကရင်နယ်ခြားစောင့်တပ်ဖွဲ့ (BGF) ကို လက်သပ်မွေးကာ အဆိုပါလုပ်ငန်းများကို ထိန်းကြောင်းစေခြင်း ဖြစ်သောကြောင့်၊ မြန်မာစစ်တပ်နှင့် ပြည်သူ့စစ်များထံ စီးဆင်းနေသော ဘဏ္ဍာငွေ၊ စစ်လက်နက်နှင့် လေယာဉ်ဆီရင်းမြစ်အားလုံး ဖြတ်တောက်ပြီး ၎င်းတို့ကျူးလွန်သော နိုင်ငံဖြတ်ကျော် ရာဇဝတ်လုပ်ငန်းများအတွက် ရာဇဝတ်ကြောင်းအရ အရေးယူတာဝန်ခံစေရေး သည်သာလျှင် အဆိုပါ ဆိုက်ဘာငွေလိမ် လုပ်ငန်းများကို အမှန်တကယ် တိုက်ဖျက်နိုင်မည်ဖြစ်ကြောင်း Justice for Myanmar ကထုတ်ပြန်ခဲ့သည်။

    အမေရိကန်အခြေစိုက် USIP က ကရင်ပြည်နယ်တွင် ရှမ်းပြည်မြောက်ပိုင်းမှ ကျားဖြန့် ဂိုဏ်းများ အရှိန်အဟုန်ဖြင့် ရောက်ရှိနေပြီး အမေရိကန်ကိုပစ်မှတ်ထားလာကြောင်း၊ BGF မှ ဗိုလ်မှူးကြီး စောချစ်သူ၊ ဗိုလ်မှူးတင်ဝင်းနှင့် မုတ်သုန်တို့ ကျားဖြန့် လုပ်ငန်းများတွင် ပါဝင်ပတ်သက်နေကြောင်း၊ အမေရိကန်ဒေါ်လာ ၁၉၂ သန်း အမြတ်အစွန်း နှစ်စဉ်ရနေကြောင်း၊ ထိုင်း၊ အမေရိကန်တို့ အပါ အဝင် အိမ်နီးချင်း နိုင်ငံများ ပါဝင်သော အရေးယူဆောင်ရွက်ရေး အဖွဲ့ ဖွဲ့စည်းရန် အကြံပြုထားသည်။

    မြ၀တီမြို့နယ်တွင် အွန်လိုင်းကျားဖြန့်များ အခြေစိုက်သည့် ရွှေက္ကိုလ်မြို့သစ်စီမံကိန်း၊ ရထိုက်မြို့သစ်စီမံကိန်း၊ ဒေါင်မေဥယျာဉ်စီမံကိန်း (Dongmei Park)၊ Yulong Bay Park ၊ Apollo Park ၊ Jinxin Park ၊ KK Park ၊ မြ၀တီမြို့သစ် စသည့် စီမံကိန်းများစွာကို BGF က ဦးဆောင်၍ တရုတ်စီးပွား ရေးသမားများ၊ပြည်ပ ဒုစရိုက်ဂိုဏ်းများနှင့်အတူ တွဲဖက်အကောင်အထည်ဖော်နေခြင်းလည်းဖြစ်သည်။

    မြန်မာစစ်တပ်နှင့် ပူးပေါင်းထားသော ကရင် BGF အဖွဲ့က ကရင်ပြည်နယ်ထဲမှ မြ၀တီမြို့ အပါအဝင် နယ်မြေအချို့ကို ထိန်းချုပ်ထားကြောင်း၊ BGF ပါဝင်ပတ်သက်နေသော တရားမဝင် ကာစီနိုလောင်းကစားရုံများ၊ အွန်လိုင်းလိမ်လည်မှု ရာဇဝတ်မှုကွန်ရက်များကြောင့် ကမ္ဘာတဝှမ်းမှ လူပေါင်းများစွာ လူကုန်ကူးခံရပြီး၊ ၄င်းတို့သည် ရာဇဝတ်မှုများ ကျူးလွန်ရန် အတင်းအကြပ် ခိုင်းစေခံရခြင်း၊ နှိပ်စက်ခံရခြင်း ရှိနေသည့်အပြင် အမြတ်ထုတ်ခံရသည့် အလုပ်သမားများနှင့် ဆိုက်ဘာလိမ်လည်မှုစခန်းများအား လည်ပတ်နေကြောင်း သိရှိရသည်။

    ဗိုလ်မှူးကြီး စောချစ်သူ ဦးဆောင်သော BGF အတွက် အကြီးမားဆုံး အမြတ်ငွေမှာ တရုတ် ရာဇ၀တ်ဂိုဏ်းများ ကျောထောက်နောက်ခံပြုထားသော အွန်လိုင်းကာစီနိုနှင့် အွန်လိုင်းကျားဖြန့် လုပ်ငန်းများမှ ဖြစ်ကြောင်း၊ BGF ထိန်းချုပ်ထားသော အွန်လိုင်း ရာဇ၀တ်ဂိုဏ်းများက နှစ်စဉ် အမေရိကန်ဒေါ်လာ ၃ ဒသမ ၈ ဘီလီယံ ရရှိနေပြီး BGF အမေရိကန်ဒေါ်လာ သန်း ၇၀၀ ကျော် ရရှိနိုင်ကြောင်း US Institute for International Peace (USIP)ကသတင်းထုတ်ပြန်ခဲ့သည်။

    ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တရုတ်၏ နှိမ်နင်းမှုများကြောင့် အွန်လိုင်း ငွေလိမ်လည်ဂိုဏ်းများ(ကျားဖြန့်) သည် ကရင်ပြည်နယ်သို့ ရွှေ့ပြောင်းနေပြီး စစ်တပ်လက်အောက်ခံ နယ်ခြားစောင့်တပ် BGF ခေါင်းဆောင်ဗိုလ်မှူးကြီးစောချစ်သူ၊ မုတ်သုံ၊ တင်ဝင်း၊ စိုင်းကျော်လှ၊ ရော်ဂျာခင်တို့က အဓိကပါဝင်ပတ် သက်နေသူများအဖြစ် အမေရိကန် United States Institute of Peace (USIP) က အစီရင်ခံ ဖော်ပြခဲ့သည်။

    KNA အသွင်ပြောင်း BGF၏ အဓိကခေါင်းဆောင် ပုဂ္ဂိုလ် သုံးဦးဖြစ်သည့် ဗိုလ်မှူးကြီး စောချစ်သူ၊ ဗိုလ်မှူး မုတ်သုန်နှင့် ဗိုလ်မှူးတင်ဝင်းတို့က တရုတ် အွန်လိုင်းငွေလိမ်ဂိုဏ်းများကို လက်ခံရာတွင် အဓိကပါဝင်သူများဖြစ်ကြောင်း၊ ဗိုလ်မှူးတင်ဝင်းက တရုတ်ရာဇဝတ်ဂိုဏ်းများအတွက် ထိုင်းနိုင်ငံမှ လျှပ်စစ်မီးနှင့် အင်တာနက် လိုင်းရရှိစေရေး ဆောင်ရွက်ပေးကြောင်း၊ စောချစ်သူနှင့်အတူ ဗိုလ်မှူး တင်ဝင်းက တရုတ်ငွေလိမ်ဂိုဏ်းများမှ အကျိုးအမြတ်များနှင့် ထောက်ပို့ မှုများကို စုစည်းရယူကြောင်း သိရှိရသည်။

    ကရင်ပြည်နယ်ရှိ အွန်လိုင်းငွေလိမ်လည်ဂိုဏ် အများစုသည် စောချစ်သူ၏ နယ်ခြားစောင့်တပ်ဖွဲ့ ထိန်းချုပ်နယ်မြေများတွင် လည်ပတ်နေပြီး ယခုအခါ BGF ကို KNA အဖြစ် နာမည်ပြောင်းထားကြောင်း၊ တပ်ဖွဲ့ဝင်အင်အား ၈,၀၀၀ ကျော်ဖြင့် အင်အားကောင်းသောBGF/KNA ကို KNU နှင့် စစ်တပ်ကပါ တိုက်ရိုက် ပဋိပက္ခဖြစ်ပွားရန် ဆန္ဒမရှိကြောင်း USIP က ဆိုသည်။

  • စောချစ်သူ  ဦးစီး ထိန်းချုပ် လုပ်ကိုင်နေသော KK Park ကို စစ်တပ်က ဝင်ရောက်စီးနင်း

    စောချစ်သူ ဦးစီး ထိန်းချုပ် လုပ်ကိုင်နေသော KK Park ကို စစ်တပ်က ဝင်ရောက်စီးနင်း

  • မြဝတီမှာ Starlink အင်တာနက်လိုင်း စတင်ပြတ်တောက်လာ

    မြဝတီမှာ Starlink အင်တာနက်လိုင်း စတင်ပြတ်တောက်လာ

    Starlink သုံး၍ အွန်လိုင်းငွေလိမ်နေသည့်အပေါ် အမေရိကန်ကွန်ဂရက် ပူးတွဲစီးပွားရေးကော်မတီက စတင် စုံစမ်း စစ်ဆေးနေကြောင်းပြောဆိုအပြီး ထိုင်း- မြန်မာနယ်စပ်ရှိ ကျားဖြန့်တို့ အဓိကကျက်စားရာ မြဝတီ မြို့နယ်၌ Starlink အင်တာနက်သုံးစွဲမှုတချို့ ယမန်နေ့မှစ၍ ပြတ်တောက်လာကြောင်း ဒေသခံများထံက သိရသည်။

    သောင်ရင်းမြစ်ဘေး အလျင်အမြန်ပေါ်ထွက်လာသည့် အဆောက်အအုံသစ်များတွင် အီလွန်မတ်စ်၏ စတားလင့်ခ် ဝန်ဆောင်မှုအတွက် စလောင်းများ တပ်ဆင်ထားကြောင်း ဂြိုဟ်တု ဓာတ်ပုံများနှင့် AFP ဒရုန်း ရိုက်ကူးမှုများတွင် ဖော်ပြထားပြီး Apmic Asian ဒေသဆိုင်ရာ အင်တာနက်မှတ်တမ်းတွင်လည်း စတားလင့်ခ်က မြန်မာ၏ အကြီးမားဆုံး အင်တာနက်ဝန်ဆောင်မှုပေးသူဖြစ်လာသည်ဟု ဖော်ပြထားသည်။

    ဤသတင်းများထွက်ပေါ် ပြီးနောက် ယမန်နေ့နံနက်မှစ၍ ထိုင်းနယ်စပ် မြန်မာဘက်ခြမ်း မြဝတီနှင့် အနီးတဝိုက် နေရာ တချို့၌ လိုင်းများပြတ်တောက်ခဲ့ခြင်းဖြစ်သည်။

    ကျားဖြန့် အွန်လိုင်းငွေလိမ်ဂိုဏ်းတို့ အများဆုံးရှိရာ ရွှေကုက္ကိုဒေသတွင်လည်း ယမန်နေ့ နံနက်အစောပိုင်း ကတည်း က စတားလင့်ခ်ဖြင့် အင်တာနက်လိုင်းသုံး၍ လုံးဝမရတော့ကြောင်း ဒေသခံများထံက သိရသည်။

    ဒေသခံတဦးက “Package တွေလည်း ကျန်တယ်။ လိုင်းဖွင့်လို့ကို မရတော့ဘူး။ အကောင့်ကိုပိတ်လိုက်တာ။ အလုပ် ကိစ္စနဲ့ ဆက်သွယ်ရေးကိစ္စတွေကိုလည်း လုပ်နေရတာကြောင့် အခက်အခဲ ဖြစ်ရတယ်” ဟု ဧရာဝတီကို ပြောသည်။

    ဖလူးဒေသ မင်းလက်ပံကျေးရွာအနီး သောင်ရင်းမြစ်ဘေးကမ်းရှိ ပလောတပို့စစ်ရှောင်စခန်းမှ တာဝန်ခံဆရာမက ၎င်းတို့ စစ်ရှောင်စခန်းတွင် အသုံးပြုနေသော စတားလင့်ခ်ဖြင့် အင်တာနက်သုံး၍ရနေသေးသော်လည်း ထိုင်းနယ်စပ် တနေရာ၌ ဆေးတပ်ဖွဲ့ အသုံးပြုနေသည့် စတားလင့်ခ်အင်တာနက်အကောင့်မှာ သုံး၍မရတော့ကြောင်း ပြောဆိုသည်။

    မန္တလေးတိုင်း မတ္တရာမြို့နယ်အတွင်း လှုပ်ရှားနေသည့် MDY-PDF တပ်ဖွဲ့ဝင်အချို့။ (ဓာတ်ပုံ − AFP)

    စတားလင့်ခ်စက်ဖွင့်ချိန်တွင် Restricted ဆိုသည့်စာ ပေါ်လာပြီး အကောင့်များ ဝင်မရတော့သည်အထိ ကြုံနေရပြီး စတားလင့်အင်တာနက်လိုင်းများကို လုံးဝ ဖြတ်တောက်လိုက်ခြင်းမဟုတ်ဘဲ လတ်တလောတွင် အသုံးပြုသူအကောင့် များအား ပိတ်ချလိုက်သည့် ပုံစံမျိုးဖြစ်ကြောင်း စတားလင့် အသုံးပြုသူတချို့က ပြောဆိုသည်။

    ထိုင်း- မြန်မာနယ်စပ် ကရင်ပြည်နယ် ဘုရာသုံးဆူမြို့နယ်၊ ကျောက်ခက်ဒေသတို့တွင်မူ စတားလင့်ဖြင့် အင်တာနက် ဆက်လက် အသုံးပြုရသလို စတားလင့်ခ်အသုံးပြုမှုများသော ကရင်နီပြည်နယ်တွင်လည်း အသုံးပြု၍ ရနေသေး ကြောင်း သိရသည်။

    ဘုရားသုံးဆူမှလူငယ်တဦးက “ကျနော့်ဆိုင်မှာ ဝိုင်ဖိုင် ၂ လုံး တပ်ထားတယ် စတားလင့်ခ်နဲ့ပဲ အဲဒါ မပျက်ဘူး၊ လိုင်း ကောင်းတယ် ဘာမှမဖြစ်သေးဘူး။ မြို့ထဲမှာလည်း လိုင်းပြတ်တာတို့ ဘာတို့ အသံတော့ မကြားရသေးဘူး” ဟု ယနေ့ နေ့လယ်ပိုင်းတွင် ပြောသည်။

    မြဝတီမြို့နယ်တွင် ရွှေကုက္ကို၊ မြဝတီ၊ မယ်ထော်သလေး၊ အင်ကြင်းမြိုင်၊ ကျောက်ခက် စသည့် ဒေသများမှာ အွန်လိုင်း ငွေလိမ်လုပ်ငန်း (ကျားဖြန့်) တို့ ကြီးစိုးရာဒေသများအဖြစ် နိုင်ငံတကာထိ နာမည်ကျော်နေပြီး ကရင်ပြည်နယ် ဘုရား သုံးဆူဒေသ၌လည်း ကျားဖြန့်ဂိုဏ်းများစွာရှိနေသေးကြောင်း ဒေသခံများက ပြောသည်။

    မြဝတီမြို့အပါအဝင် ထိုင်း-မြန်မာ နယ်စပ်တလျောက်၌ စတားလင့်ခ်အင်တာနက်အပြင် မြန်မာ အင်တာနက်လိုင်း၊ ထိုင်းအင်တာနက်လိုင်းတချို့ကို အသုံးပြုနေကြပြီး စတားလင့်ကို ကျားဖြန့်အလုပ်ခွင်များတွင် စက်အလုံးရေ ဒါဇင် နှင့်ချီ တပ်ဆင် အသုံးပြုနေကြကြောင်း ဒေသခံတို့က ပြောသည်။

    သန်းကြွယ်သူဌေး အီလွန်မတ်ခ်၏ Space X ကုမ္ပဏီ ဝန်ဆောင်မှုတခုဖြစ်သော Starlink သည် ဂြိုဟ်တု (Satelite) စနစ်သုံး အင်တာနက်ဖြစ်ပြီး ၎င်းတို့၏မူဝါဒများအရ အင်တာနက်အသုံးပြုရာတွင် လိမ်လည်မှုနှင့် တရားမဝင် လုပ်ငန်း လုပ်ဆောင်မှုများအတွက် အသုံးပြုခြင်းအား တားမြစ်ထားသလို၊ စတားလင့်စနစ် အသုံးပြုသည့် နေရာ (Location)၊ အသုံးပြုမှု ပုံစံ (Use Pattern) တို့ကို စောင့်ကြည့်စစ်ဆေးပြီး စည်းကမ်းနှင့်မကိုက်ညီဟု ယူဆပါက ဝန်ဆောင်မှုများကို ဂြိုဟ်တုမှတဆင့် နည်းပညာအရ ကန့်သတ်ပိတ်ဆို့မှုများ ပြုလုပ်နိုင်ကြောင်း သိရသည်။

  • ညောင်ကျိုးအနီး လေသာတောင်ခြေကို ရိက္ခာလာပို့သော စစ်တပ်စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရ

    ညောင်ကျိုးအနီး လေသာတောင်ခြေကို ရိက္ခာလာပို့သော စစ်တပ်စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရ

    တောင်ကုတ်- ဥသျှစ်ပင်ရိုးတောင်ကျော်လမ်း၊ ညောင်ကျိုးရွာအနီး လေသာတောင်ခြေသို့ ရိက္ခာလာပို့သော အကြမ်းဖက် စစ်တပ်စစ်ကြောင်းတစ်ခုကို အာရက္ခတပ်တော်(AA) က ကြားဖြတ်တိုက်ခိုက်ခဲ့သည်ဟု သတင်းရရှိသည်။

    ၎င်းစစ်ကြောင်းတွင် အင်အား ၈၀ ခန့်ပါဝင်ပြီး လေသာတောင်ခြေတွင်ရောက်ရှိနေသော အကြမ်းဖက်စစ်တပ်သို့ လက်နက်ခဲယမ်း၊ စားနပ်ရိက္ခာများလာပို့စဉ် လေသာတောင်မရောက်ခင် အာရက္ခတပ်တော်ကကြားဖြတ်တိုက်ခိုက်သဖြင့် နှစ်ဖက်တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့သည်ဟု ဒေသခံစစ်ရေးသတင်းရင်းမြစ်တစ်ခုက ပြောသည်။

    “ဆင်လန်စခန်းကလာတာပါ။ လေသာတောင်မရောက်ခင်တိုက်ခိုက်ခံရတာ။ ကြားဖြတ်တိုက်ခိုက် ခံရတော့ စစ်ကောင်စီဖက်ကကျဆုံးမူရှိတယ်လို့ သိရတယ်” ဟု ၎င်းကပြောသည်။

    စစ်ကောင်စီသည် ဆင်လန်ကျေးရွာစခန်းကို ထပ်မံ၍ အခိုင်မာတည်ဆောက်ထားပြီး ၎င်းစခန်းကတစ်ဆင့် ရှေ့တန်းတပ်များသို့ ထောက်ပို့လုပ်နေသည်ဟု သိရသည်။

    “စစ်တပ်က ဆင်လန်ကို နောက်ထပ်အခိုင်အမာခံတပ်ပြင်ထားတယ်။ အဲဒီကနေ လေသာတောင် ရှေ့တန်းနယ်မြေတွေကို စားနပ်ရိက္ခာ၊ လက်နက်ခဲယမ်းတွေပို့ပေးတယ်။ ဒါ့ပြင် စစ်ကူစစ်ကြောင်းတွေကို လက်နက်ကြီးပစ်ကူ၊ ဒရုန်းပစ်ကူကအစ ပြုလုပ်ပေးနေတယ်”ဟုပြောသည်။

    ညောင်ကျိုးအနီး လေသာတောင်ခြေတွင် စစ်တပ်က ခြေကုတ်ယူပြီး အင်အား ၃၀၀ ကျော်ခန့်ရှိကာ ၎င်းမှတဆင့် ညောင်ကျိုးကို ထိုးစစ်ဆင်နေခြင်းဖြစ်သည်ဟု စစ်ရေးသတင်းရင်းမြစ်ကဆိုသည်။

    “လေသာတောင်ခြေပတ်ဝန်းကျင်မှာ အနည်းဆုံး အင်အား ၃၀၀ ကျော်ရှိနိုင်တယ်။ သူတို့က ညောင်ကျိုးကို ထိုးစစ်ဆင်တိုက်ခိုက်နေတာပါ”ဟုပြောသည်။

    အကြမ်းဖက်စစ်တပ်နှင့် အာရက္ခတပ်တော် (AA) တို့သည် လေသာတောင်ကိုဗဟိုပြုပြီး နှစ်ဖက်အခြေကုတ်စခန်းများရယူကာ တိုက်ပွဲများလည်း နေ့စဉ်ဖြစ်နေသည်ဟုဆိုသည်။

    အာရက္ခတပ်တော်သည် ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ပုဂံဂွေ့ (ပန်းကန်ကွဲ) ကျေးရွာတောင်ဘက်၊ (၉) ကီလိုမီတာအကွာအဝေး၌ရှိသော ဖက်ဆစ်အကြမ်းဖက်စစ်ကော်မရှင်၏ (၆၆၆) ပွိုင့်ကုန်းကို အောက်တိုဘာလ (၁၄) ရက်နေ့တွင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။

    အဆိုပါစစ်တပ်စခန်းအား (၃) နာရီခန့် သုံးဖက်သုံးတန်မှ ထိုးစစ်ဆင်တိုက်ခိုက်မှုအပြီးတွင် အာရက္ခတပ်တော်မှ သိမ်းပိုက်ရယူနိုင်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

    ပွိုင့် (၆၆၆) စခန်းတစ်ခုလုံးအား သိမ်းပိုက်ရယူခဲ့စဉ်အတွင်း ရန်သူ့အလောင်းအချို့၊ လက်နက်ခဲယမ်းနှင့် စစ်အသုံးအဆောင်ပစ္စည်းအချို့ကို သိမ်းဆည်းရရှိခဲ့သည်။

  • ကြံ့ဖွတ်ပါတီမှ ရွေးကောက်ပွဲ ဝင်ပြိုင်ကြမည့် စစ်ဗိုလ်ချုပ်ဟောင်းများ ကိုယ်ပိုင် လုံခြုံရေးအဖွဲ့များ ဖွဲ့စည်းထား

    ကြံ့ဖွတ်ပါတီမှ ရွေးကောက်ပွဲ ဝင်ပြိုင်ကြမည့် စစ်ဗိုလ်ချုပ်ဟောင်းများ ကိုယ်ပိုင် လုံခြုံရေးအဖွဲ့များ ဖွဲ့စည်းထား

    မြထွန်းဦးက ပြင်ဦးလွင်မြို့နယ် ၊ ညိုစောက ကိုးကိုးကျွန်း၊ အောင်လင်းဒွေးက နေပြည်တော်အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အပါအဝင် ဗိုလ်ချုပ်ကြီးတချို့ ယှဉ်ပြိုင်မည့် မဲဆန္ဒနယ်များ ထွက်ပေါ်လာ

    ကြံ့ဖွတ်ပါတီမှ တစ်ဆင့် ရွေးကောက်ပွဲ ဝင်ပြိုင်ကြမည့် စစ်ဗိုလ်ချုပ်ဟောင်းများက ကိုယ်ပိုင်လုံခြုံရေးအဖွဲ့များကို ဖွဲ့စည်းထားကြောင်း ကြံ့ခိုင်ရေးပါတီ သတင်းရင်းမြစ်က ပြောဆိုသည်။

    မင်းအောင်လှိုင်၏ စေခိုင်းချက်အရ စစ်ကော်မရှင်မှ စစ်အရာရှိကြီးများဖြစ်ကြသည့် အောင်လင်းဒွေး၊ မြထွန်းဦး၊ ဝန်ကြီး တင်အောင်စန်း၊ ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ကံမြင့်သန်း (OTS-66) ၊ ဒု ဗိုလ်ချုပ်ကြီးဟောင်း တေဇကျော် (DSA – 28)၊ ဒု ဗိုလ်ချုပ်ကြီးဟောင်း သက်ပုံ (DSA – 29)၊ဒု ဗိုလ်ချုပ်ကြီးဟောင်း ဖုန်းမြတ် (OTS 73)၊ ဒု ဗိုလ်ချုပ်ကြီးဟောင်း လင်းအောင် (DSA 26)၊ ဒု ဗိုလ်ချုပ်ကြီးဟောင်း စိုးတင့်နိုင် (DSA-31) တို့က ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်/တိုင်း လွှတ်တော်တို့မှ ကြံ့ဖွတ်ပါတီကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း၊ အဆိုပါ ဗိုလ်ချုပ်ကြီးနှင့် စစ်ဗိုလ်ချုပ်များမှာ ကြံ့ဖွတ်ပါတီမှတစ်ဆင့် ရွေးကောက်ပွဲရာတွင် ကိုယ်ပိုင်လုံခြုံရေးအဖွဲ့များကို ဖွဲ့စည်းထားကြောင်း သိရှိရသည်။

    ” စစ်ရုံးက လာတဲ့ ဗိုလ်ချုပ်ကြီးတွေက ကိုယ်ရေးအရာရှိကစလို့ ယာဉ်မောင်း၊ ရုံးအဖွဲ့၊ လုံခြုံရေးတွေအကုန်လုံး သူတို့ ကိုယ်ပိုင်အဖွဲ့တွေ နဲ့ လာပါတယ်။ အခုတော့ မဲဆွယ်စည်းရုံးမှုတွေ မစသေးဘူး။ သို့ပေမယ့် သူတို့ ကိုယ်ပိုင် လုံခြုံရေးအဖွဲ့တွေ ဖွဲ့စည်းထားပြီး အဲဒီအဖွဲ့တွေက နယ်မြေကို ပဏာမ ကွင်းဆင်းနေကြပြီ။ ပါတီက ဘက်က လုပ်ပေးတဲ့ လုံခြုံရေးအဖွဲ့ ၊ ဒေသဆိုင်ရာ အုပ်ချုပ်ရေးနဲ့ လုံခြုံရေးအဖွဲ့က လုပ်ပေးမယ့် လုံခြုံရေးအပြင် တစ်ဦးချင်းစီမှာလည်း ကိုယ်ပိုင် လုံခြုံရေးအဖွဲ့ တွေ သီးသန့် ဖွဲ့စည်းလုပ်ဆောင်နေကြပါတယ်။ ပါတီကနေ ကိုယ်စားပြု ပြိုင်တယ်ဆိုပေမယ့် အစစအရာရာ သူတို့ဟာသူတို့ စီမံလာကြတာ။ စရိတ်ကအစ ပါတီဘက်က ပေးစရာမလိုဘူး” ဟု ကြံ့ခိုင်ရေးပါတီ သတင်းရင်းမြစ်က ပြောဆိုသည်။

    လက်ရှိ ဗိုလ်ချုပ်ကြီးဟောင်း များ ယှဉ်ပြိုင်မည့် မဲဆန္ဒနယ်များ ထွက်ပေါ်လျက်ရှိရာ အောင်လင်းဒွေးက နေပြည်တော်အမျိုးသားလွှတ်တော်မဲဆန္ဒနယ် (PR) တွင်လည်းကောင်း၊ ညိုစောက ကိုကိုးကျွန်း ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှလည်းကောငး်၊ မြထွန်းဦးက ပြင်ဦးလွင်မြို့နယ် ပြည်သူ့ လွှတ်တော် မဲဆန္ဒနယ်မှ လည်းကောင်း ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရှိရသည်။

    ဒုတိယဗိုလ်ချုပ်ကြီးဟောင်း သက်ပုံက စစ်ကိုင်းမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်၊ ဒုတိယဗိုလ်ချုပ်ကြီးဟောင်း စိုးတင့်နိုင်က မကွေးမြို့နယ် မဲဆန္ဒနယ်၊ ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ကံမြင့်သန်းက မအူပင်မြို့နယ် မဲဆန္ဒနယ်၊ ဒုတိယဗိုလ်ချုပ်ကြီးဟောင်း မျိုးသိန်းဇော်က ပေါက်ခေါင်းမြို့နယ် မဲဆန္ဒနယ်တွေက ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်သည်။

    ကြံ့ဖွတ်ပါတီဥက္ကဋ္ဌ ခင်ရီက ဇေယျာသီရိမြို့နယ်၊ အငြိမ်းစားဗိုလ်ချုပ်ကြီးတင်အောင်စန်းက ဥတ္တရသီရိမြို့နယ်၊ မင်းကင်းမောင်မြင့်က ဇမ္ဗူသီရိမြို့နယ် မဲဆန္ဒနယ်၊ အငြိမ်းစားဗိုလ်ချုပ်ကြီးမြတ်ဟိန်းက ဒက္ခိဏသီရိမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်တွင် ဘူးလက်လှဆွေ၊ ဗိုလ်ချုပ်ဟောင်း မောင်မောင်အုန်းက တပ်ကုန်းမြို့နယ် မဲဆန္ဒနယ်တို့တွင် အသီးသီးယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရှိရသည်။