Category: News

  • စစ်ခေါင်းဆောင် မင်းအောင်လှိုင် တည်းခိုရာ မန္တလေး လပခ ကို ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်

    စစ်ခေါင်းဆောင် မင်းအောင်လှိုင် တည်းခိုရာ မန္တလေး လပခ ကို ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်

    ဧရာဝတီတိုင်းမ်
    (မန္တလေး)၊ အောက်တိုဘာ ၄ ရက်

    စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မန္တလေးမြို့သို့ ရောက်ရှိနေစဉ် ၎င်းတည်းခိုရာ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် (လပခ) ကို ယနေ့ အောက်တိုဘာ ၄ ရက် နံနက် ၆ နာရီ ဝန်းကျင် တွင် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက ရှော့တိုက်ဒုံး နှစ် လုံး ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

    ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မန္တလေးတက္ကသိုလ် ရာပြည့်ပွဲသို့ တက်ရောက်ရန် ရောက်ရှိနေပြီး နံနက်ပိုင်းတွင် လပခ (နန်းတွင်း) ၌ တည်းခိုနေကြောင်း သတင်းရရှိခဲ့သဖြင့် ၁၀၇-မမ ရှော့တိုက်ဒုံး ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဦးဆောင်တိုက်ခိုက်ခဲ့သည့် Brave Warriors for Myanmar (BWM) အဖွဲ့ထံမှ သိရသည်။

    “ပစ်တဲ့အချိန်က မင်းအောင်လှိုင်က လပခ ထဲမှာ ရှိနေတာပါ။ ရှော့တိုက်ဒုံး နှစ်လုံးစလုံး လပခ ဝန်းထဲကို ကျရောက်ပေါက်ကွဲတယ်လို့ သိရပါတယ်။ အချိန်တိုအတွင်း စီစဉ်ရလို့ အလုံးရေကတော့ နည်းသွားပါတယ်။ ဒါပေမယ့် မင်းအောင်လှိုင်ရောက်ရှိလာချိန်ကို တိုက်ခိုက်နိုင်လို့ အောင်မြင်တယ်လို့ ဆိုရပါလိမ့်မယ်” ဟု BWM တပ်ဖွဲ့ တာဝန်ရှိသူတစ်ဦး က ဧရာဝတီတိုင်းမ်ကို ပြောသည်။

    BWM တပ်ဖွဲ့က စစ်ခေါင်းဆောင်သည် မန္တလေးတက္ကသိုလ် နှစ် ၁၀၀ ပြည့်ပွဲသို့ တက်ရောက်မည်ဖြစ်ရာ တက္ကသိုလ်အတွင်းသို့ ပစ်မှတ်တိကျစွာ ပစ်ခတ်နိုင်သည့် အခွင့်အရေးရှိသော်လည်း ပြည်သူအများအပြားလည်း ရှိနေသည့်အတွက် အရပ်သားပြည်သူများကို ငဲ့ကွက်ကာ ပစ်ခတ်ခြင်း မပြုလုပ်ခဲ့ကြောင်း ပြောဆိုခဲ့သည်။

    တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် စစ်ကော်မရှင်ဘက်မှ Mi-35 ရဟတ်ယာဉ် နှင့် Y-12 လေယာဉ်များ အသုံးပြုကာ လပခ ဝန်းကျင်နှင့် မန္တလေးမြို့တွင်း၌ ကင်းထောက် ပျံသန်းမှုများနှင့် ရှာဖွေမှုများ ပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။

    အဆိုပါ တိုက်ခိုက်မှုကို BWM အဖွဲ့၏ ဦးဆောင်မှုဖြင့် No More Dictatorship (NMD-PDF)၊ People Servant Force (P.S.F) နှင့် ရတနာပုံတပ်ဦးအဖွဲ့ တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယခု မန္တလေးသို့ မရောက်မီ အောက်တိုဘာ ၂ ရက်နေ့က ပြင်ဦးလွင်မြို့သို့ ရောက်ရှိခဲ့ပြီး အောက်တိုဘာ ၃ ရက်နေ့ ညပိုင်းတွင်မှ မန္တလေးမြို့သို့ ရောက်ရှိလာခြင်း ဖြစ်သည်။

  • ရွှေကျင် ခမရ ၅၉၈ တပ်ရင်းကို လက်နက်ကြီး၊ စနိုက်ပါတို့ဖြင့် တော်လှန်ရေးတပ်များက ပစ်ခတ်တိုက်ခိုက်

    ရွှေကျင် ခမရ ၅၉၈ တပ်ရင်းကို လက်နက်ကြီး၊ စနိုက်ပါတို့ဖြင့် တော်လှန်ရေးတပ်များက ပစ်ခတ်တိုက်ခိုက်

    ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီ၏ ခမရ ၅၉၈ တပ်ရင်းကို လက်နက်ကြီး၊ စနိုက်ပါတို့ဖြင့် နေ့စဉ်နီးပါး ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ သေဆုံးထိခိုက်မှုများရှိပြီး သေဆုံးစစ်သားတချို့ကိုလည်း တပ်ရင်းအနီးတွင်ပင် မြေမြှုပ်သဂြိုလ် ထားကြောင်း ပဲခူးခရိုင် ပကဖ မှတာဝန်ရှိသူတစ်ဦးက ပြော ကြားသည်။

    အောက်တိုဘာလ ၂ ရက်နေ့ ရွှေကျင်မြို့အခြေစိုက်၊ အကြမ်းဖက်စစ်ကောင်စီ၏ ခမရ ၅၉၈ တပ်ရင်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ပြီး ဆင်ရွာ ဆေးရုံသို့ သယ်ဆောင်သွားကြောင်း၊ အလားတူ ယင်းတပ်ရင်းစခန်းကို နေ့စဉ်နီး ပါး လက်နက်ကြီး၊ စနိုက်ပါတို့ဖြင့် သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သားများ သေဆုံးထိခိုက်မှုရှိပြီး သေဆုံးစစ်သားတချို့ကို တပ်ရင်းအနီးတွင် မြေမြှုပ်ပစ်ကြောင်း သိရသည်။

    “အောက်တိုဘာလ ၂ ရက်နေ့က တိုက်ခိုက်ခဲ့လို့ ဒဏ်ရာရတဲ့ ၂ ဦးနောက်ဆက်တွဲ သတင်းကတော့ အတည်မပြုနိုင်သေးဘူး။ အဲဒီတပ်ရင်းကို လက်နက်ကြီး၊ စနိုက်ပါတွေနဲ့ နေ့စဉ်နီးပါး သွားချနေတာ၊ သေဆုံးတာတွေ များပါတယ်” ဟု ပဲခူးခရိုင် ပကဖ မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

    ထိုသို့ သေဆုံးစစ်သားများအား တပ်ရင်းအနီး၌ မြေမြှုပ်ပစ်သည်ကို ယခုရက်ပိုင်းအတွင်း လက်နက်မဲ့ အလင်းဝင်လာသည့် စစ်မှုထမ်းတပ်သားတစ်ဦးကလည်း အတည်ပြုပြောဆိုသည်။

    အကြမ်းဖက်စစ်ကောင်စီ၏ ခမရ ၅၉၈ တပ်ရင်းကို KNLA တပ်ရင်း၇ နှင့် ပူးပေါင်း၍ ပဲခူး ခရိုင် ပကဖ လက်နက်ကြီးတပ်ဖွဲ့ ၊ ကဝ လက်နက် ကြီး တပ်ဖွဲ့တို့က တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရသည်။

  • လွန်ခဲ့တဲ့ ၁၀ နှစ်ကပြေတီဦးရုပ်သံအဟောင်းနဲ့ မဲစာရင်းလာစစ်ဖို့ ပုံမှားရိုက်လွှင့်နေတဲ့စစ်အုပ်စု

    လွန်ခဲ့တဲ့ ၁၀ နှစ်ကပြေတီဦးရုပ်သံအဟောင်းနဲ့ မဲစာရင်းလာစစ်ဖို့ ပုံမှားရိုက်လွှင့်နေတဲ့စစ်အုပ်စု

    အောက်တိုဘာလ ၃ ရက်

    ရုပ်ရှင်သရုပ်ဆောင်ပြေတီဦး လွန်ခဲ့တဲ့ ဆယ်နှစ်က ရိုက်ကူးပေးထားတဲ့ မဲစာရင်းစစ်ဖို့ ရုပ်မြင်သံကြားဇာတ်လမ်းတိုကို အာဏာသိမ်းစစ်အုပ်စုက အခုမှ ရိုက်ထားသယောင် ပုံမှားရိုက်ပြီး MRTV ကနေ ထုတ်လွှင့်နေပါတယ်။

    ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၅ ရွေးကောက်ပွဲအတွက် ရိုက်ကူးထုတ်လွှင့်ခဲ့တဲ့ ထောင်မင်းသား
    နှင့်တွေ့ဆုံခြင်းလို့ အမည်ပေးထားတဲ့ အဲဒီရုပ်သံဇာတ်လမ်းတိုမှာ မဲစာရင်းသွားကြည့်ကြဖို့ ပြေတီဦးက တိုက်တွန်းပေးထားတာကို တွေ့ရပါတယ်။ အာဏာသိမ်းကာလအစောပိုင်းမှာ ဆန္ဒပြခဲ့လို့ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင် ဇနီးမောင်နှံနှစ်ဦးလုံး ထောင်ဒဏ် ကျခံခဲ့ရပါတယ်။ လွတ်မြောက်လာပြီးနောက်ပိုင်းမှာလည်း စစ်ကောင်စီဝါဒဖြန်ချန်နယ်တွေက သူတို့ဇနီးမောင်နှံကို မကြာခဏ တိုက်ခိုက်လေ့ရှိပါတယ်။

    စစ်အုပ်စုရဲ့ရွေးကောက်ပွဲအတွက် မဲစာရင်းတွေကပ်နေပေမယ့် ပြည်သူအများစုက မကြည့်ကြတဲ့အချိန်မှာ ဒီရုပ်သံကို MRTV ကထုတ်လွှင့်လာတာဖြစ်ပါတယ် ။ စစ်တပ်ရွေးကောက်ပွဲကိုအယုံအကြည်မရှိသလို စိတ်မဝင်းစားလို့ မဲစာရင်းကို
    မကြည့်တာလို့ ပြည်သူအချို့ကပြောပါတယ် ။

    အခု ရုပ်သံဇာတ်လမ်းတို ထွက်လာတော့ အာ
    ဏာရှင်ကိုဆန့်ကျင်သူတွေက ပြေတီဦးအပေါ် အထင်အမြင်လွဲမှားမှုတွေ ရှိလာတယ်လို့ ပြည်သူအချို့ကပြောပါတယ်။ စစ်ကောင်စီဟာ သူတို့အတွက်လည်း ဝါဒဖြန့်ရင်း ပြည်သူနဲ့အနုပညာရှင်ကို ရန်တိုက်ပေးခဲ့ခြင်းသာ ဖြစ်ပါတယ်။

    သာမန်ကြည့်ရင်ကို အဲဒီရုပ်သံဇာတ်လမ်းတိုဟာ အခုရိုက်ထားတာမဟုတ်ဘူးဆိုတာ အင်မတန်သိသာပါတယ်။ ပါဝင်တဲ့ ပြေတီဦး၊ နေထွဋ်နဲ့ မြင့်မြင့်ခိုင်တို့ဟာ လက်ရှိအရွယ်ထက် ၁၀ နှစ်ဝန်းကျင်ငယ်စဥ်ကရိုက်ကူးထားတာမိူ့ သိသိသာသာ နုပျိုနေကြပါတယ်။ ဇာတ်ကားပြီးလို့ စာတန်းထိုးချိန်မှာ ပြေတီဦးကို သုံးထပ်ဆင့်အကယ်ဒမီလို့ ထိုးထားပါတယ်။ ပြေတီဦးဟာ အကယ်ဒမီ ငါးဆု ရရှိပြီးပါပြီ။

    တကယ်တော့ အဲဒီရုပ်သံဇာတ်လမ်းတိုဟာ ၂၀၁၅ အထွေထွေးရွေးကောက်ပွဲအတွက် ရိုက်ကူးပေးခဲ့တဲ့ ဇာတ်လမ်းတိုသာဖြစ်ပါတယ်။ အဲဒီရုပ်သံကို အတူတကွမဲပေးကြစို့ Let’s Go Vote Together facebook page ကနေ ၂၀၁၅ ခုနှစ် ဇွန်လ ၃ ရက်နေ့က တင်ထားခဲ့တာကို တွေ့ရမှာဖြစ်ပါတယ်။ (Screen Shot တွင်ရှု)

    ပြေတီဦးတင်မကဘဲ အခြားသရုပ်ဆောင်တွေနဲ့ အဆိုတော်တွေရဲ့ ရွေးကောက်ပွဲအကြို ပညာရေးရုပ်သံတွေ၊ သီချင်းတွေကိုလည်း စစ်ကောင်စီက လက်ရှိရိုက်ထားသလိုပုံစံနဲ့ MRTV နဲ့ မြန်မာ့အသံ ရေဒီယိုကနေ ထုတ်လွှင့်နေတယ်လို့ သိရပါတယ်။

  • သီတင်းကျွတ်ပွဲတော်အတွက် ဂန့်ဂေါမြို့ကို ဆယ်လီ ဖြူဖြူထွေးနဲ့ တိုလီမိုလီ မိုးညို တို့ရောက်ရှိလာ

    သီတင်းကျွတ်ပွဲတော်အတွက် ဂန့်ဂေါမြို့ကို ဆယ်လီ ဖြူဖြူထွေးနဲ့ တိုလီမိုလီ မိုးညို တို့ရောက်ရှိလာ

    3.10.2025 ၊ဂန့်ဂေါ

    မကြာခင်ကျရောက်တော့မယ့် သီတင်းကျွတ်ပွဲတော်အတွက်ဟုဆိုကာ ဖျော်ဖြေပွဲအတွက် ဂန့်ဂေါမြို့ကို ဆယ်လီ ဖြူဖြူထွေးနဲ့ တိုလီ မိုလီ မိုးညိုတို့ ၂ ဦးဟာ ယနေ့ညနေ ၃ နာရီခန့်က စစ်ရဟတ်ယာဥ်တစ်စီးဖြင့်ရောက်ရှိလာကြတယ်လို့ သတင်းရင်းမြစ်ကပြောပါတယ်။

    ရွေးကောက်ပွဲအတွက်ပါ အကြိုစည်းရုံးရေး ပြုလုပ်ရန်ကိုလည်း ရည်ရွယ်ပြီးယခုလို နာမည်ကြီး တစ်တော့စ် ဆယ်လီတွေကို ခလရ ၅၀ တပ်ကနေခေါ်ယူငှားရမ်းတာဖြစ်ဖြစ်နိုင်တယ်လို့ သတင်းရင်းမြစ်ကပြောပါတယ်။

    အဆိုပါ သီးတင်းကျွတ်ပွဲတော်ဖျော်ဖြေပွဲ နဲ့ ရွေးကောက်ပွဲ တွေအတွက် ဒေသခံပြည်သူ့ တော်လှ-န်ရေး အင်အားစုများက ပွဲတော်မှာ ပါဝင်သူများရဲ့ အသ-က် အ-န္တရာယ်ဘေးးကင်းးရေးကို အာမ မ-ခံ-နိုင်ဘူးလို့ ပြောဆိုထားကြောင်းသိရပါတယ်။

    @မင်းဒဿ
    ယောအလင်းတန်း

  • မြန်မာမူဆလင် ပီ ဒီ အက်ပ် ပူပေါင်းအဖွဲ့လက်တွဲညီနေပြီ …

    တော်လှန်ရေးမှာ ပြည်သူနဲ့အတူ မြန်မာမူဆလင်လူငယ် PDF တွေ တက်ကြွစွာပါဝင်နေတယ်ဆိုတာ သိရှိသူနည်းပါးလို့ ဒီပို့စ်နဲ့ မက်ဆေ့ပေးပါတယ်။

    #VideoCreditToOwner