Category: News

  • တပ်တွင်း လူမှုကွန်ရက်အသုံးပြုမှုများ စစ်ဆေးကြပ်မတ်ရန် မင်းအောင်လှိုင်က အမိန့်ပေး

    တပ်တွင်း လူမှုကွန်ရက်အသုံးပြုမှုများ စစ်ဆေးကြပ်မတ်ရန် မင်းအောင်လှိုင်က အမိန့်ပေး

    စစ်တပ်ကို ထိခိုက်မှုများ မဖြစ်စေရေး တပ်တွင်း လူမှုကွန်ရက်အသုံးပြုမှုများ စစ်ဆေးကြပ်မတ်ရန် မင်းအောင်လှိုင် အမိန့်ပေး

    စစ်တပ်ကို ထိခိုက်မှုများ မဖြစ်စေရေး လူမှုကွန်ရက်အသုံးပြုမှုများ စစ်ဆေးကြပ်မတ်ရန် အကြမ်းဖက် မင်းအောင်လှိုင်က အမိန့်ပေးလိုက်သည်။

    ယမန်နေ့ တနင်္သာရီတိုင်း၊ မြိတ်မြို့တွင် ပြုလုပ်သော အရာရှိ၊စစ်သည်များနှင့်တွေ့ဆုံပွဲ အကြမ်းဖက် မင်းအောင်လှိုင်က ထိုသို့ ပြောဆို အမိန့်ပေးလာခြင်းဖြစ်သည်။

    မင်းအောင်လှိုင်က ယနေ့ခေတ်မှာ သတင်းမီဒီယာခေတ်ဖြစ်သည်နှင့်အညီ လူမှုကွန်ရက်များအသုံးပြုရာတွင်လည်း အကျိုးမဲ့ဖြစ်စေမည့် မိမိနှင့် မိမိတို့၏ အဖွဲ့အစည်းကိုထိခိုက်စေနိုင်သည့် လုပ် ဆောင်ချက်များမဖြစ်အောင် တစ်ဦးချင်းအသိတရားဖြင့် အသုံးပြုကြရန်လိုကြောင်း၊ တာဝန်ရှိသူများကလည်း စစ်ဆေးကြပ်မတ်ပေးနေရန်လိုကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။

    မင်းအောင်လှိုင်က လူမှုကွန်ရက် အသုံးပြုမှုများကို တောက်လျှောက်ဆိုသလို တင်းကျပ် စိစစ်ကြပ်မတ်ရန် အမိန့်ပေးနေပြီး စက်တင်ဘာလ ၁၂ ရက်နေ့ စစ်ကော်မရှင် အစည်းအဝေးတွင်လည်း ဆိုရှယ်မီဒီယာမှတစ်ဆင့် လုံခြုံရေးကျိုးပေါက်မှုများကို ထိထိရောက်ရောက် အရေးယူရန် အမိန့်ပေးခဲ့သည်။

    ဝန်ကြီးဌာနများ၏အချက်အလက်များ၊ ဝန်ထမ်းများ၏အချက်အလက်များ သည် ဆိုရှယ်မီဒီယာများ အသုံးပြုမှုမှတစ်ဆင့် လုံခြုံရေးကျိုးပေါက်လျက်ရှိသည်ကို တွေ့ရှိရကြောင်း၊လုံခြုံရေးဆိုင်ရာအချက်အလက်များ၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်များသည်တိုက်ရိုက်ကျိုးပေါက်ခြင်း၊ သွယ်ဝိုက်၍ကျိုးပေါက်ခြင်းများဖြင့်တစ်ဦးတစ်ယောက်ချင်း ထိခိုက်ခြင်း၊ ဌာနအလိုက်ထိခိုက်ခြင်း၊ ထိုမှတစ်ဆင့် နိုင်ငံတော်အဆင့် ထိခိုက်ခြင်းများဖြစ်ပေါ်စေနိုင်ကြောင်း၊ သို့ဖြစ်၍ လုံခြုံရေးပိုင်းဆိုင်ရာအရ အသိပညာပေးရန်နှင့် ထိထိရောက်ရောက်ကြပ်မတ်ခြင်းများဆောင်ရွက်သွားရန်လိုကြောင်း မင်းအောင်လှိုင်က ထုတ်ဖော်ပြောဆိုခဲ့သည်။

  • ဖမ်းဆီးရရှိသော ရဲမိသားစုဝင် ကိုယ်ဝန်ဆောင် ဇနီး၊ ကလေးမိခင်၊ ကလေးများနှင့် စစ်သုံ့ပန်းများကို ဆေးကုသမှုပေးပြီး ကျန်းမာရေးစောင့်ရှောက်မှုပေးထား

    ဖမ်းဆီးရရှိသော ရဲမိသားစုဝင် ကိုယ်ဝန်ဆောင် ဇနီး၊ ကလေးမိခင်၊ ကလေးများနှင့် စစ်သုံ့ပန်းများကို ဆေးကုသမှုပေးပြီး ကျန်းမာရေးစောင့်ရှောက်မှုပေးထား

    ကန့်ဘလူမြို့နယ် ဇီးကုန်းမြို့ ရဲစခန်းသိမ်းတိုက်ပွဲမှ ဖမ်းဆီးရရှိသော ရဲမိသားစုဝင် ကိုယ်ဝန်ဆောင် ဇနီး၊ ကလေးမိခင်၊ ကလေးများနှင့် စစ်သုံ့ပန်းများကို ဆေးကုသမှုပေးပြီး ကျန်းမာရေးစောင့်ရှောက်မှုပေးထား

    စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ဇီးကုန်းမြို့ ရဲစခန်းသိမ်းတိုက်ပွဲမှ ဖမ်းဆီးရရှိသော ရဲတပ်ဖွဲ့ဝင်၏ ကိုယ် ဝန်ဆောင် ဇနီးနှင့် ကလေးမိခင်၊ ရဲစစ်သုံ့ပန်းကို ဆေးကုသမှုပေးပြီး ကျန်းမာရေးစောင့်ရှောက်မှုပေးထားကြောင်း ကန့်ဘလူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။

    စက်တင်ဘာလ ၁၇ ရက်နေ့ ညနေ ၃ နာရီခန့်တွင် ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့ ရဲစခန်းကို တော် လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး ရဲစခန်းမှ ရဲဗိုလ်နှင့် ရဲတပ်သားများ အပါအဝင် ၆ ဦး သေ ဆုံးခဲ့ကြောင်း၊ ထို့ပြင် ရဲအရာရှိ ၂ ဦး၊ ရဲတပ်သား ၂ ဦး ၊ ရဲမိသားစုဝင် ၄ ဦးနှင့် အချုပ်သား ၃ ဦး တို့ကိုလည်း အရှင် ဖမ်းဆီးရမိခဲ့ကြောင်း ၊ တိုက်ပွဲအတွင်း ရဲများထံမှ G-3 သေနတ် ၉ လက် ၊ G-4 သေနတ် ၁ လက်၊ MA-15 သေနတ် ၁ လက် နှင့် ပစ္စတို သေနတ် ၁ လက် တို့ သိမ်းဆည်းရရှိခဲ့ပြီး ရဲစခန်းအတွင်းရှိ အဆောက်အဦးများကို မီးရှို့ရှင်းလင်းခဲ့ကြောင်း သိရသည်။

    ဇီးကုန်းမြို့ရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်မှုတွင် ဒဏ်ရာရရှိခဲ့သော ရဲတပ်ဖွဲ့မိသားစုဝင် အမျိုးသမီးများနှင့် ကလေးသူငယ်များကို မြို့နယ်ကျန်းမာရေးတာဝန်ခံဦးဆောင်သော ဆေးအဖွဲ့က လိုအပ်သော ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိပြီး မီးဖွားရန်လိုအပ်သော ကိုယ်ဝန်ဆောင်အမျိုးသမီးကိုလည်း ကောင်းမွန်စွာစောင့်ရှောက်ကုသပေးလျက်ရှိကြောင်း သိရှိရသည်။

    တော်လှန်ရေးတပ်ဖွဲ့များက ဇီးကုန်းမြို့နယ် ရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်မှု ဗီဒီယိုကို ရိုက်ကူးထုတ်ပြန်ခဲ့ပြီး ယင်းဗီဒီယိုတွင် ရဲတပ်ဖွဲ့ဝင် ၁ ဦး၏ ကိုယ်ဝန်ဆောင် ဇနီးသည်အတွက် ဗိုက်ဖုံးအင်္ကျီကို တော်လှန်ရေးရဲဘော်တစ်ဦးက နေအိမ်ပေါ်အထိ တက်ရောက် ယူဆောင်ပေးခဲ့မှုအပေါ် လူမှုကွန်ရက်တွင် ပြည်သူလူထုက ၀ိုင်းဝန်းချီးကျူးဂုဏ်ပြုခဲ့ကြသည်ကို မြင်တွေ့ရသည်။

    ထို့ပြင် အဆိုပါ ဇီးကုန်းမြို့ ရဲစခန်းသိမ်းဗီဒီယိုတွင် အမျိုးသမီးများနှင့်ကလေးများကို တော်လှန်ရေးတပ်ဖွဲ့ဝင်များက ထိခိုက်မှုမရှိစေရေး အထူးအလေးပေး ဂရုစိုက်ဆက်ဆံမှုကိုလည်း ပြည်သူများက ချီးမွမ်းကြပြီး စစ်ကောင်စီဆိုလျှင် အမျိုးသမီးနှင့်ကလေးပါမကျန် သတ်ဖြတ်လိမ့်မည်ဟု ဝေဖန်ထောက်ပြကြသည်။

    “ဇီးကုန်းရဲစခန်းသိမ်း တိုက်ပွဲမှာ ရဲဘော်တွေက ရဲတွေရဲ့ အမျိုးသမီးနဲ့ ကလေးတွေ၊ ကိုယ်ဝန်ဆောင်တွေကို အလေးထား ဂရုစိုက်သွားတာ ဗီဒီယိုမှာ မြင်ရတော့ လူသားဆန်မှုကို မြင်ရလို့ ဝမ်းသာတယ်။ အဲဒီ နေရာမှာ စစ်တပ်က ကောင် တွေဆိုရင် အမျိုးသမီးရော ကလေးပါ မကျန် ပစ်သတ်မှာပဲ လို့ နှိုင်း ယှဉ်တွေးမိတယ်။ လူသားဆန်မှုက တော်လှန်ရေးအင်အားဖြစ်လို့ ရဲဘော်တွေ ဆက်ပြီး လူသားဆန်စွာ တော်လှန်ပေးကြဖို့ တိုက်တွန်းပါတယ်” ဟု ပြည်သူတစ်ဦးက မှတ်ချက်ပြု အသိပေးထားသည်။

    စက်တင်ဘာလ ၁၇ ရက်နေ့ ဇီးကုန်းမြို့ရဲစခန်းကို သိမ်းပိုက်တိုက်ခိုက်ပြီးနောက် စစ်တပ်က ကန့်ဘလူမြို့နယ်တွင် စစ်အင်အားများ ဖြည့်တင်းကာ စစ် ကြောင်းထိုးရန် ပြင်ဆင်နေကြောင်း ကန့်ဘလူအခြေစိုက် တော်လှန်ရေးသတင်း ရင်းမြစ်က သုံးသပ်ပြောဆိုသည်။

  • ကျိုက်ထိုတွင် ကုန်တင်ကား အစီး ၅၀ ခန့်ကို စစ်တပ်ဖမ်းဆီး

    ကျိုက်ထိုတွင် ကုန်တင်ကား အစီး ၅၀ ခန့်ကို စစ်တပ်ဖမ်းဆီး

    မွန်ပြည်နယ်၊ ကျိုက်ထိုမြို့မှာ ကုန်တင်ကား အစီး ၅၀ ဝန်းကျင်ကို စစ်ကောင်စီတပ်က ဖမ်းဆီးထားတာ တလဝန်းကျင်ရှိနေပြီလို့ မြို့ခံတွေက ပြောပါတယ်။

    အခုဖမ်းဆီးခံထားရတဲ့ ကားတွေဟာ ဩဂုတ် ၂၀ ရက်ဝန်းကျင်က ကရင်ပြည်နယ်၊ ဘားအံမြို့ကနေ အခွန်ဆောင်ပြီး လွှတ်ပေးလိုက်တဲ့ကားတွေ ဖြစ်ပြီး ညောင်ခါးရှည် စစ်ဆေးရေးဂိတ် မရောက်ခင် ကျိုက်ထိုမြို့မှာ ထပ်မံဖမ်းဆီးခံလိုက်ရတာပါ။

    ဖမ်းဆီးထားတဲ့ကားတွေကို ကျိုက်ထိုမြို့မရဲစခန်းကတဆင့် ခလရ ၉၆ နဲ့ ဘိုက်ကားကျေးရွာက ခလရ ၂ တပ်ထဲမှာ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

    ကျိုက်ထိုမြို့ခံ အမျိုးသမီးတယောက်က “၆ လပိုင်းလောက်တည်းက ဘလက်ကားတွေဖမ်းရင်း ကားတွေ အကုန်ဖမ်းနေတာပေါ့။ ဒီကားတွေက ဘားအံကနေ လွှတ်ပေးပြီး ညောင်ခါးရှည်မရောက်ခင် ထပ်အဖမ်းခံလိုက်ရတာ။ မြို့ထဲမှာ အကုန်ဖမ်းပြီးတော့ ပစ္စည်းတွေချစစ်ပြီး အရင်က ရဲစခန်းမှာထားတယ်။ အခုက ဘိုက်ကားက တပ်ထဲမှာရော ၉၆ တပ်ထဲက ဘောလုံးကွင်းမှာလည်း အပြည့်ပဲ” လို့ ပြောပါတယ်။

    ဖမ်းဆီးထားတဲ့ကားတွေနဲ့အတူ ကားသမားတွေပါ စစ်တပ်ထဲမှာရှိနေပြီး တချို့ကိုတော့ စစ်မှုထမ်းကျောင်းတွေ ပို့ဆောင်ခံကြရတာတွေလည်း ရှိနေတယ်လို့ မြို့ခံတွေက ပြောကြပါတယ်။

    ကျိုက်ထိုမြို့ခံ အမျိုးသားတယောက်က “ကားတွေကလည်း တပ်ထဲမှာ ရပ်ထားတာကြာနေပြီး Owner လာပြန်ရွေးတာပဲ စောင့်နေသလားပေါ့နော်။ ပစ္စည်းတွေကတော့ ကားပေါ်မှာပဲ ကားသမားတွေလည်း ကားနဲ့ပဲရှိတယ်။ အဲ့ကိစ္စဖြစ်ပြီးနောက်ပိုင်း လမ်းမှာ သွားသမျှကားတွေ အကုန်ဖမ်းနေတာ။ ယိုးဒယားပစ္စည်းဆို ဖိနပ်တောင် တွေ့လို့မရဘူး ဖမ်းတာ” လို့ ပြောပါတယ်။

    ကျိုက်ထိုမြို့မှာတော့ ထိုင်းပစ္စည်းတွေကို လိုက်လံဖမ်းဆီးနေတဲ့အတွက် ယိုးဒယားပစ္စည်း အရောင်းဆိုင်တွေလည်း ပိတ်ပင်ထားတယ်လို့ သိရပါတယ်။

  • မန္တလေးဒေသ ကြားကာလနိုင်ငံရေးအစီအမံကို CRMH ကြေညာ

    မန္တလေးဒေသ ကြားကာလနိုင်ငံရေးအစီအမံကို CRMH ကြေညာ

    မန္တလေးဒေသ ကြားကာလနိုင်ငံရေးအစီအမံကို မန္တလေးတိုင်းလွှတ်တော်ကိုယ်စားပြုကော်မတီ (CRMH) က စက်တင်ဘာ ၁၈ ရက်မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

    ဒီ မန္တလေးဒေသ ကြားကာလ နိုင်ငံရေးအစီအမံကိုတော့ မန္တလေးဒေသ ပြည်သူ့တော်လှန်ရေး အင်အားစုများ ပေါင်းစပ်ညှိနှိုင်းမှုစင်္ကြံကနေတဆင့် စက်တင်ဘာ ၁၆ ရက်မှာ CRMH က အတည်ပြု ပြဋ္ဌာန်းခဲ့တာပါ။

    ဒီအစီအမံမှာ အခန်း ၁၂ ခန်းပါဝင်ပြီး ရည်ရွယ်ချက်တွေကတော့ ဖက်ဒရယ်ပြည်ထောင်စု ရည်မှန်းချက်ကို အမြန်ဆုံးရောက်ရှိစေရေးနဲ့ တော်လှန်ရေးအင်အားစု အသီးသီးတို့နဲ့ ဟန်ချက်ညီညီ လက်တွဲပြီး မန္တလေးဒေသရဲ့ တော်လှန်ရေးလုပ်ငန်းများ၊ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး တာဝန်တွေကို အကောင်အထည်ဖော်ဖို့ စတာတွေ ပါဝင်ပါတယ်။

    ဒီအစီအမံရဲ့ အခန်း ၇ မှာတော့ ဒီအစီအမံအရ အုပ်ချုပ်ရေးအာဏာကို မန္တလေးဒေသ ကြားကာလအုပ်ချုပ်‌ရေးကောင်စီ (Mandalay Interim Governing Council – MIGC) ကို အပ်နှင်းထားတယ်လို့ သိရပါတယ်။

    MIGC ကိုတော့ ကြားကာလ နိုင်ငံရေးအစီအမံ စတင်အကျိုးသက်ရောက်တဲ့နေ့ကစလို့ ၄၅ ရက်အတွင်း ဖွဲ့စည်းရမှာဖြစ်ပြီး ကောင်စီဝင်ဦးရေ အနည်းဆုံး ၉ ယောက်ကနေ အများဆုံး ၁၅ ယောက်နဲ့ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ကောင်စီဝင်ဆိုပြီး ဖွဲ့စည်းရမယ်လို့ အစီအမံ (မူကြမ်း) က သတ်မှတ်ထားပါတယ်။

    ကောင်စီဝင် ရွေးချယ်မှုအတွက် မန္တလေးဒေသ ပြည်သူ့တော်လှန်ရေးအင်အားစုများ ပေါင်းစပ်ညှိနှိုင်းရေးစင်္ကြံက အဖွဲ့ဝင် ၁၁ ယောက်ကနေ ၁၅ ယောက်အထိ ပါဝင်တဲ့ “ကောင်စီဝင် ရွေးချယ်စိစစ်ရေးအဖွဲ့” ကို အရင်ဖွဲ့စည်းရမှာ ဖြစ်ပြီးတော့ ရွေးချယ်ရေးအဖွဲ့ဝင်တွေကိုလည်း လုပ်ငန်းကော်မတီ စတင်ဖွဲ့စည်းကတည်းက ရှိခဲ့တဲ့ အစုအဖွဲ့ ၆ ခုက စေလွှတ်တဲ့ ကိုယ်စားလှယ်တွေနဲ့သာ ဖွဲ့စည်းရမယ်လို့ အစီအမံမှာ ဖော်ပြထားပါတယ်။

    MIGC ဟာ ကောင်စီဝင်တွေရဲ့ တာဝန်၊ လုပ်ပိုင်ခွင့်နဲ့ ရပိုင်ခွင့် သတ်မှတ်ခြင်း၊ နုတ်ထွက်ခြင်း၊ လစ်လပ်ခြင်း၊ အစားထိုးခြင်း၊ အယုံအကြည်မရှိအဆို တင်သွင်းခြင်း၊ စွပ်စွဲပြစ်တင်ခြင်း အပါအဝင် ကောင်စီလုပ်ငန်းတာဝန်တွေ စနစ်တကျ လည်ပတ်ဆောင်ရွက်နိုင်ဖို့အတွက် ကောင်စီဖွဲ့ပြီး ၆ လအတွင်း “မန္တလေးဒေသ ကြားကာလ အုပ်ချုပ်ရေးကောင်စီဆိုင်ရာ ဥပဒေကြမ်း” ကို CRMH ကို ပေးပို့ရမယ်လို့ အစီအမံမှာ ထည့်သွင်းရေးဆွဲထားပါတယ်။

    ကောင်စီသက်တမ်းကတော့ ကြားကာလ ဒါမှမဟုတ် တော်လှန်ရေးကာလ ပြီးမြောက်တဲ့အထိ ဖြစ်တယ်လို့ ဖော်ပြထားပြီး ကောင်စီဖွဲ့ပြီး ၂ နှစ်အတွင်း ကြားကာလ မပြီးမြောက်ပါက အစီအမံပါ ပြဋ္ဌာန်းချက်တွေနဲ့အညီ ကောင်စီအသစ် ပြန်လည်ဖွဲ့စည်းရမယ်လို့လည်း ဖော်ပြပါရှိပါတယ်။

    ဒီအစီအမံမှာ အခန်း ၁၂ ခန်းအပြင် နောက်ဆက်တွဲ ၁ ပါ ပါရှိပြီး ဖက်ဒရယ်ပြည်ထောင်စုနဲ့ မန္တလေးဒေသအကြား အာဏာခွဲဝေခြင်းဆိုင်ရာ အခြေခံမူတွေကို ဖော်ပြထားတာပါ။

    ဖော်ပြချက်အရ ဥပဒေပြု အာဏာခွဲဝေရေးကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နဲ့ CRMH တို့က ညှိနှိုင်းဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။

    ဒါ့အပြင် အုပ်ချုပ်ရေး၊ တရားစီရင်ရေးနဲ့ အခွန်ဘဏ္ဍာ စီမံရေးကိစ္စရပ်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ မန္တလေးဒေသ ကြားကာလအုပ်ချုပ်ရေးကောင်စီတို့က ညှိနှိုင်းသတ်မှတ်ရမှာ ဖြစ်ပါတယ်။

    နောက်ပြီး အာဏာခွဲဝေမှုတွေဟာ ပြည်သူ့တော်လှန်ရေးကို အမြန်ဆုံး အောင်မြင်စေဖို့နဲ့ ပြည်သူ့အကျိုးကို အမြင့်မားဆုံး ဦးတည်ကာ ဆောင်ရွက်ရမှာဖြစ်ပြီး အာဏာခွဲဝေခြင်း ကိစ္စရပ်တွေကို သက်ဆိုင်ရာအဖွဲ့အစည်းတွေက တနှစ်ကို အနည်းဆုံး တကြိမ် ပြန်လည်ဆွေးနွေး ညှိနှိုင်းပြီး သုံးသပ်ရမှာလည်း ဖြစ်ပါတယ်။

    ဒီအစီအမံကို အကောင်အထည်ဖော်ဖို့အတွက်ကိုတော့ CRMH က ဦးဆောင်ပြီး ဒေသတွင်း တော်လှန်ရေး အင်အားစုတွေနဲ့ ပူးပေါင်း ဆောင်ရွက်ထားတာလည်း ဖြစ်ပါတယ်။

  • မူးလာလျှင် နိုင်ငံခြားဘာသာစကားပြောစွမ်းရည် တိုးလာကြောင်း တွေ့ရှိမှု Ig Nobel ဆုဆွတ်ခူး

    မူးလာလျှင် နိုင်ငံခြားဘာသာစကားပြောစွမ်းရည် တိုးလာကြောင်း တွေ့ရှိမှု Ig Nobel ဆုဆွတ်ခူး

    လူတွေဟာ အရက်မူးလာတဲ့အခါ နိုင်ငံခြားဘာသာစကားပြောစွမ်းရည် တိုးတက်လာတယ် ဆိုတာကို တွေ့ရှိမှု အပါအဝင် သိပ္ပံဆိုင်ရာ ပေါက်ကရတွေ့ရှိမှု၊ တီထွင်မှုတွေကို ချီးမြှင့်တဲ့ ၃၅ ကြိမ်မြောက် Ig Nobel ဆုပေးပွဲ အခမ်းအနားကို စက်တင်ဘာ ၁၈ ရက်က ဘော့စ်တွန်တက္ကသိုလ်မှာ ပြုလုပ်ခဲ့ပါတယ်။

    ကိုယ့်ကိုယ်ကိုယ် အလွန်အကျူး အထင်ကြီး ချစ်မြတ်နိုးတတ်သူ (narcissists) တွေဟာ သူတို့ ဉာဏ်ကောင်းတယ်လို့ အပြောခံရတဲ့အခါ ဘယ်လိုတုံ့ပြန်ကြသလဲ ဆိုတာကို လေ့လာတဲ့ သုတေသန ပညာရှင်တွေလည်း ဆုရခဲ့ပါတယ်။

    ဘယ်လို အိမ်မြှောင်၊ တောက်တဲ့၊ ဖွတ်၊ ပုတက်တွေက ဘယ်လိုပီဇာမျိုးကို ရွေးချယ်သလဲဆိုတာ လေ့လာတဲ့ အာဟာရဗေဒပညာရှင်တွေလည်း ဆုရခဲ့ကြပါတယ်။

    အီတလီခေါက်ဆွဲ (pasta) အတွက် အချဉ်ရည်ရဲ့ ရူပဗေဒ သဘောတရားကို လေ့လာတွေ့ရှိခဲ့တဲ့ ပညာရှင်တွေလည်း ဆုရခဲ့ပါတယ်။

    အခမ်းအနားမှာ ပရိသတ်က စက္ကူလေယာဉ်တွေ ပစ်ပေါက်ကြပြီး ဒီနှစ်ရဲ့ အဓိကအကြောင်းအရာဖြစ်တဲ့ အစာချေစနစ်အကြောင်း သီချင်းတွေကို အော်ပရာပုံစံနဲ့ သီဆို ဖျော်ဖြေခဲ့ကြပါတယ်။

    ဒီနှစ်အတွက် Ig Nobel ဆုတံဆိပ်ကတော့ လူ့မျက်နှာပုံစံ နှစ်ဖက်ပါတဲ့ အစာအိမ်ပုံစံငယ် ဖြစ်ပါတယ်။

    နှစ်စဉ်ချီးမြှင့်တဲ့ ဒီဆုတွေကို Annals of Improbable Research က တကယ့်နိုဘယ်လ်ဆုကြီးရဲ့ ဟာသ သဘောဆောင်တဲ့ ပြိုင်ဘက်ဆုအဖြစ် ချီးမြှင့်တာဖြစ်ပါတယ်။