မကွေး- ရခိုင်အစပ်တိုက်ပွဲများတွင် စစ်ကော်မရှင်နှင့် AAတို့တိုက်ပွဲဖြစ်ပွားနေရာ စစ်ကော်မရှင်ဘက်က ထိခိုက်သေဆုံးသူများနှင့် ထိခိုက်ဒဏ်ရာရသူများ၊ ဖမ်းဆီးခံရမှုများရှိကြောင်း သိရသည်။
တပ်မ (၉၉) ခြေလျင်တပ်မဌာနချုပ်၊ အမှတ် (၉၉၂) နည်းဗျူဟာအဖွဲ့မှ အသက် (၄၆) နှစ်အရွယ်ရှိ ဒုတိယဗိုလ်မှူးကြီး ကျော်ကျော်သက်၊ ယာယီနည်းဗျူဟာမှူးနှင့်အဖွဲ့ကို AAက ဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်သည်။
မကွေးတိုင်း၊ ဂုတ်စီးရိုးဒေသ တိုက်ပွဲများတွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၄) ရက်၊ ည ရှစ်နာရီခန့်တွင် နည်းဗျူဟာမှူးနှင့်အတူ ၎င်း၏ ဗျူဟာရုံးအဖွဲ့ဝင် (၁၇) ဦးတို့အား အာရက္ခတပ်တော်မှ လက်ရဖမ်းဆီးရမိခဲ့သည်ဟု AA ကပြောသည်။
မကွေးတိုင်းအတွင်း၌ စစ်ဆင်ရေးလုပ်နေခဲ့သော တပ်မ (၉၉) တပ်ရင်း၊ တပ်ဖွဲ့ဝင်များနေရာ၌ တပ်အပြောင်းအလဲလုပ်သောအားဖြင့် တပ်မ (၉၉) လက်အောက်ခံ၊ ခမရ (၁၀၉) တွင် မိခင်တပ်ရင်းသို့ တပ်နားရန်ရောက်ရှိနေကြောင်း သိရသည်။
ထိုသို့ တပ်ပြန်နားသည်ကို အမ်း-ပဒါန်း စစ်ဆင်ရေးတွင် အောင်မြင်မှုရခဲ့သည့်သဖွယ် ရှေ့တန်းပြန်အခမ်းအနားများဖြင့် ပြုလုပ်နေသည်မှာ ၎င်းတို့၏ စစ်မြေပြင်အရှုံးကို ဖုံးကွယ်ရန်ကြိုးစားခြင်းသာဖြစ်သည်ဟု AAက ထုတ်ဖော်ပြောဆိုထားသည်။
ရခိုင်-ပဲခူးအစပ်၊ ရခိုင်- မကွေးအစပ်၊ ရခိုင်- ဧရာဝတီအစပ်တိုက်ပွဲများတွင် စစ်ကော်မရှင်မှာ အရေးနိမ့်နေပြီး အလောင်းမကောက်နိုင်ဘဲ ပြေးရသည်အထိ ရှုံးနိမ့်နေကြောင်း သိရသည်။
တိုက်ပွဲများမှာ မေလလယ်တွင် ငြိမ်နေခဲ့သော်လည်း စစ်ကော်မရှင်က ရွေးကောက်ပွဲကျင်းပမည်ဟု ကြေညာပြီး အရေးပေါ်နယ်မြေများကို ထုတ်ပြန်ပြီးနောက် တိုက်ပွဲများ နေရာအနှံ့ပြင်းထန်လာခြင်းဖြစ်သည်။
Category: News
-

တပ်မ ၉၉မှ ယာယီနည်းဗျူဟာမှူးနှင့် အဖွဲ့ကို AAဖမ်းမိထား၊ စစ်ရှုံးပြန်ရသည့်အဖွဲ့များ ရှေ့တန်းပြန်အောင်ပွဲခံ
-

သာကေတမှ လူမိုက် ဝင်းထွဋ်ဝင်း လက်နက်ကိုင် ပျူစောထီးအဖွဲ့ ထူထောင်ပြီး စစ်တပ်အတွက် စစ်မှုထမ်းတပ်သား ရရှိရေး လူငယ်များကို ဖမ်းဆီးနေ
သာကေတမှ လူမိုက် ဝင်းထွဋ်ဝင်း လက်နက်ကိုင် ပျူစောထီးအဖွဲ့ ထူထောင်ပြီး စစ်တပ်အတွက် စစ်မှုထမ်းတပ်သား ရရှိရေး လူငယ်များကို ဖမ်းဆီးနေ
ပြည်သူလူထုကို နည်းမျိုးစုံဖြင့် အနိုင်ကျင့် ဗိုလ်ကျ ခြိမ်းခြောက်
ရန်ကုန်တိုင်း၊ သာကေတမြို့နယ်မှ လူမိုက် ဝင်းထွဋ်ဝင်းမှာ စစ်တပ်ဘက်တော်သား လက်နက်ကိုင် ပျူစောထီးဖြစ်လာပြီး စစ်တပ်အတွက် စစ်မှုထမ်းတပ်သား ရရှိရေး လူငယ်များကို ဖမ်းဆီးမှုများ လုပ်ဆောင်နေကြောင်း သာကေတမြို့နယ်မှ စစ်မှုထမ်းတပ်သားအဖြစ် စုဆောင်းခံလိုက်ရသော လူငယ်တချို့၏ ဆွေမျိုးများက ပြောဆိုသည်။

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း သာကေတ လူမိုက် နေမျိုးအောင် ပစ်ခတ်ခံရပြီး သေဆုံးခဲ့ပြီးနောက် လူမိုက် ဝင်းထွဋ်ဝင်းမှာ သာကေတတစ်ခွင်တွင် လူမိုက်များ ပိုမို စုစည်းလာကြောင်း၊ လူမိုက်အဖွဲ့များကို စုစည်း၍ စစ်တပ်နှင့်ရဲအတွက် တော်လှန်ရေးလှုပ်ရှားသူများ၏ သတင်းများကို စုံစမ်း သတင်းပေး ဆောင်ရွက်ပေးခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့ စစ်မှုထမ်းဥပဒေအတည်ပြုပြီးနောက်ပိုင်းတွင် လူမိုက် ဝင်းထွဋ်ဝင်းမှာ စစ်တပ်၏ လက်ကိုင်တုတ် လုံးလုံးလျားချားခံယူပြီး လက်နက်ကိုင် ပျူစောထီးဖြစ်လာကြောင်း သိရှိရသည်။
“သာကေတတစ်ခွင်မှာ ၀င်းထွဋ်၀င်းက ဆက်ကြေးကောက် မိုက်ကြေးခွဲ စစ်တပ်လက်အောက်ခံ ပျူစောထီးအနေနဲ့ စီးပွား ရေး၀င်ငွေကောင်းလာတယ်။ စစ်မှုထမ်းဖို့ လူငယ်တွေ လိုက်ဖမ်းပေးတယ်။ စစ်မှုထမ်းကြေး ကောက်တယ်။ ရရှိလာတဲ့၀င်ငွေတွေကို သူ့တပည့်တွေ ဆိုင်ဆိုပြီး ပလေကပ် ပုဆိုးဆိုင် ထမင်းဆိုင် ကားပစ္စည်းဆိုင် အဖြစ် ငွေဖြူပြန်ပြောင်းပါတယ်။ သူတို့လူမိုက်အဖေအမေတွေကို ကန်တော့တဲ့ ဗီဒီယို တွေ တစ်တော့ပေါ်တင်ပြီး ပရဟိတလိုလို ဘာလိုလို အပေါ်ယံဖုံးပြပါတယ်။ အခုနောက်ပိုင်း ၀င်းထွဋ်၀င်း တပည့်တွေက သာကေတ ခိုင်ရွေဝါ ၈ တောင် ရပ်ကွက်မှာ သာမန် အရပ်သားပြည်သူတွေကိုပါးရိုက်တာ၊ ရိုက်နှက်တာ၊ ဆက်ကြေးကောက်တာတွေ အရမ်းလုပ်လာတယ်။ မိန်းမပျိုလေးတွေကို ငွေပေးမယ်၊ သူ့ဆရာနဲ့ အတူတူအိပ်ပါဆိုတာမျိုးတွေအထိ ပြည်သူလူထုကို အနိုင်ကျင့်ဗိုလ်ကျလာတယ်။ တိုင်လည်း မတိုင်ရဲဘူး။ တိုင်လည်း ရဲက ဘာမှ မလုပ်ပေးဘူး။ တိုင်ရင်လည်း ရဲက အရေးယူတာ၊ မယူတာထက် လူမိုက်တွေက ဝင်ခုတ်သွားမှာ ကြောက်နေရတာ” ဟု သာကေတမြို့နယ်မှ ကင်းထောက်လုံခြုံရေး သတင်းရင်းမြစ် ရှင်းပြသည်။
သာကေတတစ်ခွင်တွင် ဝင်းထွဋ်ဝင်းက ပျူစောထီးများဖြစ်လာသောအခါ အုပ်စုဖွဲ့ သွားလာပြီး လူမိုက် ဝင်းထွဋ်ဝင်းနှင့်စကားပြောသည့်အခါ ပြည်သူလူထုကို လက်အုပ်ချီစကားပြောရန် စေခိုင်းခြင်း၊ ပရဟိတအယောင်ဆောင် လာခြင်း ၊ အုပ်စုဖွဲ့၍ ယာဉ်တန်းများဖြင့် သွားလာခြင်းများ လုပ်ဆောင်လာကြောင်း၊ စစ်တပ်နှင့်ရဲများ၏ ပစား ပေးမှုဖြင့် လူမိုက်ကြီးစိုးရာနယ်မြေအဖြစ် ပုံဖော်လာကြောင်း သိရှိရသည်။

” စစ်တပ်ထောက်ခံတဲ့ ယုန်လေးက Original Gangster 3 မှာ လူမိုက် ဝင်းထွဋ်ဝင်းကို ထည့်ရိုက်ပြီးတော့ ဝင်းထွဋ်ဝင်းက ဂိုဏ်းခေါင်းဆောင်လိုမျိုး ပုံလုပ်လာတယ်။ သက်ကြီးရွယ်အိုတွေကအစ ငွေ သောင်းဂဏန်းလောက်ပေးပြီး သူ့ကိုလက်အုပ်ချီခိုင်းတယ်။ သူနဲ့စကားပြောရင် ဘယ်သူမဆို သူ့တပည့်တွေက လက် အုပ် ချီခိုင်းတယ်။ စစ်တပ်နဲ့ရဲ လက်ကိုင်တုတ်ဖြစ်လာတော့ အရေးယူသူမရှိတော့တဲ့ ၀င်းထွဋ်၀င်းက လူမိုက်ကြီးစိုးရာနယ်မြေဖြစ်လာတယ်။ သူကိုယ်တိုင်မှာလည်း သေနတ်အတိုတစ်လက်ကိုင်ထားတယ်။ အဓိက လူငယ်တွေအတွက် မလုံခြုံတော့တာ” ဟု သာကေတမြို့နယ်မှ ဒေသခံသတင်းရင်းမြစ်က ရှင်းပြသည်။
ယမန်နှစ်အတွင်း စစ်တပ်ဘက်တော်သား ယုန်လေးရိုက်ကူးသည့် Original Gangster 3 ရုပ်ရှင်ဇတ်ကားတွင် သာကေတ လူမိုက်များဖြစ်ကြသည့် ၀င်းထွဋ်၀င်းနှင့် သံဗုဒ္ဓေတို့ ထည့်သွင်းရိုက်ကူးခဲ့သည်။
ယင်းရုပ်ရှင် ပြသခဲ့ပြီးနောက်ပိုင်း လူမိုက်ဝင်းထွဋ်ဝင်းမှာ ယုန်လေး၏ ဆက်သွယ်ပေးမှုဖြင့် စစ်တပ်အ တွက် စစ်မှုထမ်း လူသစ်များ စုဆောင်းပေးခြင်း၊ ဧည့် စာရင်းစစ်ပေးခြင်း၊ တော်လှန်ရေးရဲဘော်များ သတင်းများ စုံစမ်းခြင်းနှင့် သတင်းပေးများ မွေးမြူခြင်းများ ဇောက်ချ လုပ်ကိုင်လာခြင်းဖြစ်သည်။

လူမိုက် ဝင်းထွဋ်ဝင်းက တပည့်များနှင့်အတူ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်နေ့ တာမွေမြို့နယ်၊ မလွှကုန်းဌေးကြွယ် (က) ရပ်ကွက်နေ မိသားစုတစ်စုကို ဝင်ခုတ်ခဲ့ပြီး အသက် ၃၀ နှစ်အရွယ် ကိုဇော်ဟိန်း သေဆုံးခဲ့ကာ မိသားစုဝင် ၂ ဦးထက်မနည်း အရေးပေါ် လူနာအဖြစ် ကုသခဲ့ရသည်။
အဆိုပါ အမှုမှ အရေးယူခံခဲ့ရသဖြင့် ထောင်ကျခဲ့သော်လည်း စစ်အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ် နောက်ပိုင်းတွင် စစ်တပ်၏ လွတ်ငြိမ်းခွင့် ဖြင့် ပြန်လည် လွတ်မြောက်လာခဲ့ခြင်းဖြစ်သည်။
ဓာတ်ပုံ- လူမိုက် ၀င်းထွဋ်၀င်းနှင့် ယုန်လေးတို့ကို တပည့်များနှင့်အတူ တွေ့ရစဉ်။
-

စစ်တပ်ရုပ်သံမှတ်တမ်းထဲမှ မင်းကွန်းဒေသ ခေါင်းဖြတ်မှု (ရုပ်သံ)
ဗြိတိန်အစိုးရ အရေးယူထားသော တပ်မ (၃၃) ၏ စစ်ကြောင်းတစ်ခု လူသတ် အလောင်းဖျောက်မှု ရုပ်သံမှတ်တမ်းကို ထွက်ပြေးလာသော စစ်သားသစ်များထံတွင် တွေ့လိုက်ရသည်၊ ကျူးလွန်သူများအကြောင်းကိုလည်း ၎င်းတို့က ပြောပြကြသည်။
(စိတ်မချမ်းမြေ့ဖွယ်အကြောင်းအရာများ ပါဝင်ကြောင်း ကြိုတင်အသိပေးအပ်ပါသည်။)
ဧရာဝတီမြစ်ကမ်းနဖူးရှိ ခြံဝင်းတစ်ခုအတွင်း ခြေတံရှည်အဆောက်အဦနှစ်ခုရှေ့ သေနတ်လွယ်၊ ဓားကိုင် ထားကြသူများအလယ်တွင် မျက်လုံးကို အဝတ်စဖြင့်စည်းကာ လက်နောက်ပြန်ကြိုးတုပ်ခံထားရသည့် အမျိုးသားတစ်ဦး ထိုင်နေသည်။
သေနတ်လွယ်ထားသူက မေးခွန်းအနည်းငယ် အော်ဟစ်မေးမြန်းနေချိန်တွင် ဘေးနားက လူစုလူဝေးက စိတ်လှုပ်ရှားစွာစောင့်ဆိုင်းနေကြပြီး လူအုပ်ထဲရှိတစ်ယောက်ကလည်း “သေနတ်သံမကြားချင်ဘူး”ဟု အမိန့်ပေးလိုက်သည်။
“ခင်ဗျား PDF အဖွဲ့ထဲက ဟုတ်တယ်မလား” ဟု သူက အကြိမ်ကြိမ် မေးမြန်းပြီးနောက် အနီးတွင် အသင့်စောင့် နေသူများကို အချက်ပြလိုက်တော့သည်။
အသင့်စောင့်နေသူတစ်ဦးက ကိုင်ထားသည့် သူ့ဓားဖြင့် ကြိုးတုပ်ခံထားရသူ၏ ရင်ဘတ်ကို ခပ်သွက်သွက် တစ်ချက်ထိုးချလိုက်ရာ အော်သံတစ်ချက်သာ ထွက်လာသည်။ တီရှပ်လိမ္မော်ရောင် ဝတ်ထားသူတစ်ဦးကလည်း ခြေကျင်းဝတ်ကို ဓားမဖြင့် ဝင်ခုတ်သည်။
အဆက်မပြတ်ကျလာသော ဓားချက်များအောက်တွင် ခြေထောက်ကိုဆုတ်ကာ ဆုတ်ကာ တတ်စွမ်းသမျှ ညည်းညူ ရုန်းကန်သော်လည်း ကြိုးတုပ်ခံထားရသူအဖို့ အချည်းအနှီးသာ။
“တစ်ယောက်ပြီး…တစ်ယောက်ဝင်”
“အပြတ်ဖြတ် …..အပြတ်ဖြတ်”
“ဗီဒီယိုရိုက်ထား”
“ဒီကောင် ဘာကောင်လဲ”
“PDF ပါ”
“ဖြတ် !!!!!!”
“အစ်ကိုကြီးကျေနပ်တယ်နော်”
“တအားလုပ်ချင်နေတာ ဟုတ်တယ်မလား။ ခုမှ လုပ်ဖူးတာ ဟုတ်တယ်မလား။ အိုကေ…” ဟူသော အသံ များကြားတွင် ဦးခေါင်းပြတ်သည်အထိ ဝိုင်းခုတ်ကြသည်။
ထို့နောက် ဦးခေါင်းပြတ်ကို ရုပ်အလောင်းဝမ်းဗိုက်ပေါ်တင်လိုက်ကြပြီး ထိုနေရာတွင် အနေအထား အမျိုးမျိုးဖြင့် ဓာတ်ပုံရိုက်မှတ်တမ်းတင်ကြကာ ဆူဆူညံညံ အောင်ပွဲခံကြသည်။
ဆင်ဆာဖြတ်မထားသည့် ထိတ်လန့်ကြောက်ရွံ့ဖွယ်ရုပ်ရှင်ဇာတ်လမ်းတစ်ခု၏ ဇာတ်ဝင်ခန်းသဖွယ် တွေ့ရသော ထိုလူသတ်မှုမှာ ပြီးခဲ့သည့် ဇူလိုင်လကုန်က နိုင်ငံအလယ်ပိုင်း၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းဒေသအတွင်း ဖြစ်ပွားခဲ့ခြင်းပင်ဖြစ်သည်။
မင်းကွန်းခေါင်းလောင်းကြီးအပါအဝင် အထင်ကရ စေတီပုထိုးများကြောင့် ခရီးသွားလုပ်ငန်းဖြင့် နာမည် ကျော်ရာ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းဒေသရှိ မယ်ဇလီချောင်းရွာတွင် စစ်ကြောင်းထိုးနေသည့် စစ်သားများ၊ ပြည်သူ့စစ်များက ၎င်းတို့ဖမ်းဆီးထားသူ အရပ်သားတစ်ဦးကို ထိုသို့ ပြုမူကြခြင်း ဖြစ်သည်။

မဲဇလီချောင်းရွာတွင် ရွာသားတစ်ဦးကို ခေါင်းဖြတ်ပြီးနောက် ပျော်မြူးနေကြသော အာဏာသိမ်းစစ်တပ် မှ တပ်သား ဖြူလေး နှင့် ဒုတပ်ကြပ် စစ်သိန်း။ အာဏာသိမ်းမှုဆန့်ကျင်ဆန္ဒပြသူများကိုပင် ဦးခေါင်းတည့်တည့် ပစ်ခတ်သည့် စစ်တပ်က နိုင်ငံအနှံ့ လက်နက်ကိုင်ခုခံမှုများကို ကြုံလာရပြီးနောက် တော်လှန်ရေးအားကောင်းရာ ဒေသအသီးသီးတွင် မြေလှန်မီးရှို့မှု၊ နှိပ်စက်ညှဉ်းပန်းသတ်ဖြတ်မှု စသည့်နည်းလမ်းများ ကျင့်သုံးနေသည်။
အာဏာသိမ်းတပ်က အဆိုပါဒေသအတွင်း စစ်ကြောင်းထိုးစဉ် ဖမ်းဆီးရမိသူတို့ကို ကိုယ်လက်အင်္ဂါအစိတ်ပိုင်းများ ဖြတ်တောက်သတ်ဖြတ်သည့် ဖြစ်စဉ် အများအပြားရှိနေသော်လည်း စစ်တပ်က ၎င်းတို့လက်ချက်မဟုတ်ဟု ငြင်းဆန်တတ်သည်။ သို့သော်လည်း အထက်ပါဖြစ်စဉ်တွင် စစ်တပ်ရိုက်ကူးထားသော ရုပ်သံမှတ်တမ်းများ ပေါ်ထွက်လာရာ စစ်တပ်၏ရာဇဝတ်မှုတစ်ခုနှင့် ပတ်သက်ပြီး ခိုင်မာသည့် သက်သေအထောက်အထား ဖြစ်လာသည်။
ငလျင်ဘေးအလွန် စစ်ဘေးကြုံရသည့် စစ်ကိုင်း
မတ်လ ၂၈ ရက်နေ့ အင်အားပြင်းငလျင်ကြောင့် စစ်ကိုင်း နှင့် မန္တလေးမြို့မှာ ပျက်စီးဆုံးရှုံးမှု အများဆုံးဒေသများဖြစ်ခဲ့သည်။ လူပေါင်းသုံးထောင် သေဆုံးပြီး အဆောက်အဦ ထောင်ချီ ပျက်စီးဆုံးရှုံးခဲ့ရသည်။
ငလျင်အပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများလုပ်ရန် ဆိုသော အကြောင်းပြချက်ဖြင့် အပစ်ရပ်သည် ဟု အာဏာသိမ်းစစ်တပ်က ကြေညာခဲ့သော်လည်း လက်တွေ့တွင်မူ ငလျင်ဗဟိုချက်မ ဖြစ်ခဲ့ရာ စစ်ကိုင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးမပျက်သလို လေကြောင်းတိုက်ခိုက်မှုများလည်း မလျှော့ခဲ့ပေ။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ စစ်ကိုင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) ၏အချက်အလက်များအရ ငလျင်အပြီး ဧပြီလမှ စတင်၍ လေးလအတွင်း စစ်ကိုင်းမြို့နယ်တွင် လေကြောင်းတိုက်ခိုက်မှု၊ စစ်ကြောင်းထိုးစီးနင်းသတ်ဖြတ်မှုတို့ကြောင့် အရပ်သား ၇၀ ကျော် သေဆုံး၊ ၁၀၀ နီးပါး ဒဏ်ရာရရှိခဲ့သည်။
၂၀၂၂ ခုနှစ်မှ စတင်၍ တိုက်ပွဲများ ဖြစ်လာသော မင်းကွန်းဒေသတွင် ငလျင်ဘေးနှင့်စစ်ဘေးကို တပြိုင်နက်ကြုံတွေ့ရသဖြင့် စစ်ကိုင်းဒေသခံများ အလုံးအရင်းဖြင့် နေရပ်စွန့်ခွာနေကြရသည်။

မေလ ၂၉ ရက်နေ့က တွေ့ရသော စစ်ကိုင်းမြို့။ (ဓာတ်ပုံ- ကိုကံကောင်း) မန္တလေးမြို့တစ်ဘက်ကမ်း ဧရာဝတီမြစ်ကမ်းဘေးတွင် တည်ရှိပြီး တော်လှန်ရေးအားကောင်းရာ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းတွင် နယ်မြေပြန်လည်စိုးမိုးနိုင်ရေးအတွက် ယခုနှစ် ဇွန်လတည်းက စစ်တပ်က စစ်ကြောင်း ၃ ခုဖြန့်ကာ ထိုးစစ်ဆင်နေသည်။
ပထမစစ်ကြောင်းမှာ မြို့ပေါ်တွင် တပ်စွဲကာ အနီးဝန်းကျင်ရွာများကို ဝင်ရောက် စီးနင်းသည်။ ဒုတိယစစ်ကြောင်းက လမ်းပန်းဆက်သွယ်ရေးအရ အချက်အချာကျသည့် ရွှေဘို – မန္တလေးလမ်း ထိန်းချုပ်နိုင်ရေးအတွက် လမ်းတလျှောက်ကျေးရွာများ စီးနင်းကာ နယ်မြေရှင်းလင်းရေး လုပ်နေသည်။
တတိယမြစ်ကြောင်းမှာ မြို့မြောက်ဘက် မင်းဝံတောင်ရိုး နှင့် ဧရာဝတီမြစ်ကြောင်း တလျှောက်ရှိ ကျေးရွာများကို လှည့်လည်နေသည်။ တတိယမြောက်စစ်ကြောင်းက အထက်ပါဖြစ်ရပ် ကျူးလွန်ခဲ့ခြင်းဖြစ်သည် ဟု အဆိုပါစစ်ကြောင်းမှ ထွက်ပြေးကာ တော်လှန်ရေးအင်အားစုထံ လက်နက်ချ ဘက်ပြောင်းလာသည့် စစ်သားသစ် ၄ ဦးက အတည်ပြုသည်။
သတ်ဖြတ်မှု ပေါ်ပေါက်ခဲ့ပုံ
အထက်ပါအမှု ဖြစ်ပွားခဲ့သည်မှာ မင်းကွန်းပုထိုးတော်ကြီးမြောက်ဘက် ၇ မိုင်ခန့်အကွာ မယ်ဇလီချောင်းကျေးရွာတွင် ဖြစ်သည်ဟု ဒေသကာကွယ်ရေးအဖွဲ့ “ ဒေါင်းစစ်သည်” စစ်ကြောင်း၏ စစ်ရေးတာဝန်ခံက ဆိုသည်။
ဇူလိုင်လ ၂၄ နှင့် ၂၆ ရက်နေ့တို့တွင် တိုက်ပွဲများ အိုင့်ဒိုင်၊ ချောင်းဦး ရွာတို့တွင် ဖြစ်ခဲ့ပြီးနောက် စစ်တပ်က အိုင့်ဒိုင်ရွာ၏မြောက်ဘက် ကပ်လျက် မယ်ဇလီချောင်းရွာထဲတွင် ဖြန့်ခွဲတပ်စွဲထားခဲ့သည်။
ဧရာဝတီမြစ်အနောက်ဘက်ကမ်းဘေး အိမ်ခြေ ၁၀၀ ကျော်ရှိသော မယ်ဇလီချောင်းရွာ ဒေသခံတို့သည် စိုက်ပျိုးရေး၊ တံငါ လုပ်ငန်းတို့ဖြင့် အသက်မွေးဝမ်းကျောင်းပြုကြသည်။
စစ်ကြောင်းရန်ကြောင့် ရွာခံအများစု ကြိုတင်တိမ်းရှောင်ကြပြီး မဲဇလီချောင်းရွာသား အသက် ၃၀ အရွယ် ကိုဇော်ဇော်အောင်မှာ အခင်းဖြစ်သည့်နေ့ နံနက်က မြစ်ထဲ ရေချိုးဆင်းချိန် ရွာအတွင်း နေရာယူထားသည့် စစ်တပ်က ၎င်းကို ဖမ်းမိသွားခြင်းဖြစ်သည်။
၎င်းကို PDF နှင့် ပတ်သက်မှုရှိ၊မရှိ နှိပ်စက်ညှဉ်းပန်း စစ်ဆေးပြီးနောက် မွန်းလွဲ ၃ နာရီဝန်းကျင်တွင် ရွာတောင်ဘက် ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းအနီး ခြံဝန်းတစ်ခုထဲတွင် သတ်ဖြတ်ကြသည်ဟု ဘက်ပြောင်းခိုလှုံလာသူများက ဆိုကြသည်။

သတ်ဖြတ်ရန် အမိန့်ပေးနေသူမှာ သေနတ်လွယ်ထားသည့် တပ်ကြပ် ကသာ (ဝဲဘက်မှ) ဆိုသူ ဖြစ်သည်။ PDF များထံ ဘက်ပြောင်းခိုလှုံလာသူများမှာ အသက် ၁၈ နှစ်မှ ၂၄ နှစ်အတွင်းရှိကြသည့် တပ်သားသစ်များဖြစ်ပြီး ပြည်သူ့စစ်မှုထမ်းဥပဒေအရ ၂၀၂၄ ခုနှစ်အတွင်း စစ်သားသစ်အဖြစ် အတင်းအဓမ္မ စုဆောင်းခံခဲ့ရသည်။ ထို့နောက် စစ်သင်တန်း သုံးလတက်ကာ ယခုဖြစ်စဉ်ဖြစ်ပွားရာနေရာသို့ စစ်ကူအဖြစ်ပို့ခံခဲ့ရသည်။
ရန်ကုန်၊ မန္တလေး၊ ပဲခူးနှင့် နွားထိုးကြီးမြို့နယ်တို့မှ ထိုလူငယ်များ စစ်သင်တန်းဆင်းပြီးနောက် စစ်ကိုင်းမြို့နယ်ကို အပို့ခံရသည်၊ ထို့အပြင် ထွက်ပြေးပြီး တော်လှန်ရေးအင်အားစုများထံ ရောက်သွားပါက စစ်ဆေး နှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်းသာ ခံရမည်ဟုလည်း စစ်တပ်က ခြိမ်းခြောက်ထားသည်။
သို့သော်လည်း လမ်းတလျှောက် ၎င်းတို့တွေ့ကြုံခဲ့ရသော စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများက ၎င်းတို့၏ ထွက်ပြေးမည့်ဆုံးဖြတ်ချက်ကို ခိုင်မာစေသည်ဟု ထိုလူငယ်တို့က ဆိုသည်။
အခွင့်အခါကောင်းကို စောင့်ဆိုင်းနေသည့် စစ်မှုထမ်းတပ်သားသစ်လေးဦးမှာ ဩဂုတ်လ ၂၀ ရက်နေ့တွင် သေနတ် ၂ လက်ဖြင့် ထွက်ပြေးလွတ်မြောက်သွားပြီး ဒေါင်းစစ်သည်စစ်ကြောင်းထံ လက်နက်ချခိုလှုံခဲ့ကြသည်။
၎င်းတို့၏ လက်ကိုင်ဖုန်းများထဲတွင် ကူးယူထားသော ရုပ်သံဖိုင် ၄ ခုကိုကြည့်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်တို့မှာ ထိတ်လန့်တုန်လှုပ်ဖွယ်ရာ လူသတ်မှုဖြစ်ရပ်ကို သိရှိသွားကြသည်။
ထိုလူငယ် ၄ ဦးကို ဆက်သွယ်မေးမြန်းခွင့် ရရှိခဲ့သည်။
စစ်တပ်၏ဝါဒဖြန့်ထားသလိုမဟုတ်ဘဲ ထွက်ပြေးလာသော သူတို့ကို ကောင်းမွန်စွာဆက်ဆံကြောင်း၊ အဖွဲ့ဝင်များနှင့် တန်းတူ ကျွေးမွေးထားကြောင်း ထိုလူငယ်များက ဆိုကြသည်။
လက်သည်တရားခံများ
ရက်စက်ကြမ်းကြုတ်လှသည့်ထိုဖြစ်ရပ် အစအဆုံးကို မှတ်တမ်းတင်ထားသည့် ရုပ်သံဖိုင်စုစုပေါင်း ၄ ခု ရှိသည်။
ပထမရုပ်သံဖိုင်တွင် စစ်ဆေးမေးမြန်းပြီး အရှင်လတ်လတ်ခုတ်သတ်ကာ အောင်ပွဲခံနေသည်ကို မှတ်တမ်း တင်ထားပြီး ၂ မိနစ်နှင့် ၂၅ စက္ကန့်ခန့်ကြာမြင့်သည်။
နောက်ထပ် ရုပ်သံဖိုင်နှစ်ခုတွင် မြစ်ကမ်းစပ်ဘေးတွင် ရုပ်အလောင်းကို ဗိုက်ခွဲပြီး ကိုယ်လက်အင်္ဂါများကို ဖြတ်တောက်နေကြသည်ကို မတူသည့်ရှုထောင့်မှရိုက်ကူးထားသည်။
ပလတ်စတစ်ဖျာထက် ရုပ်အလောင်းကိုတင်ပြီး ဝမ်းဗိုက်ကို အရိုးရှည်တပ် ပေါက်တူးဖြင့်ပေါက်သူက ပေါက်သည်။ မပြတ်သည့်အခါ နောက်တစ်ယောက်က ရင်ညွန့်မှ ချက်အထိ ဓားဖြင့်ထိုးခွဲသည်။
အလွန်အမင်းစိတ်အားထက်သန်နေသည့် တီရှပ်လိမ္မော်ရောင်ဝတ်ထားသူက အမျိုးသား အင်္ဂါကို ဓားဖြင့် ဖြတ်ချိန် ဘေးနားကလူအုပ်ကြီးက အော်ဟစ်နောက်ပြောင်နေကြသည်။ ကျန်ခြေထောက်တစ်ဘက်ကို ခြေကျင်းဝတ်မှ ထပ်ဖြတ်ပြန်သည်။
“ယောက်ဖ … အဲ့ဒီလောက်နဲ့မရဘူး … ဖယ်ပါ … ဖယ်”
“မာတယ်နော်”
“ဟိုကောင်ကို အရက်နည်းနည်းပေးလိုက်”
“အသည်းလေးနည်းနည်းယူလာခဲ့လိုက်”
“အသည်းတွေ အကုန်လုံးထုတ်၊ အသည်းက မာနေတာ ..*”
“ခေါင်းက ဘယ်ရောက်သွားပြီလဲ”
“ခေါင်းက လွှတ်ပစ်လိုက်ပြီ”

၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်နေ့က မန္တလေးတိုင်း တံတားတစ်ခုတွင် တွေ့ရသော အာဏာသိမ်းတပ် တပ်ဖွဲ့ဝင်များ။ (ဓာတ်ပုံ – AFP) “ဒီနေ့မှမိတာလား” စသည်ဖြင့် ဘေးနားရှိ လူအုပ်က တစ်ယောက်တစ်ပေါက် ပြောဆိုနေကြသည်။
နောက်ဆုံးရုပ်သံမှာ ကိုယ်လက်အင်္ဂါများ တစ်စစီဖြတ်တောက်ခံထားရသည့် ဦးခေါင်းမဲ့ရုပ်အလောင်းကို မြစ်ထဲသို့ ပစ်ချလိုက်သည်။
ထွက်ပြေးလာသူလူငယ်များထဲမှ တစ်ဦးက ကိုယ်လက်အင်္ဂါများ ခုတ်ထစ် ဖြတ်တောက်နေသည်ကို ကိုယ်တိုင် မြင်တွေ့ခဲ့ရသည်။ ထိုအချိန်တွင် ကျန်သုံးဦးမှာ မဲဇလီချောင်းရွာအနီး ကင်းတာဝန်ကျနေကြသည်။
“(ရုပ်အလောင်းရဲ့ ဗိုက်ကို) ပေါက်ပြားနဲ့ခုတ်တာ။ ပေါက်ပြားနဲ့ ခုတ်တော့လည်း အရာပဲထင်တာ၊ မပြတ်ဘူးဆိုပြီး ဓားနဲ့ခွဲလိုက်တာ။ အဲ့ဒီအချိန်မှာ အူတွေက ထွက်ကျလာတာ”ဟု ယင်းအဖြစ်အပျက်ကို မြင်တွေ့ခဲ့သည့် PDF များထံ ဘက်ပြောင်းခိုလှုံလာသူများထဲတွင် ပါဝင်သည့် အသက် ၂၁ နှစ်အရွယ် စစ်သားကပြောသည်။
ထိုလူငယ်များ၏ ပြောဆိုချက်အရ ထိုဖြစ်စဉ်တွင် တာဝန်ရှိသည့် အမိန့်ပေးစေခိုင်းသူ နှင့် ပါဝင်သူ ၄ ဦး၏ အမည်၊ ရာထူးတို့ ပေါ်ပေါက်လာသည်။
သတ်ဖြတ်မှုကို ဦးဆောင်ခဲ့သူမှာ ဗိုလ်မှူးစစ်နိုင်ဖြစ်သည်၊ ယူလာသည့် ရုပ်သံမှတ်တမ်းများတွင် ဗိုလ်မှူးစစ်နိုင်ကို မတွေ့ရဟု ၎င်းတို့က ဆိုသည်။
သေနတ်စလွယ်သိုင်းကာ စစ်ဆေးမေးမြန်းပြီးနောက် သတ်ဖြတ်ရန် အမိန့်ပေးနေသူမှာ ဒုတပ်ကြပ် ကသာ ဆိုသူ ဖြစ်သည်၊ ဓားနှင့်ထိုး၊ ကိုယ်လက်အင်္ဂါများ ခုတ်ဖြတ်ရာတွင် ပါဝင်သည့် ရှပ်အင်္ကျီအကွက် လက်ရှည် နှင့်ပုဆိုးအစိမ်း ဝတ်ထားသူမှာ ဒုတပ်ကြပ် စစ်သိန်း၊ တီရှပ်လိမ္မော်ရောင်ဝတ်ထားပြီး တက်တက်ကြွကြွ ခုတ်ထစ်နေသူမှာ တပ်သား ဖြူလေး ဖြစ်ကြောင်း သိရသည်။
ယခင်ကတည်းက စစ်တပ်ထဲ ဝင်ရောက်ထားသူများကို “သန္ဓေ”ဟု ခေါ်ကြပြီး “တ” နှင့် အစပြုသော ကိုယ်ပိုင်နံပတ်ကြောင့် “တဝမ်းပူ”ဟုလည်း ခေါ်ကြသည်၊ ပြည်သူ့စစ်မှုထမ်းဥပဒေအရ စုဆောင်းခံရသော လူငယ်များ၏ ကိုယ်ပိုင်နံပတ်မှာ “ပစ” နှင့် အစပြုကြသည်။ အရပ်သားများကို ရိုက်နှက်သတ်ဖြတ်ရန် ဗိုလ်မှူးစစ်နိုင်က အမိန့်ပေးလျှင် ပစများက အမိန့်နာခံရန် ဝန်လေးကြသည်ဟု မေးမြန်းခွင့်ရခဲ့သည့် အသက် ၁၈ နှစ် အရွယ်လက်နက်ချ စစ်သားက ဆိုသည်။
“ဗိုလ်မှူးစစ်နိုင်က ဦးဆောင်တယ်။ ပြီးတော့ သူ့အောက်က တပည့်တွေ ဒုတပ်ကြပ် ကသာရယ်၊ တပ်ကြပ် စစ်ကျော်ရယ်၊ တပ်ကြပ် စစ်သိန်းရယ်။ သူတို့က သန္ဓေတွေ၊ တဝမ်းပူတွေ” ဟု ၎င်းကဆက်ပြောသည်။
“အမိန့်အတိုင်းပဲ နာခံရတာပဲ၊ သူက (ဗိုလ်မှူးက) ဒါဆိုရင် ဒါလုပ်ရတာ…အကုန်လုံး။ ပစတွေက တော်ရုံ မလုပ်ချင်ကြဘူး၊ သန္ဓေတွေပဲ လုပ်ကြတာ”
ထိုစစ်ကြောင်းတွင် စစ်ကိုင်းမြို့အခြေစိုက် အမှတ် (၃၃) ခြေမြန်တပ်မဌာနချုပ် နှင့် ထိုတပ်မလက်အောက်ခံ ဝန်းသိုမြို့နယ်အခြေစိုက် အမှတ် (၁၁၁) ခြေမြန်တပ်ရင်းမှ တပ်ဖွဲ့ဝင်များ၊ စစ်သားသစ်များ၊ ပြည်သူ့စစ် ခေါ် ပျူစောထီးများ ပါဝင်သည်။
နာမည်ပျက် တပ်မ (၃၃)
အနောက်မြောက်တိုင်းစစ်ဌာနချုပ်အောက်ရှိ တပ်မ ( ၃၃) မှာ ခြေလျင်တပ်ရင်း (ခလရ) ၄၊ ၄၂၊ ခြေမြန်တပ်ရင်း (ခမရ) ၁၁၊ ၁၂၊ ၁၃၊ ၁၁၁၊ ၁၁၆၊ ၁၁၉၊ ၁၂၀ တို့ဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။
၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ရိုဟင်ဂျာများကို နေရပ်မှ ဖယ်ရှားရှင်းလင်းရေးတွင် ပါဝင်သည့် တပ်မလည်း ဖြစ်သည်။
ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာများကို လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ကျူးလွန်ခဲ့မှုနှင့်ပတ်သက်ပြီး တပ်မ (၃၃) နှင့် တပ်မ (၉၉) တို့ကို ဗြိတိန်အစိုးရက ၂၀၂၂ ဒီဇင်ဘာလတွင် ပိတ်ဆို့အရေးယူခဲ့သည်။
တပ်မ (၃၃) ၏ စစ်ကြောင်းက လုပ်ထုံးလုပ်နည်းများကို ဂရုမစိုက်ဘဲ ထင်ရာစိုင်း လုပ်ကိုင်နေခြင်း ဖြစ်သည်ဟု CDM ဗိုလ်ကြီးဇင်ယော်က မှတ်ချက်ပြုသည်။
“တိုက်ပွဲမှာဖမ်းဆီးရမိတယ်ဆိုရင် အောက်ခြေမြေပြင်တပ်စုတပ်ခွဲက စစ်ကြောခွင့် မရှိဘူး။ အနည်းဆုံး စစ်ကြောင်းရုံး၊ စစ်ကြောင်းမှူး၊ တပ်ရင်းမှူးရှိတဲ့ဘက်ကိုပဲ ပို့ရတာပါ။ မြေပြင်မှာ တိုက်ခိုက်နေရင်တောင်မှပဲ တပ်ရင်းအဆင့်တွေက ဗျူဟာအဆင့်ကိုပဲပေးပြီးတော့ စစ်ကြောရေး လုပ်ရတယ်လို့ ကျွန်တော်တို့ကတော့ သင်ယူထားရပါတယ်”ဟု ဗိုလ်ကြီးဇင်ယော်က ဆိုသည်။
“ခုနောက်ပိုင်းမှာတော့ ဘီလူးစစ်ကြောင်းမှာဆိုရင် အောက်ခြေရဲဘော်တွေကအစ လုပ်ချင်တိုင်း လုပ်တယ်။ လုပ်ချင်တိုင်း လုပ်ဖို့လည်း မြှောက်ပေးသလို လွှတ်လည်းလွှတ်ပေးထားတဲ့ အနေအထားမျိုး တွေ့ရပါတယ်”
၎င်းထောက်ပြသည့် “ဘီလူးစစ်ကြောင်း” သည်လည်း တပ်မ (၃၃) လက်အောက်ခံဖြစ်ပြီး ၂၀၂၃ မတ်လအတွင်း စစ်ကိုင်းမြို့နယ်နှင့် မြင်းမူမြို့နယ်ကျေးရွာများကို စီးနင်းစဉ် အလားတူ ပြစ်မှုများ ကျူးလွန်ခဲ့သည့်စစ်ကြောင်းအဖြစ် နာမည်ကြီးသည်။
ထိုစစ်ကြောင်းသည် တာတိုင်ရွာ တော်လှန်ရေးခေါင်းဆောင် ရဲဘော်မိုက်ကယ် (ခ) ကိုကျော်ဇော်ကို ဖမ်းဆီးပြီး ဦးခေါင်း၊ ခြေလက် များဖြတ်တောက်ကာ ဝမ်းဗိုက်ကို ဖောက်ခဲ့ကြသည်။ ထို့ပြင် တပ်ဆုတ်ချိန်တွင်လည်း ဒေသခံ အမျိုးသမီးများ အပါအဝင် ၁၅ ဦးထက်မနည်းကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်ကာ သတ်ဖြတ်ခဲ့သည်။
မင်းကွန်းစစ်ကြောင်း၏ ရာဇဝတ်မှုများ
စစ်ကိုင်းမြို့နယ်အတွင်း တကျော့ပြန်ဝင်နေသည့်စစ်ကြောင်းများတွင် စစ်မှုထမ်းဥပဒေအရစုဆောင်း ထားသည့် တပ်သားသစ်အရေအတွက် အများအပြားပါဝင်ပြီး တစ်ရွာဝင်တစ်ရွာထွက် စိမ်ပြေနပြေ လှည့်လည်နေကြသည်။
ထိုစစ်ကြောင်းမှာ ကျူးလွန်ခဲ့သည့် ပြစ်မှုမှာ မဲဇလီချောင်းရွာသတ်ဖြတ်မှု တစ်ခုတည်းသာမဟုတ်ပေ။ လည်လှီးသတ်ဖြတ်မှု မတိုင်ခင်မှာပင် စစ်ကြောင်းနှင့်တိုးသည့် စစ်ရှောင်ပြည်သူအချို့ကိုလည်း ဖမ်းဆီး ပစ်သတ်ခဲ့ကြောင်း လွတ်မြောက်လာသည့် လူငယ် ၄ ဦးက ဆိုသည်။
အသက် ၁၃ နှစ်အရွယ် ကလေးတစ်ဦး၊ အမျိုးသမီးတစ်ဦး၊ ၎င်း၏ ခင်ပွန်း၊ ခင်ပွန်းဖြစ်သူ၏ ညီ၊ သက်ကြီးပိုင်းအမျိုးသားတစ်ဦး၊ အခြားအမျိုးသမီးတစ်ဦးတို့ကို စစ်ကြောင်းက ဖမ်းဆီးပြီး ပစ်သတ်ကြသည်၊ အမျိုးသမီးငယ်ကို မသတ်ဖြတ်မီ မုဒိန်းကျင့်ကြသည်ဟု အထက်ပါ ၄ ဦးက ပြောသည်။
နေ့ခင်းဘက်တွင် ဖမ်းဆီးလိုက်သော ထို ၆ ဦးကို စခန်းချသည့်နေရာတွင် ထိန်းသိမ်းထားကြောင်း၊ ထို့နောက် စစ်သားများက ၎င်းတို့ကို တောစပ်သို့ ခေါ်ဆောင်သွားပြီးနောက် ညသန်းခေါင်ဝန်းကျင်တွင် သေနတ်သံ ၁၀ ချက်ထက်မနည်း ကြားခဲ့ရကြောင်း ၎င်းတို့က ဆိုကြသည်။
ဒေသတွင်းဖြန့်ခွဲလှုပ်ရှားနေသည့် စစ်တပ် စစ်ကြောင်းရန်၊ အစုအပြုံလိုက် သေစေနိုင်သည့် လေကြောင်းရန်တို့ကြောင့် နေရပ်စွန့်ခွာကြရသည့် ဒေသခံတို့မှာ စားနပ်ရိက္ခာခက်ခဲလာသဖြင့် ရပ်ရွာထဲ အရဲစွန့်ပြန်ကပ်ချိန် ထိုကဲ့သို့အဖြစ်ဆိုးမျိုး ကြုံတွေ့ရခြင်းဖြစ်သည်ဟု ဒေါင်းစစ်သည်အဖွဲ့မှ ဆရာကျောင်းက မှတ်ချက် ပြုသည်။
ဩဂုတ်လ တတိယပတ်က နယ်မြေရှင်းလင်းရေးဝင်ချိန်တွင် အမျိုးသား ၂ ဦးနှင့်အမျိုးသမီး ၃ ဦး တို့၏ ရုပ်အလောင်းများကို တွေ့ရှိခဲ့ကြသည်၊ ရုပ်အလောင်းများ ပျက်စီးနေပြီဟု ဆရာကျောင်းက ဆိုသည်။
ရုပ်အလောင်းများထဲတွင် အထက်ပါစစ်ရှောင် ၆ ဦး၏ အလောင်းများ ပါဝင်ခြင်းရှိမရှိ မသိရသေးပေ။
စစ်သားသစ် ၄ ဦးအဖွဲ့ ထွက်ပြေးချိန်တွင် သက်ကြီးရွယ်အို၊ အမျိုးသမီးများ အပါအဝင် ၁၀ ဦးထက်မနည်း စစ်ကြောင်းတွင် ဖမ်းဆီးခံထားရဆဲဖြစ်ပြီး ထမင်းဟင်းချက်ပြုတ်ရန် စေခိုင်းနေသည်ဟု သိရသည်။
စစ်ကိုင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက မင်းကွန်းဒေသတွင် စစ်ကြောင်းဝင်နေသည့် နှစ်လကျော်အတွင်း ဒေသခံ ၂၀ ဝန်းကျင်ခန့် အဖမ်းခံရသည်၊ အသတ်မခံရသေးသူများနှင့်လည်း အဆက်အသွယ် ပြတ်နေသည်ဟု ပြောသည်။
တော်လှန်ရေးအင်အားစုက ဒေသခံများကို စစ်ကြောင်းနှင့်ဝေးဝေးရှောင်ကြရန် တိုက်တွန်းထားသည်။
“ကျွန်တော်တို့အနေနဲ့က ပြည်သူတစ်ယောက်ဖမ်းမိသွားပြီဆိုရင် ထိုင်ကြည့်နေရတာ ရင်အနာဆုံးပေါ့၊ ထိုင်ကြည့်နေရတာ ရင်အနာဆုံးပဲ။ ဘာမှကူလို့မရဘူး၊ ကယ်လို့မရဘူး။ ကယ်လို့ရတယ်၊ ကူလို့ရတယ် ဆိုတဲ့ စစ်ရေးအခြေအနေတစ်ရပ်ကလည်း ကိုယ့်အင်အား၊ ရန်သူအင်အား မျှမှ လုပ်လို့ရတဲ့အနေအထား တွေပေါ့”ဟု ဒေါင်းစစ်သည်အဖွဲ့ တာဝန်ခံ ဆရာကျောင်းက ပြောသည်။
စစ်တပ်က ရက်စက်ကြမ်းကြုတ်စွာ သတ်ဖြတ်နေမှုများမှာ လူထုနှင့်တော်လှန်ရေးအင်အားစုများကြား ရန်တိုက်ပေးရန်၊ အကြောက်တရားထည့်သွင်းပေးရန် ရည်ရွယ်သော်လည်း အရာမရောက်ဟု တော်လှန်ရေးအင်အားစုက မှတ်ချက်ပြုသည်။
ဆိုးရွားသည့်အခြေအနေများကို ရင်ဆိုင်နေရသော်လည်း နောက်ပြန်ဆုတ်ရန်အကြောင်းမရှိဟု NUG အစိုးရလက်အောက်ခံ ရွှေဘိုခရိုင် အမှတ် (၉၇၀၆) အထူးလှုပ်ရှားတပ်ရင်းမှ တပ်ရင်းမှူး ကိုလကျာ်က ပြောသည်။
“ပြည်သူလူထုပဲဖြစ်ဖြစ်၊ တော်လှန်ရေးရဲဘော်တွေကိုပဲဖြစ်ဖြစ် ရက်ရက်စက်စက် နှိပ်စက်ညှဉ်းပန်း လို့လည်း တော်လှန်ရေးကြီး ရပ်တန့်သွားမှာမဟုတ်ဘူး။ ကြောက်ပြီးတော့ တော်လှန်ရေး ရဲဘော်တွေလည်း နောက်ဆုတ်သွားမှာ မဟုတ်ဘူး” ဟု ကိုလကျာ်က မှတ်ချက်ပြုသည်။
“ပိုပြီး စက်ဆုပ်ရွံရှာမုန်းတီးပြီးတော့၊ ခံယူချက်ပိုပြင်းထန်ပြီးတော့၊ ပိုပြီး ကြိုးစားရမယ်၊ လုပ်ရမယ်ဆိုတဲ့ အသိတွေပဲဖြစ်စေမှာ” ဟု ကိုလကျာ်က ပြောလိုက်သည်။






-
စိတ်ကြီးဝင်နေသည့် စစ်ကောင်စီတပ်AAနှင့်တိုက်ပွဲ အလူးအလဲခံနေရ
ထိုးစစ်အချို့အသာစီးရ၍ စိတ်ကြီးဝင်နေသည့် စစ်ကောင်စီတပ်AAနှင့်တိုက်ပွဲ အလူးအလဲခံနေရဟု ထုတ်ပြန်
ငဖဲတိုက်ပွဲ စစ်ကောင်စီတပ် အလောင်း၊ လက်နက်များ ချန်ထား၊ ပဲခူး-ရက္ခိုင်အစပ် တိုက်ပွဲပြင်းထန်
ဆုံးရှုံးထားရသည့်နယ်မြေအချို့၊တပ်စခန်းအချို့ပြန်ရ၍စိတ်ကြီးဝင်နေသည့်စစ်ကောင်စီတပ်များအာရက္ခတပ်တော်(AA)နှင့် တိုက်ပွဲများအတွင်း အလူးအလဲခံနေရကြောင်းAAကယနေ့ (စက်တင်ဘာ ၅ ရက်)တွင်သတင်းထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီသည်ရှမ်းမြောက်ဒေသအတွင်းမှ၎င်းတို့၏ လက်လွှတ်ဆုံးရှုံးလိုက်ရသော တပ်စခန်းများ ပြန်လည်ရရှိရန်ရည်ရွယ်ထားသည့် တန်ပြန်ထိုးစစ်များနှင့်အတူ မြန်မာနိုင်ငံ၏ နေရာအချို့တွင် ၎င်းတို့သည် အသာစီးရ၊ အောင်ပွဲရနေသည်ဟု စိတ်ကြီး ဘဝင်မြင့်နေသည်ဟု ဆိုသည်။
ယုံကြည်မှုလွန်ကဲနေသော၎င်းတို့၏အနိုင်ရတပ်ဖွဲ့များနှင့်စုဖွဲ့ထားသော တပ်ရင်း၊ စစ်ကြောင်းများအား အာရက္ခတပ်တော်နှင့် ရင်ဆိုင်တိုက်ခိုက်နေကြသည့်စစ်မြေပြင်နေရာများသို့ရွှေ့ပြောင်းကာထိုးစစ်ဆင် တိုက်ခိုက်လာသော်လည်း အာရက္ခတပ်တော်၏ ခုခံစစ်နှင့် တန်ပြန်ထိုးစစ်အောက်တွင် သတ္တိ၊ နည်းဗျူဟာအရ မယှဉ်သာနိုင်သကဲ့သို့ မြေပြင်ထိုးစစ်တိုင်းတွင်လည်း အလူးအလဲခံရပြီး ခွေးပြေးဝက်ပြေး ထွက်ပြေးလျက်ရှိကြသည်ဟု AAက ထုတ်ပြန်ခဲ့သည်။
စစ်ကောင်စီသည် စစ်ရှုံး၍ စိတ်ဓာတ်ပျက်နေသည့် ၎င်းတို့၏ လက်ကျန်တပ်ဖွဲ့ဝင်များ၊ အတင်းအဓမ္မစုဆောင်းထားသော တပ်ဖွဲ့ဝင်အသစ်များအား စိတ်ဓာတ်မြှင့်တင်ရေးအတွက် ၎င်းတို့၏အားသာချက်ဖြစ်သည့် လေကြောင်း ပစ်ကူ၊ ရေကြောင်းပစ်ကူ၊ နည်းပညာအတန်အသင့် အဆင့်မြင့်ဒရုန်းများနှင့် စစ်အင်အားအများအပြား စုပြုံသုံး ဗျူဟာဖြင့် ၂၀၂၅ မတ်လဆန်းစမှ အရှိန်မြှင့်ကာ တော်လှန်ရေးလက်နက်ကိုင် အဖွဲ့အစည်းများ သိမ်းထားသော စစ်ကောင်စီ၏ တပ်မဌာနချုပ်၊ စစ်တိုင်းဌာနချုပ်၊ တပ်ရင်းဌာနချုပ် အပါအဝင် စစ်ရေးအရ အရေးပါသောနေရာများကို ပြန်လည်သိမ်းပိုက်ရရှိရန်အတွက် ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်သည်ဟု ဖော်ပြသည်။

ထိုသို့ ထိုးစစ်ဆင်ကာ အချို့သောနေရာများ၌ အောင်မြင်မှု အနည်းငယ်ရရှိခဲ့သည့် စစ်ကောင်စီတပ် စိတ်ကြီးဝင်နေသော်လည်း AAနှင့် တိုက်ပွဲများအတွင်း အထိနာလျက်ရှိကာ မရှုမလှ ပိုင်ရှင်မဲ့အလောင်းများကို ချန်ထားခဲ့ကြရသည့်အပြင် အာရက္ခတပ်တော်နှင့် လက်ရှိတိုက်ပွဲဖြစ်ပွားနေကြသော တိုက်ပွဲများတွင်လည်း ယခင်နည်းတူ ဆက်လက် အထိနာလျက်ရှိဟု ထုတ်ပြန်သည်။
စစ်ကောင်စီ၏ စကခ (၁၇)လက်အောက်ခံ ခမရ (၅၇၄) နှင့် ဆောက်လုပ်ရေးအင်ဂျင်နီယာတပ်ခွဲ-ဆလအခွဲ (၉၄၄) မှတပ်ဖွဲ့ဝင်များပူးပေါင်းပါဝင်သောစစ်ကြောင်းနှင့်အာရက္ခတပ်တော်တို့သည်၂၀၂၅ ခုနှစ်၊စက်တင်ဘာ (၄) ရက်က မကွေးတိုင်း၊ ငဖဲမြို့နယ်၊ စွန်တက်ကျေးရွာ၏ အရှေ့မြောက်ဖက်တွင် နှစ်နာရီကျော်ကြာ တိုက်ပွဲဖြစ်ခဲ့ဟု ဆိုသည်။
အပြန်အလှန်တိုက်ခိုက်မှုအပြီးတွင်လက်နက် ခဲယမ်း၊ စစ်အသုံး အဆောင်ပစ္စည်းများ၊ အလောင်းများနှင့်အတူ ကျောပိုးအိတ်အများအပြားကိုထားခဲ့ပြီး စကခ (၁၇) လက်အောက်ခံ တပ်များသည် တပ်လန်ကာဆုတ်ခွာသွားခဲ့ကြောင်း ဖော်ပြသည်။
စစ်ကောင်စီသည် ၎င်းတို့၏ စကခ (၁၇) အပြင် စကခ (၁၄) မှ တပ်ရင်းများတွင် စစ်ကောင်စီ၏ စစ်မှုမထမ်းမနေရဥပဒေအောက်၌ ပုံစံအမျိုးမျိုးဖြင့် အတင်းအဓမ္မ စစ်သားစုဆောင်းထားခြင်း၊ စစ်သင်တန်းပေးခြင်းကိုခံခဲ့ရပြီးနောက် စစ်သင်တန်းဆင်းလာကြသော ရဲဘော်သစ်များဖြင့် စုဖွဲထားသည့် တပ်ရင်းများကို အသုံးပြုကာ ပဲခူးတိုင်းနှင့်အာရက္ခဒေသထိစပ်နေသော နေရာများတွင် အင်အား (၁၅၀၀) ခန့် ထပ်တိုးကာ မရပ်မနား ထိုးစစ်များဆက်လုပ်နေ၍ ပဲခူး-ရက္ခိုင်အစပ် နေရာအချို့တွင် တိုက်ပွဲများ ပြင်းထန်လျက်ရှိဟု အသိပေးသည်။

မကွေးတိုင်းအတွင်း၌ စစ်ဆင်ရေးလုပ်နေခဲ့သော တပ်မ (၉၉) တပ်ရင်း၊ တပ်ဖွဲ့ဝင်များနေရာ၌ တပ်အပြောင်းအလဲလုပ်သောအားဖြင့် တပ်မ (၉၉) လက်အောက်ခံ၊ ခမရ (၁၀၉) မှာ မိခင်တပ်ရင်းသို့ တပ်နားရန်ရောက်ရှိနေသည်ကိုအမ်း-ပဒါန်း စစ်ဆင်ရေးတွင် အောင်မြင်မှုရခဲ့သည့်သဖွယ် ရှေ့တန်းပြန်အခမ်းအနားများဖြင့်ပြုလုပ်နေသည်မှာ ၎င်းတို့၏ စစ်မြေ ပြင်အရှုံးကို ဖုံးကွယ်ရန်ကြိုးစားခြင်းသာဖြစ်ကြောင်း AA က ထုတ်ပြန် သည်။
အဆိုပါအမှတ် (၉၉)ခြေလျင်တပ်မဌာနချုပ်၊အမှတ် (၉၉၂) နည်းဗျူဟာအဖွဲ့မှ အသက် (၄၆) နှစ်အရွယ်ရှိ ပြန်တမ်းဝင်အမှတ်၊ ကြည်း/၃၃၁၄၄ ဒုတိယဗိုလ်မှူးကြီးကျော်ကျော်သက်၊ ယာယီနည်းဗျူဟာမှူးအား မကွေး တိုင်း၊ ဂုတ်စီးရိုးဒေသ တိုက်ပွဲများတွင် ယခုနှစ် ဖေဖော်ဝါရီ ၄ရက် က ၎င်းနှင့်အတူ ၎င်း၏ ဗျူဟာရုံးအဖွဲ့ဝင် (၁၇) ဦးတို့အား AA က လက်ရဖမ်းမိထားကြောင်း အသိပေးသည်။
စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ လက်ရှိရင်ဆိုင်ထားကြသော နေရာများထဲမှပဲခူးတိုင်း၊ ပန်းတောင်မြို့နယ် ဆင်လမ်ကျေးရွာအနောက်ဘက်၊ ပဲခူးတိုင်း၊ပန်းတောင်မြို့နယ်၊ ညောင်ကျိုးကျေးရွာ၏အရှေ့မြောက်ဘက် တောင်ကြော၌ လည်းကောင်း၊ ဧရာဝတီတိုင်း-ရက္ခိုင်အစပ် စက်စက်ယိုရွာပတ်ဝန်းကျင်၌ လည်းကောင်း စစ်ကောင်စီသည် နေ့တိုင်း ထိုးစစ်ဆင်၍ တိုက်ပွဲများ ပြင်းထန်နေသည်ဟုဆိုသည်။
ဧရာဝတီတိုင်း-ရက္ခိုင်အစပ်၊ မကွေးတိုင်း-ရက္ခိုင်အစပ်နေရာများ၌ စစ်ကောင်စီသည် ၎င်းတို့ စစ်ရှုံး၍ ပေးထားခဲ့ရသောနေရာများကို ပြန်လည်ရရှိရန် အားထုတ်ကြိုးပမ်းနေသည်ဟုဖော်ပြသည်။

ထို့အပြင် အာရက္ခဒေသအတွင်း AA ဝန်းရံပိတ်ဆိုထားသော စစ်တွေ နှင့် ကျောက်ဖြူမြို့ရှိ လက်ကျန်စခန်းများ ထပ်မံ မကျစေရေးအတွက် ထိုးစစ်ဆင်လျက်ရှိသော်လည်း အာရက္ခတပ်တော်မှ တပ်ဖွဲ့ဝင်များ၏ ကြံ့ကြံ့ခံစိတ်ဓာတ်၊ စုစည်းညီညွတ် သောခုခံစစ်၊ တန်ပြန်ထိုးစစ်အောက်တွင် အထိအခိုက်အကျအဆုံး များစွာဖြင့်သာ ဆက်လက် ကြုံတွေ့နေရကြောင်း AA က ထုတ်ပြန်သည်။
၂၀၂၃ နိုဝင်ဘာလ (၁၃) ရက်မှစတင်ခဲ့သောအာရက္ခတပ်တော်၏ တိုက်ပွဲတိုင်းသည်အာရက္ခပြည်သူတစ်ရပ်လုံးမျှော်မှန်းထားသော ရည်မှန်းချက်များဖြစ်ကြောင်း၊ ရည်မှန်းချက်များအလုံးစုံအကောင်အထည်ဖော်တိုက်ပွဲများသည် ယခုဆိုလျှင် နှစ်နှစ်နီးပါးသို့တိုင် ရောက်ရှိလာခဲ့ပြီဖြစ်ကြောင်း ဖော်ပြသည်။
အနည်းငယ်သောလက်ကျန်ရည်မှန်းချက်များကို အာရက္ခပြည်သူ လူထုတစ်ရပ်လုံးနှင့်အတူလက်တွဲပြီးအာရက္ခပြည်သူလူထုတစ်ရပ်လုံး ရည်မှန်းထားသောရည်မှန်းချက်များအလုံးစုံအပြည့်အဝရရှိသည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း AAက ထုတ်ပြန်သည်။
(စစ်ကောင်စီတပ်နှင့် တိုက်ပွဲများဖြစ်ပွားမှုအပေါ် AAထုတ်ပြန်ထားသည့် မှတ်တမ်းဓာတ်ပုံများ။ ဓာတ်ပုံ − AA)
-
မွေးရာပါ ဦးခေါင်းထဲ အရည်တွေ စုပြုံနေတဲ့ hydrocephalus ရောဂါကို အခမဲ့ ခွဲစိတ်ကုသနိုင်ပြီး မှတ်တိုင်တစ်ခုစိုက်ထူ
လွတ်မြောက်နယ်မြေရောက် CDM ဆေးပညာရှင်တွေက မွေးရာပါ ဦးခေါင်းထဲ အရည်တွေ စုပြုံနေတဲ့ hydrocephalus ရောဂါကို အခမဲ့ ခွဲစိတ်ကုသနိုင်ပြီး မှတ်တိုင်တစ်ခုစိုက်ထူ
မန္တလေးဆေးတက္ကသိုလ် CDM ပါမောက္ခချုပ် ဒေါက်တာခင်မောင်လွင် ဦးဆောင်တဲ့ ဆေးပညာရှင်အဖွဲ့ဟာ Congenital Hydrocephalus လို့ ခေါ်တဲ့ မွေးရာပါ ဦးနှောက်အတွင်း အရည်တွေစုပြုံပြီး ဦးခေါင်းကြီးတဲ့ ဝေဒနာ ခံစားနေရတဲ့ ကလေးငယ် တစ်ဦးကို အခမဲ့ ခွဲစိတ် ကုသပေးနိုင်ခဲ့ပါတယ်။
“ တော်လှန်ရေးထဲမှာ နိုင်ရာဝင်ကူကြရင်း ဒါလေးတွေနဲ့ပဲ Moti (စိတ်ခွန်အား) ယူ။ All FOC (အားလုံးအခမဲ့) ပါ။ Congenital Hydrocephalus ပါ Ventriculoperitoneal Shunt ထဲ့ထားတာပါ” လို့ ဒေါက်တာခင်မောင်လွင်က သူ့ရဲ့ဖေ့ဘုတ်စာမျက်နှာမှာရေးသားပါတယ်။
ဒီရောဂါဟာ သန္ဓေသား ကြီးထွားလာချိန်မှာ ဖြစ်ပွားနိုင်ပြီး ဦးနှောက်ဖွံ့ဖြိုးမှု မှုမမှန်ခြင်းနဲ့လည်း ဆက်စပ်နေသလို နောက်ဆက်တွဲ ဆိုးကျိုးတွေလည်း ရှိပါတယ်။ ရောဂါလက္ခဏာတွေက ဦးခေါင်းကျယ်လာတာ၊ ဖောရောင်လာတာနဲ့ ကလေးရဲ့ ဉာဏ်ရည်အပေါ် သက်ရောက်မှု ဖြစ်ပေါ်နိုင်တာ စတာတွေ ဖြစ်ပါတယ်။
ဒီရောဂါကို ကုသတဲ့ နေရာမှာ ဦးနှောက်ထဲက အရည်တွေကို ဆင်းထွက်နိုင်ဖို့ ဗိုက်ဘက်ကို လှည့်ပေးတာ (ဒါမှမဟုတ်) လမ်းအသစ်ဖောက်ပေးတာ စတဲ့ ခေတ်မီခွဲစိတ်ကုသပုံတွေနဲ့ နိုင်ငံတကာမှာ ကုသနေကြပါတယ်။
လွတ်မြောက်နယ်မြေမှာရှိတဲ့ ဆေးပညာရှင်အဖွဲ့ဟာ အဆိုပါ ဝေဒနာရှင် ကလေးငယ်ကို Ventriculoperitoneal Shunt လို့ ခေါ်တဲ့ ဝမ်းဗိုက်ထဲ အရည်တွေ ဆင်းထွက်စေဖို့ ခွဲစိတ်ခဲ့ကြပြီး အခမဲ့ ကုသပေးကာ လွတ်မြောက်နယ်မြေက ဆေးပညာမှတ်တိုင်တခုကို စိုက်ထူခဲ့တာလည်း ဖြစ်ပါတယ်။





Photo – ဒေါက်တာခင်မောင်လွင် FB