Category: News

  • ထိုင်းက ဖမ်းဆီးထားသည့် ရွှေကုက္ကိုမှ လောင်းကစားရုံပိုင်ရှင်ကို တရုတ်ထံ လွှဲအပ်မည်

    ထိုင်းက ဖမ်းဆီးထားသည့် ရွှေကုက္ကိုမှ လောင်းကစားရုံပိုင်ရှင်ကို တရုတ်ထံ လွှဲအပ်မည်

    တရုတ်နိုင်ငံသား လောင်းကစားရုံပိုင်ရှင်အား တရုတ်နိုင်ငံထံ လွှဲအပ်ရေးကိစ္စနှင့်ပတ်သက်၍ သုံးနှစ်ကျော်ကြာ အမှုရင်ဆိုင်ခဲ့ပြီးနောက် တရားခံလွှဲပြောင်းရေးအမိန့်ကို ထိုင်းတရားရုံးတခုက အတည်ပြုခဲ့ကြောင်း ထိုင်းအစိုးရရှေ့နေက နိုဝင်ဘာ ၁၀ ရက်တွင် ထုတ်ပြန်သည့် ကြေညာချက်တွင် ပြောကြားခဲ့သည်။

    ကမ္ဘောဒီးယားနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသည့် အသက် ၄၃ နှစ်အရွယ် တရုတ်နိုင်ငံသား ရှဲကျိကျန်းကို ထိုင်းရဲတပ်ဖွဲ့က ၂၀၂၂ ခုနှစ်၊ ဩဂုတ်လတွင် ဖမ်းဆီးခဲ့သည်။ ရှဲကျိကျန်းသည် တရားမဝင် အွန်လိုင်းလောင်းကစား လုပ်ငန်းများ လုပ်ကိုင်နေကြောင်း တရုတ်နိုင်ငံက စွပ်စွဲခဲ့ပြီး အနီရောင်အဆင့် သတိပေးချက် ထုတ်ပြန်ပေးရန် နိုင်ငံတကာရဲတပ်ဖွဲ့ထံ တောင်းဆိုခဲ့ရာ နိုင်ငံတကာဖမ်းဝရမ်းဖြင့် ၎င်းကို ဖမ်ဆီးခဲ့ခြင်း ဖြစ်သည်။

    ရှဲကျိကျန်းအား တရုတ်နိုင်ငံသို့ လွှဲအပ်ရန် ထိုင်းရာဇဝတ်တရားရုံးက ၂၀၂၄ ခုနှစ်၊ မေလတွင် အမိန့်ချမှတ်ခဲ့သော်လည်း အဆိုပါအမိန့်သည် ဥပဒေချိုးဖောက်ရာရောက်သည်ဟုဆိုကာ ၎င်း၏ရှေ့နေအဖွဲ့က အယူခံဝင်ခဲ့ခြင်းဖြစ်သည်။

    ထိုတရားခံလွှဲပြောင်းရေးအမိန့်သည် တရားဥပဒေနှင့်ညီကြောင်း ထိုင်းဖွဲ့စည်းပုံ အခြေခံဥပဒေရုံးက ပြီးခဲ့သည့်လတွင် ဆုံးဖြတ်ခဲ့သည်။

    “ရှဲသည် တရားမဝင် ကာစီနိုလုပ်ငန်းများ လုပ်ကိုင်မှုဖြင့် တရားရင်ဆိုင်ရန် တရုတ်နိုင်ငံထံ လွှဲပြောင်းခံရမည်ဖြစ်ကြောင်း” ထိုင်းအစိုးရရှေ့နေရှေ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    ၎င်းအား စွပ်စွဲချက်တင်ထားသည့် ပြစ်မှုများတွင် ငွေလုံးငွေရင်း ဘတ် ၁၂ ဒသမ ၆၃ ထရီလီယံကျော်ရှိသည့် လောင်းကစားဝက်ဘ်ဆိုက် ၂၃၉ ခု တည်ထောင်၊ လုပ်ကိုင်သည့်အမှုလည်း ပါဝင်သည်။

    “၎င်းသည် မြန်မာနိုင်ငံ၊ ရွှေကုက္ကိုမြို့သစ်တွင် ကာစီနိုရုံနှစ်ခု တည်ထောင်လုပ်ကိုင်ခဲ့ကြောင်းလည်း စွပ်စွဲခံထားရပြီး တရုတ်နိုင်ငံသားများအား အွန်လိုင်းပလက်ဖောင်း အမျိုးမျိုးမှ လောင်းကစားလှုပ်ရှားမှုများတွင် ပါဝင်ရန် သွေးဆောင်စည်းရုံးခဲ့ကြောင်း စွပ်စွဲခံထားရသည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    ရှဲက အမှားတစုံတရာ ကျူးလွန်ထားခြင်းမရှိကြောင်း ဆက်လက်ငြင်းဆိုလျက်ရှိပြီး တရုတ်တွင် ၎င်းကို ဖွင့်လှစ်ထားသည့် အမှုမှာ နိုင်ငံရေးအရ လှုံ့ဆော်ခြင်းဖြစ်ပြီး ၂၀၁၁ ခုနှစ်ကတည်းက စွဲချက်တင်ထားသော ပြစ်မှုများကို အခြေခံထားခြင်းဖြစ်ကြောင်း ၎င်း၏ရှေ့နေ ဆန်ညာ အီယာဒ်ဂျွန်ဒီးက Reuters သတင်းဌာနသို့ ပြောသည်။

    အယူခံတရားရုံးက နိုဝင်ဘာ ၆ ရက်တွင် စီရင်ချက်ချမှတ်ခဲ့ခြင်းဖြစ်ပြီး ယင်းစီရင်ချက်ကို နိုဝင်ဘာ ၁၀ ရက်တွင် ရှဲနှင့် ရှေ့နေအဖွဲ့ထံ အသိပေးခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။ ရှဲကို ဘန်ကောက် ရာမန်အကျဉ်းထောင်တွင် ထိန်းသိမ်းထားသည်။

    ထိုင်းအစိုးရဌာနများအနေဖြင့် ရှဲကို တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးနိုင်ရေး ညှိနှိုင်းဆောင်ရွက်ရန် ရက်ပေါင်း ၉၀ အချိန်ရမည်ဖြစ်ကြောင်း ဆန်ညာက ပြောသည်။

    ဖမ်းဆီးခံရချိန်တွင် ရှဲသည် ထိုင်း-မြန်မာနယ်စပ်ရှိ ရွှေကုက္ကိုဟုခေါ်သည့် ဒေါ်လာ ၁၅ ဘီလီယံ တန်ကြေးရှိ ကာစီနို၊ ဖျော်ဖြေရေးနှင့် ခရီးသွားလုပ်ငန်းတို့ပါဝင်သော လောင်းကစားအင်ပါယာကို ဦးဆောင်နေခဲ့သည်။

    ဒေသတွင်း ငွေလိမ်လုပ်ငန်းများ၊ လူကုန်ကူးမှုကွန်ရက်များနှင့်ဆက်နွှယ်မှုများကြောင့် ရွှေကုက္ကိုနှင့် ဆက်စပ်သော ကုမ္ပဏီကိုးခုနှင့် လူပုဂ္ဂိုလ်များကို အမေရိကန်ဘဏ္ဍာရေးဌာနက စက်တင်ဘာလတွင် ဒဏ်ခတ်ပိတ်ဆို့ အရေးယူခဲ့သည်။

    ထိုင်း၊ မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယားတို့ကြားရှိ နယ်စပ်ဒေသများသည် ကိုဗစ်-၁၉ ကပ်ရောဂါကာလမှစ၍ အွန်လိုင်းငွေလိမ်လုပ်ငန်းများအတွက် အချက်အချာနေရာများဖြစ်လာခဲ့ပြီး အဆိုပါငွေလိမ်လုပ်ငန်း ခြံဝန်းကြီးများတွင် အဓမ္မ အလုပ်စေခိုင်းရန် လူထောင်ပေါင်းများစွာကို လူကုန်ကူးမှုမှ ဒေါ်လာဘီလီယံပေါင်းများစွာ ရရှိခဲ့စေသည်ဟု ကုလသမဂ္ဂက ပြောကြားထားသည်။

  • မိုးမလင်းကြက်မတွန်အနှစ်ချုပ်

    မိုးမလင်းကြက်မတွန်အနှစ်ချုပ်

    ဇာတ်လမ်းအစ- ထုတ်လုပ်သူနဲ့ ဒေါက်တာမလေး အကြီးအကျယ်ခမ်းခမ်းနားနားမင်္ဂလာဆောင် (မင်းသားတိုင်းကို အရံလုပ်ခိုင်းပီး သူ မင်းသားတက်လုပ် vedio clip ဝက်ဝက်ကွဲအောင်မြင်)

    ၂။ အဲ့ဒမှာ ပါလေရာဖော်ကောင်စိန်လုပ်သူ ဒါရိုက်တာဟောင်းကြီးက (PHTH) မင်ဂါဆောင်တဲ့ ထုတ်လုပ်သူဟာ သူအကြာကြီးတွဲခဲ့တဲ့ မင်းသမီး TTMT ကိုမယူပဲ သိက္ခာရှိ ပညာတတ်သူကိုသာယူကြောင်း ထပြော

    ၃။ သတင်း မီဒီညာ အတုတွေကလဲ PHTHကို သံယောင်လိုက်ပီး မမင်းသမီး TTMT ပလစ်ခံရသလို စားပီးထွေးထုတ်ခံရသလိုတွေ ဗလဗွ ရေးတင်ကြရော

    ၄။ အဲ့တော့ မင်းသမီး TTMT က ပို့စ်ကောက်တင်ရော သူ ထားခဲ့ ခံရတာ မဟုတ်ကြောင်း

    သူမကသာအဲ့ ထုတ်လုပ်သူက သူနဲ့တွဲတဲ့ ၄နှစ်အတွင်း အယောက်၅၀လောက်နဲ့ ဖောက်ပြန်ခဲ့လို့ သူ့စရိုက်ကိုသိလို့ ပြင်ရမှာမဟုတ်လို့ ထားခဲ့ခြင်းဖြစ်ကြောင်း ရှင်းပြ (အဲ့ရှင်းပြ အဆင့်မှာရပ်ရင် ခုလိုပွဲထပ်ဖြစ်မှာမဟုတ်ဟုထင်မိ)

    အဲ့မှာမရပ်ပဲ အဲ့ ထုတ်လုပ်သူဟာဆိုရင်ဖြင့် မင်ဂါမဆောင်ခင်ညထိ သူ့ဆီဖုန်းခေါ်ကြောင်း my day တွေမှာ နေနိုင်အောင်ကြိုးစားနေကြောင်း လာပီး ment တာတာတွေကို ss ကြီးနဲ့တင်ချရော

    ၅။ အဲ့မှာ မင်ဂါဦး ဇနီးမောင်နှံ ပွဲတွေထဖြစ်ကြရောနေမှာပေါ့

    ၆။နောက်တနေ့ကျ ထုတ်လုပ်သူက မင်းသမီးရော မင်းသမီးအမေရောကိုပါတောင်းပန်လို့ ပို့စ်ကို only me ပေးမည်ဖြစ်ကြောင်းရေးတင်

    ၇။ အဲ့မှာကြားထဲက နဂို အစကနဦးကတည်းက မင်းသမီးကို အမြင်ကပ်နေသူတစ်ဦးက ( မအောင်မြင်ခဲ့သောဒါရိုက်တာPK ရဲ့ ဇနီးလို့ပြောတာပဲ) မင်းသမီးဟာ အရင်ကတည်းကမကောင်းကြောင်း စကားရှုပ်အတင်းပြောတတ်ကြောင်း သူ့ယောင်္ကျား မရိုက်ရအောင်တွေ လုပ်ကြောင်း အောက်လမ်းတွေလုပ်တတ်ကြောင်း မင်းသမီးလဲ သူများကိုသာပြောတာ သူမကိုယ်တိုင်လဲ တခြားသူနဲ့တွဲကြောင်း ဖောက်ပြန်ကြောင်း ရေးတင်

    ၈။ နောက်တစ်ခါ မင်းသမီး (HYME) ကလဲ ခုန ဒါရိုက်တာ PK ဇနီး တင်တဲ့ပို့စ်ကို ထောက်ခံကြောင်း ဘာညာပေါ့ မင်းသမီး TTMT အောက်လမ်းသုံးကြောင်းဘလာဘလာတွေရေးကြီး ထုတ်လုပ်သူ လင်မယားဖက်ကရေးတင်ရော

    ၉။ အဲ့မှာ မင်းသမီး TTMT က ဒါရိုက်တာ PK က သူ့ဟာသူအရည်အချင်းမရှိလို့ မအောင်မြင်တာ သူနဲ့မဆိုင်ကြောင်း ဒါရိုက်တာ PK ဇနီးကသာ ထုတ်လုပ်သူကို ကပ်ဖူးကြောင်း ဘာညာဘာညာ ပြန်ဖြဲရော (ကိုကြီး မုန့်ဟင်းခါးစားမလား အုန်းနို့ခေါက်ဆွဲ စားမလား စမူဆာကြီး ကျွေးလိုက်ပါလားတဲ့ မင်းသမီးက )

    ၁၀။ဒါရိုက်တာ PK ဇနီးကလဲ ငိုယိုပီး live ပြန်လွှင့်ရော မင်းသမီးက စကားရှုပ်လို့ သူတို့လင်မယား ကွဲခါနီးထိဖြစ်ရကြောင်း တွေပေါ့

    ၁၁။အဲ့လိုတွေရှုပ်နေရတဲ့ ကြားထဲ နှစ်ချို့ လူပြိုသိုးကြီး (ငါ့ ဘစိုင်းမဟုတ်) က ပို့စ်ထတင်ရော ဆရာဝန်မလေးက သူ့သူငယ်ချင်းဖြစ်ကြောင်း (သူ့အသက်ကြီးမှ အားမနာ ) ထုတ်လုပ်သူကို ဆရာဝန်မနဲ့ သူပဲမိတ်ဆက်ပေးကြောင်း အစက တားခဲ့သေးကြောင်း (မလုပ်ပါနဲ့ မလုပ်ပါနဲ့ ဟိုးစတော့ မလုပ်ပါနဲ့ ) ထုတ်လုပ်သူက မင်းသမီးနဲ့ နိုဝင်ဘာ ၂၀၂၄ထဲက ပီးပြတ်ကြောင်း ထုတ်လုပ်သူကို ဆရာဝန်မလေး အသိုင်းအဝန်းက အပျော်ကြံလို့မရသောအသိုင်းအဝိုင်းဖြစ်လို့ အတည်ကြံခိုင်းခဲ့ကြောင်း ဆရာဝန်မလေးက ၆လနေမှ အဖြေပေးကြောင်း (တွက်ကြည့်တာတော့ မေလ မှာ ဖြစ်နိုင်)
    ထုတ်လုပ်သူကလဲ Ex မင်းသမီးဆီ တစ်ခါတာဖုန်းဆက်ဖူးကြောင်း အလုပ်ကိစ္စပြောရန်သာဖြစ်ကြောင်း(မင်းသမီးက မဟုတ်မမှန်ပြောသလို)
    My day မှာရေးတာကလဲ မင်းသမီးmyday မှာမဟုတ်ပဲ မင်းသမီးသူငယ်ချင်းများရဲ့ my day တွေမှာသာလိုက်ရေးခြင်းဖြစ်ကြောင်း
    ဆရာဝန်မလေး သိက္ခာတွေထက်ချထပ်ရေးထပ်ပြောကြရင် ကာယကံရှင်ရဲ့ ဆန္ဒသာဖြစ်ကြောင်း ခြိမ်းခြောက်သွား (ကာယကံရှင်ဆန္ဒပေါ့ သူ့ဆန္ဒနဲ့ ဘာလုပ်ချင်သေးတာတုန်း အဲ့ KKTT ကလဲ ဟွာ အင်မတန်ရှည်)

    ၁၂။အဲ့မှာ Exမင်းသမီးက မခံမရပ်နိုင်ဖြစ်ပီး ညတွင်းချင်း live ထပ်လွှင့်ပီး KKTT ကို မရှက်ဖူးလားဆိုပီး ထဖြဲ
    ဆရာဝန်မလေး အသိုင်းအဝိုင်း ကို အပျော်ကြံမရဘူးလို့ရေးတော့ ကျမမိဘကရော ဘာဖြစ်နေလို့လဲ အပျော်ကြံလို့ရတဲ့ အသိုင်းအဝိုင်းလား ကျမနဲ့ဖြစ်နေတုန်းကကျ အပျော်မကြံဖို့ ဘာလို့မပြောကြတာလဲ ဘာညာပေါ့

    ပီးတော့ ဖုန်းဆက်တာကလဲ ဩဂုတ်လ ၈ရက် မနက် ၃:၄၆ မိနစ်ဆိုပီး ss ကြီးနဲ့တကွပြသွား
    မနက် ၃:၄၆မှာ exဆီဖုန်းဆက်ပီး အလုပ်ကိစ္စပြောချင်လို့ဆိုတာ ဖြစ်နိုင်လား ဘာညာသာရကာ နေကြာကွာစိ

    သူမ သူငယ်ချင်း my day တွေမှာပဲ လိုက်ရေးမှာပေါ့ သူမက block ထားတာကို လို့ပြန်လည်ချေပ

    အုပ်စုလိုက်ဝိုင်းမပါ မ တာ လက်ခံတယ် သူမကိုတော့ မထိနဲ့တဲ့

    ထုတ်လုပ်သူက Drမလေးကို မြင်မြင်းချင်း ကြိုက်တယ်ဆိုတာကိုလဲ မင်းသမီးကပြော –
    သူက မျက်စိရှေ့တွေ့သမျှအကုန်ကြိုက်တယ် သူ့ရှေ့ ဝါးကားတောင် ဖြတ်မောင်းလို့မရဘူးတဲ့ (ဒါတော့ မမအေမီ သိပ်နားမလည် )

    ၁၃။ခု မင်းသမီးက ပို့စ်ထပ်တင်ထား သူနဲ့ ထုတ်လုပ်သူကြား အလုပ်ကိစ္စပြောရန်ဖြစ်လာတာက August ၂၆မှ ဖြစ်ပီး ထုတ်လုပ်သူ အချိန်မတော်ဖုန်းဆက်တာက August ၆ရက်ဖြစ်ကြောင်း ဘာအလုက်ကိစ္စမှ ပြောရန်မရှိသေးကြောင်း

    ၁၄။ဒီကိစ္စမှာ ဖြိုးလေး ဝါဆိုမိုးဦးအတွဲ နာမည်ပါနေရင်တော့ဖြင့် ထုတ်လုပ်သူ မင်ဂါဆောင်နေ့ interview မှာ သူတို့အတွဲက မြှားနတ်မောင်ဖြစ်ကြောင်း ပြောထားလို့ KKTT နဲ့ ဘယ်သူက မြှားနတ်မောင်အစစ်လဲဆိုတာ သိချင်နေကြလို့ ထည့်ရေးနေကြခြင်းဖြစ်ကြောင်း

    ၁၅။နောက်ထပ် မော်ဒယ် အကယ်ဒမီမ (ZA) နာမည်ပါနေတာက KKTT က သူ့friend Dr မလေးက ၆လကြာမှ အဖြေပေးကြောင်းပြောသော်လဲ ZA က ကျ ထုတ်လုပ်သူ မင်ဂါပွဲကို ၆လ အချိန်ယူပြင်ဆင်ထားကြောင်း ပြောထားလို့ တစ်နှစ်အတွင်း အဖြစ်အပျက်မြန်ဆန်မှုကို ရေးနေကြခြင်းတာဖြစ်ကြောင်း

    မတ်မတ်အေမီ ဖန် များအား သိစေအပ်ပါသည်ရှင်

    တော်သေးဘီ

    PHTH = လွှမ်းပိုင်သီချင်းထဲ ထည့်ဆဲသောဘဲကြီး

    TTMT= mask singer မှာတုန်းက ဘယ်အရုပ်တက်ဆိုဆို ထွန်းထွန်းက လက်ညိုးကြီးထိုးပီး ထထအော်တဲ့ သံသာမိုးသိမ့်

    HYME= ကိုးရီးယားမှာ နေထိုင်သော ယခင် Myanmar idol ကကောင်ရဲ့ ex

    PK= ဒါနော့ ကျမလဲမသိ သူများPK လို့ လိုက်ပီကေနေရတာ

    KKTT= ပိုလီယို ဇာတ်ရုပ် ကျပ်မပြည့်ဇာတ်ရုံများ အင်မတန်ပိုင်သော အသက် ၄၀ကျော် ရက်ပ်အဆိုတော်အကယ်ဒမီမင်းသား

    ZA = ရေးချင်တာကတော့ ——-မလို့ ရေးချင်တာပဲ မရေးတော့ပါပု

    ဘယ်ကြားမှ မဝင်ကြနှင့်

    ကိုယ်တွေ့ ကိုယ်တွေ့

  • ရခိုင်မှ မြို့လေးမြို့ကိုပြန်ပေးရန် တရုတ်မှတစ်ဆင့် စစ်ကော်မရှင်တောင်းဟု သတင်းထွက်

    ရခိုင်မှ မြို့လေးမြို့ကိုပြန်ပေးရန် တရုတ်မှတစ်ဆင့် စစ်ကော်မရှင်တောင်းဟု သတင်းထွက်

    (AA ကပြန်ပေးရန် ငြင်းဆိုရာမှ အငြိုးအတေးဖြင့် ရခိုင်လူနေကျေးရွာရပ်ကွက်များကို ဗုံးကြဲနေခြင်းဟုဆို)

    နိရဉ္စရာ၊ နိုဝင်ဘာ ၉/၂၀၂၅

    စစ်ကော်မရှင်သည် အာရက္ခတပ်တော် (AA) တိုက်ခိုက်သိမ်းပိုက်ထားသည့် ဂွ၊ သံတွဲ၊ တောင်ကုတ်နှင့် အမ်းတို့ကို ရွေးကောက်ပွဲပြုလုပ်ရန်အတွက် တရုတ်မှတစ်ဆင့် ပြန်ပေးရန် တောင်းဆိုရာ အာရက္ခတပ်တော် (AA) ပြန်ပေးရန် ငြင်းဆိုရာမှ ရခိုင်လူနေ ကျေးရွာရပ်ကွက်များကို အငြိုးအတေးဖြင့် ဆက်တိုက်ဗုံးကြဲနေခြင်းဖြစ်ကြောင်း အမည်မဖော်လိုသူ နိုင်ငံရေးအသိုင်းအဝိုင်းနှင့် နီးစပ်သူ တစ်ဦးက ပြောသည်။

    “ စစ်ကော်မရှင်က တရုတ်ကနေ တစ်ဆင့် အေအေသိမ်းထားတဲ့ မြို့တွေအထဲက တောင်ပိုင်း မြို့နယ်တွေ ဖြစ်ကြတဲ့ သံတွဲ၊ ဂွ၊ တောင်ကုတ်နဲ့ အမ်းကို ရွေးကောက်ပွဲကျင်းပဖို့ ပြန်တောင်းတယ်လို့ ကြားရတယ်။ ဒါကို အေအေခေါင်းဆောင်တွေက ငြင်းတော့ အငြိုးအတေးနဲ့ ရခိုင်က လူနေ ကျေးရွာ၊ ရပ်ကွက်တွေကို ဗုံးကြဲနေတာလို့ သိရပါတယ်”ဟု ၎င်းက ပြောသည်။

    ၎င်းမြို့နယ်လေးခုကို အောက်တိုဘာလကို နောက်ဆုံးထားပြီး ပြန်ပေးရန် တရုတ်ကနေတဆင့် AA ထံမှ တောင်းခံခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

    “စစ်ခေါင်းဆောင်တွေက တရုတ်နဲ့ ဖိအားနဲ့ လာရှိုးတို့၊ သီပေါ၊ မိုးကုတ်၊ မိုးမိတ်တို့ကို ပြန်တောင်းလို့ ရသလိုမျိုး ရခိုင်ဘက် မြို့တွေကိုလည်း တောင်းရင် ရမယ်လို့ထင်လို့ တောင်းတာ။ ကျွန်တော် သိရသလောက်တော့ သူတို့ ရွေးကောက်ပွဲကျင်းပချင်နေတဲ့ တောင်ကုတ်၊ သံတွဲ၊ အမ်းနဲ့ ဂွပေါ့။ အဲသလို တောင်းပြီးတဲ့နောက်မှာ အေအေခေါင်းဆောင်တွေလည်း တရုတ်နဲ့ အတွေ့မခံဘဲ ရှောင်နေရတယ်လို့ ကြားတယ်”ဟု ၎င်းက ဆက်လက်ပြောကြားသည်။

    AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်၊ ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်တို့ကိုလည်း တရုတ်က ၎င်းမြို့များကို ပြန်ပေးရန် ဖိအားပေးမှုများရှိနေသည်ဟု ၎င်းက ဆိုသည်။

    စစ်ကော်မရှင်သည် အဆိုပါ မြို့ လေးမြို့ကို ပြန်ရလိုသဖြင့် AA ခေါင်းဆောင်များ ကိုဖိအားပေသည့် အနေဖြင့် နိုဝင်ဘာလဆန်းမှစပြီး ရခိုင်ပြည်ရှိ လူနေ ရပ်ကွက်ကျေးရွာများကို ဗုံးကြဲ တိုက်နေခြင်း ဖြစ်သည်ဟု ၎င်းက ပြောဆိုသည်။

    “ သူတို့ စစ်ကော်မရှင်ရဲ့ နောက်ဆုံးအဆင့်က လူနေ ရပ်ကွက်ကျေးရွာကို ဗုံးကြဲပြီး အေအေကို ဖိအားပေးရေးဘဲ။ ဒါကြောင့် ဆက်လက်ပြီးလည်း ဗုံးကြဲမှုတွေကို ဆက်တိုက်ပြုလုပ် လာနိုင်တဲ့အတွက် ရခိုင်ပြည်သူတွေ အထူးသတိထားဖို့ လိုအပ်ပါတယ်”ဟု ပြောဆိုသည်။

    ယခုလို မြို့ လေးမြို့ကို စစ်ကော်မရှင်က တရုတ်ကနေ တဆင့် တောင်းဆိုခြင်းနှင့် ပတ်သက်ပြီး အာရက္ခတပ်တော် ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခအား ဆက်သွယ်မေးမြန်း၍ မရသေးသလို AA ဘက်ကလည်း တရားဝင် တစ်စုံတစ်ရာထုတ်ပြန်မှု မရှိသဖြင့် နိရဉ္စရာအနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်းတော့ မရှိသေးပါ။

  • စစ်တပ် ဝါဒဖြန့် ရွေးကောက်ပွဲ လှုံ့ဆော်ရေးအတွက် နာမည်ကြီး ဒါရိုက်တာများကို ရိုက်ခိုင်းနေ

    စစ်တပ် ဝါဒဖြန့် ရွေးကောက်ပွဲ လှုံ့ဆော်ရေးအတွက် နာမည်ကြီး ဒါရိုက်တာများကို ရိုက်ခိုင်းနေ

    အာဏာသိမ်းစစ်တပ်က ရွေးကောက်ပွဲအတွက် ဝါဒဖြန့်ဖို့ လှုံ့ဆော်ရေး စာသားတွေကို ပြည်တွင်းမှာရှိတဲ့ နာမည်ကြီး အနုပညာရှင်တွေနဲ့ ဒါရိုက်တာ ဝိုင်း၊ ဒါရိုက်တာ ဝင်းလွင်ထက်၊ ဒါရိုက်တာ ဩရသ နဲ့ မီးပွားတို့က ရိုက်ကူးပေးနေရတယ်လို့ ရုပ်ရှင်လောက အသိုက်အဝန်းဆီက သိရပါတယ်။

    စစ်တပ်က ရွေးကောက်ပွဲဝါဒဖြန့်ဖို့ အနုပညာရှင် တော်တော်များများကို အဓမ္မ ဖိအားပေး ရိုက်ခိုင်းနေပြီး၊ ရုပ်ရှင်လောကက နာမည်ကြီး သရုပ်ဆောင်တွေ အပါအဝင်၊ ဇာတ်ပို့တွေ၊ အလှမယ်တွေ၊ အဆိုတော်တွေ အားလုံးနီးပါး ရိုက်ကူးပြီးသွားပြီလို့ ရုပ်ရှင်လောကနဲ့ နီးစပ်သူဆီက သိရပါတယ်။

    လက်ရှိအချိန်ထိ ရိုက်ကူးပြီးတဲ့ အနုပညာရှင်တွေကတော့ ထွန်းအိန္ဒြာဗို၊ ခိုင်သင်းကြည်၊ အေးမြတ်သူ၊ ဝတ်မှုန်ရွေရည်၊ ဖွေးဖွေး၊ ဟိန်းဝေယံ၊ စိုးပြည့်သဇင်၊ ခင်လှိုင်၊ အောင်ရဲလင်း၊ အလင်းရောင်၊ တိုင်ရွန် ထူးအောင်၊ ညီနန္ဒ၊ ခင့်ဝင့်ဝါ၊ အလှမယ် သဲစုငြိမ်း၊ ရွှေမှုန်ရတီ၊ ရွှေထူး ၊ကျော်ထက်အောင် စတဲ့ အနုပညာရှင်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။

    ရုပ်ရှင်လောကနဲ့ နီးစပ်သူက “ရုပ်ရှင်လောကက လူတွေ ကုန်သလောက်ပေါ့။ အများကြီးပဲ။ ရိုက်ကူးတဲ့ပုံစံက နောက်မှာ Backdrop ထောင်ပြီး သရုပ်ဆောင်တွေက Backdrop ရှေ့မှာ ရိုက်ကူးရေးလုပ်၊ ဘာတွေ လုပ်ရလဲဆိုတော့ ရွေးကောက်ပွဲ စာသားတွေ ရွတ်ရ၊ အဲဒီမှာ Backdrop က အဖြူရောင် အောက်ခံမှာ လိုဂိုတွေ စားသားတွေက အစိမ်းတွေချည်းပဲ။ ကြည့်လိုက်တာနဲ့ ထင်းခနဲဆို ကြံ့ဖွံ့ဆိုတာ တန်းမြင် တန်းသိအောင် လုပ်ထားတဲ့အတိုင်း။ တကယ့် အစိမ်းပဲ”လို့ ပြောပါတယ်။

    ရွေးကောက်ပွဲ ဝါဒဖြန့်မှု ရိုက်ကူးရေးတွေမှာ မပါဝင်လို့ နိုဝင်ဘာ ၅ ရက်က ဖမ်းဆီးခံခဲ့ရတဲ့ နာမည်ကြီးသရုပ်ဆောင် ဖွေးဖွေးဟာ လက်ရှိမှာတော့ ပြန်လည်လွတ်မြောက်လာခဲ့ပြီလို့ သိရပါတယ်။

    အဆိုတော်တွေနဲ့ သဘင်လောကက အနုပညာရှင်တွေကိုတော့ မြန်မာ့အသံက တာဝန်ယူ ရိုက်ကူးပေးနေတယ်လို့ သိရပြီး၊ အရင်က နိုင်ငံရေးနဲ့ အနုပညာရှင် မပက်သက်ဘူးဆိုပြီး နိုင်ငံရေးနဲ့ အဝေးဆုံးမှာ နေခဲ့တဲ့ အဆိုတော် ဝေလလည်း ရိုက်ကူးရေး လုပ်ပေးနေရပါတယ်။

    နောက်ထပ် စစ်တပ် ဝါဒဖြန့် ရုပ်ရှင်ကားတွေလည်း ဒါရိုက်တာ တင်အောင်စိုး (ပန်းမြို့တော်)၊ ဒါရိုက်တာ ဝိုင်း၊ ဝင်းလွင်ထက် ၊ မီးပွား ၊ သြရသတို့က ရိုက်ကူးပေးရဖွယ်ရှိနေပါတယ်။

    စစ်ကောင်စီရဲ့ ဝါဒဖြန့်ရုပ်သံတွေမှာ မပါဝင်လိုဘဲ အဓမ္မ အကျပ်ကိုင် ခိုင်းစေလို့ ပါဝင်ခဲ့ရတဲ့ အနုပညာရှင်တွေရှိသလို မိမိဆန္ဒအလျောက် စစ်တပ်ကို ထောက်ခံပြီး ပါဝင်ဆောင်ရွက်နေကြတဲ့ အနုပညာရှင်တွေလည်းရှိပါတယ်။

    တဖက်မှာလည်း စစ်တပ်ရဲ့ ရွေးကောက်ပွဲဝါဒဖြန့်ရုပ်သံတွေမှာ ပါဝင်သရုပ်ဆောင်ထားကြတဲ့ သရုပ်ဆောင်တွေ အကုန်လုံးကို လူမှုရေးပြစ်ဒဏ်ခတ်ဖို့ တောင်းဆို လှုပ်ရှားမှုတွေလည်း ရှိနေပါတယ်။

  • ထိုင်းမှာ နေ့လယ်ပိုင်း အရက်သောက်ရင် ဒဏ်ရိုက်ခံရမယ့် ဥပဒေ စတင် အသက်ဝင်

    ထိုင်းမှာ နေ့လယ်ပိုင်း အရက်သောက်ရင် ဒဏ်ရိုက်ခံရမယ့် ဥပဒေ စတင် အသက်ဝင်

    ထိုင်းနိုင်ငံမှာ အသက်ဝင်လာတဲ့ ဥပဒေသစ်အရ အများနဲ့ သက်ဆိုင်တဲ့ ဧရိယာတွေမှာ ခွင့်ပြုချိန် ပြင်ပ အရက်သောက်ရင် ဒဏ်ငွေဆောင်ရတော့မယ်လို့ သိရပါတယ်။

    အရက်သေစာ ထိန်းချုပ်ရေးဆိုင်ရာ ဥပဒေသစ်ဟာ နိုဝင်ဘာ ၈ ရက်နေ့မှာ စတင် အသက်ဝင်ပါတယ်။ ထိုင်းက စူပါမားကက်တွေ၊ စျေးဆိုင်တွေမှာ နေ့လယ် ၂ နာရီကနေ ၅ နာရီအတွင်း ကန့်သတ် ပိတ်ပင်ထားမှုဟာ ၁၉၇၂ ခုနှစ်ကတည်းက ဥပဒေ ရှိထားပြီးသားပါ။ ဒါပေမဲ့ ဥပဒေ အသစ်ကတော့ အဲဒီ အချိန်ကာလအတွင်း အရက်သောက်မှုကိုပါ ကန့်သတ်လာမှာ ဖြစ်ပါတယ်။

    တားမြစ်ချိန်အတွင်း တားမြစ်ထားတဲ့ နေရာတွေမှာ အရက်သောက်ရင် အနည်းဆုံး ဒဏ်ကြေး ဘတ် ၁၀၀၀၀ လောက် ပေးရမယ်လို့ ဥပဒေက ပြဋ္ဌာန်းထားပါတယ်။ ဒါဟာ အမေရိကန်ဒေါ်လာ ၃၀၀ ဝန်းကျင်လောက်နဲ့ ညီမျှပါတယ်။

    ဒါပေမဲ့ ဥပဒေမှာ ခြွင်းချက်နဲ့ ခွင့်ပြုထားတာတွေတော့ ရှိပါတယ်။ ဟိုတယ်တွေ၊ လိုင်စင်ရ ဘားတွေ၊ ဖျော်ဖြေရေးဆိုင်ရာ ဝန်ဆောင်မှု လုပ်ငန်းတွေ၊ လေဆိပ်တွေမှာတော့ အချိန်ကန့်သတ်ချက် မရှိဘဲ အရက်ကို တည်ခင်းခွင့်၊ ရောင်းချခွင့် ရှိပါတယ်။ ဥပဒေသစ်ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ သောက်သုံးသူတွေကိုယ်တိုင် ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းကြစေဖို့ ဖြစ်ပါတယ်။

    အရက်ကြော်ငြာနဲ့ ပတ်သက်တဲ့ ဥပဒေတွေကလည်း ပိုပြီး တင်းကျပ်လာပါတယ်။ အရက်ကုမ္ပဏီတွေဟာ ထုတ်လုပ်တဲ့ ကုန်ပစ္စည်းရဲ့ အချက်အလက်တွေကို မှန်မှန်ကန်ကန် တိတိကျကျ၊ ဖော်ပြရမှာ ဖြစ်ပါတယ်။ နောက်ပြီး အနုပညာရှင်တွေ၊ လူသိထင်ရှား ပုဂ္ဂိုလ်တွေဟာ အရက်ကြော်ငြာခွင့် ရှိတော့မှာ မဟုတ်ပါဘူး။

    တချို့ အရက်ဘားတွေ၊ စားသောက်ဆိုင် ပိုင်ရှင်တွေကတော့ ဥပဒေသစ်ကြောင့် လုပ်ငန်းထိခိုက်လာမှာကို စိုးရိမ်တယ်လို့ ပြောပါတယ်။

    ဖောက်သည်တစ်ယောက်ဟာ နေ့လယ် ၂ နာရီ မတိုင်ခင်မှာ ဘီယာ ဝယ်လို့ရပေမယ့် ၂ နာရီ ကျော်သွားရင် ဆက်ပြီး သောက်ခွင့် မရှိတော့ဘူး ဆိုတာမျိုး ဖြစ်နေကြောင်း၊ ဒီတားမြစ်ချက်မျိုးဟာ စားသောက်ဆိုင် လုပ်ငန်းတွေကို သေချာပေါက် သက်ရောက် ထိခိုက်စေနိုင်ကြောင်း ထိုင်းစားသောက်ဆိုင်များ အဖွဲ့ချုပ် ဥက္ကဋ္ဌ ချာနွန် ကော့တ်ချာရုန်းက ပြောကြားခဲ့ပါတယ်။

    သတ်မှတ်ချိန် ပြင်ပမှာ အရက်သောက်ရင် ဒဏ်ကြေးချမယ်ဆိုတဲ့ သတ်မှတ်ချက်ကြောင့် ရောင်းအား ထက်ဝက်လောက် ကျသွားနိုင်တယ်လို့ ဘန်ကောက် စားသောက်ဆိုင် တစ်ခုရဲ့ မန်နေဂျာ တစ်ယောက်က သတိပေးခဲ့ပါတယ်။

    တချို့ကလည်း အကျင့်ပျက် အရာရှိတွေက အဲဒီဥပဒေကို လိုသလို အသုံးချပြီး သောက်သုံးသူတွေ၊ စီးပွားရေး လုပ်ငန်းတွေအပေါ် မမျှမတ ဆက်ဆံပြီး ဒဏ်ကြေးကောက်ယူတာတွေ ရှိလာမှာကို စိုးရိမ်နေကြပါတယ်။ အရက်ရောင်းချမှု ကန့်သတ်ချက်တွေကို ဖြေလျှော့ရေး တိုက်တွန်း တောင်းဆိုနေတဲ့ အတိုက်အခံ အမတ်တစ်ဦးဖြစ်တဲ့ တော်ဖီပေါ့ လင်မ်ဂျစ်ထရာခွန်ကတော့ ထိုင်းမှာ တစ်နေ့ကို ၂၄ နာရီ အရက်ရောင်းချခွင့် ရှိသင့်တယ်လို့ တိုက်တွန်းသွားခဲ့ပါတယ်။