Category: News

  • အာဏာသိမ်း ဗိုလ်ချုပ်များ ဦးဆောင်သော USDP က မြန်မာပြည် ချမ်းသာကြွယ်ဝရေးကို ၅ နှစ်အတွင်း အပြီးလုပ်မည် ဟု ကတိပေး မဲဆွယ်နေ

    အာဏာသိမ်း ဗိုလ်ချုပ်များ ဦးဆောင်သော USDP က မြန်မာပြည် ချမ်းသာကြွယ်ဝရေးကို ၅ နှစ်အတွင်း အပြီးလုပ်မည် ဟု ကတိပေး မဲဆွယ်နေ

    ဧရာဝတီတိုင်းမ်
    အောက်တိုဘာ ၂၉ ရက်

    စစ်အုပ်စုကျင်းပမည့် ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မည့် ကြံ့ခိုင်ရေးပါတီ (USDP) သည် ၎င်းတို့၏ စစ်ဝတ်စုံချွတ် အရာရှိကြီးများ၏ စွမ်းဆောင်ရည်အပေါ် ယုံကြည်ချက်အပြည့်ဖြင့် “အစိုးရ သက်တမ်းတစ်ခု အတွင်းမှာ ပြည်တွင်းလိုအပ်ချက် အားလုံးကို ပြည့်မီအောင် ဆောင်ရွက်ပေးမည်” ဟု မဲဆွယ်စည်းရုံးရေး ဟောပြောချက်တွင် ထည့်သွင်း ပြောကြားခဲ့သည်။

    အစိုးရသက်တမ်းတစ်ခု အတွင်းတွင် ပြည်တွင်းလိုအပ်ချက်ကို ပြည့်မီအောင်ဆောင်ရွက်ကာ ပို့ကုန်/သွင်းကုန် မူဝါဒများကိုပြန်လည်ဆန်းစစ်ခြင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးဇုန်ထွက်ရှိသော ထွက်ကုန်များကို ပြည်ပပို့ကုန်ခြင်း၊ ကုန်စည်ဈေးနှုန်းကျဆင်းစေခြင်းနှင့် အလုပ်အကိုင် အခွင့် အလမ်းများ ပေါ်ပေါက်လာရန် လုပ်ဆောင်မည်ဟု ဆိုကာ မဲဆွယ်စည်းရုံးနေခြင်းဖြစ်သည်။

    ထို့ပြင် အလုပ်သမားကဏ္ဍ၊ ခရီးသွားလုပ်ငန်း၊ ကျန်းမာရေးကဏ္ဍာ၊ ပညာရေးကဏ္ဍအပါအဝင် လူငယ်နှင့် အမျိုးသမီးအရေးများကိုလုပ်ဆောင်ပေးမည်ဖြစ်ကြောင်း၊ ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှုကဏ္ဍကို အချိန်ယူပြီးတစ်ဆင့်ချင်းတည်ဆောက်သွားမည်ဖြစ်ကြောင်း USDP ဥက္ကဋ္ဌ ဦးခင်ရီက ဆိုထားသည်။

    လက်ရှိ စစ်အုပ်စု အဖွဲ့ဝင် ဗိုလ်ချုပ်ကြီးများသည် အရပ်ဝတ်ပြောင်း၍ USDP ပါတီမှ ရွေးကောက်ပွဲ ဝင်ပြိုင်မည့်သူများတွင် လက်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး မြထွန်းဦး အပါအဝင် စစ်ကော်မရှင်တပ် အရာရှိကြီးများ ရာဂဏန်း အထိချီကာ ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

    စစ်အုပ်စု အာဏာသိမ်းထားသည့် လေးနှစ်ကျော် ကာလအတွင်း တိုင်းပြည်သည် စီးပွားရေး၊ လူမှုရေးနှင့် လုံခြုံရေးအရ ဆိုးရွားစွာ ယိုယွင်းပျက်စီးနေချိန်တွင် စစ်ဗိုလ်ချုပ်ကြီးများ၏ USDP က အဆိုပါ ကတိကဝတ်ဖြင့် မဲဆွယ်လာခြင်း ဖြစ်သည်

    လာမည့် ဒီဇင်ဘာ ၂၈ ရက်နေ့တွင် အပိုင်း တစ်အနေဖြင့် မြိုု့ပေါင်း ၁၀၂ ၌ ပထမအကြိမ်ရွေးကောက်ပွဲ ကျင်းပမည်ဖြစ်ပြီး ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၁ ရက်နေ့တွင် မြို့ပေါင်း ၁၀၀ တွင်ရွေးကောက်ပွဲ ကျင်းပမည်ဖြစ်သည်။

    အဆိုပါ စစ်အုပ်စု၏ ရွေးကောက်ပွဲအတွက် ပြည်တွင်း/ပြည်ပ မီဒီယာများ သတင်းရယူနိုင်ရန် သက်ဆိုင်ရာ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများတွင် လျှောက်ထားနိုင်ကြောင်း UEC က ထုတ်ပြန် ထားသည်။

    ဓာတ်ပုံ – ဧရာဝတီတိုင်းမ်

    #ကြံ့ခိုင်ရေးပါတီ #မဲဆွယ်စတင် #ဗိုလ်ချုပ်ကြီးများ #စီးပွားရေး_ကတိကဝတ် #Ayeyarwaddy_Times

  • ရွေးကောက်ပွဲဝါဒဖြန့်ဇာတ်လမ်းအား သပိတ်မှောက်မှုထိရောက်၊ အနုပညာရှင်များကို အရေးပေါ် အစည်းအဝေးခေါ်ယူ

    ရွေးကောက်ပွဲဝါဒဖြန့်ဇာတ်လမ်းအား သပိတ်မှောက်မှုထိရောက်၊ အနုပညာရှင်များကို အရေးပေါ် အစည်းအဝေးခေါ်ယူ

    အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲဝါဒဖြန့် “ခေတ်သမိုင်းကို ဒုန်းစိုင်းမည့်သူများ” ဇာတ်လမ်းမှာ ပါဝင်ကြတဲ့ သရုပ်ဆောင်တွေကို လူမှုရေးပြစ်ဒဏ်နဲ့ သပိတ်မှောက်တာ ပြင်းထန် ထိရောက် သွားတဲ့အတွက် စစ်ကောင်စီပြန်ကြားရေးဝန်ကြီးဌာနက အနုပညာရှင် အားလုံးကို​ မလာမ​နေရဆိုပြီး ဒီကနေ့ အရေးပေါ် အစည်းအဝေးခေါ်ထားတယ်လို့ အနုပညာအသိုက်အဝန်းနဲ့ နီးစပ်သူတွေက ပြောပါတယ်။

    အနုပညာအသိုက်အဝန်းနဲ့ နီးစပ်သူတယောက်က “မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ရန်ကုန်မှာ လုပ်မှာ၊ ပြန်ဝန်တက်မယ်လို့ သိရတယ်။ ခေတ်သမိုင်းကို ဒုန်းစိုင်းမည့်သူများကို BC နဲ့ Social punishment ထိရောက်သွားလို့ ကြော်ငြာကုမ္ပဏီတွေက အဲဒီဇာတ်လမ်းက သရုပ်ဆောင်တွေကို မရိုက်တော့ဘူးဆိုလို့ အဲဒီကိစ္စနဲ့ အဲဒီမရိုက်တဲ့ ကုမ္ပဏီတွေကို ဆက်ရိုက်ဖို့ စစ်ကောင်စီ ဖိအားပေးဖို့နဲ့ တန်ပြန်အစီအစဉ်တွေ လုပ်မယ်လို့ အကြမ်းဖျင်းသိရတယ်” လို့ DVB ကို ပြောပါတယ်။

    စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီး ဦးမောင်မောင်အုန်းလည်း တက်ရောက်မယ့် ဒီအစည်းအဝေးကိုတော့ နေ့လယ် ၁ နာရီမှာ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

    “ခေတ်သမိုင်းကို ဒုန်းစိုင်းမည့်သူများ” ဇာတ်လမ်းတိုနဲ့ ဇာတ်လမ်းမှာ နေတိုး၊ မြင့်မြတ်၊ နေဝင်း၊ အေးချမ်းမောင်၊ မေမြင့်မိုရ်နဲ့ ခြူးလေးတို့ အပါအဝင် အောင်ခိုင်၊ ငှက်ပျောကြော် စတဲ့ ဇာတ်ပို့ ဇာတ်ရံတွေ ပါဝင်သရုပ်ဆောင်ထားကြတာပါ။

    ဇာတ်လမ်း၊ ဇာတ်ညွှန်း၊ ဒါရိုက်တာ စတာတွေကို မဖော်ပြထားဘဲ ‌ခေတ်သမိုင်း သုခုမရပ်ဝန်းမှ စီစဉ်တင်ဆက်သည်လို့သာ ဖော်ပြထားပေမဲ့ စစ်တပ်ဝါဒဖြန့်ဇာတ်လမ်းတွေ ရိုက်နေကျ စစ်ကောင်စီတပ်ရဲ့ ဗိုလ်ကြီးတင်အောင်စိုး (ပန်းမြို့တော်) ဖြစ်တယ်လို့လည်း အနုပညာအသိုက်အဝန်းက ​ဆိုပါတယ်။

    ဒီဇာတ်လမ်းကို ဝေဖန်ခဲ့လို့ဆိုပြီး ဒါရိုက်တာ မိုက်တီး၊ ဇာတ်ပို့သရုပ်ဆောင် ကျော်ဝင်းထွဋ်နဲ့ ဟာသသရုပ်ဆောင် အုန်းဒိုင်းတို့ကိုလည်း စစ်တပ်က ဖမ်းဆီးခဲ့ပြီး ရွေးကောက်ပွဲ နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းကနေ ကာကွယ်ပေးရေးဥပဒေနဲ့ အရေးယူမယ်လို့ ထုတ်ပြန်ထားပါတယ်။

    တဖက်မှာလည်း ဒီဇာတ်လမ်းမှာ ပါဝင်သရုပ်ဆောင်ခဲ့ကြသူတွေကို တော်လှန်အနုပညာရှင်တွေ၊ မြို့ပြအင်အားစုတွေနဲ့ ပြည်သူတွေက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြပြီးနောက် ဒီသရုပ်ဆောင်တွေကို သပိတ်မှောက်ပြီး လူမှုရေးပြစ်ဒဏ် ပြင်းပြင်းထန်ထန် ပြုလုပ်ကြဖို့ ရန်ကုန်မြို့ပြတော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ခဲ့ကြပါတယ်။

    မြတ်သဇင်

  • ဒါရိုက်တာ မိုက်တီး၊ ဇာတ်ပို့သရုပ်ဆောင် ကျော်ဝင်းထွဋ်နှင့် ဟာသသရုပ်ဆောင် အုန်းဒိုင်းတို့ကို ရွေးကောက်ပွဲ ကာကွယ်ပေးရေးဥပဒေဖြင့် အမှုဖွင့်ဖမ်းဆီး

    ဒါရိုက်တာ မိုက်တီး၊ ဇာတ်ပို့သရုပ်ဆောင် ကျော်ဝင်းထွဋ်နှင့် ဟာသသရုပ်ဆောင် အုန်းဒိုင်းတို့ကို ရွေးကောက်ပွဲ ကာကွယ်ပေးရေးဥပဒေဖြင့် အမှုဖွင့်ဖမ်းဆီး

    ဒါရိုက်တာ မိုက်တီး၊ ဇာတ်ပို့သရုပ်ဆောင် ကျော်ဝင်းထွဋ်နှင့် ဟာသ သရုပ်ဆောင် အုန်းဒိုင်းတို့ အား ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေး ဥပဒေဖြင့် အရေးယူထားကြောင်း သိရသည်။

    နိုင်ငံတော်အစိုးရအနေဖြင့် ပါတီစုံဒီမိုကရေစီစနစ်အား အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အား အောင်မြင်စွာကျင်းပနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ရွေးကောက်ပွဲအပေါ် နည်းလမ်းမျိုးစုံဖြင့် နှောင့်ယှက်ဟန့်တားနိုင်မည့် အခြေအနေမှ ကာကွယ်တားဆီးနိုင်ရန် ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၉ ရက်တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေး ရေးဥပဒေ ပြဋ္ဌာန်းခဲ့ပြီး ဥပဒေလိုက်နာမှုမရှိသူများအား ထိထိရောက်ရောက်အရေးယူဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

    ထိုကဲ့သို့ ဆောင်ရွက်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်တွင် “ခေတ်သမိုင်းကို ဒုန်းစိုင်းမည့်သူများ” ရွေးကောက်ပွဲအသိပညာပေးဇာတ်လမ်းနှင့် ဇာတ်လမ်းတွင် ပါဝင်သရုပ်ဆောင်ခဲ့သော အနုပညာရှင်များအား လူမှုကွန်ရက်မှတစ်ဆင့် မဟုတ်မမှန်ဝေဖန်ရေးသား၍ ရွေးကောက်ပွဲအပေါ် ပြည်သူလူထုမှအထင်အမြင်လွဲမှားစေရန် လှုံ့ဆော်ခဲ့သည့် ဒါရိုက်တာ မိုက်တီး(ခ)သန်းထွန်းဇော်၊ ဇာတ်ပို့သရုပ်ဆောင် ကျော်ဝင်းထွဋ်(ခ)ကျော်မင်းထွဋ်နှင့် ဟာသ သရုပ်ဆောင် အုန်းဒိုင်း(ခ)ဇော်မြင့် တို့အား ၎င်းတို့၏နေအိမ်အသီးသီးမှ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

    ဖမ်းဆီးရမိထားသူများအား စိစစ်ဖော်ထုတ်ချက်အရ ၎င်းတို့သည် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နှင့်အညီ တပ်မတော်မှ နိုင်ငံတော်တာဝန်ထမ်းဆောင်နေသည့်အပေါ် ထောက်ခံမှုမရှိခဲ့သည့်အပြင် ဆူပူဆန္ဒပြပွဲများတွင် ကိုယ်တိုင်ပါဝင်ခဲ့ကြောင်း၊ ထို့ပြင် မကြာမီကျင်းပရန်ရှိသည့် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စေရေးအတွက် ၎င်းတို့တတ်ကျွမ်းသော အနုပညာကဏ္ဍမှ ပူးပေါင်းပါဝင်ခြင်းမရှိသည့်အပြင် အခြားသောအနုပညာရှင်များ၏ တစ်တပ်တစ်အား ပူးပေါင်းဆောင်ရွက်မှုအပေါ် ဝေဖန်တိုက်ခိုက်ခြင်း၊ ရွေးကောက်ပွဲအပေါ် ပြည်သူလူထုမှ ယုံကြည်မှု လျော့နည်းလာစေရန်ရည်ရွယ်၍ ရေးသားဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း စိစစ်တွေ့ရှိရကြောင်း သိရသည်။

    အဆိုပါ ဖမ်းဆီးရမိထားသူ သုံးဦးအနက် ဒါရိုက်တာ မိုက်တီး(ခ)သန်းထွန်းဇော်သည် ၂၀၂၁ ခုနှစ်တွင် လူမှုကွန်ရက်မီဒီယာမှတစ်ဆင့် နိုင်ငံတော်အစိုးရအပေါ် ဝေဖန်ရေးသားခဲ့သောကြောင့် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်လှစ်အရေးယူခြင်းခံခဲ့ရပြီး ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂၈ ရက်တွင် နိုင်ငံတော်အစိုးရမှ “နောက်တစ်ကြိမ်ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များကိုပါဆက်လက်ကျခံပါမည်”ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပြုခဲ့သူဖြစ်ကြောင်းစိစစ်တွေ့ရှိရသဖြင့် ၎င်းအား ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေဖြင့် အရေးယူနိုင်ရေးအပြင် ယခင်လွတ်ငြိမ်းခွင့်ပြုခဲ့သော ပြစ်ဒဏ်အားပြန်လည်ကျခံစေရေး ဥပဒေနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

    ထို့ပြင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပေါ် ပြည်သူလူထုမှအထင်အမြင်လွဲမှားစေရန် လှုံ့ဆော်ခဲ့ကြသည့် ကျော်ဝင်းထွဋ်(ခ)ကျော်မင်းထွဋ်နှင့် အုန်းဒိုင်း(ခ)ဇော်မြင့်တို့ နှစ်ဦးအား ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေး ဥပဒေဖြင့် ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

    နိုင်ငံတော်အစိုးရအနေဖြင့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ လုပ်ငန်းစဉ်များအောင်မြင်ပြီး ပြည်သူလူထုတစ်ရပ်လုံး လိုလားတောင့်တသည့် ပါတီစုံဒီမိုကရေစီစနစ်ကို အောင်မြင်စွာလျှောက်လှမ်းနိုင်ရေး ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုဖြင့် အထွေထွေရွေးကောက်ပွဲအား ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

  • TNLA က မိုးကုတ်မြို့ကို စစ်အုပ်စု လက်ထဲ ပြန်အပ်ပေမယ့် PDF တွေက မဆုတ်ဘဲ တိုက်ခိုက်မယ်

    TNLA က မိုးကုတ်မြို့ကို စစ်အုပ်စု လက်ထဲ ပြန်အပ်ပေမယ့် PDF တွေက မဆုတ်ဘဲ တိုက်ခိုက်မယ်

    TNLA က မိုးကုတ်မြို့ကို စစ်အုပ်စု လက်ထဲ ပြန်အပ်ပေမယ့် PDF တွေက မဆုတ်ဘဲ တိုက်ခိုက်မယ်

    မိုးကုတ်ဗျူဟာနဲ့ မိုးကုတ်အခြေပြု တော်လှန်ရေးတပ်တွေက ဆက်လက် တိုက်ပွဲဝင်မယ်လို့ ကတိပြု

    မန္တလေးတိုင်း မိုးကုတ်မြို့ကို သိမ်းပိုက်ထိန်းချုပ်ထားတဲ့ တအာင်းတပ်မတော် – TNLA က မြို့ကို အာဏာသိမ်း စစ်အုပ်စုလက်ထဲ ပြန်လည် ထိုးအပ်လိုက်ပေမယ့် ဒေသခံ တော်လှန်ရေးတပ်တွေက မြို့ကနေ မဆုတ်ဘဲ ဆက်လက် တိုက်ပွဲဝင်မယ်လို့ တော်လှန်ရေးတပ်တွေက သတင်း ထုတ်ပြန်ပါတယ်။

    မိုးကုတ်မြို့ကနေ အခြေပြု ပေါက်ဖွားလာတဲ့ မိုးကုတ်ဗျူဟာ (ပြည်သူ့ကာကွယ်ရေးတပ်မတော်) အနေနဲ့ တော်လှန်ရေး အောင်မြင်သည်အထိ ဆက်လက်ချီတက် တိုက်ပွဲဝင်ပါမယ်လို့ ကတိသစ္စာပြုကြောင်း မိုးကုတ်ဗျူဟာက အောက်တိုဘာ ၂၉ရက် ဒီကနေ့ ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။

    ဒါ့အပြင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) MDY – PDF ကလည်း မိုးကုတ်နဲ့ စဉ့်ကူး အပါအဝင် မန္တလေးတိုင်းအတွင်းက သိမ်းပိုက်ထားတဲ့ နယ်မြေတွေကို လက်လွှတ်မှာမဟုတ်ဘဲ အစွမ်းကုန် ဆက်လက် တိုက်ခိုက်မယ်လို့ ဒီကနေ့ ထုတ်ပြန်ပါတယ်။

    မိုးကုတ်ဗျူဟာနဲ့ MDY-PDF တွေဟာ အမျိုးသား ညီညွတ်ရေးအစိုးရ – NUG၊ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့တွေ ဖြစ်ပြီး TNLA အပါအဝင် မြောက်ပိုင်းညီနောင် သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးနဲ့ ဟန်ချက်ညီ စစ်ဆင်ရေးအဖြစ် ရှမ်း-မန်း စစ်ဆင်ရေးကို ဆင်နွှဲကာ မိုးကုတ်၊ မိုးမိတ်၊ စဉ့်ကုး၊ သပိတ်ကျင်း စတဲ့ မြို့၊ရွာတွေကို သိမ်းပိုက်ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။

    မိုးကုတ်မြို့ကို ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းအတွင်း TNLA နဲ့အတူ PDF တပ်ရင်းတပ်ဖွဲ့တွေ၊ မဟာမိတ်တွေက ပူးပေါင်းတိုင်ခိုက် သိမ်းပိုက်ခဲ့တာ ဖြစ်ပြီး TNLA က မြို့စီမံအုပ်ချုပ်ရေး အဖွဲ့ဖွဲ့ကာ မြို့ကို စီမံအုပ်ချုပ်နေတာ ဖြစ်ပါတယ်။

    စစ်အုပ်စုနဲ့ အပစ်အခတ် ရပ်ဆဲပြီး မိုးကုတ်မြို့နဲ့ မိုးမိတ်မြို့တွေကို လက်လွှတ်ပေးမယ်လို့ TNLA က ထုတ်ဖော်ပြောကြားလိုက်ပြီးတဲ့နောက် မိုးကုတ်မြို့ခံတွေကြား စိုးရိမ်ထိတ်လန့်မှုတွေ မြင့်တက်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

    “မိုးကုတ်ဗျူဟာနဲ့ မန်းတိုင်းက တိုက်မလားလို့ မျှော်လင့်နေကြတယ်၊ ရှောင်နိုင်တဲ့ လူတွေအားလုံးတော့ ထွက်သွားကြပြီ၊ ကျနော့် ပတ်ဝန်းကျင်ကလူတွေက ရှောင်ဖို့ ခက်ခဲတဲ့ လူတွေချည်း များတာမို့ နေလို့ရသလောက် ဆက်နေမယ့် လူတွေများနေတယ်”လို့ မိုးကုတ်မြို့ခံတစ်ဦးက ပြောပါတယ်။

    TNLA ဆုတ်ခွါပေးချိန်မှာ စစ်အုပ်စု ပြန်လည်ဝင်ရောက်လာမှာနဲ့ တိုက်ပွဲတွေ ထပ်မံဖြစ်ပွါးနိုင်တဲ့ အခြေအနေကို စိုးရိမ်နေကြတာလို့လည်း မိုးကုတ်မြို့ခံတွေက ပြောပါတယ်။

    မိုးကုတ်မြို့ကို စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှုတွေ ပြင်းပြင်းထန်ထန်ပြုလုပ်ခဲ့သလို မိုးကုတ်မြို့ခံ အများစုကတော့ ပြီးခဲ့တဲ့လတွေအတွင်းမှာ အများအပြား ရွှေ့ပြောင်းသွားကြတယ်လို့ မိုးကုတ်မြို့ခံတွေက ပြောပါတယ်။

    လတ်တလောမှာ ရွှေ့ပြောင်းဖို့ အခက်အခဲရှိသူတွေသာ ကျန်ရစ်တယ်လို့လည်း ၎င်းတို့က ပြောပါတယ်။

    လက်ရှိမှာ စစ်အုပ်စုက မိုးကုတ်မြို့ကို လေကြောင်းဗုံးကြဲနေပြီး မြေပြင်စစ်ကြောင်းကလည်း နှစ်ဖက်ညှပ် ထိုးစစ်ဆင်နေတယ်လို့ ယူဆရကာ မေမြို့ကတဆင့် ကျောက်မဲမြို့နယ်ကနေ စစ်ကြောင်း တစ်ကြောင်း၊ မန္တလေး – သပိတ်ကျင်း – မိုးကုတ်လမ်း သပိတ်ကျင်းနယ်၊ ဖော့တောလမ်းဆုံကနေ စစ်ကြောင်းတစ်ကြောင်းနဲ့ မိုးကုတ်မြို့ဆီ ဦးတည် ထိုးစစ်ဆင်နေတာ ဖြစ်ပါတယ်။

    TNLA အပါအဝင် မြောက်ပိုင်းညီနောင်သုံးဖွဲ့ သိမ်းပိုက်ထားတဲ့ ရှမ်းမြောက်ဒေသ လားရှိုးမြို့ကို တရုတ် အကူအညီနဲ့ ပြန်ရပြီးနောက် တော်လှန်ရေး တပ်တွေ သိမ်းပိုက်ထားတဲ့ မြို့၊ရွာတွေ ပြန်ရရေး စစ်အုပ်စုက တရုတ်အားကိုး၊ လေကြောင်းအားကိုးနဲ့ ကြိုးစားနေတာလည်း ဖြစ်ပါတယ်။

    မိုးကုတ်မြို့ကနေ ပြန်ဆုတ်ဖို့ ပြင်နေတဲ့ TNLA နဲ့ မိုးကုတ်မြို့သိမ်းတိုက်ပွဲအပြီး တွေ့ရတဲ့ တော်လှန်ရေး ရဲဘော်တွေ/Photo – CJ၊ MDY-PDF

  • ကြံ့ဖွတ်အပေါင်း သူခိုးဂေါင်းတို့အား ခွန်ထိုင်းတွေ ဖြုတ်ခန်း

    ကြံ့ဖွတ်အပေါင်း သူခိုးဂေါင်းတို့အား ခွန်ထိုင်းတွေ ဖြုတ်ခန်း

    “ကြံ့ဖွတ်အပေါင်း သူခိုးဂေါင်းတို့အား ခွန်ထိုင်းတွေ ဖြုတ်ခန်း”

    ခွန်ထိုင်းတွေက ကြံ့ဖွတ်ရဲ့ မဲဆွယ်တဲ့သတင်းအောက်မှာ ပယ်ပယ်နယ်နယ်သမနေတာ ဓါတ်ဆီဆိုင်က ကောင်လေးတွေတဲ့၊တယောက်ဆို Full Tank တို့ 95 ဘယ်နှစ်လီတာတို့ပါ ရေးချပစ်တာ။

    နိုင်ငံဖြတ်ကျော် ဂုဏ်သတင်းတွေကလည်း မွှေးသေးတာ။ သူခိုးတွေ သူခိုးတွေတဲ့။ ထိုင်းတွေတောင် သိတယ်။ မင်းအောင်လှိုင် အမျိုးတွေချည်းပဲ တယောက်တည်းပြိုင်ပြီး တယောက်တည်းနိုင်မှာမလားတဲ့။

    အမေစုကိုတော့ ထိုင်းတွေကပါ ချစ်ကြတာနော်။ အမေစုကို ကြောက်လို့ ထောင်ထဲထည့်ထားတာမလားတဲ့။ အမေစုကို ရှုံးတော့ အာဏာသိမ်းတဲ့ သူတွေတဲ့။ အမေစုကို ပြောခွင့်ပေးလိုက် မင်းတို့တွေ မလွယ်ဘူးတဲ့။

    ရေးတာ ရေးတာဆိုတာ ကိုယ်တွေတောင် တိတ်တိတ်လေး ပြန်ထွက်လာခဲ့ရတယ်။