Category: News

  • သီတာယုမွန်စစ်ကြောင်းထံမှ သိန်း ၁ ထောင်ကျော် တန်ဖိုးရှိ တိုက်ခိုက်ရေး ဒရုန်း ၁ စီးကို နွားထိုးကြီး ပကဖ သိမ်းဆည်းရရှိ

    သီတာယုမွန်စစ်ကြောင်းထံမှ သိန်း ၁ ထောင်ကျော် တန်ဖိုးရှိ တိုက်ခိုက်ရေး ဒရုန်း ၁ စီးကို နွားထိုးကြီး ပကဖ သိမ်းဆည်းရရှိ

    သီတာယုမွန်စစ်ကြောင်းထံမှ သိန်း ၁ ထောင်ကျော် တန်ဖိုးရှိ တိုက်ခိုက်ရေး ဒရုန်း ၁ စီးကို နွားထိုးကြီး ပကဖ သိမ်းဆည်းရရှိ

    မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်မှာ ပျူခေါင်းဆောင် သီတာယုမွန် ရဲ့ အကြမ်းဖက်စစ်ကြောင်းထံက ၆လက် ဒရုန်း၁စီးကို သိမ်းဆည်းရရှိခဲ့တယ်လို့ နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

    အောက်တိုဘာလ ၂၇ ရက်၊ မနေ့က နွားထိုးကြီးမြို့နယ်အနောက်ဘက် တစ်နေရာမှာ တော်လှန်ရေးတပ်တွေ ရှင်းလင်းရေးလုပ်ဆောင်နေချိန် အဆိုပါဒရုန်းကို တွေ့ရှိသိမ်းဆည်းနိုင်ခဲ့တာ ဖြစ်တယ်လို့သိရပါတယ်။

    ဒရုန်းဟာ Multi ၆လက် တိုက်ခိုက်ရေးဒရုန်းအမျိုးအစားဖြစ်ပြီး စစ်ကြောင်းဝင်ရောက်လာချိန် လွှတ်တင်ရင်း ချို့ယွင်းမှုတွေကြောင့် ပျက်ကျ ကျန်နေခဲ့တာလည်း ဖြစ်ပါတယ်။

    “ကျနော်တို့ဘက်ကို ဒရုန်းချရင်း Battery ကုန်ပြီး ပျက်ကျတာမျိုးပါ။ မနေ့က ရှင်းလင်း‌ရေးလုပ်ရင်း သိမ်းဆည်းရမိခဲ့တာပါ။ တိုက်ခိုက်ရေးအတွက် သုံးတာ.. လက်ရှိပေါက်ဈေးအရဆိုရင် မြန်မာငွေ ကျပ်သိန်း ၁ ထောင်အထက်မှာရှိပါတယ်။” လို့ နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

    အကြမ်းဖက် သီတာယုမွန် ဦးဆောင်တဲ့ ပျူစောထီးနဲ့ စစ်တပ်ပူးပေါင်းစစ်ကြောင်းတွေဟာ မြင်းခြံမြို့ကနေ နွားထိုးကြီးမြို့အထိ စစ်ကြောင်းတွေ ဝင်ရောက်နေတာ ဖြစ်ပါတယ်။

    ဒါ့အပြင် မလှိုင်မြို့ကနေလည်း စစ်ကြောင်း ၂ ခုခွဲပြီး တက်လာတာမျိုးတွေရှိတယ်လို့ သိရပါတယ်။

    အကြမ်းဖက်စစ်အုပ်စု ထောက်ခံတဲ့ ဝါဒဖြန့်သတင်းချန်နယ်တွေမှာတော့ နွားထိုးကြီးနဲ့ မြင်းခြံအတွင်း PDF တပ်ဖွဲ့ဝင်တွေကို သီတာယုမွန် ဦးဆောင်တဲ့စစ်ကြောင်းက လိုက်လံချေမှုန်း အောင်ပွဲခံနေကြောင်း ဖော်ပြထားပေမယ့် လက်ရှိမြေပြင်မှာတော့ အဲ့ဒီလိုမဟုတ်ဘူးလို့ သိရပါတယ်။

    ပြီးခဲ့တဲ့စက်တင်ဘာလ ၂၅ ရက်နေ့ကနေ အောက်တိုဘာလ ၁၂ ရက်နေ့အတွင်း ဝင်ရောက်ခဲ့တဲ့ အကြမ်းဖက်စစ်ကြောင်းတွေကိုလည်း တော်လှန်ရေးတပ်တွေက ခုခံစစ်ကနေ ထိုးစစ်သဖွယ် ပြောင်းလဲရင်း တိုက်ခိုက်ခဲ့တယ်လို့ မြင်းခြံခရိုင် တပ်ရင်း (၄-၁၀) နွားထိုးကြီး PDF က ထုတ်ပြန်ထားပါတယ်။

    အဲဒီထိတွေ့တိုက်ပွဲတွေထဲ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးပြီး အရပ်သားအမျိုးသမီးများစွာကို မုဒိမ်းကျင့်သတ်ဖြတ်ခဲ့တဲ့ ဗိုလ်မှူး ကျော်မင်းနဲ့ အရာရှိတွေအပါအဝင် စစ်အုပ်စု အယောက် ၄၀ ခန့် ထိခိုက်သေဆုံးကာ စစ်သုံ့ပန်း ၉ ယောက်နဲ့ လက်နက်ခဲယမ်းအများအပြားရရှိတဲ့အထိ တိုက်ခိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

    ပုံစာ – သိမ်းဆည်းရရှိသည့် ဒရုန်းနှင့်အတူ တွေ့ရသည့် နွားထိုးကြီး ပကဖ ရဲဘော်များ

  • မဟော်သဓာ ကိုယ်ပိုင်ကျောင်းကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်

    မဟော်သဓာ ကိုယ်ပိုင်ကျောင်းကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်

    ရခိုင်ပြည်နယ် တောင်ကုတ်မြို့က မဟော်သဓာအခမဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းကို စစ်ကောင်စီက အောက်တိုဘာ ၂၇ ရက်နေ့ ညနေပိုင်းမှာ လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

    တောင်ကုတ်မြို့က မဟော်သဓာ အခမဲ့ကိုယ်ပိုင်စာသင်ကျောင်းကို အောက်တိုဘာ ၂၇ ရက်နေ့ ညနေ ၇ နာရီခန့်မှာ စစ်ကောင်စီက ဂျက်ဖိုက်တာတစီးနဲ့ ပေါင် ၅၀၀ ဗုံးတလုံး ကြဲချခဲ့တာဖြစ်ပြီး အရပ်သားထိခိုက်မှု မရှိဘူးလို့ တောင်ကုတ်ဒေသခံ အမျိုးသားတယောက်က ပြောပါတယ်။

    “မ​နေ့ညနေ​ပိုင်းမှာ စစ်ကောင်စီက တောင်ကုတ်မြို့က မဟော်သဓာ အခမဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းကို ပေါင် ၅၀၀ ဗုံးတလုံးနဲ့ ကြဲချသွားတာ ရှိတယ်။ ကျောင်းက ပိတ်ထားတာဆိုတော့ လူအထိအခိုက်တော့ မရှိဘူး။ ကျောင်းဆောင်ကတော့ အကုန်လုံးနီးပါး ပျက်စီးသွားတယ်။ စစ်ကောင်စီက စာသင်ကျောင်းတွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်လာတာကို နားလည်လို့ကို မရဘူး။”

    မဟော်သဓာ အခမဲ့ကိုယ်ပိုင်အထက်တန်းကျောင်းဟာ ရခိုင်ပြည်နယ် တောင်ပိုင်းက ငွေကြေးမတက်နိုင်တဲ့ ကျောင်းသားတွေကို အဓိကထား ပညာသင်ကြားပေးနေတဲ့ ကျောင်းဖြစ်တယ်လို့ မြို့ခံတွေက ပြောပါတယ်။

    ပြီးခဲ့တဲ့ စက်တင်ဘာ ၁၂ ရက်နေ့ကလည်း ကျောက်တော်မြို့နယ် သရက်တပင်ကျေးရွာက ကိုယ်ပိုင်အထက်ကျောင်း ၂ ခုကို လေကြောင်းတိုက်ခိုက်ခဲ့တဲ့အတွက် ကျောင်းသား ၂၀ သေဆုံးပြီး နောက်ထပ် ၂၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြပါတယ်။

    စစ်ကောင်စီဟာ အောက်တိုဘာလ ၂၆ ရက်နေ့ကလည်း အမ်းမြို့ကို လေကြောင်းတိုက်ခိုက်ခဲ့တဲ့အတွက် ၃ ​တန်းကျောင်းသားတယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

    ဒါ့အပြင် အောက်တိုဘာ ၂၅ ရက်နကလည်း ကျောက်ဖြူမြို့နယ် သိုင်းချောင်းကျေးရွာအနီးကို လေကြောင်းတိုက်ခိုက်ခဲ့တဲ့အတွက် အမျိုးသား ၂ ယောက် ဒဏ်ရာရရှိခဲ့ကြပါတယ်။

    စစ်ကောင်စီက ရခိုင်က မြို့နယ်တွေကို ဆက်တိုက် လေကြောင်းတိုက်ခိုက်နေတဲ့အတွက် ပြည်သူတွေအနေနဲ့ စစ်ရေးသတိ မမြဲရှိကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

    စစ်ကောင်စီဟာ ရခိုင်က ဆုံးရှုံးမြို့နယ်တွေကို ပြန်လည်ရရှိနိုင်ဖို့ မကွေး၊ ပဲခူးနဲ့ ဧရာဝတီဘက်ကနေ ထိုးစစ်ဆင်နေသလို ဝေဟင်ကလည်း အဆက်မပြတ်တိုက်ခိုက်နေတာပါ။

  • ပန်းတောင်းတပ်နယ်ကို စစ်ကောင်စီက စစ်အင်အားနှင့် ဒရုန်းများ ဆက်တိုက်ပို့နေ

    စစ်ရေးပဋိပက္ခ ပြင်းထန်တဲ့ ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပန်းတောင်းတပ်နယ်ကို စစ်ကောင်စီက အောက်တိုဘာ ၂၄ ရက်စလို့ စစ်ကူအင်အားနဲ့ ဒရုန်းလက်နက်တွေကို လေယာဥ်နဲ့ ပို့ဆောင်နေတယ်လို့ စစ်ရေးသတင်းအရင်းအမြစ်က ပြောပါတယ်။

    တပ်မ ၇၇ အပါအဝင် တိုက်ခိုက်ရေးတပ်တချို့နဲ့ ဒရုန်းတပ်တွေကို တောင်ငူလေတပ်စခန်းမှာ စုစည်းကာ အသုတ်လိုက်ခွဲ ပို့ဆောင်နေပြီး အကြာင်းအရင်းက ကပစ ၁၆ လို့ခေါ်တဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံအတွက် စိုးရိမ်စရာအခြေအနေ ဖြစ်လာလို့ အခုလိုလုပ်ဆောင်နေတာလို့ စစ်ရေးသတင်းအမြစ်က ပြောပါတယ်။

    “AA ရဲ့ ထိုးစစ်က ကပစ ၁၆ ကို ဦးတည်လာပြီ။ ကပစ ၁၆ ကျရင် တပ်အတွက် ကြီးမားတဲ့ ဆုံးရှုံးမှုတွေ ဖြစ်တော့မှာ သိတဲ့အတွက် ထိုးစစ်အတွက်မဟုတ်ဘူး၊ ခံစစ်အတွက် ကြိုပြင်တဲ့သဘော၊ လက်ရှိ ကပစ ၁၆ နားက မသုံရွာ အနီးတဝိုက်ရွာမှာ တိုက်ပွဲတွေဖြစ်နေတယ်။”

    အောက်တိုဘာ ၁၅ ရက်က အာရက္ခတပ်တော် (AA) က ကပစ ၁၆ အနီးက ပွိုင့် ၆၆၆ ကုန်းကို သိမ်းယူပြီးနောက် စစ်ကောင်စီတပ်အတွက် စိုးရိမ်စရာ အခြေအနေ ဖြစ်လာတယ်လို့ ဆိုပါတယ်။

    ဒီအခြေအနေတွေကို စစ်ကောင်စီဘက်က တရားဝင် သတင်းမထုတ်ပြန်ပေမဲ့ တောင်ကုတ်-ပန်းတောင်းလမ်းက ရွာတချို့ကို လေကြောင်းက ဗုံးကြဲလို့ ရွာခံတချို့ သေဆုံးတာတွေ ရှိသလို စစ်ရှောင် ရခိုင်လူမျိုးတွေကို ဖမ်းဆီးစစ်ဆေးနေတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။

    “အောက်တိုဘာ ၁၈ ကတည်းက တပ်က Y 12 နဲ့ ဗုံးကြဲနေတာ၊ တောင့်တင်း၊ သစ်ချိုနဲ့ ယင်းမာဘက်က ရွာခံတချို့ သေတယ်။ စစ်ရှောင်လာတဲ့ ရခိုင်တွေကို ရေပေါ်ကြီး၊ ရပ်တော်မူ၊ စလူနဲ့ ဒိုးနွယ်စမ်းမှာ စစ်ကြောင်းဖမ်းသွားတာ ၃၀ လောက်ရှိတယ်။”

    ဒါ့အပြင် ကပစ ၁၆ အနီးက မသုံ၊ ဖလုံ၊ ကျောက်ဇကွဲ၊ ကျားခြေရာ စတဲ့ရွာတွေမှာ စစ်ကောင်စီတပ်က တပ်စွဲထားသလို ရွာခံလူငယ်တွေအား ကပစ စက်ရုံကို ကာကွယ်ဖို့ အတင်းအဓမ္မ စစ်သင်တန်းပေးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

    ၁၀၂၇ စစ်ဆင်ရေးမှာ အာရက္ခတပ်တော် (AA) က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် အပါအဝင် ရခိုင်ပြည်နယ်က မြို့ ၁၄ မြို့ကို သိမ်းပိုက်ထားပြီး ရခိုင်-မကွေး အစပ်နဲ့ ရခိုင်-ဧရာဝတီ အစပ်က နေရာတချို့ကိုလည်း ထိန်းချုပ်ထားပါတယ်။

  • (၆၆၆)ပွိုင့်ကုန်းကိုထိုးစစ်ဆင်နေသည့် စစ်ကောင်စီစစ်ကြောင်း အောင်မြင်မှုမရသည့်အပြင် ကြားစခန်းတစ်ခုကိုပါ လက်လွှတ်လိုက်ရ

    (ကပစ (၁၆) နှင့် ၂ မိုင်ကျော်ခန့်ကိုတိုက်ပွဲရောက်ရှိလာ)

    အာရက္ခတပ်တော် (AA) သိမ်းပိုက်ထားသည့် ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ပုဂံဂွေ့ (ပန်းကန်ကွဲ) ကျေးရွာအနီးရှိ(၆၆၆) ပွိုင့်ကုန်းကိုအကြမ်းဖက်စစ်တပ်မှ ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ရာ အောင်မြင်မှုမရသည့်အပြင် လူနှင့် ရိက္ခာထောက်ပို့ လုပ်နေသည့် စစ်တပ်ကြားစခန်းတစ်ခုကိုပါ လက်လွှတ်လိုက်ရသည်ဟု သတင်း ရရှိသည်။

    “ စစ်တပ်က တောင်ကုတ်-ဉသျှစ်ပင် ရိုးတောင်ကျော်လမ်းအနီးရှိ AA က သိမ်းပိုက်ထားတဲ့ ပွိုင့်ခြောက်သုံးလုံး စခန်းကုန်းကို ပြန်လည်ထိုးစစ်ဆင်တယ်။အောင်မြင်မူမရတဲ့အပြင် ကြားစခန်းတစ်ခုပါ AAဆီမှာထပ်မံသိမ်းပိုက်ခံလိုက်ရပါတယ်”ဟု ဒေသတွင်း စစ်ရေး သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

    စစ်ကောင်စီပွိုင့် (၆၆၆) စခန်းကုန်းကို ပြန်လည်ထိုးစစ်ဆင်လာသောစစ်တပ်စစ်ကြောင်းသည် အကျဆုံးများကာ နောက်ဆုတ်ရာမှ AA က လိုက်လံချေမှုန်းတိုက်ခိုက်စဉ်၎င်းကြားစခန်းငယ်တစ်ခုထပ်မံသိမ်းပိုက်ခံလိုက်ရသည်ဟု၎င်းက ဆက်လက်ပြောဆိုသည်။

    ” အဲဒီစစ်ကြောင်းက တပ်လှန်ကျပြီးနောက်သွားတာကိုAA က ကြားဖြတ်လိုက်လံချေမှုန်းတာ။တိုက်ရင်းနဲ့အဲဒီတိုက်ပွဲက အနီးအနားကရိက္ခာတွေထောက်ပို့လုပ်တဲ့ ကြားစခန်းတစ်ခုပါAA က ရလိုက်တယ်”ဟုပြောသည်။

    တိုက်ပွဲအတွင်းအကျဆုံးများကာစစ်ကောင်စီစစ်ကြောင်းသည် ဖရိုဖရဲထွက်ပြေးရာမှ၎င်းကြားစခန်းတစ်ခုကိုပါထပ်မံဆုံးရှုံးလိုက်ရသည်ဟု၎င်းကဆိုသည်။

    ၎င်း စခန်းငယ်ကိုသိမ်းပိုက်ခံရပြီးနောက်စစ်ကောင်စီသည် ကပစ (၁၆) နှင့် ၂ မိုင်ကျော်ခန့်အကွာအဝေးပတ်ဝန်းကျင်ကို Y12၊ဂျက်၊ဒရုန်း၊တင့်ကားအတွဲလိုက်ပစ်သည့်ဒုံးများဖြင့် အဆက်မပြတ် ပစ်ခတ်နေသည်သူကဆက်ပြောခဲ့သည်။

    လက်ရှိတိုက်ပွဲသည်ကပစ (၁၆)အနီးထိတိုက်ပွဲရောက်ရှိလာသဖြင့် စစ်ကူစစ်ကြောင်းများထပ်မံစေလွှတ်ထားပြီး မသုံကျေးရွာ ပတ်ဝန်းကျင်တွင်တပ်ဖွဲ့ဝင်အင်အား ၅၀၀ ခန့်တပ်ဖြန့်ထားသည်ဟုဒေသခံစစ်ရေးသတင်းရင်းမြစ်ကဆိုသည်။

    “အခုက ကပစ ၁၆ နဲ့ ၃ မိုင်ဝန်းကျင်မှာ တိုက်ပွဲက နေ့စဉ်ဖြစ်နေတယ်။လေကြောင်းနဲ့ လက်နက်ကြီးလည်းပစ်ကူပေးနေတယ်။ မသုံရွာ နဲ့ကပစ (၁၆) ပတ်ဝန်းကျင်အပြင်ဖက်မှာတော့ အင်အား ၅၀၀ ခန့်တပ်ဖြန့်ထားပါတယ်”ဟုပြောဆိုထားသည်။

    စစ်ကောင်စီသည် ကပစ (၁၆) ဝင်ပေါက် ပွိုင့် (၆၆၆) စခန်းကုန်းကို AA ဉီးဆောင်သော တော်လှန်ရေးတပ်ဖွဲ့များကအောက်တိုဘာလ (၁၄) ရက်နေ့တွက်သိမ်းပိုက်ခံရပြီးနောက် အဆိုပါစခန်းကုန်းအား စစ်တပ်က ပြန်လည်ထိုးစစ်ဆင် တိုက်ခိုက်လာခြင်းဖြစ်သည်။

    လက်နက်ငယ်ပစ်ခတ်သံများကို မသုံးကျေးရွာကကြားလာရသည့်အတွက် အနီးအနားကျေးရွာများမှ ဒေသခံတချို့လည်း စစ်ဘေးရှောင်သွားကြသည်ဟုဒေသခံကဆိုသည်။

    မြန်မာ့စစ်တပ်၏လက်နက်ခဲယမ်းထုတ်လုပ်ရာတွင်အဓိကမပါမဖြစ်သောကုန်ချောနှင့်ကုန်ကြမ်းယမ်း ၂ မျိုးလုံးကို ထုတ်လုပ်သည့်ကပစ (၁၆)သည် လက်ရှိတွင် ခြိမ်းခြောက်ခံလာရပြီးနောက် အနီးဝန်းကျင်ရှိ ကပစ (၆)၊ကပစ (၅)၊ကပစ (၉) တို့ကပါစစ်ရေးပြင်ဆင်မှုများ အကြီးအကျယ် ပြုလုပ်နေသည်ဟု သိရသည်။

    ကပစ (၁၆) ကို အကြမ်းဖက်စစ်တပ်ကနေ့ရောညပါ ကင်းထောက်ဒရုန်း ၅စီးခန့်ဖြင့်ကင်းထောက်နေပြီး ဂျက်ဖိုက်တာ၊Y12 တို့ကပါအဆက်မပြတ် နေ့ရောညပါ စောင့်ကြည့်နေသည်ဟုသိရသည်။

  • ရွေးကောက်ပွဲ အသုံးစရိတ် Friend Only ဖြင့် အလှူခံနေတဲ့ ကိုကိုကြီးရဲ့ ပြည်သူ့ပါတီကိုယ်စားလှယ်လောင်း

    ရွေးကောက်ပွဲ အသုံးစရိတ် Friend Only ဖြင့် အလှူခံနေတဲ့ ကိုကိုကြီးရဲ့ ပြည်သူ့ပါတီကိုယ်စားလှယ်လောင်း

    “ရွေးကောက်ပွဲ အသုံးစရိတ် Friend Only ဖြင့် အလှူခံနေတဲ့ ကိုကိုကြီးရဲ့ ပြည်သူ့ပါတီကိုယ်စားလှယ်လောင်း”

    ပြည်သူ့ပါတီကလည်း အမတ်မဖြစ်သေးဘူး စတင်ခွက်ခေါက် အလှူခံနေရပြီ။

    ရွေးကောက်ပွဲအသုံးစရိတ်တောင် လုံလုံ လောက်မရှိဘဲ ပြည်သူအားကိုးရမယ့်လူကို ပြည်သူက အရင် ကယ်တင်စောင်”မ”ပေးရမလိုဖြစ်နေပြီ။

    လှူရင် လှူကြ မလှူရင် အမတ်ဖြစ်သွားရင် ဘာမှလုပ်မလောက်ဘူးဆိုတဲ့အထာ။

    ရွေးကောက်ပွဲကြီးတခုလုံးတောင် အားကြိုးမာန်တက် ဝင်ပြိုင်နေပြီပဲ။

    သိန်း ၃၀၀ လောက်တော့ အလှူခံစရာမလိုဘဲ စွမ်းစွမ်းတမံလုပ်ပြလေ။

    ဒီလိုအလှူခံနေတာကို သိရင် စစ်ကော်မရှင်ရဲ့ ရွေးကောက် ပွဲကော်မရှင်သိရင်တော့ ရွေးကောက်ပွဲဥပဒေတွေနဲ့ ငြိစွန်းတယ်ဆိုပြီး အရေးယူခံရအောင်လို့ ဖော်ထုတ်ပေးလိုက် တယ်နော်။

    ကိုကိုကြီးရေ နင့်ကိုယ်စားလှယ် နင်ထိန်းဦး

    ဒီမိုကရေစီ ရ မရတော့ မသေချာဘူး

    ဒုက္ခတော့ Friend Only နဲ့ စပေးနေပြီဟဲ့။

    စစ်လော်ဘီ စီးပွားရေးသမား ဖြိုးဝေစိုးက မအူပင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ကိုကိုကြီးပါတီမှ ဝင်ရောက်ယှဉ်ပြိုင်

    ကြံ့ဖွတ်မှ ဒုဗိုလ်ချုပ်ကြီးဟောင်း ကံမြင့်သန်းနှင့်ပြိုင်ဘက်ဖြစ်သော်လည်း စစ်တပ်ကို ထောက်ခံသည့် ပို့စ်များ တောက်လျှောက်တင်

    အကြမ်းဖက် စစ်တပ်၏ စစ်လော်ဘီတစ်ဦးလည်းဖြစ် စီးပွားရေးသမားတစ်ဦးလည်းဖြစ်သူ ဖြိုးဝေစိုးက မအူပင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ကိုကိုကြီးပါတီမှ ဝင်ရောက်ယှဉ်ပြိုင်ကြောင်း သိရှိရသည်။

    ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းချိန်မှစတင်၍ လူမှုကွန်ရက်တွင် စစ်တပ်ကို ပေါ်ပေါ်ထင်ထင်ထောက်ခံခဲ့ပြီး စစ်အာဏာသိမ်းမှု ဆန့်ကျင်သူများကို အကြမ်းဖက်များဟု ခေါ်ဝေါ်ခဲ့သည့် လုပ်ငန်းရှင်ဖြိုးဝေစိုးသည် ကိုကိုကြီး ဦးဆောင်သော ပြည်သူ့ပါတီမှ မအူပင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်လာခြင်းဖြစ်သည်။

    “စစ်တပ်၏ လေကြောင်းမှ ဗုံးကြဲမှုများ ရွာစဉ်လိုက်မီးရှို့မှုများသည် လုပ်ကိုလုပ်ရမည့်အရာဖြစ်ပြီး တိုင်းပြည်တည်ငြိမ်အောင် ရွာလုံးကျွတ်ရှင်းသင့်ရင်ရှင်းရမည်” ဟု စစ်လော်ဘီ ဖြိုးဝေစိုးက ထုတ်ဖော်ပြောဆိုခဲ့သည်။

    အကြမ်းဖက်စစ်တပ်၏ ဒေါက်တိုင်ဖြစ်သူ ဖြိုးဝေစိုးက စင်ကာပူမှ မြန်မာပြည်သို့ ပြန်လည်အခြေချလာသူဖြစ်ပြီး ရန်ကုန်အခြေစိုက် Digi Power ကုမ္ပဏီကိုလည်း ထူထောင်ထားသူဖြစ်ကြောင်း သိရှိရသည်။

    စစ်လော်ဘီဖြိုးဝေစိုးက မအူပင်မြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် ကြံ့ဖွတ်ပါတီမှ ဒုဗိုလ်ချုပ်ကြီးဟောင်း ကံမြင့်သန်း အပါအဝင် အခြားပါတီများမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၆ ဦးနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သော်လည်း စစ်တပ်ကို ထောက်ခံသော ပို့စ်များကို တောက်လျှောက်တင်နေဆဲဖြစ်ကြောင်း သိရှိရသည်။

    ထို့ပြင် စစ်တပ်ကိုထောက်ခံရင်း ရွေးကောက်ပွဲအသုံးစရိတ်အတွက်ဟုဆိုကာ ပြည်သူများထံမှလည်း အလှူငွေများ ကောက်ခံနေကြောင်းလည်း သိရှိရသည်။

    စစ်တပ်က ပြုလုပ်ပေးမည့် အတုအယောင် ရွေးကောက်ပွဲတွင် ကိုကိုကြီး၏ ပြည်သူ့ ပါတီက ကိုယ်စားလှယ်လောင်း ၅၁၂ ဦးဖြင့် တစ်နိုင်ငံလုံး မဲဆန္ဒနယ်များတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။