Category: News

  • အဆိုတော် အဒီနို စင်ပေါ်မှာ ရုတ်တရက်လဲကျသေဆုံး

    အဆိုတော် အဒီနို စင်ပေါ်မှာ ရုတ်တရက်လဲကျသေဆုံး

    Idiotsအဖွဲ့ နှုတ်ဆက်ဖျော်ဖြေပွဲမှာ ရေမွန်သီချင်းနဲ့ နှုတ်ဆက်သီဆိုတဲ့ အဆိုတော်အဒီနို စင်ပေါ်မှာ ရုတ်တရက်လဲကျသေဆုံး

    Idiots အဖွဲ့ရဲ့ နှုတ်ဆက်ဖျော်ဖြေပွဲမှာ ပါဝင်ဖျော်ဖြေတဲ့ Fever 109အဖွဲ့ရဲ့ အဆိုရှင် အဒီနိုဟာ စင်ပေါ်မှာဖျော်ဖြေနေရင်း နှလုံး‌ဖောက်ပြီး လဲကျသေဆုံးသွားတယ်လို့ ဂီတအသိုင်းအဝိုင်းက အသိပေးထားပါတယ်။

    အဒီနိုဟာ သူတို့အဖွဲ့ရဲ့ဖျော်ဖြေမှုအစီအစဉ်မှာ ရေမွန်ရဲ့ မငိုနဲ့တော့ သီချင်းနဲ့ နှုတ်ဆက်သီဆိုနေရင်း လဲကျသွားတာကို ဗီဒီယိုဖိုင်တွေမှာတွေ့မြင်ရပါတယ်။

    “ဘပီ နှုတ်ဆက်ပွဲမှာ ဖျော်ဖြေရင်း ကိုယ်တိုင် နှုတ်ဆက်သွားတာဘဲ။ Rest In Peace Ko Adino ရေ ။အေးဆေးပြန်ဆုံကြမယ်ပြောရင်း ထွက်သွားပြန်ပေါ့။ပြောဖူးခဲ့သလိုဘဲ သီချင်းတွေ ထားသွားတာကအမြတ်လို့ဘဲ သဘောထားရမှာဘဲ။ “လို့ အဆိုတော် နိုဗန်ထူးက သူ့ရဲ့ဖေ့စ်ဘွတ်ခ်မှာရေးသားထားပါတယ်။

    အဒီနိုဟာ အရင်ကလည်းက နှလုံးရောဂါအခံရှိသူဖြစ်ပြီး Stent ထည့်ထားရသူဖြစ်တယ်လို့ သူနဲ့ ရင်းနှီးတဲ့ မိတ်ဆွေတွေက ဆိုပါတယ်။ အဒီနိုတို့ရဲ့ Fever 109 အဖွဲ့ဟာ ဒီလထဲမှာ အဖွဲ့တည်ထောင်တာ ၁၉ နှစ်ပြည့်ခဲ့တာပါ။

    “န၀ရတ်စတူဒီယိုမှာကျနော်တို့စောင့်ရှောက်ကြီးပြင်းခဲ့တဲ့ကလေး အဒီနို fever109 idiots နှုတ်ဆက်ပွဲစင်မြင့်ပေါ်မှာသီဆိုနေရင်း ရုတ်တရက်ကွယ်လွန်းသွားကြောင်းကြားသိရလို့ သူ့ဖခင် ကိုသားချော မိခင်မထရေစီရဲ့သားသူ့ဦးလေးကိုဝေထွန်းdrummer (emperor lazyclub)ရဲ့တူတော်သူ အဒီနိုအတွက်အထူး၀မ်းနည်းကြေကွဲမိပါတယ်” လို့ ဂစ်တာနိုင်ဇော်ကလည်း ဝမ်းနည်းစကားရေးသားထားပါတယ်။

    Idiots အဖွဲ့ဟာ ပင်တိုင်အဆိုရှင် ရေမွန်ကွယ်လွန်ပြီး ၅နှစ်အကြာမှာ အဖွဲ့ကို ယာယီဖျက်သိမ်းဖို့ နှုဆ်ဆက်ဖျော်ဖြေပွဲ ပြုလုပ်နေတာ ဖြစ်ပါတယ်။

    ရေမွန်ဟာ ၂၀၂၁ဇွန်လ ၂၃ရက်မှာ တော်လှန်ရေးနယ်မြေ တနေရာမှာ ရုတ်တရက်ကွယ်လွန်သွားခဲ့ရတာ ဖြစ်ပါတယ်။

    ရေမွန်ကွယ်လွန်တဲ့နေ့ရောက်ပါက တော်လှန်ရေးအသိုင်းအဝိုင်းက ပြည်သူတွေက လွမ်းဆွတ်အောက်မေ့တဲ့ အမှတ်တရပွဲတွေ လုပ်လေ့ရှိပါတယ်။

    အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွပါဝင်ခဲ့တဲ့ ရေမွန်ဟာ သူမကွယ်လွန်မီ ရက်ပိုင်းအလို ၂၀၂၁ ဇွန်လ ၁၉ ရက်မှာကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့အထိမ်းအမှတ် ပန်းသပိတ်ကိုလည်း သူ့ရဲ့၏ဖေ့စ်ဘွတ်ခ်မှာ ပုံတင်ပြီး ပါဝင်ခဲ့ပါတယ်။

    ရုပ်သံ – Pho Thar Lay/FB

    ရုပ်သံ-အဆိုတော် အဒီနို သီချင်းဆိုရင်း စင်ပေါ် ရုတ်တရက် လဲကျသွားစဉ် (Yan Naing Tun facebook)

  • ကြံ့ခိုင်ရေးပါတီ ပြိုင်ဘက်မရှိ ၂၈ နေရာ ကြိုတင်အနိုင်ရ

    ကြံ့ခိုင်ရေးပါတီ ပြိုင်ဘက်မရှိ ၂၈ နေရာ ကြိုတင်အနိုင်ရ

    စစ်ကော်မရှင်က ကျင်းပဖို့ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲမှာ မဲမပေးရသေးခင်မှာပဲ စစ်တပ်ကျောထောက်နောက်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)ဟာ လွှတ်တော်အမတ်နေရာ ၂၈ နေရာအတွက် ကြိုတင်အနိုင်ရနှင့်နေပြီ ဖြစ်ပါတယ်။

    စစ်ကော်မရှင်လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က အောက်တိုဘာ ၂၃ မှာ နောက်ဆုံး ထုတ်ပြန်တဲ့ အတည်ပြုကိုယ်စားလှယ်လောင်းစာရင်းတွေအရ အခုလို အနိုင်ရရှိနေတာကို တွေ့ရတာပါ။

    အဓိကအားဖြင့် ကချင်၊ စစ်ကိုင်း၊ ရှမ်းပြည်နယ်နဲ့ တနင်္သာရီတိုင်းတို့က မဲဆန္ဒနယ် ၂၈ ခုမှာ ကြံ့ခိုင်ရေးပါတီကလွဲပြီး တခြားဘယ်ပါတီကမှ ဝင်ရောက်ယှဉ်ပြိုင်ခြင်းမရှိတာကြောင့် ဥပဒေအရ အခုလို ပြိုင်ဘက်မရှိ အနိုင်ရသွားတာဖြစ်ပါတယ်။

    စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲဥပဒေ အခန်း(၉)၊ ပုဒ်မ ၄၁ (က) အရ မဲဆန္ဒနယ်တစ်ခုမှာ ကိုယ်စားလှယ်လောင်း တစ်ဦးတည်းသာရှိရင် ရွေးကောက်ပွဲကျင်းပစရာမလိုဘဲ အဲ့ဒီကိုယ်စားလှယ်လောင်းကိုပဲ အနိုင်ရကိုယ်စားလှယ်အဖြစ် ကြေညာရမှာဖြစ်ပါတယ်။

    ကြံ့ခိုင်ရေးပါတီ အခုလို ပြိုင်ဘက်မရှိအနိုင်ရတဲ့နေရာတွေထဲမှာ ပြည်သူ့လွှတ်တော်အတွက် ၁၃ နေရာ၊ တိုင်းနဲ့ ပြည်နယ်လွှတ်တော်အတွက် ၁၃ နေရာနဲ့ တိုင်းရင်းသားလူမျိုးလွှတ်တော်ကိုယ်စားလှယ်အတွက် ၂ နေရာ ပါဝင်ပါတယ်။

    ပြည်သူ့လွှတ်တော်အတွက်ဆိုရင် ကချင်ပြည်နယ်က နောင်မွန်၊ မံစီ၊ ရွှေကူမြို့နယ်တွေ၊ စစ်ကိုင်းတိုင်းထဲက မင်းကင်း၊ ဝန်းသို၊ မော်လိုက်၊ ကနီ၊ ဆားလင်းကြီးနဲ့ ရေဦးမြို့နယ်တွေ၊ တနင်္သာရီတိုင်းက ရေဖြူ၊ လောင်းလုံးမြို့နယ်တွေနဲ့ ရှမ်းပြည်နယ်ထဲက မက်မန်းနဲ့ ဖယ်ခုံမြို့နယ်တွေမှာ ဖြစ်ပါတယ်။

    တိုင်းနဲ့ ပြည်နယ်လွှတ်တော်အတွက်ကတော့ အများစုက စစ်ကိုင်းတိုင်းထဲက ဖြစ်ပြီး ကောလင်း၊ ဝန်းသို၊ တမူး၊ ဘုတလင်၊ မော်လိုက်၊ ကနီ၊ ဆားလင်းကြီးနဲ့ ရေဦးမြို့နယ်တွေမှာ ၈ နေရာအထိ အနိုင်ရထားတာပါ။

    ဒါ့အပြင် တိုင်းရင်းသားလူမျိုးကိုယ်စားလှယ်အဖြစ် ရှမ်းပြည်နယ်ထဲက ကချင်တိုင်းရင်းသား မဲဆန္ဒနယ်နဲ့ ကယန်း(ပဒေါင်) တိုင်းရင်းသားမဲဆန္ဒနယ် ၂ ခုမှာလည်း ကြံ့ခိုင်ရေးပါတီကပဲ ပြိုင်ဘက်မရှိ အနိုင်ရထားပါတယ်။

    အခုလို ကြံ့ခိုင်ရေးပါတီက ပြိုင်ဘက်မရှိအနိုင်ရတဲ့ မဲဆန္ဒနယ်အများစုဟာ လက်ရှိမှာ စစ်ရေးပဋိပက္ခတွေ ပြင်းထန်နေပြီး တည်ငြိမ်မှုမရှိတဲ့ ဒေသတွေဖြစ်တာကို တွေ့ရပါတယ်။

    အထူးသဖြင့် စစ်ကိုင်းတိုင်းလိုနေရာမျိုးမှာဆိုရင် တခြားပါတီတွေအနေနဲ့ ကိုယ်စားလှယ်လောင်းလွှတ်ဖို့၊ မဲဆွယ်စည်းရုံးဖို့နဲ့ လုံခြုံစွာ ရပ်တည်နိုင်ဖို့အတွက် လက်တွေ့မှာ အလွန်ခက်ခဲတဲ့ အခြေအနေတွေရှိနေတယ်လို့ နိုင်ငံရေးသမားတွေက ပြောပါတယ်။

    ကြံ့ခိုင်ရေးပါတီအပြင် ကျားဖြူပါတီလို့ လူသိများတဲ့ ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ “ဝ” အမျိုးသားပါတီနဲ့ အာခါအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီတို့ကလည်း ရှမ်းပြည်နယ်ထဲမှာ ပြိုင်ဘက်မရှိ တစ်နေရာစီ အနိုင်ရထားတာကို တွေ့ရပါတယ်။

    လာမယ့်ရွေးကောက်ပွဲမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဝင်ပြိုင်မယ့် ပါတီကြီး ၆ ခုရှိတဲ့အနက် ကြံ့ခိုင်ရေးပါတီက ကိုယ်စားလှယ်လောင်း ၁၀၀၀ ကျော်နဲ့ အများဆုံးဝင်ပြိုင်ထားပြီး၊ တစည ပါတီက ၆၉၀ ကျော်နဲ့ ဒုတိယ အများဆုံ ဒေါ်သက်သက်ခိုင်ရဲ့ PPP ပါတီက ၆၀၀ ကျော်နဲ့ တတိယအများဆုံး ပါဝင်ယှဉ်ပြိုင်ဖို့ ပြင်ဆင်နေပါတယ်။

    စစ်ကော်မရှင်ဟာ ရွေးကောက်ပွဲကို အပြည့်အဝ မကျင်းပနိုင်တဲ့အပြင် ပြိုင်ဘက် အတိုက်အခံပါတီ တွေကို ဖျက်သိမ်းပြီး နိုင်ငံရေးခေါင်းဆောင်တွေကိုလည်း ဖမ်းဆီး ထိန်းသိမ်းထားချိန် အခုလို ရွေးကောက်ပွဲကျင်းပ တာဟာ တရားမျှတတဲ့ ရွေးကောက်ပွဲ မဖြစ်နိုင်ကြောင်း အနောက်နိုင်ငံတွေက ပြောဆို ကန့်ကွက်ထားကြပါတယ်။

    အမျိုးသားညီညွတ်ရေး အစိုးရ၊ တိုင်းရင်းသား တော်လှန်ရေး လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ တော်လှန်ရေးအင်အားစုတွေကလည်း စစ်ကော်မရှင်ကျင်းပမယ့် ရွေးကောက်ပွဲကို အတုအယောင်အဖြစ် သတ်မှတ်ပြီး ရွေးကောက်ပွဲမှာ မပူးပေါင်းကြဖို့၊ ရွေးကောက်ပွဲ ရလဒ်ကို လက်မခံကြဖို့ နိုင်ငံတကာကို တောင်းဆိုတိုက်တွန်းနေပါတယ်။

    ဒီလို ကန့်ကွက် တောင်းဆိုမှုတွေ ရှိနေချိန်မှာပဲ မဲမပေးရသေးဘဲ ရွေးကောက်ပွဲ ရလဒ်တွေ ကြိုတင်ထွက်ပေါ်လာနေတာပဲဖြစ်ပါတယ်။

    ပြိုင်ဘက်မရှိ ကြိုတင်အနိုင်ရနေသည့် ကြံ့ဖွတ် ကိုယ်စားလှယ်လောင်းများစာရင်း
  • ဒေါက်တာသက်သက်ခိုင်  စစ်ခေါင်းဆောင် ဖြည့်စွက်ထားတဲ့ ပုဒ်မ နဲ့ ငြိပြီး ရွေးကောက်ပွဲ ဝင်ပြိုင်ခွင့်မရ

    ဒေါက်တာသက်သက်ခိုင် စစ်ခေါင်းဆောင် ဖြည့်စွက်ထားတဲ့ ပုဒ်မ နဲ့ ငြိပြီး ရွေးကောက်ပွဲ ဝင်ပြိုင်ခွင့်မရ

    ရွေးကောက်ခံအရပ်သားအစိုးရကိုဖြုတ်ချအာဏာသိမ်းတဲ့စစ်ကောင်စီရဲ့ဝန်ကြီးဟောင်းဖြစ်သူပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌဒေါက်တာသက်သက်ခိုင် ဟာ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ ကို ဝင်ပြိုင်ဖို့ ကြိုးပမ်းခဲ့ပေမယ့် ကိုယ်စားလှယ်လောင်းအဖြစ်ကနေ ပယ်ဖျက်တာကိုခံလိုက်ရပါတယ်။

    ဒေါက်တာသက်သက်ခိုင်ဟာစစ်ကောင်စီရဲ့ရွေးကောက်ပွဲမှာ ရန်ကုန်တိုင်း အမျိုးသား လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ပြိုင်ဖို့ အမည်စာရင်းတင်သွင်းထားတာပါ။

    စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်က ဒေါက်တာသက်သက်ခိုင်ဟာ လွှတ်တော်ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၈ (ဃ) နဲ့ ငြိစွန်း တာကြောင့်ကိုယ်စားလှယ်စာရင်းကနေ ပယ်ဖျက်လိုက်တာလို့ ကြေညာပါတယ်။

    ဒါအပြင် အယူခံရမယ့် ရက်လည်း ကျော်လွန်သွားပြီလို့ အာဏာသိမ်း စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်က ဆိုထားပါတယ်။

    ဒေါက်တာသက်သက်ခိုင် ငြိစွန်းတယ်ဆိုတဲ့ ပုဒ်မ ၈(ဃ) ဟာ အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင်ကပြီးခဲ့တဲ့လပိုင်းဇူလိုင်လ၂၉ရက်မှာ လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ ကို ပြင်ဆင်ရာမှာ အသစ် ဖြည့်စွက်ထားတဲ့ အချက်ဖြစ်ပါတယ်။

    အဲဒီပုဒ်မမှာတော့ လွှတ်တော်ကိုယ်စားလှယ်လောင်း ဟာ “နိုင်ငံတော်နဲ့ ပုဂ္ဂလိက သို့ မသင့်လျော်တဲ့ ပေးရန်တာဝန်များကင်းရှင်းသူ” ဖြစ်ရမယ်လို့ဆိုထားပါတယ်။

    အာဏာသိမ်းစစ်ကောင်စီရဲ့ရွေးကောက်ပွဲ မှာကိုယ်စားလှယ်လောင်းစာရင်းကနေ ပယ်ဖျက်ခံရတာနဲ့ပတ်သက်ပြီး ကာယကံရှင်ရော ၊ ပြည်သူ့ရှေ့ဆောင်ပါတီကပါ အောက်တိုဘာလ ၂၅ ရက်ညနေပိုင်းအထိ တရားဝင်ထုတ်ပြန်ရှင်းလင်းတာမရှိပါဘူး။

    ဒေါက်တာသက်သက်ခိုင်ဟာ ၂၀၁၅ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD)ကိုကိုယ်စားပြုဝင်ပြိုင်ရာမှာဒဂုံမြို့နယ်ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်အဖြစ်အနိုင်ရခဲ့ပါတယ်။

    အဲဒီနောက် NLD ပါတီ က နှုတ်ထွက်ပြီး ပြည်သူ့ရှေဆောင်ပါတီကို ထူထောင်ကာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မှာ ဝင်ပြိုင်ရာမှာတော့ တစ်နေရာမှ အနိုင်မရခဲ့ပါဘူး။

    ၂၀၂၁ ခုနှစ် ၊ ဖေဖော်ဝါရီလ ၁ ရက်မှာ ရွေးကောက်ခံ NLD အရပ်သားအစိုးရ ကို စစ်တပ်က ဖြုတ်ချပြီး အာဏာသိမ်းပြီးနောက် စစ်ကောင်စီမှာ ဒေါက်တာသက်သက်ခိုင်ဟာ လူကယ်ပြန်ဝန်ကြီးဖြစ်လာပါတယ်။

    စစ်ကောင်စီခေါင်းဆောင်က ဒေါက်တာသက်သက်ခိုင်ကို လူကယ်ပြန်ကနေ ဟိုတယ်ခရီးဝန်ကြီးအဖြစ် နေရာရွေ့လိုက်ပြီး အခုနှစ်ဆန်းပိုင်းမှာတော့အနားပေးလိုက်ပါတယ်။

    ဒေါက်တာသက်သက်ခိုင်ကို ကိုယ်စားလှယ်လောင်းစာရင်းက UEC ပယ်ဖျက်

    ပြည်သူ့ရှေ့ဆောင်ပါတီ(PPP) ဥက္ကဋ္ဋ ဒေါက်တာသက်သက်ခိုင်အား စစ်တပ်လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်(UEC) က လွှတ်တော်ကိုယ်စားလှယ်လောင်း စာရင်းက ပယ်ဖျက်လိုက်ကြောင်း UEC ကယနေ့ထုတ်ပြန်သည့် မဲဆန္ဒနယ်အလိုက် လွှတ်တော်ကိုယ်စားလှယ်လောင်းစာရင်းများအရ သိရသည်။

    UEC ထုတ်ပြန်သည့် ရွေးကောက်ပွဲယှဉ်ပြိုင်ခွင့်ရ ကိုယ်စားလှယ်လောင်းစာရင်းတွင် ပြည်သူ့ရှေ့ဆောင်ပါတီ(PPP) ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်သည် ကိုယ်စားလှယ်လောင်း အရည်အချင်း ပျက်ယွင်းသည်ဟု ဆိုကာ ပါဝင်လာခြင်းမရှိဆိုသည့်သတင်းများ ထွက်ပေါ်လာပြီးနောက် ယခုညနေ UEC ​၏ တရားဝင် သတင်းထုတ်ပြန်မှုတွင်ဒေါ်သက်သက်ခိုင်အမည် ပါမလာခြင်း ဖြစ်သည်။

    ဒေါ်သက်သက်ခိုင်သည် ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၈ (ဃ) ပါ ပြဋ္ဌာန်းချက်နှင့်ငြိစွန်းသဖြင့် ကိုယ်စားလှယ်လောင်းစာရင်းမှ ပယ်ဖျက်ခြင်းဖြစ်ကာ အယူခံတင်သွင်းမည့် ကာလစည်းကမ်းသတ်မှတ်ချက်ကိုလည်း ကျော်လွန်ပြီးဖြစ်သည်ဟု UEC မှ One News သတင်းဌာနသို့ ဖြေကြားထားသည်။

    ပုဒ်မ ၈ (ဃ) ၌ ကိုယ်စားလှယ်လောင်းသည် နိုင်ငံတော်နှင့် ပုဂ္ဂလိကသို့မသင့်လျော်သည့် ပေးရန် တာဝန်များ ကင်းရှင်းသူ ဖြစ်ရမည်ဟု ပြဋ္ဌာန်းထားသည်။

    တွေ့လား … အကြွေး ကျိကျိတက် ထူပြော လွန်းလှ၍ မိသက် မြှောက်ပင့်ပြောဆိုခဲ့တဲ့ ရွေးကော်ကြီးကပဲ ကိုယ်စားလှယ်လောင်းစာရင်းမှ ပယ်ဖျက်ချလိုက်တာ။

    အစောကြီးကတည်းက ပယ်ချက်ချနိုင်ကြောင်း အသိပေးလို့ရပေမယ့် သူတို့ မပေးခဲ့ဘူး။ ဇောက်မြင်ကတ်လို့နေမှာ။

    ကိုယ်စားလှယ်လောင်းစာရင်း ထုတ်ပြန်ပြီးမှ မိုက်တီးရဲ့ ရိုက် ချက်လို အကြွေးထူနေတာက တရှက် ၊ ရွေးကောက် ပွဲ မပြိုင်ရတော့တာက တရှက် စုစုပေါင်း နှစ်ချက်နဲ့ ဗျင်းထည့်လိုက်တာ။

    Ball ကြီး ကို မ မ ၊ ခေါင်းပေါ်ပဲ ရွက်ထားထား

    အခုတော့ မှတ်ပလား ဟဲ့ မိသက်ရဲ့

  • အကောင်းဆုံး ကျော်လွှားနိုင်ခဲ့ပြီး နဂိုရုပ်လေးအတိုင်း ပရိတ်သက်ရှေ့ကို ပြန်ထွက်လာတဲ့ M ဆိုင်းလု

    အကောင်းဆုံး ကျော်လွှားနိုင်ခဲ့ပြီး နဂိုရုပ်လေးအတိုင်း ပရိတ်သက်ရှေ့ကို ပြန်ထွက်လာတဲ့ M ဆိုင်းလု

    M ဆိုင်းလုကတော့ ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် အားတင်းပြီး ကျော်ဖြတ်နေတာဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ အားပေးမှု၊ နှစ်သိမ့်ဖေးမမှုတွေနဲ့အတူတူ ဝမ်းနည်းခဲ့သလို ဝမ်းသာခြင်းတွေလည်းခံစားခဲ့ရတာပါ။

    သို့ပေမယ့်လည်း အနုပညာရှင်တစ်ဦးဖြစ်တာမို့ သူမရဲ့ ဖြစ်ပေါ်လာတဲ့ မျက်နှာအခြေအနေအပေါ် ဝမ်းနည်းမျက်ရည်ကျစွာ ခံစားခဲ့ရတာဖြစ်ပါတယ်။

    မီးပိုးကောင်ကြောင့် ဘဝကို အရှုံးပေးရမလိုဖြစ်ခဲ့ပေမယ့် အကောင်းဆုံး ကျော်လွှားနိုင်ခဲ့ပြီး နဂိုရုပ်လေးအတိုင်း ပရိတ်သက်ရှေ့ကို ပြန်ထွက်လာတဲ့ M ဆိုင်းလု

  • ကာကင်းစခန်း ၂ ခုကို AA နှင့်မဟာမိတ်များ ထပ်မံသိမ်းပိုက်

    ကာကင်းစခန်း ၂ ခုကို AA နှင့်မဟာမိတ်များ ထပ်မံသိမ်းပိုက်၍ ကပစ ၁၆ အနီး ၄ မိုင်ဝန်းကျင်သို့ ရောက်ရှိ

    ပန်းတောင်းမြို့နယ်၊ မသုန်ရွာအနီးရှိ ကပစ ၁၆ ၏ အဓိကပွိုင့်ကုန်းနှင့် ကာကင်းစခန်းများ အသိမ်းခံလိုက်ရသည့်အတွက် ယင်းစခန်းများကို ပြန်လည်ရယူရန် စစ်ကော်မရှင်ဘက်မှ ထိုးစစ်ဆင်တိုက်ခိုက်လာကြောင်း သိရသည်။

    စစ်ကော်မရှင်က ၆၆၆ ပွိုင့်ကုန်းကို ပြန်လည်ရယူရန်အတွက် မြေပြင်ထိုးစစ်များအပြင် လက်နက်ကြီး ပစ်ကူ လေကြောင်းပစ်ကူများဖြင့် စစ်ကြောင်းထိုးလာရာ ပွိုင့်ကုန်းနှင့် မိုင်ဝက်ခန့်အကွာတွင် တိုက်ပွဲအပြင်း အထန်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

    “၂၃ ရက်နေ့က တိုက်ပွဲအပြင်းအထန်ဖြစ်ပြီးတော့ လေယာဉ်မျိုးစုံသုံးပြီး ၁၀ ကြိမ်လောက်ကို ဗုံးလာကြဲတယ်။ အဲဒီကြားထဲက ကာကင်းစခန်းနှစ်ခုကို AA က ထပ်သိမ်းလိုက်တယ်လို့ သိရပါတယ်”ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

    AA နှင့်ပူးပေါင်းတပ်ဖွဲ့များ၏ တန်ပြန်ထိုးစစ်ကြောင့် စစ်ကော်မရှင်တပ်များ နောက်ဆုတ်ပေးလိုက်ရသည့်အပြင် ကာကင်းခစန်းနှစ်ခုကိုပါ ယမန်နေ့ အောက်တိုဘာ ၂၄ ရက်နေ့တွင် စစ်ကော်မရှင်က ထပ်မံလက်လွှတ်လိုက်ရကြောင်း သိရသည်။

    AA နှင့် ပူး ပေါင်းတပ်ဖွဲ့များ၏ ထိုးစစ်မှာ ကပစ ၁၆ နှင့် လေးမိုင်အကွာခန့်သို့ ရောက်ရှိနေပြီဖြစ်ပြီး စစ်ကော်မရှင်က လေကြောင်းနှင့် ဒရုန်းတို့ဖြင့် အဆက် မပြတ် ခုခံနေကြောင်း သိရသည်။

    စစ်ကော်မရှင်တပ်က ပွိုင့် ၆၆၆ စခန်းမကျခင် ညောင်ကျိုးနှင့် တောင်ကုတ်လမ်းကြောင်းကို ဦးတည်တိုက်ခိုက်ပြီး လေသာတောင်ကြောကိုပါ စစ်ကြောင်း ထိုးနေခဲ့ရာမှ ယခုရက်ပိုင်းတွင် ကပစ ၁၆ ကို ကာကွယ်ရန် စစ်ကြောင်းများ ၆၆၆ ပွိုင့်ကုန်းအနီးထိ ဦးတည်လာခြင်းဖြစ်သည်။

    ကပစ ၁၆ ယမ်းချက်စက်ရုံတွင် စစ်ကော်မရှင်တပ်များ အင်အားထပ်တိုးထားပြီး မသုန်ချောင်းဖျားတစ်ဝိုက်နှင့် စက်ရုံအနီးတွင် တိုက်ပွဲများ နီးကပ်စွာ ဖြစ်ပွားနေကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။

    ယမန်နေ့ အောက်တိုဘာ ၂၄ ရက်နေ့ကလည်း စစ်ကော်မရှင်က မသုန်ကျေးရွာအနီးတစ်ဝိုက်သို့ စစ်ကူအင်အား ၂၀၀ ခန့် ထပ်မံပို့ဆောင်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။