Category: News

  • ဒေါက်တာသက်သက်ခိုင်  စစ်ခေါင်းဆောင် ဖြည့်စွက်ထားတဲ့ ပုဒ်မ နဲ့ ငြိပြီး ရွေးကောက်ပွဲ ဝင်ပြိုင်ခွင့်မရ

    ဒေါက်တာသက်သက်ခိုင် စစ်ခေါင်းဆောင် ဖြည့်စွက်ထားတဲ့ ပုဒ်မ နဲ့ ငြိပြီး ရွေးကောက်ပွဲ ဝင်ပြိုင်ခွင့်မရ

    ရွေးကောက်ခံအရပ်သားအစိုးရကိုဖြုတ်ချအာဏာသိမ်းတဲ့စစ်ကောင်စီရဲ့ဝန်ကြီးဟောင်းဖြစ်သူပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌဒေါက်တာသက်သက်ခိုင် ဟာ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ ကို ဝင်ပြိုင်ဖို့ ကြိုးပမ်းခဲ့ပေမယ့် ကိုယ်စားလှယ်လောင်းအဖြစ်ကနေ ပယ်ဖျက်တာကိုခံလိုက်ရပါတယ်။

    ဒေါက်တာသက်သက်ခိုင်ဟာစစ်ကောင်စီရဲ့ရွေးကောက်ပွဲမှာ ရန်ကုန်တိုင်း အမျိုးသား လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ပြိုင်ဖို့ အမည်စာရင်းတင်သွင်းထားတာပါ။

    စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်က ဒေါက်တာသက်သက်ခိုင်ဟာ လွှတ်တော်ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၈ (ဃ) နဲ့ ငြိစွန်း တာကြောင့်ကိုယ်စားလှယ်စာရင်းကနေ ပယ်ဖျက်လိုက်တာလို့ ကြေညာပါတယ်။

    ဒါအပြင် အယူခံရမယ့် ရက်လည်း ကျော်လွန်သွားပြီလို့ အာဏာသိမ်း စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်က ဆိုထားပါတယ်။

    ဒေါက်တာသက်သက်ခိုင် ငြိစွန်းတယ်ဆိုတဲ့ ပုဒ်မ ၈(ဃ) ဟာ အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင်ကပြီးခဲ့တဲ့လပိုင်းဇူလိုင်လ၂၉ရက်မှာ လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ ကို ပြင်ဆင်ရာမှာ အသစ် ဖြည့်စွက်ထားတဲ့ အချက်ဖြစ်ပါတယ်။

    အဲဒီပုဒ်မမှာတော့ လွှတ်တော်ကိုယ်စားလှယ်လောင်း ဟာ “နိုင်ငံတော်နဲ့ ပုဂ္ဂလိက သို့ မသင့်လျော်တဲ့ ပေးရန်တာဝန်များကင်းရှင်းသူ” ဖြစ်ရမယ်လို့ဆိုထားပါတယ်။

    အာဏာသိမ်းစစ်ကောင်စီရဲ့ရွေးကောက်ပွဲ မှာကိုယ်စားလှယ်လောင်းစာရင်းကနေ ပယ်ဖျက်ခံရတာနဲ့ပတ်သက်ပြီး ကာယကံရှင်ရော ၊ ပြည်သူ့ရှေ့ဆောင်ပါတီကပါ အောက်တိုဘာလ ၂၅ ရက်ညနေပိုင်းအထိ တရားဝင်ထုတ်ပြန်ရှင်းလင်းတာမရှိပါဘူး။

    ဒေါက်တာသက်သက်ခိုင်ဟာ ၂၀၁၅ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD)ကိုကိုယ်စားပြုဝင်ပြိုင်ရာမှာဒဂုံမြို့နယ်ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်အဖြစ်အနိုင်ရခဲ့ပါတယ်။

    အဲဒီနောက် NLD ပါတီ က နှုတ်ထွက်ပြီး ပြည်သူ့ရှေဆောင်ပါတီကို ထူထောင်ကာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မှာ ဝင်ပြိုင်ရာမှာတော့ တစ်နေရာမှ အနိုင်မရခဲ့ပါဘူး။

    ၂၀၂၁ ခုနှစ် ၊ ဖေဖော်ဝါရီလ ၁ ရက်မှာ ရွေးကောက်ခံ NLD အရပ်သားအစိုးရ ကို စစ်တပ်က ဖြုတ်ချပြီး အာဏာသိမ်းပြီးနောက် စစ်ကောင်စီမှာ ဒေါက်တာသက်သက်ခိုင်ဟာ လူကယ်ပြန်ဝန်ကြီးဖြစ်လာပါတယ်။

    စစ်ကောင်စီခေါင်းဆောင်က ဒေါက်တာသက်သက်ခိုင်ကို လူကယ်ပြန်ကနေ ဟိုတယ်ခရီးဝန်ကြီးအဖြစ် နေရာရွေ့လိုက်ပြီး အခုနှစ်ဆန်းပိုင်းမှာတော့အနားပေးလိုက်ပါတယ်။

    ဒေါက်တာသက်သက်ခိုင်ကို ကိုယ်စားလှယ်လောင်းစာရင်းက UEC ပယ်ဖျက်

    ပြည်သူ့ရှေ့ဆောင်ပါတီ(PPP) ဥက္ကဋ္ဋ ဒေါက်တာသက်သက်ခိုင်အား စစ်တပ်လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်(UEC) က လွှတ်တော်ကိုယ်စားလှယ်လောင်း စာရင်းက ပယ်ဖျက်လိုက်ကြောင်း UEC ကယနေ့ထုတ်ပြန်သည့် မဲဆန္ဒနယ်အလိုက် လွှတ်တော်ကိုယ်စားလှယ်လောင်းစာရင်းများအရ သိရသည်။

    UEC ထုတ်ပြန်သည့် ရွေးကောက်ပွဲယှဉ်ပြိုင်ခွင့်ရ ကိုယ်စားလှယ်လောင်းစာရင်းတွင် ပြည်သူ့ရှေ့ဆောင်ပါတီ(PPP) ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်သည် ကိုယ်စားလှယ်လောင်း အရည်အချင်း ပျက်ယွင်းသည်ဟု ဆိုကာ ပါဝင်လာခြင်းမရှိဆိုသည့်သတင်းများ ထွက်ပေါ်လာပြီးနောက် ယခုညနေ UEC ​၏ တရားဝင် သတင်းထုတ်ပြန်မှုတွင်ဒေါ်သက်သက်ခိုင်အမည် ပါမလာခြင်း ဖြစ်သည်။

    ဒေါ်သက်သက်ခိုင်သည် ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၈ (ဃ) ပါ ပြဋ္ဌာန်းချက်နှင့်ငြိစွန်းသဖြင့် ကိုယ်စားလှယ်လောင်းစာရင်းမှ ပယ်ဖျက်ခြင်းဖြစ်ကာ အယူခံတင်သွင်းမည့် ကာလစည်းကမ်းသတ်မှတ်ချက်ကိုလည်း ကျော်လွန်ပြီးဖြစ်သည်ဟု UEC မှ One News သတင်းဌာနသို့ ဖြေကြားထားသည်။

    ပုဒ်မ ၈ (ဃ) ၌ ကိုယ်စားလှယ်လောင်းသည် နိုင်ငံတော်နှင့် ပုဂ္ဂလိကသို့မသင့်လျော်သည့် ပေးရန် တာဝန်များ ကင်းရှင်းသူ ဖြစ်ရမည်ဟု ပြဋ္ဌာန်းထားသည်။

    တွေ့လား … အကြွေး ကျိကျိတက် ထူပြော လွန်းလှ၍ မိသက် မြှောက်ပင့်ပြောဆိုခဲ့တဲ့ ရွေးကော်ကြီးကပဲ ကိုယ်စားလှယ်လောင်းစာရင်းမှ ပယ်ဖျက်ချလိုက်တာ။

    အစောကြီးကတည်းက ပယ်ချက်ချနိုင်ကြောင်း အသိပေးလို့ရပေမယ့် သူတို့ မပေးခဲ့ဘူး။ ဇောက်မြင်ကတ်လို့နေမှာ။

    ကိုယ်စားလှယ်လောင်းစာရင်း ထုတ်ပြန်ပြီးမှ မိုက်တီးရဲ့ ရိုက် ချက်လို အကြွေးထူနေတာက တရှက် ၊ ရွေးကောက် ပွဲ မပြိုင်ရတော့တာက တရှက် စုစုပေါင်း နှစ်ချက်နဲ့ ဗျင်းထည့်လိုက်တာ။

    Ball ကြီး ကို မ မ ၊ ခေါင်းပေါ်ပဲ ရွက်ထားထား

    အခုတော့ မှတ်ပလား ဟဲ့ မိသက်ရဲ့

  • အကောင်းဆုံး ကျော်လွှားနိုင်ခဲ့ပြီး နဂိုရုပ်လေးအတိုင်း ပရိတ်သက်ရှေ့ကို ပြန်ထွက်လာတဲ့ M ဆိုင်းလု

    အကောင်းဆုံး ကျော်လွှားနိုင်ခဲ့ပြီး နဂိုရုပ်လေးအတိုင်း ပရိတ်သက်ရှေ့ကို ပြန်ထွက်လာတဲ့ M ဆိုင်းလု

    M ဆိုင်းလုကတော့ ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် အားတင်းပြီး ကျော်ဖြတ်နေတာဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ အားပေးမှု၊ နှစ်သိမ့်ဖေးမမှုတွေနဲ့အတူတူ ဝမ်းနည်းခဲ့သလို ဝမ်းသာခြင်းတွေလည်းခံစားခဲ့ရတာပါ။

    သို့ပေမယ့်လည်း အနုပညာရှင်တစ်ဦးဖြစ်တာမို့ သူမရဲ့ ဖြစ်ပေါ်လာတဲ့ မျက်နှာအခြေအနေအပေါ် ဝမ်းနည်းမျက်ရည်ကျစွာ ခံစားခဲ့ရတာဖြစ်ပါတယ်။

    မီးပိုးကောင်ကြောင့် ဘဝကို အရှုံးပေးရမလိုဖြစ်ခဲ့ပေမယ့် အကောင်းဆုံး ကျော်လွှားနိုင်ခဲ့ပြီး နဂိုရုပ်လေးအတိုင်း ပရိတ်သက်ရှေ့ကို ပြန်ထွက်လာတဲ့ M ဆိုင်းလု

  • ကာကင်းစခန်း ၂ ခုကို AA နှင့်မဟာမိတ်များ ထပ်မံသိမ်းပိုက်

    ကာကင်းစခန်း ၂ ခုကို AA နှင့်မဟာမိတ်များ ထပ်မံသိမ်းပိုက်၍ ကပစ ၁၆ အနီး ၄ မိုင်ဝန်းကျင်သို့ ရောက်ရှိ

    ပန်းတောင်းမြို့နယ်၊ မသုန်ရွာအနီးရှိ ကပစ ၁၆ ၏ အဓိကပွိုင့်ကုန်းနှင့် ကာကင်းစခန်းများ အသိမ်းခံလိုက်ရသည့်အတွက် ယင်းစခန်းများကို ပြန်လည်ရယူရန် စစ်ကော်မရှင်ဘက်မှ ထိုးစစ်ဆင်တိုက်ခိုက်လာကြောင်း သိရသည်။

    စစ်ကော်မရှင်က ၆၆၆ ပွိုင့်ကုန်းကို ပြန်လည်ရယူရန်အတွက် မြေပြင်ထိုးစစ်များအပြင် လက်နက်ကြီး ပစ်ကူ လေကြောင်းပစ်ကူများဖြင့် စစ်ကြောင်းထိုးလာရာ ပွိုင့်ကုန်းနှင့် မိုင်ဝက်ခန့်အကွာတွင် တိုက်ပွဲအပြင်း အထန်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

    “၂၃ ရက်နေ့က တိုက်ပွဲအပြင်းအထန်ဖြစ်ပြီးတော့ လေယာဉ်မျိုးစုံသုံးပြီး ၁၀ ကြိမ်လောက်ကို ဗုံးလာကြဲတယ်။ အဲဒီကြားထဲက ကာကင်းစခန်းနှစ်ခုကို AA က ထပ်သိမ်းလိုက်တယ်လို့ သိရပါတယ်”ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

    AA နှင့်ပူးပေါင်းတပ်ဖွဲ့များ၏ တန်ပြန်ထိုးစစ်ကြောင့် စစ်ကော်မရှင်တပ်များ နောက်ဆုတ်ပေးလိုက်ရသည့်အပြင် ကာကင်းခစန်းနှစ်ခုကိုပါ ယမန်နေ့ အောက်တိုဘာ ၂၄ ရက်နေ့တွင် စစ်ကော်မရှင်က ထပ်မံလက်လွှတ်လိုက်ရကြောင်း သိရသည်။

    AA နှင့် ပူး ပေါင်းတပ်ဖွဲ့များ၏ ထိုးစစ်မှာ ကပစ ၁၆ နှင့် လေးမိုင်အကွာခန့်သို့ ရောက်ရှိနေပြီဖြစ်ပြီး စစ်ကော်မရှင်က လေကြောင်းနှင့် ဒရုန်းတို့ဖြင့် အဆက် မပြတ် ခုခံနေကြောင်း သိရသည်။

    စစ်ကော်မရှင်တပ်က ပွိုင့် ၆၆၆ စခန်းမကျခင် ညောင်ကျိုးနှင့် တောင်ကုတ်လမ်းကြောင်းကို ဦးတည်တိုက်ခိုက်ပြီး လေသာတောင်ကြောကိုပါ စစ်ကြောင်း ထိုးနေခဲ့ရာမှ ယခုရက်ပိုင်းတွင် ကပစ ၁၆ ကို ကာကွယ်ရန် စစ်ကြောင်းများ ၆၆၆ ပွိုင့်ကုန်းအနီးထိ ဦးတည်လာခြင်းဖြစ်သည်။

    ကပစ ၁၆ ယမ်းချက်စက်ရုံတွင် စစ်ကော်မရှင်တပ်များ အင်အားထပ်တိုးထားပြီး မသုန်ချောင်းဖျားတစ်ဝိုက်နှင့် စက်ရုံအနီးတွင် တိုက်ပွဲများ နီးကပ်စွာ ဖြစ်ပွားနေကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။

    ယမန်နေ့ အောက်တိုဘာ ၂၄ ရက်နေ့ကလည်း စစ်ကော်မရှင်က မသုန်ကျေးရွာအနီးတစ်ဝိုက်သို့ စစ်ကူအင်အား ၂၀၀ ခန့် ထပ်မံပို့ဆောင်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

  • ကျားဖြန့်ယူဆရသူ လေးယောက် သောင်ရင်းမြစ်ထဲ ရေနစ်သေဆုံး

    ကျားဖြန့်ယူဆရသူ လေးယောက် သောင်ရင်းမြစ်ထဲ ရေနစ်သေဆုံး

    မြဝတီမြို့ကနေ ထိုင်းနိုင်ငံဘက်ခြမ်းကို သောင်ရင်းမြစ်ကူးပြီး ခိုးဝင်ဖို့ကြိုးစားခဲ့တဲ့ ကျားဖြန့်လုပ်ကိုင်တယ်လို့ ယူဆရတဲ့နိုင်ငံခြားသားလေးယောက် ရေနစ်သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ မြဝတီ ဒေသခံတွေဆီက သိရပါတယ်။

    သောင်ရင်းမြစ်အတွင်း ရုပ်အလောင်းတွေမျောနေတာကို အောက်တိုဘာ ၂၄ ရက်နေ့မှာ ဒေသခံတွေက မြင်တွေ့ခဲ့ရတာဖြစ်တယ်လို့သိရပါတယ်။

    ” အရင်ရက်ကတည်းကသေတာဖြစ်လောက်မယ်။အရင်ရက် KK Park ကိုတပ်ကဝင်စီးတော့ ထိုင်းဘက်ကိုကမ်းကူးပြေးရင်းရေနစ်သေတာဖြစ်ဖို့များတယ်။တယောက်ဆိုရင် တက်တူးအပြည့်ရှိတာတွေ့ရတယ်။ဘယ်နိုင်ငံကလူတွေလည်းဆိုတာတော့မသိဘူး။ဒီတိုင်းမျောနေတာပဲတွေ့ရတယ်။ ကျားဖြန့်သမားတွေမြဝတီမှာအလုပ်ဖြစ်နေတယ်။ဖုန်းတွေအလုအယက်ရောင်းနေကြတယ်။” လို့ မြို့ခံတယောက်ကပြောပါတယ်။

    သောင်ရင်းမြစ်အတွင်း ရေနစ်သေဆုံးတဲ့ ရုပ်အလောင်းတွေနဲ့ ပတ်သက်ပြီး အသေးစိတ်အချက်အလက်တွေကိုတော့ ဒေသခံတွေအနေနဲ့ မသိရှိရဘူးလို့ ဆိုပါတယ်။

    လက်ရှိမှာ မြဝတီမြို့ကို ထွက်ပြေးလာတဲ့ ကျားဖြန့်သမားတွေထဲကနေ သောင်ရင်းမြစ်ကူးပြီး ထိုင်းဘက်ခြမ်းကိုထွက်ပြေးသွားတဲ့ နိုင်ငံခြားသား ကျားဖြန့်သမား ၁၀၀၀ ကျော်အထိရှိပြီး မြဝတီမြို့မှာလည်းသက်ဆိုင်ရာကနေပြီး ကျားဖြန့်သမားအချို့ကို ခေါ်ယူထိန်းသိမ်းမှုပြုလုပ်နေတယ်လို့သိရပါတယ်။

    အခုထိ မြဝတီမြို့ပေါ်မှာ သွားလာလှုပ်ရှားနေတဲ့ နိုင်ငံခြားသား ကျားဖြန့်သမားတွေရှိနေသေးကြောင်း ၊ တချို့နိုင်ငံသားတွေက ဇာတိနိုင်ငံကိုမပြန်လိုဘဲ အလုပ်အသစ်တခုရှာပြီးသာ အလုပ်လုပ်လိုကြတာမျိုးလည်းရှိတယ်လို့ ဒေသခံပြောပြချက်အရသိရပါတယ်။

    ကျားဖြန့်လုပ်ငန်းတွေလုပ်ကိုင်တဲ့ KK park ကို စစ်တပ်က ဝင်ရောက်စီးနင်းပြီး ဖမ်းဆီးမှုပြုလုပ်ပြီးနောက် အောက်တိုဘာ ၂၂ ရက်နေ့မနက်ပိုင်းကစလို့ တရုတ်ကျားဖြန့်တွေဦးစီးလုပ်ကိုင်တဲ့ AA ဆိုက်အားလုံးမှာရှိတဲ့ ကျားဖြန့်သမားတွေဟာ မြဝတီမြို့ကို ထွက်ပြေးတိမ်းရှောင်လာကြတာဖြစ်ပါတယ်။

    အလားတူ ထိုင်းကို တရားမဝင်နည်းလမ်းနဲ့ ဝင်ရောက်ပြီး အလုပ်လုပ်ကိုင်ဖို့ကြိုးစားခဲ့တဲ့ မြန်မာလုပ်သားတွေလိုက်ပါလာတဲ့ကားတစီးလည်း ဒီနေ့ အောက်တိုဘာ ၂၅ ရက်နေ့မနက်ပိုင်းက ကန်ချနပူရီမှာ တိမ်းမှောက်လို့ မြန်မာလုပ်သား လေးယောက်​သေဆုံးကာ ၁၅ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့မှုဖြစ်ပွားခဲ့ တယ်လို့ သိရပါတယ်။

    ” ဒီနေ့မနက် ၉ နာရီလောက်ကဖြစ်တာလို့သိရတယ်။ ကန်ချနပူရီထဲမှာဖြစ်တာ။ ကျွန်မတို့မြန်မာတွေကို တင်ဆောင်လာတဲ့ ပစ်ကပ်ကားက အမြန်လမ်းဘက်ကိုအသွားမှာ ကားဘီးပေါက်ပြီး မှောက်သွားတာလိူ့သိရတယ်။ ရဲတွေ ရောက်သွားတော့ ကာတစီးလုံး ကြေမွနေတာတွေ့ရတယ်။သုံးယောက်က ပွဲချင်းပြီးဆုံးတယ်။နောက် တယောက်က ဆေးရုံမှာဆုံးတယ်သိရတယ်။ ” လို့ ထိုင်းရောက်မြန်မာတယောက်ကပြောပါတယ်။

    အဆိုပါကားက အရှိန်ပြင်းပြင်းနဲ့မောင်းလာချိန် ဘီးပေါက်ပြီး တိမ်းမှောက်ခဲ့တာဖြစ်ကြောင်း ၊ ကားမှောက်မှုဖြစ်ပွားပြီးနောက် ယာဥ်မောင်းကထွက်ပြေးသွားတာကြောင့် ယာဥ်မောင်းကိုတော့ လတ်တ​လောမှာ ဖမ်းဆီး ရမိခြင်းမရှိသေး ဘူးလို့သိရပါတယ်။

    လက်ရှိမှာ ထိခိုက်ဒဏ်ရာရရှိသူတွေကိုတော့ ထိုင်းအာဏာပိုင်တွေက ဆေးရုံကိုပို့ဆောင်ပြီး ဆေးကုသမှုပေးထားတယ်လို့သိရပါတယ်။

    အောက်တိုဘာ ၂၁ ရက်နေ့ကလည်း ကန်ချနပူရီခရိုင်ထဲမှာ မြန်မာလုပ်သားတွေလိုက်ပါလာတဲ့ ကားတိမ်းမှောက်လို့ မြန်မာလုပ်သား ၁၅ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ထိုင်းရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးခြင်းခံခဲ့ရတယ်လို့သိရပါတယ်။

    ဓာတ်ပုံ – CJ / ထိုင်းရဲတပ်ဖွဲ့

  • အကြမ်းဖက် ARSA အဖွဲ့မှ အပြစ်မဲ့ အရပ်သား ခရီးသွားပြည်သူလူထုများကို ခြုံခိုတိုက်ခိုက်

    အကြမ်းဖက် ARSA အဖွဲ့မှ အပြစ်မဲ့ အရပ်သား ခရီးသွားပြည်သူလူထုများကို ခြုံခိုတိုက်ခိုက်

    အစ္စလာမ်မစ်အစွန်းရောက် စစ်သွေးကြွ အကြမ်းဖက် ARSA အဖွဲ့မှ အပြစ်မဲ့ အရပ်သား ခရီးသွားပြည်သူလူထုများကို ခြုံခိုတိုက်ခိုက်

    အကြမ်းဖက်သတ်ဖြတ်သွားသည့် လုပ်ရပ်များနှင့်ပတ်သက်၍ ထုတ်ပြန်ချက်

    ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၂၂) ရက်၊ နေ့လယ် (၁) နာရီ (၄၀) မိနစ်ခန့်အချိန်တွင် အာရက္ခပြည်၊ မောင်တောမြို့နယ်၊ ကျောက်ပန္ဒူရွာမှ အဖ ဦးအဒေါင်း၏ သား ကိုထွန်းဝင်း (၃၀) နှစ် သည် ၎င်း၏ ခရီးသည်တင်ကားဖြင့် ရသေ့တောင်မြို့နယ်၊ စေတီပြင်ကျေးရွာမှ ဆန်၊ ဆီ၊ ဆား၊ ငရုတ်သီး စသည့် အခြေခံလူသုံးကုန်ပစ္စည်းများဝယ်ယူ၍ ပြန်လာသည့် ဒေါ်ဝေဝေစိုး (၃၀) နှစ်၊ ဒေါ်နိုင်နိုင်ဆွေ (၄၀) နှစ်၊ ဒေါ်ဝေဝေစိုး၏သမီး မခိုင်မြတ်မွန် (၃) နှစ် နှင့် မောင်သန်းထွီး (၂၅) နှစ် စုစုပေါင်း ကားသမားအပါအဝင် ခရီးသည် (၅) ဦးကိုတင်ဆောင်ပြီး ကျောက်ပန္ဒူရွာဘက်သို့ ထွက်ခွာလာခဲ့သည်။

    အဆိုပါ ခရီးသည်တင်ကားသည် မောင်တောမြို့နယ်၊ မြိုယုရွာ၏အရှေ့ဘက် တံတားအနီးတွင် အစ္စလာမ်မစ်အစွန်းရောက် စစ်သွေးကြွ အကြမ်းဖက် ARSA အဖွဲ့၏ ခြုံခိုတိုက်ခိုက်ခြင်းကိုခံခဲ့ရပြီး ကားပေါ်၌ပါလာသော ခရီးသည် (၅) ဦးနှင့် ကားမောင်းသမားများအား ဖမ်းဆီးခေါ်ဆောင်သွားပြီး ဆန်၊ ဆီ၊ ဆား၊ ငရုတ်သီး အစရှိသော စားသုံးကုန်များအားလုံးကို ယူဆောင်သွားခဲ့သည်။

    အာရက္ခတပ်တော်မှ အခင်းဖြစ်ပျက်ရာနေရာသို့သွားရောက်ပြီး အစ္စလာမ်မစ်အစွန်းရောက် စစ်သွေးကြွ အကြမ်းဖက် ARSA အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားသူများကို လိုက်လံရှာဖွေလျက်ရှိရာ အခင်းဖြစ်ပွားသည့် နေရာနှင့် မလှမ်းမကမ်း၌ ခရီးသည် (၅) ဦးထဲမှ ဝေဝေစိုး၊ အသက် (၃၀) နှစ်နှင့် နိုင်နိုင်ဆွေ၊ အသက် (၄၀) နှစ်တို့နှစ်ဦးမှာ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခြင်းခံခဲ့ရပြီး သေဆုံးသူ ဝေဝေစိုး၏ သမီးငယ် ခိုင်မြတ်မွန် အသက် (၃) နှစ်ကို မိခင်၏ အလောင်းဘေးတွင် အသက်ရှင်လျက် တွေ့ရှိခဲ့ရသည်။

    ထို့နောက်တွင် အကြမ်းဖက်တိုက်ခိုက်ခံရမှုဘေးမှ ထွက်ပြေးလွတ်မြောက်လာသော ကားမောင်းသူ ကိုထွန်းဝင်း၊ ခရီးသည် မောင်သန်းထွီး (၂၅) နှစ် တို့ကိုလည်း ဒဏ်ရာများဖြင့် ထပ်မံတွေ့ရှိခဲ့သည်။

    ထိုသို့ အပြစ်မဲ့အရပ်သားပြည်သူများအား ချောင်းမြောင်း၊ ပစ်ခတ်၊ သတ်ဖြတ်၍ ထွက်ပြေးသွားကြသော စစ်သွေးကြွ အကြမ်းဖက် ARSA အဖွဲ့ဝင်များကို အာရက္ခတပ်တော်မှ လိုက်လံရှင်းလင်းကာ ဒေသအတွင်းအကြမ်းဖက်အန္တရာယ် ကင်းဝေးစေရေးနှင့် ပြည်သူ့လုံခြုံရေးအတွက် ဆက်လက်ဆောင် ရွက်လျက်ရှိပါသည်။

    အစ္စလာမ်မစ် အစွန်းရောက် စစ်သွေးကြွ အကြမ်းဖက် ARSA၊ RSO လက်နက် ကိုင်အဖွဲ့ဝင်များသည် အာရက္ခ – ဘင်္ဂလားဒေ့ရှ် နယ်စပ်ဒေသနေ အပြစ်မဲ့ အာရက္ခမိဘပြည်သူများ၏ အသက်အိုးအိမ်၊ စည်းစိမ်တို့ကို ခြိမ်းခြောက်နေသောကြောင့် နယ်စပ်ရှိ မိဘပြည်သူများအနေဖြင့် တောတောင်ထဲနှင့် လူပြတ်သောနေရာများ၌ သွားလာသည့်အချိန်များတွင် တစ်ဦးတည်း (သို့) လူအနည်းစုဖြင့် သွားလာကြသည်များကို အတတ်နိုင်ဆုံး မပြုလုပ်ကြပါရန်နှင့် ကျန်းမာရေးကိစ္စအပါအဝင် မဖြစ်မနေသွားလာရမည့် အရေးကြီးကိစ္စများရှိပါကလည်း အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ အုပ်ချုပ်ရေးနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များရှိရာ အနီးစပ်ဆုံးနေရာများ၌ သတင်းပေးပို့ပြီးမှ သွားလာကြပါရန် လုံခြုံရေးအရ ထပ်မံ သတိပေးအပ်ပါသည်။

    သတင်းနှင့်ပြန်ကြားရေး

    အာရက္ခတပ်တော်