Category: News

  • မြေပြင်စစ်ကြောင်းထိုးမှုနှင့်လေကြောင်းတိုက်ခိုက်မှုများကို နှစ်ဆ အရှိန်မြှင့်တင်ရန် ကျော်စွာလင်း ခေါင်းဆောင်သော JOC အစည်းအဝေးက ဆုံးဖြတ်

    မြေပြင်စစ်ကြောင်းထိုးမှုနှင့်လေကြောင်းတိုက်ခိုက်မှုများကို နှစ်ဆ အရှိန်မြှင့်တင်ရန် ကျော်စွာလင်း ခေါင်းဆောင်သော JOC အစည်းအဝေးက ဆုံးဖြတ်

    အကြမ်းဖက်စစ်တပ်က ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်သောကြောင့် မြေပြင်စစ်ကြောင်းထိုးမှုနှင့်လေကြောင်းတိုက်ခိုက်မှုများကို အရှိန်အဟုန်မြှင့်တင်ရန် စစ်ဆင်ရေးဆိုင်ရာJOC အထူးအစည်း အဝေးတွင် ဆုံးဖြတ်ချက် ချမှတ်ထားကြောင်း နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

    ယခုအောက်တိုဘာလ လဆန်းပိုင်းအတွင်း စစ်တပ်၏ ကြည်းရေလေညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး ကျော်စွာလင်း ဦးဆောင်သော JOC -Joint of Command အစည်းအဝေးတွင် ထိုသို့ ဆုံးဖြတ်လိုက်ခြင်းဖြစ်ပြီး ယင်းအစည်းအဝေး ဆုံးဖြတ်ချက်အရ လေကြောင်းတိုက်ခိုက်မှုများသည် ယခင်ထက် ၂ ဆ တိုးမြှင့်သွားမည်ဖြစ်ကြောင်း၊ မြေပြင်တွင်လည်း လက်လွှတ်ဆုံးရှုံးထားရသော နယ်မြေများကို ရွေးကောက်ပွဲမတိုင်မီ ရက်ပိုင်း၊ လပိုင်းအတွင်း အမြန်ဆုံးသိမ်းပိုက်နိုင်ရေး စစ်ဆင်ရေး စီမံချက်များ ရေးဆွဲ အကောင်အထည်ဖော်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

    “စစ်ရုံးမှာ နေ့စဉ် လုပ်နေတဲ့ JOC- Joint of Command အစည်းအဝေးတွေက ဗိုလ်ချုပ်ကြီး ကျော်စွာလင်းက ဦးစီးပါတယ်။ ပွင့်လင်းရာသီ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ မြေပြင်စစ်ဆင်ရေးတွေ နှစ်ဆ တိုးမြှင့်ဖို့ ဆုံးဖြတ်ထားပြီ။ ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်သမျှ မြို့တွေ ပြန်သိမ်းမယ့် စစ်ရေး စီမံချက်တွေ စလုပ်နေပြီ” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

    လတ်တလော သီပေါမြို့ကို စစ်တပ်က ထိုးစစ်ဆင်လျက်ရှိပြီး ယခု အောက်တိုဘာလအတွင်း အပြီးသတ် သီပေါမြို့ကိုရရှိရေး တိုက်ခိုက်သိမ်းပိုက်ရန် နေပြည်တော် စစ်ရုံး JOC အစည်းအဝေးက ဆုံးဖြတ်ထားကြောင်း သိရှိရသည်။

    CDM ဗိုလ်ကြီးဇင်ယော်ကမူ စစ်တပ်အနေဖြင့် လေကြောင်းတိုက်ခိုက်မှုများကို အရှိန်မြှင့်တင်ပြီး တိုက်ခိုက်နေရာတွင် ကုန်ကျစရိတ်သက်သာသော စက်တပ်လေထီးများအပါအဝင် နည်းလမ်းပေါင်းစုံကို အသုံးပြုလိမ့်မည်ဖြစ်ကြောင်း သုံးသပ်ပြောဆိုသည်။

    “အဓိကကတော့ လေကြောင်း အရေးသာမှုဆိုတဲ့ စစ်ရေးအားသာချက်ကိုလည်း ယူတာ။ (စက်တပ်လေထီး) ပါရာမော်တာတွေ၊ ဂျိုင်ရိုကော်ပတာတွေက မောင်းတဲ့ လူတွေက လေသူရဲတွေလိုမျိုး စနစ်တကျမွေးထုတ်ထားရတာ မဟုတ်ဘူး။ ရက်တိုသင်တန်းပေးပြီး ကောက်မောင်းပြီး တက်ကြရသလို။ အဲဒီလိုမျိုးဆိုတော့ လူအရင်းအမြစ် ငွေကြေးအရင်းအမြစ်ရော အချိန်အရင်းအမြစ်ရော ချုံ့ပြီးတော့ လေကြောင်းကနေ ကွက်ပစ်အရေးသာတဲ့ ပုံစံမျိုး လုပ်လာတာပေါ့။ သူတို့မှာ ကန့်သတ်ချက်တော့ရှိတယ်။မြေပြင်ကနေ လက်နက်ငယ်နဲ့ ပြန်ပြီးတော့ ပစ်ခတ်ရင် ထိရောက်မှုရှိတယ်။ စက်လက်တို့ စက်သေနတ်ကြီးတို့နဲ့ ပစ်မယ်ဆို သူတို့အတွက် ရှောင်တိမ်းချိန်အခွင့်အရေးနည်းပါးတယ်။ သို့ပေမယ့် လက်နက်ကောင်း ကောင်းမွန်မွန်မရှိတဲ့ ပြည်သူလူထု အခြေပြုတာများတဲ့ နေရာတွေကို ဒီလိုမျိုး တန်ဖိုးနည်းအဖွဲ့တွေ၊ တန်ဖိုးနည်း စက်တပ်လေထီးတွေ၊ ဂျိုင်ရိုကော်ပတာတွေနဲ့ လုပ်ချင်တဲ့ သဘောမျိုးပေါ့။ လေကြောင်းအရေးသာမှုကို နည်းနည်းနဲ့ ကျဲကျဲ ဝိုင်းလိုက်တဲ့ ပုံစံမျိုးလို့ ပြောရမှာ ဖြစ်ပါတယ်” ဟု CDM ဗိုလ်ကြီးဇင်ယော်က ပြောဆိုသည်။

    ထို့ပြင် စစ်တပ်က တော်လှန်ရေးတပ်များ သိမ်းပိုက်ထားသော နယ်မြေများကို လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်လာခြင်းမှာ စစ်တပ်စိုးမိုးသော နယ်မြေများသို့ ပြည်သူများ ရွှေ့ပြောင်းလာရန်နှင့် ရွေးကောက်ပွဲအတွက် မဲပေးသူများ များပြားလာစေရန် ရည်ရွယ်မှုများ ပါဝင်နိုင်ကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

    “ဗုံးကြဲတာက ရွေးကောက်ပွဲနီးလာလေ ပိုများလာလေကို တွေ့ရတယ်။ စစ်တိုက်လို့လည်း တိုက်မနိုင်ဘူး၊ မြေသာသိမ်းလို့ရတယ် ရွေးကောက်ပွဲလုပ်ရမယ့် မြို့တွေမှာ လူစည်မလာဘူး။ ဥပမာ မိုးဗြဲတို့ ဖယ်ခုံတို့ ဒီမော့ဆိုတို့ ဖရူဆိုတို့မှာ ကြည့်လိုက်ရင် လူ လောက်လောက်ငင စည်နေတာ မရှိဘူး။ အဲဒီတော့ စစ်ဘေးရှောင်ဆိုပြီးပဲ လွတ်မြောက်နယ်မြေတွေမှာ သွားပြီး တော့ နေကြတာများတယ်။ လူခေါ်တဲ့ ပုံစံမျိုး ဖြစ်နေတယ်။ သူတို့ အုပ်ချုပ်တဲ့ ‌နယ်မြေတွေကိုတော့ ဗုံးပြန်ကြဲတာမျိုး မရှိသေးဘူးလေ။ အဲဒီတော့ ဗုံးကြဲမှာ ကြောက်လို့ဆိုပြီးတော့ သူတို့ ထိန်းချုပ်တဲ့ နယ်မြေတွေကို ရောက်လာအောင် တမင် ရက်ရက် စက်စက်နဲ့ ယုတ်မာပြီးတော့ လူခေါ်တဲ့ အနေအထားမျိုး သွားတွေ့ရတယ်။ လပြည့်ညမှာဆိုလည်း မုံရွာမြို့နယ်ထဲမှာတင်ကိုပဲ သူတို့ သံသယဖြစ်ရတဲ့ အညိုရောင်နယ်မြေလို့ သတ်မှတ်ထားတဲ့နေရာမျိုးတွေကိုပဲ ရွေးကောက်ပွဲ အဲဒီနေရာမှာ မလုပ်ဖြစ်ပေမယ့် လူတွေက ရွေးကောက်ပွဲဆီကို လာတဲ့ ပုံစံမျိုး၊ ရွေးကောက်ပွဲရှိတဲ့ နေရာကို လာတဲ့ ပုံစံမျိုးဖြစ်လာအောင် ခြောက်ပြီးတော့၊ တိုက်ခိုက်တဲ့ အချိန်မှာ လူတွေ အကြောက်တရားဝင်လာပြီးတော့ သူတို့ထိန်းချုပ်တဲ့ နယ်မြေတွေကို ရောက်လာပြီးတော့ ရွေးကောက်ပွဲ ပေးတဲ့ အင်အားတိုးလာအောင် ပုံပေါ်လာအောင် လုပ်တယ်လို့ မြင်တယ်” ဟု CDM ဗိုလ်ကြီးဇင်ယော်က ရှင်းပြသည်။

  • အမ်း-ပဒါန်းလမ်းရိုး‌ ပေါ်က မြေလပ်ရွာကိုမီးရှို့ခဲ့သည့် အကြမ်းဖက်စစ်တပ်၏စစ်ကြောင်း AA ထံ ချေမှုန်းခံရ

    (စစ်တပ်က ၁၀ ကျော်ခန့်သေဆုံးပြီး အရှင် ၂၀ကျော် ဖမ်းဆီးခံရဟုဆို)

    ရခိုင်-မကွေးအစပ်အမ်း-ပဒါန်းရိုးလမ်းပေါ်က မြေလပ်ရွာကိုမီးရှို့ခဲ့သည့် အကြမ်းဖက်စစ်တပ်၏စစ်ကြောင်း အာရက္ခတပ်တော် (AA)တပ်တော်ထံ တိုက်ခိုက် ချေမှုန်းခံရသဖြင့် စစ်သား ၁၀ ကျော်ခန့်သေဆုံးပြီး အရှင် ၂၀ ကျော်ခန့် ဖမ်းဆီးရမိထားကြောင်း သတင်းရရှိသည်။

    AA နှင့် နီးစပ်သည့် စစ်ရေးသတင်းရင်းမြစ်တစ်ဦးက” တိုက်ပွဲအတွင်းကနေ အရှင် ၂၀လောက်ဖမ်းမိထားတယ်။ ဒါအတိအကျပါ။ ဒဏ်ရာရတဲ့သူတွေလည်းပါတာပေါ့ ။ လက်နက်တွေလည်းပါတယ်။ သေသွားတာကတော့အနည်းဆုံး ၁၀ကျော်လောက်တော့ရှိတယ်။ တိုက်ပွဲပြီးလို့ လိုက်ရှင်းတော့ ဟိုမှာ သုံးလေးယောက်တစ်စု၊ ဒီမှာငါးယောက်ခြောက်ယောက်တစ်စု သေနေတာကို တွေ့ရတယ်” ဟုနိရဉ္စရာကို ပြောသည်။

    အာရက္ခတပ်တော်(AA) သိမ်းထားသည့် ဂုတ်ကြီးစခန်းနှင့် ၃ မိုင်ခန့်ကွာဝေးသည့် မြေလပ်ရွာအားမီးရှို့ခဲ့သည့်အကြမ်းဖက်စစ်တပ်၏ ရာနှင့်ချီပါစစ်ကြောင်းအား AA မှ အောက်တိုဘာ ၆ရက်နေ့က လိုက်လံချေမှုန်းတိုက်ခိုက်ခံခဲ့ရသည်ဟုသိရသည်။

    အဆိုပါချေမှုန်းခံရသည့် စစ်ကြောင်းမှာ ဖရိုဖရဲထွက်ပြေးသွား နောက်ဆုတ်သွားခဲ့ရကာလေကြောင်းဖြင့် အဆက်မပြတ်ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု မြေပြင်သတင်းရင်းမြစ်တစ်ဦးက နိရဉ္စရာကို ပြောသည်။

    “လေကြောင်းကတော့နေ့တိုင်းပစ်တယ်။ အထိနာလေ ပစ်လေပဲ။ သူတို့ကတော့ သူတို့ထိန်းချုပ်ထားတဲ့အပိုင်းမှာ လုပ်ရှားတယ်။ ရွာတွေကိုဖျက်ဆီးတယ်။ ဒရုန်းနဲ့ပစ်တယ် ပြီးရင် AA ထိန်းချုပ်ထားတဲ့နေရာတွေကို စစ်ကြောင်းထိုးတယ်။ မနေ့ကစစ်ကြောင်းလည်းပြိုပြီး နောက်ဆုတ်သွားခဲ့ရတယ်” ဟု ပြောသည်။

    တိုက်ပွဲမှာ ဂုတ်ကြီးစခန်းနှင့်အနီးအနားဝန်းကျင်နှင့် နတ်ရေကန်တောင်ကြောတစ်လျှောက်တွင် ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

    ဂုတ်ကြီးစခန်းကိုသိမ်းပြီးနတ်ရေကန်စခန်း‌ တိုက်ခိုက်ခံရပြီးနောက် မြေလပ်ရွာကို စစ်တပ်ကဝင်ရောက်မီးရှို့ပြီး နောင်ရွာအပါအဝင် ကျေးရွာတချို့ကို အကြမ်းဖက်လေတပ်ကဗုံးကြဲတိုက်ခိုက်သဖြင့် ကျေးရွာအချို့မီးလောင်မှုများရှိသည်ဟု သတင်းရရှိသည်။

    ဂုတ်ကြီး၊ ပဘဲရွာအနီးအနားဝန်းကျင်ကို အောက်တိုဘာ ၃ရက်နေ့ က နေ့နှင့်ည ပါ Y-12၊ ဂျက်ဖိုက်တာ၊ ဒရုန်းများဖြင့် နေ့ရောညပါဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

    ချင်းနှင့်တောင်ပေါ်ရခိုင်လူမျိုးများနေထိုင်ကြသည့်အမ်း-ပဒါန်းလမ်းပိုင်းပေါ်က ဇာတပ်ကူရွာ၊ ဆုံကုံးရွာ၊ ပြန်ကျီရွာ၊ စပြွန်းရွာ၊ မြေလပ်ရွာ၊ ဂုတ်ကြီး၊နတ်ရေကန်၊ စွန်တက်၊ လင်းတဲ၊ တုံးကြီး၊ မထုံး၊ ကံမြင့်ကန်စသည့်ကျေးရွာများရှိကြပြီး အများစုမှာ စစ်ဘေးရှောင်သွားကြပြီဟု သိရသည်။

    ယခုတိုက်ပွဲအတွင်းအကြမ်းဖက်စစ်တပ်ဖက်မှ အထိနာကျဆုံးမှုနှင့် အရှင်ဖမ်းဆီးရမှု အခြေအနေအားအာရက္ခတပ်တော်(AA)မှ သတင်းထုတ်ပြန်ခြင်းမရှိသေး၍သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါ။

  • ပြည်မသို့ ခိုးလမ်းမှတစ်ဆင့်ထွက်ခွာစဉ် ရိုးလမ်းပေါ်တွင် ချင်းနှင့် ရခိုင် ၅၀ နီးပါးဖမ်းဆီးခံရ

    ပြည်မသို့ ခိုးလမ်းမှတစ်ဆင့်ထွက်ခွာစဉ် ရိုးလမ်းပေါ်တွင် ချင်းနှင့် ရခိုင် ၅၀ နီးပါးဖမ်းဆီးခံရ

    ရခိုင်ပြည်ကနေ ရန်ကုန်အပါအဝင် ပြည်မရှိ မြို့များသို့ ခိုးလမ်းများမှ ထွက်ခွာကြစဉ် ယခုလ အောက်တိုဘာပထမပတ်အတွင်း တောင်ကုတ်- ပန်းတောင်း ရိုးလမ်းပေါ်တွင် ရခိုင်နှင့် ချင်းလူမျိုး အနည်းဆုံး ၅၀ ခန့် အကြမ်းဖက်စစ်တပ်ထံ ဖမ်းဆီးခံခဲ့ရသည်ဟု သတင်းရရှိသည်။

    ၎င်းတို့သည်ရခိုင်ပြည်တောင်ကုတ်မြို့မှပဲခူးတိုင်းအတွင်းရှိပန်းတောင်းနှင့်ပြည်ဘက်သို့ရိုးမပေါ်ရှိ ခိုးလမ်းများမှ တစ်ဆင့် လမ်းပြများဖြင့် သွားရောက်စဉ် အကြမ်းဖက်စစ်တပ်ထံဖမ်းဆီးခံရသူများဖြစ်ကြောင်း သိရသည်။

    တောင်ကုတ်ဒေသခံတစ်ဦးက ” ဒီရက်ပိုင်းအတွင်းဖမ်းဆီးခံရတဲ့သူတွေအထဲမှာရိုးပေါ်မှာနေတဲ့ချင်းလူမျိုးတွေလည်း ပါတယ်။ တချို့ကတိုက်ပွဲတွေ အနီးအနားဖြစ်နေတော့ စစ်ရှောင်တဲ့အနေနဲ့ ရန်ကုန်ဘက်ကို သွားတဲ့လူတွေပါသလို တချို့ချင်းတွေက ခရီးသည်တွေရဲ့ အထုတ်အပိုးကိုအခကြေးငွေယူပြီးထမ်းပေးတဲ့သူတွေပါတယ်။ကျန်တာတွေကတော့ တောင်ကုတ်မြို့ပေါ်ကဒေသခံတွေ။ရန်ကုန်ကို ခိုးလမ်းကနေ သွားကြတာ။ ဘယ်နှစ်ယောက်လဲအတိအကျမသိပေမယ့်ဒီရက်ပိုင်းအတွင်းမှာတင် ၅၀ လောက်ရှိတယ်။စစ်တပ်ကဖမ်းတာ။ရိုးထဲကတောလမ်းအများစုမှာ စစ်ကောင်စီယာယီစခန်းတွေရှိတယ်။ဂိတ်တွေရှိတယ်။အဲဒီမှာ အဖမ်းခံရတာ”ဟု ပြောသည်။

    လက်ရှိနိရဉ္စရာမှစုံစမ်း သိရှိရသည့် ဖမ်းဆီးခံရသည့် စာရင်းထဲတွင်တောင်ကုတ်မြိုနယ် ရပ်တော်မူရွာမှ (၆)ဦး၊ စလူရွာမှ (၄)ဦး၊ဒိုးနွယ်စမ်းရွာမှ (၁၂)ဦး၊ ရေပေါ်ကြီးရွာမှ (၉)ဦးနှင့် ပိန်းနှဲစန်းရွာ မှ (၃)ဦးတို့ဖြစ်ကြောင်းသိရသည်။

    လက်ရှိတွင် အဖမ်းခံရသူများအထဲမှ ရခိုင်လူမျိုးများကို ညောင်ခြေထောက်ကနေ ဥသျှစ်ပင်သို့ ပို့ဆောင်လိုက်ပြီး ချင်းလူမျိုးများကို ညောင်ခြေထောက်တွင် ဆက်လက်ထိန်းသိမ်းထားကြောင်း ၎င်းက ပြောဆိုသည်။

    “ညောင်ခြေထောက်ကနေ ရခိုင်တွေကိုဥသျှစ်ပင်ကိုခေါ်သွားတာသိတယ်။ ဒါပေမယ့် ဘယ်မှာထားမှန်းမသိရသေး။ ပြန်လည်းမလွတ်လာသေးဘူး။ တစ်ပတ်လောက်ရှိနေပြီ။ စစ်မှုထမ်းဖို့ ပို့မှာကိုတော့ စိုးရိမ်နေရတယ်” ဟုပြောသည်။

    တောင်ကုတ်-ပန်းတောင်းလမ်းပေါ်ရှိ ရိုးပေါ်တွင် အကြမ်းဖက်စစ်တပ်နှင့် အာရက္ခတပ်တော်(AA) ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့တို့အကြား တိုက်ပွဲမှာ နေ့စဉ်လိုလိုပြင်းထန်လျက်ရှိနေပြီးထိုအထဲက ရခိုင်ဒေသခံများကို ခရီးသွားလာခွင့်ကို ပိတ်ပင်ထားသဖြင့် ခိုးလမ်းများမှ တစ်ဆင့် လမ်းပြများ၏ အကူအညီဖြင့် ပြည်မဘက်သို့ ထွက်ခွာကြရသည်ဟု သိရှိရသည်။

    စက်တင်ဘာ၂ရက်နေ့ကလည်း တောင်ကုတ်မြို့နယ်မှတဆင့် ပြည်မဖက်သို့ ထွက်ခွာသည့်တောင်ကုတ်မြို့၊ ဂူတာရပ်ကွက်မှ ကိုမျိုးမြတ်ကျော် (၂၁)နှစ်နှင့်ကိုအောင်စိုးလင်း (၂၀)တို့ကိုရိုးအောက်အနီးအနားရှိ ကျေးရွာဖြစ်သည့်ပဲခူးတိုင်းဒေသကြီးအပိုင် ကဝမြို့နယ်၊ သပြေကန်သင်းရွာတွင်တည်းခိုနေစဉ်အကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားပြီး လက်ရှိအချိန်ထိပြန်လွတ်လာခြင်း မရှိကြောင်း ဒေသခံများက ပြောသည်။

    တစ်ခြားတစ်ဖက်တွင်လည်းအကြမ်းဖက်စစ်တပ်မှ လူငယ်များအားအတင်းအဓမ္မစစ်သားစုဆောင်းလျက်ရှိနေရာရခိုင်မှ လူငယ်အများအပြားစစ်မှုထမ်းရန်ဖမ်းဆီးခံရခြင်းရှိသလို လူစားထိုးရောင်းစားရာတွင်သားကောင်းများ ဖြစ်နေကြရသည်ဟု သိရသည်။

    ပန်းတောင်း-တောင်ကုတ်လမ်း နယ်ခြားဆိုင်းဘုတ်အား ၂၀၁၉ ခုနှစ် အောက်တိုဘာတွင် တွေ့ရစဉ်။ (Photo: RFA)

  • မုံရွာနှင့်ချောင်းဦးအစပ်တွင် သီတင်းကျွတ် မီးထွန်းပွဲနှင့်ဆီမီးသပိတ် လုပ်နေစဉ် စစ်တပ်က လေကြောင်းတိုက်ခိုက်မှု

    မုံရွာနှင့်ချောင်းဦးအစပ်တွင် သီတင်းကျွတ် မီးထွန်းပွဲနှင့်ဆီမီးသပိတ် လုပ်နေစဉ် စစ်တပ်က လေကြောင်းတိုက်ခိုက်မှု

    မုံရွာနှင့်ချောင်းဦးအစပ်တွင် သီတင်းကျွတ် မီးထွန်းပွဲနှင့်ဆီမီးသပိတ် လုပ်နေစဉ် စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ပြည်သူ ၂၀ ကျော် သေဆုံးပြီး ၄၀ ကျော် ဒဏ်ရာရ

    ခြေပြတ်လက်ပြတ်များနှင့်ခေါင်းမရှိသော ခန္ဓာကိုယ်အလောင်းတချို့ ပြန့်ကျဲ

    မုံရွာနှင့်ချောင်းဦးမြို့နယ်အစပ် တစ်နေရာတွင် သီတင်းကျွတ် မီးထွန်းပွဲနှင့် ဆီမီးသပိတ် လုပ်နေစဉ် စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့ရာ ပြည်သူ ၂၀ ကျော် သေဆုံးပြီး ၄၀ ကျော်ဒဏ်ရာရရှိကြောင်း ချောင်းဦးဆရာတော်က မိန့်ကြားပြောဆိုသည်။

    ယမန်နေ့ အောက်တိုဘာလ ၆ ရက်နေ့ သီတင်းကျွတ် လပြည့်ည ၇ နာရီခန့်အချိန် မုံရွာမြို့နယ်နှင့် ချောင်းဦးမြို့နယ် အစပ်တွင် သီတင်းကျွတ် မီးထွန်းပွဲတော်နှင့် ဆီမီးသပိတ်ပြုလုပ်နေစဉ် အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ တက်လာသော စက်တပ် လေထီးများဖြင့် ဗုံးကျဲချခဲ့ကြောင်း၊ ဗုံးကျဲချရာတွင် စက်တပ်လေထီးများဖြင့် အကြိမ်ကြိမ် ပျံသန်း ဗုံးများ ကျဲချခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

    ယင်းသို့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ ပြည်သူ ၂၀ ဦးကျော်ရှိပြီး ၄၀ ကျော် ဒဏ်ရာရရှိကြောင်း၊ သေဆုံးသူများတွင် ခေါင်းပြတ်၊ ကိုယ်ခန္ဓာအပိုင်းပိုင်း ပြတ်ထွက်သွားသူများလည်းရှိကြောင်း၊ အလောင်းများမှာ ယမန်နေ့ညပိုင်းအထိ မကောက်ရသေးသော အလောင်းများရှိကြောင်း သိရှိရသည်။

    “အလောင်းတွေက အခုအထိ ဘယ်သူဘယ်ဝါမှန်းကိုမသိသေးပါဘူး။ တချို့ အလောင်းတွေကမကောက်ရသေးဘူး။ အခုအထိတော့ အလောင်း ၂၀ အထက် တော့ရှိမယ်။ ဒဏ်ရာရတာက ၄၀ ပတ်ချာလည်လောက်ရှိတယ်။ စက်တပ်လေထီးနဲ့ အကြိမ်ကြိမ် ဗုံးတွေ ကျဲချတာ။ သေဆုံးတဲ့အထဲမှာ တော်လှန် ရေးရဲဘော်တချို့လည်း ပါတယ်။ ရက်စက်လွန်းပါတယ်” ဟု ချောင်းဦးဆရာတော်က မိန့်ကြားသည်။

    သေဆုံးသူများတွင် ကလေးငယ်များလည်း ပါဝင်ပြီး လက်ရှိအချိန်အထိ ယင်းနေရာကို ကယ်ဆယ်ရေးနှင့် ရှင်းလင်းရေး အပြိး သတ် မလုပ်နိုင်သေးကြောင်း၊ ပျောက်ဆုံးသူများလည်းရှိနေဆဲဖြစ်ကြောင်း၊ ဒဏ်ရာရရှိသူများတွင်လည်း ဒဏ်ရာ ပြင်းထန်သူများ ပါဝင်ပြီး သေဆုံးသူ အရေအတွက် တိုးလာနိုင်ကြောင်း တော်လှန်ရေး သတင်းရင်းမြစ်များက ပြောဆိုသည်။

    မနေ့ကညကမုံရွာဘက်မှာဗုံးကြဲလို့သေဆုံးသွားခဲ့ရတဲ့အပြစ်မဲ့ပြည်သူ့ရုပ်အလောင်းရုပ်သံ

    ၂၀၂၅/၁၀/၇ ရက်

    ကြည့်ရဲရင် ဝင်ကြည့်ကြပါ ကျုပ်တော့ ခုဏကပဲကြည့်ပြီးသွားပြီး ရစရာကိုမရှိတာ ရက်စက်လုပ်ကြတာ ဖေယိုးမ စစ်ခွေးတွေ ,

    မင်းတို့တွေဝဋ်ကြွေးပြန်ခံရပါစေ သတ္တိရှိရင် ပြည်သူတွေကို ပစ်မှတ်မထားနဲ့ ငါတို့နဲ့ လာတိုက်လေ ဖေယိုးမ စစ်ခွေးတွေ…

    Saw Eah Muu..

  • ဆီမီးသပိတ်ကို ဗုံးကြဲတိုက်ခိုက်ဖို့ ညွှန်ကြားခဲ့သူ နမခတိုင်းမှူး မျိုးမင်းထွေးဟာ MNDAA ထံ လက်နက်ချအညံ့ခံခဲ့သူဖြစ်

    ဆီမီးသပိတ်ကို ဗုံးကြဲတိုက်ခိုက်ဖို့ ညွှန်ကြားခဲ့သူ နမခတိုင်းမှူး မျိုးမင်းထွေးဟာ MNDAA ထံ လက်နက်ချအညံ့ခံခဲ့သူဖြစ်

    စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ဘုံဘိုရွာကို မနေ့ အောက်တိုဘာ ၆ ရက် ညပိုင်းမှာ စစ်အုပ်စုက လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်ကို အဓိကညွှန်ကြားခဲ့သူ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွေးဟာ ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း ကိုးကန့်တပ်မတော် (MNDAA) ထံ လက်နက်ချအညံ့ခံခဲ့ပြီး သုံ့ပန်းအဖြစ် ဖမ်းဆီးခံရပြီးနောက် ပြန်လည်လွတ်မြောက်လာသူဖြစ်တယ်လို့ သိရပါတယ်။

    သီတင်းကျွတ်လပြည့်နေ့ည ဆီမီးပူဇော်ပွဲနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆီမီးသပိတ်ကို ချောင်းဦးမြို့နယ် သပိတ်ကော်မတီနဲ့ မုံရွာအမြင့်လမ်း သပိတ်ကော်မတီတို့ ဦးဆောင်ကာ ဒေသခံပြည်သူတွေနဲ့အတူ ကျင်းပနေချိန် မနေ့က ညပိုင်းမှာ စစ်အုပ်စုဟာ ဘုံဘိုရွာကို စက်တပ်လေထီး (ပါရာမော်တာ) နဲ့ ပေါင် ၂၅၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်တာ ဖြစ်ပါတယ်။

    စစ်အုပ်စုရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် လသားအရွယ် ကလေးငယ်တွေ အပါအဝင် လူဆယ်ချီ သေဆုံးခဲ့သလို ထိခိုက်ဒဏ်ရာရသူ အများအပြားရှိခဲ့တယ်လို့လည်း မုံရွာခရိုင်၊ အမှတ် ၄ တပ်ရင်း၊ တပ်ခွဲ ၃ (Monywa Nightking) က ဖော်ပြထားပါတယ်။

    အခုလို ဗုံးကြဲတိုက်ခိုက်မှုရဲ့ အဓိကတာဝန်ရှိသူဖြစ်သူ နမခတိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွေးဟာ အလုပ်သင်ဗိုလ်လောင်း အပတ်စဉ် ၂၆ (တေဇ ၂၆) ဆင်းဖြစ်ပြီး စစ်ကိုင်းတိုင်း၊ မုံရွာတိုက်နယ်တစ်ကြော၊ ချင်းပြည်နယ်နဲ့ မကွေးတိုင်း၊ ယောနယ်ဒေသတွေက စစ်ဆင်ရေးတွေကို အဓိကညွှန်ကြားနေသူ ဖြစ်တယ်လို့ CDM ဗိုလ်ကြီး ဇင်ယော်က ပြောပါတယ်။

    “မုံရွာမှာ လုပ်နေတဲ့ ပါရာမော်တာအပါအဝင် လေကြောင်းတိုက်ခိုက်မှုတွေက သူ့ရဲ့ စစ်ဆင်ရေးအမိန့်အောက်မှာပဲ တောက်လျှောက်လုပ်နေတာပါ။ နမခကို ပါရာမော်တာ ၃ စီး ရောက်တာ မကြာသေးဘူး။ ဒီနေ့မနက်လည်း ချောင်းဦးမြို့နယ်၊ အလုံတပ်နယ်တစ်ဝိုက် ကင်းထောက်ပျံနေတာလည်း ရှိတယ်” လို့ CDM ဗိုလ်ကြီးဇင်ယော်က ပြောပါတယ်။

    ဗိုလ်မှူးချုပ် မျိုးမင်းထွေးဟာ နမခတိုင်းမှူးရာထူးကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၈ ရက်မှာ ရရှိခဲ့တာဖြစ်ပြီး သူ့ရှေ့က နမခတိုင်းမှူးတစ်ဦးဖြစ်တဲ့ ဗိုလ်ချုပ်သန်းထိုက် စစ်ဦးစီးအရာရှိချုပ် (ကြည်း)၊ ဒုတိယဗိုလ်ချုပ်ကြီးရာထူးကို တိုးမြှင့်ပြောင်းရွှေ့သွားချိန် နမခတိုင်းမှူးအနေနဲ့ ပြောင်းရွှေ့ခံခဲ့ရတာလည်း ဖြစ်ပါတယ်။

    ဗိုလ်မှူးချုပ် မျိုးမင်းထွေး နမခတိုင်းမှူးအဖြစ် ပြောင်းရွှေ့လာပြီးနောက်ပိုင်း မုံရွာမြို့နဲ့ အနီးတစ်ဝိုက်ကို စစ်ကြောင်းထိုးမှုတွေ လုပ်ဆောင်နေသလို အခုနှစ်ဆန်းပိုင်း ဇန်နဝါရီလအတွင်းက မုံရွာမြို့ပေါ်က ပြည်သူ ၂၀၀ ကျော်ကိုလည်း အဓမ္မဖမ်းဆီးမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ ချင်းတွင်းရိုးမ မဟာမိတ်တပ်ပေါင်းစုက ထုတ်ပြန်ထားပါသေးတယ်။

    ဗိုလ်မှူးချုပ် မျိုးမင်းထွေးဟာ မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း ကိုးကန့်တပ်မတော် (MNDAA) ထံ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးတင့်တို့နဲ့အတူ ၂၀၂၄ ခုနှစ် ဩဂုတ်လ ၃ ရက်မှာ လက်နက်ချအညံ့ခံခဲ့သူလည်း ဖြစ်ပါတယ်။ အဲဒီအချိန်က သူဟာ အမှတ် ၁ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှူးရာထူးနဲ့ တာဝန်ထမ်းဆောင်နေတာ ဖြစ်ပါတယ်။

    သူနဲ့အတူ စစ်သုံ့ပန်းတွေကို MNDAA တပ်ဖွဲ့က ဩဂုတ်လကုန်ပိုင်းမှာ အသုတ်လိုက် ပြန်လွှတ်ပေးခဲ့ပြီးနောက်ပိုင်း စစ်တပ်အတွင်း အရေးယူမှုမခံခဲ့ရတဲ့အပြင် မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ တွင်းငယ်ရွာအခြေစိုက် အမှတ် ၁၃ တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း (တတက ၁၃) မှာ ကျောင်းအုပ်ကြီးရာထူးကို ရရှိခဲ့ပါသေးတယ်။

    မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု (ISP-Myanmar) က စက်တင်ဘာ ၂၆ ရက်မှာ ထုတ်ပြန်ခဲ့တဲ့ “အာဏာဗဟိုချက်အနီး ရောက်လာသော စတုတ္ထမျိုးဆက်ဝင် စစ်ဗိုလ်ချုပ်များ” အစီရင်ခံစာထဲမှာလည်း ဗိုလ်မှူးချုပ် မျိုးမင်းထွေး ပါဝင်လာပါတယ်။

    စစ်တပ်ထိပ်ပိုင်းခေါင်းဆောင် တတိယမျိုးဆက်တွေကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဖြုတ်ထုတ်နေရာပြောင်းရွှေ့ပြီးချိန် အခြားစစ်တိုင်းမှူး ၁၄ ဦးနဲ့အတူ ဗိုလ်မှူးချုပ် မျိုးမင်းထွေးတို့ စစ်ခေါင်းဆောင်အနီး ရောက်လာကြတာ ဖြစ်ပါတယ်။

    ဓာတ်ပုံ – Monywa Nightking