Category: News

  • လွန်ခဲ့တဲ့ ၁၀ နှစ်ကပြေတီဦးရုပ်သံအဟောင်းနဲ့ မဲစာရင်းလာစစ်ဖို့ ပုံမှားရိုက်လွှင့်နေတဲ့စစ်အုပ်စု

    လွန်ခဲ့တဲ့ ၁၀ နှစ်ကပြေတီဦးရုပ်သံအဟောင်းနဲ့ မဲစာရင်းလာစစ်ဖို့ ပုံမှားရိုက်လွှင့်နေတဲ့စစ်အုပ်စု

    အောက်တိုဘာလ ၃ ရက်

    ရုပ်ရှင်သရုပ်ဆောင်ပြေတီဦး လွန်ခဲ့တဲ့ ဆယ်နှစ်က ရိုက်ကူးပေးထားတဲ့ မဲစာရင်းစစ်ဖို့ ရုပ်မြင်သံကြားဇာတ်လမ်းတိုကို အာဏာသိမ်းစစ်အုပ်စုက အခုမှ ရိုက်ထားသယောင် ပုံမှားရိုက်ပြီး MRTV ကနေ ထုတ်လွှင့်နေပါတယ်။

    ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၅ ရွေးကောက်ပွဲအတွက် ရိုက်ကူးထုတ်လွှင့်ခဲ့တဲ့ ထောင်မင်းသား
    နှင့်တွေ့ဆုံခြင်းလို့ အမည်ပေးထားတဲ့ အဲဒီရုပ်သံဇာတ်လမ်းတိုမှာ မဲစာရင်းသွားကြည့်ကြဖို့ ပြေတီဦးက တိုက်တွန်းပေးထားတာကို တွေ့ရပါတယ်။ အာဏာသိမ်းကာလအစောပိုင်းမှာ ဆန္ဒပြခဲ့လို့ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင် ဇနီးမောင်နှံနှစ်ဦးလုံး ထောင်ဒဏ် ကျခံခဲ့ရပါတယ်။ လွတ်မြောက်လာပြီးနောက်ပိုင်းမှာလည်း စစ်ကောင်စီဝါဒဖြန်ချန်နယ်တွေက သူတို့ဇနီးမောင်နှံကို မကြာခဏ တိုက်ခိုက်လေ့ရှိပါတယ်။

    စစ်အုပ်စုရဲ့ရွေးကောက်ပွဲအတွက် မဲစာရင်းတွေကပ်နေပေမယ့် ပြည်သူအများစုက မကြည့်ကြတဲ့အချိန်မှာ ဒီရုပ်သံကို MRTV ကထုတ်လွှင့်လာတာဖြစ်ပါတယ် ။ စစ်တပ်ရွေးကောက်ပွဲကိုအယုံအကြည်မရှိသလို စိတ်မဝင်းစားလို့ မဲစာရင်းကို
    မကြည့်တာလို့ ပြည်သူအချို့ကပြောပါတယ် ။

    အခု ရုပ်သံဇာတ်လမ်းတို ထွက်လာတော့ အာ
    ဏာရှင်ကိုဆန့်ကျင်သူတွေက ပြေတီဦးအပေါ် အထင်အမြင်လွဲမှားမှုတွေ ရှိလာတယ်လို့ ပြည်သူအချို့ကပြောပါတယ်။ စစ်ကောင်စီဟာ သူတို့အတွက်လည်း ဝါဒဖြန့်ရင်း ပြည်သူနဲ့အနုပညာရှင်ကို ရန်တိုက်ပေးခဲ့ခြင်းသာ ဖြစ်ပါတယ်။

    သာမန်ကြည့်ရင်ကို အဲဒီရုပ်သံဇာတ်လမ်းတိုဟာ အခုရိုက်ထားတာမဟုတ်ဘူးဆိုတာ အင်မတန်သိသာပါတယ်။ ပါဝင်တဲ့ ပြေတီဦး၊ နေထွဋ်နဲ့ မြင့်မြင့်ခိုင်တို့ဟာ လက်ရှိအရွယ်ထက် ၁၀ နှစ်ဝန်းကျင်ငယ်စဥ်ကရိုက်ကူးထားတာမိူ့ သိသိသာသာ နုပျိုနေကြပါတယ်။ ဇာတ်ကားပြီးလို့ စာတန်းထိုးချိန်မှာ ပြေတီဦးကို သုံးထပ်ဆင့်အကယ်ဒမီလို့ ထိုးထားပါတယ်။ ပြေတီဦးဟာ အကယ်ဒမီ ငါးဆု ရရှိပြီးပါပြီ။

    တကယ်တော့ အဲဒီရုပ်သံဇာတ်လမ်းတိုဟာ ၂၀၁၅ အထွေထွေးရွေးကောက်ပွဲအတွက် ရိုက်ကူးပေးခဲ့တဲ့ ဇာတ်လမ်းတိုသာဖြစ်ပါတယ်။ အဲဒီရုပ်သံကို အတူတကွမဲပေးကြစို့ Let’s Go Vote Together facebook page ကနေ ၂၀၁၅ ခုနှစ် ဇွန်လ ၃ ရက်နေ့က တင်ထားခဲ့တာကို တွေ့ရမှာဖြစ်ပါတယ်။ (Screen Shot တွင်ရှု)

    ပြေတီဦးတင်မကဘဲ အခြားသရုပ်ဆောင်တွေနဲ့ အဆိုတော်တွေရဲ့ ရွေးကောက်ပွဲအကြို ပညာရေးရုပ်သံတွေ၊ သီချင်းတွေကိုလည်း စစ်ကောင်စီက လက်ရှိရိုက်ထားသလိုပုံစံနဲ့ MRTV နဲ့ မြန်မာ့အသံ ရေဒီယိုကနေ ထုတ်လွှင့်နေတယ်လို့ သိရပါတယ်။

  • သီတင်းကျွတ်ပွဲတော်အတွက် ဂန့်ဂေါမြို့ကို ဆယ်လီ ဖြူဖြူထွေးနဲ့ တိုလီမိုလီ မိုးညို တို့ရောက်ရှိလာ

    သီတင်းကျွတ်ပွဲတော်အတွက် ဂန့်ဂေါမြို့ကို ဆယ်လီ ဖြူဖြူထွေးနဲ့ တိုလီမိုလီ မိုးညို တို့ရောက်ရှိလာ

    3.10.2025 ၊ဂန့်ဂေါ

    မကြာခင်ကျရောက်တော့မယ့် သီတင်းကျွတ်ပွဲတော်အတွက်ဟုဆိုကာ ဖျော်ဖြေပွဲအတွက် ဂန့်ဂေါမြို့ကို ဆယ်လီ ဖြူဖြူထွေးနဲ့ တိုလီ မိုလီ မိုးညိုတို့ ၂ ဦးဟာ ယနေ့ညနေ ၃ နာရီခန့်က စစ်ရဟတ်ယာဥ်တစ်စီးဖြင့်ရောက်ရှိလာကြတယ်လို့ သတင်းရင်းမြစ်ကပြောပါတယ်။

    ရွေးကောက်ပွဲအတွက်ပါ အကြိုစည်းရုံးရေး ပြုလုပ်ရန်ကိုလည်း ရည်ရွယ်ပြီးယခုလို နာမည်ကြီး တစ်တော့စ် ဆယ်လီတွေကို ခလရ ၅၀ တပ်ကနေခေါ်ယူငှားရမ်းတာဖြစ်ဖြစ်နိုင်တယ်လို့ သတင်းရင်းမြစ်ကပြောပါတယ်။

    အဆိုပါ သီးတင်းကျွတ်ပွဲတော်ဖျော်ဖြေပွဲ နဲ့ ရွေးကောက်ပွဲ တွေအတွက် ဒေသခံပြည်သူ့ တော်လှ-န်ရေး အင်အားစုများက ပွဲတော်မှာ ပါဝင်သူများရဲ့ အသ-က် အ-န္တရာယ်ဘေးးကင်းးရေးကို အာမ မ-ခံ-နိုင်ဘူးလို့ ပြောဆိုထားကြောင်းသိရပါတယ်။

    @မင်းဒဿ
    ယောအလင်းတန်း

  • မြန်မာမူဆလင် ပီ ဒီ အက်ပ် ပူပေါင်းအဖွဲ့လက်တွဲညီနေပြီ …

    တော်လှန်ရေးမှာ ပြည်သူနဲ့အတူ မြန်မာမူဆလင်လူငယ် PDF တွေ တက်ကြွစွာပါဝင်နေတယ်ဆိုတာ သိရှိသူနည်းပါးလို့ ဒီပို့စ်နဲ့ မက်ဆေ့ပေးပါတယ်။

    #VideoCreditToOwner

  • မန္တလေးမှာ ဆန္ဒပြပွဲဖမ်းဖို့လာတဲ့ စစ်အုပ်စု မြို့နယ်မှားပြီး ရောက်သွား

    မန္တလေးမှာ ဆန္ဒပြပွဲဖမ်းဖို့လာတဲ့ စစ်အုပ်စု မြို့နယ်မှားပြီး ရောက်သွား

    အောက်တိုဘာ-၃၊၂၀၂၅၊ရှိန်း/People’s Spring

    မန္တလေးမြို့မှာ ရွေးကောက်ပွဲဆန့်ကျင်ရေး ဆန္ဒပြသူတွေကို ဖမ်းဆီးဖို့ စစ်အုပ်စုကကြိုးပမ်းပေမယ့် မြို့နယ်မှားပြီး ရောက်သွားခဲ့တယ်လို့ မြို့ခံ တွေက ပြောပါတယ်။

    ပြီးခဲ့တဲ့ စက်တင်ဘာလနောက်ဆုံးပတ်မှာ မန္တလေးမြို့မှာ ရွေးကောက်ပွဲဆန့်ကျင်ရေး ဆန္ဒပြတဲ့ လှုံ့ ဆော်စာ တွေကြဲတာနဲ့ ဆန္ဒထုတ် ဖော်တာကို မန္တလေးမြို့ ၊ချမ်းမြသာစည်မြို့နယ်မှာ မန္တလေးသပိတ် ကော်မတီကပြုလုပ်ခဲ့တာပါ။

    ဆန္ဒပြပွဲကို အဲဒီနေ့မှာပဲ စစ်အုပ်စုက သတင်းရပြီး ဖမ်းဆီးဖို့ပြုလုပ်ခဲ့ပေမယ့် ချမ်းအေးသာစံမြို့နယ်လို့ သတင်းရပြီး လမ်း၆၀၊လမ်း၃၀ ထောင့်ကို စစ်ကားတွေ အစုလိုက်၊အပြုံလိုက် ရောက်လာတယ်လို့ မြို့ခံ တွေကပြောပါတယ်။

    “ကောင်လေးတယောက်နဲ့ ကောင်မလေးတ‌ ယောက်ဆိုင်ကယ်နဲ့ ဆိုပြီး လာရှာတာ။တယောက်မှ မမိဘူး”လို့ မြို့ခံတဦး ကပြောပါတယ်။

    စစ်အုပ်စုရဲ့ ရွေး‌ကောက်ပွဲဆန့်ကျင်ဖို့အတွက် မန္တလေးမြို့မှာ ဆန္ဒပြပွဲပြုလုပ်ခဲ့ကြောင်း မန္တလေးသပိတ်ကော်မတီက ဒီနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

    မန္တလေးမြို့မှာ ရွေးကောက်ပွဲမဲဆန္ဒရှင်စာရင်း ထုတ်ပြန်ပြီး လုံခြုံရေးတင်းကြပ်ထားချိန်မှာ ယခုလို ဆန္ဒပြခံလိုက်ရတာပါ။

    ယခုရက်ပိုင်းအတွင်းမှာလည်း စစ်အုပ်စုကမြို့တွင်းလုံခြုံ ရေးကင်းပတ်တာတွေ အများအပြားပြုလုပ်နေပြီး ပြည်သူတွေကို ညပိုင်းအထိ လက်ကိုင်ဖုန်းစစ် ဆေးတာနဲ့ လိုင်စင်စစ် ဆေးဖမ်းဆီးမှုတွေ ဆက်တိုက်ပြုလုပ်နေပါတယ်။

  • ရေတာရှည်မြို့နယ်တွင် ဆင်ဂွေကျေးရွာအုပ်ချုပ်ရေးမှူး မျိုးဝင်းက အသက် ၁၆ နှစ်အရွယ် မိန်းကလေးငယ် အဓမ္မပြုကျင့်မှု ရဲနှင့်စစ်တပ်က အရေးမယူ

    ရေတာရှည်မြို့နယ်တွင် ဆင်ဂွေကျေးရွာအုပ်ချုပ်ရေးမှူး မျိုးဝင်းက အသက် ၁၆ နှစ်အရွယ် မိန်းကလေးငယ် အဓမ္မပြုကျင့်မှု ရဲနှင့်စစ်တပ်က အရေးမယူ

    ရန်ကုန်၊ အောက်တိုဘာ ၃

    ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်တွင် ဆင်ဂွေကျေးရွာအုပ်ချုပ်ရေးမှူး မျိုးဝင်းက အသက် ၁၆ နှစ်အရွယ် မိန်းကလေးငယ် အဓမ္မပြုကျင့်ခဲ့သော်လည်း ရဲနှင့်စစ်တပ်က အရေးမယူကြောင်း အဆိုပါဖြစ်စဉ်ကို သိရှိထားသူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

    စက်တင်ဘာလ ၂၆ ရက်နေ့ နံနက် ၉ နာရီအချိန် ရေတာရှည်မြို့နယ်၊ ဆင်ဂွေကျေးရွာတွင် ကျေးရွာအုပ်ချုပ်ရေးမှူး မျိုးဝင်းက အသက် ၁၆ နှစ်အရွယ် မိန်းကလေးငယ် နေထိုင်ရာ အိမ်သို့သွားရောက်ခဲ့ကြောင်း၊ မိန်းကလေးငယ်၏ မိဘများမှာ လယ်ထဲသို့ သွားရောက်နေချိန်ဖြစ်၍ အုပ်ချုပ်ရေးမှူး မျိုးဝင်းကို “အမေတို့ မရှိဘူး” ဟု မိန်းကလေးငယ်က ပြောဆိုခဲ့ကြောင်း၊ သို့ရာတွင် အုပ်ချုပ်ရေးမှူး မျိုးဝင်းက နေအိမ်ပေါ်သို့ အတင်းတက်၍ အတင်းအဓမ္မ ပြုကျင့်ခဲ့ကြောင်း၊ မုဒိမ်းကျင့်ခဲ့ပြီးနောက် အုပ်ချုပ်ရေးမှူး မျိုးဝင်းက ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း သိရှိရသည်။

    မိဘများ ပြန်လည်ရောက်ရှိလာသောအခါ မိန်းကလေးငယ်က အုပ်ချုပ်ရေးမှူး မျိုးဝင်းက နံနက်ပိုင်း နေအိမ်သို့ လာရောက်ပြီး အတင်းအဓမ္မပြုကျင့်ခဲ့မှုကို ငိုယိုတိုင်တန်းခဲ့ကြောင်း၊ မိဘများက သက်ဆိုင်ရာသို့ အကြောင်းကြားတိုင်တန်းသော်လည်း တစ်စုံတစ်ရာ အရေးယူမှုမရှိသဖြင့် မိန်းကလေးငယ်ကို ထပ်မံ၍ စော်ကားမည်ကို စိုးရိမ်သောကြောင့် တစ်နယ်တစ်ကျေးသို့ စေလွှတ်လိုက်ကြောင်း သိရှိရသည်။

    “မိဘတွေက သမီးလေးအတွက် စိုးရိမ်ပြီး ထိုင်းကို ပို့လိုက်ပြီ။ ပြုကျင့်ခံရတဲ့ ကလေးမလေးမှာ နှလုံးရောဂါရှိလို့ ထိုင်းရောက်တဲ့အချိန်မှာ ဆေးကုသမှု ခံနေရတယ်” ဟု ဖြစ်စဉ်ကို သိရှိထားသူက ဆိုသည်

    မုဒိမ်းပြုကျင့်ခဲ့သော ဆင်ဂွေကျေးရွာ အုပ်ချုပ်ရေးမှူး မျိုးဝင်းက တိုင်ကြားမှုများ လုပ်ပါက သတ်ဖြတ်မည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း၊ ဆင်ဂွေကျေးရွာ အုပ်ချုပ်ရေးမှူး မျိုးဝင်းသည် ကျေးရွာနှင့်ပတ်ဝန်းကျင်တွင် အုပ်ချုပ်ရေးမှူး ဩဇာအာဏာသုံး၍ အလိုမတူဘဲ အမျိုးသမီးများကို မုဒိမ်းကျင့်မှုများ ကျူးလွန်ထားကြောင်း သိရှိရသည်။

    “သူက စစ်တပ်ဘက်တော်သား၊ စစ်တပ်နဲ့ပေါင်းပြီး ပြည်သူလူထုအပေါ် အနိုင်ကျင့်တယ်။ အဲဒီလို မိန်းကလေး တော်တော်များများကို အလိုမတူဘဲ အဓမ္မပြုကျင့်ထားတာတွေ များတယ်။ ဘာအရေးယူမှုမှ မရှိဘူး” ဟု ဆင်ဂွေကျေးရွာတွင် နေထိုင်သော သတင်းရင်းမြစ်က ပြောဆိုသည်။