Category: News

  • NLD အစိုးရခေတ်က လေးဖြူ၏ ဆန္ဒမဲပေးကြမည် သီချင်း စစ်တပ်က ပြန်လည်ထုတ်လွှင့်

    NLD အစိုးရခေတ်က လေးဖြူ၏ ဆန္ဒမဲပေးကြမည် သီချင်း စစ်တပ်က ပြန်လည်ထုတ်လွှင့်

    NLD အစိုးရခေတ်က လေးဖြူ၏ ဆန္ဒမဲပေးကြမည် သီချင်း စစ်တပ်က ပြန်လည်ထုတ်လွှင့်နေမှုကြောင့် ဝေဖန်မှုမြင့်တက်နေ

    NLD အစိုးရခေတ်က အဆိုတော် လေးဖြူရေးသား သီဆိုခဲ့သည့် ဆန္ဒမဲပေးကြမည့် သီချင်းကို စစ်ကော်မရှင်လက်အောက်ခံ MRTVက ပြန်လည်ထုတ်လွှင့်ခဲ့သည့်အတွက် ဝေဖန်မှုမြင့်တက်လျက်ရှိသည်။

    ပြီးခဲ့သည့် ၂၀၂၀ ပါတီစုံ ဒီမိုကရေစီရွေးကောက်ပွဲတွင် အဆိုတော်လေးဖြူက နိုင်ငံသားတိုင်း ဆန္ဒမဲပေးကြရန် ရည်ရွယ်ချက်ဖြင့် ဆန္ဒမဲပေးကြမည် ဆိုသည့် သီချင်းကို ရေးသားဖန်တီးခဲ့ခြင်းဖြစ်သည်ဟု ယင်းနှစ် စက်တင်ဘာ လတွင် ဧရာ၀တီသတင်းဌာနကို ဖြေကြားထားသည်။

    ဆန္ဒမဲပေးကြမည် သီချင်းစတင် ထုတ်လွှင့်ချိန်က တော်လှန်အနုပညာရှင်တစ်ဦးဖြစ်သည့် ဒေါင်းက သရုပ်ဆောင်ခဲ့ပြီး ၂၀၂၀ လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံ ဒီမိုကရေစီရွေးကောက်ပွဲအတွက် ပါဝင်အားဖြည့်ပေးခဲ့သည်။

    “စစ်တပ်ရဲ့ MRTV ကနေ ဒီသီချင်းပြတာကို မြင်လိုက်တော့ အံ့ဩသွားတယ်။ ဒီကောင်တွေက လူကြိုက်များတဲ့ သီချင်းကို ပြန်အသုံးပြုပြီး သူတို့ရဲ့ အတုအယောင်ရွေးကောက်ပွဲမှာ ပြန်အသုံးချနေတယ်။ ဆန္ဒမဲဆိုတာ လွတ်လပ်ပြီး မျှတမှ ပေးလို့ရတဲ့အရာ ၊ အရာရာကို လုပ်ချင်သလို လုပ်နေတဲ့ စစ်တပ်ရဲ့ရွေးကောက်ပွဲကတော့ ပြောစရာမရှိတော့ပါဘူး”ဟု ရန်ကုန်တိုင်းအတွင်းနေထိုင်သည့် အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးကပြောသည်။

    အဆိုပါ ဆန္ဒမဲပေးကြမည် သီချင်းဗီဒီရိုအတွင်း ခေတ်အဆက်ဆက် စစ်အာဏာရှင်ကြောင့် ဆန္ဒပြပွဲများဖြစ်ပေါ်ခဲ့ရသည့် ဓာတ်ပုံများကိုလည်း အသုံးပြုထားသည့်အပြင် ဗီဒီရိုအဆုံး၌ “အောင်လံခိုင်ဖို့ မဲပေးစို့ ဒီမိုကရေစီမှန်ကန်ရေး NLD ကို ဒို့မဲပေး” ဟုဆိုကာ NLD ပါတီအတွက် မဲဆွယ်ပေးခဲ့သည့် သီချင်းတစ်ပုဒ်လည်းဖြစ်သည်။

    စစ်ကော်မရှင်က ပြန်လည်ထုတ်လွှင့်သည့် ဆန္ဒမဲပေးကြမည် သီချင်းတွင် ရုပ်ကတ်များကို အစားထိုးပြောင်းလဲပြီး မြန်မာနိုင်ငံ အေးချမ်းနေသည်ဟု အထင်သက်ရောက်စေမည့် ရုပ်ကတ်များဖြင့် ပြန်လည်အစားထိုးထားသည်ကို တွေ့ရသည်။

    “သီချင်း တစ်ပုဒ်ကို ရုပ်ကတ်တွေပြောင်းပြီး ထုတ်လွှင့်မယ်ဆိုရင် သီချင်းရေးသားသူရယ်၊ သီချင်း သီဆိုသူ ရဲ့ခွင့်ပြုချက်တောင်းခံရတယ်။ အခုစစ်တပ်က လေးဖြူရဲ့ ဆန္ဒမဲပေးကြမည် သီချင်းကို ရုပ်ကတ်တွေအစားထိုးပြီး ပြန်လည်ထုတ်လွှင့်တာဆိုတော့ ကျိန်းသေပေါက် လေးဖြူဆီက ခွင့်ပြုချက်ရလို့ပဲ” ဟု အမည်မဖော်လိုသည့် တေးရေး တစ်ဦးက ပြောသည်။

    စစ်တပ်အာဏာသိမ်းပြီးနောက်တွင် အဆိုတော်လေးဖြူသည် စစ်အာဏာရှင်ကို လူသိရှင်ကြား မဆန့်ကျင်ခြင်း၊ စစ်အရာရှိများနှင့် တွေ့ဆုံခြင်း၊ စစ်အုပ်စု၏ ဖျော်ဖြေပွဲများတွင် ပါဝင်ခဲ့ခြင်းများကြောင့် ပြည်သူများ၏ ပြင်းထန်သော ဝေဖန်မှုများကို ခံခဲ့ရသူတစ်ဦးလည်းဖြစ်သည်။

    စစ်ကော်မရှင်သည် ၎င်းတို့၏ အတုအယောင်ရွေးကောက်ပွဲ အောင်မြင်စေရေးအတွက် ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းများကိုလည်း လိုသလို အသုံးပြုကာ ဝါဒဖြန့်မှုများ ပြုလုပ်လျက်ရှိနေသည်။

    မူရင်း Video

    စစ်တပ်မှ ပြန်လည် ခိုးချမှု

  • ဗန်းမောက်မြို့သိမ်းတိုက်ပွဲမှာ NUG လက်အောက်ရှိ အမှတ် ၁  စစ်ဒေသက ဦးစီးကွပ်ကဲ

    ဗန်းမောက်မြို့သိမ်းတိုက်ပွဲမှာ NUG လက်အောက်ရှိ အမှတ် ၁ စစ်ဒေသက ဦးစီးကွပ်ကဲ

    ဗန်းမောက်မြို့သိမ်းတိုက်ပွဲမှာ NUG လက်အောက်ရှိ အမှတ် ၁ စစ်ဒေသက ဦးစီးကွပ်ကဲဟု KIA ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူ ပြောဆို

    စစ်အင်အား ၁၀၀၀ ဝန်းကျင်ဖြင့် ခုခံသော်လည်း စစ်တပ်က ဗန်းမောက်မြို့ကိုလက်လွှတ်ရ

    ဗန်းမောက်မြို့သိမ်းတိုက်ပွဲက စစ်သားများ၏ စိတ်ဓာတ် ပြိုကျနေမှုကို သက်သေပြဟု ဦးမင်းကိုနိုင်ပြော

    စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့သိမ်းတိုက်ပွဲမှာ အမျိုးသားညီညွတ်ရေးအစိုးရ-NUG လက်အောက်ရှိ အမှတ် ၁ စစ်ဒေသက ဦးစီးကွပ်ကဲခြင်းဖြစ်ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်- KIA ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

    KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူကို ဗန်းမောက်မြို့သိမ်းတိုက်ပွဲ အခြေအနေနှင့်ပတ်သက်၍ သိရှိလိုကြောင်း ဆက်သွယ်မေးမြန်းစဉ် ၎င်းက အထက်ပါအတိုင်း တုံ့ပြန်ပြောဆိုခြင်းဖြစ်သည်။

    “ဗန်းမောက်မြို့သိမ်းတိုက်ပွဲက ကျနော်တို့ မဦးစီးဘူး။ အဲဒါက NUG လက်အောက်မှာရှိတဲ့ အမှတ် ၁ စစ်ဒေသက ဦးစီးကွပ်ကဲတာပါ။ အဲဒါကြောင့် အဲဒီမြို့သိမ်းတိုက်ပွဲနဲ့ပတ်သက်ပြီး ကျနော်တို့မှာ ဘာအချက်အလက်မှ ရှိမနေဘူး”ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောဆိုသည်။

    လတ်တလော ဗန်းမောက်မြို့သိမ်းတိုက်ပွဲမှ ထွက်ပြေးသွားသော SNA ရှမ်းနီတပ်များနှင့်စစ်သားများမှာ မြို့ပြင်တွင် စုဖွဲ့နေကြောင်း၊ မြို့တွင်းတွင်လည်း ကျန်ရစ်ခဲ့သော စစ်သားနှင့် ရှမ်းနီတပ်ဖွဲ့ဝင်များကို KIA PDF ပူးပေါင်း မဟာမိတ်တပ်များက နယ်မြေရှင်းလင်းရေးအနေဖြင့် တိုက်ခိုက်ရှင်းလင်းလျက်ရှိကြောင်း သိရှိရသည်။

    ဗန်းမောက်မြို့သိမ်းတိုက်ပွဲကို စစ်တပ်နှင့် လက်အောက်ခံ SNA တပ်များက အင်အား ၁၀၀၀ ခန့်ဖြင့် ခုခံခဲ့သော်လည်း စစ်တပ်၏ ကာကင်းစခန်း ၇ ခု၊ ပင်မဌာနချုပ် တပ်ရင်း ၂ ခု တို့ကို တော်လှန်ရေးမဟာမိတ်တပ်များက စက်တင်ဘာလ ၂၀ ရက်နေ့တွင် အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။

    “ဒီမနက် ဗန်းမောက် မြို့ထဲရှင်းလင်းရေးလုပ်ရင်း လက်ကျန်စစ်ခွေးတွေနဲ့တိုက်ပွဲဖြစ်တာရှိပါတယ်။ စစ်ခွေးစခန်းတွေတော့အကုန်ရပြီ ။ လူစုကွဲနေတဲ့ ခွေးတွေနဲ့တော့ ထိတွေ့မှုရှိတယ်။ သူတို့က မြို့ပြင်မှာ ပြန်စုဖွဲ့နေတာလည်း ရှိတယ်” ဟု တော်လှန်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

    ဗန်းမောက်မြို့သိမ်းတိုက်ပွဲသည် နွေဦးတော်လှန်ရေးအတွက်အင်အားဖြစ်ပြီး တော်လှန်ရေးအရှိန်အဟုန်သည် တရုတ်ဩဇာ ကင်းလွတ်သော အနောက်မြောက်ဆီသို့ အောင်မြင်စွာ ရွှေ့သွားခြင်းဖြစ်သည်ဟု ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်က သုံးသပ်သည်။

    “ဗျူဟာအရ အချက်အချာ ကျတဲ့မြို့ပဲ။ တော်လှန်ရေးရဲ့ မုန်တိုင်းမျက်စိဟာ အနောက်မြောက်ဆီအောင် မြင်စွာရွှေ့ ခဲ့နိုင်ပြီ။ ဗန်းမောက်ကိုရလိုက်တာ မြို့တမြို့ရလိုက်တာ ထက်များစွာပိုတယ်။ စစ်ရေးသာမက ဘဏ္ဍာရေး သံတမန်ရေးတွေပါကြီးစွာသော သက်ရောက်မှုတွေ တော်လှန်ရေးဘက်က အပေါင်းလက္ခဏာ ရသွားတာပေါ့။ ဒီမြို့ဟာဗျူဟာအရအရေးပါတယ်ဆိုတာ ဖက်ဆစ်တပ်လည်းသိလို့ သူတို့အသက်တွေအများကြီးဖြုန်းခုခံခဲ့သေးတာပဲ။ ဒါပေမယ့် EROs အပါဝင်တော်လှန်ရေးစစ်ဖက်ခေါင်းဆောင်တွေက အစီအမံကောင်းတွေနဲ့အချိန်ယူအကျအနကြိုပြင်ဆင် ပြီးတိုက်တာ ဆိုတော့ ကာကင်းစခန်းကုန်းတွေတဝုန်းဝုန်းပြို၊ ဖက်ဆစ်တပ်သားတွေရဲ့စိတ်ဓာတ်တွေပါ လိုက်ပါပြိုကျကုန်တာ” ဟု ဦးမင်းကိုနိုင်က သုံးသပ်ပြောဆိုသည်။

    ဗန်းမောက်မြို့သိမ်းအောင်ပွဲမှသည် ဆက်လက်၍ အောင်စိတ်များ သယ်ဆောင်ပြီး နွေဦးတော်လှန်ရေးကို ဆက်လက် လျှောက်လှမ်းရမည်ဖြစ်ကြောင်း ဦးမင်းကိုနိုင်က ထုတ်ဖော်ပြောဆိုသွားသည်။

  • ထားဝယ်တွင် စစ်တပ် ရိက္ခာပို့ ယာဉ်တန်းကို ကြားဖြတ် တိုက်ခိုက်

    ထားဝယ်တွင် စစ်တပ် ရိက္ခာပို့ ယာဉ်တန်းကို ကြားဖြတ် တိုက်ခိုက်

    ထားဝယ်တွင် စစ်တပ် ရိက္ခာပို့ ယာဉ်တန်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်သား ၂၆ ဦးသေဆုံးပြီး ကား ၆ စီးကို မီးရှို့ရှင်းလင်းနိုင်ခဲ့

    PDF ရဲဘော် ၃ ဦး ကျဆုံး

    တနင်္သာရီတိုင်း ထားဝယ်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် ရိက္ခာပို့ ယာဉ်တန်းကို ၃ ကြိမ် ကြားဖြတ် တိုက်ခိုက်ရာ စစ်သား ၂၆ ဦးသေဆုံးပြီး ကား ၆ စီးကို မီးရှို့ရှင်းလင်းနိုင်ခဲ့ကြောင်း Lark Guerilla Force အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

    ဩဂုတ်လ ၂၁ ရက်နေ့တွင် ထားဝယ်မြို့နယ်၊ သင်္ကန်းတုန်းကျေးရွာ၌ အကြမ်းဖက် စစ်တပ်၏ ကား ၁၀ စီးပါ ရိက္ခာယာဉ်တန်းကို တော်လှန်ရေး တပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ရာ စစ်သား ၂၀ ဦးထက်မနည်း သေဆုံးခဲ့ပြီး ကား ၃ စီးကို မီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်း၊ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ထံမှ MA-1 အမျိုးအစား သေနတ် ၂ လက်၊ ကျည်ဘောက် ၁၂ ခု၊ အီနာဂါ ဗုံးသီး ၅ လုံး၊ လက်ပစ်ဗုံး ၅ လုံးနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရသည်။

    တိုက်ပွဲဖြစ်ပွားပြီးနောက် ကျန်ရှိနေသော ရိက္ခာယာဉ်တန်းမှ ကား ၈ စီးသည် ဝကုန်းရွာ၌ ကား ၂ စီး အပါအဝင် စစ်သား ၈၀ ခန့်ဖြင့် ထပ်မံ အင်အားဖြည့်တင်းပြီး စုစုပေါင်း ကား ၉ စီးဖြင့် စက်တင်ဘာလ ၄ ရက်နေ့တွင် ကျေး ရွာအတွင်းမှ ပြန်လည် ထွက်ခွာလာစဉ် တော်လှန်ရေး တပ်ဖွဲ့များက ဘုရားတောင်အနီး၌ ကြားဖြတ်တိုက်ခိုက်ခဲ့ ရာ အပြန်အလှန်ပစ်ခတ် တိုက်ပွဲ ၁ နာရီခန့် ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

    အလားတူ စက်တင်ဘာ ၇ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်ခန့်အချိန်တွင်လည်း အဆိုပါ ယာဉ်တန်းကို တော်လှန် ရေး တပ်ဖွဲ့များက ဝကုန်းရွာ ၂၃မိုင်-၂၄မိုင် တွင် ထပ်မံ ကြားဖြတ် တိုက်ခိုက်ခဲ့ရာ မိနစ် အနည်းငယ် ထိတွေ့ တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

    ထို တိုက်ခိုက်မှုများ အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၆ ဦး ထိခိုက်သေဆုံးကာ ဒဏ်ရာရရှိသူများပြားကြောင်း၊ ထို့ပြင် ရိက္ခာပို့ ယာဉ်တန်းမှ ကားကြီး ၂ စီးနှင့် ကားငယ် ၁ စီးကိုလည်း တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့များက ထပ်မံ မီးရှို့ရှင်းလင်နိုင်ခဲ့ကြောင်း သိရသည်။

    ထို့ပြင် တိုက်ပွဲများ အတွင်း တော်လှန်ရေး ပူးပေါင်း မဟာမိတ်များဖြစ်သော ဒေါတပ်ခွဲ ၇ မှ ရဲဘော် ၁ ဦး နှင့် KNLA တပ်ရင်း ၁၂ မှ ရဲဘော် ၂ ဦး စုစုပေါင်း ၃ ဦး မြင့်မြတ်စွာ ကျဆုံးခဲ့ကြောင်း သိရှိရသည်။

    “ဩဂုတ်လ ၂၁ ရက်နေ့က သင်္ကန်းတုန်းကျေးရွာမှာ ဖြစ်ပွားတဲ့ ရိက္ခာပို့ ယာဉ်တန်းကို ကျနော်တို့ ထပ်မံပြီးတော့ ၂ ကြိမ် ကြားဖြတ် တိုက်ခိုက်ခဲ့တာ စစ်ခွေး ကား ၃ စီးကို ထပ်ပြီးတော့ မီးရှို့ရှင်းလင်းနိုင်ခဲ့တယ်။ တိုက်ပွဲအတွင်းမှာလည်း စစ်ခွေး ၆ ကောင် ထိခိုက်သေဆုံးတယ်” ဟု Lark Guerilla Force အဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။

    အဆိုပါ တိုက်ခိုက်မှုကို KNLA တပ်မဟာ (၄) တပ်ရင်း (၁၂)၊ က္လားသစ္ဏတ်ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့၊ ဘီလုံးပြောက်ကျားတပ်ဖွဲ့၊ ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (ONLA)၏ ဒူရကစစ်ကြောင်း၊ Fight For Freedom (FFD)တပ်ဖွဲ့၊ ဒေါနစစ် ကြောင်းတပ်ခွဲ(၇)၊ ထားဝယ်အရှေ့ တော ပြည်သူ့ကာကွယ်ရေးအင်အားစု (DEFPDF)၊ သံမဏိပျောက်ကြား(နဘယံ)တပ်ဖွဲ့၊ ထားဝယ်ခ ရိုင်အမှတ်(၂)တပ်ရင်း(T5)၊ အရှေ့ပိုင်းကာကွယ် ရေးတပ်ဖွဲ့ (CDF)၊ ဗထူးတပ်မတော်(BHA) နှင့် ဒေါင်း ညီနောင်စစ် ကြောင်းတို့ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

  • ကန့်ဘလူမြို့နယ်၊ လှည်းပွဲရွာကို မီးရှို့နေသည့် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံး

    ကန့်ဘလူမြို့နယ်၊ လှည်းပွဲရွာကို မီးရှို့နေသည့် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံး

    စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ လှည်းပွဲရွာကို မီးရှို့နေသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း တော်လှန်ရေး သတင်းရင်းမြစ်က ပြောကြားသည်။

    ယမန်နေ့ စက်တင်ဘာလ ၂၀ ရက်နေ့ ညနေပိုင်းတွင် ကန့်ဘလူမြို့နယ်၊ ချပ်သင်းပျူစောထီးရွာ၌ အထိုင်ချ တပ်စွဲထားသော စစ်တပ် စခန်းမှ စစ်သား အင်အား ၁၈၀ ခန့်ပါသော စစ်ကြောင်းသည် လှည်းပွဲကျေးရွာကို ဝင်ရောက် စီးနင်းကာ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

    ထိုသို့ စစ်သားများ နေအိမ်များကို မီးရှို့နေစဉ် တော်လှန်ရေး တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ပွဲအတွင်း စစ်သား ၄ ဦးသေဆုံးကာ ၃ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

    “မနေ့က ညနေ ချပ်သင်းကနေ ထွက်လာ ထွက်ခဲ့ စခစစ်ကြောင်းက ချပ်သင်းတောင်ဘက်က လှည်း ပွဲ ရွာကို မီးရှို့နေတုန်း တော်လှန်ရေးပူးပေါင်းတပ်တွေက ဝင်တိုက်တာ၊ စခ ၄ ဦးသေတယ်၊ ၃ ဦး ဒဏ်ရာရတယ်လို့ မြေပြင်သတင်းရထားပါတယ်” ဟု တော်လှန်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

    အဆိုပါ တိုက်ခိုက်မှုကို ဗိုလ်မုန်တိုင်း ဦးစီးသည့် ကန့်ဘလူခရိုင်တပ်ရင်း ၂ ၊ တပ်ခွဲ ၄ နှင့် ဒေသကာ ကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    အလားတူ စက်တင်ဘာလ ၁၇ ရက်နေ့ကလည်း ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့ ရဲစခန်းကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ရဲဗိုလ်လေးနှင့် ရဲတပ်သားများ အပါအဝင် ၆ ဦး သေဆုံးခဲ့ကြောင်း၊ ထို့ပြင် ဗိုလ်လေး ၂ ဦး၊ ရဲတပ်သား ၂ ဦး ၊ ရဲမိသားစုဝင် ၄ ဦးနှင့် အချုပ်သား ၃ ဦး တို့ကိုလည်း အရှင် ဖမ်းဆီးရမိခဲ့ပြီး တိုက်ပွဲအတွင်း ရဲများထံမှ G-3 သေနတ် ၉ လက်၊ G-4 သေနတ် ၁ လက်၊ MA-15 သေနတ် ၁ လက် နှင့် ပစ္စတို သေနတ် ၁ လက်တို့ သိမ်းဆည်းရရှိခဲ့ပြီး ရဲစခန်းအတွင်းရှိ အဆောက်အဦးများကို မီးရှို့ရှင်းလင်းခဲ့ကြောင်း သိရသည်။

  • မော်လမြိုင်မှာ တောင်းရမ်းစားသောက်သူတွေ ပိုများလာ

    မော်လမြိုင်မှာ တောင်းရမ်းစားသောက်သူတွေ ပိုများလာ

    မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်တပ်အာဏာသိမ်းတဲ့ ငါးနှစ်နီးပါးကာလအတွင်း နည်းလမ်းအမျိုးမျိုးနဲ့ တောင်းရမ်း စားသောက်သူတွေ အရင်ကထက် ပိုမိုများပြားလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    တောင်းရမ်းစားသောက်သူတွေထဲမှာ အသက်မပြည့်သေးတဲ့ ကလေးသူငယ်တွေ အများဆုံးပါဝင်ပြီး အသက်ကြီးပိုင်းနဲ့ လူလတ်ပိုင်းတွေပါ တောင်းရမ်း စားသောက်မှုတွေ ရှိလာတာ ဖြစ်ပါတယ်။

    တောင်းရမ်းစားသောက်သူအများစုဟာ လမ်းဆုံလမ်းခွ မီးပွိုင့်တွေမှာ တောင်းရမ်းတာ၊ ဈေးတွေအတွင်း ဝင်ရောက် တောင်းရမ်းတာ၊ လူသွားလူလာများတဲ့ နေရာတွေမှာ တောင်းရမ်းတာအပြင် ရပ်ကွက်နဲ့ ကျေးရွာအတွင်းထိ ဝင်ရောက် တောင်းရမ်းမှုတွေ ရှိလာတာပါ။

    မော်လမြိုင်မြို့ခံတစ်ဦးကတော့ တောင်းရမ်း စားသောက်သူတွေဟာ အရင်ကထက် ပိုများလာပြီး တစ်ခါမှ မတွေ့ဖူးတဲ့သူတွေ မထင်မှတ်တဲ့သူတွေပါ တောင်းရမ်းစားသောက်မှုတွေ ရှိလာတယ်လို့ ပြောပါတယ်။

    “တောင်းရမ်းစားသောက်မှုက ပိုများသထက်ကို များလာတယ်။ တစ်ခါမှ မမြင်ဖူး မတွေ့ဖူးတဲ့လူ မထင်မှတ်တဲ့ လူတွေလည်း သူ့နည်းသူ့ဟန်နဲ့ တိတ်တဆိတ်ပေါ့နော်။ အရှက်တရားလည်း မထားနိုင်တော့သလို လူရည်သန့် ပုံစံကနေ တောင်းစားတာတွေလည်း တွေ့လာရတာပေါ့။တောင်းစားနေကျ လူတွေလိုမျိုး မဟုတ်ဘဲနဲ့ အကူအညီတောင်းတဲ့ ပုံစံမျိုး တောင်းစားတာတွေလည်း အခု ပိုများလာတာပေါ့”လို့ ဆိုပါတယ်။

    တောင်းရမ်းစားသောက်မှု များပြားလာတာဟာ အာဏာသိမ်းကာလအတွင်း ကုန်ဈေးနှုန်းတွေ အဆ မတန် မြင့်တက်လာတာ၊ အလုပ်လက်မဲ့မှုနှုန်းနဲ့ အလုပ်အကိုင် အခွင့်အလမ်း ရှားပါးလာတာ၊ စားဝတ်နေရေး အကျပ်အတည်းတွေကြောင့် ဖြစ်ပေါ်နေတာပါ။

    တဖက်မှာ စစ်ကော်မရှင်က ပြည်သူတွေကို အလုပ်အကိုင် ဖန်တီပေးမှု မရှိတာ၊ ပြည်ပရင်းနှီးမြှုပ် နှံမှုတွေ အရင်လို ဝင်ရောက်မှုမရှိတာ၊ စစ်ကော်မရှင်က ဘဏ္ဍာငွေကို လူထုသက်သာချောင်ချိရေးထက် စစ်ရေးတွေမှာ ပိုမိုအသုံးပြုလာတာကြောင့် ပြည်သူတွေ မွဲသထက် မွဲလာတာ ဖြစ်တယ်လို့ စီးပွားရေးလုပ်ငန်းရှင်တွေက ထောက်ပြပါတယ်။

    ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် WFP ကတော့ မြန်မာနိုင်ငံရဲ့ လူ ၃ ဦးမှာ ၁ ဦးဟာ ဝမ်းရေးမဖူလုံမှုကို ရင်ဆိုင်နေရတယ်လို့ ပြီးခဲ့တဲ့ စက်တင်ဘာ ၅ ရက်နေ့က ထုတ်ပြန်တဲ့ မြန်မာနိုင်ငံက ဆာလောင်မွတ် သိပ်မှုကို ကိုရီးယားနိုင်ငံနဲ့ ပူးတွဲလုပ်ဆောင်မယ့် REACH အစီအစဉ်မှာ ထုတ်ပြန်ထားပါတယ်။

    ဒါ့အပြင် မြန်မာနိုင်ငံရဲ့ လူဦးရေ ၁၆ ဒသမ ၇ သန်းဟာ ဝမ်းရေးမဖူလုံမှုကို ရင်ဆိုင်နေရပြီး ၂၀၂၄ ခုနှစ်ကထက် သိသိသာသာ တိုးမြင့်လာသလို တစ်နှစ်အတွင်း ဝဝလင်လင်မစားနိုင်သူ ၃ သန်းလောက် တိုးလာတယ်လို့ သတိပေးထားပါတယ်။