Category: News

  • နတ်တလင်းတွင် စစ်ကောင်စီအတွက် အလုပ်လုပ်နေသည့် ရာအိမ်မှူး ၂ ဦး ပစ်သတ်ခံရ

    နတ်တလင်းတွင် စစ်ကောင်စီအတွက် အလုပ်လုပ်နေသည့် ရာအိမ်မှူး ၂ ဦး ပစ်သတ်ခံရ

    ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်မှာ စစ်ကောင်စီနဲ့ပူးပေါင်းအလုပ်လုပ်နေတဲ့ ရာအိမ်မှူး ၂ ယောက် စက်တင်ဘာ ၁၉ ရက်က သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

    မနက် ၉ နာရီခွဲမှာ စံကြီးလောင့်ရွာက ရာအိမ်မှူး ဇော်မင်းနောင်ကို သေနတ်နဲ့ လာရောက်ပစ်ခတ်ခဲ့ပြီး တရက်တည်းမှာပဲ ဖလံပင်ရွာက ရာအိမ်မှူး ဖိုးကျော်ကိုပါ သေနတ်နဲ့ပစ်ခတ်ခဲ့တာကြောင့် သေဆုံးသွားတာလို့ ဆိုပါတယ်။

    ဒေသခံတယောက်က “အကြိမ်ကြိမ်သတိပေးစာနဲ့ သတိပေးခံထားရတဲ့သူ စစ်တပ်နဲ့ပေါင်းပြီး စစ်အုပ်ချုပ်ရေးယန္တရား လည်ပတ်အောင် လုပ်နေတဲ့သူတွေပေါ့။ သူ့ပထွေးအားကိုးနဲ့ နားမထောင်ဘူးလေ။ အခုတော့ တားမရတဲ့အဆုံး ဟိုကလာပစ်သွားတာ” လို့ ပြောပါတယ်။

    ဇော်မင်းနိုင်ဟာ စစ်တပ်ဒေါက်တိုင် ရာအိမ်မှူးဖြစ်ပြီး အကြမ်းဖက်စစ်တပ်အလိုကျ ဒေသတွင်းက ပြည်သူတွေကို ဖိနှိပ်ရက်စက်နေလို့ ဒေသခံတွေက တော်လှန်ရေးတပ်ဖွဲ့တွေဆီကို တိုင်တန်းထားရသလို ဖိုးကျော် ဆိုသူဟာလည်း စစ်ကောင်စီတပ်နဲ့ပေါင်းပြီး ပြည်သူတွေအပေါ် အမျိုးမျိုး ဖိနှိပ်နေတာလို့ ဆိုပါတယ်။

    သူတို့ကို ပဲခူးတိုင်း စစ်ဌာနချုပ် အမှတ် ၂၂ ဗျူဟာ၊ သာယာဝတီခရိုင် တပ်ရင်း ၁၊ တပ်ရင်းရုံး တပ်ဖွဲ့၊ တပ်ခွဲ ၄ က ပစ်ခတ်ခဲ့တာလို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။

  • လူမှုကွန်ရက်တွင် စစ်တပ်ယူနီဖောင်းနှင့် ရိုက်ထားသည့်ဓာတ်ပုံများ ဖျက်ပစ်ရန် အမိန့်ပေး

    စစ်ကောင်စီတပ်က အရာရှိ၊ စစ်သည်တွေအနေနဲ့ လူမှုကွန်ရက်မှာ စစ်တပ်ယူနီဖောင်းနဲ့ရိုက်ပြီး တင်ထားတဲ့ ဓာတ်ပုံတွေရှိရင် စက်တင်ဘာ ၂၈ ရက်နောက်ဆုံးထားပြီး ဖယ်ရှားဖျက်ပစ်ဖို့ စစ်တပ်ထဲမှာ အမိန့်ထုတ်ထားတယ်လို့ သိရပါတယ်။

    လူမှုကွန်ရက်အသုံးပြုတဲ့ အရာရှိ၊ စစ်သည်တွေ တပ်မိသားစုဝင်တွေအနေနဲ့ Facebook၊ Tiktok၊ Telegram နဲ့ အခြားလူမှုပလက်ဖောင်းတွေမှာ စစ်ယူနီဖောင်းနဲ့ တင်ခဲ့သမျှပုံတွေကို စက်တင်ဘာ ၂၈ ရက်အတွင်း ဖယ်ရှားဖျက်ပစ်ဖို့ စက်တင်ဘာ ၂၀ ရက်က ညွှန်ကြားခဲ့တာလို့ စစ်ရေးသတင်းအမြစ်က ပြောပါတယ်။

    “တပ်က အရာရှိ၊ စစ်သည်တွေက Facebook နဲ့ Tiktok မှာ ယူနီဖောင်းနဲ့တင် သေတဲ့အခါ အဲဒီပုံတွေက မီဒီယာဆီရောက်ပြီး အရှက်ကွဲတာရယ်၊ စစ်တပ်ကမှန်း ချုံခိုတိုက်ခိုက်ရတဲ့ ဖြစ်စဥ်တွေကြောင့် မတင်ခိုင်းတာ၊ တင်ပြီးရင်လည်း ဖျက်ဖို့ အမိန့်ပေးထားတယ်။”

    ဒီညွှန်ကြားချက်မှာ အရာရှိ၊ စစ်သည်တွေရဲ့ အသက်အန္တရာယ်ကို စိုးရိမ်လို့မဟုတ်ဘဲ ရွေးကောက်ပွဲမှာ ဝင်ပြိုင်မယ့် စစ်ဗိုလ်ချုပ်တွေရဲ့ လုံခြုံရေးကို စစ်ခေါင်းဆောင်အနေနဲ့ ကြိုတင်ကာကွယ်ပေးတာလို့ အငြိမ်းစားစစ်မှုထမ်းဟောင်းတယောက်က DVB ကို ပြောပါတယ်။

    နေပြည်တော် စစ်ရုံးကတဆင့် တပ်တွင်း အဆင့်ဆင့်ဖွဲ့စည်းထားတဲ့ စည်းရုံးရေးကော်မတီ၊ တပ်မိသားစု စည်းရုံးရေးနဲ့ စည်းကမ်းထိန်းသိမ်းရေး ကော်မတီတွေကို စက်တင်ဘာ ၂၀ ရက်က ညွှန်ကြားခဲ့တာ ဖြစ်ပါတယ်။

    သတင်းမီဒီယာခေတ် ဖြစ်လာတာနဲ့အမျှ လူမှုကွန်ရက် အသုံးပြုရာမှာ မိမိတပ်ဂုဏ်သတင်း မှေးမှိန်စေတဲ့ လုပ်ဆောင်ချက်တွေ မဖြစ်အောင် တဦးချင်းအသိတရားနဲ့ အသုံးပြုဖို့လိုသလို တာဝန်ရှိသူတွေကလည်း အမြဲတမ်းစစ်ဆေးနေဖို့ စက်တင်ဘာ ၁၉ ရက်က ကမ်းရိုးတန်း ဒေသတိုင်းစစ်ဌာနချုပ်မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုခဲ့ပါတယ်။

  • ထိုင်းမှာ မြန်မာမလေး အသတ်ခံရ

    ထိုင်းမှာ မြန်မာမလေး အသတ်ခံရ

    ထိုင်းမှာ မြန်မာတယောက်က ကလေးမလေးကို အချက် ၃၀ ထိုး သတ်တာတဲ့။

    ကယ်ကြပါဦး လို့အော်ခဲ့သေးတာတဲ့။

    ဓာတ်ပုံတွေ မြင်မကောင်းဘူး

    အိမ်တွင်းအကြမ်းဖက်မှုတွေရှိရင် လက်ပိုက်မကြည့်ကြပါနဲ့ ။

    ဖြစ်စဉ်

    ထိုင်းမှာ မြန်မာမလေး အသတ်ခံရ

    မဲဆောက်မြို့အနီး၊ မဲ့လမတ်- တာက် ကျေးရွာအနီးမှာ ခန်ကျော်ထူးအသက် 23 နှစ်နဲ့ နှင်းအိဖြူ အသက် 32 နှစ်တို့ဟာ 3 ခန်းတွဲ အိမ်ခန်းတခုမှာ ငှားနေထိုင်ကြပါတယ်။

    နေတာ အတော်ကြာပီလို့ သိရပါတယ်

    နှင်းအိဖြူတို့က နံပါတ် ၁ အခန်းမှာ နေကြပါတယ်ရှင့်။

    နှင်းအိဖြူဟာ အနီးက ထမင်းဆိုင် တခုမှာ အလုပ်လုပ်ပါတယ်

    15 ရက်နေ့ ညနေ 3 နာရီလောက်မှာ ခန်ကျော်ထူးနဲ့ နှင်းအိဖြူတို့ စကားများ ကြပါတယ်။

    ခနနေတော့ နှင်းအိဖြူရဲ့ ကယ်ကြပါလို့ အကူအညီ တောင်းသံကို ကြားရတော့၊ အိမ်နီးချင်းတွေက ရဲကို အကြောင်းကြားခဲ့ပါတယ်။

    ရဲတွေရောက်လာတော့ နှင်းအိဖြူက ဆုံးနေပါပီ ဒဏ်ရာများစွာနဲ့ သေဆုံးနေတာပါ။

    တရားခံဟာ နှင်းအိဖြူရဲ့ ခင်ပွန်း ခန်ကျော်ထူးပဲ ဖြစ်ပါတယ်။

    ရဲတွေ တံခါးဖွင့်ခိုင်းတော့ ခန်ကျော်ထူးဟာ တံခါးမဖွင့် ပေးခဲ့ဘူး။

    ရဲတွေ အသာလေး တံခါးဖွင့်ဝင်တော့ ခန်ကျော်ထူးဟာ မိန်းမဖြစ်သူ နှင်းအိဖြူ အလောင်းကို အဝတ်အစားနဲ့ အုပ်ထား ပေးပီးထိုင် နေတယ်။

    လက်ရှိစုံစမ်း ရသလောက် ခန်ကျော်ထူးဟာ သူ့မိန်းမကို သဝန်တိုပီး အဲလို လုပ်လိုက်တာလို့ သိရပါတယ်အသေးစိတ်ကိုတော့ စစ်ဆေးနေဆဲပါ။

  • ရန်ကုန်က စက်ရုံအချို့ ပိတ်သိမ်းရန်စီစဉ်နေ

    ရန်ကုန်က စက်ရုံအချို့ ပိတ်သိမ်းရန်စီစဉ်နေ

    ရန်ကုန်တိုင်းထဲမှာ ဖွင့်ထားတဲ့ စက်ရုံတချို့ အထည်အော်ဒါမရတာနဲ့ ဆက်လည်ပတ်ဖို့ အခက်အခဲတွေ ရှိတာကြောင့် ပိတ်သိမ်းဖို့ရှိတယ်လို့ အဲဒီလုပ်ငန်းနဲ့နီးစပ်သူတွေဆီက သိရပါတယ်။

    တဆင့်ခံလက်ခစား (CMP) စက်ရုံတွေအနေနဲ့ ပြည်ပအပ်ထည်ကို အားပြုလုပ်ကိုင်နေရတာ ဖြစ်ပြီး အော်ဒါလျော့နည်းလာတာ၊ ကုန်ကြမ်းဈေးနှုန်းကြီးမြင့်တာနဲ့ လျှပ်စစ်မီးလို အခြေခံလိုအပ်ချက်အတွက် ကုန်ကျစရိတ်များနေတာကြောင့် ဆက်ရပ်တည်ဖို့ ခက်လာတာလို့ ဆိုပါတယ်။

    သာဓုကန်စက်မှုဇုန်က စက်ရုံအုပ်ချုပ်ရေးပိုင်း မန်နေဂျာတယောက်က “ဒီဘက်က စက်ရုံနှစ်ရုံ ပိတ်ဖို့ ပြင်နေတာရှိတယ်။ သူတို့က အဓိကအော်ဒါမရတော့လို့။ စက်ရုံပိတ်မှာမို့လို့ အဲဒီစက်ရုံတွေက အလုပ်သမားတွေ တခြားစက်ရုံတွေမှာ အလုပ်ကြိုလျှောက်နေကြတယ်” လို့ ပြောပါတယ်။

    လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်မှာဖွင့်ထားတဲ့ SDI အထည်ချုပ်စက်ရုံလည်း အော်ဒါအခက်အခဲကြောင့် ပိတ်သိမ်းဖို့ပြင်နေပြီး နစ်နာကြေးရရှိဖို့ အကျေအလည် ဆွေးနွေးနေသလို အလုပ်သမားတွေက အကူအညီတောင်းထားတယ်လို့ မြန်မာနိုင်ငံ ကုန်ထုတ်နှင့်စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ် (IWFM) က ထုတ်ပြန်ထားပါတယ်။

    ပြည်တွင်းအလုပ်သမားအရေး လှုပ်ရှားသူတယောက်က “စက်ရုံတချို့က ပိတ်တယ်ဆိုပြီး နာမည်ပြောင်း ဖွင့်တတ်တာတွေလည်း ရှိတယ်။ တကယ်ပိတ်ခဲ့ရင်တောင် ဂုဏ်သိက္ခာရှိရှိနဲ့ ပေးသင့်တဲ့ နစ်နာကြေးတွေ ပေးချေဖို့ တာဝန်ရှိတယ်” လို့ ပြောပါတယ်။

    မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်မှာ ဥရောပထုတ်ကုန်ချုပ်လုပ်တဲ့ စက်ရုံတချို့ ပိတ်သိမ်းထွက်ခွာသွားတဲ့ ဖြစ်ရပ်တွေရှိခဲ့ပါတယ်။

    လက်ရှိမှာလည်း အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ (ILO)က မြန်မာနိုင်ငံကို ပုဒ်မ ၃၃ ကျင့်သုံးဖို့ ဆုံးဖြတ်ထားတာကြောင့် ပိတ်ဆို့အရေးယူမှုတွေရှိလာနိုင်တဲ့အပေါ် အထည်ချုပ်လုပ်ငန်း အသိုင်းအဝိုင်းက အခြေအနေစောင့်ကြည့်နေကြပါတယ်။

  • မကွေးနဲ့ တောင်တွင်း ကြားထဲကရွာကို ကိုယ်တိုင် ပြန်ပို့ပေးခဲ့တဲ့ အ​လောင်း

    မကွေးနဲ့ တောင်တွင်း ကြားထဲကရွာကို ကိုယ်တိုင် ပြန်ပို့ပေးခဲ့တဲ့ အ​လောင်း

    ညက မကွေးနဲ့ တောင်တွင်း ကြားထဲကရွာကို ကျနော်ကိုယ်တိုင် ပြန်ပို့ပေးခဲ့တဲ့ အ​လောင်း

    ကောင်မလေးက အသက် (၂၂)နှစ်

    အရေပြား လေးဘက်နာဖြစ်ပြီ ဆုံးသွားတယ်

    ရှိတာမှ မိသားစုလေး (၃)ယောက်… ဖေဖေရယ်၊ မေမေရယ်၊ သမီးလေးရယ်ပေါ့

    သမီးလေးက စာအရမ်းတော်တယ်တဲ့… ဂုဏ်ထူး (၂)ဘာသာ ပါတယ်

    ကျနော် အသုံးမကျလို့ သမီးလေးကို ကျောင်းဆက်မထားနိုင်တာပါ ဆရာရယ်

    ကျနော်က ပန်းရံလုပ်တယ်… သမီးလေးက အထည်ချုပ်မှာ စာရင်းကိုင်လေး လုပ်ပါတယ်

    နောက်ဆုံးချိန်ထိ အဖေနဲ့အမေကို ဒုက္ခမပေးသွားပါဘူး… နာတယ် တချက်မပြောဘူး… သက်သာတယ်ပဲ ပြောရှာတယ်

    ကျနော် ဘာလို့ လိုက်ပို့ပေးဖြစ်လည်းဆို…..

    အဲ့ ကလေးမလေး အ6လာင်းကို ကုတင်၅၀၀ကနေ သူတို့ရွာလေးကို ပြန်သယ်ချင်တာ (၁၅)သိန်းတောင်းတယ် တဲ့

    ဘယ်သူတောင်းတာလည်း မေးကြည့်တော့…..

    ဆုံးသွားတော့ ကျနော် အပြင်ထွက်ငိုနေတုန်း လူတစ်ယောက်ရောက်လာပြီ အ6လာင်း ပြန်သယ်ချင် သယ်လို့ရတယ်ဆိုပြီ… ဖုန်း နံပါတ်ပေးသွားတယ်

    အဲ့ဒါနဲ့ ကျနော်တို့လည်း ဆက်ကြည့်တော့…..တက်စီနဲ့ ရောက်လာတယ်

    ရွာအထိကို (၁၅)သိန်းပေးရမယ်ပြောတယ်…

    ကျနော်တို့လည်း မတတ်နိုင်ဘူးပြောပါတယ်… ဒါဆို (၁၂)သိန်းထားပေးမယ် အဲ့ထပ်တော့ မရဘူးပြောတယ်

    သွားမယ်ဆို စရံအရင်ချရမယ်ပြောတော့…..

    ကျနော်တို့လည်း ထူပူပြီ ရွာက အမျိုးတွေဆီ ပိုက်ဆံလိုက်ချေးတယ်…

    ရွာက လူတွေကလည်း သမီးလေးကို ချစ်တော့ လောလောဆယ် ရသလောက် လွဲပေးမယ်… ထပ်စုထားပေးမယ် ရွာရောက်မှ ပေးပေါ့ဆိုလို့…..

    ကျနော်တို့ကို ရွာက လွဲပေးတဲ့ ပိုက်ဆံ ပိုက်ဆံ သုံးသိန်းကို စရံပေးလိုက်မိတယ်

    ကျနော့် ဖုန်းကို ဘယ်ကရလဲ မေးကြည့်တော့…..

    ဆရာ့ ဖုန်းကို ရွာက အမျိုးတစ်ယောက်က မကွေးက အဖွဲ့ တစ်ဖွဲ့ကို ကူညီတောင်းတော့ ဆရာ့ ဖုန်းကို ဆက်ကြည့် အဆင်ပြေလိမ့်မယ်ပြောလို့ ကျနော်တို့ ဆက်ကြည့်တာပါ

    (မကွေးက အဖွဲ့ဆိုတာ ကျနော်တို့နဲ့ ညီကိုလို နေတဲ့ KS Rescue ပါ)

    အဲ့ဒါ ဆရာဆီ ဆက်တော့… ဆရာက ချက်ချင်း ကူညီပေးမယ်ပြောလို့ အရမ်း ဝမ်းသာရပါတယ် (ထိုင်ကန်တော့ရှာတယ် )

    အဲ့ဒါနဲ့ စရံကော ပြန်ရလား မေးကြည့်တော့…..

    မရပါဘူး ဆရာရယ်… ကျနော်တို့က မရှိလို့ပါ ပြန်ပေးပါပြောတော့လည်း မရဘူး…

    မင်းတို့က စရံချထားတာ… မသွားတာ မင်းတို့ အပိုင်းလေဆိုတော့… ကျနော်တို့လည်း ကြောက်တော့ မပြောတော့ဘူး ဆရာရယ်

    မကွေးထဲလည်း ဝင်တော့… ကားပေါ်မှာ ယောင်္ကျားရင့်မာကြီး ငိုသံတွေက ကားမောင်းနေတဲ့ ကျနော့်ပါ စိတ်မကောင်းမိတယ်

    သမီးလေးရယ်… ရှိတာမှ ဒီ မိသားစု (၃)ယောက်လေး… ခုတော့ ထားခဲ့ပြီပေါ့

    သမီး မရှိတော့ အဖေ ဘယ်လို ဆက်ရှင်သန်ရမှာလည်း… အဖေ့ ဘဝက အသက်ဆက်ရှင်စရာမလိုတော့ဘူး

    အရင်လို သင်္ကြန် ရောက်ရင် မိသားစု (၃)ယောက် ရွာပြန်ကြတယ်လေ… ခုတော့ ရွာပြန်စရာမလိုတော့ဘူး

    သမီးရယ်… အဖေ့ပါ ခေါ်သွားပါလား… အဖေ ဘယ်လိုမှ မခံစားနိုင်ဘူး ကလေးရယ်

    ရွာရောက်တော့… သူ့သမီးလေးကို ကြည့်လိုက် ငိုလိုက် နဲ့ သနားပါတယ်

    အော… ဖခင်တစ်ယောက်ရဲ့ မေတ္တာကြီးမားပါတယ်…

    အဖေဆိုတာ သားသမီးတွေရဲ့ အုတ်တံတိုင်းတခုကြီးပါ

    ** မရှိလို့ ဒုက္ခရောက်နေပါတယ်ဆို မ..သာ ဆီက ရအောင်ယူတဲ့ ဟိုလူတွေလည်း ကျန်းမာ၊ချမ်းသာကြပါစေကွာ၊ အေးချမ်းပါစေ **

    လူနာတင်ယာဉ် (Ambulance) အကူညီလိုအပ်ပါက…..

    ကိုပူတူးနှင့်ဘော်ဒါများ