Category: News

  • လက်ဖက်ရည်ဆိုင် မီးလောင်မှု ပိတ်မိနေသူတစ်ဦးကို မီးသတ်ကယ်တင်

    လက်ဖက်ရည်ဆိုင် မီးလောင်မှု ပိတ်မိနေသူတစ်ဦးကို မီးသတ်ကယ်တင်

    မန္တလေးမြို့က လက်ဖက်ရည်ဆိုင် မီးလောင်မှုမှာ ဘေးအိမ်ကအမျိုးသမီးတစ်ဦး နေအိမ်ထဲမှာပိတ်မိနေတာကြောင့် မီးသတ်တပ်ဖွဲ့က ကယ်တင်ပေးခဲ့တယ်လို့ သီရိမာလာအရှေ့အရန်မီးသတ် ကထုတ်ပြန်ပါတယ်။

    ပိတ်မိနေတဲ့အမျိုးသမီးကိုအပေါ်ထပ်ကနေ အရေးပေါ်လှေခါးတွေနဲ့ မီးသတ်က ကယ်တင်ပေးနေတာကို ဗီဒီယိုဖိုင်မှာ တွေ့ရပါတယ်။

    မန္တလေးမြို့ မဟာအောင်မြေမြို့နယ်က ပေါက်ကျိုင်း လက်ဖက်ရည်ဆိုင်မှာ ဒီနေ့ (ဒီဇင်ဘာ၄) မနက်က မီးလောင်မှုဖြစ်ခဲ့တာပါ။

    မီးလောင်မှုကို Level 1 အဆင့်မီးငြှိမ်းသတ်ယာဉ်တွေနဲ့ မိနစ်နှစ်ဆယ်လောက် ငြှိမ်းသတ်ခဲ့ရတယ်လို့ မီးသတ်ကသတင်းထုတ်ပြန်ထားပါတယ်။

    ဂက်စ်ယိုစိမ့်ရာကမီးလောင်မှုဖြစ်ပြီး လက်ဖက်ရည်ဆိုင်နဲ့နေအိမ် ၂ လုံးပျက်စီး

    မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင် ရပ်ကွက်၊ ၅၈ လမ်း၊ ၄၃ နဲ့ သိပ္ပံလမ်းကြားရှိ ‘ပေါက်ကျိုင်း’လက်ဖက်ရည်ဆိုင် မီးလောင်ပြီး ဆိုင်ဝန်ထမ်း ၁ ဦးမီးလောင်ဒဏ်ရာရတယ်လို့ မီးလောင်မှုမှာကူညီလုပ်ဆောင်ပေးခဲ့သူတွေဆီက သိရပါတယ်။

    ဒီဇင်ဘာ ၄ ရက် ဒီမနက် ၇ နာရီခန့်မှာ လက်ဖက်ရည်ဆိုင် စားဖိုဆောင်ကနေ မီးစလောင်ခဲ့ရာက ဆိုင်နဲ့ အနီးအနားနေအိမ်တွေပါ မီးကူးစက်လောင်ခဲ့တာလို့ ဆိုပါတယ်။

    “စားဖိုဆောင် 40 kg ဂက်စ်အိုးက ခေါင်းပွင့်ထွက်ပြီး ဂက်စ်တွေယိုစိမ့်ပြီး အနီးက မီးဖိုကနေတဆင့် မီးလောင်မှုဖြစ်တာ။ မီးက ၁ နာရီလောက်ငြှိမ်းသတ်ရတယ်။ စိုးရိမ်ရတစ်ယောက်ဒဏ်ရာရတာ ရှိတယ်”လို့ မီးလောင်မှုကိုကူညီပေးခဲ့သူတဦးက ပြောပါတယ်။

    မီးလောင်မှုကြောင့် အသက် ၁၆ နှစ်အရွယ် ဆိုင်ဝန်ထမ်း အောင်ငြိမ်းချမ်းမှာ မျက်နှာ၊ လည်ပင်း၊ လက်နဲ့ခြေထောက်တွေမှာ မီးလောင်ဒဏ်ရာစိုးရိမ်ရတာကြောင့် မန္တလေးပြည်သူ့ဆေးရုံကို ပို့ဆောင်ထားရတယ်လို့ ဆိုပါတယ်။

    ဒါ့အပြင် လက်ဖက်ရည်ဆိုင်၊ အနီးအနားရှိ နေအိမ် ၂ လုံးမီးလောင်ပျက်စီးမှုရှိခဲ့ပြီး မန္တလေးမြို့ပေါ်ရှိ သန္ဓေမီးသတ်နဲ့ အရန်မီးသတ်အဖွဲ့ဝင်တွေ၊ အနီးအနားရှိ ဒေသခံတွေက ဝိုင်းဝန်းမီးငြှိမ်းသတ်ပေးခဲ့ရတယ်လို့ သိရပါတယ်။

    နိုဝင်ဘာ ၁၈ ရက်ကလည်း အမရပူရမြို့နယ်၊ ဘုံအိုးကျေးရွာရှိ နေအိမ်တလုံးက ဆိတ်ခြံမှာ ခြင်မလာအောင် မီးမွှေးထားရာမှ မီးလောင်မှုဖြစ်ပြီး နေအိမ် ၈ လုံးမီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

    ရုပ်သံ – East Marlar Volunteer Fire Brigade

  • Hazard

    Hazard

    Hazard (2024)

    ဘဝမှာ အကြိမ်ကြိမ်ပြိုလဲပြီး ပြန်ထနိုင်သူတွေဟာ သူရဲကောင်းတွေဆိုရင် ချောက်ကမ်းပါးထက်နက်တဲ့ မူးယစ်ဆေးသံသရာကနေ လွတ်မြောက်ဖို့ ကြိုးစားရုန်းကန်နေသူတွေဟာလည်း ချီးကျူးထိုက်သင့်သူတွေပါပဲ။

    ဒီ Hazard ဆိုတဲ့ ရုပ်ရှင်မှာ Sara နဲ့ Will တို့ဟာ သူတို့သားလေး Morgan အတွက် မူးယစ်ဆေးနွံထဲက လွတ်မြောက်အောင် ရုန်းကန်ကြပုံကို ပုံဖော်ရိုက်ကူးထားတာပါ။

    Sara က ဆေးဖြတ်ထားတာ တစ်နှစ်ကျော်နေပြီး သားဖြစ်သူ Morgan ကို သန့်ရှင်းရေးအလုပ် လုပ်ပြီး တစ်ကိုယ်တည်း ထိန်းကျောင်းနေတာပါ။

    Will ကတော့ သားနဲ့ အမျိုးသမီးဖြစ်သူဆီ မကြာခဏ လာလည်ပါတယ်။

    သူကိုယ်တိုင်ကတော့ ဆေးအရောင်းအဝယ်လုပ်ရင်း တစ်ရက်မှာ ဆယ်ကျော်သက် မိန်းကလေးတစ်ယောက်ကို ဆေးရောင်းမိသွားပါတယ်။

    အဲ့ဒီမိန်းကလေး ဆေးလွန်ပြီး သေဆုံးသွားတဲ့အခါ Sara ရဲ့ အစ်ကိုဖြစ်သူ ရဲမှူး John က အမှုနောက်ကြောင်းကို စုံစမ်းစစ်ဆေးပါတော့တယ်။

    ဘာတွေဆက်ဖြစ်မလဲဆိုတာကတော့ ရုပ်ရှင်ထဲမှာ ဆက်လက်ရှုစားပေးပါ။

  • ယာယီသမ္မတ(ဟောင်း) ဦးမြင့်ဆွေပိုင် မြေကွက် သားမက် ရောင်းစား၍ အမှုဖြစ်

    ယာယီသမ္မတ(ဟောင်း) ဦးမြင့်ဆွေပိုင် မြေကွက် သားမက် ရောင်းစား၍ အမှုဖြစ်

    ယာယီသမ္မတ(ဟောင်း) ဦးမြင့်ဆွေပိုင် မြေကွက် သားမက် ရောင်းစား၍ အမှုဖြစ်

    စစ်တပ် အာဏာသိမ်းရာတွင် အရေးပေါ်အခြေအနေ ကြေညာနိုင်ရေး လုပ်ဆောင်ပေးခဲ့သည့် ကွယ်လွန်သူ ယာယီသမ္မတ ဦးမြင့်ဆွေပိုင် မြေကွက်ကို သားမက်ဖြစ်သူက ရောင်းစားသဖြင့် လာရောက်ဖြေရှင်းရန် ဦးမြင့်ဆွေဇနီးဖြစ်သူ ဒေါ်ခင်သက်ဌေးက အများသိစေရန်ကြေညာချက်တစောင် ယနေ့ထုတ်သတင်းစာများတွင် ထည့်သွင်းဖော်ပြသည်။

    ယာယီသမ္မတ ဦးမြင့်ဆွေပိုင် မြေကွက်မှာ မန္တလေးမြို့ မဟာအောင်မြေမြို့နယ် အကွက်အမှတ်(မ-၅၉)၊ ဦးပိုင်အမှတ် ၃၁၊ ဧရိယာ ၀ ဒသမ ၁၁၀၂ အကျယ်ရှိ မြေကွက်ဖြစ်ပြီး သမီး ခင်သက်ထားဆွေ၏ ယောကျ်ား တာယာမြင့်ဆွေက ရောင်းစားခဲ့ခြင်းဟု သိရသည်။

    ယင်းမြေကွက်မှာ ယာယီသမ္မတ ဦးမြင့်ဆွေ အမည်ပေါက်ပိုင်ဆိုင်ပြီး တဦးတယောက်ကိုမျှ အမွေစားအမွေခံ ပေးကမ်းခြင်း၊ လွှဲပြောင်းပေးခြင်း မရှိဘဲ ဂရန်သက်တမ်းကုန်ဆုံးမှုကို သက်တမ်းတိုးဆောင်ရွက်နိုင်ရန်အတွက် ဦးတာယာမြင့်ဆွေကို ကိုယ်စားလှယ် လွှဲပြောင်းပေးခဲ့ခြင်းသာ ဖြစ်ကြောင်း၊ ကိုယ်စားလှယ်လွှဲစာ ရရှိထားသူ ဦးတာယာမြင့်ဆွေမှ ဒေါ်ခင်သက်ဌေး နှင့် သား ကျော်ဘုန်းမြင့်အပါ အခြားမိသားစုဝင်များ မသိအောင် ရောင်းစားခဲ့ခြင်းဟု သိရသည်။

    ထိုသို့ ကိုယ်စားလှယ်လွှဲစာကို အသုံးပြု၍ မြေကွက် ရောင်းစားခဲ့သည့် ဦးတာယာမြင့်ဆွေနှင့် ပူးပေါင်း ပါဝင်ပတ်သက်သူများ ၇ ရက်အတွင်း လာရောက်ဖြေရှင်းရန်နှင့် ဖြေရှင်းခြင်းမရှိပါက တရားစွဲ အရေးယူဆောင်ရွက်သွားမည်ဟု ဆိုထားသည်။

  • ကုသိုလ်တော်ဘုရား ပရိဝုဏ်အတွင်း လွန်ခဲ့သည့်နှစ်ပေါင်း(၁၁၀)ကျော်က အရိုးအိုး

    ကုသိုလ်တော်ဘုရား ပရိဝုဏ်အတွင်း လွန်ခဲ့သည့်နှစ်ပေါင်း(၁၁၀)ကျော်က အရိုးအိုး

    ကုသိုလ်တော်ဘုရား ပရိဝုဏ်အတွင်း လွန်ခဲ့သည့်နှစ်ပေါင်း(၁၁၀)ကျော်က အရိုးအိုးတစ်အိုး တူးဖော်တွေ့ရှိ

    မန္တလေးမြို့၊မန္တလေးတောင်ခြေအနီးရှိ ကုသိုလ်တော်ဘုရား ပရိဝုဏ်အတွင်းမှာ လွန်ခဲ့တဲ့နှစ်ပေါင်း (၁၁၀) ကျော်က အရိုးအိုးတစ်အိုးကို နိုဝင်ဘာလ (၃၀)ရက်ညနေပိုင်းက တူးဖော်တွေ့ရှိခဲ့ကြောင်း ဂေါပကအဖွဲ့ထံမှ သိရသည်။

    အရိုးစများပါသည့် ငွေဖြင့်ပြုလုပ်ထားသည့် ဖရုံသီးပုံ သဏ္ဌာန် အဖုံးအပိတ်ပါအိုးတစ်လုံးဖြစ်ပြီးအောက်တွက် ဖန်ကလပ်ပါရှိကာ အထဲ၌ အရိုးအပိုင်းအစငယ်များနှင့် အံသွားတစ်ချောင်းပါရှိကာအရိုးအိုးကို ဘုရားဂေါပကအဖွဲ့မှ ကုသိုလ်တော်ဘုရား ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများဆောင်ရွက်နေစဥ် တူးဖော်တွေ့ရှိခဲ့ကြောင်း သိရသည်။

    အရိုးအိုးထဲပါရှိသည့် အရိုးများကို DNAစစ်ဆေးနိုင်ဖို့အတွက် သက်ဆိုင်ရာဌာနကို ပေးပို့ထားပြီး ဖြစ် ကြောင်း သိရသည်။

    တွေ့ရှိခဲ့သည့် အရိုးအိုးတွင် မြန်မာသက္ကရာဇ် ၁၂၇၅ ခုနှစ် ကဆုန်လဆန်း(၂)ရက်ဟု ကမ္ဗည်းထိုးထားသဖြင့် အရိုးအိုးသက်တမ်းသည် နှစ်ပေါင်း(၁၁၂)နှစ်ရှိပြီဖြစ်ကာ သီပေါမင်းပါတော်မူပြီး နှစ်ပေါင်း(၂၈)နှစ်ကြာက အရိုးအိုးဖြစ်ကြောင်း သိရသည်။

    ကုသိုလ်တော်ဘုရား၌တွေ့ရှိသည့်အရိုးအိုးကို စစ်ဆေးနေ

    မန္တလေးမြို့၊ မန္တလေးတောင်ခြေအနီးမှာ တည်ရှိတဲ့ ကုသိုလ်တော်ဘုရား ပရိဝုဏ်အတွင်းမှာ နိုဝင်ဘာ ၃၀ ရက်က နှစ်ပေါင်း ၁၀၀ ကျော်ရှိတဲ့ အရိုးအိုးတစ်ခု တွေ့ရှိခဲ့ပြီး အရိုးအိုးထဲမှာ ပါရှိတာတွေကို စစ်ဆေးမှုတွေ ပြုလုပ်နေ တယ်လို့ ဘုရားဂေါပကအဖွဲ့ဆီကနေ သိရပါတယ်။ ဒီအရိုးအိုးဟာ ငွေနဲ့ပြုလုပ်ထားတဲ့ ဖရဲသီးပုံစံ အဖုံးအပိတ်ပါ အိုးတစ်လုံးဖြစ်ပြီး အောက်မှာ ဖန်ကလပ် ပါရှိကာ ဖန်ကလပ်ထဲမှာ အရိုးအပိုင်းအစငယ်တွေနဲ့ အံသွားတစ်ချောင်း ပါရှိတယ်လို့ ဆိုပါတယ်။

    ငလျင်ကြောင့် ပျက်စီးခဲ့တဲ့ ဘုရားကို ပြုပြင်ထိန်းသိမ်းတာတွေ လုပ်ဆောင်နေချိန်မှာ တွေ့ရှိခဲ့တာဖြစ်ပြီး တွေ့ရှိ တဲ့အရိုးက ဘယ်သူဘယ်ဝါဆိုတာ စစ်ဆေးနိုင်ဖို့ သက်ဆိုင်ရာကို ပေးပို့ထားတယ်လို့ ဘုရားဂေါပကအဖွဲ့က တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။ အရိုးအိုးထဲမှာ ပါရှိတာတွေကို သက်ဆိုင်ရာဌာနတွေကို ပေးပို့ထားပြီး DNA စစ်ဆေးတာတွေ ပြုလုပ်သွားမှာ ဖြစ် တယ်လို့ ဆိုပါတယ်။

    စစ်ဆေးတာတွေ လုပ်ဆောင်ပြီးနောက် သေချာတဲ့အဖြေတစ်ခု ထွက်ရှိမှသာ သတင်း ထုတ်ပြန်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ တွေ့ရှိတဲ့ အရိုးအိုးမှာတော့ မြန်မာသက္ကရာဇ် ၁၂၇၅ ခုနှစ်၊ ကဆုန်လဆန်း(၂)ရက်နေ့လို့ ကမ္ပည်း ထိုးထားပြီး အရိုးအိုးသက်တမ်းဟာ လက်ရှိမှာ နှစ်ပေါင်း (၁၁၂)နှစ် ရှိပြီဖြစ်တယ်လို့ ယူဆရပါတယ်။

  • မွန်ဂိုးလီးယား၌ နေ ၃ လုံးထွက်သကဲ့သို့ မြင်တွေ့ရ

    မွန်ဂိုးလီးယား၌ နေ ၃ လုံးထွက်သကဲ့သို့ မြင်တွေ့ရ

    “sun dogs” လို့ နိုင်ငံတကာမှာ လူသိများပြီး ရှားပါးတဲ့ လေထုမြင်ကွင်းဆိုင်ရာ ဖြစ်စဉ်တရပ်ကို ဒီဇင်ဘာ ၁ ရက်က တရုတ်နိုင်ငံမြောက်ပိုင်း အတွင်းမွန်ဂိုးလီးယား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက ကောင်းကင်ယံမှာ မြင်တွေ့ခဲ့ရပါတယ်။

    ကောင်းကင်မှာ ကြီးမားတဲ့ ရောင်လျှံစက်ဝန်းပါတဲ့ နေ ၃ စင်းအဖြစ် မြင်ရတဲ့မြင်ကွင်းဟာ ကောင်းကင်ကို အလွန်သိမ်မွေ့နူးညံ့တဲ့ အလှတရားရဲ့ ပန်းချီကားတချပ်အဖြစ် ပြောင်းလဲပေးခဲ့ပါတယ်။

    “sun dogs” ဖြစ်စဉ်ဟာ မြင့်မားတဲ့ ကမ္ဘာ့လေထုထဲမှာ နေရောင်ခြည်က ပုံမှန် ဆဋ္ဌဂံပုံ ရေခဲပုံဆောင်ခဲတွေကို ရိုက်ခတ်အပြီး အလင်းယိုင်လို့ ဖြစ်လာတာလို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။

    လေထုဖိအားတည်ငြိမ်ပြီး အေးတဲ့ရာသီဥတုကာလအတွင်း လေထုထဲမှာ လုံလောက်တဲ့ စိုထိုင်းဆနဲ့ မိုးတိမ်တွေ အများကြီး ရှိနေချိန်မှာသာ ဒီဖြစ်စဉ် ပေါ်ပေါက်တာပါ။

    အတွင်းမွန်ဂိုးလီးယားပြည်နယ်က အာဂန်မြို့ဟာ လတ္တီတွဒ်မြင့်မားတဲ့ဒေသမှာ တည်ရှိပြီး ဆောင်းရာသီမှာ အမြဲတမ်း အေးခဲနေလို့ ခုလိုဖြစ်စဉ်တွေကို တွေ့ရလေ့ရှိပါတယ်။

    Source: Reuters