Category: News

  • မာန်အောင်မှ ရန်ကုန်သို့ တက္ကသိုလ်သွားတက်မည့်ကျောင်းသား/ကျောင်းသူများကို အကြမ်းဖက်စစ်တပ်က ကြိုတင်မဲပေးပြီးမှ သွားခွင့်ပြု

    မာန်အောင်မှ ရန်ကုန်သို့ တက္ကသိုလ်သွားတက်မည့်ကျောင်းသား/ကျောင်းသူများကို အကြမ်းဖက်စစ်တပ်က ကြိုတင်မဲပေးပြီးမှ သွားခွင့်ပြု

    ရခိုင်ပြည်၊ မာန်အောင်မြို့နယ်မှ ရန်ကုန်သို့ တက္ကသိုလ်သွားရောက်တက်မည့်ကျောင်းသား/ကျောင်းသူများကို အကြမ်းဖက်စစ်တပ်က ကြိုတင်မဲပေးပြီးမှ သွားရောက်ခွင့်ပြုကြောင်း သတင်းရရှိသည်။

    အကြမ်းဖက်စစ်တပ်ထိန်းချုပ်ထားဆဲ မာန်အောင်မြို့တွင် ကျောင်းသူ/ကျောင်းသားတချို့မှာ ရန်ကုန်တွင် တက္ကသိုလ်သွားရောက်တက်ရမည်ဖြစ်၍ အကြမ်းဖက်စစ်တပ်၏ ဌာနဆိုင်ရာ ထွေ/အုပ်ရုံးများတွင် စာတင်ထားရပြီး ကြိုတင်မဲပေးပြီးမှ သွားရောက်ခွင့် ခွင့်ပြုသည့်စာ ရရှိသည်ဟု မာန်အောင်ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

    “ရန်ကုန်ကိုကျောင်းသွားတက်ဖို့ ရုံးတွေမှာစာတင်ရတယ်။ သွားခွင့်စာကျပြီဆိုတာနဲ့ ကြိုတင်မဲထည့်ပေးရတယ်။ ကြိုတင်မဲထည့်ပြီးမှ ခွင့်ပြုတဲ့သဘောပေါ့။ ခုလက်ရှိ တက္ကသိုလ်ကျောင်းသူ/ကျောင်းသားတွေ ကြိုတင်မဲထည့်နေကြရတယ်”ဟု ပြောသည်။

    ကြိုတင်မဲများကို ယမန်နေ့ နိုဝင်ဘာ ၂၁ ရက်တွင် ထည့်ခဲ့ရခြင်းဖြစ်ကြောင်း မြို့ခံများက ပြောသည်။

    မာန်အောင်မှ-ရန်ကုန်သို့ ကုန်တင်သင်္ဘောများ အဝင်အထွက်ရှိပြီး သင်္ဘောဖြင့် ထွက်ခွာခွင့်ရရန် သက်ဆိုင်ရာ ရဲဌာနနှင့် ထွေ/အုပ်တို့ထံမှ ခရီးသွားထောက်ခံစာ တင်ရသည်ဟု ဒေသခံများက ပြောသည်။

    မာန်အောင်တကျွန်းလုံးအနေဖြင့် ယခုနှစ် ရန်ကုန်သို့ တက္ကသိုလ်ကျောင်းသွားတက်မည့်သူ ဦးရေ ၁၀၀ ခန့်ရှိနေကြောင်း သိရသည်။

    လက်ရှိတွင် နိုင်ငံတဝန်း တက္ကသိုလ်ကျောင်းသူ၊ ကျောင်းသား ၂၈၀၀ ကျော် ကြိုတင်ဆန္ဒမဲ ပေးထားကြကြောင်း စစ်ကော်မရှင်၏ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)က နိုဝင်ဘာ ၂၁ ရက်၌ ထုတ်ပြန်ထားသည်။

    လာမည့်ရွေးကောက်ပွဲအတွက် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်ကျောင်းသား၊ ကျောင်းသူများကို ကြိုတင်ဆန္ဒမဲပေးကြရန် နိုဝင်ဘာ ၁၇ ရက်မှ ၂၁ ရက်အထိ UEC က ခွင့်ပြုပေးခဲ့သည်ဟု သိရသည်။

    စစ်ကော်မရှင်ကျင်းပမည့်ရွေးကောက်ပွဲတွင် ရခိုင်မှ စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်မြို့ပါဝင်ပြီး အဆိုပါ (၃)မြို့လုံးတွင် ရွေးကောက်ပွဲအတွက် စတင်လှုပ်ရှားလာကြခြင်းဖြစ်သည်။

    မာန်အောင်တွင် လက်ရှိ ဦးဘရှိန်ဦးဆောင်သည့် ရခိုင်တိုင်းရင်းသားများပါတီ(RNP)နှင့် ဒေါက်တာအေးမောင်ဦးဆောင်သည့် ရခိုင့်ဦးဆောင်ပါတီ (AFP)၏ ဆိုင်းဘုတ်များစိုက်ထူထားပြီး ကျေးရွာတချို့တွင် မဲဆွယ်စည်းရုံးမှုများစတင်နေပြီဖြစ်ကြောင်း သိရသည်။

    ယင်းအပြင် ယခုနိုဝင်ဘာ ပထမပတ်ခန့်က မာန်အောင်မြို့၏ အကြမ်းဖက်စစ်တပ်၏ရွေးကောက်ပွဲကော်မရှင်မှ မာန်အောင်မြို့ပေါ်တွင် မဲထည့်ကြရန် လော်စပီကာများဖြင့် မဲဆွယ်စည်းရုံးကြေညာခဲ့ကြောင်း သိရသည်။

    ရွေးကောက်ပွဲကို ဒေသခံများက စိတ်ဝင်စားမှုမရှိသော်လည်း ဒေသခံများအား မက်လုံးပေးပါက မဲထည့်မှုများနိုင်သည်ဟု ဒေသခံအမျိုးသားတစ်ဦးက နိရဉ္စရာကို ပြောသည်။

    “ဖုန်းလိုင်းမရတာကို ရအောင်လုပ်ပေးတာတို့ ခဏတဖြုတ်ပေါ့။ ဆန်၊ ဆီ၊ ဆားနည်းနည်းပါးပါးပေးရင်တော့ ဒေသခံတွေကလည်း သိပ်သိတာမဟုတ်ဘူး။ လူကြီးပိုင်းတွေက ပိုထည့်နိုင်တယ်” ဟု ပြောသည်။

    စစ်ကော်မရှင်ထိန်းချုပ်ထားဆဲ ကျောက်ဖြူမြို့ပေါ်တွင်လည်း ၁၈ နှစ်ပြည့်ပြီးသည့် ကျောင်းသူ၊ ကျောင်းသားများအပါအဝင် မဲဆန္ဒရှင်များသည် နိုဝင်ဘာ ၂၃ ရက်မှစ၍ ကြိုတင်မဲပေးနိုင်ပြီဟု နိုဝင်ဘာ ၁၇ ရက်နေ့တွင် မြို့ကိုပတ်၍ လော်စပီကာဖြင့်ကြေညာခဲ့သည်။

    ကျောင်းသား/သူများ၊ ယာယီနေရပ်စွန်ခွာ နေရသူများ၊ မဲဆန္ဒနယ် ပြင်ပရောက်နေပြီး ကျောင်း၊သင်တန်းတက်နေသူများ၊ အချုပ်ကျနေသူများ၊ ဆေးရုံတက်ရောက် ကုသနေရသူများအနေဖြင့် ကြိုတင်မဲများကို နိုဝင်ဘာ ၂၅ ရက်မှ ၂၉ ရက်အတွင်း ပေးရမည်ဟုလည်း UEC က ကြေညာထားသည်။

    လာမည့်ရွေးကောက်ပွဲတွင် ရခိုင်ပြည်အတွင်း အကြမ်းဖက်စစ်တပ်ထိန်းချုပ်ထားဆဲ စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်မြို့များတွင် စစ်တပ်ကျောထောက်နောက်ခံပြုသည့် ကြံ့ခိုင်ရေးပါတီ၊ ဒေါက်တာအေးမောင်ဦးဆောင်သော ရခိုင်ဦးဆောင်ပါတီ(AFP)၊ ဦးဘရှိန်ဦးဆောင်သည့် ရခိုင်တိုင်းရင်းသားများပါတီ(RNP)၊ ရခိုင်ပြည်နယ်အမျိုးသားအင်အားစုပါတီ၊ မြိုတိုင်းရင်းသားပါတီ၊ မြိုတိုင်းရင်းသားဖွံ့ဖြိုးရေးပါတီနှင့် ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီတို့ ဝင်ရောက်ယှဉ်ပြိုင်ရန်ရှိသည်ဟု သိရသည်။

    ဓာတ်ပုံ – ၂ဝ၁၈ ခုနှစ်၊ ကြားဖြတ်ရွေးကောက်ပွဲပုံဟောင်း။

  • ထိုင်ဝမ်၊ ဂျပန်၊ အ​မေရိကန်တို့ ပူး​ပေါင်း​နေချိန် ဇော်မင်းထွန်းက တရုတ်ဖက်က ရပ်တည်​ကြောင်း ထုတ်​ဖော်

    ထိုင်ဝမ်၊ ဂျပန်၊ အ​မေရိကန်တို့ ပူး​ပေါင်း​နေချိန် ဇော်မင်းထွန်းက တရုတ်ဖက်က ရပ်တည်​ကြောင်း ထုတ်​ဖော်

    “တရုတ်နိုင်ငံ၏ One China Policy တိုင်းကို မြန်မာအစိုးရ အနေဖြင့် အမြဲတမ်းထောက်ခံရပ်တည် နေကြောင်း ဇော်မင်းထွန်းပြော။ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်း မိတ်ဆွေကောင်း ဖြစ်ကြောင်း၊ တရုတ်ရဲ့ အချုပ်အခြာအာဏာ နယ်မြေတွေကို လေးစားကြောင်း၊ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံတို့ကြား မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံ များဖြစ်ကြောင်းကို ပြီးခဲ့လတောင်က ယာယီသမ္မတ ဦးမင်းအောင်လှိုင်က ပြောထားပြီးသား ဖြစ်ပါတယ်။”

    တပ်မတော်သတင်းမှန် ပြန်ကြားရေး ဗိုလ်ချုပ် ဇော်မင်းထွန်း

    ဂျပန် စစ်ဦးစီးချုပ်နှင့် အမေရိကန် ရေတပ် ဗိုလ်ချုပ်ကြီး တွေ့ဆုံ

    ဂျပန် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး အူချီကူရာ ဟီရိုရာကီဟာ အမေရိကန် ရေတပ် စစ်ဆင်ရေးအကြီးအကဲ ဗိုလ်ချုပ်ကြီး ဒါရယ် ကောဒဲလ်နဲ့ နိုဝင်ဘာ ၁၈ ရက်က တွေ့ဆုံဆွေးနွေးကြောင်း ဂျပန် စစ်ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။

    အင်ဒို-ပစိဖိတ်ဒေသ လက်ရှိ အခြေအနေတွေပါ ဆွေးနွေးခဲ့သလို လက်တွေ့ကျကျနဲ့ အဆင့်မြင့် မယ့် နှစ်နိုင်ငံ ဆက်ဆံရေး တိုးမြှင် ဆွေးနွေးခဲ့တယ်ဆိုပါတယ်။

    နှစ်နိုင်ငံ ဆက်ဆံရေး တိုးချဲ့ မြှင့်တင်ခြင်းဟာ ဂျပန်-အမေရိကန် မဟာမိတ် စွမ်းရည်တွေကို ပိုမိုအားကောင်းစေသလို ဒေသတွင်း ခြိမ်းခြောက်မှုတွေကို ဟန့်တားနိုင်မယ်ဆိုတာကို သဘောတူခဲ့ကြတယ်လို့လည်း သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

    ဂျပန်နိုင်ငံကို ရောက်ရှိနေတဲ့ အမေရိကန် ရေတပ် ဗိုလ်ချုပ်ကြီး ဒါရယ် ကောဒဲလ်ရဲ့ ခရီးစဥ်ဟာ တိုင်ဝမ်အရေးနဲ့ ပတ်သက်ပြီး ဂျပန်-တရုတ်နဲ့ နှစ်နိုင်ငံ ဆက်ဆံရေး ပြန်လည် တင်းမာလာနေချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။

    ဗိုလ်ချုပ်ကြီး ဒါရယ် ကောဒဲလ်ဟာ ဂျပန်ရှိ အမေရိကန် တပ်ဖွဲ့တွေနဲ့ တွေ့ဆုံခဲ့သလို ဂျပန် စစ်ဘက် အရပ်ဘက် အဆင့်မြင့် အရာရှိတွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

    စစ်တပ်၏ အတုအယောင် ရွေးကောက်ပွဲကို ကန့်ကွက်ရှုတ်ချ ဆိုသော အချက်အပါအဝင် မြန်မာ့အရေးအတွက် အဆိုမူကြမ်းတစ်ရပ်ကို ကုလသမဂ္ဂတွင် အတည်ပြု

    မြန်မာစစ်တပ်၏ အတုအယောင် ရွေးကောက်ပွဲတွင် လူ့အခွင့်အရေးချိုးဖောက်မှုများ ရှိနေခြင်းကြောင့် မြန်မာပြည်သူများ ပါဝင်နိုင်စေမည့် အခြေ အနေမရှိ၍ ကန့်ကွက်ရှုတ်ချ ဆိုသော အချက်အပါအဝင် မြန်မာ့အရေးအတွက် အဆိုမူကြမ်းတစ်ရပ်ကို ကုလသမဂ္ဂတွင် အတည်ပြု လိုက်ကြောင်း သိရှိရသည်။

    နိုဝင်ဘာလ ၁၉ ရက်နေ့ အမေရိကန်ပြည်ထောင်စု၊ ကုလသမဂ္ဂဌာနချုပ်တွင် ပြုလုပ်ခဲ့သော အကြိမ် ၈၀ ကြိမ်မြောက် ကုလသမဂ္ဂ အထွေ ထွေညီလာခံ၊ တတိယကော်မတီသို့ တင်သွင်းလာသည့် “မြန်မာနိုင်ငံရှိ ရိုဟင်ဂျာ မွတ်ဆလင်များနှင့် အခြား လူနည်းစုများ၏ လူ့အခွင့်အရေးအခြေအနေ” ခေါင်းစဉ်ဖြင့် အဆိုမူကြမ်း A/C.3/80/L.32/Rev.1 ကို တက်ရောက်လာသော အဖွဲ့ဝင်နိုင်ငံများက မဲမခွဲဘဲ တူညီဆန္ဒဖြင့် အတည်ပြု လိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

    ကုလသမဂ္ဂတွင် အတည်ပြုလိုက်သော အဆိုမူကြမ်းတွင် မြန်မာစစ်အုပ်စုက ပဋိပက္ခများ မြင့်တက်နေသည့်ကာလ၌ (အတုအယောင်) ရွေးကောက်ပွဲ ကျင်း ပ ပြုလုပ်ရန် ရည်ရွယ်သည့်အပေါ် အလွန်အမင်း စိုးရိမ်သည်ဟုလည်းကောင်း၊ အထူးသဖြင့် လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်မှုများပြုလုပ်နေခြင်း၊ လူ့အခွင့် အရေး ချိုးဖောက်မှုများရှိနေခြင်းတို့က ရိုဟင်ဂျာ နှင့် အခြားသော လူနည်းစုများ အပါအဝင် မြန်မာပြည်သူများအတွက် (အတုအယောင်) ရွေးကောက်ပွဲတွင် ပါဝင်နိုင်စေမည့် အခြေအနေ မရှိသကဲ့သို့ ဘေးကင်းလုံခြုံစွာ မဲပေးနိုင်ခွင့် အခွင့်အရေးလည်း ရှိနိုင်မည် မဟုတ်ကြောင်း၊ ယင်းမှာ အခြေခံကျသည့် အချက်များအဖြစ် ပါဝင်သည်ဟု သိရှိရသည်။

    ထို့ပြင် စစ်အုပ်စုမှ နိုင်ငံ၏ နယ်မြေအများစု နှင့် နိုင်ငံရေးပါတီများကို ချန်လှပ်ကာ (အတုအယောင်) ရွေးကောက်ပွဲအား တစ်ဖက်သတ် စီစဉ်ရန် ကြိုးပမ်းနေ သည့်အပေါ်လည်း အလွန်အမင်း စိုးရိမ်သည်ဟုလည်းကောင်း၊ အထူးသဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ဖြစ်ပေါ်ခဲ့သည့် မတရား စစ်အာဏာသိမ်းမှုအား တရားဝင်မှု ရှိစေရန် (အတုအယောင်) ရွေးကောက်ပွဲ ကျင်းပမည့်အပေါ် ကန့်ကွက်ရှုတ်ချသည်ဟုလည်း ကောင်း၊ ထိုသို့သော (အတုအယောင်) ရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတမှု ရှိနိုင်မည် မဟုတ်ဟူ၍ လည်းကောင်း၊ စစ်အုပ်စုမှ လေကြောင်းတိုက်ခိုက်မှုများဖြင့် အရပ်သားပြည်သူများကို သတ်ဖြတ်နေသည့်အကြားက (အတုအယောင်) ရွေးကောက်ပွဲ ကျင်းပခြင်းမှာ လွတ်လပ်၊ မျှတ၍ အားလုံးပါဝင်သည့် ရွေးကောက်ပွဲ သတ် မှတ်ချက်နှင့် ကိုက်ညီသော အခြေအနေမဟုတ် ဟူ၍ လည်းကောင်း၊ ထို့ပြင် အားလုံးပါဝင်သည့် နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှု မရှိဘဲ (အတုအယောင်) ရွေး ကောက်ပွဲ ကျင်းပမည့်အပေါ် ကြီးစွား စိုးရိမ်ရသည်ဟုလည်းကောင်း စသည် ဖြင့် နိဒါန်းစာပိုဒ်များနှင့် အရေးယူဆောင်ရွက်ချက်ဆိုင်ရာစာပိုဒ် နှစ်နေရာလုံးတွင် ထည့်သွင်းထားကြောင်း သိရှိရသည်။

    အဆိုမူကြမ်းကို အတည်ပြုဆုံးဖြတ်ရာတွင် ယခင်နှစ်များနည်းတူ မဲမခွဲဘဲ တူညီဆန္ဒဖြင့်သာ အတည်ပြု ဆုံးဖြတ်ခဲ့ကြောင်း၊ အတည်ပြုခဲ့သည့် အဆိုပါ အဆိုမူကြမ်း A/C.3/80/L.32/Rev.1တွင် မြန်မာနိုင်ငံရှိ ရိုဟင်ဂျာနှင့် အခြားသောလူနည်းစုများအတွက် တာဝန်ယူမှု ရှိစေရေးနှင့် မြန်မာနိုင်ငံတွင် ဒီမိုကရေစီလမ်း ကြောင်း ပေါ်သို့ ပြန်လည်သွားရောက်နိုင်ရေး ရည်ရွယ်ချက် ၂ မျိုးလုံးအတွက် ဖော်ဆောင်ပေးသည်ဟု သံအမတ်ကြီး ဦးကျော်မိုးထွန်းက ရှုမြင်ပြီး အဆိုမူကြမ်းတွင် မိမိတို့၏ အဓိကကျသော စိုးရိမ်ပူပန်ချက်များကို ထည့်သွင်း ဖော်ပြထားသည့်အတွက်လည်း ကျေးဇူးတင်ကြောင်း ထုတ်ဖော်ပြောဆိုထားသည်။

    ယင်းအပြင် စစ်အုပ်စုမှ ကျေးရွာများအား နေရာအနှံ့မီးရှို့ဖျက်ဆီးခြင်း၊ အတင်း အကျပ်နေရပ်စွန့်ခွာစေခြင်းနှင့် အရပ်သားပြည်သူလူထုတစ်ရပ်လုံးအပေါ်တွင် စနစ်တကျ အကြောက်တရား ရိုက်သွင်းခြင်း စသည့် လုပ်ရပ်များဖြင့် ၎င်းတို့၏ အကြမ်းဖက်မှုများကို ဆိုးဆိုးရွားရွား ပြင်းပြင်းထန်ထန်အရှိန်အဟုန်မြှင့်တင်လာသည့်အချက်ကို အဆိုမူကြမ်း၌ မှန်ကန်စွာ ထည့်သွင်း ဖော်ပြထားကြောင်း၊ မြန်မာနိုင်ငံတွင် စီးပွားရေးလည်း ကျဆင်းဆုတ်ယုတ်နေပြီး လူဦးရေ၏ ထက်ဝက်ကျော်မှာ ဆင်းရဲနွမ်းပါးမှု သတ်မှတ်ချက်အောက်သို့ ရောက်ရှိနေ၊ တရားဥပဒေစိုးမိုးရေးကလည်း ပြိုလဲကာ အကျင့်ပျက်ချစားမှုများသာတိုးပွားလာပြီး စစ်အုပ်စုမှအကျိုးခံစားနေသည့် ပြစ်ဒဏ်ကင်းလွတ်ခွင့်က ကျယ်ပြောသည်ထက် ကျယ်ပြော၊ နက်နဲသည်ထက် နက်နဲလာနေသည်ဟု သံအမတ်ကြီးက ထောက်ပြသည်။

    စစ်အုပ်စုနှင့် ၎င်းတို့၏အစွယ်အပွားလက်ဝေခံများအနေဖြင့် အွန်လိုင်းလိမ်လည်ဂိုဏ်းများနှင့်လူနှင့် မူးယစ် ဆေးဝါးကုန်ကူးမှုများ အပါအဝင် နယ်စပ်ဖြတ်ကျော်မှုခင်းများအတွက် လုံခြုံသည့် ခိုလှုံရာ ရပ်ဝန်းများ ပိုမို ကျယ်ပြန့်လာစေရန် ဖန်တီးလုပ်ကိုင်ပေးလျက်ရှိကြောင်း၊ နယ်စပ်ဖြတ်ကျော်မှုခင်းများ၏ ကြီးမားသော နောက်ဆက်တွဲ​ဆိုးကျိုးများသည် မိမိတို့၏ အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနှင့် ဒေသတွင်းကို ကျော်လွန်၍ အခြားသောနေရာဒေများအနှံ့သို့ပါ ကူးစက်ပျံ့ပွားကာ နိုင်ငံတကာငြိမ်းချမ်းရေးနှင့် လုံခြုံရေးတို့ကိုပင် ခြိမ်းခြောက်နေပြီဖြစ်ကြောင်း သံအမတ်ကြီးက ဆက်လက်ပြောဆိုသည်။

    မြန်မာနိုင်ငံနှင့် အခြားသောနေရာများတွင် ဖြစ်ပေါ်နေသည့် အွန်လိုင်း လိမ်လည်မှုများနှင့် အခြားသော နယ်စပ်ဖြတ်ကျော်မှုခင်းများ အပြီးတိုင် ပပျောက်စေရန် ကုလသမဂ္ဂနှင့် နိုင်ငံတကာအသိုက်အဝန်းတို့ထံမှ ညှိနှိုင်းဆောင်ရွက်မှုရှိ၍ ပိုမိုထိရောက်သော လုပ်ဆောင်ချက်များ လိုအပ်နေကြောင်း၊ စစ်အုပ်စုကမူ ၎င်းတို့ကျူးလွန်သည့် ကြီးလေးသောရာဇဝတ်မှုများအား ဖုံးဖိဖျောက်ဖျက်နိုင်ရန် နှင့် တာဝန်ယူမှု၊ တာဝန်ခံမှုတို့မှ ရှောင်လွှဲနိုင်ရန် အတုအယောင် ရွေးကောက်ပွဲ လုပ်ငန်းစဉ်အား စီစဉ်လျက် တရားဝင်မှု ရရှိနိုင်ရေး မတရား ဆက်လက် ကြိုးပမ်းနေကြောင်း သံအမတ်ကြီးက အသိပေးပြောဆိုထားသည်။

    စစ်တပ်က မြန်မာ ပြည်သူများ၏ဆန္ဒ အလျဉ်းမပါဝင်သော မသမာသည့်လုပ်ငန်းစဉ်ကို နောက်ဆုံးလက်နက်သဖွယ် အသုံးချကာ နိုင်ငံတကာအသိုက်အဝန်း တစ်ခုလုံးအား လှည့်ဖြားရန် ကြိုးစားနေကြောင်း၊ ပြည်တွင်း၌ နေထိုင်လျက်ရှိသော ပြည်သူများ၊ အထူးသဖြင့် အနုပညာရှင်များအနေဖြင့် ဓားစာခံ ဖြစ်ကာ ဖိအားပေးခံနေရပြီး စစ်အုပ်စု၏ အတုအယောင် ရွေးကောက်ပွဲဆိုင်ရာ ဝါဒဖြန့်ချိရေး အစီအစဉ်များတွင် မျက်နှာပြပေး၍ အသုံးချခံနေရသည့်အပေါ် ကြေကွဲဝမ်းနည်းရကြောင်း ၎င်းက ကုလသမဂ္ဂတွင် ပြောဆိုသည်။

    စစ်အုပ်စု၏ တရားမဝင်မှုအား မြင်သာစေနိုင်သည့် စာသားများ ပါဝင်လာသည့်အပေါ် ကြိုဆိုသည့်တပြိုင်နက် စစ်အုပ်စု စီစဉ်နေသော အတုအယောင် ရွေးကောက်ပွဲအား ပြင်းထန်စွာ ကန့်ကွက်ပယ်ချရန် အဖွဲ့ဝင်နိုင်ငံအားလုံးကို သံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်းတောင်းဆိုလိုက်ပြီး မြန်မာပြည်သူများမှ မိမိတို့၏ အနာဂတ်အား ပြန်လည် ရယူနိုင်ရေးနှင့် ဒေသတွင်းနှင့် ကမ္ဘာတစ်လွှားအပေါ် အပြု သဘောဆောင်စွာ အကျိုးပြုနိုင်မည့် ငြိမ်းချမ်းသော၊ အားလုံး ပါဝင်မှုရှိသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ထောင်ရေး ကြိုးပမ်းမှုတွင် နိုင်ငံတကာ အသိုက်အဝန်းက ပါဝင်အားဖြည့်ပေးနိုင်ရန် သံအမတ်ကြီးက ထပ်လောင်း တောင်းဆိုခဲ့သည်။

    ဂျပန်-ဖိလစ်ပိုင် သဘောတူညီချက်က တရုတ်ကို ဘယ်လို တွန်းလှန်နေလဲ

    ဂျပန်နှင့် ဖိလစ်ပိုင်တို့သည် စက်တင်ဘာလတွင် စတင်အသက်ဝင်ခဲ့သော အဓိကကာကွယ်ရေးသဘောတူညီချက် တစိတ်တပိုင်းအဖြစ် ၂၀၂၅ ခုနှစ် အောက်တိုဘာလတွင် ၎င်းတို့၏ ပထမဆုံးစစ်ရေးလေ့ကျင့်မှုကို ပြုလုပ်ခဲ့သည်။ ၂၀၂၄ ခုနှစ် ဇူလိုင်လတွင် လက်မှတ်ရေးထိုးခဲ့သော အပြန်အလှန်ဝင်ရောက်ခွင့်သဘောတူညီချက် (RAA) အရ ဂျပန်နှင့်ဖိလစ်ပိုင်တို့သည် ၎င်းတို့၏ပိုင်နက်နယ်မြေများတွင် တပ်ဖွဲ့များ အပြန်အလှန် ဖြန့်ကြက်ထားခွင့်ရှိသည်။

    သဘောတူညီချက်အသစ်က မဟာမိတ်များ၏ ပူးပေါင်းဆောင်ရွက်မှုကို “ကြည်း၊ ရေ၊ လေ အဆင့်သာမက ဆိုက်ဘာနယ်ပယ်များအပါအဝင် အဆင့်သစ်သို့ မြှင့်တင်ပေးလိုက်ခြင်းဖြစ်သည်” ဟု ဖိလစ်ပိုင်မှပထဝီနိုင်ငံရေးလေ့လာသုံးသပ်သူ ဒင်ဒိုမန်ဟစ်က ပြောသည်။ ။

    “အဲဒီနယ်ပယ်လေးခုမှာ ကျွန်တော်တို့ဟာ ခိုင်မာတဲ့ ပူးပေါင်းဆောင်ရွက်မှုလုပ်ဖို့ မျှော်လင့်ထားပြီး ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်နည်းလမ်းလေးနဲ့ တိုးတက်ခေတ်မီအောင်ကြိုးစားနေချိန်မှာ ဂျပန်က ကျွန်တော်တို့ကို ကူညီပေးနိုင်ပါလိမ့်မယ်” ဟု မန်ဟစ်က ဆိုသည်။

    တရုတ်၏ အိမ်နီးချင်းနိုင်ငံများ ကာကွယ်ရေးကဏ္ဍကို မြှင့်တင်

    ဖိလစ်ပိုင်၏ ရေကြောင်းကာကွယ်ရေး တိုးတက်စေရန်အတွက် ဂျပန်က ဖိလစ်ပိုင်သို့ ရေတပ်စစ်သင်္ဘော ခြောက်စင်းအထိ တင်ပို့ပေးမည်ဟု ကမ်းလှမ်းထားသည်။ Abukuma အမျိုးအစား ဖျက်သင်္ဘောများကို ဂျပန်ရေကြောင်း ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့တွင် အသုံးပြုလျက်ရှိသည်။

    အနာဂတ်တွင် ပူးပေါင်းဆောင်ရွက်ရန် “များစွာ” ရှိနေသေးကြောင်း မန်ဟစ်က ယူဆထားသည်။

    “အစီအစဉ်စတာ လအနည်းငယ် ရှိပါသေးတယ်။ အထူးသဖြင့် ရေကြောင်းပူးပေါင်းဆောင်ရွက်မှုမှာ လှုပ်ရှားမှု အရှိန်အဟုန်ဟာ မြင့်တက်လာနေပြီး ဒီထက်ပိုပြီး မြင်တွေ့ရနိုင်ဖွယ် ရှိပါတယ်။” ဟု မန်ဟစ်က ပြောသည်။

    အမေရိကန်တပ်ဖွဲ့များနှင့် ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို တရုတ် ရှုတ်ချ

    ဥပမာတခုမှာ ဖိလစ်ပိုင်စစ်တပ် ခြေကုပ်ယူထားသည့် စပရတ်လေကျွန်းစုများရှိ Second Thomas သောင်ခုံဖြစ်သည်။ တရုတ်က ထိုသောင်ခုံကို တရုတ်ပိုင်ဟု အခိုင်အမာပြောဆိုထားသည်။

    တရုတ်၏တောင်းဆိုမှုများသည် နိုင်ငံတကာဥပဒေအရ အခြေအမြစ်မရှိကြောင်း သည်ဟိဂ်မြို့ ခုံသမာဓိရုံးက ၂၀၁၆ ခုနှစ်တွင် ဆုံးဖြတ်ခဲ့သည်။

    တရုတ်နိုင်ငံက ဖိလစ်ပိုင်သည် တရုတ်ရေပိုင်နက်တွင် လှုပ်ရှားနေသည်ဟု စွပ်စွဲကာ ထိုစီရင်ချက်ကို ပယ်ချခဲ့သည်။ ဖိလစ်ပိုင်သင်္ဘောများသည် အငြင်းပွားရေပြင်များတဝိုက်တွင် တရုတ်ကမ်းခြေစောင့်တပ်၏ နောက်ယောင်ခံလိုက်ခြင်း၊ ဝိုင်းရံခြင်းနှင့် ရေအမြောက်များနှင့် လေဆာရောင်ခြည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းအပါအဝင် တရုတ်သင်္ဘောများ၏ ရန်လိုသော လုပ်ရပ်များကို မကြာခဏ ရင်ဆိုင်ကြရသည်။

    ဖိလစ်ပိုင်၊ ဂျပန်နှင့် အမေရိကန်တို့သည် ဘက်စုံရေကြောင်းပူးပေါင်းဆောင်ရွက်မှုလှုပ်ရှားမှု (MMCA) အရ တောင်တရုတ်ပင်လယ်၌ နိုဝင်ဘာ ၁၄ ရက်နှင့် ၁၅ ရက်တို့တွင် ပူးတွဲလေ့ကျင့်မှုများ ပြုလုပ်ခဲ့ကြပြီး ယင်းက တရုတ်အတွက် သတင်းစကားဖြစ်နိုင်သည်။ ဖိလစ်ပိုင်က အနောက်ဖိလစ်ပိုင်ပင်လယ်ဟု ရည်ညွှန်းသော ရေပြင်တွင် စစ်ရေးလေ့ကျင့်မှုများကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

    တရုတ်က ထိုလုပ်ရပ်အပေါ် ဒေါသထွက်ခဲ့ပြီး တရုတ်အရာရှိများက အဆိုပါလေ့ကျင့်မှုများသည် “ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုကို ထိခိုက်စေသည်” ဟု ပြောကြားခဲ့သည်။

    ဂျပန်အစားအစာတင်သွင်းမှုကို တရုတ် ရပ်ဆိုင်း

    တရုတ်က ထိုင်ဝမ်ကို တိုက်ခိုက်ပါက ဂျပန်သည် မိမိကိုယ်ကိုယ်ကာကွယ်ရန် တုံ့ပြန်နိုင်ကြောင်း ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချီက ပြောဆိုပြီးနောက် တရုတ်နှင့်ဂျပန်အကြား ကတောက်ကဆတ်ဖြစ်နေချိန်တွင် အမေရိကန်ရေတပ်ပါဝင်သော စစ်ရေးလေ့ကျင့်မှုများ လုပ်ဆောင်လာခြင်းဖြစ်သည်။

    ဂျပန် အိုဆာကာမြို့မှ တရုတ်ကောင်စစ်ဝန်ချုပ် ရွှေ့ကျန်းက တာကာအိချီ၏ မှတ်ချက်များကို ဝေဖန်ခဲ့ပြီး ဂျပန်ဝန်ကြီးချုပ်၏ ခေါင်းအား ဖြတ်ပစ်မည်ဟု အဓိပ္ပါယ်ရသည့် ပို့စ်ကို လူမှုကွန်ရက်တွင် ရေးတင်ကာ ခြိမ်းခြောက်ခဲ့သည်။ နောက်ပိုင်း ထိုပို့စ်ကို ပြန်ဖျက်သွားခဲ့သည်။

    တရုတ်က ဂျပန်ပင်လယ်စာတင်သွင်းမှုကို ရပ်တန့်ခြင်းဖြင့် တုံ့ပြန်ခဲ့ပြီး ဂျပန်သို့ မသွားရန် တရုတ်နိုင်ငံသားများကို သတိပေးခဲ့ပြီးနောက် ဂျပန်သို့သွားမည့် လေယာဉ်လက်မှတ် ၅၀၀,၀၀၀ နီးပါး ပယ်ဖျက်မှုများ ရှိခဲ့သည်။

    တရုတ်၏ မဟာဗျူဟာက ဂျပန်ကို ဖိအားပေးရန်ဖြစ်ပြီး ဖိလစ်ပိုင်ကိုလည်း သက်ရောက်မှုရှိနိုင်ကြောင်း စင်ကာပူနိုင်ငံ နန်ယန်းနည်းပညာတက္ကသိုလ် (NTU) မှ အများပြည်သူမူဝါဒနှင့် ကမ္ဘာ့ရေးရာအစီအစဉ်မှ တွဲဖက်ပါမောက္ခ ခဲကိုဂါက ပြောသည်။

    “တရုတ်က ဂျပန်ရဲ့ ရှေးရိုးစွဲဆန်လွန်းဖွယ်ရှိတဲ့ အစိုးရတရပ်ကို ဖိအားပေးဖို့ရာ ဂျပန်ဝန်ကြီးချုပ် တာကာအိချီရဲ့ မှတ်ချက်ကို အခွင့်အရေးတခုအဖြစ် အသုံးချတယ်လို့ ကျွန်တော်ထင်တယ်” ဟု ခဲကိုဂါက DW သို့ ပြောခဲ့သည်။

    “ဒီလိုလုပ်ခြင်းအားဖြင့် တရုတ်ဟာ အမေရိကန်နဲ့ ဂျပန်ကြားမှာ သပ်လျှိုဖို့ ကြိုးစားတာဖြစ်နိုင်ပြီး ဖိလစ်ပိုင်အပါအဝင် ဂျပန်နဲ့တခြားနိုင်ငံတွေကြားမှာလည်း သပ်လျှိုဖို့ ဖြစ်နိုင်ပါတယ်။” ဟု ခဲကိုဂါက ဆိုသည်။

    ထိုင်ဝမ်အရေး အန္တရာယ်များကို ဖိလစ်ပိုင် အကဲခတ်စောင့်ကြည့်နေ

    တရုတ်က ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ထိုင်ဝမ်ကျွန်းကို ၎င်း၏ နယ်မြေအစိတ်အပိုင်းအဖြစ် ယူဆကာ ၎င်း၏ ထိန်းချုပ်မှုအောက်သို့ ရောက်ရှိစေရေး အင်အားသုံးမည်ဟု ခြိမ်းခြောက်ထားသည်။

    ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာက ထိုင်ဝမ်နှင့်ပတ်သက်သည့် ပဋိပက္ခတိုင်းသည် ဖိလစ်ပိုင်ပါ မလွှဲမရှောင်သာ ပါသွားနိုင်သည်ဟု ဩဂုတ်လတွင် ပြောခဲ့သည်။ ဖိလစ်ပိုင် ပါဝင်ပတ်သက်ခြင်းသည် “မီးနှင့်ကစားခြင်း” သာဖြစ်လိမ့်သည်ဟု တရုတ်က သတိပေးခဲ့သည်။

    ဖိလစ်ပိုင်က အဓိကအားဖြင့် တောင်တရုတ်ပင်လယ်နှင့် ဒေသတွင်း အကျိုးစီးပွားများအား ကာကွယ်စောင့်ရှောက်ရေးအပေါ် အလေးထားနေကြောင်း ကိုဂါက ပြောသည်။

    “ဂျပန်နဲ့ အမေရိကန်တို့က ထိုင်ဝမ်အရေးပေါ်အခြေအနေမှာ ဘယ်လိုပူးပေါင်းဆောင်ရွက်နိုင်မလဲဆိုတာ ဆွေးနွေးနေကြပါတယ်။ ပထဝီဝင်အနေအထားအရ သူတို့က ဒီကိစ္စကို ဖိလစ်ပိုင်နဲ့ ဆွေးနွေးချင်ကြတယ်။”

    “ဖိလစ်ပိုင်ရဲ့ မဟာဗျူဟာမြောက် အာရုံစိုက်မှုက အခု တောင်တရုတ်ပင်လယ်ပေါ်မှာ ရှိပါတယ်။ ကာကွယ်ရေးနဲ့ ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေက တရုတ်ရဲ့ အတင့်ရဲ့တဲ့ လုပ်ဆောင်မှုတွေကို တွန်းလှန် ဒါမှမဟုတ် ဟန့်တားနိုင်မယ်လို့ သူတို့ ယူဆထားကြတယ်။”

    ” ထိုင်ဝမ်မှာ ဖိလစ်ပိုင်လူမျိုး ၁၆၀,၀၀၀ ကျော်ရှိတာကြောင့် ဒီလိုအရေးပေါ်အခြေအနေအတွက် ဖိလစ်ပိုင်နိုင်ငံက စိုးရိမ်ပူပန်နေပါတယ်။ ဒါကြောင့် နိုင်ငံအနေနဲ့ အဲဒါကို ဂရုစိုက်ဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် အရေးပေါ်အခြေအနေတွေမှာ စစ်ရေးပူးပေါင်းဆောင်ရွက်မှုအတွက် ဖိလစ်ပိုင်မှာ ရှင်းလင်းတိကျတဲ့ အစီအစဉ် မရှိသေးဘူးလို့ ကျွန်တော်ထင်တယ်” ဟု ကိုဂါက ပြောသည်။

    DW မှ How a Japan-Philippines pact is countering China မှ အား Brownie ဘာသာပြန်သည်။

  • ပီဒီအက်(ဖ) တွေ ကို မောင်းထုတ် ပြီး  ထုံး နဲ့ စည်း တား လိုက် ပါ ပြီ

    ပီဒီအက်(ဖ) တွေ ကို မောင်းထုတ် ပြီး ထုံး နဲ့ စည်း တား လိုက် ပါ ပြီ

    မြန်မာ့ တပ်မတော် က သံချပ်ကာကား တွေ၊ အမြောက် တွေ၊ ဒုံးလက်နက် တွေ၊ စက်သေနတ်တွေ၊ လက်ဖြောင့် တပ်သား တွေ ပါတဲ့ စစ်ကားတန်း ကြီး ဟာ မိုးကုတ် မြို့ နဲ့ ဆယ်မိုင် ကျော်လောက် ပဲ ဝေး တော့ တဲ့ ညောင်ကုန်း၊ လွယ်မွန်း နဲ့ လယ်ကြီး ရွာ တွေ ကို ရောက်ရှိ နေ ချိန် မှာ မိုးကုတ် မြို့ ထဲ မှာ ပလောင် လက်နက်ကိုင် အဖွဲ့ ဟာ မိုးကုတ် မြို့ခံ ပီဒီအက်(ဖ) တွေ ကို ပါ မြို့ ထဲ က မောင်းထုတ် လိုက် ပြီ လို့ သိရ ပါတယ်။

    လွန်ခဲ့ တဲ့ သီတင်း တစ်ပတ်ကျော် လောက်က ပလောင် လက်နက် ကိုင် တွေ ဟာ PDF တွေ ကို သူတို့ အခြေစိုက် စခန်း တွေ ရှိ တဲ့ မန်တုံ၊ နမ္မတူ စတဲ့ ဘက် တွေ ကို ခေါ်သွား ဖို့ အစီအစဉ် ရှိ ပေမယ့် ပလောင် ထောက်လှမ်းရေး တွေ က တာဂျုတ်ဂျား ကို တင် တဲ့ အစီရင် ခံစာ တွေ ထဲ မှာ မန္တလေး ပီဒီအက်(ဖ) ဟာ စစ်တပ် သတင်း ပေး နဲ့ မြန်မာ စစ်တပ် က နေ မြုပ်နှံ ထား သူ အများ ဆုံး အဖွဲ့ အစည်း ဖြစ်ပြီး ရာထူး ကြီးကြီး နေရာ တွေ တောင် ယူထားတာ လို့ ပလောင် ထောက်လှမ်းရေး အစီရင် ခံစာ မှာ ဖော်ပြ ထားပါတယ်။

    မန္တလေး ကနေ သပိတ် ကျဉ်း၊ မိုးကုတ် အထိ မှာ စစ်တပ် သတင်း ပေး တွေ ရှိ နေ တယ် လို့ အဲဒီ ဒေသတွေ ထိ သွား ရောက် သတင်း ယူ ခဲ့ တဲ့ နိုဝင်ဘာလ ၁၅ ရက်နေ့ ရက်စွဲ နဲ့ ပလောင် ထောက်လှမ်းရေး အစီရင် ခံစာ မှာ ဖော်ပြ ထား ပါတယ်။

    နိုဝင်ဘာလ ၁၉ ရက်နေ့ မှာ တော့ ပီဒီအက်(ဖ) တွေ ကို မိုးကုတ် မြို့ထဲ ကနေ နှင်ထုတ် လိုက်ကာ မြောက်ဘက် ဆိုရင် ရေပူ ကုလားကုန်း နဲ့ ကျီးမနိုး ကို မကျော်ရ၊ မိုးမိတ် လမ်းဘက် ဆိုရင် ပိန်းပစ် လမ်းဘက် ကို မကျော်ရ၊ တောင်ဘက် ဆိုရင် ကျောက်မဲ- မိုးကုတ် လမ်း ပေါ် တက်တာ မလုပ် ရ ဘဲ တော ထဲ နဲ့ ဖက်ယား ၊ ကျောက်ခမ်း ဘက် မှာ ပဲ သူတို့ အပြီး သတ် ဆုတ်ခွာ သွား တဲ့ ထိ နေရ မယ် လို့ အမိန့် ထုတ် ပြန် ရုံ တင်မက မိုးမိတ် လမ်း ဘက် မှာ ဆိုရင် ထုံး တွေ နဲ့ စည်း တား လိုက် ပြီး အဲဒီ စည်း ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ လ ၁ ရက်နေ့ နံနက် ခြောက်နာ ရီ ထိုး တဲ့ အထိ မကျော်ရ ဘူး၊ ကျော်လို့ ရှိ ရင် မင်းတို့ ကို မိတ်ဆွေ လို့ သတ်မှတ် လို့ မရ တော့ ဘူး လို့ တအောင်း တပ် က ပြောတယ် လို့ အမည် မဖော် လို တဲ့ မိုးကုတ် ဗျူဟာ အဖွဲ့ဝင် တစ်ဦး က ပြောပါတယ်။

    နှစ်ဆန်း တစ်ရက်‌ နေ့ မနက်ဘထိ မကျော်ရဘူး ပြောတယ်၊ ကျော်ရင် မိတ်ဆွေ မဟုတ်တော့ဘူး တဲ့ ဘာဆက် လုပ် မယ် ဆိုတာ တော့ မပြော ဘူး လို့ သူက ပြောပါတယ်။

    တစ်နှစ် ကျော်ကြာ မန္တလေး တိုင်း မိုးကုတ် မြို့ ကို ပလောင် တပ် တွေ က သိမ်းပိုက် ထား ရာ မှာ ပတ္တမြား စတဲ့ တွင်းထွက် ကျောက်မျက် ရတနာ တွေ၊ အခြား ဆက်ကြေး တွေ ကနေ ပလောင် တပ် တွေ ဟာ အမေရိကန် ဒေါ်လာ သန်း ၉၀ ကျော်ခန့် ရရှိ ခဲ့ ပြီး မန္တ့လေး ပီဒီအက်(ဖ) နဲ့ မိုးကုတ် ဗျူဟာ တို့ က ဒေါ်လာ ဆယ်သန်း ကျော်ခန့် ရ ရှိ ခဲ့ ပါတယ်။

    FNG

  • ပုသိမ်မြို့ရှိ အစိုးရနည်းပညာအထက်တန်း ကျောင်းအတွင်း ရန်ဖြစ်ပွားရာ အထိုးခံရသူ အသက် အန္တရာယ်စိုးရိမ်ရ

    ပုသိမ်မြို့ရှိ အစိုးရနည်းပညာအထက်တန်း ကျောင်းအတွင်း ရန်ဖြစ်ပွားရာ အထိုးခံရသူ အသက် အန္တရာယ်စိုးရိမ်ရ

    ဧရာဝတီတိုင်း၊ အစိုးရနည်းပညာအထက်တန်းကျောင်း (ပုသိမ်) ကျောင်းဝင်းအတွင်း နိုဝင်ဘာလ ၁၉ ရက်နေ့က ကျောင်းသားနှစ်ဦး စကားများရန်ဖြစ်ရာတွင် အထိုးခံရသူ ကျောင်းသားဟောင်းမှာ အသက်အန္တရာယ် စိုးရိမ်ရကြောင်း အထိုးခံရနှင့်ရင်းနှီးသူထံမှ သိရသည်။

    ဖြစ်စဉ်တွင် ကိုယ်ထိလက်ရောက် ကျူးလွန်ခံရသူ ကျောင်းသားဟောင်းသည် ပြင်းထန်သော ဒဏ်ရာများဖြင့် ပုသိမ်ဆေးရုံမှတစ်ဆင့် ရန်ကုန်ဆေးရုံကြီး သို့ ပို့ဆောင်ကာ ဆေးကုသမှု ခံယူနေရသည်။

    ထိုးနှက်ခံရမှုကြောင့် ဦးနှောက်သွေးယိုမှု၊ နှာခေါင်းရိုးကျိုး၊ လည်ပင်းရိုးကျိုး စသည့် ပြင်းထန်ဒဏ်ရာများ ရရှိခဲ့ပြီး ယနေ့အထိ သတိလစ်နေဆဲဖြစ်ကြောင်း သိရသည်။

    “ကျွန်တော့်သူငယ်ချင်းက သူ့ကျောင်းဟောင်းက ကျောင်းမှာအမှတ်စာရင်းသွားထုတ်တယ်။ အဲဒီမှာ တတိယနှစ်ကျောင်း သားရဲ့ ရည်းစားဟောင်းအကြောင်းကို စလိုက်တယ်။ အဲ့ဒါကို စိတ်ဆိုးသွားပြီးတော့ တိုင်နဲ့ခေါင်း ညှပ်ကန်လိုက်တာ။ အသေ သတ်မယ်ဆိုပြီး အောက်ထပ်မှာ ဒုတ်သွားယူလိုက်တော့မှ လူတွေသိကုန်တယ်။ ပုသိမ်ဆေးရုံပို့ကတည်းက သတိလစ်တာ ဒီနေ့အထိပဲ” ဟု ဆေးရုံတက် နေရသူ၏ သူငယ်ချင်းက ပြောသည်။

    ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့သူ တတိယနှစ်ကျောင်းသားကို ဖြစ်စဉ်ဖြစ်ပွားပြီးနောက် နိုဝင်ဘာ ၂၀ ရက်နေ့တွင် ရဲစခန်းက ဖမ်းဆီးသွားပြီး ကျောင်းဘက်မှလည်း ကျောင်းနှစ်နှစ်နားရန် အရေးယူခံ ထားကြောင်း သိရသည်။

    လက်ရှိတွင် စစ်ကော်မရှင်လက်အောက်ရှိ အထက်တန်းကျောင်းများအပါအဝင် အစိုးရနည်းပညာ အထက်တန်းကျောင်းနှင့် တက္ကသိုလ်ကျောင်းများ၌ ကျောင်းသားများအကြား ဆေးလိပ်၊ ဘီယာ၊ အရက် သောက်သုံးမှုများ ရှိနေပြီး ကျောင်းသားအချင်းချင်း ရန်ဖြစ်မှုများ တိုးပွားလာကြောင်း ယင်းကျောင်း များထံမှ စုံစမ်းသိရသည်။

    ဓာတ်ပုံ-ပြစ်မှုကျူးလွန်သူ

  • Murder at the Embassy

    Murder at the Embassy

    Murder at the Embassy (2025)

    ဇာတ်လမ်းအကျဉ်း

    ဒီဇာတ်ကားလေးက ၁၉၃၄ ခုနှစ် အီဂျစ် ကိုင်ရိုမြိုကို အခြေတည်ရိုက်ကူးထားတာပါ။

    အကြောင်းအမျိုးမျိုးကြောင့် အီဂျစ်ကို ရောက်နေကြတဲ့ လူငါးယောက်ဟာ သံရုံးထဲက လူသတ်မှုအတွက် သံသယရှိသူတွေ ဖြစ်သွားခဲ့ကြပါတယ်။

    ကံကောင်းစွာနဲ့ တစ်ခါမြင်ရင် ဘယ်တော့မှ မမေ့တော့တဲ့ မှတ်ဉာဏ်ကို ပိုင်ဆိုင်ထားတဲ့ စုံထောက်မလေး မီရန်ဒါကလည်း အီဂျစ်ကို ရောက်နေခဲ့ရင်း ဒီအမှုကို ဖြေရှင်းဖို ကြိုးစားတဲ့အခါမှာတော့…

    ရှင်းလေ ရှုပ်လေဖြစ်လာတဲ့ အမှုနဲ့ တစ်စထက်တစ်စ ပိုမို ရှုပ်ထွေးလာတဲ့ နိုင်ငံရေး လှည့်ကွက်တွေအကြား စုံထောက်မလေး မီရန်ဒါ တစ်ယောက် အမှုကို ဘယ်လို ဖြေရှင်းသွားမလဲ…

    လူသတ် တရားခံအစစ်ကရော ဘယ်သူများလဲဆိုတာကို ဆက်လက် ကြည့်ရှုပေးကြဦး။