Category: News

  • ကော့ကရိတ်မြို့နယ် အတွင်း စစ်ကြောင်းထိုး နေသည့် စစ်တပ်ကို တိုက်ခိုက်

    ကော့ကရိတ်မြို့နယ် အတွင်း စစ်ကြောင်းထိုး နေသည့် စစ်တပ်ကို တိုက်ခိုက်

    ကော့ကရိတ်မြို့နယ် အတွင်း စစ်ကြောင်းထိုး နေသည့် စစ်တပ်ကို တိုက်ခိုက်မှု စစ်သား ၁၀ ဦး သေဆုံးပြီး တိုက်ပွဲများ ဆက်လက် ပြင်းထန်နေ

    ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် အတွင်း စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်ကို ၅ ရက်ဆက် ၆၀ မမ ဗုံး ၄၁ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ရာ စစ်သား ၁၀ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများပြားကြောင်း Federal Revolution Force-FRF မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

    ဩဂုတ်လ ၁၃ ရက်နေ့မှ ဩဂုတ်လ ၁၇ရက်နေ့အထိ ကော့ကရိတ်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော အကြမ်းဖက် စစ်တပ်က ကျေးရွာတစ်ရွာတွင် အင်အား ၈၀ ခန့်ဖြင့် အထိုင်ကျ တပ်စွဲထားစဉ် KNDO ပူပေါင်းအဖွဲ့များ နှင့် FRF ရဲဘော်များက ၆၀ မမ လက်နက်ကြီး ၄၁ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရှိရသည်။

    ထို တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်သား ၁၀ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာ ရရှိသူများပြားကြောင်း၊ တိုက်ခိုက်မှု ပြုလုပ်ပြီးနောက် တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

    “စစ်ခွေး အင်အားကတော့ ၈၀လောက်ရှိတယ်။ လက်ရှိချိန်ထိ စစ်ခွေးတွေဘက်က လေကြောင်းသုံး တိုက်ခိုက်နေပါတယ်။ သြဂုတ် ၁၃ ရက်နေ့ကနေ ၁၇ ရက်နေ့ ထိ ပစ်ခဲ့ပါတယ်။ လက်နက်ကြီး ၄၁ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်။ လက်ရှိချန်ထိ တိုက်ပွဲပြင်းထန်နေပါတယ်။ ညီမတို့ အဖွဲ့က ၆၀ မမ လက်နက်ကြီးထုတ်ပါတယ် ကိုယ်တိုင်လည်းရှေ့တန်ထွက်ပစ်တယ်။ စစ်ခွေး သေးဆုံးမှုက ခန့်မှန်းခြေ ၁၀ ကောင်ကျော် လောက်ရှိမယ်။ ထိခိုက်မူအများပြားရှိပါတယ်။ KNDOနဲ့က ပူပေါင်းတိုက်တာပါ။ FRF က ထုတ်လုပ်ပြီး KNDOနဲ့ပူပေါင်း တိုက်တာပါ” ဟု Federal Revolution Force-FRF မှ တာဝန်ရှိသူက ပြောဆိုသည်။

    လက်ရှိအချိန်အထိ ကော့ကရိတ်မြို့နယ်အတွင်း ထိတွေ့ တိုက်ပွဲများ ဆက်လက် ပြင်းထန်နေပြီး အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် နေ့စဉ် ဗုံးကျဲ တိုက်ခိုက်နေကြောင်း သိရသည်။

  • ပြည်သူကိုမျက်နှာမူလို့ရွေးကောက်ပွဲဝင်ပြိုင်တာလို့ပြည်သူ့ပါတီဆို

    ပြည်သူကိုမျက်နှာမူလို့ရွေးကောက်ပွဲဝင်ပြိုင်တာလို့ပြည်သူ့ပါတီဆို

    “ရုံးခန်းဖွင့်သွားတာတောင် မသိလိုက်ပါဘူး။ ဘိုကလေးက အဲ့လောက်လည်း ကျယ်တာမဟုတ်ပေမယ့် သူတို့ကို စိတ်မဝင်စားကြလို့ဖြစ်မယ် သတင်းမသိလိုက်ဘူး။ ကျွန်တော်ကတော့ဗျာ မျက်မှန်စိမ်းနဲ့ကြည့်တယ်ပြောပြော ဒီရွေးကောက်ပွဲဝင်မယ် ဆိုကတည်းက ဒါက ပြည်သူကို မျက်နှာမူတာ မဟုတ် တော့ဘူးလို့ပဲ မြင်ပါတယ်”လို့ လူမှုကူညီရေး တက် ကြွလှုပ်ရှားသူတဦးက ဆိုပါတယ်။

    ပြည်သူ့ပါတီက ပြည်သူကိုမျက်နှာမူတဲ့ပါတီဖြစ်တယ်လို့ ပါတီဥက္ကဌ ဦးကိုကိုကြီးက ဩဂုတ်လ ၁၇ ရက်နေ့က ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်မှာ ပြုလုပ်ခဲ့တဲ့ ပါတီရုံးခန်းဖွင့်လှစ်ပွဲမှာ ပြောခဲ့တယ် လို့ ဒေသခံတွေကတဆင့် သိရပါတယ်။

    “သူနဲ့ပါတီခေါင်းဆောင်ပိုင်းတွေရဲ့ နိုင်ငံရေး ဖြတ် သန်းမှုတွေကိုပြောတယ်။ သူတို့က ပြည်သူကို မျက်နှာမူလို့သာ ဒီလမ်းကို(ရွေးကောက်ပွဲဝင်ပြိုင်ဖို့)ရွေးချယ်တာဖြစ်ကြောင်းပြောတယ်။ သူတို့က ပြည်သူကို ပျက်ဆီးအောင်မလုပ်ဘူးပေါ့ အဲ့ဒါမျိုးတွေလည်း ပြောတယ်”လို့ ဒေသခံတဦးက ဆိုပါတယ်။

    ဒီဒေသခံဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီကိုထောက်ခံသူဖြစ်ပေမယ့် ၈၈ မျိုးဆက် ကျောင်းသားတွေနဲ့ နီးစပ်မှုရှိသူ တဦးဖြစ်ပါတယ်။

    ပြည်သူ့ပါတီဟာ ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေး ကောက်ပွဲတုန်းက ဘိုကလေးမြို့နယ်မှာဝင်ရောက်ယှဉ်ပြိုင်ခြင်း မရှိခဲ့ပေမယ့် ဧရာဝတီတိုင်းထဲက မြို့နယ် ၉ ခုမှာ ပြည်သူ့လွှတ်တော်နေရာကနေ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး NLD ပါတီကိုအပြတ်အသတ်ရှုံးနိမ့်ခဲ့တဲ့ ပါတီဖြစ်ပါတယ်။

    ဒါ့အပြင်ကျုံပျော်မဲဆန္ဒနယ်ထဲက တချို့မဲရုံတွေမှာ ပြည်သူ့ပါတီဟာ တမဲမှ ရရှိခဲ့ခြင်း မရှိဘူးလို့လည်း ပြောဆိုမှုတွေ ရှိပါတယ်။

    “ရုံးခန်းဖွင့်သွားတာတောင် မသိလိုက်ပါဘူး။ ဘိုကလေးက အဲ့လောက်လည်း ကျယ်တာမဟုတ်ပေမယ့် သူတို့ကို စိတ်မဝင်စားကြလို့ဖြစ်မယ် သတင်းမသိလိုက်ဘူး။ ကျွန်တော်ကတော့ဗျာ မျက်မှန်စိမ်းနဲ့ကြည့်တယ်ပြောပြော ဒီရွေးကောက်ပွဲဝင်မယ် ဆိုကတည်းက ဒါက ပြည်သူကို မျက်နှာမူတာ မဟုတ် တော့ဘူးလို့ပဲ မြင်ပါတယ်”လို့ လူမှုကူညီရေး တက် ကြွလှုပ်ရှားသူတဦးက ဆိုပါတယ်။

    စစ်ကောင်စီက လာမယ် ဒီဇင်ဘာ ၂၈ ရက်နေ့မှာ ရွေးကောက်ပွဲစတင်ပြုလုပ်မယ်လို့ ဒီကနေ့ ဩဂုတ် ၁၈ ရက်နေ့မှာ ကြေညာလိုက်ပြီဖြစ်ပါတယ်။

    ပြည်သူ့ပါတီဟာ ရွေးကောက်ပွဲကျင်းပမယ့် ရက်ကိုမသိရသေးခင် အချိန်ကတည်းက ဧရာဝတီတိုင်းထဲမှာ ပါတီရုံးခန်းဖွင့်လှစ်မှု အပါအဝင် ရွေးကောက်ပွဲဆိုင်ရာ ပါတီလှုပ်ရှားမှုတွေကို ပြုလုပ်နေခဲ့တာလည်းဖြစ်ပါတယ်။

    ပြည်သူ့ပါတီရဲ့ ထုတ်ပြန်ချက်တွေအရလည်းအခုလအတွင်းမှာ ပဲခူးတိုင်းနဲ့ ဧရာဝတီတိုင်းထဲမှာ ရုံးခန်းတွေ ဆက်တိုက်ဖွင့်လှစ်နေတယ်ဆိုတာ သိရပါတယ်။

    အာဏာသိမ်းစစ်တပ်က အပိုင်းလိုက်ခွဲပြုလုပ်ဖို့ကြေညာထားတဲ့ လာမယ့်ရွေးကောက်ပွဲမှာစစ်တပ် ကျောထောက်နောက်ခံပြုထားတဲ့ ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအပါအဝင် ပါတီကိုးခုတနိုင်ငံလုံးအတိုင်းအတာဝင်ပြိုင်မှာဖြစ်ပြီးစုစုပေါင်း ပါတီ ၅၀လောက်ရွေးကောက်ပွဲ ဝင်ပြိုင်မယ်လို့ စစ်ခေါင်းဆောင်ကပြောဆိုထားတာပါ။

  • ပေါက်ခေါင်းမြို့နယ်ရှိ စစ်စခန်း ၄ ခုကို တိုက်ခိုက်

    ပေါက်ခေါင်းမြို့နယ်ရှိ စစ်စခန်း ၄ ခုကို တိုက်ခိုက်

    ပေါက်ခေါင်းမြို့နယ်ရှိ စစ်စခန်း ၄ ခုကို တိုက်ခိုက်မှု စစ်သား ၅ ဦး သေဆုံးပြီး ၃ ဦး အရှင်ဖမ်းမိ၊ စစ်တပ်က စက်တပ်လေထီးဖြင့် ဗုံးကျဲမှု ပြည်သူ ၆ ဦးသေဆုံး (ရုပ်/သံ)

    ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ် ၊ ဘော်ဒါကျေးရွာရှိ စစ်စခန်း ၄ ခုကို ဝင်ရောက် တိုက်ခိုက်ရာ အကြမ်းဖက် စစ်သား ၅ ဦး သေဆုံးပြီး ၃ ဦး အရှင်ဖမ်းမိကာ စခန်း ၂ ခုကို မီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁ တပ်ရင်း၏ စစ်ထောက်လှမ်းရေးနှင့် သတင်းပြန်ကြားတာဝန်ခံ Shadow က ပြောဆိုသည်။

    ဩဂုတ်လ ၁၅ ရက်နေ့ နံနက် ၅ နာရီ ၂၀ မိနစ်ခန့်တွင် ပေါက်ခေါင်းမြို့နယ်၊ ဘော်ဒါကျေးရွာ ဂိတ်စခန်းတွင် အင်အား ၄၂ ဦးဖြင့် တပ်စွဲထားသော စစ်သားများကို ဗျူဟာ ၂၁ ကွက်ကဲမှုအောက်ရှိ ပြည်ခရိုင်အမှတ် ၁ ၃၆၀၁တပ်ရင်း၊ ပြည်ခရိုင်အမှတ် ၂ -၃၆၀၂ တပ်ရင်းနှင့် တောင်ငူခရိုင်အမှတ် ၁- ၃၅၀၁ တပ်ရင်းတို့က စတင်ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

    တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၅ ဦးသေဆုံးကာ ၃ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး ၃ ဦး အရှင် ဖမ်းဆီးရရှိခဲ့ကြောင်း၊ ထို့ပြင် ဘော်ဒါရွာရှိ ကျန်ရှိသော စစ်စခန်းများမှ စစ်သားအာလုံး စခန်းစွန့်ခွာ ထွက်ပြေးသွားသောကြောင့် စာသင်ကျောင်းကုန်းသစ်တောကုန်းနှင့် ဆက်သွယ်ရေးကုန်း စခန်းများကို မီးရှို့ရှင်းလင်းနိုင်ခဲ့ကြောင်း သိရှိရသည်။

    ထို့ပြင် အကြမ်းဖက် စစ်တပ်ထံမှ MA-3 သေနတ် ၂ လက်၊ MA-11 သေနတ် ၁ လက်၊ အူစီ သေနတ် ၁ လက်၊ပစ္စတို သေနတ် ၁ လက်၊ ကျည်မျိုးစုံ ၂၇၆ တောင့်၊ ရှေထွက်မိုင်း ၁ လုံး၊ ကျည်ဘောက် ၁၃ ခု ၊ Icom ၁ လုံး၊ mobile ဖုန်း ၄ လုံး၊ ဆက်သွယ်ရေးအထိုင်စက် ၁ လုံးနှင့် စစ်အသုံးဆောင်ပစ္စည်းအမျိုးမျိုးတို့ကို သိမ်းဆည်း ရရှိခဲ့ကြောင်း သိရသည်။

    “တိုက်ပွဲဖြစ်ပွားချိန်အတွင်းမှာ ဘော်ဒါကျေးရွာထဲက စစ်ခွေးတွေ အထိုင်ချထားတဲ့ စခန်း ၄ ခုလုံးက ကောင်တွေက ထွက်ပြေးသွားလို့ စာသင်ကျောင်းကုန်းသစ်တောကုန်းနဲ့ ဆက်သွယ်ရေးကုန်း နေရာတွေကို မီးရှို့ ရှင်းလင်းနိုင်ခဲ့တယ်။ ကျနော်တို့ကို လက်နက်ကြီး၊ လက်နက်ငယ် မျိုးစုံနဲ့ ပြန်လည် ပစ်ခတ်တိုက်ခိုက်ပေမယ့် အထိအခိုက်မရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်” ဟု ၃၆၀၁ တပ်ရင်း စစ်ထောက်လှမ်းရေးနှင့် သတင်းပြန်ကြားတာဝန်ခံ Shadow က ပြောဆိုသည်။

    ယင်းနေ့ ည ၇ နာရီခန့်တွင် သဲကုန်းမြို့ဘက်မှ တက်လာသော အကြမ်းဖက် စစ်တပ်၏ စက်တပ်လေထီး ၂ စီးက ကြိမ်ချောင်းရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပေါင် ၃၀၀ ဗုံးသီး ၄ လုံး ကျဲချ တိုက်ခိုက်ခဲ့ခြင်းကြောင့် ပြည်သူ ၆ ဦးသေဆုံးကာ ၅ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

  • ဒီပဲယင်း၊ မူးကမ်းကြီးရွာ ဘုန်းကြီးကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ

    ဒီပဲယင်း၊ မူးကမ်းကြီးရွာ ဘုန်းကြီးကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ

    ဒီပဲယင်း၊ မူးကမ်းကြီးရွာ ဘုန်းကြီးကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု ကိုရင်ကြီး ၁ ပါး အပါအဝင် လူ ၅ ဦးသေဆုံး

    (more…)

  • စစ်ကိုင်းမြို့ အနောက်ဘက်တိုက်ပွဲဖြစ်ပြီးနောက် မြို့ပေါ် မှာ စစ်တပ်လုံခြုံရေးတင်းကျပ်

    စစ်ကိုင်းမြို့ အနောက်ဘက်တိုက်ပွဲဖြစ်ပြီးနောက် မြို့ပေါ် မှာ စစ်တပ်လုံခြုံရေးတင်းကျပ်

    စစ်ကိုင်းမြို့ အနောက်ဘက် ငါးထပ်ကြီးနဲ့ ဘုရားဖြူ အနီးတဝိုက်ရှိ စစ်တပ် တပ်စွဲအထိုင်ချထားတဲ့ တပ်စခန်းအချို့ အနီးက ရပ်ကွက်တွေမှာ စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေကြား သြဂုတ် ၁၇ ရက် ညပိုင်းက တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ စစ်ကိုင်းမြို့ခံ နှစ်ဦး က ပြောပါတယ်။

    စစ်ကိုင်းမြို့ပေါ် အထိ လက်နက်ကြီး/ငယ်တွေ အပြန်အလှန်ပစ်ခတ်မှုသံတွေ ကြားရသလို တိုက်ပွဲဖြစ်ပွားချိန် မိနစ် ၃၀ ကျော်ခန့်ရှိနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။

    တိုက်ပွဲဖြစ်ပွားရာအနီးက မဟာခိုနန်း‌‌ကျောင်းတိုက်က ကိုရင်ငယ်တစ်ပါး ဗုံးစထိမှန်‌‌ပေမယ့် ဒဏ်ရာက မစိုးရိမ်ရဘူးလို့ကျောင်းတိုက်က ဘီဘီစီကိုပြောပါတယ်။

    “ မနေ့ည ၉ နာရီဝန်းကျင်လောက်မှာ ဟိုဘက် ဒီဘက်ပစ်ခတ်နေတဲ့ လက်နက်ကြီးအသံတွေနဲ့ ပစ်ခတ်နေကြတာ။ အသံတွေကြားနေရတယ်” လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

    အခုတိုက်ပွဲဖြစ်တဲ့ နေရာဟာ စစ်တပ်ထိန်းချုပ်ထားတဲ့ စစ်ကိုင်းမြို့နဲ့ တော်လှန်ရေးအင်အားစုတွေ စစ်ရေးလှုပ်ရှားတဲ့ စစ်ကိုင်းမြို့ထဲက နေရာတွေရဲ့ နယ်မြေအစပ် နေရာမှာ ဖြစ်ခဲ့တာလို့ မြို့ခံတစ်ဦးက ပြောပါတယ်။

    လက်ရှိမှာ စစ်ကိုင်းမြို့ အနောက်ဘက် တလျှောက်ဟာ စစ်တပ်က တပ်ဖြန့်ထားတဲ့ နေရာတွေ ဖြစ်တယ်လို့ စစ်ကိုင်းအခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

    “ဘယ်အဖွဲ့တွေ တိုက်လဲဆိုတာ မသိရသေးဘူး။ တိုက်ပွဲကတော့ တစ်နာရီလောက်ကြာခဲ့တယ်လို့ သတင်းရတယ်။” လို့ အဲဒီ ကာကွယ်ရေးတပ်ဖွဲ့ဝင်က ပြောပါတယ်။

    အခုလို စစ်ကိုင်းမြို့ အနောက်ခြမ်းနေရာက စစ်တပ်စခန်းကို တိုက်ခိုက်တာဟာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

    မနေ့ညက မြို့ပေါ်မှာ စစ်တပ်ယာဉ်တန်းတွေ အမြောက်အများတွေ့ရပြီး ဒီနေ့မနက်ပိုင်း စစ်ကိုင်း မြို့ပေါ်မှာ လုံခြုံရေး တင်းကျပ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

    စစ်တပ်စခန်းတွေကို ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ ဒီတိုက်ပွဲကို ဘယ်အဖွဲ့က လုပ်ဆောင်ခဲ့လဲ ဆိုတာတော့ ထုတ်ပြန်လာတာမရှိသေးသလို စစ်တပ်ဘက်ကလည်း ထုတ်ပြန်ပြောဆိုတာမရှိသေးပါဘူး။