Category: News

  • ကျောက်ဖြူရှိ ကျေးရွာ ၂ ရွာကို စစ်ကော်မရှင်တပ်များ  ဝင်ရောက် မီးရှို့၍ ဘန်ကာများဆောက်

    ကျောက်ဖြူရှိ ကျေးရွာ ၂ ရွာကို စစ်ကော်မရှင်တပ်များ ဝင်ရောက် မီးရှို့၍ ဘန်ကာများဆောက်

    AA တပ်များ ခေတ္တဆုတ်ခွာပေးခဲ့သည့် ကျောက်ဖြူရှိ ကျေးရွာ ၂ ရွာကို စစ်ကော်မရှင်တပ်များ ဝင်ရောက် မီးရှို့၍ ဘန်ကာများဆောက်

    (more…)

  • ဧရာဝတီတိုင်း ရဲတပ်ဖွဲ့မှူးအပါအဝင် ထိပ်ပိုင်းခေါင်းဆောင်များကို တပ်ပြောင်းများဖြင့် အစားထိုးခန့်အပ်

    ဧရာဝတီတိုင်း ရဲတပ်ဖွဲ့မှူးအပါအဝင် ထိပ်ပိုင်းခေါင်းဆောင်များကို တပ်ပြောင်းများဖြင့် အစားထိုးခန့်အပ်

    ဧရာဝတီတိုင်း ရဲတပ်ဖွဲ့မှူးအပါအဝင် ထိပ်ပိုင်းခေါင်းဆောင်များကို တပ်ပြောင်းများဖြင့် အစားထိုးခန့်အပ်

    ဧရာဝတီတိုင်းရဲတပ်ဖွဲ့ တိုင်းရဲတပ်ဖွဲ့မှူးနှင့် ရဲတပ်ဖွဲ့ထိပ်ပိုင်းခေါင်းဆောင်းအများစုအား တပ်ပြောင်း များဖြင့် အစားထိုးခန့်အပ်ထားကြောင်း သိရသည်။

    ဧရာဝတီတိုင်းရဲတပ်ဖွဲ့ တိုင်းရဲတပ်ဖွဲ့မှူးအဖြစ် ရဲမှူးကြီး ကျော်ထွန်းကို ဧရာဝတီတိုင်း အတွင်း တိုက်ပွဲများ ဖြစ်ပေါ်လာပြီးနောက် မတ်လပိုင်းတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ်မှ တာဝန်ပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့အသိုင်းဝိုင်းမှ သိရသည်။

    “ သူက ကချင်ပြည်နယ်ဘက်က ပြောင်းလာတာ အရမ်းဆိုးတယ်။ သင်္ကြန်ပြီးမှ သူရောက်လာတာ ထင်တယ်။ တပ်ပြောင်းတွေက ဆိုးတဲ့သူများတယ်။ခုဆို ရဲထဲ လူကြီးတော်တော်များများက တပ်ပြောင်း တွေ ဖြစ်သွားပြီ” ဟု ဧရာဝတီတိုင်းရဲတပ်ဖွဲ့မှူးရုံးနှင့် နီးစပ်သူ တစ်ဦးက ပြောသည်။

    တိုင်းရဲတပ်ဖွဲ့မှူးအား တပ်ပြောင်း ရဲအရာကြီးနှင့်အစားထိုးခဲ့သည့်အပြင် ဒုတိုင်းရဲတပ်ဖွဲ့မှူးနှင့် တိုင်းရဲတပ်ဖွဲ့မှူး၏ တတိယရာထူးအကြီးဆုံး(ဦး/ရေး/ထောက်)ကိုပါ တပ်ပြောင်းအရာရှိများနှင့် အစားထိုးခဲ့ခြင်းဖြစ်ကြောင်း ၎င်းမှဆက်လက်ပြောဆိုသည်။

    ဤအပြောင်းအလဲများသည် ဧရာဝတီတိုင်းတွင် တိုက်ပွဲများပြင်းထန်လာပြီးနောက်ပိုင်း တိုက်ပွဲ အတွေ့အ ကြုံ ဗျူဟာကြွယ်ဝသည့် စစ်တပ်ကပြောင်းလာသည့် စစ်တပ်အရာရှိများနှင့် အစားထိုး ခန့်ထားခြင်းဖြစ်နိုင်ကြောင်း ရဲတပ်ဖွဲ့တွင် သုံးသပ်ပြောဆိုမှုများရှိသည်။

    ဧရာဝတီတိုင်းရဲတပ်ဖွဲ့၏ တိုင်းရဲတပ်ဖွဲ့မှူးဟောင်း ရဲမှူးကြီး တင့်ဇော်ထွန်းကိုမူ လူမှုရေးဝန်ကြီးအဖြစ် ပြောင်းလဲခန့်ထားခဲ့ကြောင်း ရဲတပ်ဖွဲ့အသိုင်းဝိုင်းထံမှ သိရသည်။

    ပုံစာ-ဧရာ၀တီတိုင်း တပ်ဖွဲ့မှူး ရဲမှူးကြီး ကျော်ထွန်း နှင့် ရဲတပ်ဖွဲ့ထိပ်ပိုင်းခေါင်းဆောင်များ။

  • အိုးဘိုထောင်၊ အမျိုးသားဆောင်ကို ဒရုန်း ဗုံး ၃ လုံး ကျရောက်ပေါက်ကွဲ

    အိုးဘိုထောင်၊ အမျိုးသားဆောင်ကို ဒရုန်း ဗုံး ၃ လုံး ကျရောက်ပေါက်ကွဲ

    မန္တလေး အိုးဘိုထောင်၊ အမျိုးသားဆောင်ကို ဒရုန်း ဗုံး ၃ လုံး ကျရောက်ပေါက်ကွဲခဲ့သဖြင့် နိုင်ငံရေး အကျဉ်းသား ၇ ဦး ပွဲချင်းပြီး သေဆုံး

    မန္တလေးမြို့ အိုးဘိုအကျဉ်းထောင်ရှိ အမျိုးသားဆောင်ကို ဒရုန်း ဗုံး ၃ လုံး ကျရောက်ပေါက်ကွဲသဖြင့် နိုင်ငံရေး အကျဉ်း သား ၇ ဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) မှ ဗဟိုကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောဆိုသည်။

    ဩဂုတ်လ ၈ ရက်‌နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် အိုးဘိုအကျဉ်းထောင်ရှိ အမျိုးသား အဆောင် ၄ နှင့် အဆောင် ၆ အပေါ်ကို ဒရုန်းဗုံး ၃ လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး နိုင်ငံရေးအကျဉ်းသား ၇ ဦး ပွဲချင်းပြီး သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်း သိရသည်။

    အဆိုပါ ဗုံးကျဲမှုနှင့် ပတ်သက်ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ငြင်းဆိုထားသည့်အပြင် နိုင်ငံရေးအကျဉ်းသားများကိုလည်း ပါဝင် ပတ်သက်သည်ဟုဆိုကာ စွပ်စွဲ ရိုက်နှက်စစ်‌ဆေးမှုများလည်း ရှိနေကြောင်း၊ ဗုံးကျဲမှုအတွင်း ထိခိုက်ဒဏ်ရာရရှိခဲ့သည့် နိုင်ငံရေးအကျဉ်းသားများကိုလည်း စစ်တပ်က စွပ်စွဲ ရိုက်နှက်ခဲ့သည့်အပြင် နိုင်ငံရေးအကျဉ်းသားများ၏ နောက်ဆုံးအခြေအနေနှင့် ဗုံးကျဲမှုပြုလုပ်ခဲ့သည့်သူများကိုလည်း PPNM က ဆက်လက်စုံစမ်းလျက်ရှိကြောင်း သိရှိရသည်။

    ” ၈ ရက်နေ့ မနက် ၁၀ နာရီခွဲ ဝန်းကျင်မှာ အမျိုးသား အဆောင် ၄ နဲ့ အဆောင် ၆ ကို ဦးတည်ပြီးတော့မှ Drop Bomb ၃ လုံး ကျလာတဲ့ အထဲမှာ ဗုံး ၂ လုံးကွဲခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့်မို့လို့ အနည်းဆုံး နိုင်ငံရေး အကျဉ်းသား ၇ ဦးသေဆုံးခဲ့ပြီးမှ ဒီသေဆုံးမှုတွေကို ကျနော်တို့ အတည်ပြုပြီးဖြစ်ပါတယ်။ နိုင်ငံရေး အကျဉ်းသား သေဆုံးမှုက ဒီထက်ပိုမိုများပြားပြီးတော့မှ သေဆုံးမှု အခြေအနေ အသေးစိတ်ကို မကြာခင်မှာ ဆက်ပြီးတော့ ထုတ်ပြန်သွားဖို့ရှိပါတယ်။ စစ်ကောင်စီက သော် လည်းကောင်း၊ တော်လှန်ရေး အင်အားစုကသော်လည်း အကျဉ်းသားတွေကို ဦးတည်တိုက်ခိုက်တဲ့လုပ်ရပ်ကိုတော့ ပြင်းပြင်းထန်ထန် ရှုတ်ချပါတယ်။ ဒါ့အပြင် စစ်ကောင်စီက နိုင်ငံရေး အကျဉ်းသားတွေကို ဒီကိစ္စတွေဟာ နိုင်ငံရေး အကျဉ်း သားတွေကြောင့် ဖြစ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ နိုင်ငံရေး အကျဉ်းသားတွေကိုဖိနှိပ်ပြီးတော့ ညှင်းပန်းနှိပ်စက်တာတွေလည်းရှိနေပါတယ်။ ဒါကို ကျနော်တို့ အနေနဲ့ လုံးဝ လက်မခံဘူး။ နိုင်ငံရေး အကျဉ်းသားတွေဟာ စစ်ရေး ပစ်မှတ်မဟုတ်ဘူး။ နိုင်ငံရေး အကျဉ်းသားတွေ အသက်ရှင်သန်ပိုင်ခွင့်နဲ့ အကျဉ်သားအားလုံးနဲ့ လူသားအားလုံးရဲ့ အသက်ရှင်သန်ပိုင်ခွင့်ဟာ အား လုံးက တာဝန်ယူကျရမယ်ဆိုတာ ပြောချင်ပါတယ်” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) မှ ဗဟိုကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောဆိုသည်။

    အကျဉ်းထောင်များအတွင်း မတရားဖမ်းဆီးခံထားရသည့် နိုင်ငံရေးအကျဉ်းသားများသည် အသက်ရှင်သန်ပိုင်ခွင့် အပြည့်အဝရရှိရမည့်သူများဖြစ်ပြီး နိုင်ငံရေးအကျဉ်းသားများ၏ အသက်အန္တရာယ်ကို ထိပါးလာနေသော ပစ်မှတ်ထားတိုက်ခိုက်ခြင်းများကိုလည်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်က အပြင်းအထန် ကန့်ကွက်ထားသည်။

    လူသားတစ်ဦးအနေဖြင့် ရရှိရမည့် အသက်ရှင်သန်ပိုင်ခွင့်အပါအဝင် နိုင်ငံရေးအကျဉ်းသားများ၏ အခွင့်အရေးကို ကာကွယ်နိုင်ရန်အတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်အနေဖြင့် ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း PPNM က ထုတ်ပြန်ထားသည်။

  • စစ်ကြောင်းထိုးလာသည့် စစ်တပ်ကို ၁ လနီးပါးကြာ ပြန်လည်တိုက်ခိုက်g

    စစ်ကြောင်းထိုးလာသည့် စစ်တပ်ကို ၁ လနီးပါးကြာ ပြန်လည်တိုက်ခိုက်g

    ပလမြို့သို့ စစ်ကြောင်းထိုးလာသည့် စစ်တပ်ကို ၁ လနီးပါးကြာ ပြန်လည်တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၅၃ ဦးသေဆုံး၊ စစ်တပ် ၏ ပစ်ခတ်မှုကြောင့် သံဃာတော်များ အပါအဝင် ပြည်သူ ၂၀ ဦးသေဆုံး

    တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ပလမြို့ကို စစ်ကြောင်းထိုးလာသည့် စစ်တပ်ကို ၁ လနီးပါးကြာ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ၅၃ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ နှင့် ဒရုန်း ၁ စီး သိမ်းဆည်းရရှိခဲ့ကြောင်း မြိတ်ခရိုင်အမှတ် ၁ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

    ဇူလိုင်လ ၂၄ ရက်နေ့မှစတင်၍ ပုလောမြို့နယ်၊ ပလမြို့သို့ စစ်ကြောင်းထိုးဝင်ရောက်ရန် ကြိုးပမ်းလာသည့် အကြမ်းဖက် စစ် တပ်ကို ပြည်သူ့ကာကွယ်ရေးတပ်မတော်နှင့် မဟာမိတ်တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက တန်ပြန်ထိုးစစ် တိုက်ခိုက်ခဲ့ပြီး ထိတွေ့တိုက်ပွဲကြီး ၉ ကြိမ်နှင့် ထိတွေ့တိုက်ပွဲငယ်များစွာ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

    ထိုထိတွေ့ တိုက်ပွဲများအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၅၃ ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူ ၄၈ ဦးရှိကြောင်း၊ တိုက် ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ လေကြောင်း တိုက်ခိုက်မှု ၁၁ ကြိမ်၊ ရေတပ်စစ်သင်္ဘောက ၂၆ ကြိမ် ပစ်ကူပေး တိုက် ခိုက်ခဲ့ကြောင်း သိရှိရသည်။

    “စခတွေက စက်တော်ရာနဲ့ အနီးတဝိုက်ကရွာတွေမှာ အင်အားစုဖွဲ့နေတာကြာပြီ။ မြိတ်မြို့ကနေ လာတာလည်းရှိတယ်။ အင် အားက ၃၀၀ ကနေ ၄၀၀ ကြားရှိနိုင်တယ်။ ပထမဆုံးထိတွေ့မှုဖြစ်တာ က ပလမြို့မှာရှိတဲ့ ဇာဒီရေနက် ဆိပ်ကမ်းကနေ ကမ်းတက်လာချိန်မှာ စတင်ထိတွေ့တိုက်ပွဲဖြစ်တာ ပါ။” ဟု မြိတ်ခရိုင်အမှတ် ၁ တပ်ရင်းမှ တာဝန်ရှိသူက ပြောကြားသည်။

    တိုက်ပွဲများ အတွင်း အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုနှင့် လက်နက်ကြီး ပစ်ခတ်မှုများကြောင့် အရပ်သား ပြည်သူ ၁၈ ဦးသေဆုံးခဲ့ပြီး သံဃာတော် ၂ ပါးလည်း ပျံလွန်တော်မူခဲ့ကြောင်း၊ ထို ထိတိုက်ပွဲများအတွင်း ပလမြို့တွင်း၌ ပိတ်မိနေသည့် အရပ်သား ပြည်သူ ၃၂၉ ဦးကိုလည်း တော်လှန်ရေး တပ်ဖွဲ့များက ကယ်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။

    “ဖမ်းဆီးခံရမှုအခြေအနေကတော့ မသိရဘူး။ စခတပ်တွေက တည့်တည့်တိုးတဲ့ အရပ်သားပြည်သူ တွေကိုတော့ ပစ်သတ်ခဲ့တာများတယ်။ ကျနော်တို့ သိရသလောက်တော့ ၂ ဦးပါ။ အခုထုတ်ပြန်ထား တဲ့ အရပ်သားပြည်သူသေဆုံးသူ ၁၈ ဦးထဲမှာ ပစ်သတ်ခဲ့တဲ့ ပြည်သူ ၂ ဦးရောပါပါတယ်။ လက်ရှိ အချိန်အထိလည်း ပလမြို့ထဲကအိမ်တွေမှာ ခိုးအောင်နေတာတွေရှိသေးတယ်။ ကျနော်တို့ ရှင်းလင်း ဖို့ကြိုးစားနေတုန်း” ဟု မြိတ်ခရိုင်အမှတ် ၁ တပ်ရင်းမှ တာဝန်ရှိသူက ဆက်လက်ရှင်းပြသည်။

    ထို့ပြင် တိုက်ပွဲများအတွင်း မဟာမိတ်တပ်ဖွဲ့ဘက်မှ ပြည်သူ့ ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် ၃ ဦးနှင့် ကရင်အမျိုး သား ကာကွယ်ရေးတပ်(KNDO) ရဲဘော် ၁ ဦး အသက်စွန့်လွှတ်ခဲ့ရကာ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ အကြမ်းဖက် စစ်သားများထံမှ ပစ္စတို သေနတ် ၁ လက်၊ MA-1 ရိုင်ဖယ် ၂ လက်၊ RPG-7 ၁ လက်နှင့် ဗုံးသီးများ၊ ဒရုန်း ၁ စီးတို့ကို သိမ်းဆည်း ရမိခဲ့ကြောင်း သိရှိရသည်။

    “ပလမြို့ကို စစ်ကြောင်းထိုးလာတဲ့ စစ်ခွေးတွေကို ဇူလိုင်လ ၂၄ ရက်နေ့တည်းက စတင်ပြီး ကျနော်တို့ ထိုးစစ်ဆင်ပြီး ပိတ်ဆို့ တိုက်ခိုက်ခဲ့တာပါ။ တိုက်ပွဲအတွင်းမှာ စစ်ခွေး ၅၀ ကျော်သေပြီး ဒဏ်ရာရတာလည်း အတော်များတယ်။ တိုက်ပွဲတွေကတော့ မရှိတော့ဘူး။ ကျနော်တို့ အမှတ် ၈ ပြည်ထောင်စုလမ်းမကြီး မြိတ် – ပုလော လမ်းပိုင်းကို ပြန်ဖွင့်ပေးလိုက်ပါပြီ” ဟု မြိတ်ခရိုင်အမှတ် ၁ တပ်ရင်းမှ တာဝန်ရှိသူ က ဆိုသည်။

    အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ ကာကွယ်ရေးတပ်မတော် အမှတ် ၃၄ ၊ ၃၅ နည်းဗျူဟာ လက်အောက်ခံတပ်ရင်းများနှင့် တနင်္သာရီတိုင်းစစ်ဌာန ဒရုန်းတပ်ရင်း၊ တနင်္သာရီတိုင်းပကဖ၊ ပုလောမြို့နယ်ပကဖ၊ ပလဖ၊ ကရင်အမျိုးသားကာကွယ်ရေးတပ် (KNDO) တပ်ရင်း ၇ ၊ KNLA တပ်မဟာ ၄ အထူးတပ်ဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

    “ကျနော်တို့ ၁၁ ရက်နေ့ကလည်းထုတ်ပြန်ချက် ထုတ်ထားခဲ့တာရှိပါတယ်။ ပြည်ထောင်စုလမ်းပိုင်း ကိုတော့ ပြန်သုံးလို့ရပါပြီ။ ပလမြို့ထဲတော့ ပြန်ဝင်လို့မရသေးဘူး။ တိုက်ပွဲကလည်း အချိန်မရွေးဖြစ် နိုင်တဲ့အနေအထားရှိသေးလို့ ခရီးသွားပြည်သူတွေအနေနဲ့ ဂရုစိုက်သွားလာဖို့ရယ်။ စစ်ရေးသတင်းကို သေချာနားစွင့်ဖို့ တိုက်တွန်းချင်ပါတယ်” ဟု ၎င်းက သတိပေးသည်။

  • ပိပိ (PP) ပါတီ ဥက္ကဋ္ဌ ဦးကိုကိုကြီး နှင့် ဘလောဂါမလေး ပူစီချန်း ပေါင်းလုပ်တော့မည်

    ပိပိ (PP) ပါတီ ဥက္ကဋ္ဌ ဦးကိုကိုကြီး နှင့် ဘလောဂါမလေး ပူစီချန်း ပေါင်းလုပ်တော့မည်

    ပိပိ (PP) ပါတီ ဥက္ကဋ္ဌ ဦးကိုကိုကြီး နှင့် ဘလောဂါမလေး ပူစီချန်း ပေါင်းလုပ်တော့မည်

    လွန်ခဲ့သောသတင်းပတ်အတွင်းက ပိပိ ပါတီ၏ ဥက္ကဌ ဦးကိုကိုကြီးနှင့်အဖွဲ့သည် ပဲခူးမြို့ရှိ ရွှေမောဓောဘုရားတွင် တပင်ရွှေထီး ထုံး နှစ်လုံးငုံ သည့်
    အနေဖြင့် အောင်မြေနင်းပွဲတရပ်ပြုလုပ်ခဲ့သည်။

    အခမ်းအနားကို “ပိပိပါတီ လော်ပါတီဟေ့” ဟု သုံးကြိမ်ကြွေးကြော်ကာ စတင်ခဲ့သည်။

    ရွှေမောဓောမှာ နားထွင်းသည့် တပင်ရွှေထီး၏ ကပ်ကင်းဓာတ်ကိုယူကာ ပါတီဥက္ကဌကြီးက ရွှေမောဓောရင်ပြင်တွင် လားနင်းမည်ဆိုသဖြင့် ဂေါပကအဖွဲ့လူကြီးများပင် ထိတ်လန့်တကြား ခါးတောင်းကျိုက်ထားခဲ့ရသည်ဟု ကြားသိရသည်။

    အဆိုပါ လားနင်းပွဲတွင် ဦးကိုကိုကြီး နဘေးတွင် လိင်မှုရေးရာဘလောဂါမလေး ပူစီချန်း ကိုလည်း ထူးထူးခြားခြားတွေ့မြင်ခဲ့ရသည်။

    “ကျွန်တော်တို့ လိုချင်သလောက် ပြည်သူလူထုရဲ့ ထောက်ခံအားပေးမှု မရတော့ ကြောင်ပျောက်နေသလိုခံစားရပါတယ်။

    ဒါကြောင့် ဘလော်ဂါညီမလေး ပူစီချန်းကို လော်ဘီအဖြစ် တွဲလုပ်ဖို့ တကူးတကခေါ်လာခဲ့ရတာပါ။

    ပူစီဆိုတာက ကြောင်ပဲဆိုတော့ ပျောက်နေတဲ့ကြောင် ပြန်တွေ့လိုတွေ့ငြားပေါ့ဗျာ..

    နောက်ဆို ပါတီရဲ့ သီချင်းကိုတောင် မင်းလည်း ပူစီ၊ ငါလည်း ပူစီ..ဆိုပြီး ရေးသားသီဆိုဖို့ရှိပါတယ်။” ဟု ကိုကိုကြီးက မှတ်ချက်ပြုသည်။

    ပိပိပါတီ ၏ ခေါင်းဆောင်တဦးဖြစ်လာသူ ပိပိချန်းကလည်း

    “ဂေါင်းဆိုတာ ကိုယ်ကရွေးရတာမဟုတ်ဘူး။ ဂေါင်းက ကိုယ့်ကိုရွေးရတာပါ။ ကျွန်မတို့ ပိပိ က ဘယ်ဘက်ကမှ မဟုတ်ပေမယ့် ဘက်မရှိတာ မဟုတ်ပါဘူး။ တောင်ဘက်မှာ ရှိနေပါတယ်။ ပါတီရုံးတွေပြောပါတယ်။ တောင် ဘက်မှာအမြဲရှိလို့လည်း ပါတီဥက္ကဌကြီးရဲ့ လုပ်အားနဲ့ ဟိုတုန်းက တနှစ်တသားကျခဲ့တာ သက်သေပါပဲ။ အခုတော့ ထပ်မကျနိုင်တော့တာလည်း တွေ့ရပါတယ်။ ညီမကတော့ အဲ့ဒီ တောင်ဘက်အပိုင်း အားနည်းတဲ့နေရာ ထူထူထောင်ထောင်ဖြစ်စေချင်လို့ ဝင်ကူတာပါ။ နောက်ပြီး ပဲခူးကလည်း တည်းခိုခန်းခတွေ စျေးသက်သာတယ်ဆိုပြီး ပါတီဥက္ကဋ္ဌကိုယ်တိုင်က အဆိုပြုလို့ ကျွန်မတို့ ပေါင်းလုပ်ဖို့ လိုက်ခဲ့တာပါ”

    ပြိုင်ဘက်ပါတီတခုဖြစ်သော ကြံ့ဖွတ်ပါတီဥက္ကဌခင်ရီကတော့ “သူတို့ကိုလွှတ်ထားပေးတာ တပ်ချုပ်ကြီး အမိန့်ကြောင့်ပါ။ ရွေးကောက်ပွဲက ချည်ပြီးတုပ်ပြီး အနိုင်ရမှာကို ရုပ်မပေါက်စေချင်လို့ သူတို့ကို စပွန်ဆာပေးပြီး ဖုန်ထခိုင်းထားတဲ့သဘောပါပဲ။ ပုဂ္ဂိုလ်ရေးအမြင်အရဆိုရင်တော့ တပင်ရွှေထီးက နားထွင်းသလို၊ ကလေးသုံးယောက်အဖေ သုံးပင်ရွှေယီးက လားနင်းတယ်ပေါ့ဗျာ…လားနင်းချင်ရင်တော့ အရင် လာစီးမှရမှာမို့ ဒီပါတီဟာ လားအခွင့်အရေးကို ချိုးဖောက်တာပဲလို့ ပြောချင်ပါတယ်” ဟု အာရှနွားက ဖုန်းဆက်မေးမြန်းသည်ကို ရုံးရှေ့အထိ လာအော်ဖြေကြားသွားခဲ့သည်။

    ပေးပို့သူ

    ဝါရင့်အတင်းစာဆရာဂျီး မြက်ခိုင် (သုံးဘက်ချွန်)