Category: News

  • နေပြည်တော်က ပုဂ္ဂလိကပိုင် ကြေးမုံဆေးရုံကို စစ်ကောင်စီ ချိပ်ပိတ်

    နေပြည်တော်က ပုဂ္ဂလိကပိုင် ကြေးမုံဆေးရုံကို စစ်ကောင်စီ ချိပ်ပိတ်

    နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏသီရိမြို့နယ် ဒက္ခိဏသီရိရပ်ကွက် ဝေဒလမ်းမှာ ဖွင့်လှစ်ထားတဲ့ ပုဂ္ဂလိကပိုင် ကြေးမုံဆေးရုံကို စစ်ကောင်စီတပ်က နိုဝင်ဘာ ၂၅ ရက်မှာ ချိပ်ပိတ်လိုက်တယ်လို့ မြိုခံတွေဆီက သိရပါတယ်။

    ကြေးမုံအထွေထွေရောဂါကုဆေးရုံကို စစ်ကောင်စီ တပ်၊ ရဲ၊ ထွေအုပ်နဲ့ကျန်းမာရေးဌာနက နိုဝင်ဘာ ၂၅ ရက်က ဝင်စစ်ဆေးခဲ့ပြီးနောက် ချိပ်ပိတ်ခဲ့တာလို့ မြို့ခံတယောက်က ပြောပါတယ်။

    “ရှောင်တခင်စစ်ဆေးတာမဟုတ်ဘူး၊ သတင်းအတိအကျရလို့ လာစစ်တဲ့ပုံစံ။ ဒက္ခိဏသီရိမှာ လူတွေ တခုခုဖြစ်ရင် ကြေးမုံဆေးရုံကိုပဲသွားကြတယ်။ ဝန်ဆောင်မှုလည်းကောင်းတယ်၊ ဂရုစိုက်မှုလည်းရှိတယ်။ သတင်းကြားတာတော့ စစ်ဆေးရုံက ပါရဂူဗိုလ်မှူးတယောက်က အဲဆေးရုံမှာ CDM ဝန်ထမ်းတွေ ခန့်ထားတယ်ဆိုပြီးတိုင်လို့ လာပြီးချိပ်ပိတ်သွားတယ်လို့ ပြောနေကြတယ်။”

    လိုင်စင်သက်တမ်းကုန်တာကြောင့် ဆေးရုံပိတ်ထားရတာဖြစ်ပြီး လိုင်စင်အတွက် ဆေးရုံက တာဝန်ရှိသူတွေ လုပ်ဆောင်နေပြီး ဘယ်အချိန်မှာ ပြန်ဖွင့်မယ်ဆိုတာ မသိကြောင်း ဆေးရုံနဲ့နီးစပ်တဲ့ သတင်းအရင်းအမြစ်က ပြောပါတယ်။

    “ဆေးရုံပိတ်ထားရတယ်ဆိုတာ မှန်ပါတယ်။ လိုင်စင်သက်တမ်းကုန်လို့ ပိတ်တာလို့ ဆေးရုံကပြောတယ်။ အဲ့ဒီအတွက်လည်း ဆေးရုံဘက်က တာဝန်ရှိသူတွေ လိုက်လုပ်နေတယ်၊ ဘယ်နေ့ပြန်ဖွင့်မလဲဆိုတာတော့ မသိသေးဘူး။”

    ကျန်းမာရေးဝန်ကြီးဌာနဘက်ကတော့ “ကြေးမှုံဆေးရုံဟာ လိုင်စင်သက်တမ်းကုန်နေတဲ့အပြင် တရားဝင်ဆေးကုသခွင့်မရှိတဲ့ ဆရာဝန်၊ အထူးကုတွေ ခန့်ထားတဲ့အတွက် လူနာတွေအကျိုးအတွက် လုပ်ငန်းရပ်ဆိုင်းရတာ” လို့ နိုဝင်ဘာ ၂၇ ရ က်မှာ စစ်အုပ်စုနဲ့ ပြည်တွင်းသတင်းသမားတွေ စုဖွဲ့ထားတဲ့ Viber Group မှာ မေးမြန်းထားတာကို ပြန်လည်ဖြေကြားထားပါတယ်။

    စစ်တပ် အာဏာသိမ်းပြီး ၅ နှစ်အတွင်း ရန်ကုန်နဲ့မန္တလေး၊ ဧရာဝတီနဲ့စစ်ကိုင်းမှာ CDM ဝန်ထမ်းတွေ ခန့်ထားတယ်ဆိုတဲ့ အကြောင်းပြချက် နဲ့ ပိတ်သိမ်းခံရတဲ့ ပုဂ္ဂလိကဆေးရုံပေါင်း ၅၀ နီးပါးရှိသလို ဖမ်းဆီးခံရတဲ့ ကျန်းမာရေးဝန်ထမ်းတွေလည်း ရှိပါတယ်။

  • ရှမ်းတောင်တိုက်ပွဲ ခြေမြန်တပ်ရင်း(၄၂၇)တပ်ရင်းမှူး သေဆုံးဟုဆို

    ရှမ်းပြည်နယ်တောင်ပိုင်းက တိုက်ပွဲအတွင်းမှာ အမှတ်(၄၂၇)ခြေမြန်တပ်ရင်း (ခမရ-၄၂၇) တပ်ရင်းမှူး အပါအဝင် စစ်ကောင်စီတပ်က သေဆုံးမှုများတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်နဲ့ မြေပြင်ရဲဘော်အချို့က ပြောပါတယ်။

    ခမရ(၄၂၇)တပ်ရင်းဟာ ဒီးမော့ဆိုမြို့နယ်အခြေစိုက်တပ်ဖြစ်ပေမယ့် ရှမ်းပြည်တောင်ပိုင်းကို စစ်ဆင် ရေးဝင်နေရတယ်လို့ အခုလဆန်းပိုင်းက အဲဒီတပ်ရင်းကနေ အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားတစ်ဦးက ဆိုပါတယ်။

    “ရင်းမှူး အသေရတယ်။ကျန်တဲ့ အသေးစိတ်ကို ကျနော့်တို့ အခြေနေအရတော့ပြောပြလို့မရသေးဘူး”လို့ ရှမ်းတောင်တိုက်ပွဲအတွင်းမှာရှိနေတဲ့ ရဲဘော်တစ်ဦးက ပြောပါတယ်။

    စစ်ကောင်စီရဲ့ တပ်ရင်းမှူးသေဆုံးတယ်ဆိုတဲ့ အချက်နဲ့ပတ်သက်ပြီး သီးခြားအတည်မပြုနိုင်သေးပါ။

    စစ်ကောင်စီတပ်ဟာ ပအိုဝ်းပြည်သူ့စစ် PNO တပ်သားအင်အားကိုအသုံးချပြီး ပင်လောင်းနဲ့ ဖယ်ခုံမြို့နယ်တွေမှာ ရွေးကောက်ပွဲကျင်းပဖို့ စစ်ကြောင်းထိုးရင်း ကြားဖြတ်တိုက်ခံနေရတာလို့ ရှမ်းတောင်စစ်ရေးသတင်းရင်းမြစ်က အသိပေးပါတယ်။

    “မြို့နယ်လုံးကျွတ် ရွေးကောက်ပွဲတွေလုပ်နိုင်ဖို့ ရွာတွေကို ထိုးစစ်ဆင်နေတာ။တိုက်ပွဲကတော့ ပြင်းထန်နေဆဲပဲ”လို့ သူက ပြောပါတယ်။

    တိုက်ပွဲနေရာတွေကို လုံခြုံရေးအခြေအနေ အတိအကျဖော်ပြလို့ မရသေးပေမယ့် ပင်လောင်းမြို့နယ် တောင်ဘက်ခြမ်းနဲ့ ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်းမှာ တိုက်ပွဲတွေ ဖြစ်နေတာလို့ သိရပါတယ်။

    အခုလပိုင်း ဖယ်ခုံအနောက်ခြမ်းတိုက်ပွဲတွေမှာ ပအိုဝ်းပြည်သူ့စစ် PNOက ဗိုလ်မှူးသုံးဦးအပါအဝင် တပ်သားအဆင့်တွေလည်း သေဆုံးသူတွေအများအပြားရှိတယ်လို့ ရှမ်းတောင် စစ်ရေးသတင်းရင်းမြစ်တွေက ပြောထားပါတယ်။

    ရှမ်းတောင်နဲ့ ထိစပ်နေတဲ့ ကရင်နီပြည်နယ်ရဲ့ ဒီးမော့ဆိုမြို့နယ်မှာလည်း စစ်ကောင်စီတပ်စစ်ကြောင်း ထိုးလာတာကြောင့် တိုက်ပွဲတွေ ဖြစ်နေပါတယ်။

    စစ်ကောင်စီတပ်က ကရင်နီပြည်နယ် မယ်စဲ့၊ဖားဆောင်း နဲ့ ရှားတောမြို့နယ်ကလွဲလို့ ကျန်တဲ့မြို့နယ်တွေမှာ ရွေးကောက်ပွဲလုပ်ဖို့ စီစဥ်ထားပြီး ပြည်နယ်အတွင်းက လွိုင်ကော်၊ဒီးမော့ဆို၊ဖရူဆို၊ဘောလခဲ နဲ့ ရှမ်း -ကရင်နီနယ်စပ် ဖယ်ခုံမြို့နယ်တွေမှာ စစ်မျက်နှာငါးခု ဖွင့်ပြီးထိုးစစ်ဆင်နေတာဖြစ်ပါတယ်။

    (ရှမ်းတောင်တိုက်ပွဲတစ်ခုအတွင်းသေဆုံးတဲ့ ခမရ(၄၂၇)တပ်ရင်းမှူးရဲ့ ဦးထုပ်ကို တွေ့ရစဥ်။ဓာတ်ပုံ – Ko Ko Peter)

  • ယုန်လေးရုပ်ရှင်ကြည့်သူမရှိလို့ ရုံပိတ်လိုက်ရ

    ယုန်လေးရုပ်ရှင်ကြည့်သူမရှိလို့ ရုံပိတ်လိုက်ရ

    ယုန်လေးရုပ်ရှင်ကြည့်သူမရှိလို့ ရုံပိတ်လိုက်ရ

    စစ်တပ်ထောက်ခံသူဖြစ်တာကြောင့် ပြည်သူတွေရဲ့ Boycott ပြစ်ဒဏ်ခံနေရတဲ့ ယုန်လေးရဲ့ ရုပ်ရှင် ပထမဆုံးရုံတင်တဲ့နေ့မှာကြည့်ရှူသူမရှိတာကြောင့် ပိတ်လိုက်ရတယ်လို့ ယုန်လေးကသူ့ရဲ့​ဖေစ်ဘွခ်မှာယ​နေ့ည​ရေးသားပါတယ်။

    “မုန်းတဲ့ သူတွေ တိုက်ခိုက်တဲ့ သူတွေ နိုင်ပါတယ်။အနုပညာလောက က အနားယူဖို့များသွားပါပြီ။အခုတင်တဲ့ မြို့ပြထဲကလမ်းမ ဆိုတဲ့ဇာတ်ကား အများကြီး ကြိုးစားထားပါတယ် ။ သိန်း 6000 ကျော်ကုန်ပါတယ် ။ ပြင်ဆင်လိုက်ရိုက်ကူးအချိန်1နှစ်ခွဲကြာပါတယ်။ဒီနေ့ စတင်တယ် ။ ကြည့်ပြီးတဲ့ သူတွေတော့Quality သိပါတယ် ။ ဒီနှစ်တစ်နှစ်လုံး မှာ ဝင်ငွေ အနည်းဆုံးဇာတ်ကား အဖြစ်စံချိန်ဝင်သွားပါပြီ။ ရုံမှာ လူတစ်ယောက်မှ မရှိလို့ ပိတ်ရပါတယ် ။”လို့ ယုန်လေးက လူမှုကွန်ရက်မှာရေးသားထားပါတယ်။

    ယုန်လေးက အဲဒီ့ပို့စ်မှာ သူနဲ့ပတ်သက်ရင် အ‌‌ဆဲခံရမှာစိုးတာကြောင့် မဝန်းရံပေးတဲ့ အနုပညာလော
    ကသားတွေကိုလည်း အပြစ်တင်ထားပါတယ်။

    ဒါ့အပြင်ပို့စ်ကိုလည်း တစ်နာရီကျော်အကြာမှာ ပြန်ဖျက်သွားပါတယ်။

    ယုန်လေးက အာဏာမသိမ်းခင်အချိန် ၂၀၂၀ ရွေး‌ကောက်ပွဲကာလ ကတည်းက ​လူထု​ခေါင်း​ဆောင်​​ဒေါ်​အောင်ဆန်းစုကြည်ကို ပုတ်ခက်ပြီး စစ်တပ်ကအာဏာသိမ်းတဲ့ ပုံစံ Music Video ရိုက်ကူးခဲ့တာကြောင့် ဝေဖန်မှူတွေခံခဲ့ရတာပါ။

    အာဏာသိမ်းကာလမှာလည်း စစ်တပ်ဘက်က ရပ်တည်ခဲ့တာကြောင့် ‌ပြည်သူတွေအားလုံးက Boycott ပြုလုပ်ဖို့ ပြင်းပြင်းထန်ထန်တောင်းဆိုခဲ့တာပါ။

    ဒါ့အပြင် တော်လှန်ရေးအင်အားစုတွေရဲ့ တိုက်ခိုက်မှုတွေလည်းခံခဲ့ရပြီး ပြည်သူတွေရဲ့ မြင်ကွင်းကနေ နှစ်နဲ့ချီပျောက်ကွယ်ခဲ့ပါတယ်။

    ပြီးခဲ့တဲ့နှစ်ကလည်း သူရိုက်ကူးထားတဲ့ အော်ရယ်ဂျင်နယ်ဂန်းစတား ၃ ရုပ်ရှင်ရုံတင်ခဲ့ပြီး အဲဒီ့ဇာတ်
    ကားရုံတင်ချိန်မှာလည်း ပရိသတ် အားပေးမှုမရခဲ့ပါဘူး။

    အခုလိုအဖြစ်ကြုံတာ​ကြောင့် ရုပ်ရှင်ရိုက်ကူးတာက​နေအနားယူ​တော့မယ့်သ​ဘောလည်းသူက​ရေးသားထားပါတယ် ။

    ယုန်​လေးကအခုဇာတ်ကားကိုသူ​ငွေကုန်ခံရိုက်ကူးသလို​​ပြော​နေ​ပေမယ့် တကယ်က အခုရုပ်ရှင်အတွက် စစ်တပ်နဲ့ နီးစပ်တဲ့ လုပ်ငန်းရှင်​တွေကသာအကုန်အကျခံတာဖြစ်တယ်လို့ ရုပ်ရှင်​လောက
    သားအချို့က​ပြောပါတယ်။ ဒီရုပ်ရှင်ကို Hunk Film Production ကထုတ်လုပ်​ပေးတယ်လို့ဆိုပါတယ် ဒီထုတ်လုပ်​ရေးကရုပ်ရှင် ၂ ကားပဲရိုက်ရ​သေးပါတယ်။ ဒီထုတ်လုပ်​ရေးကို ဘယ်သူ​တွေလုပ်​နေတယ်ဆိုတာအ​သေးစိပ်မသိ​ရ​သေးပေမယ့် ပြည်သူ​တွေက လူမှု​ရေးပြစ်ဒဏ်ခတ်ထားသူ ၊သပိတ်​မှောက်ထားသူ​တွေကို သာမာန်ရုပ်ရှင်ထုတ်လုပ်​ရေး​တွေက အရှုံး​ပေါ်မှာ​ကြောက်လို့ မရိုက်ကူး​ပေးရဲတာမို့ စစ်တပ်နဲ့ နီးစပ်သူ​တွေကပဲ ယုန်​လေးအတွက် ​ငွေထုတ်​ပေးရိုက်ခိုင်းတာဖြစ်တယ်လို့ရုပ်ရှင်​လောကသားတဦးက​ပြောပါတယ်။

    ယုန်​လေး​ရေးသလို အခြားအနုပညာရှင်​တွေအား​ပေးဝန်းရံတာရှိ ၊မရှိဆိုတာနဲ့မဆိုင်ပဲအာဏာသိမ်းပြီး ပြည်သူကို​နေစဥ်သတ်ဖြတ်​နေတဲ့စစ်တပ်ကို​ထောက်ခံတဲ့သူမို့ ပြည်သူ​တွေက သပိတ်​မှောက်တာ​ကြောင့် ကြည့်သူမရှိတာလို့ ပြည်သူအချို့က သုံးသပ်ပါတယ် ။

    စစ်တပ်က နာမည်ကြီးသရုပ်​ဆောင်​တွေဖြစ်တဲ့ ​နေတိုး ၊မြင့်မြတ် စတဲ့သရုပ်​​ဆောင်​တွေကိုသုံးပြီး ​ရွေး​ကောက်ပွဲဝါဒဖြန့် ဇာတ်လမ်းတို ကို ပြီးခဲ့တဲ့​အောက်တိုဘာမှ ထုတ်လွှင့်ပြီး​နောက်ပိုင်း ပြည်သူ​တွေက စစ်တပ်​​ထောက်ခံတဲ့ အနုပညာရှင်​တွေအ​ပေါ် သပိတ်​မှောက်တာနဲ့ လူမှု​ရေးပြစ်ဒဏ်ခတ်တာအရှိန်ပြန်​ကောင်းလာတာဖြစ်ပါတယ်။

    မြန်မာ့ရုပ်ရှင်လောက၌ ပထမဆုံး လူတစ်ယောက်မှ မကြည့်သည့် ရုပ်ရှင်အဖြစ် ယုန်လေး ရိုက်သည့် မြို့ပြထဲကလမ်းမ ရုပ်ရှင် စံချိန်တင်သွား

    မြန်မာ့ ရုပ်ရှင်လောက၌ ပထမဆုံး အကြိမ်အဖြစ် ကြည့်ရှုသူ တစ်ယောက်မှ မရှိသည့် ရုပ်ရှင်အဖြစ် စစ်တပ်ထောက်ခံသူ ယုန်လေး ရိုက်သည့် မြို့ပြထဲက လမ်းမ ရုပ်ရှင် စံချိန်တင်သွားကြောင်း အနုပညာအသိုင်းအဝိုင်းထံမှ စုံစမ်းသိရသည်။

    အဆိုပါ ရုပ်ရှင်သည် ယုန်လေးက ငွေကျပ် သိန်း ၆၀၀၀ အကုန်အကျ ခံကာ ရိုက်ကူးထားခြင်း ဖြစ်ပြီး နိုဝင်ဘာ ၂၈ ရက်တွင် ရုံတင်ပြသရာ ကြည့်ရှုသူတစ်ယောက်မှ ရောက်မလာခြင်း ဖြစ်သည်။

    ” သိန်း ၆၀၀၀ ကျော်ကုန်ပါတယ် ။ ပြင်ဆင်လိုက်ရိုက်ကူးအချိန် တစ်နှစ်ခွဲကြာပါတယ်။ ဒီနေ့ စတင်တယ် ။ ကြည့်ပြီးတဲ့ သူတွေတော့ Quality သိပါတယ် ။ ဒီနှစ်တစ်နှစ်လုံး မှာ ဝင်ငွေ အနည်းဆုံးဇာတ်ကား အဖြစ်စံချိန်ဝင်သွားပါပြီ၊ ရုံမှာ လူတစ်ယောက်မှ မရှိလို့ ပိတ်ရပါတယ် ” ဟု ယုန်လေးက ၄င်း၏ လူမှုကွန်ယက်စာမျက်နှာ၌ ရေးသားထားသည်။

    ယင်း မြို့ပြထဲက လမ်းမ ရုပ်ရှင်၏ ရုပ်ရှင်အထူးပြပွဲအား ယမန်နေ့(နိုဝင်ဘာ ၂၇ ) ရက်က ပြုလုပ်ရာတွင် တိုင်ရွန်၊ ထက်ထက်ထွန်းကဲ့သို့ ယင်းရုပ်ရှင်၌ပါ ဝင်သည့် အဓိကသရုပ်ဆောင်များ လာရောက်ခြင်း မရှိဟု သိရသည်။

    ” တိုင်ရွန်တို့ တစ်ယောက်မှ မလာဘူး”ဟု အဆိုပါ ရုပ်ရှင် အထူးပွဲသို့ သွားရောက်ခဲ့သည့် အနုပညာသတင်းထောက်တစ်ဦးက ပြောသည်။

    ယုန်လေးက ၄င်း၏ ရုပ်ရှင်အတွက် ကူညီသူ မရှိသည့်အတွက်လည်း အပြစ်တင်ထားပြီး ရုပ်ရှင်လောကမှ အနားယူမည်ဟုလည်း အသိပေးလာသည်ကိုတွေ့ရသည်။

    ” တစ်ယောက်ထဲ မဟုတ်ဘူး လူပေါင်းရာကျော်တယ်။ Acc အတုက ကောမန့် တစ်ခု အဆဲခံရဖို့တောင်သူတို့အဆဲမခံချင်ကျဘူး ယုန်လေးနဲ့ မပတ်သက်ပါဘူး။ ကင်းပါတယ်ပေါ့။ ထားပါတော့ ဝန်းရံပေးခဲတဲ့ သူတစ်ယောက်ချင်းစီတိုင်းကို အမြဲ အမှတ်တရ ရှိနေမှာပါ ” ဟု ယုန်လေးက ရေးသားထားသည်။

    ဆက်လက်ပြီး ၄င်းက ” တစ်သက်လုံး မသေမချင်း အနုပညာပဲ လုပ်ချင်ခဲ့တာ။အဲ့ရည်ရွယ်ချက်က မြန်မြန်ပျက်စီးသွားမယ်လို့ မထင်ခဲ့ဘူး။ ဘယ်ဘဝ ရောက်ရောက် ကျတော့်ဘေးမှာ ရှိတဲ့ အနုပညာသမားကတော့ မြင့်မြတ်၊ ထူးခြား၊ ကိုအယ်ကြီးပဲ၊ Ice Cold ကတော့ Wifi ချိတ်မိတဲ့ အချိန်တွေတော့ ပေါ်ပေါ်လာတယ်။ အားလုံးကို နူတ်ဆက်ပါတယ် ” ဟုလည်း အနုပညာလောကကို နှုတ်ဆက်သွားသည်။

    ယုန်လေးသည် စစ်အာဏာမသိမ်းမီက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လုပ်ကြံသည့်အချိန်တွင် စစ်တပ်က ကယ်တင်သည့် ပုံစံ MTV ရိုက်ကူးခြင်းကြောင့် လူထု၏ ပြင်းထန်သည့် ဝေဖန်မှုကို ခံခဲ့ရသူ ဖြစ်သည်။

    ထို့ပြင် စစ်တပ်အာဏာသိမ်းပြီးနောက်တွင် အာဏာသိမ်း စစ်တပ်ကို လှိုက်လှိုက်လှဲလှဲ ထောက်ခံသဖြင့် ပြည်သူများသာမက အနုပညာအသိုင်းအဝိုင်းက လူများကပါ မပေါင်းသင်း မပတ်သတ်ဘဲ ရှောင်ကြသူ တစ်ဦးလည်း ဖြစ်သည်။

  • အတုအယောင်ရွေးကောက်ပွဲကို လက်မခံပဲ NUG နှင့် CRPH တရားဝင်အသိမှတ်ပြု

    အတုအယောင်ရွေးကောက်ပွဲကို လက်မခံပဲ NUG နှင့် CRPH တရားဝင်အသိမှတ်ပြု

    ဥရောပသမဂ္ဂပါလီမန်က စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲကို လက်မခံပဲ NUG နှင့် CRPH တရားဝင်အသိမှတ်ပြု

    ဥရောပသမဂ္ဂပါလီမန်က စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲကို လက်မခံဘဲ အမျိုးသားညီညွတ်ရေး အစိုးရနှင့် CRPH က ပြည်သူလူထု၏ တရားဝင်ကိုယ်စားလှယ်များ ဖြစ်ကြောင်း နိုဝင်ဘာ ၂၇ ရက်နေ့တွင် ထပ်မံတည်ပြုထုတ်ပြန်လိုက်သည်။

    အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) တို့သာလျှင် မြန်မာပြည်သူထု၏ ဒီမိုကရေစီဆန္ဒကို ကိုယ်စားပြုသည့်တရားဝင် အဖွဲ့အစည်းအဖြစ် ထောက်ခံအသိ အမှတ်ပြုကြောင်းလာည်းပါဝင်သည်။

    ထို့ပြင်ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများနှင့် ဆက်စပ်နိုင်ငံများက စစ်အုပ်စုထံ လက်နက်ခဲယမ်းများ စစ်ရေးနှင့် လုံခြုံရေးဆိုင်ရာပစ္စည်းကိရိယာများကို တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်ဖြစ်စေရောင်းချခြင်း၊ လွှဲပြောင်းပေးခြင်း၊ ပို့ဆောင်ပေးခြင်းတို့ကိုတားမြစ်ပြီး ကုလသမဂ္ဂဆိုင်ရာ လက်နက်ပိတ်ဆို့ရေး ဆုံးဖြတ်ချက် အမြန်ဆုံးချမှတ်နိုင်ရန် တောင်းဆိုထားသည်။

    အကြမ်းဖက်စစ်အုပ်စုက တစ်ဖက်သတ်စီစဉ်နေသောရွေးကောက်ပွဲအားလုံးကို တရားမဝင်ကြောင်း ပယ်ချပြီး နိုင်ငံတကာ၏ အသိအမှတ်ပြုမှုရယူရန် ကြိုးပမ်းနေသည့် ရွေးကောက်ပွဲရဒ်များကို ရှုတ်ချကြောင်း ဥပရောပပါလီမန်ဆုံးဖြတ်ချက်တွင် ပါဝင်သည်။

    ထို့ပြင်အာဏာသိမ်းမှုနှင့် ရက်စက်ကြမ်းကြုတ်မှုများအတွက် တာဝန်ရှိသည့် စစ်ဘက်ဆိုင်ရာ ခေါင်းဆောင်များ၊ စီးပွားရေးလုပ်ငန်းများနှင့် လက်နက်ထောက်ပံ့သူများအပေါ် ပစ်မှတ်ထားအရေးယူပိတ်ဆို့မှုများ ဆက်လက်ထားရှိပြီး တိုးမြှင့်လုပ်ဆောင်ရန်ထောက်ခံထားသည်။

    စစ်ကော်မရှင်အနေဖြင့် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ဒီမိုကရေစီရွေးကောက်ပွဲရလဒ်ကို အပြည့်အဝလေးစားလိုက်နာပြီး အရပ်သားအစိုးရကို ချက်ချင်းပြန်လည်အာဏာအပ်နှင်းရန် ဥရောပသမဂ္ဂပါလီမန်က တောင်းဆိုထားသည်။

    ဓာတ်ပုံ – ဥရောပပါလီမန်

  • နတ်တလင်း စစ်တပ် တပ်စွဲထားသော နေရာများကို တပြိုင်နက်တည်း ဝင်ရောက် တိုက်ခိုက်

    နတ်တလင်း စစ်တပ် တပ်စွဲထားသော နေရာများကို တပြိုင်နက်တည်း ဝင်ရောက် တိုက်ခိုက်

    နတ်တလင်းတွင် ဒမငယ်ရဲစခန်း၊ တောင်ညိုကွက်သစ်ရဲစခန်း အပါအဝင် စစ်တပ် တပ်စွဲထားသော နေရာများကို တပြိုင်နက်တည်း ဝင်ရောက် တိုက်ခိုက် မီးရှို့ရှင်းလင်း

    ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်ရှိ ဒမငယ်ရဲစခန်း၊ တောင်ညိုကွက်သစ်ရဲစခန်း အပါအဝင် အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာများကို တပြိုင်တည်း ဝင်ရောက် တိုက်ခိုက်ပြီး မီးရှို့ရှင်းလင်းခဲ့ကြောင်း ၃၈၀၁ တပ်ရင်း ဒုရင်းမှူး ကိုညီညီက ပြောဆိုသည်။

    နိုဝင်ဘာလ ၂၇ ရက်နေ့ ည ၉ နာရီခန့်တွင် နတ်တလင်းမြို့နယ်၊ ဒမငယ်ရွာရှိ စစ်တပ်၏ သစ်ချိုခြံ (အထွက်တိုးစခန်း) ၊ ဒမငယ်ရဲစခန်းနှင့် တောင်ညိုကွက်သစ်ရဲစခန်းတို့ကို တော်လှန်ရေး တပ်ဖွဲ့များက တပြိုင်တည်း ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    ထိုတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်သားနှင့် ပျူစောထီး အားလုံး ဆုတ်ခွာထွက်ပြေးသွားသောကြောင့် တော်လှန်ရေး ရဲဘော်များကို ရဲစခန်းအပါအဝင် စစ်တပ် တပ်စွဲထားသောနေရာများကို မီးရှို့ရှင်းလင်းခဲ့ကြောင်း သိရှိရသည်။

    “မနေ့က နတ်တလင်းမြို့နယ် ဒမငယ်ရွာ သစ်ချိုခြံ (အထွက်တိုးစခန်း) အတွင်းမှာရှိတဲ့ ပျူခွေး၊ စစ်ခွေးတွေအပါအဝင် ဒမငယ်ရဲစခန်းကို ကျနော်တို့ တော်လှန်ရေး ရဲဘော်တွေက တပြိုင်တည်း ဝင်ရောက် တိုက်ခိုက်ခဲ့တာပါ။ စစ်ခွေးနဲ့ ပျူခွေးတွေက ကျနော်တို့ ဝင်တိုက်တဲ့ အချိန်မှာ အကုန်လုံး ထွက်ပြေးသွားလို့ စခန်းကို မီးရှို့ ဖျက်ဆီးလိုက်တယ်။ ခဲ့ပါသည်။ နောက်ပြီး တောင်ညိုကွက်သစ်ရဲစခန်းကိုလည်း ကျနော်တို့ ရဲဘော်တွေ လက်နက်ကြီးတွေနဲ့ ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ပါတယ်” ဟု ၃၈၀၁ တပ်ရင်း ဒုရင်းမှူး ကိုညီညီက ပြောဆိုသည်။

    ထိုတိုက်ခိုက်မှုအတွင်း ထွက်ပြေးသွားသော စစ်သားနှင့် ပျူစောထီး များသည် မင်းဘူးကျွန်း ပျူစောထီးရွာထဲတွင် ရောက်ရှိနေပြီး အင်အား ၃၀ ခန့်ရှိကြောင်း၊ ထိုကျေးရွာအတွင်းကိုလည်း တော်လှန်ရေးတပ်ဖွဲ့များက လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ယနေ့ နိုဝင်ဘာလ ၂၈ ရက်နေ့ နံနက် ၁၂ နာရီ ၄၅ မိနစ်တွင် အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

    အဆိုပါ တိုက်ခိုက်မှုကို တပ်ရင်း-၃၈၀၁ တပ်ရင်းရုံး ရဲဘော်များ ဖြစ်သော တပ်ခွဲ ၂ ၊ ၄ ၊ ၆ နှင့် ၇ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိကြောင်း သိရှိရသည်။