Category: News

  • USA ရောက် မြန်မာနိုင်ငံသားတွေအတွက် ယာယီဥပဒေအရ နေထိုင်ခွင့်ကို ထရမ့်အစိုးရက ရပ်ဆိုင်း

    USA ရောက် မြန်မာနိုင်ငံသားတွေအတွက် ယာယီဥပဒေအရ နေထိုင်ခွင့်ကို ထရမ့်အစိုးရက ရပ်ဆိုင်း

    USA ရောက် မြန်မာနိုင်ငံသားတွေအတွက် ယာယီဥပဒေအရ နေထိုင်ခွင့်ကို ထရမ့်အစိုးရက ရပ်ဆိုင်း

    အမေရိကန်နိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေအတွက် ယာယီဥပဒေအကာအကွယ်အဆင့် (Temporary Protected Status – TPS) ကို ထရမ့်အစိုးရ က ရပ်ဆိုင်းလိုက်ပြီလို့ အမေရိကန်ပြည်တွင်းလုံခြုံရေးဌာနက နိုဝင်ဘာ ၂၄ ရက်က ကြေညာချက်ထုတ်ပြန်လိုက်ကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

    မြန်မာနိုင်ငံသားအတွက် လက်ရှိသတ်မှတ်ထားတဲ့ TPS ကာလဟာ ယနေ့ (နိုဝင်ဘာ ၂၅ ရက်) သက်တမ်းကုန်ဆုံးတော့မှာပါ။

    ပြည်ထောင်စုမှတ်တမ်း (Federal Register) မှာ ထုတ်ပြန်လိုက်တဲ့ အဆိုပါကြေညာချက်အရ (ပြည်တွင်းလုံခြုံရေး) ဝန်ကြီးက နိုင်ငံ့အခြေအနေတွေကို ပြန်လည်သုံးသပ်ရင်း အစိုးရအဖွဲ့အစည်းတွေနဲ့ တိုင်ပင်ဆွေးနွေးပြီးနောက် မြန်မာနိုင်ငံဟာ TPS သတ်မှတ်ချက်အတွက် လိုအပ်တဲ့အခြေအနေတွေ ဆက်လက်ပြည့်မီခြင်း မရှိတော့ဘူး လို့ ဆုံးဖြတ်ခဲ့ကြောင်း ဖော်ပြထားပါတယ်။

    ဒီရပ်ဆိုင်းမှုဟာ ရက်ပေါင်း ၆၀ အတွင်း အသက်ဝင်လာမယ်လို့လည်း သိရပါတယ်။

    ပြည်တွင်းလုံခြုံရေးဌာနရဲ့ ခန့်မှန်းချက်အရ လက်ရှိ TPS အဆင့်နဲ့ အမေရိကန်မှာ နေထိုင်နေတဲ့ မြန်မာနိုင်ငံသား ၄,၀၀၀ နီးပါး ရှိပါတယ်။

    မြန်မာနိုင်ငံသားတွေအတွက် TPS အဆင့်ကို အရင်ဒီမိုကရက်သမ္မတ ဂျိုးဘိုင်ဒန်အစိုးရလက်ထက်တုန်းကတော့ ၂၀၂၄ ခုနှစ်၊ မေလ ၂၆ ရက်မှ ဒီနှစ်၊ နိုဝင်ဘာ ၂၅ ရက်နေ့အထိ ၁၈ လ သက်တမ်းတိုးခဲ့ပါသေးတယ်။

    ရီပက်ဘလစ်ကန်ပါတီမှ သမ္မတဖြစ်လာတဲ့ ထရမ့်ကတော့ သူရာထူးစယူခဲ့တဲ့ ပြီးခဲ့တဲ့ဇန်နဝါရီလကစပြီး လူဝင်မှုကြီးကြပ်ရေးကို တင်းတင်းကျပ်ကျပ်ကိုင်တွယ်တဲ့ အစီအစဉ်ရဲ့ တစိတ်တပိုင်းအနေနဲ့ တခြားနိုင်ငံအများအပြားမှ လာရောက်နေထိုင်သူအတွက် TPS တွေကို အလားတူ ဖျက်သိမ်းခဲ့ဖူးပါတယ်။

    ယာယီအကာအကွယ်ရုတ်သိမ်းခြင်း

    မြန်မာနိုင်ငံသားများကို အမေရီကန်ပြည်ထောင်စုအတွင်း ပစ္စုပ္ပန်တိုင်းပြည်အခြေအနေကြောင့်အကာအကွယ်ပေးထားတဲ့ TPS Visa အမျိုးအစားကို အမေရီကန်ပြည်ထောင်စုရဲ့ အမိမြေလုံခြုံရေးဝန်ကြီးဌာနက နိုဝင်ဘာ (၂၄)၊ ၂၀၂၅ မှာဘဲဖျက်သိမ်းခဲ့ပါပြီ။

    အတော့ကို စိတ်မကောင်းဖြစ်ရပါတယ်။

    အဆိုပါကြေငြာချက်ဟာ ချက်ခြင်းဗြုန်းစားကြီးတော့ သက်ရောက်မှုရှိမှာမဟုတ်ဘဲ ရက် (၆၀) ကြာမှ အရေးယူတာတွေဖြစ်လာနိုင်တယ်လို့ ခန့်မှန်းရပါတယ်။

    ဒီလိုမတင်မကျရေးရခြင်းကတော့ ထင်ရာလုပ်တဲ့သမ္မတနဲ့အစိုးရအဖွဲ့ဖြစ်နေလို့ပါ။

    ဒီခေါင်းစဉ်အောက်က မြန်မာနိုင်ငံသား (နိုင်ငံပျောက်သွားသူများရော) လေးထောင်ကျော်အပေါ်ကိုသက်ရောက်မှုကြီးမားမှာပါ။

    DHS (အမေရီကန်ပြည်ထောင်စုအမိမြေလုံခြုံရေးဝန်ကြီးဌာန)ကတော့ မြန်မာနိုင်ငံသားတွေဟာ TPS လိုအပ်ချက်များနဲ့ညီညွှတ်မှုမရှိတော့တာကြောင့်လို့ဆိုပါတယ်။

    သူတို့လက်ထဲရှိတာဘဲလေ၊ သူ့တိုင်းပြည်က ပြည်ထောင်စုအစိုးရဝန်ထမ်းတွေတောင် DOGE က အီလန်မာ့စ်ကြောင့်အသားလွတ်အလုပ်ဖြုတ်ခံခဲ့ရသေးတာမဟုတ်လား။

    လာရောက်ခိုလှုံသူတွေထဲလည်း တော်လှန်ရေးကိုတကယ်ပံ့ပိုးသူတွေရော အချောင်သမားတွေရောပါနေလေတော့ ပြောရတာလည်းတော်တော်ခက်ပါတယ်။

    နီးစပ်ရာအသိုင်းအဝိုင်းထဲလည်း ပြည်တွင်းမှာလက်သုံးချောင်းတခါလောက်ထောင်ပြီး ဒီကိုအချောင်ရောက်လာတာမြင်ထားဖူးတော့ “အဲသလိုအတန်းအစားကတော့ ထိသင့်၏” လို့ဘဲသဘောပိုက်ပါတယ်။

    တကယ်လိုအပ်နေသူတွေအတွက်တော့ အင်မတန်နစ်နာတဲ့အခင်းအကျင်းကြီးပါ။

    TPS ပြုတ်ရင် နေခွင့်-အလုပ်လုပ်ခွင့် တရားဝင်ဆုံးရှုံးမှာမို့ ကာယကံရှင်များအတွက်တော့ပြဿနာပါ။

    ဒါပေမယ့် Law Firms အချို့အနေနဲ့ကတော့ဒီကိစ္စကို ဥပဒေကြောင်းအရဆက်ပြီးတိုက်ပွဲဝင်နိုင်ကြမှာပါ။

    ခက်တာက ဗမာပြည်အတွက်အဲသလိုဖိုက်ပေးမယ့်အဖွဲ့အစည်း ဘယ်လောက်များများရှိမလဲဆိုတာကတော့ မေးခွန်းထုတ်စရာပါ။

    ဖြစ်ခဲ့ပြီဆိုတော့ TPS သမားတွေအနေနဲ့ ခိုလှုံခွင့်ပြောင်းလျှောက်တာ၊ မိသားစုကတဆင့်နေထိုင်ခွင့်လျှောက်တာ၊ အလုပ်ရှင်ကတဆင့်နေထိုင်ခွင့်လျှောက်တာ၊ ကျောင်းဗီဇာ F1 လျှောက်တာတွေဆောင်ရွက်နိုင်ပါတယ်။

    ဒါ့အပြင် မောင်ရေခဲတွေရန်ကကင်းလွှတ်ဖို့ Passport၊ TPS Record၊ Proof of entry date၊ family document၊ fear-of-return-evidence တွေ ပြင်ဆင်ထားရမှာဖြစ်ကြောင်းပါတဲ့ဗျား ….. ။ ။

    လေးစားလျက်

    ကိုထင် (ခ) လင်းမြတ်

    သတင်း – ရိုက်တာသတင်းဌာန

  • မတ္တရာမှာ စစ်အုပ်စုက စစ်ရှုံးနယ်မြေ ၉၀ ရာနှုန်းကျော် ပြန်သိမ်းယူနိုင်ပြီး စကျင်ရွာအနီးထိ ရောက်လာ

    မတ္တရာမှာ စစ်အုပ်စုက စစ်ရှုံးနယ်မြေ ၉၀ ရာနှုန်းကျော် ပြန်သိမ်းယူနိုင်ပြီး စကျင်ရွာအနီးထိ ရောက်လာ

    ထင်တိုင်းကျဲ ဗုံးကြဲသတ်နေလို့ မတ္တရာနဲ့ စဉ့်ကူးနယ်က သောင်းနဲ့ချီတဲ့ ပြည်သူတွေ ထွက်ပြေးနေရ

    မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ထဲက စစ်ရှုံးနယ်မြေတွေ ပြန်ရရေးအတွက် လေကြောင်း၊ လက်နက်ကြီးနဲ့ ဒရုန်း အားကိုးကာ ပြန်လည် ထိုးစစ်ဆင်နေတဲ့ စစ်အုပ်စုက တော်လှန်ရေးတပ်တွေ သိမ်းပိုက်ထားတဲ့ စစ်စခန်းနဲ့ နယ်မြေ ၉၀ ရာခိုင်နှုန်းကျော်ကို ပြန်လည် သိမ်းယူသွားပြီး လက်ရှိမှာ စကျင်ကျေးရွာအနီးထိ ရောက်လာတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

    ၂၀၂၄ နှစ်လယ်ပိုင်းက ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ ဟန်ချက်ညီ ဆင်နွှဲတဲ့ ရှမ်း-မန်း စစ်ဆင်ရေးအတွင်း မတ္တရာနယ်က စစ်စခန်း ၃၀ ကျော်ကို တော်လှန်ရေးတပ်တွေက သိမ်းပိုက်နိုင်ခဲ့ကာ မန္တလေးမြို့နဲ့ ၁၀မိုင်ကျော်အကွာအထိ နယ်မြေစိုးမိုးထားနိုင်ပြီး မတ္တရာမြို့ကိုပါ ဝိုင်းပတ်ပိတ်ဆို့နိုင်ခဲ့တာ ဖြစ်ပါတယ်။

    ပြီးခဲ့တဲ့ မတ်လအတွင်း လှုပ်ခတ်တဲ့ ငလျင်ကြောင့် တော်လှန်ရေးတပ်တွေရဲ့ ထိုးစစ်တွေ ရပ်နားတာကို အခွင့်ကောင်းယူပြီး စစ်အုပ်စုက တရုတ်အားကိုး၊ လေကြောင်းအားကိုးနဲ့ ပြန်လည် ထိုးစစ်ဆင်ခဲ့ရာ လက်ရှိမှာ မတ္တရာနယ်က တော်လှန်ရေးတပ်တွေ တစ်နှစ်ကျော်ကြာ သိမ်းပိုက်ထားတဲ့ စစ်စခန်းနဲ့ နယ်မြေတွေ အားလုံးနီးပါး ပြန်လက်လွှတ်လိုက်ရတာလို့ တော်လှန်ရေး အင်အားစုတွေက ပြောပါတယ်။

    စစ်အုပ်စုဟာ တရုတ်နဲ့ ရှရှားက ပံ့ပိုးထားတဲ့ နည်းပညာမြင့် ဒရုန်းတွေ အသုံးပြုသလို လေကြောင်းအားကိုးနဲ့ ပြန်လည် ထိုးစစ်ဆင်ကာ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း မန္တလေးမြို့နဲ့ ၁၀မိုင်ကျော်အကွာက စစ်စခန်းတွေ ပြန်လည် သိမ်းယူနိုင်သလို မန္တလေး – မတ္တရာ ကားလမ်းကိုလည်း ပြန်လည် စိုးမိုးနိုင်ပြီး လက်ရှိမှာ မတ္တရာနယ် မြောက်ခြမ်း၊ စကျင်ရွာအနီးထိ ရောက်လာတာလို့ မြေပြင်တိုက်ပွဲဝင် တော်လှန်ရေး ရဲဘော်တွေက ဆိုပါတယ်။

    မန္တလေး-မတ္တရာ ကားလမ်းမကြီးအတိုင်း စဉ့်ကူးဘက်ကို ဦးတည်ကာ ထိုးလာတဲ့ စစ်အုပ်စုဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း တံငါ၊ ရေနံ့သာ စတဲ့ ကျေးရွာတွေနဲ့ စခန်းတွေကို ပြန်လည် သိမ်းယူနိုင်ပြီး လက်ရှိမှာ မတ္တရာနယ်မြောက်ပိုင်း ဥက္ကံနဲ့ စကျင်ကျေးရွာအနီးထိ ရောက်ရှိနေပြီလို့ ဆိုပါတယ်။

    ဒါ့အပြင် ရှမ်းမြောက်ဒေသ နောင်ချိုဘက်ကနေ ဆင်းလာကာ မတ္တရာနယ် ဆည်တော်ကြီး စခန်းကို ပြန်သိမ်းယူတဲ့ စစ်အုပ်စု စစ်ကြောင်းကလည်း မန္တလေး – မိုးကုတ် ကားလမ်းအနီး၊ မတ္တရာနယ်၊ အင်ကြင်းမြိုင်ကျေးရွာကို ရောက်ရှိနေပြီ အဆိုပါ ဒေသတကြောမှာ စစ်အုပ်စု အင်အား ၄၀၀ ခန့်နဲ့ လှုပ်ရှားနေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

    “ခွေးက ဘယ်ရောက်ပြီလဲဆိုတော့ အင်ကြင်းမြိုင်ကျေးရွာကို ရောက်နေပြီ၊ အင်အားက ၄၀၀ လောက် ရှိတယ်၊ ဆည်တော်နဲ့ တံငါသည်နဲ့ ပေါင်းလိုက်တာ အင်အားက ၄၀၀ လောက် ရှိတယ်၊ စကျင်ဘက်က တစ်ကြောင်း၊ အဲ့အင်အားတော့ မသိရသေးဘူး၊ ဒီနေ့ ပစ်တာကတော့ ဥက္ကံနဲ့ စကျင်ဘက်က လှမ်းပစ်တာ၊ လက်နက်ကြီးနဲ့ လှမ်းပစ်တာက နတ်ကြီးစင်ကို ကျတယ်၊ ပြည်သူ ရှစ်ယောက် ထိတယ်၊ လေးဦး သေဆုံးတယ်”

    အဲ့ဒီ စစ်အုပ်စုက နိုဝင်ဘာ ၂၂ရက်မှာ နတ်ကြီးစင်ကျေးရွာ စာသင်ကျောင်းကို လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ကလေးသူငယ်တွေ အပါအဝင် ပြည်သူ လေးဦး သေဆုံးကာ လေးဦး ထိခိုက်ဒဏ်ရာရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    မတ္တရာနယ်ထဲ တန်ပြန် ထိုးစစ်ဆင်တဲ့ စစ်အုပ်စုဟာ လေကြောင်းတိုက်ခိုက်မှုတွေ၊ ဒရုန်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီး ပစ်ကူတာတွေ ပြင်းပြင်းထန်ထန် ပြုလုပ်နေပြီး အရပ်သားတွေရှိတဲ့ နေရာတွေပါ မချန် တိုက်ခိုက်နေတာကြောင့် မတ္တရာ နဲ့ စဉ့်ကူးမြို့နယ်အတွင်းက သောင်းနဲ့ချီတဲ့ ဒေသခံတွေ ဘေးလွတ်ရာ ထွက်ပြေးနေကြရပြီး စားသောက်နေထိုင်ရေး အကူအညီတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။

    မတ္တရာနယ်ထဲ စစ်ကြောင်းထိုးတဲ့ မင်းအောင်လှိုင် သစ္စာခံ စစ်အုပ်စုဟာ စစ်ဘေးရှောင်ပြည်သူတွေ ခိုလှုံနေတဲ့ စာသင်ကျောင်းတွေ အပါအဝင် ကျေးရွာတွေကို အဓိက ပစ်မှတ်ထားကာ လေကြောင်းဗုံးကြဲ၊ လက်နက်ကြီး ထု၊ ဒရုန်းနဲ့ တိုက်ခိုက်နေတာလို့ ဒေသခံတွေက ပြောပါတယ်။

    နိုဝင်ဘာ ၇ ရက်က မတ္တရာနယ်က ထွက်ပြေးလာတဲ့ စစ်ဘေးရှောင်တွေ ယာယီခိုလှုံရာ စဉ့်ကူးမြို့နယ်၊ ရွှေပြည်ရွာ စာသင်ကျောင်းတွေကို စစ်အုပ်စုက တိုက်လေယာဉ်နဲ့ ဗုံးကြဲခဲ့တာကြောင့် အမျိုးသမီးနဲ့ ကလေးသူငယ်တွေ အပါအဝင် စစ်ဘေးရှောင်ပြည်သူ ခြောက်ဦး သေဆုံးကာ ၁၀ ဦး ဒဏ်ရာရခဲ့ပြီး နိုဝင်ဘာလ ၁၂ရက်ကလည်း စဉ့်ကူးမြို့နယ်၊ မာလဲတောကျေးရွာ စာသင်ကျောင်းကို စစ်အုပ်စုက တိုက်လေယာဉ်နဲ့ ဗုံးကြဲသတ်ရာ စာသင်ကျောင်းထဲမှာ စစ်ဘေးရှောင်ခိုလှုံနေတဲ့ စစ်ဘေးဒုက္ခသည် ငါးဦး ထက်မနည်း အသက်ဆုံးရှုံးခဲ့ပါတယ်။ နိုဝင်ဘာ ၂၂ရက်ကလည်း နတ်ကြီးစင်ရွာ စာသင်ကျောင်းကို စစ်အုပ်စုက လက်နက်ကြီးထုလို့ ကလေးသူငယ်တွေ အပါအဝင် ဒေသခံ လေးဦး သေဆုံးခဲ့ပါတယ်။

    ရှမ်းမြောက်ဒေသ နောင်ချိုဘက်ကနေ ဆင်းလာပြီးနောက် မတ္တရာနယ် ဆည်တော်ကြီးကို ပြန်သိမ်းယူကာ အောင်ပွဲခံနေတဲ့ စစ်အုပ်စု/Photo – စစ်အုပ်စု

  • လိုင်းပေါ်မှာ ဆော်ကြည်ချင်တာနဲ့ ရဲယောင်ဆောင်တဲ့သူ အဖမ်းခံလိုက်ရပြီ

    လိုင်းပေါ်မှာ ဆော်ကြည်ချင်တာနဲ့ ရဲယောင်ဆောင်တဲ့သူ အဖမ်းခံလိုက်ရပြီ

    ဒုရဲမှူးအဖြစ် အယောင်ဆောင်သူဖမ်းဆီးခံရ၊ ရဲပြေးအဖြစ်သတ်မှတ်ခံထားရသူဟုဆို

    လူမှုကွန်ရက်ပလက်ဖောင်းတစ်ခုဖြစ်သည့် Tiktok တွင် ရဲတပ်ဖွဲ့အရာရှိတစ်ဦးအသွင် လိမ်လည်ဟန်ဆောင်ခဲ့သည့် အမျိုးသားတစ်ဦးကို ယမန်နေ့(နိုဝင်ဘာ ၂၃ ရက်)က ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်တွင် ဖမ်းဆီးမိကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သည့် သတင်းရင်းမြစ်များထံမှသိရသည်။

    U Pyae Lin Aung ဟုအမည်ပေးထားသည့် Tiktok လူမှုကွန်ရက်အကောင့်တွင် ၎င်းသည် ဒုရဲမှူးဖြစ်ပြီး မိခင်၊ ဖခင်များမှာလည်း ထိပ်တန်းရဲအရာရှိများဖြစ်ကြောင်း လိမ်လည်ပြောဆိုဟန်ဆောင်နေသည့် အသက်(၂၄) နှစ်အရွယ်အမျိုးသားကို မင်္ဂလာဒုံမြို့နယ်အတွင်းရှိ တည်းခိုခန်းတစ်ခု၌ ဖမ်းမိခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သည့် သတင်းရင်းမြစ်ကပြောသည်။

    “ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်နားက စစ်ဆေးရေးဂိတ်တစ်ခုကနေ လက်နက်မဲ့ပျက်ကွက် စာရင်းဝင်ပြီး ရဲပြေးအဖြစ်သတ်မှတ်ခံထားရတာ။ အခုတော့လှော်ကားနယ်မြေစခန်းမှာဖမ်းထားတယ်” ဟု အထက်ပါသတင်းရင်းမြစ်ကပြောသည်။

    ရဲအရာရှိအယောင်ဆောင်မှုဖြင့် ဖမ်းဆီးခံထားရသည့် ပြည့်လင်းအောင်သည် အမှတ်(၆)လုံခြုံရေး ရဲတပ်ဖွဲ့ခွဲ၊ ရွှေပြည်သာမြို့နယ်မှ တပ်သားအဆင့် ရဲပြေးတစ်ဦးဖြစ်ကာ ၂၀၂၃ ခုနှစ်အတွင်း ရဲသင်တန်း တက်ရောက်ခဲ့သူတစ်ဦးဖြစ်ကြောင်းသိရသည်။

    လိုင်းပေါ်မှာ ဆော်ကြည်ချင်တာနဲ့ ရဲယောင်ဆောင်တဲ့သူတော့ ဒီနေ့မှာ အဖမ်းခံလိုက်ရပြီ

    စော်ကြည်ချင်လို့ သုံးပွင့်ဗိုလ်စခန်းမှူး ဟန်ဆောင်တဲ့ ပြည့်လင်းအောင် (ခ) ရဲဗလ ဆိုသူ ဖမ်းခံရ

    ခေတ်က မကောင်းပါဘူးဆို အဲလိုမျိုးက လုပ်ချင်နေကြသေးတာနော်

    ကောင်မလေးဆိုကလည်း ဗိုလ်ဆို ကြိုက်ပြီးသား ဆိုတာတွေ ကြီးဘဲ

    ဆယ်လီဖြစ်ချင်တဲ့ ရဲအတု အဖမ်းခံရ

    လူမှုကွန်ရက် တခုဖြစ်တဲ့ TikTok မှာ ဆယ်လီဖြစ်ချင်လို့ ရဲအယောင်အဆောင်သူ တယောက် အဖမ်းခံလိုက်ရတယ်လို့ လူမှုကွန်ရက်တွေပေါ်မှာ မျှဝေနေကြပါတယ်။

    နိုဝင်ဘာ ၂၃ ရက်မှာ ရန်ကုန်က မြို့နယ်တခုမှာ အဖမ်းခံခဲ့ရတာ ဖြစ်ပါတယ်။

    ပျံ့နှံ့လာတဲ့ ဓာတ်ပုံတွေအရ ရဲအရာရှိတွေ တပ်ဆင်တဲ့ တပွင့်၊ နှစ်ပွင်နဲ့ သုံးပွင့် ယူနီဖောင်းတွေနဲ့အတူ ဖမ်းဆီးခဲ့တာကို မြင်တွေ့ရပါတယ်။

    ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်မှာ ရဲတပ်ဖွဲ့အရာရှိ ဝတ်စုံတွေဝတ်ဆင်ကာ ရဲအရာရှိအဖြစ် လိမ်လည်ဟန်ဆောင်နေတဲ့ အသက် ၂၄ နှစ်အရွယ် ပြည့်လင်းအောင် အမည်ရ အမျိုးသားတစ်ဦးကို နိုဝင်ဘာ ၂၃ ရက်က ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။

    လူမှုကွန်ယက်ပေါ်မှာ မကြာခဏ ခြိမ်းခြောက်စကားတွေ ပြောလေ့ရှိတဲ့ ၎င်းဟာ ရန်ကုန်လေဆိပ်အနားက စစ်ဆေးရေးဂိတ်တစ်ခုကနေ ထွက်ပြေးနေတဲ့ ရဲပြေးတစ်ဦးဖြစ်နေပြီး ၂၀၂၃ ခုနှစ်အတွင်း ရဲသင်တန်း တက်ရောက်ခဲ့ဖူးသူလို့ သိရပါတယ်။

  • လှိုင်သာယာမှာ ယာဉ် ၆ စီး ဆင့်ကဲတိုက်မိလို့ တစ်နှစ်သားကလေးငယ်နဲ့ ဆိုင်ကယ် ကယ်ရီ မောင်းနှင်သူတစ်ဦး နေရာတင်သေဆုံးကာ လူနှစ်ဦးဒဏ်ရာရ

    လှိုင်သာယာမှာ ယာဉ် ၆ စီး ဆင့်ကဲတိုက်မိလို့ တစ်နှစ်သားကလေးငယ်နဲ့ ဆိုင်ကယ် ကယ်ရီ မောင်းနှင်သူတစ်ဦး နေရာတင်သေဆုံးကာ လူနှစ်ဦးဒဏ်ရာရ

    ကျောင်းကြို/ပို့ယာဉ်တံဆိပ်နဲ့ မီနီဘတ်စ်တစ်စီး ဘရိတ်ပေါက်အရှိန်လွန်ကာ ဘေးတွဲသုံးစီးအပါအဝင် ယာဉ် ၆ စီး ဆင့်ကဲတိုက်မှုဖြစ်ပွားပြီး ကလေးငယ်တစ်ဦး၊ လူကြီးတစ်ဦးသေဆုံးကာ လူနှစ်ဦးဒဏ်ရာရရှိခဲ့တဲ့ ဖြစ်စဉ် ဒီနေ့ မနက် ၉ နာရီကျော်အချိန်ခန့်က ရန်ကုန်တိုင်း၊ လှိုင်သာယာ​အရှေ့ပိုင်းမြို့နယ်၊ အလယ်ရွာမှတ်တိုင်အနီးမှာ ဖြစ်ပွားခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူနယ်ခံတစ်ဦးက ပြောပြပါတယ်။

    ဖြစ်စဉ်က အဆိုပါ ကျောင်းကြို/ပို့ယာဉ်က ဘရိတ်ပေါက်ကာ ၎င်းရှေ့မှ မောင်းနှင်နေတဲ့ ဘေးတွဲဆိုင်ကယ် ကယ်ရီ ၃ စီးကို ဆင့်ကဲ တိုက်မိတယ်လို့ သိရပါတယ်။ တိုက်မိမှုကြောင့် ကယ်ရီတစ်စီးမှာ ဆန့်ကျင်ဘက် ယာဉ်ကြောဘက်ကို လွင့်စင်ရောက်ရှိသွားပြီး တစ်ဖက်လမ်းကြောမှ မောင်းနှင်လာတဲ့ ကုန်တင်ကားကြီးအောက် ကယ်ရီယာဉ်မောင်း ရောက်ရှိသွားကာ နေရာတင်သေဆုံးခဲ့ပါတယ်။ အဲ့ဒီနောက် အဆိုပါကျောင်း ကြို/ပို့ယာဉ်ကပဲ နောက်ထပ် တိုက်မိတဲ့ ကယ်ရီမှာ ကလေးနေမကောင်းလို့ ‌ဆေးခန်းပြပြီး ပြန်လာတဲ့ သားအမိတစ်တွေ စီးနင်းလာရာ နောက်က တိုက်တဲ့အရှိန်ကြောင့် မိခင်နဲ့ ကလေး ကယ်ရီပေါ်က ပြုတ်ကျခဲ့တယ်လို့ သိရပါတယ်။ အဲဒီလို ပြုတ်ကျတာ‌ကြောင့် ကလေးက မိခင်လက်မှ လွတ်ထွက်ကာ ‌နောက်မှမောင်းနှင်လာတဲ့ Light truck ယာဉ်က တိုက်ကြိတ်လို့ ‌ဦးခေါင်းပွင့်ထွက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

    ဖြစ်စဉ်ကို မျက်မြင်တွေ့ရှိတဲ့ ဒေသခံက “ကလေးက တစ်နှစ်သားလေး။ အမေက ဘာမှဖြစ်ဘူး။ ပွန်းပဲ့လောက်ပဲ။ ကယ်ရီဆရာတစ်ဦးလည်း ပေါက်ပြဲ ပွန်းပဲ့ ဒဏ်ရာရတယ်။ ကလေးနဲ့ ကယ်ရီဆရာတော့ နေရာတင်သေဆုံးတယ် စတိုက်တဲ့ မှန်လုံက ကားသမားက ပြေးသွားတယ်”လို့ ဆိုပါတယ်။

    အဆိုပါဖြစ်စဉ်အတွင်း ထိခိုက်ဒဏ်ရာရရှိသူတွေနဲ့ သေဆုံးသူတို့ကို သက်ဆိုင်ရာက လှိုင်သာယာဆေးရုံကြီးဆီ ပို့ဆောင်ပေးခဲ့ပြီး စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

  • အုတ်တွင်းမှာ ညအချိန်မတော် လျှောက်သွား‌နေတဲ့ သံဃာအတုအယောင်တစ်ပါးကို လူဝတ်လဲ ရဲလက်အပ်

    အုတ်တွင်းမှာ ညအချိန်မတော် လျှောက်သွား‌နေတဲ့ သံဃာအတုအယောင်တစ်ပါးကို လူဝတ်လဲ ရဲလက်အပ်

    ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၈ ရက်နေ့ ညက ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်မှာ တာဝန်သိပြည်သူတစ်ဦးရဲ့ ဖုန်းသတင်းပေးမှုအရ သံဃာအတုအယောင်တစ်ပါးကို သင်္ကန်းချွတ် လူဝတ်လဲခဲ့ရကြောင်း မြို့နယ် ဝိသောဓနီအဖွဲ့မှ အရှင်တေဇသီရိက မိန့်ပါတယ်။

    ဖြစ်စဉ်က နိုဝင်ဘာ ၁၈ ရက်၊ ည ၉ နာရီကျော်ခန့်အချိန် အုတ်တွင်းမြို့နယ်၊ ဟင်းငုတ်ပင် Toll Gate မှာ သင်္ကန်းဝတ်တစ်ပါးက ရိုင်းစိုင်းစွာ ပြောနေ‌ဆို‌နေကြောင်း သတင်းအရ သွားရောက်ရာ တောင်ငူဘက်လားရာသို့ လမ်းလျှောက်သွားကြောင်း မျက်မြင်တွေ့သူတွေက ပြောဆိုလို့ မြို့နယ် ဝိသောဓနီအဖွဲ့(သာ/ထိန်း)က နောက်က‌နေ လိုက်လံရှာဖွေခဲ့တယ်လို့ သိရပါတယ်။

    အဲ့ဒီလိုရှာ‌ဖွေရာ ခပေါင်း ကျောင်းရှစ်ဆယ် နှစ်ဆန်းကွက်သစ်နားအ‌ရောက် သင်္ကန်းဖရိုဖရဲရုံလျက် လမ်းလျှောက်နေတဲ့ အဆိုပါသံဃာကို တွေ့ရတာ‌ကြောင့် ရပ်တန့်စစ်ဆေးမေးမြန်းရာ မသင်္ကာစရာ အခြအနေမို့ ကျောင်းတိုက်ဆီခေါ်ဆောင်လာပြီး စစ်ဆေးခဲ့ကြောင်း၊ အဲဒီလိုစစ်ဆေးရာ သပိတ်အသစ်၊ လူစီးဖိနပ်၊ မယ်ဆိုင်ကနေ ထိုင်းဘက်ကို ကူးထားတဲ့ နိုင်ငံဖြတ်ကျော်ကတ်တွေ တွေ့ရှိရပြီး သာသနာနဲ့ ပတ်သက်တဲ့ အထောက်အထားတွေအဖြစ် မုံရွာမြို့မှ အထင်ကရ တိုက်ခွဲတစ်ခုအမည်နဲ့ အတုအပလုပ် ဆောင်ထားတဲ့ ရက်ချုပ်ကို သိမ်းဆည်းရမိထားတယ်လို့ သိရပါတယ်။

    “ဘုန်းဘုန်းတို့ကတော့ သံဃဝိနည်းနဲ့အညီပဲ စစ်တာပေါ့။ အဲဒီမှာ မေတ္တာသုတ်ကို တလွဲတွေရွတ်၊ သံဃဒိသေသ ကမ္မ(သံဃဒိသိသ် အာပါတ်) ဘယ်နှစ်ပါးမှန်းမသိ၊ ဒေသနာကြားတာလည်း မရ၊ ပြောတော့ (၇)ဝါ (သံဃ မှတ်ပုံတင်မရှိ) ရဟန်းရက်ချုပ်မှာက ရေးထားတာ ၁၃၈၅ တပို့တွဲလ။ သူက လူထွက်လိုက်၊ ပြန်ဝတ်လိုက် လုပ်နေတာကိုး။ သူအရင်ကဝတ်ခဲ့တဲ့ စဝတ်တဲ့ ခုနှစ်နဲ့ပဲ တွက်နေတယ်။ ထွက်တာတွေ ထည့်မတွက်ဘူး။ သံဃာမှာ အဲ့လိုတွက်လို့မရဘူး။ သာသနာနဲ့စပ်လျင်းတာ တွေဘာမှ မေးမရဘူး​။ ထုံးစံအတိုင်း လူဝတ်လဲ ရဲတပ်ဖွဲ့ လက်ထဲအပ်ပေးလိုက်တယ်” လို့ ဆိုပါတယ်။

    ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်ထဲမှာ ကျောင်းထိုင် ၃ ပါးအဝင် သံဃဝိနည်းနဲ့ မညီတဲ့ ရဟန်းဝတ်‌တချို့ကို အုတ်တွင်းမြို့နယ်သာထိန်းအဖွဲ့က လူဝတ်လဲ ရဲလက်အပ်အရေးယူမှုပေါင်း ၂၅ မှုရှိပြီလို့ အုတ်တွင်းမြို့နယ်၊ မြို့နယ် သံဃဝန်ဆောင်၊ မြို့နယ် ဝိသောဓနီအဖွဲ့(သာ/ထိန်း)ထံကနေ သိရပါတယ်။

    အုတ်တွင်းမြို့နယ်၊ မြို့နယ် သံဃဝန်ဆောင်၊ မြို့နယ် ဝိသောဓနီအဖွဲ့(သာ/ထိန်း)မှ ဆရာတော် ဘဒ္ဒန္တ တေဇသီရိ(ရင်ခုန်သံ ရှင်ရေးကူညီမှုအသင်း၊အုတ်တွင်းမြို့) က “ဦးဇင်းလည်း ဒီလိုလိုက်လုပ်နေတာ သာသနာမျက်နှာကြောင့်ပါ။ အများစုက အမုန်းမခံလိုတော့ ငြိမ်နေကြတာပဲ။ တကယ့်တကယ်က မြို့နယ်ထဲ အလှူခံဝင်လာပြီဆိုရင် ရပ်ကျေးသံဃနာယက က ထွက်ပြီး စစ်ပေးသင့်တယ်။ အဲ့ဒါဆို ဦးဇင်းတို့ သာထိန်းတွေ ဝင်ပါစရာ မလိုဘူးလေ။ လူမုန်းတာထက် သံဃာအချင်းချင်း မုန်းကြတယ်။ မတတ်နိုင်ဘူး။ ဒီလို သာသနာကို ခုတုံးလုပ်တာကကြ‌တော့ ဗုဒ္ဓဘာသာ ကိုးကွယ်သူ ဒါယကာ ဒါယိကာမတွေရဲ့ သဒ္ဓါတရားလည်း ရိုက်ချိုးရာကျတယ်” လို့ မိန့်ကြားပါတယ်။