Category: News

  • အနုပညာရှင်တချို့ကို ပဲတင်ပို့ခွင့်လိုင်စင်ပါမစ်များ ချထားပေးပြီး စစ်တပ်က သူကောင်းပြု

    အနုပညာရှင်တချို့ကို ပဲတင်ပို့ခွင့်လိုင်စင်ပါမစ်များ ချထားပေးပြီး စစ်တပ်က သူကောင်းပြု

    မင်းအောင်လှိုင်နှင့် စစ်တပ်ကို ထောက်ခံသော အနုပညာရှင်တချို့ကို ပဲတင်ပို့ခွင့်လိုင်စင်ပါမစ်များ ချထားပေးပြီး စစ်တပ်က သူကောင်းပြု

    အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် စစ်တပ်ကို ထောက်ခံသော အနုပညာရှင်တချို့ကို ပဲတင်ပို့ခွင့်လိုင်စင်ပါမစ်များ ချထားပေးပြီး စစ်တပ်က သူကောင်းပြုကြောင်း ပြည်ပသို့ ပဲတင်ပို့နေသော ကုန်သည်ကြီးတစ်ဦးက ပြောဆိုသည်။

    အကြမ်းဖက်စစ်တပ်က ပြုလုပ်သော ပွဲလမ်းသဘင်များ၊ မင်းအောင်လှိုင်၏ ပြည်ပခရီးစဉ်မှ ပြန်လာသော ကြိုဆိုပွဲများသို့ တက်ရောက်သော ရုရှင်မင်းသမီး စိုးမြတ်သူဇာ အပါအဝင် အနုပညာရှင်တချို့ကို စစ်တပ်က ပဲတင်ပို့ခွင့်ပြုသည့် ပါမစ်များ ချထားပေးကြောင်း၊ အဆိုပါ အနုပညာရှင်တချို့က ၎င်းတို့ ရရှိသော ပဲတင်ပို့ခွင့် ပါမစ်များကို ပြည်ပသို့ ပဲတင်ပို့မည့် ကုန်သည်များထံသို့ ပြန်လည် ရောင်းချခြင်းဖြင့် ငွေသားများ ရရှိကြကြောင်း သိရှိရသည်။

    “စိုးမြတ်သူဇာဆိုရင်လည်း ပဲတင်ပို့ခွင့်ပါမစ် တန်ချိန် ထောင်ဂဏန်းရတယ်။ အဲဒါကိုကျနော်တို့ ကုန်သည်တွေက ပြန်ကောက်တယ်။ ပါမစ်ကို ပြန်ရောင်းပြီး ငွေဖော်တာပေါ့” ဟု ပြည်ပသို့ ပဲတင်ပို့နေသော ကုန်သည်ကြီးတစ်ဦးက ဆိုသည်။

    အကြမ်းဖက်စစ်တပ်က စစ်အာဏာသိမ်းပြီးနောက် သွင်းကုန်နှင့်ပို့ကုန်များကို ပါမစ်များ တင်းကျပ်လိုက်ပြီး နိုင်ငံခြားငွေသုံးစွဲမှုကန့်သတ်ကာ ပါမစ်များကို အခွင့်ထူးခံအဖြစ် စစ်တပ်နှင့်ခရိုနီအသိုင်းအ၀ိုင်းတွင် အလွယ်တကူ ရရှိငွေဖော်စေနိုင်သော ပစ္စည်းတစ်ခုအဖြစ် ကြားခံ သုံးစွဲလာကြောင်း သိရှိရသည်။

    လက်ရှိတွင် မင်းသားနေအောင်၊ ရန်အောင်၊ စင်ရော်မောင်မောင်၊ ခန့်စည်သူ၊ မေသဉ္ဏာဦး၊ ဒိန်းဒေါင်၊ အုန်းသီး၊ ကျော်ကျော်နန္ အပါအဝင် အနုပညာရင်အသိုင်းအ၀ိုင်းမှာ စစ်တပ်ကို ထောက်ခံရုံသာမကတော့ဘဲ ကြံ့ဖွတ်ပါတီ၏ မဲဆွယ်စည်းရုံးရေးလှုပ်ရှားမှုများတွင်ပါ တက်တက်ကြွကြွ ပါဝင်လာကြောင်း သိရှိရသည်။

    ဓာတ်ပုံ- ၂၀၂၀၄ ခုနှစ် နှစ်ကုန်ပိုင်း ပြည်ပမှ ပြန်လည်ရောက်ရှိလာမည့် မင်းအောင်လှိုင်ကို ကြိုဆိုနေသည့် စစ်တပ်ထောက်ခံသော အနုပညာရှင်တချို့။

  • ဒေါ်အောင်ဆန်းစုကြည် ကို သေဒဏ်ပေးသင့်သည်ဟု Eleven ထောက်ချုပ်ဟောင်းတစ်ဖြစ်လည်း စစ်လော်ဘီတစ်ဦး ယုတ်မာစွာပြောကြား

    ဒေါ်အောင်ဆန်းစုကြည် ကို သေဒဏ်ပေးသင့်သည်ဟု Eleven ထောက်ချုပ်ဟောင်းတစ်ဖြစ်လည်း စစ်လော်ဘီတစ်ဦး ယုတ်မာစွာပြောကြား

    ဒေါ်အောင်ဆန်းစုကြည် ကို သေဒဏ်ပေးသင့်သည်ဟု Eleven ထောက်ချုပ်ဟောင်းတစ်ဖြစ်လည်း စစ်လော်ဘီတစ်ဦး ယုတ်မာစွာပြောကြား

    ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကာလအတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ပုဂ္ဂလိကဘဏ်လုပ်ငန်းရှင်တစ်ဦးနှင့် နားလည်မှုရယူကာ မဲဆွယ်စည်းရုံးမှု ပုံစံမျိုး လုပ်ဆောင်ခဲ့သည်ဟု Eleven Media Group ၏ သတင်းထောက်ချုပ်ဟောင်းနှင့် စစ်တပ်လော်ဘီ တစ်ဦးဖြစ်သည့် ဖြိုးဝေဝင်းက ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် စွပ်စွဲရေးသားထားသည်။

    Ko Ko Phyoe Wei ဆိုသည့် အကောင့်ကို သုံးစွဲနေသည့် အဆိုပါ သတင်းထောက်ချုပ်ဟောင်း၏ ရေးသားချက်တွင် ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၂၀ ရွေးကောက်ပွဲကာလ၌ ဘဏ်ဥက္ကဋ္ဌတစ်ဦးထံမှ မွေးနေ့လက်ဆောင်အဖြစ် တိုင်းဒေသကြီးတစ်ခုရှိ တောင်သူလယ်သမားများ၏ ကြွေးမြီများကို လျော်ပေးရန် တောင်းဆိုခဲ့ကြောင်း ဖော်ပြထားသည်။

    ယင်းတောင်းဆိုမှုကြောင့် ဘဏ်လုပ်ငန်းရှင်က တောင်သူများ၏ အကြွေးများကို “အမေစုက ချေခိုင်းလို့ ချေပေးလိုက်တာပါ” ဟု ပြောဆိုကာ လျော်ပေးခဲ့ရကြောင်း၊ ထိုလုပ်ရပ်၏ အကျိုးဆက်ကြောင့် ယင်းတိုင်းဒေသကြီးတစ်ခုလုံး၌ NLD ပါတီက အပြတ်အသတ် အနိုင်ရရှိခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

    “ဒေါ်စုက မွေးနေ့လက်ဆောင်တောင်း၊ အကြွေးတွေလျော်ခိုင်းပြီး သူ့ပါတီ မဲပေးခိုင်းတာဟာ ဒီမိုကရေစီနိုင်ငံတွေမှာ အလွန်ကြီးမားတဲ့ အဂတိမှု (Abuse of Power / Bribery) ဖြစ်ပြီး သေဒဏ်ပေးလို့ရတဲ့ အပြစ်မျိုးဖြစ်တယ်” ဟု ဖြိုးဝေဝင်းက ရေးသားထားသည်။

    ထို့အပြင် ၎င်းက လက်ရှိ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာ၏ ဖြစ်စဉ်နှင့် နှိုင်းယှဉ်ပြထားပြီး ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အာဏာအလွဲသုံးစားလုပ်မှုများ ရှိခဲ့သည်ဟု စွပ်စွဲထားသော်လည်း လက်ရှိ စစ်ကော်မရှင် အနေဖြင့် ထောင်ဒဏ် နှစ် ၂၀ ကျော်သာ ချမှတ်ထားခြင်းမှာ များစွာ သက်ညှာရာရောက်ကြောင်း ၎င်း၏ အမြင်ကို ထည့်သွင်းရေးသားထားသည်။

    “ဒီကိစ္စ တကယ်ဖြစ်ပျက်ခဲ့ရင် သူလည်းသတင်းသမားပဲ။ သတင်းသမားတစ်ယောက်အနေနဲ့ ဘယ်ဘဏ်၊ ဘယ်တိုင်း၊ ငွေပမာဏ ဘယ်လောက်ဆိုတာတွေနဲ့ အချက်အလက်ခိုင်မာအောင် ဖော်ထုတ်ရမယ်လေ။ အခုက အခြေခံအချက်အလက် တစ်ခုမှမပါဝင်ဘဲ တစ်ယောက်က ပြောတယ်ဆိုတာ ခိုင်လုံမှုမရှိဘူး။ နိုင်ငံခေါင်းဆောင်တစ်ဦးကို သေဒဏ်ပေးသင့်တဲ့အထိ ရေးသားတိုက်တွန်းနေတာပါ။ သတင်းသမားတစ်ဦးရဲ့ ဖော်ထုတ်တင်ပြခြင်း မဟုတ်ဘဲ ပုဂ္ဂိုလ်ရေးအမုန်းတရားနဲ့ လုပ်ကြံဝါဒဖြန့်ခြင်း (Malicious Propaganda) သက်သက်ဖြစ်ပါတယ်”ဟု ပြည်ပရောက် သတင်းအယ်ဒီတာတစ်ဦးက သုံးသပ်ပြောဆိုသည်။

    အဆိုပါ စွပ်စွဲချက်တွင် ပါဝင်သော ဘဏ်လုပ်ငန်းရှင်မှာ မည်သူဖြစ်သည်၊ မည်သည့်ဘဏ်ဖြစ်သည်နှင့် မည်သည့်တိုင်းဒေသကြီးတွင် ဖြစ်ပွားခဲ့သည်ဆိုသော အသေးစိတ် အချက်အလက်များကိုမူ တိကျစွာ ဖော်ပြထားခြင်း မရှိပေ။ လက်ရှိအချိန်တွင် ဒေါ်အောင်ဆန်းစုကြည်သည် စစ်ကော်မရှင်၏ မတရားသည့် အမှုပေါင်းများစွာဖြင့် ထောင်ဒဏ်ချမှတ်ခံထားရသော်လည်း အဆိုပါ ဘဏ်ကြွေးမြီကိစ္စနှင့် ပတ်သက်၍ တရားစွဲဆိုခံထားရခြင်း ရှိမရှိကိုမူ တရားဝင် ထုတ်ပြန်ထားခြင်း မရှိသေးပေ။

    “ဘဏ္ဍာရေးရှုထောင့်ကနေ ကြည့်ရင်လည်း တိုင်းဒေသကြီးတစ်ခုလုံး တောင်သူလယ်သမားတွေရဲ့ ကြွေးမြီပမာဏဆိုတာ သိန်းဂဏန်း၊ သောင်းဂဏန်းမျှသာ မဟုတ်ဘဲ ကျပ်ဘီလီယံပေါင်းများစွာ ပမာဏရှိနိုင်တယ်။ မြန်မာနိုင်ငံက ပုဂ္ဂလိက ဘဏ်တစ်ခုဟာ သူ့ရဲ့ ရှယ်ယာရှင်တွေ၊ ဗဟိုဘဏ်စာရင်းစစ်တွေနဲ့ ငွေစာရင်းရှင်းတမ်း (Audit Report) တွေမှာ ခြေရာလက်ရာမကျန်စေဘဲ ကြီးမားတဲ့ ငွေပမာဏကို လက်ဆောင်အဖြစ် လျော်ပေးလိုက်ဖို့ဆိုတာ လက်တွေ့မှာ ဖြစ်နိုင်ချေ လုံးဝမရှိသလောက် နည်းပါးတယ်”ဟု လေ့လာသူတစ်ဦးကလည်း သုံးသပ်ထားသည်။

    လက်ရှိအချိန်သည် စစ်ကော်မရှင်က ၎င်းတို့၏ နိုင်ငံရေးထွက်ပေါက်အဖြစ် ရှုမြင်ထားသော ရွေးကောက်ပွဲကို ကျင်းပရန် ပြင်ဆင်နေသည့် အချိန်ကိုက်ကာလလည်း ဖြစ်သည်။ ဤကာလတွင် စစ်ကောင်စီ လော်ဘီများနှင့် ဝါဒဖြန့်ချိရေး ယန္တရားများသည် လူထုထောက်ခံမှု ရရှိထားသော NLD ပါတီနှင့် ဒေါ်အောင်ဆန်းစုကြည်၏ ပုံရိပ်ကို ဖျက်ဆီးမှသာ ၎င်းတို့ ကျင်းပမည့် ရွေးကောက်ပွဲကို တရားဝင်မှု ရှိသယောင် ဖန်တီးနိုင်မည်ဟု တွက်ဆထားပုံရသည်။

    ထို့ကြောင့် ယခုကဲ့သို့ အခြေအမြစ်မရှိသော အဂတိစွပ်စွဲချက်များကို လုပ်ကြံဖန်တီးခြင်းသည် ရွေးကောက်ပွဲမတိုင်မီ အတိုက်အခံများကို နိုင်ငံရေးအရ လုပ်ကြံသတ်ဖြတ်ခြင်း (Character Assassination) နှင့် ပြည်သူ့အမြင်ကို သတင်းအမှားများဖြင့် အဆိပ်ခတ်ခြင်း (Poisoning Public Opinion) ဟူသည့် စနစ်တကျ စီစဉ်ထားသော မဟာဗျူဟာ၏ အစိတ်အပိုင်း တစ်ရပ်သာ ဖြစ်ကြောင်း သတိပြုမိရန် လိုသည်ဟု သုံးသပ်သူများက အသိပေးထားသည်။

  • အမေရိကန်တို့ ဘင်္ဂလားဒေ့ရှ်ထဲ ဝင်လာပြီ

    အမေရိကန်တို့ ဘင်္ဂလားဒေ့ရှ်ထဲ ဝင်လာပြီ

    ဘင်္ဂလားဒေ့ရှ်ရှိ မဟာဗျူဟာ အရ အရေးပါသော စစ်တကောင်း ဒေသအတွင်း အမေရိကန် တို့၏ စစ်ရေး လှုပ်ရှားမှု များ တွေ့လာရ၍ အဆိုပါအရေးသည် ဘင်္ဂလားဒေ့ရှ် ကိုသာမက ပတ်ဝန်းကျင် နိုင်ငံများကိုပါ သက်ရောက်မှု များ ရှိလာနိုင်၍ စိုးရိမ်မကင်း ဖြစ်လာနေသည်ဟု အိန္ဓိယ နိုင်ငံထုတ် The Economic Times သတင်းစာတွင် သတင်းအဖြစ် ဖေါ်ပြလာခဲ့သည်။

    အမေရိကန် လေတပ်၏ ခေတ်မီ နည်းဗျူဟာ မြောက် သယ်ယူပို့ဆောင်ရေး လေယာဉ်ကြီး ဖြစ်သော C-130J ဆူပါ ဟာကြူလီ သည် ဂျပန်ရှိ ယိုကိုတာ လေတပ် အခြေစိုက်စခန်း မှ နေ၍ စစ်တကောင်းရှိ ရှား အာမာနတ် နိုင်ငံတကာ လေဆိပ်သို့ ဆင်းသက်လာခဲ့သည်၊ ယင်းအား ဒေသအတွင်း အမေရိကန် ၏ စစ်ရေး လှုပ်ရှားမှု တရပ် အဖြစ် ရှူမြင်လာကြသည်။

    အိန္ဒိယ အရှေ့မြောက် ဒေသ နှင့် မြန်မာ နိုင်ငံ အပါအဝင် ပြင်ပ နိုင်ငံများက စိတ်ဝင်စားမှု များ ရှိလာနေသည့် သတင်းများ ထွက်ပေါ်လာချိန်တွင် အမေရိကန် စစ်လေယာဉ် ဆင်းသက်လာမှု သည် တိုက်ဆိုင်မှု မဟုတ်ဟု သတင်းစာက ရေးသားထားသည်။ အမေရိကန်နှင့် တရုတ် နှစ်နိုင်ငံစလုံးက မြန်မာနိုင်ငံ အတွင်းရှိ တိုင်းရင်းသား တော်လှန်ရေး အဖွဲ့များကို ဆွဲဆောင်နေချိန်လည်း ဖြစ်သည်ဟု ဆိုသည်။

    ဘင်္ဂလားဒေ့ရှ်တွင် မိုဟာမက် ယူနွတ်စ် အာဏာရလာချိန်မှစ၍ အမေရိကန် စစ်တပ်သည် စစ်တကောင်း ဒေသ သို့ မကြာခဏ ဆိုသလို ရောက်လာကြသည်ကို တွေ့မြင်ခဲ့ရသည်။ အခြေအနေကို လေ့လာခြင်း လော၊ ပူးတွဲ စစ်ရေး လေ့ကျင်ရန် အတွက်လော ဆိုသည်က သဲသဲကွဲကွဲ မသိရ၊ ပြီးခဲ့သည့် လ အနည်းငယ် အတွင်းက Operation Pacific Angle-25 နှင့် စစ်တကောင်း ဒေသတွင် Tiger Lightning-2025 အမည်ဖြင့် ပူးတွဲ စစ်ရေး လေ့ကျင့်မှု များ ပြုလုပ်ခဲ့ကြသည်။

    ပြီးခဲ့သည့် ရက်သတ္တပတ် အတွင်း အမေရိကန် တပ်များ ထပ်ရောက်လာသည့် အတွက် စစ်တကောင်း ဒေသတဝိုက် နောက်ထပ် စစ်ရေးလေ့ကျင့်မှု တရပ် ပြုလုပ်ရန် စီစဉ်နေသည်ဟု သတင်းအရင်းအမြစ်များက အသိပေးလာခဲ့သည်။ ပြီးခဲ့သည့် လ အတွင်း ဒက္ကားရှိ ခေတ်မီ ဟိုတယ်ကြီး တခု အတွင်း အမေရိကန် အထူး တပ်ဖွဲ့ (လေကြောင်းချီ) ကွပ်ကဲရေး အရာရှိ သေဆုံးနေသည်ကို တွေ့ခဲ့ကြရသည်။

    ဘင်္ဂလားဒေ့ရှ် စစ်ဖက်မှ ပူးတွဲ စစ်ရေး လေ့ကျင် မှု မှ လွဲ၍ အခြားအကြောင်းဖြင့် အမေရိကန် တို့ နိုင်ငံတွင်း ရောက်ရှိလာမှု ကို စိတ်မသက်မသာ ဖြစ်နေကြသည်ဟုလည်း သိရသည်။

    ၂၀၂၄ သြဂုတ်လ အတွင်း ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ် ဟာဆီနာ ပြုတ်ကျသွားစေခဲ့သည့် လမ်းပေါ် တော်လှန်ရေး တွင် အမေရိကန်၏ ခြေရာလက်ရာ မကင်းဟု စွပ်စွဲမှု များလည်း ထွက်ပေါ်ခဲ့သည်။ ဟာဆီနာ သည့် စိန့်မာတင် ကျွန်းအား အမေရိကန်သို့ လွှဲပေးရန် ငြင်းဆိုခဲ့၍ ဖြစ်သည်ဟု ဆိုသည်ဟု ရေးသားထားသည်။

    ထိုသတင်းသည် လွန်စွာ အထိခိုက် မခံသော သတင်းမျိုး ဖြစ်၍ အကျယ်ချဲ့ မဆွေးနွေးလိုတော့၊ ငြင်းသူများကလည်း ငြင်းကြမည်၊ ဖုံးသူများကလည်း ဖုံးဖိကြပေတော့မည်။ အမေရိကန်သည် ပါကစ္စတန် စစ်တပ်ကို ၎င်းတို့၏ အာဖဂန်နစ္စတန် တွင် ဆင်နွှဲနေသော အကြမ်းဖက်မှု တိုက်ဖျက်ရေး စစ်ပွဲ war on terror အတွက် လစဉ် ဒေါ်လာ သန်း ရာနှင့်ချီ ၍ ထောက်ပံ့ခဲ့ဖူးသည်။

    နောက် တခု တင်ပြလိုသည်က ယခု လ သည် ကုလသမဂ္ဂ တွင် ကမ္ဘာ့ခေါင်းဆောင်များ စုဝေးပြီး Responsibility to Protect (R2P) မူဝါဒ ချမှတ်ခဲ့သည်မှာ အနှစ် နှစ်ဆယ် ပြည့်မြောက်သွားခဲ့ပြီ ဖြစ်သည်။

    ၂၀၁၁ တွင် လစ်ဗျား ခေါင်းဆောင် ကဒါဖီ၏ ရန်မှ အရပ်သားများကို ကာကွယ်ရန် တကြိမ်သာ အသုံးချ ခဲ့သေးသည်။

    R2P ကို ချမှတ်ခဲ့သည့် ၂၀၀၅ တွင် ကမ္ဘာတဝှမ်း တွင် အကြမ်းဖက်မှု များကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရသူ စုစုပေါင်း ၃၇ သန်း ရှိခဲ့ရာမှ ယခု နှစ် တွင် ၁၂၂ သန်း အထိ ရှိလာပြီ ဖြစ်သည်။

    ယခုအခါ R2P သည် အရပ်သား ပြည်သူများကို ကာကွယ်ရန် မဟုတ်တော့ဘဲ နိုင်ငံကြီးများ ၏ မဟာမိတ် လုပ်ထားသူများနှင့် အကျိုးစီးပွားကို ကာကွယ်ရန်ဟု အဓိပ္ပါယ် ဖွင့်ဆိုနေကြပြီဟု R2P ၏ မူလ ဗိသုကာ တဦး ဖြစ်သည့် ထိုစဉ်က ကနေဒါ နိုင်ငံခြားရေး ဝန်ကြီး ဖြစ်သူ လွိုက် အက်စ်ဝပ်သီက ငြည်းတွားခဲ့သည်။

    ယခုအခါ ပြင်သစ် နှင့် မက္ကဆီကို တို့မှ လူအများအပြား အစုလိုက် အပြုံလိုက် သေဆုံးနေရသည့် အရေးအခင်းများ တွင် လုံခြုံရေး ကောင်စီ အမြဲတမ်း အဖွဲ့ဝင် နိုင်ငံများအား ဗီတို အာဏာ သုံးခွင့် မပြုရေးကို ဦးဆောင် လှုပ်ရှားနေကြသည်။

    လုံခြုံရေး ကောင်စီ ဆုံးဖြတ်ချက်များ ချမှတ်နိုင်ရေး အ‌ခြေအတင် ဆွေးနွေးရာတွင် R2P ကို အကြိမ်ပေါင်း တရာ နီးပါးခန့် ထည့်သွင်း ပြောဆိုခဲ့ကြသော်လည်း အချည်းနှီးသာ ဖြစ်သည်ဟု ဆိုသည်။

    ယခုအခါ တင်သမျှ အဆိုမှန်သမျှ ကို ရုရှား၊ တရုတ်၊ အမေရိကန် တို့မှ ဗီတိုသုံး ပယ်ချနေကြ၍ မတင်ပြချင်လောက်အောင် ဖြစ်နေကြသည်ဟု နယူးယောက် အ‌ခြေစိုက် R2P ဂလိုဘယ် စင်တာ မှ အမှုဆောင် ဒါရိုက်တာ မစ္စက် ဆာဗီတာ ပွန်ဒေးက‌ ပြောပြခဲ့သည်။

    R2P အရေးတကြီး လိုအပ်လာနေသည့် ယခုလို အချိန်တွင် ပြန်လည် အသက်သွင်းနိုင်ရန် နယူးယောက်သို့ ရောက်လာကြမည့် ကမ္ဘာခေါင်းဆောင်များ ဆွေးနွေးကြလိမ့်မည်ဟု မျှော်လင့်ရကြောင်း အက်စ်ဝပ်သီ က ဆိုသည်။

  • သာသနာအမှတ်တံဆိပ်ကပ်ကားများတွင် ဘုန်းကြီးမပါဘဲ အသုံးမပြုရန်

    သာသနာအမှတ်တံဆိပ်ကပ်ကားများတွင် ဘုန်းကြီးမပါဘဲ အသုံးမပြုရန်

    သာသနာအမှတ်တံဆိပ်ကပ်ကားများတွင် ဘုန်းကြီးမပါဘဲ အသုံးမပြုရန်၊ ဘုန်းကြီးများက မော် တော်ယာဉ် မမောင်းရန်နှင့် လူပုဂ္ဂိုလ်များက အရက်သေစာ သောက်စား၍ သာသနာကားများ မမောင်းကြရန် သံဃနာယကအဖွဲ့က ညွှန်ကြားချက် ထုတ်ပြန်

    မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်တွင် သာသနာအမှတ်တံဆိပ်ကပ်ကားများတွင် ဘုန်းကြီးမပါဘဲ အသုံးမပြုရန်၊ ဘုန်းကြီးများ မော်တော်ယာဉ် မမောင်းရန်နှင့် အရက်သေစာ သောက်စား၍ သာသနာကားများ မမောင်းကြရန် ပွင့်ဖြူမြို့နယ် သံဃနာယက အဖွဲ့က နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ညွှန်ကြားချက်ထုတ်ပြန်သည်။

    ဘုန်းကြီးကျောင်းတိုက်များအတွက် အသုံးပြုရန် ခွင့်ပြုထားသော သာသနာအမှတ်တံဆိပ်ကားများကို ဘုန်းကြီးများ ကိုယ်တိုင်မောင်းခြင်း၊ ဘုန်းကြီးများမပါဘဲ လူပုဂ္ဂိုလ်များကသာ သုံးစွဲခြင်း၊ အရက်သေစာ သောက်စား၍ လူပုဂ္ဂိုလ်ကများ မောင်းနှင်ခြင်းများ စသည့် သာသနာ ညိုးနွမ်းစေမည့် အပြုအမူများကို စိစစ်တွေ့ရှိရကြောင်း၊ ထို့ကြောင့် မြို့နယ်သံဃနာယကအဖွဲ့၏ ညွှန်ကြားချက်ကို လိုက်နာရန်၊ လိုက်နာခြင်းမရှိပါက တည်ဆဲဥပေဒအရ အရေးယူမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် သံဃနာယကအဖွဲ့က ထုတ်ပြန်သည်။

    ယခုနှစ် ဇွန်လအတွင်း အကြမ်းဖက် စစ်ကောင်စီက လိုင်စင်မဲ့ကားများကို စီမံချက်ဖြင့် ဖမ်းဆီးခဲ့သော်လည်း ဘုန်းကြီးကျောင်းနှင့်သံဃာတော်များအတွက် လိုင်စင်မဲ့ကားများကို မြို့နယ်သံဃာနာယကအဖွဲ့၏ ထောက်ခံချက်ဖြင့် ပြန်လည် စီးနင်းခွင့်ပြုခဲ့ခြင်းဖြစ်သည်။

    ဇွန်လ ၁ ရက်နေ့မှစတင်၍ အကြမ်းဖက်စစ်ကောင်စီက တစ်နိုင်ငံလုံးတွင် လိုင်စင်မဲ့ကားနှင့် ဆိုင်ကယ်များကို ဖမ်းဆီးခဲ့ကြောင်း၊ ဘုန်းကြီးကျောင်းများနှင့် စာသင်တိုက်များမှာ သာသနာအမည်တပ်ထားသော လိုင်စင်မဲ့ကားများကို အရှိန်အဟုန်ဖြင့် ဖမ်းဆီးခဲ့ကြောင်း၊ သို့ရာတွင် အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့မှ ဘုန်းကြီးများက စစ်ခေါင်းဆောင် မင်းအောင်လှိုင်ထံသို့ အသနားခံစာတင်ပြကြရာ သက်ဆိုင်ရာမြို့နယ်သံဃာနာယကအဖွဲ့ များ၏ ထောက်ခံချက်ဖြင့် လိုင်စင်မဲ့ကားများကို ပြန်လည် စီးနင်းခွင့်ပြုလိုက်ခြင်းဖြစ်သည်။

    မြို့နယ်သံဃာနာယကအဖွဲ့များကလည်း သာသနာအတွက် အမှန်တကယ်အသုံးပြုနေသော ကားများကို ထောက် ခံချက်ထုတ်ပေးရာတွင် သေချာစွာ မှတ်ပုံတင်ထားပြီး မြို့နယ်ရဲတပ်ဖွဲ့၊​ ထွေ/အုပ်နှင့် နယ်မြေခံတပ်နယ်မှူးများထံသို့ ထောက်ခံချက်ထုတ်ပေးထားသည့် သာသနာကားစာရင်းပေးပို့ထားရသည်။

    သို့ရာတွင် သက်ဆိုင်ရာ ဘုန်းကြီးကျောင်းများက မြို့နယ်သံဃနာယကအဖွဲ့များ၏ ခွင့်ပြုချက်များရယူ၍ သာသနာအမှတ်တံဆိပ်ကားများကို ငွေကြေးလှူဒါန်းသော ဒကာနှင့်ဒကာမများ စီးနင်းရန် ကားများ ကို ပေးအပ်ကြကြောင်း၊ ထိုသို့ ပေးအပ်ရာတွင် တချို့သော သာသနာအမှတ်တံဆိပ်ကားများမှာ ရန်ကုန်မြို့ ဘားနှင့်နိုက်ကလပ်များတွင် ညပိုင်းရပ်နားထားကြကြောင်း သိရှိရသည်။

    “ငွေတတ်နိုင်တဲ့သူတွေက ဘုန်းကြီးကျောင်းကို အလှူငွေ ထည့်ပြီးတော့ သာသနာအမှတ်တံဆိပ်ကားကို ပြန်စီးကြတာ။ ဘုန်းကြီးတွေကလည်း လစဉ် အလှူငွေရနေတော့ ဘုန်းကြီးကားတွေကို ပေးစီးနေတာ” ဟု ဗဟန်းမြို့နယ်မှ စာသင်တိုက်တစ်ခု၏ ကျောင်းထိုင်ဆရာတော်က ရှင်းပြသည်။

  • ဝန်ကြီးချုပ်ရုံး အမြဲတမ်းအတွင်းဝန်အား တာဝန်မှယာယီရပ်နားပြီး တိုင်ကြားမှုကို စစ်ဆေးနေဟု NUG ထုတ်ပြန်

    ဝန်ကြီးချုပ်ရုံး အမြဲတမ်းအတွင်းဝန်အား တာဝန်မှယာယီရပ်နားပြီး တိုင်ကြားမှုကို စစ်ဆေးနေဟု NUG ထုတ်ပြန်

    အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ်ရုံး အမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာနဲ့ ခင်ပွန်းဖြစ်သူတို့ တာဝန်ကနေ ယာယီရပ်နားထားပြီး တိုင်ကြားခံထားရတဲ့ အမှုကို စုံစမ်းစစ်ဆေးရေးအဖွဲ့နဲ့ စစ်ဆေးနေပြီလို့ NUG က နိုဝင်ဘာ ၂၄ ရက် ဒီနေ့ ထုတ်ပြန်ပါတယ်။

    ဒေါ်ကြည်ပြာနဲ့ သူ့ရဲ့ခင်ပွန်းတို့ကို အလွဲသုံးစားမှု၊ အဂတိလိုက်စားမှု စတာတွေနဲ့ ဝန်ကြီးချုပ်ရုံးကနေ နုတ်ထွက်ခဲ့ကြတဲ့ ဝန်ထမ်းတွေက နိုဝင်ဘာ ၁၉ ရက်စွဲပါစာနဲ့ စွပ်စွဲ တိုင်ကြားခဲ့တာ ဖြစ်ပါတယ်။

    နိုင်ငံတော်ယာယီသမ္မတ၊ ပြည်ထောင်စုဝန်ကြီးချုပ်နဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ တို့ဆီကို လိပ်မူထားတဲ့ အဲဒီတိုင်စာဟာ ပြည်ထောင်စုဝန်ကြီးချုပ်ရုံးရဲ့ အီးမေးလ်ကို မရောက်လာပေမဲ့ နိုင်ငံတော်အကြီးအကဲဖြစ်သူ ယာယီသမ္မတဆီကို ရောက်ရှိလာတာကြောင့် ဒါကိုဆောင်ရွက်ဖို့ ပြည်ထောင်စုဝန်ကြီးချုပ်က ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၂ ရက်နေ့မှာ စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းတဲ့အမိန့် ထုတ်ပြန် ဖွဲ့စည်းခဲ့တယ်လို့ ဆိုပါတယ်။

    စုံစမ်းစစ်ဆေးရေးအဖွဲ့အနေနဲ့ တိုင်ကြားသူတွေ၊ တိုင်ကြားခံရသူတွေ၊ နှစ်ဖက် သက်သေတင်ပြတာတွေရှိရင် တင်ပြတဲ့သက်သေတွေ၊ တိုင်ကြားတာနဲ့ပတ်သက်ပြီး စစ်ဆေးဖို့လိုတဲ့ သက်သေတွေကို ခေါ်ယူစစ်ဆေးတာကို အမြန်ဆုံးလုပ်ပြီး တွေ့ရှိချက်တွေ၊ အကြံပြုချက်တွေကို ဝန်ကြီးချုပ်ဆီ ပြန်လည်တင်ပြဖို့ တာဝန်ပေးအပ်ထားပြီလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

    တိုင်ကြားစာအပေါ် လိုအပ်တဲ့ စုံစမ်းစစ်ဆေးတာတွေ လုပ်နေတဲ့ ကာလအတွင်း တိုင်ကြားခံရသူတွေကို နိုဝင်ဘာ ၂၂ ရက်ကစပြီး တာဝန်ကနေ ယာယီရပ်နားထားတယ်လို့လည်း ဆိုပါတယ်။

    စုံစမ်းစစ်ဆေးရေးအဖွဲ့အနေနဲ့လည်း လုပ်စရာတွေကို စလုပ်နေပြီဖြစ်ပြီး စစ်ဆေးတွေ့ရှိချက်တွေ အပေါ်မူတည်လို့ လိုအပ်တဲ့ အရေးယူဆောင်ရွက်တာတွေ ဆက်လုပ်သွားမယ်လို့လည်း ဆိုပါတယ်။

    အတွင်းဝန် ဒေါ်ကြည်ပြာနဲ့ သူ့ခင်ပွန်းတို့ကို ဝန်ကြီးချုပ်ရုံး ဝန်ထမ်း ၁၉ ယောက်က တိုင်ကြားထားတာဖြစ်ပြီး ငွေကြေးကိစ္စအပါအဝင်၊ လုပ်ငန်းဆိုင်ရာ မလျော်ကန်တာတွေကို တင်ပြထားပါတယ်။

    ဒေါ်ကြည်ပြာကတော့ “သတင်းမှားတွေကို သတင်းမီဒီယာကို အင်တာဗျူးသူတွေ၊ တိုင်ကြားခြင်းကို ဦးဆောင်ခဲ့သူတွေအနေနဲ့လည်း မိမိလုပ်ရပ်အပေါ် တာဝန်ယူရမှာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် ဝန်ထမ်းများအတွက် နေထိုင်ခွင့်အထောက်အထား မပြုလုပ်ပေးဘူးဆိုတဲ့ကိစ္စဟာ လုံးဝ မှားယွင်းနေသလို၊ ဝန်ထမ်း ၈ ယောက်လောက်ကို အခန်းကျဉ်းတခုပဲ ပေးထားပြီး နေ့တိုင်း ရုံးတက်ရတယ် ဆိုတဲ့ကိစ္စမျိုး၊ ငွေကြေးတွေ စာရင်းပျောက်ကိစ္စမျိုး၊ ခွေးလေးတွေအတွက် တလ ဘတ်တသောင်းကျော် သုံးတယ်ဆိုတဲ့ ကိစ္စမျိုး စတာတွေဟာ အချက်အလက်တွေ တော်တော် လွဲမှားနေပြီး တချို့အကြောင်းအရာတွေကတော့ စွပ်စွဲချက်လို့ ပြောရမှာတောင် အတော်လေးခက်တဲ့ အနေအထားပါ။ အခြေအမြစ်မရှိတဲ့ အိမ်သာခွဲသုံးတဲ့ ကိစ္စလိုမျိုး၊ ခွေးလေးတွေနဲ့ အတူတူ ရုံးတက်ရတယ်ဆိုတဲ့ ကိစ္စလိုမျိုးပေါ့” လို့ သူ့ရဲ့ ဖေ့စ်ဘွတ်ခ်ကနေ တုံ့ပြန် ရေးသားထားပါတယ်။

    တိုင်ကြားခံရတဲ့ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး အမြဲတမ်းအတွင်းဝန်ကို တာဝန်က ယာယီရပ်နား

    စုံစမ်းစစ်ဆေးမယ်လို့ NUG အသိပေး

    အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ပြည်ထောင်စုဝန်ကြီးချုပ်ရုံးအမြဲတမ်းအတွင်းဝန်မကြည်ပြာနဲ့ ခင်ပွန်းဖြစ်သူ ကိုညီညီမင်းတို့ဟာ မလျော်ကန်တဲ့အပြုအမူတွေပြုလုပ်ခဲ့တယ်ဆိုပြီး ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ဝန်ထမ်းဟောင်းတွေက တိုင်ကြားတာနဲ့ပတ်သက်ပြီးစုံစမ်းစစ်ဆေးသွားမယ်ဖြစ်ကြောင်း NUGက ထုတ်ပြန်ခဲ့ပြီး တိုင်ကြားခံရသူကို နိုဝင်ဘာ ၂၂ရက်က စတင်ပြီးတာဝန်ကနေ ယာယီရပ်နားထားကြောင်း ထုတ်ပြန်ပါတယ်။

    အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး NUGက ဒီကနေ့ နိုဝင်ဘာ ၂၄ရက်မှာ ဆောင်ရွက်ထားမှု အခြေအနေကို အသိပေးထုတ်ပြန်ခဲ့ရာ နိုဝင်ဘာ ၁၉ ရက်စွဲနဲ့ နိုင်ငံတော်ယာယီသမ္မတ၊ ပြည်ထောင်စုဝန်ကြီးချုပ်နဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီဥက္ကဋ္ဌတို့ထံ လိပ်မူထားတဲ့ တိုင်စာဟာ ပြည်ထောင်စုဝန်ကြီးချုပ်ရုံးရဲ့ မေးလ်ကို ရောက် လာခြင်းမရှိပေမယ့် နိုင်ငံတော်အကြီးအကဲဖြစ်သူ ယာယီသမ္မတထံရောက်ရှိတဲ့အတွက် အဲဒီကိစ္စ ဆောင်ရွက်ဖို့ပြည်ထောင်စုဝန်ကြီးချုပ်က နိုဝင်ဘာ ၂၂ရက်မှာ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းခြင်းအမိန့် ထုတ်ပြန်ဖွဲ့စည်းခဲ့တယ်လို့ ဖော်ပြပါတယ်။

    စုံစမ်းစစ်ဆေးရေးအဖွဲ့အနေနဲ့ တိုင်ကြားသူတွေ၊ တိုင်ကြားခံရသူတွေ နှစ်ဖက်သက်သေတင်ပြမှုတွေရှိလာပါက တင်ပြတဲ့သက်သေတွေ တုင်ကြားမှုနဲ့ ပတ်သက်လို့ စစ်ဆေးဖို့လိုအပ်တဲ့ သက်သေတွေကို ခေါ်ယူစစ်ဆေးမှုအမြန်ဆုံးဆောင်ရွက်ပြီး တွေ့ရှိချက်တွေ အကြံပြုချက်တွေကို ဝန်ကြီးချုပ်ထံ ပြန်လည်တင်ပြဖို့ တာဝန်ပေးထားတယ်လို့ ဆိုပါတယ်။

    တိုင်ကြားစာအပေါ် လိုအပ်တဲ့ စုံစမ်းစစ်ဆေးမှုပြုလုပ်နေစဉ် တိုင်ကြားခံရသူတွေကို နိုဝင်ဘာ၂၂ရက်မှ စတင်ပြီးတာဝန်မှ ယာယီရပ်နားထားကြောင်း ထုတ်ပြန်ခဲ့ပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့အနေနဲ့လည်း ဆောင်ရွက်ရန်ရှိတဲ့ လုပ်ငန်းတွေစတင်ဆောင်ရွက်နေကြောင်း အသိပေးပါတယ်။

    စစ်ဆေးတွေ့ရှိချက်များအပေါ်မူတည်ပြီး လိုအပ် သော အရေးယူဆောင်ရွက်မှုတွေ ဆက်လက်လုပ်ဆောင်သွားမယ်လို့လည်း ထုတ်ပြန်ပါတယ်။

    မကြည်ပြာနဲ့ ခင်ပွန်းဖြစ်သူတို့ဟာ လူ့အခွင့်အရေးချိုးဖောက်တာ ၊ အလွဲသုံးစားလုပ်တာ၊ အဂတိလိုက်စားတာ၊ ဝန်ထမ်းတွေအပေါ် နဲ့ တော်လှန်ရေးအစိုးရ အတွင်း မလျော်ဩဇာသုံး လွှမ်းမိုးခြယ်လှယ် ဆောင်ရွက် နေတာလို့ တိုင်ကြားသူတွေက စွပ်စွဲထားပါတယ်။

    တိုင်ကြားသူဝန်ထမ်း ၁၂ဦးရဲ့ တော်လှန်ရေးအမည်တွေနဲ့ တိုင်ကြားထားတာဖြစ်ပြီး ရုံးအဖွဲ့ဝင်တွေ၊ ဦးစီးအရာရှိ၊ညွှန်ကြားရေးမှူး၊ လက်ထောက်ညွှန်မှူး၊တွဲဖက်အတွင်းဝန်၊ ယာဉ်မောင်း စသူတွေ ပါဝင်တာကို စာမှာ တွေ့ရပါတယ်။

    တိုင်ကြားစာမှာအမြဲတန်းအတွင်းဝန် မကြည်ပြာရဲ့မောက်မာမှု၊မလျော်ဩဇာသုံးစွဲမှု၊ အလွဲသုံးစားမှု၊ အထက်ဖားအောက်ဖိစရိုက်တွေကြောင့် ၂၀၂၂ကနေ ၂၀၂၅အတွင်း ဝန်ကြီးချုပ်ရုံး ဝန်ထမ်း ၁၉ဦး ရုံးကို စွန့်ခွာခဲ့ကြတယ်လို့ တိုင်စာမှာ စွပ်စွဲထားပြီး မကြည်ပြာဟာပုဂ္ဂိုလ်ရေးအကျိုးစီးပွားအတွက် ဝန်ကြီးချုပ်ကိုပါ ကြိုးကိုင် ချယ်လှယ်တယ်လို့ စာမျက်နှာ၂၅ မျက်နှာရှိပြီးအချက်ပေါင်း ၂၀ပါဝင်တဲ့တိုင်ကြားစာမှာစွပ်စွဲရေးသားထားပါတယ်။

    တိုင်စာနဲ့ပတ်သက်ပြီး ကာယကံရှင်မကြည်ပြာက ဒီကနေ့ နိုဝင်ဘာ ၂၀ရက်မှာ သူ့ရဲ့ ဖေ့စ်ဘွတ်ခ်ကနေ ပြန်လည်ရှင်းလင်းထားပါတယ်။

    သေးငယ်တဲ့ပုဂ္ဂိုလ်ရေးမကျေနပ်ချက်တခုကိုအရင်းပြုပြီး စနစ်တကျစီစဉ်ထားတဲ့ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုကို ပထမဦးဆုံးကြုံရခြင်းပဲဖြစ်ကြောင်း မကြည်ပြာက ရေးသားထားပြီး အမြန်ဆုံးစုံခုံဖွဲ့ စစ်ဆေးဖို့ တာဝန်ရှိသူတွေဆီတောင်းဆိုထားသလို အပြည့်အ၀ ပူးပေါင်းဆောင်ရွက်မယ်လို့ အသိပေးပါတယ်။

    နိုင်ငံရေးအရ တော်လှန်ရေးအခြေအနေတွေ အကဲဆတ်တဲ့ကာလမှာ NUG ဝန်ကြီးချုပ်ရုံးခေါင်းစဉ်နာမည်တပ်ပြီး လွဲမှားတဲ့စွပ်စွဲချက်တွေနဲ့ နိုင်ငံရေးသိက္ခာချတာကိုလက်ခံမှာမဟုတ်ဘူးလို့လည်း မကြည်ပြာက ရေးသားထားပါတယ်။

    သတင်းမှားတွေကို သတင်းမီဒီယာကိုအင်တာဗျူးသူတွေ၊ တိုင်ကြားခြင်းကိုဦးဆောင်ခဲ့သူတွေအနေနဲ့လည်း မိမိလုပ်ရပ်အပေါ်တာဝန်ယူရမှာဖြစ်ကြောင်း မကြည်ပြာကရေးသားထားသလို စွပ်စွဲချက်တွေအတွက် လိုအပ်ရင်လိုအပ်သလို ဆက်လက်ဖြေရှင်းဆောင်ရွက်သွားမယ်လို့ အသိပေးပါတယ်။