Category: News

  • ပီဒီအက်(ဖ) တွေ ကို မောင်းထုတ် ပြီး  ထုံး နဲ့ စည်း တား လိုက် ပါ ပြီ

    ပီဒီအက်(ဖ) တွေ ကို မောင်းထုတ် ပြီး ထုံး နဲ့ စည်း တား လိုက် ပါ ပြီ

    မြန်မာ့ တပ်မတော် က သံချပ်ကာကား တွေ၊ အမြောက် တွေ၊ ဒုံးလက်နက် တွေ၊ စက်သေနတ်တွေ၊ လက်ဖြောင့် တပ်သား တွေ ပါတဲ့ စစ်ကားတန်း ကြီး ဟာ မိုးကုတ် မြို့ နဲ့ ဆယ်မိုင် ကျော်လောက် ပဲ ဝေး တော့ တဲ့ ညောင်ကုန်း၊ လွယ်မွန်း နဲ့ လယ်ကြီး ရွာ တွေ ကို ရောက်ရှိ နေ ချိန် မှာ မိုးကုတ် မြို့ ထဲ မှာ ပလောင် လက်နက်ကိုင် အဖွဲ့ ဟာ မိုးကုတ် မြို့ခံ ပီဒီအက်(ဖ) တွေ ကို ပါ မြို့ ထဲ က မောင်းထုတ် လိုက် ပြီ လို့ သိရ ပါတယ်။

    လွန်ခဲ့ တဲ့ သီတင်း တစ်ပတ်ကျော် လောက်က ပလောင် လက်နက် ကိုင် တွေ ဟာ PDF တွေ ကို သူတို့ အခြေစိုက် စခန်း တွေ ရှိ တဲ့ မန်တုံ၊ နမ္မတူ စတဲ့ ဘက် တွေ ကို ခေါ်သွား ဖို့ အစီအစဉ် ရှိ ပေမယ့် ပလောင် ထောက်လှမ်းရေး တွေ က တာဂျုတ်ဂျား ကို တင် တဲ့ အစီရင် ခံစာ တွေ ထဲ မှာ မန္တလေး ပီဒီအက်(ဖ) ဟာ စစ်တပ် သတင်း ပေး နဲ့ မြန်မာ စစ်တပ် က နေ မြုပ်နှံ ထား သူ အများ ဆုံး အဖွဲ့ အစည်း ဖြစ်ပြီး ရာထူး ကြီးကြီး နေရာ တွေ တောင် ယူထားတာ လို့ ပလောင် ထောက်လှမ်းရေး အစီရင် ခံစာ မှာ ဖော်ပြ ထားပါတယ်။

    မန္တလေး ကနေ သပိတ် ကျဉ်း၊ မိုးကုတ် အထိ မှာ စစ်တပ် သတင်း ပေး တွေ ရှိ နေ တယ် လို့ အဲဒီ ဒေသတွေ ထိ သွား ရောက် သတင်း ယူ ခဲ့ တဲ့ နိုဝင်ဘာလ ၁၅ ရက်နေ့ ရက်စွဲ နဲ့ ပလောင် ထောက်လှမ်းရေး အစီရင် ခံစာ မှာ ဖော်ပြ ထား ပါတယ်။

    နိုဝင်ဘာလ ၁၉ ရက်နေ့ မှာ တော့ ပီဒီအက်(ဖ) တွေ ကို မိုးကုတ် မြို့ထဲ ကနေ နှင်ထုတ် လိုက်ကာ မြောက်ဘက် ဆိုရင် ရေပူ ကုလားကုန်း နဲ့ ကျီးမနိုး ကို မကျော်ရ၊ မိုးမိတ် လမ်းဘက် ဆိုရင် ပိန်းပစ် လမ်းဘက် ကို မကျော်ရ၊ တောင်ဘက် ဆိုရင် ကျောက်မဲ- မိုးကုတ် လမ်း ပေါ် တက်တာ မလုပ် ရ ဘဲ တော ထဲ နဲ့ ဖက်ယား ၊ ကျောက်ခမ်း ဘက် မှာ ပဲ သူတို့ အပြီး သတ် ဆုတ်ခွာ သွား တဲ့ ထိ နေရ မယ် လို့ အမိန့် ထုတ် ပြန် ရုံ တင်မက မိုးမိတ် လမ်း ဘက် မှာ ဆိုရင် ထုံး တွေ နဲ့ စည်း တား လိုက် ပြီး အဲဒီ စည်း ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ လ ၁ ရက်နေ့ နံနက် ခြောက်နာ ရီ ထိုး တဲ့ အထိ မကျော်ရ ဘူး၊ ကျော်လို့ ရှိ ရင် မင်းတို့ ကို မိတ်ဆွေ လို့ သတ်မှတ် လို့ မရ တော့ ဘူး လို့ တအောင်း တပ် က ပြောတယ် လို့ အမည် မဖော် လို တဲ့ မိုးကုတ် ဗျူဟာ အဖွဲ့ဝင် တစ်ဦး က ပြောပါတယ်။

    နှစ်ဆန်း တစ်ရက်‌ နေ့ မနက်ဘထိ မကျော်ရဘူး ပြောတယ်၊ ကျော်ရင် မိတ်ဆွေ မဟုတ်တော့ဘူး တဲ့ ဘာဆက် လုပ် မယ် ဆိုတာ တော့ မပြော ဘူး လို့ သူက ပြောပါတယ်။

    တစ်နှစ် ကျော်ကြာ မန္တလေး တိုင်း မိုးကုတ် မြို့ ကို ပလောင် တပ် တွေ က သိမ်းပိုက် ထား ရာ မှာ ပတ္တမြား စတဲ့ တွင်းထွက် ကျောက်မျက် ရတနာ တွေ၊ အခြား ဆက်ကြေး တွေ ကနေ ပလောင် တပ် တွေ ဟာ အမေရိကန် ဒေါ်လာ သန်း ၉၀ ကျော်ခန့် ရရှိ ခဲ့ ပြီး မန္တ့လေး ပီဒီအက်(ဖ) နဲ့ မိုးကုတ် ဗျူဟာ တို့ က ဒေါ်လာ ဆယ်သန်း ကျော်ခန့် ရ ရှိ ခဲ့ ပါတယ်။

    FNG

  • ပုသိမ်မြို့ရှိ အစိုးရနည်းပညာအထက်တန်း ကျောင်းအတွင်း ရန်ဖြစ်ပွားရာ အထိုးခံရသူ အသက် အန္တရာယ်စိုးရိမ်ရ

    ပုသိမ်မြို့ရှိ အစိုးရနည်းပညာအထက်တန်း ကျောင်းအတွင်း ရန်ဖြစ်ပွားရာ အထိုးခံရသူ အသက် အန္တရာယ်စိုးရိမ်ရ

    ဧရာဝတီတိုင်း၊ အစိုးရနည်းပညာအထက်တန်းကျောင်း (ပုသိမ်) ကျောင်းဝင်းအတွင်း နိုဝင်ဘာလ ၁၉ ရက်နေ့က ကျောင်းသားနှစ်ဦး စကားများရန်ဖြစ်ရာတွင် အထိုးခံရသူ ကျောင်းသားဟောင်းမှာ အသက်အန္တရာယ် စိုးရိမ်ရကြောင်း အထိုးခံရနှင့်ရင်းနှီးသူထံမှ သိရသည်။

    ဖြစ်စဉ်တွင် ကိုယ်ထိလက်ရောက် ကျူးလွန်ခံရသူ ကျောင်းသားဟောင်းသည် ပြင်းထန်သော ဒဏ်ရာများဖြင့် ပုသိမ်ဆေးရုံမှတစ်ဆင့် ရန်ကုန်ဆေးရုံကြီး သို့ ပို့ဆောင်ကာ ဆေးကုသမှု ခံယူနေရသည်။

    ထိုးနှက်ခံရမှုကြောင့် ဦးနှောက်သွေးယိုမှု၊ နှာခေါင်းရိုးကျိုး၊ လည်ပင်းရိုးကျိုး စသည့် ပြင်းထန်ဒဏ်ရာများ ရရှိခဲ့ပြီး ယနေ့အထိ သတိလစ်နေဆဲဖြစ်ကြောင်း သိရသည်။

    “ကျွန်တော့်သူငယ်ချင်းက သူ့ကျောင်းဟောင်းက ကျောင်းမှာအမှတ်စာရင်းသွားထုတ်တယ်။ အဲဒီမှာ တတိယနှစ်ကျောင်း သားရဲ့ ရည်းစားဟောင်းအကြောင်းကို စလိုက်တယ်။ အဲ့ဒါကို စိတ်ဆိုးသွားပြီးတော့ တိုင်နဲ့ခေါင်း ညှပ်ကန်လိုက်တာ။ အသေ သတ်မယ်ဆိုပြီး အောက်ထပ်မှာ ဒုတ်သွားယူလိုက်တော့မှ လူတွေသိကုန်တယ်။ ပုသိမ်ဆေးရုံပို့ကတည်းက သတိလစ်တာ ဒီနေ့အထိပဲ” ဟု ဆေးရုံတက် နေရသူ၏ သူငယ်ချင်းက ပြောသည်။

    ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့သူ တတိယနှစ်ကျောင်းသားကို ဖြစ်စဉ်ဖြစ်ပွားပြီးနောက် နိုဝင်ဘာ ၂၀ ရက်နေ့တွင် ရဲစခန်းက ဖမ်းဆီးသွားပြီး ကျောင်းဘက်မှလည်း ကျောင်းနှစ်နှစ်နားရန် အရေးယူခံ ထားကြောင်း သိရသည်။

    လက်ရှိတွင် စစ်ကော်မရှင်လက်အောက်ရှိ အထက်တန်းကျောင်းများအပါအဝင် အစိုးရနည်းပညာ အထက်တန်းကျောင်းနှင့် တက္ကသိုလ်ကျောင်းများ၌ ကျောင်းသားများအကြား ဆေးလိပ်၊ ဘီယာ၊ အရက် သောက်သုံးမှုများ ရှိနေပြီး ကျောင်းသားအချင်းချင်း ရန်ဖြစ်မှုများ တိုးပွားလာကြောင်း ယင်းကျောင်း များထံမှ စုံစမ်းသိရသည်။

    ဓာတ်ပုံ-ပြစ်မှုကျူးလွန်သူ

  • Murder at the Embassy

    Murder at the Embassy

    Murder at the Embassy (2025)

    ဇာတ်လမ်းအကျဉ်း

    ဒီဇာတ်ကားလေးက ၁၉၃၄ ခုနှစ် အီဂျစ် ကိုင်ရိုမြိုကို အခြေတည်ရိုက်ကူးထားတာပါ။

    အကြောင်းအမျိုးမျိုးကြောင့် အီဂျစ်ကို ရောက်နေကြတဲ့ လူငါးယောက်ဟာ သံရုံးထဲက လူသတ်မှုအတွက် သံသယရှိသူတွေ ဖြစ်သွားခဲ့ကြပါတယ်။

    ကံကောင်းစွာနဲ့ တစ်ခါမြင်ရင် ဘယ်တော့မှ မမေ့တော့တဲ့ မှတ်ဉာဏ်ကို ပိုင်ဆိုင်ထားတဲ့ စုံထောက်မလေး မီရန်ဒါကလည်း အီဂျစ်ကို ရောက်နေခဲ့ရင်း ဒီအမှုကို ဖြေရှင်းဖို ကြိုးစားတဲ့အခါမှာတော့…

    ရှင်းလေ ရှုပ်လေဖြစ်လာတဲ့ အမှုနဲ့ တစ်စထက်တစ်စ ပိုမို ရှုပ်ထွေးလာတဲ့ နိုင်ငံရေး လှည့်ကွက်တွေအကြား စုံထောက်မလေး မီရန်ဒါ တစ်ယောက် အမှုကို ဘယ်လို ဖြေရှင်းသွားမလဲ…

    လူသတ် တရားခံအစစ်ကရော ဘယ်သူများလဲဆိုတာကို ဆက်လက် ကြည့်ရှုပေးကြဦး။

  • တောင်ငူမှာ အသက်မပြည့်သေးတဲ့ သမီးကို အဓမ္မပြုကျင့်ခဲ့တဲ့ ဖခင် ထောင်ဒဏ် နှစ် ၆၀ ကျ

    တောင်ငူမှာ အသက်မပြည့်သေးတဲ့ သမီးကို အဓမ္မပြုကျင့်ခဲ့တဲ့ ဖခင် ထောင်ဒဏ် နှစ် ၆၀ ကျ

    ပဲခူးတိုင်း ၊ တောင်ငူမြို့နယ်မှာ အသက် ၁၂ နှစ်အရွယ် သမီးကို အဓမ္မပြုကျင့်ခဲ့တဲ့ ဖခင်ဖြစ်သူကို တောင်ငူခရိုင်တရားရုံးက ထောင်ဒဏ် နှစ် ၆၀ ကျခံဖို့ အမိန့် ချမှတ်လိုက်တယ်လို့ သိရပါတယ်။

    ဖခင်ဖြစ်သူ တရားခံ မောင်ခိုင် (ခ) ဇော်ခိုင် ဆိုသူကို ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားတဲ့အတွက် တောင်ငူခရိုင် တရားရုံးက နိုဝင်ဘာ ၂၀ ရက်နေ့မှာ ရာဇသတ်ကြီးပုဒ်မ-၃၇၆ (၁)အရ အလုပ်ကြမ်း နဲ့ ထောင်ဒဏ် နှစ် ၆၀ ချမှတ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

    ” ​တရားခံကို ကြီးလေးတဲ့ ပြစ်ဒဏ်ပေးနိုင်ဖို့ စွဲချက်နှစ်ခုတင်ခဲ့တော့ ၃၇၆ ပုဒ်မတခုကိုထဲကိုပဲ ပြစ်ဒဏ်တွေ ထပ်ထပ်ချလိုက်တာ လို့သိရတယ်။ အဲဒါကြောင့် ပုဒ်မက တခုတည်းနဲ့ ထောင်ဒဏ် နှစ် ၆၀ ရှိသွားတာပါ။ အဖေဖြစ်ပြီးတော့ ကိုယ့်သားသမီးကို လုပ်ရက်တာ ၊ယုတ်မာလွန်းတာ ဒီထက်မက ကျသင့်တယ်။ ကိုယ့်သားသမီးကို ကိုယ်တိုင်ကာကွယ်ရမှာကို ခုလို လူမဆန်စွာလုပ်တာ သေဒဏ်တောင်ပေးသင့်တာပါ။ ခုလို နှစ် ၆၀ ချတာလည်း သူ့အတွက် ထောင်ထဲ သေဖို့ပဲရှိပါတယ်။ဒီလိုလူမျိုးကိုတော့ လွတ်ငြိမ်းတွေထဲ ဘယ်တော့မှ ထည့်မလွှတ်ပေးပါနဲ့လို့ တောင်းဆိုပါတယ်။ ” လို့ တောင်ငူ ဒေသခံကပြောပါတယ်။

    ဖြစ်စဥ်ကတော့ တောင်ငူမြို့နယ် ဒိုးအင်းကျေးရွာအုပ်စုမှာ ဇူလိုင် ၆ ရက်နေ့က ဖြစ်ပွားခဲ့တာဖြစ်ကြောင်း ၊ အသက် ၁၂ နှစ်အရွယ် သမီးနဲ့ ၁၄ နှစ် သမီးနှစ်ယောက်က ညဘက်မှာ နေအိမ်ထဲ အတူအိပ်နေချိန်မှာ ဖခင်ဖြစ်သူက သမီးအကြီးကို အဓမ္မပြုဖို့ကြံစည်ရာ မအောင်မြင်တဲ့အတွက် သမီးငယ်ကို ခေါ်ယူကာ အဓမ္မပြုကျင့်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

    “ကလေးတွေက အဓမ္မကျင့်ခံရတာကို သူ့အဖွားဖြစ်သူကို ပြောပြတော့မှ အဖွားက ရဲစခန်းမှာ တိုင်လိုက်တာ ။ ရဲတွေက အဖေကို ဖမ်းပြီး စစ်ဆေးတယ် ။ ကလေးတွေကိုလည်း လူမှုဝန်ထမ်းက တာဝန်ရှိသူတွေနဲ့ တွေ့ပြီး အခြေအနေ မေးမြန်းပြီး ရုံးတင်လိုက်တာပဲ ။ ကလေးအမေက မရှိဘူး ။အဖေနဲ့ပဲ နေကြတာ ။ ဒီလိုလူမျိုးက အဖေမခေါ်ထိုက်ပါဘူး ။ ” လို့ ဖြစ်စဥ်သိသူ ဒေသခံက ပြောပါတယ်။

    အဓမ္မပြုကျင့်ခဲ့တဲ့ တရားခံဖြစ်သူ ဖခင်ကိုတော့ ဖြစ်စဥ် ဖြစ်ပွားပြီးနောက်ရက်မှာပဲ သက်ဆိုင်ရာ ရဲစခန်းက ဖမ်းဆီးက စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ခဲ့ကြောင်း ၊ ဖမ်းဆီးပြီး ၄ လကျော်အကြာမှာ ထောင်ဒဏ်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

    တောင်ငူခရိုင်အတွင်းက အဓမ္မပြုကျင့်မှုတွေနဲ့ပတ်သက်ပြီး ကျူးလွန်သူ တရားခံတွေကို ခရိုင်တရားသူကြီးက သေဒဏ် နဲ့ ထောင်ဒဏ်တသက်လွတ်ရက်မရှိ၊ နှစ်ရှည်ထောင်ဒဏ်တွေ အသီးသီး အမိန့်ချမှတ်မှုရှိထား ပါတယ်။

    ပြီးခဲတဲ့ စက်တင်ဘာလမှာ ဆိုရင် တောင်ငူခရိုင် ထန်းတပင်မြို့နယ်မှာ အသက်မပြည့်သေးတဲ့ ၁၂ နှစ်အရွယ် သမီးကို အဓမ္မပြုကျင်ခဲ့တဲ့ အဖေကို တောင်ငူခရိုင်တရားရုံးက ထောင်ဒဏ် အနှစ် ၄၀ ချမှတ် ခဲ့ပါတယ်။

    ဇူလိုင်လမှာ ဆိုရင်လည်း တောင်ငူခရိုင်တရားရုံးက ပဲခူးမြို့နယ် မုက္ကလကျေးရွာကျေးရွာ အလက(ခွဲ) ကျောင်းမှာ ဖြစ်ပွားခဲ့တဲ့ ကျောင်းသား ၁၇ ယောက်ကို အလိုမတူဘဲ လိင်တူ အဓမ္မပြုကျင့်ခဲ့တဲ့ ကျောင်းဆရာသက်ဇော်အောင်ကို ထောင်ဒဏ်အနှစ် ၄၀ အမိန်ချမှတ်ခဲ့ပါတယ်။

    ဇွန် ၂၇ ရက်မှာဆိုရင်လည်း အုတ်တွင်းမြို့နယ်မှာ အသက် ၅ နှစ်အရွယ်ကလေးမလေးကို မွေးစားပြီး အသက်သေစေတဲ့အထိ ရေနွေးပူနဲ့လောင်း၊ လက်သီးနဲ့ထိုးပြီး အဓမ္မပြုကျင့်ခဲ့တဲ့ မွေးစားမိဘနှစ်ယောက်ကို ထောင်ဒဏ်တသက်လွတ်ရက်မရှိကျခံစေဖို့အပြင် နောက်ထပ်ထောင်ဒဏ် ၂၇ နှစ်ပါသီးခြားကျခံစေဖို့ တောင်ငူခရိုင်တရားရုံးက အမိန့်ချမှတ်ခဲ့ပါတယ်။

  • ရန်ကုန်တွင် ပါဝါအိတ်ဇောတပ် ယာဥ်များကို အရေးယူမည်

    ရန်ကုန်တွင် ပါဝါအိတ်ဇောတပ် ယာဥ်များကို အရေးယူမည်

    ပါဝါအိတ်ဇောတပ်တဲ့ ယာဥ်တွေနဲ့ တပ်ဆင်၊ ရောင်းချတဲ့ဆိုင်တွေကို ဒီဇင်ဘာလကစပြီး ဖမ်းဆီးအရေးယူသွားမယ်လို့ ရန်ကုန်တိုင်း စစ်ကောင်စီရဲ့ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီက ကြေညာထားပါတယ်။

    ရန်ကုန်တိုင်းအတွင်း အများပြည်သူသွားလာတဲ့ လမ်းများပေါ်မှာ ပါဝါ အိတ်ဇောတပ်ဆင်ထားတဲ့ အိမ်စီးကား၊ ပြိုင်ကားနဲ့ မော်တော်ဆိုင်ကယ် မောင်းနှင်အသုံးပြုတဲ့သူကို တလထက်မပိုတဲ့ ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တသိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးကိုဖြစ်စေ ချမှတ်အရေးယူမယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

    နောက်တကြိမ် ထပ်မံကျူးလွန်ရင် သုံးလထက်မပိုတဲ့ ထောင်ဒဏ်ဖြစ်စေ၊ ကျပ် ၃ သိန်းထက်မပိုတဲ့ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်သွားမယ်လို့လည်း ဆိုပါတယ်။

    ဒါ့အပြင် ပါဝါအိတ်ဇောရောင်းချတဲ့ ဆိုင်တွေ၊ ပါဝါအိတ်ဇောတပ်ဆင်ပေးတဲ့ ဝပ်ရှော့တွေကိုလည်း သက်ဆိုင်ရာဌာနတွေရဲ့ ဥပဒေနဲ့ အရေးယူခံရမယ်လို့ ထည့်သွင်း အသိပေးထားပါတယ်။

    အဲဒီလို ပါဝါအိတ်ဇောတပ်ယာဥ်တွေကို စစ်တပ်အရာရှိတွေ၊ စစ်တပ်နဲ့ ပတ်သက်ဆက်နွှယ်တဲ့ လုပ်ငန်းရှင်တွေရဲ့ သား၊ သမီးအများစုက စီးနင်းအသုံးပြုတာဖြစ်လို့ ထိထိရောက်ရောက် အရေးယူနိုင်ဖို့ မရှိဘူးလို့ ရန်ကုန်မြို့မှ ယာဥ်မောင်းတယောက်က ပြောပါတယ်။

    “လူကြီး သား၊ သမီး ကား သွားဖမ်းရင် ဖမ်းတဲ့သူတောင် အခန့်မသင့်ရင် နာမှာလေ။ သာမန်ပိုက်ဆံရှိလို့ ဝါသနာအရ ဝယ်စီးတဲ့သူတွေကတော့ ကြားညှပ်ခံရနိုင်တယ်။”

    ရန်ကုန်တိုင်းအတွင်းမှာ ယာဉ်စည်းကမ်း ထိန်းသိမ်းကြီးကြပ်ရေးပူးပေါင်းအဖွဲ့တွေ အခုနှစ် ဇွန်လကနေ နိုဝင်ဘာလလယ်အထိ ပါဝါ အိပ်ဇောတပ်ဆင်ထားတဲ့ ပြိုင်ကား ၇ စီး၊ လူစီးယာဉ် ၇၁ စီး၊ မော်တော်ဆိုင်ကယ် ၂ စီးကို ဖမ်းဆီး၊ ဒဏ်ရိုက်၊ လိုင်စင်ပိတ်သိမ်းပညာပေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။