Category: News

  • အိမ်မှနှင်ချတဲ့ ယောက္ခမကို သားမက်က ခဲတံချွန်တဲ့ဓားဖြင့်လည်လှီးသတ်

    အိမ်မှနှင်ချတဲ့ ယောက္ခမကို သားမက်က ခဲတံချွန်တဲ့ဓားဖြင့်လည်လှီးသတ်

    လင်မယားရန်ဖြစ်တာလို့ အိမ်မှနှင်ချတဲ့ ယောက္ခမကို သားမက်က ခဲတံချွန်တဲ့ဓားဖြင့်လည်လှီးသတ်

    ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ဟင်္သာတမြို့နယ်၊ အိပ်ပျက်အုပ်စု
    ငှက်ပျောတောရွာတွင် သမက်ဖြစ်သူမှ ယောက္ခအား ခဲတံချွန်ဓားဖြင့်လည်လှီးသတ်မှုဖြစ်ပွားရာလူတစ်ဦး သေဆုံးသွားကြောင်းသိရှိရသည်။

    ဖြစ်စဉ်မှာ နိုဝင်ဘာလ (၈)ရက် ည(၁၁)နာရီခွဲခန့်တွင် ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ဟင်္သာတမြို့နယ်ဟင်္သာတနယ်မြေစခန်းအပိုင်အိပ်ပျက်အုပ်စု ငှက်ပျောတောကျေးရွာရှိ ဦးချစ်ကို(သေဆုံး)၏ နေအိမ်၌ အမျိုးသားတဦး
    အသတ်ခံရကြောင်း သတင်းအရ ဟင်္သာတမြို့ နယ် ဟင်္သာတနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါနေအိမ်ပိုင်ရှင် ဦးချစ်ကို(ဘ)ဦးဗိုက်ကြီး (၅၂)နှစ် မှာ နေအိမ်ပေါ်တွင် လည်ပင်းယာဘက် အလျား(၇)စင်တီမီတာ အနံ(၄)စင်တီမီတာ အနက်(၂)စင်တီမီတာခန့်
    ပြတ်ရှဒဏ်ရာ(၁)ချက်(ပြင်းထန်)၊ လည်ပင်းယာဘက် အလျား(၁၂)စင်တီမီတာ အနံ(၄)စင်တီမီတာ အနက်(၃)စင်တီမီတာခန့် ပြတ်ရှဒဏ်ရာ(၁)ချက်(ပြင်းထန်)၊ လည်ပင်းယာဘက်အလျား(၉)စင်တီမီတာ အန်(၅)စင်တီမီတာ အနက်(၄)စင်တီမီတာခန့်ပြတ်ရှဒဏ်ရာ(၁)ချက်(ပြင်းထန်ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို စစ်ဆေးတွေ့ ရှိရသဖြင့် ဟင်္သာတမြို့နယ် ဟင်္သာတနယ်မြေရဲစခန်း အမှုကြီးအမှတ် ၅/၂၀၂၅၊ (ပ)၆၁/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ (၃ဝ၂)ဖြင့် အမှုဖွင့်စစ်ဆေးဆောင်ရွက်ခဲ့သည်။

    အမှုမှ တရားလိုဖြစ်သူ ဒေါ်စန်းစန်းအေး(သေဆုံးသူ၏ ဇနီး)(ဘ)ဦးစိန်သောင်း၊ (၄၇)နှစ်အား စစ်ဆေးမေးမြန်းရာ ၎င်းသည် ၂၀၂၅-ခုနှစ် နိုဝင်ဘာလ(၈)ရက်နေ့
    ည(၁၁)နာရီခွဲခန့် အချိန်တွင် ခင်ပွန်းဖြစ်သူ ဦးချစ်ကို(သေဆုံး)နှင့် အတူ နေအိမ်တွင်ရှိနေစဉ်အိမ်ရှေ့တွင် သမီးဖြစ်သူ အိဇာခြည်အောင်နှင့် သားမက်ဖြစ်သူ သန့်ဇင်ဖြိုးတို့စကားများရန်ဖြစ်သံကြားရ၍ ခင်ပွန်းဖြစ်သူ ဦးချစ်ကိုမှ ၎င်းတို့အားအိမ်ပေါ်သို့လာရောက်ရန်ခေါ်ခဲ့ပြီး ဆက်လက်ရန်ဖြစ်နေသဖြင့် ဦးချစ်ကိုမှ ၎င်းကိုအား“နင်တို့ခဏခဏရန်ဖြစ်နေတယ်,ငါ့အိမ်မှာ မနေနဲ့”ဟု နှင်ချပြောဆိုသည်ကို သားမက်ဖြစ်သူ သန့်ဇင်ဖြိုးမှ ဒေါသထွက်ကာ ဦးချစ်ကို၏ လည်ပင်းအား ဓားဖြင့်ခုတ်သောကြောင့်အထက်ဖော်ပြပါ နာကျင်းဒဏ်ရာများ ရရှိပြီး အခင်းဖြစ်နေရာတွင်ပင် သေဆုံးသွားခဲ့ပြီး သားမက်ဖြစ်သူ သန့်ဇင်ဖြိုးမှာ သမီးဖြစ်သူ အိဇာခြည်အောင်အား ခေါ်ဆောင်ကာထွက်ပြေးတိမ်းရှောင်သွားကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် တရားခံဖမ်းဆီးရမိရေးဆက်လက်ဆောင်ရွက်ခဲ့ရာ နိုဝင်ဘာလ (၉)ရက်နေ့ နံနက် ၈နာရီ ၂၀မိနစ် အချိန်တွင်ဟင်္သာတမြို့ လယ်တော်စစ်ဆေးရေးဂိတ်တွင် ဒုရဲအုပ် ရဲလွင် ဦးစီးသောအဖွဲ့မှ ကျူးလွန်သူ သန့်ဇင်ဖြိုး(၂၂)နှစ်အား ဇနီးဖြစ်သူ အိဇာခြည်အောင်နှင့်အတူ ဖမ်းဆီးရမိကြောင်း သိရှိရပါသည်။

    အမှန်တရားသတင်းဂျာနယ်

    ကိုဇော်မင်း(ဟင်္သာတ)

  • သိမ်းပိုက်ထားသော နယ်မြေများ မဆုံးရှုံးရေး ချင်းတပ်များအားလုံး ပူးပေါင်း ခုခံနေ

    သိမ်းပိုက်ထားသော နယ်မြေများ မဆုံးရှုံးရေး ချင်းတပ်များအားလုံး ပူးပေါင်း ခုခံနေ

    ချင်းပြည်နယ်၊ ဖလမ်းမြို့နှင့် ၁၂ မိုင်ခန့်အကွာ မဏိပူရမြစ်အနီး စစ်တပ်နှင့် ချင်းတော်လှန်ရေးတပ်များ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ

    သိမ်းပိုက်ထားသော နယ်မြေများ မဆုံးရှုံးရေး ချင်းတပ်များအားလုံး ပူးပေါင်း ခုခံနေ

    ချင်းပြည်နယ်၊ ဖလမ်းမြို့နှင့် ၁၂ မိုင်ခန့်အကွာရှိ မဏိပူရမြစ်အနီးတွင် စစ်တပ်နှင့် ချင်းတော်လှန်ရေးတပ်များ တိုက်ပွဲပြင်းထန်နေပြီး သိမ်းပိုက်ထားသော နယ်မြေများ မဆုံးရှုံးရေးအတွက် ချင်းတပ်များအားလုံးပူးပေါင်း ညီညွတ်စွာဖြင့် ခုခံနေကြောင်း ချင်းညီနောင်ပြော ရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီထွဋ်က ပြောကြားသည်။

    ယမန်နေ့ နိုဝင်ဘာလ ၁၇ ရက် နံနက် ၈ နာရီမှ ၁၀ နာရီဝန်းကျင်အထိ ဖလမ်းမြို့နှင့် ၁၂ မိုင်ခန့်အ ကွာ မဏိပူရမြစ်အနီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့်ချင်းတော်လှန်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲပြင်းထန်ခဲ့ကြောင်း၊ ယင်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်က အထိနာပြီး ဂျက်ဖိုက်တာ ဖြင့် ၆ ကြိမ်ဗုံးကျဲတိုက်ခိုက်ခဲ့သည့် Y12 ၊ Y8 လေယာဉ်များဖြင့်လည်း ပစ်ကူပေးတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

    “မနေ့က မနက်ပိုင်း ၈ နာရီခွဲ လောက်ကနေ ၁၀ နာရီဝန်းကျင်လောက်အထိ ထိတွေ့မှုတွေ ဖြစ်ပါ တယ်။ အခြေအနေကတော့ သူတို့ဘက်ကနေ နောက်မဆုတ်ဘူးဆိုရင်တော့ ဘယ်အချိန်မဆို ထိ တွေ့မှု၊ ပစ်ခတ်မှုတွေက ပြင်းထန်လာနိုင်တဲ့ အခြေအနေမှာရှိပါတယ်။ မနေ့ကဆိုရင်လည်း ညနေ ပိုင်း ၂ နာရီခွဲလောက်ကနေ ၃ နာရီလောက်အထိ Y12 တွေရော၊ ထောက်လှမ်းတဲ့လေယာဉ် Y8 တို့ အဲဒါတွေ လာတယ်။ ဂျက်ဖိုက်တာနဲ့လည်း ၆ ကြိမ်လောက်လာပစ်ပါတယ်။ သူတို့ဘက်ကလည်း အထိနာတာ ရှိမယ်ထင်ပါတယ်။ ကျနော်တို့ဘက်ကလည်းအတတ်နိုင်ဆုံး နယ်မြေသိမ်းပြီးသားနယ် မြေတွေ ပြန်လက်လွှတ်အဆုံးရှုံမခံရအောင် ပြန်လည်ခုခံတိုက်ခိုက်နေတဲ့ အနေအထားရှိပါတယ်။” ဟု ချင်းညီနောင်အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီထွက်က ပြောကြားသည်။

    အောက်တိုဘာလ ၂၉ ရက်နေ့မှစ၍ စစ်ကိုင်းတိုင်း၊ ကလေးမြို့မှတဆင့် ချင်းပြည်နယ်၊ ဖလမ်းမြို့ ဘက်သို့ စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်ခဲ့ရာ နိုဝင်ဘာလ ၃ ရက်နေ့တွင် ဝေဘူလမြို့ကို ပြန်လည်သိမ်းပိုက်ထိန်းချုပ်ခဲ့ကြောင်း၊ ယင်းမှတဆင့် ဖလမ်းမြို့ဘက်သို့ ဆက်လက် ထိုးစစ်ဆင်နေခြင်းဖြစ်ကြောင်းသည်ရသည်။

    အလားတူ သိုင်းငင်ကျေးရွာသို့ ရောက်ရှိနေသော အကြမ်းဖက်စစ်တပ်စစ်ကြောင်း ကလည်း ဖလမ်း မြို့ ဘက်သို့ ဆက်လက်၍ ထိုးစစ်ဆင်တိုက်ခိုက်နေမှုများရှိပြီး ယင်းအကြမ်းဖက်စစ်တပ်က စစ် ကြောင်းများကို ချင်းညီနောင်အဖွဲ့ – CB နှင့် ချင်းပြည်ကောင်စီ -CC တပ်ဖွဲ့ဝင်များက စည်းစည်း လုံး လုံးဖြင့် တိုက်ခိုက်ချေမှုန်းနေကြောင်း သိရသည်။

    “အဓိကတော့ ဖလမ်းရဲ့ အရှေ့ဘက်မဏိပူရချောင်းရှိတယ်။ အဲဒီချောင်းရဲ့တဖက်ကမ်းမှာရှိတဲ့ ရွာ တွေမှာ ဖြစ်ဖြစ်၊ တောတွေထဲမှာဖြစ်ဖြစ် ခြေကုပ်ယူထားတယ်။ အဲဒီချောင်းကိုကျော်ပြီးမှ ကျနော်တို့ ဖလမ်းမြို့ထဲကို ထိုးစစ်ဆင်ဖို့ ကြိုးစားလာနေတာ၊ အဲဒီမဏိပူရမြစ်က ဖလမ်းကနေ ၁၂ မိုင်အထက် အကွာအဝေးရှိတဲ့ မြစ်ပါ။ အဲလိုဆိုတော့ တော်တော်နီးပြီလို့ပြောလို့ရပါတယ်။ မြေပြင်အခြေအနေမှာ ကျနော်တို့ CB ဘက် ကရဲဘော်တွေရှိသလို CC ဘက်က ရဲဘော်တွေလည်းရှိ တယ်။ အားလုံး ဘုံရန် သူ စကစကို စည်းစည်းလုံးလုံးနဲ့တိုက်ခိုက်နေတဲ့ အခြေ အနေဖြစ်ပါတယ်။” ဟု ချင်းညီနောင်ပြော ရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီထွဋ်က ရှင်းပြသည်။

    အကြမ်းဖက်စစ်တပ် စစ်ကြောင်းကြောင့် ဒေသနေပြည်သူ ၂ သောင်းကျော် စစ်ဘေးရှောင်နေရပြီး အရေးပေါ် အမိုးအကာများ၊ စောင်၊ အနွေးထည်၊ စားနပ်ရိက္ခာနှင့် ဆေးဝါးများလိုအပ်လျက်ရှိကြောင်း သိရသည်။

    “ဖလမ်းရဲ့အရှေ့ဘက်ခြမ်းတခွင်လုံးက သိုင်ငင်းဘက်ကနေလည်း ထိုးစစ်ဆင်တယ်၊ ဝေဘူလဘက် က နေလည်း ထိုးစစ်ဆင်တဲ့အခါကျတော့ ပြည်သူတွေက ရွာတွေမှာ မနေရဲတော့ဘူး။ နောက်ပြီး တော့ ကလေး ဘက်ကနေ ထိုးစစ်ဆင်တဲ့အခါ ကနေ စလို့ ကလေးမှာရှိတဲ့ ရွာတွေမှာနေတဲ့ ပြည် သူတွေက တောင်ပေါ်မှာ စစ်ရှောင်ကြတယ်။ အဲဒီတောင်ပေါ်တွေကနေ ချင်းတောင်ဘက်ကို ထိုး စစ်ဆင် လာတဲ့အခါကျတော့ ပြည်သူက ရွှေ့ပြောင်း၊ ရွှေ့ပြောင်းပြီး စစ်ဘေးရှောင်နေကြရတာ။ စစ်ရှောင်က ၂ သောင်းကျော်ရှိပါတယ်။ အခုချိန်က ဆောင်းရာသီဆိုတော့ အမိုးအကာတွေလိုတယ်၊ စောင်တွေလိုတယ်၊ အစားအသောက်တွေ၊ ဆေးဝါးပစ္စည်းတွေလိုတယ်။” ဟု ဆလိုင်းတင်မီထွဋ်က ပြောဆိုသည်။

  • ကလေး၊ ဂန့်ဂေါ၊ ဖလမ်းနှင့်တီးတိန်မြို့နယ်တို့တွင် စစ်တပ်နှင့် တော်လှန်ရေးမဟာမိတ်များအကြား တိုက်ပွဲများအပြင်းအထန်ဖြစ်ပြီး စစ်တပ်ဘက်မှ ဗိုလ်မှူး၊ ဗိုလ်ကြီး အပါအဝင် စစ်သား ၁၀၀ ဝန်းကျင်သေဆုံး

    ကလေး၊ ဂန့်ဂေါ၊ ဖလမ်းနှင့်တီးတိန်မြို့နယ်တို့တွင် စစ်တပ်နှင့် တော်လှန်ရေးမဟာမိတ်များအကြား တိုက်ပွဲများအပြင်းအထန်ဖြစ်ပြီး စစ်တပ်ဘက်မှ ဗိုလ်မှူး၊ ဗိုလ်ကြီး အပါအဝင် စစ်သား ၁၀၀ ဝန်းကျင်သေဆုံး

    ကလေး၊ ဂန့်ဂေါ၊ ဖလမ်းနှင့်တီးတိန်မြို့နယ်တို့တွင် စစ်တပ်နှင့် တော်လှန်ရေးမဟာမိတ်များအကြား တိုက်ပွဲများအပြင်းအထန်ဖြစ်ပြီး စစ်တပ်ဘက်မှ ဗိုလ်မှူး၊ ဗိုလ်ကြီး အပါအဝင် စစ်သား ၁၀၀ ဝန်းကျင်သေဆုံး

    စစ်သုံ့ပန်းတချို့နှင့် လက်နက်ခဲယမ်းအများအပြား သိမ်းပိုက်ရရှိ

    အကြမ်းဖက်စစ်တပ်က ချင်းပြည်နယ်အတွင်းသို့ ထိုးဖောက်ဝင်ရန် စစ်ကြောင်းထိုးလာမှုကို ချင်းတော်လှန်ရေးတပ်များနှင့် မဟာမိတ်တော်လှန်ရေးများက ပူးပေါင်း ခုခံတိုက်ခိုက်ခဲ့ကြရာ တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားပြီး စစ်တပ်ဘက်မှ ဗိုလ်မှူး၊ ဗိုလ်ကြီး အပါအဝင် ၁၀၀ ဝန်းကျင်သေဆုံးကြောင်း ချင်းပြည်(Chinland)အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

    ချင်းအမျိုးသားတပ်မတော်နှင့် ဒေသန္တရကာကွယ်ရေးတပ်ဖွဲ့များဖြင့် ဖွဲ့စည်းထားသည့် ချင်းလဲန်အစိုးရတပ်ဖွဲ့၏ စစ်ကြောင်း ၁ နှင့် စစ် ကြောင်း ၂ တို့က အကြမ်းဖက်စစ်တပ်ကို ကလေးမြို့နယ်၊ ဂန့်ဂေါမြို့နယ်၊ ဖလမ်းမြို့နယ်နှင့် တီးတိန်မြို့နယ်တို့တွင် တိုက်ခိုက်ခဲ့ကြောင်း၊Chinland အစိုးရတပ်ဖွဲ့၏ စစ်ကြောင်း ၁ က Vakok PDF ၊ ကျောင်းသားတပ်မတော် (ABSDF) ၊ PDF ခရိုင်တပ်ရင်းများ၊ ပကဖများ၊ Yaw Defense Force (YDF) စသည့် မဟာမိတ်အဖွဲ့များနှင့် လက်တွဲ၍ ကလေးမြို့နှင့် ဂန့်ဂေါမြို့အကြားတွင်စစ်ကောင်စီတပ်ကို တိုက်ခိုက်နေကြောင်း သိရှိရသည်။

    စစ်တပ်က လေယာဉ်နှင့် ဒရုန်းတို့ကို အားပြုပြီး တိုက်ခိုက်နေသော်လည်း Chinland အစိုးရ တပ်ဖွဲ့နှင့် မဟာမိတ်အဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် စစ်တပ်ဘက်မှ ဗိုလ်မှူး၊ ဗိုလ်ကြီးအဆင့် အရာရှိများ အပါအဝင် အင်အား ၁၀၀ ခန့်ကို ချေမှုန်းနိုင်ခဲ့ပြီး စစ်သုံ့ပန်းတချို့ ဖမ်းဆီးရမိကြောင်း၊ လက်နက်ခဲယမ်းများလည်း သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရှိရသည်။

    အထိနာနေသော စစ်တပ်က နိုဝင်ဘာလ ၆ ရက်နေ့တွင် တိုက်လေယာဉ်ဖြင့် ၄ ကြိမ်၊ နိုဝင်ဘာလ ၁၄ ရက်နေ့တွင် တိုက်လေယာဉ်ဖြင့် ၇ ကြိမ်၊ Y-12 လေယာဉ် ဖြင့် ၁ ကြိမ်၊ နိုဝင်ဘာလ ၁၅ ရက်နေ့တွင် တိုက်လေယာဉ် ဖြင့် ၂ ကြိမ်၊ နိုဝင်ဘာလ ၁၆ ရက်နေ့တွင် တိုက်လေယာဉ်ဖြင့် ၂ ကြိမ်၊ Y-12 ဖြင့် ဗုံးအလုံး ၅၀ ခန့်၊ နိုဝင်ဘာလ ၁၇ ရက်နေ့ တွင် Fighter Jet ဖြင့် ၄ ကြိမ် လေကြောင်းတိုက် ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

    အလားတူ Chinland အစိုးရ တပ်ဖွဲ့၏ စစ်ကြောင်း ၂ က Chin National Defense Force (CNDF) ၊ PDF Zoland စသည့် မိတ်ဖက်အဖွဲ့များနှင့် လက်တွဲ၍ ဖလမ်းမြို့နှင့်ဝေဘူလမြို့အကြားတွင်လည်းကောင်း၊ တီးတိန်မြို့နှင့်ခိုင်ကမ်းမြို့အကြားတွင်လည်းကောင်း စစ်ကောင်စီတပ်ကို တိုက်ခိုက်နေကြောင်း၊ စစ်တပ်က ယမန်နေ့နိုဝင်ဘာလ ၁၇ ရက်နေ့တွင် လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

  • ကမ္ဘာ့နိုင်ငံများအနေဖြင့် အနိုင်ကျင့်ဗိုလ်ကျ စိုးမိုးမှုများကို ရှောင်ရှားရန် စစ်ကော်မရှင် ပြန်ကြားရေး ဝန်ကြီးပြော

    ကမ္ဘာ့နိုင်ငံများအနေဖြင့် အနိုင်ကျင့်ဗိုလ်ကျ စိုးမိုးမှုများကို ရှောင်ရှားရန် စစ်ကော်မရှင် ပြန်ကြားရေး ဝန်ကြီးပြော

    အိမ်နီးချင်းနှင့် ဒေသတွင်း နိုင်ငံများအပါအဝင် ကမ္ဘာ့နိုင်ငံများအနေဖြင့် ညီညွတ်မျှတမှုကို အခြေခံ၍ အနိုင်ကျင့်ဗိုလ်ကျ စိုးမိုးမှုအား ရှောင်ရှားရန်နှင့် မြန်မာ့အနာဂတ်ကို နိုင်ငံသားများကသာ ကိုယ်တိုင် ထုဆစ် ပုံဖော်ရမည်ဟု အာဏာသိမ်း စစ်ကော်မရှင်၏ ပြန်ကြားရေးဝန်ကြီးက ပြောကြားခဲ့ကြောင်း ၎င်းတို့၏ ဝါဒဖြန့် သတင်းစာများတွင် ဖော်ပြထားသည်။

    စစ်ကော်မရှင်၏ ပြန်ကြားရေးဝန်ကြီး ဦးမောင်မောင်အုန်းသည် ယမန်နေ့နိုဝင်ဘာ ၁၇ ရက်က ရန်ကုန်မြို့တွင် ပြုလုပ်သည့် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုအစီအမံ ဆွေးနွေးပွဲနှင့် ယခုနှစ်၊ စတုတ္ထ သုံးလပတ် တရုတ်-မြန်မာ မီဒီယာတွေ့ဆုံပွဲ၌ ထိုကဲ့သို့ ထည့်သွင်းပြောကြားခဲ့ကြောင်း သိရသည်။

    ထို့အပြင် စစ်ပွဲများနှင့် ပဋိပက္ခများ လျော့ပါးရပ်စဲရေးအတွက် အင်အားကြီး နိုင်ငံများအနေဖြင့် အားနည်းသော နိုင်ငံများအပေါ် စာနာနားလည် ထောက်ထားကာ ထောက်ပံ့ကူညီ ရိုင်းပင်းမှုများဖြင့် အေးချမ်းသာယာ ငြိမ်းချမ်းသော ဒေသများအဖြစ် ကြိုးစားသွားကြရန် ၎င်းက ဆက်လက် ပြောဆိုခဲ့သည်။

    လက်ရှိတွင် စစ်ခေါင်းဆောင်များအပါအဝင် စစ်ကော်မရှင်နှင့် ၎င်းတို့ လက်အောက်ခံ အဖွဲ့များ၊ ပတ်သက်ဆက်နွယ်သူ များသည် အကြမ်းဖက်မှု၊ နိုင်ငံတကာရာဇဝတ်မှု စသည်တို့ ကျူးလွန်နေသဖြင့် ကုလသမဂ္ဂ၊ အမေရိကန်အပါအဝင် ကမ္ဘာ့ နိုင်ငံများက ပိတ်ဆို့ဒဏ်ခတ်လျက်ရှိသည်။

    မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက် ပြုလုပ်သွားမည့် ၎င်းတို့၏ ရွေးကောက်ပွဲနှင့် ပတ်သက်၍လည်း လက်မခံကန့်ကွက် ဝေဖန်ပြောဆိုမှုများသည် နိုင်ငံ၌ ဒီမိုကရေစီ အညွန့်အဖူးများဖြင့် ဝေစည်လာစေမည်ကို နှောင့်ယှက်ဟန့်တားနေခြင်းဖြစ်ကြောင်း စစ်ကော်မရှင်ခန့် ပြန်ကြားရေး ဝန်ကြီးက ဆိုသည်။

    ယင်းအပြင် တရုတ်၊ ရုရှား၊ အိန္ဒိယ၊ ဘီလာရုစ် စသည့် နိုင်ငံအချို့ကို ရည်ညွှန်း၍ ၎င်းတို့ ပြုလုပ်သွားမည့် ရွေးကောက်ပွဲများကို မိတ်ဆွေနိုင်ငံများက ထောက်ခံကူညီ အားပေးလျက်ရှိပြီး စောင့်ကြည့် လေ့လာသူများလည်း ဖိတ်ကြားထားသဖြင့် ပွင့်လင်းမြင်သာ လွတ်လပ်တရားမျှတမှုရှိကြောင်း ပြောကြားထားသည်။

    အဆိုပါဆွေးနွေးပွဲသို့ တက်ရောက်လာသည့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စမာကျား ကလည်း တန်းတူညီမျှ စနစ်တကျရှိသော ဗဟုဝင်ရိုးကမ္ဘာအတွက် ထောက်ခံ၍ တစ်ဖက်သတ် ပိတ်ဆို့အရေးယူမှုများ၊ အခွန်မတရား ကောက်ခံမှု စသည်တို့ကို ဆန့်ကျင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

    ဓာတ်ပုံ-MOI

  • ရည်းစားမက ခင်ပွန်းမကျရဲ့ ငယ်ပါကို ဖြတ်လိုက်တဲ့ အင်ဒိုနီးရှား အမျိုးသမီး

    ရည်းစားမက ခင်ပွန်းမကျရဲ့ ငယ်ပါကို ဖြတ်လိုက်တဲ့ အင်ဒိုနီးရှား အမျိုးသမီး

    အင်ဒိုနီးရှားနိုင်ငံ Bandar Lampung, Sumatra ရှိ လမ်းတလမ်းပေါ်မှာ အောက်တိုဘာ ၁၉ ရက်နေ့က အိမ်ထောင်သယ်အမျိုးသားတယောက် သွေးအလိမ်းလိမ်းနဲ့ နာကျင်လို့အော်ဟစ်နေတယ်။

    သူ့အငယ်အနှောင်း mistress က မနာစိတ်ဝင်ပြီး အတူဆက်ဆံနေချိန်မှာ လိင်တံကို ဖြတ်လိုက်လို့ပါ။

    အဲဒီအမျိုးသမီး Windi Sintia က သူ့ကို သင်ခန်းစာပေးချင်လို့ ဒီလိုလုပ်လိုက်ရတာ ကျေနပ်တယ် လို့ဆိုတယ်။

    ၂၈ နှစ်အရွယ် Windi Sintia နဲ့ Karsilan Utami တို့ဟာ ၂၀၁၉ ခုနှစ်အစောပိုင်းကာလတည်းက ချစ်ကြိုက်ခဲ့တာ။

    ၂၀၁၉ ခုနှစ်အနှောင်းပိုင်းမှာ ၃၂ နှစ်အရွယ် Karsilan Utami ဟာ အခြားအမျိုးသမီးတဦးနဲ့ လက်ထပ်ခဲ့တာကို Windi Sintia က သိရှိပေမယ့် သူတို့နှစ်ဦး ဆက်ဆံရေးမပျက်ခဲ့ဘူး။

    Karsilan ဟာ Windi ကို အပတ်စဉ် အင်ဒိုနီးရှားရူပီ ၂၀၀,၀၀၀ ပုံမှန် ထောက်ပံ့တယ်။

    ဒါပေမယ့် Karsilan ဟာ သူ့ဇနီးကို မော်တော်ဆိုင်ကယ်အသစ်တစီး ဝယ်ပေးလိုက်ရလို့ နောက်ပိုင်း ထောက်ပံ့ငွေ လျော့လာတယ်။

    ဇနီးသည်က လင်ယောက်ျားဝယ်ပေးတဲ့ မော်တော်ဆိုင်ကယ်ဓါတ်ပုံကို ဆိုရှယ်မီဒီယာပေါ် တင်ပြီးကြွားတဲ့အခါမှာတော့ Windi ဟာ မကျေမန-ပ်နဲ့ မနာလိုစိတ်ဝင်လာပြီး တိုက်ခိုက်ဖို့ တပတ်လုံး ကြံစည်နေခဲ့တယ်။

    အောက်တိုဘာလ ၁၉ ရက်မှာ Windi ဟာ လူပြတ်တဲ့လယ်ကွင်းတခုမှာ တွေ့ကြဖို့ Karsilan ကိုချိန်းဆိုပြီး ဆက်ဆံနေချိန်အတွင်း အသင့်ယူလာတဲ့ penknife နဲ့ လိင်တံကို ဖြတ်တောက်ပစ်လိုက်တယ်။

    Karsilan ဟာ သွေးအလိမ်းလိမ်းနဲ့ နာကျင်လွန်းလို့ အဝတ်မပါဘဲ လမ်းမပေါ်ပြေးတက် အော်ဟစ်နေတယ်။

    ပတ်ဝန်းကျင်မှလူများက Karsilan ကို အနီးရှိဆေးရုံကို ခေါ်သွားပြီး အဲဒီမှာ ပြတ်တောက်သွားတဲ့လိင်တံကို ပြန်တပ်ဆင်ပေးနိုင်ခဲ့တယ် လို့ဆိုတယ်။

    အောက်တိုဘာလ ၂၁ ရက်နေ့မှာ Windi ကို ဖမ်းဆီးမိခဲ့တယ်။

    အောက်တိုဘာလ ၂၂ ရက်နေ့မှာ သတင်းစာရှင်းလင်းပွဲလုပ်ပြီး ပြစ်မှုကျူးလွန်မိခဲ့ကြောင်း Windi ဝန်ခံခဲ့တယ်။

    Windi က “ကျမ ကျူးလွန်ခဲ့တာကို နောင်တရပေမယ့် ကျမ ကျေနပ်သွားပြီ” လို့ဆိုတယ်။

    Karsilan ဟာ သူမကိုရော သူ့ဇနီးသယ်ကိုရော နှစ်ယောက်စလုံးကို လိမ်ညာပြီး အခြားအမျိုးသမီးတယောက်နဲ့ ထပ်ဖောက်ပြန်နေလို့ ရင်နာပြီး ဒေါသထွက်ရတာ လို့ဆိုတယ်။

    ဒါကြောင့် သူ့ကို သင်ခန်းစာပေးလိုက်တာပါ။

    “ကျမတို့ဆက်ဆံရေးက လင်မယားလို ဖြစ်နေပြီ၊

    ဒါကို သူက လိမ်ညာတယ်၊ ဖောက်ပြန်တယ်။

    အဲဒါကို ဒေါသထွက်တာ၊ စိတ်ပျက်တာ” လို့ဆိုတယ်။