Category: News

  • ရွေးကောက်ပွဲ အသုံးစရိတ် Friend Only ဖြင့် အလှူခံနေတဲ့ ကိုကိုကြီးရဲ့ ပြည်သူ့ပါတီကိုယ်စားလှယ်လောင်း

    ရွေးကောက်ပွဲ အသုံးစရိတ် Friend Only ဖြင့် အလှူခံနေတဲ့ ကိုကိုကြီးရဲ့ ပြည်သူ့ပါတီကိုယ်စားလှယ်လောင်း

    “ရွေးကောက်ပွဲ အသုံးစရိတ် Friend Only ဖြင့် အလှူခံနေတဲ့ ကိုကိုကြီးရဲ့ ပြည်သူ့ပါတီကိုယ်စားလှယ်လောင်း”

    ပြည်သူ့ပါတီကလည်း အမတ်မဖြစ်သေးဘူး စတင်ခွက်ခေါက် အလှူခံနေရပြီ။

    ရွေးကောက်ပွဲအသုံးစရိတ်တောင် လုံလုံ လောက်မရှိဘဲ ပြည်သူအားကိုးရမယ့်လူကို ပြည်သူက အရင် ကယ်တင်စောင်”မ”ပေးရမလိုဖြစ်နေပြီ။

    လှူရင် လှူကြ မလှူရင် အမတ်ဖြစ်သွားရင် ဘာမှလုပ်မလောက်ဘူးဆိုတဲ့အထာ။

    ရွေးကောက်ပွဲကြီးတခုလုံးတောင် အားကြိုးမာန်တက် ဝင်ပြိုင်နေပြီပဲ။

    သိန်း ၃၀၀ လောက်တော့ အလှူခံစရာမလိုဘဲ စွမ်းစွမ်းတမံလုပ်ပြလေ။

    ဒီလိုအလှူခံနေတာကို သိရင် စစ်ကော်မရှင်ရဲ့ ရွေးကောက် ပွဲကော်မရှင်သိရင်တော့ ရွေးကောက်ပွဲဥပဒေတွေနဲ့ ငြိစွန်းတယ်ဆိုပြီး အရေးယူခံရအောင်လို့ ဖော်ထုတ်ပေးလိုက် တယ်နော်။

    ကိုကိုကြီးရေ နင့်ကိုယ်စားလှယ် နင်ထိန်းဦး

    ဒီမိုကရေစီ ရ မရတော့ မသေချာဘူး

    ဒုက္ခတော့ Friend Only နဲ့ စပေးနေပြီဟဲ့။

    စစ်လော်ဘီ စီးပွားရေးသမား ဖြိုးဝေစိုးက မအူပင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ကိုကိုကြီးပါတီမှ ဝင်ရောက်ယှဉ်ပြိုင်

    ကြံ့ဖွတ်မှ ဒုဗိုလ်ချုပ်ကြီးဟောင်း ကံမြင့်သန်းနှင့်ပြိုင်ဘက်ဖြစ်သော်လည်း စစ်တပ်ကို ထောက်ခံသည့် ပို့စ်များ တောက်လျှောက်တင်

    အကြမ်းဖက် စစ်တပ်၏ စစ်လော်ဘီတစ်ဦးလည်းဖြစ် စီးပွားရေးသမားတစ်ဦးလည်းဖြစ်သူ ဖြိုးဝေစိုးက မအူပင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ကိုကိုကြီးပါတီမှ ဝင်ရောက်ယှဉ်ပြိုင်ကြောင်း သိရှိရသည်။

    ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းချိန်မှစတင်၍ လူမှုကွန်ရက်တွင် စစ်တပ်ကို ပေါ်ပေါ်ထင်ထင်ထောက်ခံခဲ့ပြီး စစ်အာဏာသိမ်းမှု ဆန့်ကျင်သူများကို အကြမ်းဖက်များဟု ခေါ်ဝေါ်ခဲ့သည့် လုပ်ငန်းရှင်ဖြိုးဝေစိုးသည် ကိုကိုကြီး ဦးဆောင်သော ပြည်သူ့ပါတီမှ မအူပင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်လာခြင်းဖြစ်သည်။

    “စစ်တပ်၏ လေကြောင်းမှ ဗုံးကြဲမှုများ ရွာစဉ်လိုက်မီးရှို့မှုများသည် လုပ်ကိုလုပ်ရမည့်အရာဖြစ်ပြီး တိုင်းပြည်တည်ငြိမ်အောင် ရွာလုံးကျွတ်ရှင်းသင့်ရင်ရှင်းရမည်” ဟု စစ်လော်ဘီ ဖြိုးဝေစိုးက ထုတ်ဖော်ပြောဆိုခဲ့သည်။

    အကြမ်းဖက်စစ်တပ်၏ ဒေါက်တိုင်ဖြစ်သူ ဖြိုးဝေစိုးက စင်ကာပူမှ မြန်မာပြည်သို့ ပြန်လည်အခြေချလာသူဖြစ်ပြီး ရန်ကုန်အခြေစိုက် Digi Power ကုမ္ပဏီကိုလည်း ထူထောင်ထားသူဖြစ်ကြောင်း သိရှိရသည်။

    စစ်လော်ဘီဖြိုးဝေစိုးက မအူပင်မြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် ကြံ့ဖွတ်ပါတီမှ ဒုဗိုလ်ချုပ်ကြီးဟောင်း ကံမြင့်သန်း အပါအဝင် အခြားပါတီများမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၆ ဦးနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သော်လည်း စစ်တပ်ကို ထောက်ခံသော ပို့စ်များကို တောက်လျှောက်တင်နေဆဲဖြစ်ကြောင်း သိရှိရသည်။

    ထို့ပြင် စစ်တပ်ကိုထောက်ခံရင်း ရွေးကောက်ပွဲအသုံးစရိတ်အတွက်ဟုဆိုကာ ပြည်သူများထံမှလည်း အလှူငွေများ ကောက်ခံနေကြောင်းလည်း သိရှိရသည်။

    စစ်တပ်က ပြုလုပ်ပေးမည့် အတုအယောင် ရွေးကောက်ပွဲတွင် ကိုကိုကြီး၏ ပြည်သူ့ ပါတီက ကိုယ်စားလှယ်လောင်း ၅၁၂ ဦးဖြင့် တစ်နိုင်ငံလုံး မဲဆန္ဒနယ်များတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

  • မွန်ပြည်နယ်မှာ ကိုယ်စားလှယ်လောင်းတွေ မဲဆွယ်ဖို့ လုံခြုံရေးပိုမိုတိုးမြှင့်ထား

    မွန်ပြည်နယ်မှာ ကိုယ်စားလှယ်လောင်းတွေ မဲဆွယ်ဖို့ လုံခြုံရေးပိုမိုတိုးမြှင့်ထား

    မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင်ဟာ ကိုယ်စားလှယ်လောင်းတွေရဲ့ မဲဆွယ်စည်းရုံးမှု စတင်မယ့် ရက်မတိုင်မီကတည်းက လုံခြုံရေးပိုမိုတိုးမြှင့်ပြီး ပိတ်ဆို့စစ်ဆေးမှုတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    အာဏာသိမ်း စစ်ကော်မရှင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲဝင်ပြိုင်ကြမယ့် ကိုယ်စားလှယ်လောင်းတွေရဲ့ မဲဆွယ်စည်းရုံးမယ့် နေ့ရက်ကိုတော့ အောက်တိုဘာ ၂၈ ကနေ ဒီဇင်ဘာ ၂၆ ရက်နေ့အထိ ရက်ပေါင်း ၆၀ သတ်မှတ်ထားပါတယ်။

    အထူးသဖြင့် စစ်ကော်မရှင်ဟာ တော်လှန်ရေးတပ်ဖွဲ့တွေ လှုပ်ရှားမှု အားကောင်းတဲ့ ကျိုက်ထို၊ ဘီးလင်း၊ သထုံနဲ့ရေးမြို့နယ်တို့မှာ လုံခြုံရေးအင်အား အများအပြား အသုံးပြုထားပြီး ကျန်မြို့နယ်တွေမှာလည်း တပ်အင်အားတွေ ထပ်တိုးထားပါတယ်။

    ဒေသခံတွေရဲ့ ပြောပြချက်အရ စစ်ကော်မရှင်တပ်ဟာ အရင်က ကင်းပုန်းမထားဖူးတဲ့ ကျေးရွာတွေမှာလည်း ကင်းပုန်းတွေ တိုးမြှင့်ထားသလို မသင်္ကာတဲ့သူတွေကို ရိုက်နှက်ဖမ်းဆီးတာတွေ ရှိနေတယ်လို့ သိရပါတယ်။

    လုံခြုံရေးတိုးမြှင့်ထားတဲ့ စစ်ကော်မရှင်ဟာ ဒေသတွင်းက လူငယ်တွေကို မထင်ရင် မထင်သလို ဖမ်းဆီးတာတွေ လုပ်ဆောင်နေတယ်လို့ ဘီးလင်း ဒေသခံ တစ်ဦးက ပြောပါတယ်။

    “သူတို့က ကားတွေနဲ့ ပတ်ပြီး ကောက်ကော်ဆွဲသွားတာပဲ။ လူငယ်တွေ အမြဲတမ်းအဖမ်းခံနေရတယ် ။ အဆွဲခံနေရတယ်။ ကျွန်တော်တို့ တောင်စွန်းဘက်ခြမ်းပေါ့။ နောက်ကွင်းရွာတွေ အဲဒီမှာတွေလည်း ဆွဲတယ်။ သာသာယာယာပဲ လာလာဆွဲသွားတာ လာဆွဲသွားတာ ရဲနဲ့ ပျူစောထီးတွေ အများဆုံး ဆွဲနေတာ”လို့ ဆိုပါတယ်။

    ဒါ့အပြင် စစ်ကောက်မရှင်ဟာ အခုရက်ပိုင်းအတွင်း မြို့ဝင်၊ မြို့ထွက်ဂိတ်တွေမှာ စစ်ဆေးမှု တင်း ကျပ်တာ၊ မြို့တွင်းတွေမှာလည်း မထင်မှတ်တဲ့နေရာတွေမှာ ပိတ်ဆို့ ရှာဖွေတာတွေအပြင် လှည့် လည်ပြီး စစ်ဆေးမှုတွေ လုပ်ဆောင်နေတာပါ။

    စစ်ကော်မရှင်ကတော့ ရွေးကောက်ပွဲ မဲဆွယ်ကြဖို့ ပါတီတွေနဲ့ ကိုယ်စားလှယ်လောင်းတွေကို လူစုလူဝေးနဲ့ စီတန်းလှည့်လည် မဲဆွယ်စည်းရုံးခွင့်ကို လုံခြုံရေးအကြောင်းပြချက်နဲ့ ပိတ်ပင်ထားပါတယ်။

    မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ကျင်းပပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ နိုင်ငံရေးပါတီ ၉ ခုက ကိုယ်စားလှယ်လောင်း ၂၅၀ ကျော် အမည်စားရင်း တင်သွင်းထားပါတယ်။

    လာမယ့် ဒီဇင်ဘာ ၂၈ ရက်နေ့မှာ စစ်ကော်မရှင် ကျင်းပမယ့် ရွေးကောက်ပွဲ အပိုင်း ၁ မှာတော့ မွန်ပြည်နယ်ရဲ့ ကျိုက်ထို၊ သထုံ၊ မော်လမြိုင်၊ ချောင်းဆုံနဲ့ ကျိုက်မရောမြို့နယ်တို့မှာ ရွေးကောက်ပွဲ ကျင်းပသွားဖို့ ရှိနေပါတယ်။

  • ကိုယ်စားလှယ်လောင်းတွေရဲ့ ရွေးကောက်ပွဲ ကုန်ကျစရိတ် တိုးမြှင့်သတ်မှတ်

    ကိုယ်စားလှယ်လောင်းတွေရဲ့ ရွေးကောက်ပွဲ ကုန်ကျစရိတ် တိုးမြှင့်သတ်မှတ်

    စစ်ကော်မရှင်ခန့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သက်ဆိုင်ရာလွှတ်တော်အလိုက် ရွေး ကောက်ပွဲဆိုင်ရာနည်းဥပဒေတွေကို ပြင်ဆင်ပြီး ကိုယ်စားလှယ်လောင်းရဲ့ ရွေးကောက်ပွဲကုန်ကျစ ရိတ်ကို တိုးမြှင့်လိုက်တယ်လို့ နိုင်ငံပိုင် ဝါဒဖြန့် သတင်းစာတွေက ဖော်ပြပါတယ်။

    သက်ဆိုင်ရာလွှတ်တော်အလိုက် ရွေးကောက်ပွဲဥပဒေပုဒ်မ ၉၀ အရ အပ်နှင်းထားတဲ့ လုပ်ပိုင်ခွင့်ကို ကျင့်သုံးပြီး နည်းဥပဒေတွေကို အောက်တိုဘာ ၂၆ ရက်နေ့မှာ ပြင်ဆင်ပြဌာန်းတာလို့ ကော်မရှင် ဥက္ကဋ္ဌ ဦးသန်းစိုးက လက်မှတ်ရေးထိုးပါတယ်။

    ပြင်ဆင်လိုက်တဲ့ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် ရွေးကောက်ပွဲနည်းဥပဒေပါ ပုဒ်မ ၉၉ အရ ကိုယ်စားလှယ်လောင်းတစ်ဦးဟာ ရွေးကောက်ပွဲကုန်ကျစရိတ်အဖြစ် ငွေကျပ် သိန်း ၃၀၀ အထိ ခွင့်ပြုလိုက်တာပါ။

    အဲဒီပုဒ်မပါ အရင်နည်းဥပဒေမှာတော့ ငွေကျပ် သိန်း ၁၅၀ ထက် ပိုပြီး သုံးစွဲခြင်း မပြုရာကနေ အခုအခါမှာ ငွေကျပ် သိန်း ၃၀၀ နဲ့ အစားထိုးပြင်ဆင်ကာ ရွေးကောက်ပွဲကုန်ကျစရိတ်ကို တိုးမြှင့်ခဲ့တာ ဖြစ်ပါတယ်။

    ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ ဥက္ကဌ မန်းအောင်ပြည်စိုးက ကုန်ဈေးနှုန်းနဲ့ လိုက်လျောညီထွေဖြစ်အောင် ရွေးကောက်ပွဲကုန်ကျစရိတ်ကို တိုးမြှင့်တာဖြစ်လို့ သတ်မှတ်နှုန်းထက် ကျော်ပြီး သုံးစွဲလို့ မရဘူးလို့ ပြောပါတယ်။

    “ကျွန်တော် မြင်တာတော့ အခုကုန်ဈေးနှုန်းတွေ တက်လာတဲ့အခါကျတော့ အဲဒါနဲ့ လိုက်လျောညီ ထွေဖြစ်အောင် ခွင့်ပြုလိုက်တဲ့သဘောမျိုးလို့ နည်းနည်း သုံးသပ်မိသလားလို့။ (ကိုယ်စားလှယ်လောင်းတစ်ဦးအတွက် ရွေးကောက်ပွဲကုန်ကျစရိတ်က) သူနိုင်သလောက်ပေါ့။ ဒါပေမယ့် သိန်း ၃၀၀ ထက် ကျော်လို့ မရဘူး။ ဒီမှာကတော့ ၅၀ ပဲလုပ်လုပ် ၁၀၀ ပဲ လုပ်လုပ် ရတယ်။ လျော့လို့တော့ ရတယ်။ ဒါ အရင်တုန်းကလည်း ဒီလိုပဲလေ။ ကျော်ပြီးတော့ သုံးလို့တော့ မရဘူးပေါ့”လို့ ဆိုပါတယ်။

    တိုင်း ဒါမှမဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲနည်းဥပဒေ ပုဒ်မ ၉၉ (က) အရ ကိုယ်စားလှယ်လောင်းတစ်ဦးဟာ ငွေကျပ် သိန်း ၃၀၀ အထိ သုံးစွဲခွင့်ပြုသလို (ခ) မှာလည်း တိုင်းရင်းသားလူမျိုး ကိုယ်စားလှယ်လောင်းတစ်ဦးဟာလည်း ငွေကျပ် သိန်း ၅၀၀ အထိ သုံးစွဲနိုင်တယ်လို့ ပြင်ဆင်ခဲ့တာပါ။

    အဲဒီပုဒ်မပါ အရင်နည်းဥပဒေမှာတော့ ငွေကျပ် သိန်း ၁၅၀ ထက်ပိုပြီး သုံးစွဲခွင့်မပြုသလို တိုင်းရင်း သားလူမျိုး ကိုယ်စားလှယ်လောင်းအတွက်လည်း တစ်ဦးကို ငွေကျပ် သိန်း ၃၀၀ အထိသာ သုံးစွဲခွင့်ပြုထားတာ ဖြစ်ပါတယ်။

    နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းနည်းဥပဒေမှာလည်း ပုဒ်မ (၂၁) အရ “ငွေကျပ် သိန်း ၁၅၀ ဆိုတဲ့ စကားရပ်ကို ငွေကျပ် သိန်း ၃၀၀ နဲ့ လည်းကောင်း၊ ငွေကျပ်သိန်း ၃၀၀ ဆိုတဲ့ စကားရပ်ကို ငွေကျပ် သိန်း ၅၀၀ နဲ့ လည်းကောင်း အစားထိုးပြင်ဆင်ခဲ့တာပါ။

    မွန်တိုးတက်ရေးပါတီ ခေါင်းဆောင်တစ်ဦးကတော့ ကုန်ဈေးနှုန်းကြီးမြင့်နေတဲ့အပေါ် ကော်မရှင်က ရွေးကောက်ပွဲအသုံးစရိတ်ကို ပြောင်းပေးတာဖြစ်လို့ သတ်မှတ်နှုန်းအတိုင်း လောက်အောင် သုံးရမှာပဲလို့ ပြောပါတယ်။

    “အခုကျတော့လည်း အရာရာက ကုန်ဈေးနှုန်းကြီးမြင့်နေတော့လည်း UEC လည်း (ရွေးကောက်ပွဲကုန်ကျစရိတ်) ပြောင်းပေးတာပေါ့၊ အဲဒီလိုပဲ ယူဆရမှာပေါ့။ကျွန်‌တော်တို့လည်း (ကိုယ်စားလှယ်လောင်းတစ်ဦးအတွက် အသုံးစရိတ်) ၁၀၀ နဲ့ ပေးသုံးရင် ၁၀၀ နဲ့ လောက်အောင် သုံးရမှာပဲ။ ၃၀၀ ပေးသုံးရင်လည်း၃၀၀ နဲ့ပေါ့၊ အဲဒီလိုပဲ ရှိတာပေါ့။ ထွေထွေထူးထူးတော့ မရှိပါဘူးဗျာ”လို့ ဆိုပါတယ်။

    လေ့လာသူတွေကတော့ ရွေးကောက်ပွဲကုန်ကျစရိတ် တိုးမြှင့်လိုက်တာဟာ ပြည်ထောင်စုတဝန်း ဝင်ပြိုင်ကြမယ့် ပါတီတွေအတွက် မဲဆွယ်စည်းရုံးတဲ့အခါ ကိုယ်စားလှယ်လောင်းတွေရဲ့ ကုန်ကျစရိတ်ကို ပိုမိုသုံးစွဲခွင့်ရသွားတဲ့အတွက် အားသာနိုင်တယ်လို့ ဝေဖန်သုံးသပ်တာလည်း ရှိနေပြန်ပါတယ်။

    သက်ဆိုင်ရာလွှတ်တော်အလိုက် နည်းဥပဒေပုဒ်မ ၉၈ (ခ) အရ လွှတ်တော်ကိုယ်စားလှယ်လောင်းရဲ့ ရွေးကောက်ပွဲကုန်ကျစရိတ်အတွက် မိမိကိုယ်ပိုင်ငွေနဲ့ဖြစ်စေ၊ ပြည်တွင်းရှိ နိုင်ငံသားတစ်ဦးချင်းစီက ဖြစ်စေ၊ ကုမ္ပဏီ ဒါမှမဟုတ် ကုမ္ပဏီ အစုအဖွဲ့တွေက ဖြစ်စေ တရားဝင်ရရှိထားတဲ့ ငွေကြေးတွေထဲက လှူဒါန်းတဲ့ ငွေနဲ့ ဖြစ်စေ၊ သက်ဆိုင်ရာ ပါတီအဖွဲ့အစည်းက ထောက်ပံ့တဲ့ ငွေနဲ့ ဖြစ်စေ ကျခံပြီးတဲ့ ကုန်ကျစရိတ်တွေလို့ ဖော်ပြပါတယ်။

    တစ်ဘက်မှာ ရွေးကောက်ပွဲဝင်ပြိုင်ကြမယ့် ကိုယ်စားလှယ်လောင်းတွေအတွက် စုဝေးဟောပြောခွင့်နဲ့ မဲဆွယ်စည်းရုံးမယ့် နေ့ရက်နဲ့ ကပ်ပြီး ရွေးကောက်ပွဲကုန်ကျစရိတ်ဆိုင်ရာ လွှတ်တော်အလိုက် နည်းဥပဒေကို ပြင်ဆင်ပြဌာန်းခဲ့တာပါ။

    မဲဆွယ်စည်းရုံးမယ့် နေ့ရက်ကိုတော့ အောက်တိုဘာ ၂၈ ကနေ ဒီဇင်ဘာ ၂၆ ရက်နေ့အထိ ရက်ပေါင်း ၆၀ သတ်မှတ်ကာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာထားပြီး ဖြစ်ပါတယ်။

    ဒါပေမယ့် လူစုလူဝေးနဲ့ စီတန်းလှည့်လည် မဲဆွယ်စည်းရုံးခွင့်ကိုတော့ လုံခြုံရေးအကြောင်းပြချက်နဲ့ ပိတ်ပင်ထားပါတယ်။

    မန်းအောင်ပြည်စိုးကတော့ စုဝေးဟောပြောခွင့်နဲ့ ပတ်သက်ပြီး ပါတီအနေနဲ့ မစီစဉ်ရသေးပေမယ့် ပါတီအမှတ်တံဆိပ်တွေကိုတော့ ဆိုင်းဘုတ်ထောင် စည်းရုံးသွားဖို့ စီစဉ်ထားတယ်လို့ ပြောပါတယ်။

    ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီအနေနဲ့ ကရင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားလူမျိုးမဲဆန္ဒ နယ်အပါအဝင် လွှတ်တော်သုံးရပ်စလုံးမှာ ကိုယ်စားလှယ်လောင်း ၂၆ ဦး ဝင်‌ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

    ဒီဇင်ဘာနှောင်းပိုင်းမှာ စတင်ကျင်းပမယ့် အပိုင်းလိုက် အထွေထွေရွေးကောက်ပွဲမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကနေ စိစစ်ပြီး ဝင်ရောက်ယှဉ်ပြိုင်ခွင့်ပြုတဲ့ ကိုယ်စားလှယ်လောင်း ၄၉၃၀ ကျော် ရှိနေပါတယ်။

    အဲဒီထဲက ပြိုင်ဘက်မရှိတဲ့ မဲဆန္ဒနယ်မြေ ၃၁ နေရာရှိတဲ့အတွက် လွှတ်တော်အမတ်ဖြစ်မယ့် ကိုယ် စားလှယ်လောင်း ၃၁ ဦး ရှိနေပြီး စစ်တပ်ကျောထောက်နောက်ခံပြုထားတဲ့ ကြံ့ခိုင်ရေးပါတီက ၂၈ နေရာနဲ့ အများဆုံး ရရှိထားတာပါ။

    စစ်ကော်မရှင် ပြဌာန်းထားတဲ့ ရွေးကောက်ပွဲဥပဒေပုဒ်မ ၄၁ (က) အရ မဲဆန္ဒနယ်တစ်ခုမှာ ကိုယ်စား လှယ်လောင်း တစ်ဦးတည်းသာရှိရင် အဲဒီမဲဆန္ဒနယ်အတွက် ရွေးကောက်ပွဲမကျင်းပတော့ဘဲ အဲဒီပုဂ္ဂိုလ်ကို အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ကြေညာရမယ်လို့ ဖော်ပြထားပါတယ်။

  • စစ်တွေတွင် AAနှင့် စစ်ကော်မရှင်တို့ လက်နက်ကြီးတိုက်ပွဲဆင်နွှဲနေ

    ‎ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် စစ်ကော်မရှင်နှင့် အာရက္ခတပ်တော် (AA)တို့ လက်နက်ကြီးများဖြင့် အပြန်အလှန်ပစ်ခတ်နေကြောင်း သိရသည်။

    ‎ယမန်နေ့ အောက်တိုဘာ ၂၆ရက်နေ့မှ ယနေ့အောက်တိုဘာ ၂၇ရက် နံနက်ပိုင်းအထိ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုများ ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

    ‎”စစ်တပ်ဘက်က ပုဏ္ဏားကျွန်း၊ ပေါက်တောနဲ့ ရသေ့တောင်ဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်နေတာ ကနေ အခု AA ကပါပြန်ပစ်တယ်” ဟု စစ်တွေရှိ သတင်းရင်းမြစ်က ပြောသည်။

    ‎AA ပစ်ခတ်လိုက်သည့် လက်နက်ကြီးအချို့မှာ စစ်တွေ ဒေသကွပ်ကဲမှုဆိုင်ရာ ဌာနချုပ် ဒကစ အတွင်း ကျရောက်ပေါက်ကွဲပြီး စစ်ကော်မရှင်တပ်ဖွဲ့ဝင်အချို့သေဆုံးကာ ‎စစ်ကော်မရှင်က လက်နက်ကြီး၊ ဒရုန်းဗုံးများသုံး၍ ပုဏ္ဏားကျွန်းမြို့နယ်ကို ပစ်ခတ်တိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

    စစ်ကော်မရှင်သည် ‎ပုဏ္ဏားကျွန်းမြို့ကို လက်လွှတ်ခဲ့ရစဉ်က AA တပ်များ စစ်တွေမြို့ကို ရောက်မလာ စေရန်အတွက် မင်းချောင်းတံတားကို ချိုးဖျက်ခဲ့ရာ ယခု အဆိုပါမင်းချောင်းတံတားကို ပြန်လည်ပြင်ဆင်ထားကြောင်း သိရသည်။

    ‎စစ်တွေ- ပုဏ္ဏားကျွန်း ဆက်သွယ်ထားသည့် မင်းချောင်းတံတားကို ပြင်ဆင်မှုများလုပ်ဆောင်ပြီး တံတားထိပ်နှစ်ဖက်တွင် ခံစစ်အခိုင်အမာပြင်ဆင်ကာ လူအင်အား ချထားကြောင်း ဒေသခံများထံမှ သိရသည်။

    ‎စစ်တွေမြို့ ရွှေမင်းဂံရှိ စစ်ကော်မရှင်ရေတပ်နှင့် ပင်လယ်ပြင်ရှိ စစ်သင်္ဘောများမှနေ၍ လက်နက်ကြီး များဖြင့် ပုဏ္ဏားကျွန်းနှင့် ရသေ့တောင်မြို့နယ်များကို ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိရာ AAတပ်ဖွဲ့များကလည်း စစ်ကော်မရှင်တပ်များရှိရာ နေရာများနှင့် ဒကစအတွင်းကို ပြန်လှန်ပစ်ခတ် နေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

    ဓာတ်ပုံ-AA Info Desk

  • မန္တလေးမှာ အဒေါ်ဖြစ်သူကို သံတူနဲ့ထုသတ်ပြီး ရွှေ ၁၀ သားနဲ့ ငွေသိန်း ၁၀၀ ယူသူကို ဖမ်းမိ

    မန္တလေးမှာ အဒေါ်ဖြစ်သူကို သံတူနဲ့ထုသတ်ပြီး ရွှေ ၁၀ သားနဲ့ ငွေသိန်း ၁၀၀ ယူသူကို ဖမ်းမိ

    ချမ်းမြသာစည်မြို့နယ်၌ ငွေကြေးအခက်အခဲကြောင့် အဒေါ်ဖြစ်သူနှင့် တူမဖြစ်သူတို့ကို သံရိုက်တူဖြင့် ရိုက်နှက်ကာ ရွှေတုံးနှင့် ငွေများ ယူဆောင်ခဲ့သည့် အမျိုးသမီး ဖော်ထုတ်ဖမ်းဆီး

    ချမ်းမြသာစည်မြို့နယ်၌ ငွေကြေးအခက်အခဲကြောင့် အဒေါ်ဖြစ်သူနှင့် တူမဖြစ်သူတို့ကို သံရိုက်တူဖြင့် ရိုက်နှက်ကာ ရွှေတုံးနှင့် ငွေများ ယူဆောင်ခဲ့သည့် အမျိုးသမီးအား ဖော်ထုတ်ဖမ်းဆီး ရမိခဲ့ကြောင်းသိရသည်။

    ဖြစ်စဉ်မှာ အောက်တိုဘာ ၂၆ ရက် နံနက် ၉ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာ စည်မြို့နယ်၊ မြို့သစ်(၂)ရပ်ကွက်၊ လမ်း ၇၀ (အေ)၊ ၁၀၇ လမ်းနှင့် ၁၀၈ လမ်းကြားရှိ အိမ်အမှတ် (၁၇၂)နေအိမ်၌ အမျိုးသမီးတစ်ဦး အသတ်ခံရကြောင်းသတင်းအရ ချမ်းမြသာစည် မြို့နယ်၊ အမှတ်(၁၁)နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ က သွားရောက် စစ်ဆေးခဲ့ရာ

    အဆိုပါနေအိမ်ပိုင်ရှင် အငြိမ်စား စာကြည့်တိုက်မှူး ဒေါ်ခင်စိုးမြင့် (၈၄)နှစ်ကို နေအိမ်မြေညီထပ် ဧည့်ခန်းအတွင်းရှိ ထိုင်ခုံပေါ်တွင် ဦးခေါင်းပေါက်ပြဲဒဏ်ရာတစ်ချက်ဖြင့် သေဆုံးနေပြီး အတူနေ ၎င်း၏မြေးဖြစ်သူ ဒေါ်အေးအေးခိုင် (၃၆)နှစ်အား မြေညီထပ်ဧည့်ခန်း ခုတင်ပေါ်တွင် ဦးခေါင်း၊ ဝဲနားထင်တို့၌ ပေါက်ပြဲဒဏ်ရာနှစ်ချက် ရရှိထားသည်ကို စစ်ဆေး တွေ့ရှိရသဖြင့် ချမ်းမြသာ စည်မြို့နယ်၊ အမှတ်(၁၁)နယ်မြေရဲစခန်း(ပ) ၁၈၉/၂၀၂၅၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၂/၃၂၆ ဖြင့် အမှုရေးဖွင့် စစ်ဆေးဆောင်ရွက်ခဲ့သည်။

    ပြစ်မှုကျူးလွန်သူများကို ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေးအတွက် ရဲတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်ခြင်းများဆောင်ရွက်ခဲ့ရာ ပြစ်မှုကျူးလွန်သူမှာ သေဆုံးသူ၏ တူမတော်စပ်သူ ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၃) အမှတ်(၄) အခြေခံပညာအလယ်တန်းကျောင်း၌ တွဲဘက် တာဝန်ထမ်းဆောင်နေသည့် အလယ်တန်းပြဆရာမ မစိုးစိုးထွန်း ဖြစ်ကြောင်း ဖော်ထုတ်သိရှိရသဖြင့် ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်ခဲ့ရာ ၎င်းအား အောက်တိုဘာ ၂၆ ရက် ညနေ ၅ နာရီကျော်တွင် အခင်းဖြစ်နေအိမ်သို့ ပြန်လည်ရောက်ရှိလာစဉ် ဖမ်းဆီးရမိခဲ့သည်။

    ဖမ်းဆီးရမိတရားခံ စိုးစိုးထွန်း၏ ထွက်ဆိုချက်အရ ၎င်းသည် ၂၀၂၃ ခုနှစ် ဇူလိုင်လခန့်မှစ၍ နွားထိုးကြီးမြို့နယ်မှ ယာယီနေရပ်စွန့်ခွာ၍ ပြင်ဦးလွင်မြို့၌ အိမ်ငှားရမ်းနေထိုင်ခဲ့ရသဖြင့် ငွေကြေး အခက်အခဲများစွာရှိခဲ့ကြောင်း၊

    ၂၀၂၅ ဇူလိုင်လတွင် ၎င်း၏အဒေါ်တော်စပ်ပြီး မိသားစုကဲ့သို့ ရင်းနှီး၍ ဝင်ထွက်သွားလာနေသည့် ဒေါ်ခင်စိုးမြင့်မှ မန္တလေးမြို့၊ မြို့ သစ်(၅)ရပ်ကွက်ရှိ နေအိမ်အား ရောင်းချသည်ကို သိရှိရသဖြင့် ငွေချေးယူခဲ့ရာ ဒေါ်ခင်စိုးမြင့်မှ အိမ်ရောင်းရငွေ အကျေအလည် ရရှိပါက စီစဉ်ပေးမည်ဟုပြောကြားခဲ့ပြီး ငွေအကျေအလည်ရရှိပြီး အခင်းဖြစ်ပွားခဲ့သည့် နေအိမ်အား ပြန်လည်ဝယ်ယူ ပြောင်းရွှေ့နေထိုင်ခဲ့သော်လည်း ၎င်း၏အခက်အခဲအား ဆောင်ရွက်ပေးမှ မရှိကြောင်း၊

    အောက်တိုဘာ ၂၄ ရက်တွင် ဒေါ်ခင်စိုးမြင့်မှ ၎င်းအား ဖုန်းဆက်ခေါ်၍ အခင်းဖြစ်နေအိမ်သို့ ထပ်မံရောက်ရှိနေထိုင်ခဲ့ပြီး အောက်တိုဘာ ၂၅ ရက် နံနက်ပိုင်းတွင် ဒေါ်ခင်စိုးမြင့်၊ တူမတော်စပ်သူ မအေးအေးခိုင်တို့နှင့်အတူ ဈေးဝယ်ထွက်ပြီးနောက် နံနက် ၁၁ နာရီခန့် နေအိမ်သို့ပြန်လည်ရောက်ရှိခဲ့ကြောင်း၊

    နေ့လယ်စာ စားပြီးချိန်တွင် မအေးအေးခိုင်မှာ မြေညီထပ်ဧည့်ခန်းအတွင်းရှိ ခုတင်ပေါ် အိပ်ပျော်နေစဉ် နေအိမ်ဝင်ပေါက်အနီး သစ်သားသေတ္တာ အတွင်းမှ သံရိုက်တူအား ယူဆောင်ကာ မအေးအေးခိုင်အား ၃ ချက်ခန့်ထုရိုက်ပြီး ထိုင်ခုံပေါ် ထိုင်နေသည့် ဒေါ်ခင်စိုးမြင့်၏ ဦးခေါင်းငယ်ထိပ်အား တစ်ချက်ထုရိုက်ခဲ့ကြောင်း၊

    ထို့နောက် ဒေါ်ခင်စိုးမြင့် အိပ်ခန်းအတွင်းရှိ သံသေတ္တာအား တူဖြင့်ရိုက်ဖျက်ကာ သေတ္တာအတွင်းသိမ်းဆည်း ထားသည့် “အောင်သမာဓိ”တံဆိပ်ပါ ရွှေ ၁၀ ကျပ်သားတုံး ၁ တုံး၊ အိပ်ယာပေါ်ရှိ ငွေကျပ်သိန်း ၁ဝဝ တို့ကို ယူဆောင်ကာ ပြင်ဦးလွင်မြို့ သို့ ပြန်လာခဲ့ကြောင်း၊

    အောက်တိုဘာ ၂၆ ရက်တွင် ဒေါ်ခင်စိုးမြင့် နေအိမ်မှ ယူဆောင်လာသည့် ရွှေတုံးအား ရောင်းချကာ ၎င်းချေးငှားထားသည့် ငွေကြေးများ ပြန်လည်ပေးဆပ်သုံးစွဲခဲ့ကြောင်း စစ်ဆေးဖော်ထုတ်သိရှိရသည်။

    ထိုသို့ ငွေကြေးအခက်အခဲကြောင့် အဒေါ်ဖြစ်သူနှင့် တူမဖြစ်သူတို့အား သံရိုက်တူဖြင့် ထုရိုက်ခဲ့သည့် စိုးစိုးထွန်းအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေးနှင့် သိမ်းဆည်း ရန်ကျန် သက်သေခံပစ္စည်းများ ပြန်လည်သိမ်းဆည်းရရှိနိုင်ရေး ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း သက်ဆိုင်ရာမှ သိရသည်။