Category: News

  • ပြင်းထန်တဲ့ဝေဖန်မှုခံနေရတဲ့ စစ်ကောင်စီဘက်တော်သား အနုပညာရှင်များ

    ပြင်းထန်တဲ့ဝေဖန်မှုခံနေရတဲ့ စစ်ကောင်စီဘက်တော်သား အနုပညာရှင်များ

    ပြည်သူတွေရဲ့ ပြင်းထန်တဲ့ဝေဖန်မှုခံနေရတဲ့ စစ်ကောင်စီဘက်တော်သား အနုပညာရှင်များ

    စစ်ကောင်စီရဲ့ ရွေးကောက်ပွဲအတွက် မြန်မာပြည်ရဲ့နာမည်ကြီးမင်းသားတွေ ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားအပေါ် တော်လှန်ရေးအသိုင်းအဝိုင်းအပါအဝင် ပြည်သူတွေရဲ့ ဝေဖန်သံတွေ ဆူညံနေပါတယ်။

    “ဗုံးထောင်တာ တော်လှန်ရေးမဟုတ်ဘူးတဲ့ အိမ်တွေမီးရှို့တာက နယ်မြေရှင်းလင်းရေး၊ လေယာဥ်နဲ့ ပြည်သူတွေ၊ကလေးတွေပါမကျန် ဗုံးကြဲတာက စစ်ဆင်ရေး၊ ကိုယ့်လက်အောက် မှာ မလုပ်ချင်တဲ့သူတွေကိုဖမ်းပြီးထောင်ချ၊ ကိုယ်မကောင်းလို့မကောင်းဘူးပြောတဲ့သူတွေကိုဖမ်းဆီးဖျောက်ဖျက်တာကနိုင်ငံရေး၊စစ်ရှုံးနေလို့လူငယ်တွေကိုပေါ်တာဆွဲတာကတပ်မတော်ပေါ့လေ။” လို့ Revolution Fan War-RFW ပေ့ခ်ျက ‌မြေပြင်အခြေအနေနဲ့ ကွာဟနေတဲ့ အကြောင်းကို ထောက်ပြထားပါတယ်။

    ဒီဇာတ်ကားက စစ်ကောင်စီရဲ့ရွေးကောက်ပွဲ အတွက်တင်မဟုတ်ပဲ ပြည်သူ့ဘက်တော်သားတွေရဲ့ တည်ရှိမှုကိုပါ စကားလုံးအသုံးအနှုန်း ၊ အမူအရာတွေနဲ့ စော်ကားထားကြတာပါ။

    “ပြည့်သူတွေပေးတဲ နာမည်တွေနဲ့ အောင်မြင်လာပြီး ပြည်သူလူထုကို ကျေဇူးဆပ်လိုက်တာ ။ ဒါလား ပရိတ်သတ်ကိုချစ်တာ၊ ဒါလား ပရိတ်သတ်ရဲ့အနုပညာရှင်တွေလား။ မအလ ကိုမထောက်ခံလို့ အေးဆေးနေလည်းရတယ်။ ကြောက်ကြောက်နဲ့ ရိုက်ရပါတယ်လို မပြောနဲ့နော်”လို့ ပြည်သူတစ်ဦးက ဝေဖန်ထားပါတယ်။

    စစ်အစိုးရ ခေတ်အဆက်ဆက် အသုံးပြုခဲ့တဲ့ နည်းလမ်းအတိုင်း အနုပညာရှင်တွေရဲ့ အားကို အသုံးပြုပြီး ရွေးကောက်ပွဲအတွက် ဆွဲဆောင်ခဲ့ပေမယ့် ဒီတစ်ကြိမ်တော့ မှန်းချက်နဲ့ နှမ်းထွက် မကိုက်ဘူးလို့ ဆိုရမှာပါ။

    ဘာကြောင့်လဲဆိုတော့ ဒီဇာတ်ကားထွက်လာပြီးချိန်မှာ တော်လှန်ရေးကာလအစက အရှိန်ကောင်းခဲ့တဲ့ Boycott ဆိုတဲ့ စကားလုံးက ပြန်လည်ရေပန်းစားလာခဲ့တာကြောင့်ပါ။

    “အဖက်မလုပ်ကြောင်းလူညီဖို့ သူတို့အကောင့်တွေကိုfollow ဖြုတ်ပါ ။ Follow ဖြုတ်ပြီး ဘလော့ထားရင်ပိုကောင်းပါတယ် ။ Followထားပြီး အဖက်မလုပ်ဘူးအော်နေတာကျလည်း အဖက်လုပ်သလိုဖြစ်နေတာပါပဲ ။ စတာပါ ။ အတည်လုပ်ပါ မန့်မှာအကောင့်တွေထည့်ပေးထားမယ်” လို့ စစ်တပ် CDM ကိုခန့်ကိုက သူ့အကောင့်မှာ ရေးသားထားပါတယ်။

    စာထဲမှာရေးသားထားသလို Comment မှာလည်း ဇာတ်ကားထဲမှာပါဝင်တဲ့ အနုပညာရှင်တွေရဲ့ ပေ့ခ်ျတွေကိုလည်း စုစည်းဖော်ပြထားပြီး Unfollow ၊ Block စသဖြင့် ပြုလုပ်ဖို့ တိုက်တွန်းထားတာပါ။

    “စာမသင်ချင်လို့ ၊ ဆေးမကုချင်လို့ CDM လုပ်တာ မဟုတ်ဘူး ၊ အာဏာလုတဲ့ စကစကို ဆန့်ကျင်ကြောင်း ပြဖို့ CDM လုပ်တာ … ဆိုတဲ့ အခြေခံလေး လောက်တောင် သေချာ နားလည်ပုံ မရဘူး ။ CDM လုပ်ခဲ့တဲ့ ဆရာ/ဆရာမတွေဟာ CDM လုပ်ခဲ့ပေမယ့် … နီးစပ်ရာမှာ ရရင်ရသလို စာသင်ပေးခဲ့ကြ ၊ ဆေးကုပေးနေခဲ့ကြတယ် ( တစ်ချို့ဆို ခုထိ သင်ပေး/ကုပေးနေကြတုန်း ) အဲ့လို ဆက်လုပ်လို့ မရလောက်အောက်ကို လိုက်ပြီး ဖိနှိပ် ရန်ရှာခံခဲ့ကြရတာကိုကျ ဇာတ်ညွှန်း ထဲ ထည့်မရေးရဲပဲနဲ့ … ပေါက်ကရတွေ ပဲ လျှောက်ပြောနေကြတော့ … ခက်တာပဲ” လို့ ကိုဇင်ဇေလွင် က ထောက်ပြထားပါတယ်။

    နည်းပညာအားနည်းတဲ့ အရင်‌ ခေတ်ကာလတွေမှာ စစ်ကောင်စီရဲ့ ဝါဒဖြန့်တဲ့ မူဝါဒက အကျိုးသက်ရောက်မှု ရှိကောင်းရှိနိုင်ပေမယ့် ဒီနေ့ခေတ်မှာတော့ မရတော့ပါဘူး။

    စစ်ကောင်စီက ပြည်သူတွေအပေါ် အကြမ်းဖက်မှုတွေ ကျူးလွန်တာက ပြောစကားအနေနဲ့သာ မဟုတ်ပဲ မြေပြင်မှာ အမှန်တကယ်ကျူးလွန်နေကြောင်း သက်သေအတိအကျနဲ့ပါ။

    စစ်ကောင်စီက သူတို့ရဲ့လက်အောက်ခံ စစ်ကောင်စီတပ်သားတွေကို ကန့်သတ်ချက်တွေ နဲ့ လုပ်ဆောင်ထားတာကြောင့် အဖြစ်မှန်တွေကို မသိတာ ဖြစ်နိုင်ပေမယ့် ဒီဇာတ်ကားမှာ ပါဝင်သူတွေကတော့ နည်းပညာနဲ့ မစိမ်းသူတွေ ဖြစ်သလို ဆိုရှယ်မီဒီယာကို အသုံးပြုပြီး ‌ဝင်ငွေရှာနေသူတွေပါ။

    နေတိုး နဲ့ ခြူးလေးတို့ဆိုရင် စစ်ဘေးဒဏ်ကို အရင်ကတည်းက ခံစားနေရတဲ့ ရခိုင်လူမျိုးတွေပါ။ ဒါပေမယ့်လည်း ဒီဇာတ်ကားမှာတော့ နေတိုးက လူငယ်တွေရဲ့ ရပ်တည်ချက်တွေကို ပုံဖျက်ခဲ့သလို ခြူးလေးကလည်း CDM ဆရာမတွေရဲ့ လုပ်ဆောင်ချက်တွေကို ပျက်ရယ်ပြုခဲ့တာပါ။

    ဒီနေ့ခေတ်မှာ ပြည်သူတွေရဲ့ သပိတ်မှောက်မှုက ဘယ်လောက် အတိုင်းအတာအထိ ရောက်ရှိနိုင်တယ်ဆိုတာ ရှေ့မှာလည်း ဥပမာတွေရှိပြီးသားပါ။

    မြင့်မြတ်ရဲ့ ဘော်ဒါအရင်းကြီး ဖြစ်တဲ့ ယုန်လေးက ၂၀၂၀ရွေးကောက်ပွဲ မတိုင်ခင်ကာလ ကတည်းက ဒေါ်အောင်ဆန်းစုကြည် နဲ့ ‌ပြည်သူ့အစိုးရကို စစ်တပ်ရဲ့ ထောက်ပံ့မှုနဲ့ အနုပညာအမည်ခံ Music Video ရိုက်ပြီး သွေးတိုးစမ်းခဲ့သူပါ။

    အဲဒီ့ကိစ္စကြောင့်ပဲ ယုန်လေးက ဒီနေ့ ဒီအချိန်အထိ ပရိသတ်ရှေ့ ပေါ်ပေါ်တင်တင်ရောက်ရှိမလာခဲ့တာပါ ။ဒါ့အပြင် စစ်‌တပ်ကိုထောက်ခံကြောင်း ပေါ်တင်ပြသခဲ့တဲ့ ဟာသလူရွှင်တော် ဒိန်းဒေါင်နဲ့ ငြိမ်းချမ်းတို့ဆိုရင်လည်း အနုပညာအလုပ်မဆက်လုပ်ရလောက်အောင် အပယ်ခံဖြစ်ခဲ့ကြပါတယ်။

    စစ်ကောင်စီက အခုဆိုရင် သူတို့ရဲ့ဖိနှိပ်မှုတွေကြောင့် တိမ်းရှောင်နေရတဲ့ မြန်မာနိုင်ငံသား တွေ အများစုရှိတဲ့ ထိုင်းနိုင်ငံကိုပါ အနုပညာ အမည်ခံပြီး လှုပ်ရှားမှုတွေပြုလုပ်လာပါတယ်။

    အနီးဆုံးဥပမာအနေနဲ့ ဒီရက်မှာ မြန်မာလုပ်သား အများဆုံးနေထိုင်တဲ့ မဟာချိုင်လို နေရာမှာ စစ်ကောင်စီ ခေါင်းဆောင်ရဲ့ သမီးနဲ့ အလုပ်လုပ်သူတွေ ထုတ်လုပ်ထားတဲ့ ဗြောသံ ဇာတ်ကားကို ရုံတင်နေတာပါ။

    ရုံတင်ရုံတင်မဟုတ်ပါဘူး။ ဇာတ်ကားထဲမှာ ပါဝင်သရုပ်‌ဆောင်ထားတဲ့ နေဝင်း ၊ခင်ဝင့်ဝါ တို့ကိုပါခေါ်လာပြီး ပရိသတ်နဲ့တွေ့ဆုံပွဲတွေပါ ပြုလုပ်ပေးနေတာပါ။

    ဒီလိုကိစ္စတွေကြောင့် တော်လှန်ရေး အင်အားစုတွေ ဘက်ကလည်း နယ်ကျော် လှုပ်ရှားလာတဲ့ပြည်တွင်းက အနုပညာရှင်တွေကို သပိတ်မှောက်ဖို့ တိုက်တွန်းနှိုးဆော်နေပါတယ်။

    ဒီရက်ထဲမှာ Boycott ကိစ္စတွေနဲ့ပတ်သက်ပြီး ဆက်တိုက်ဖော်ပြနေတာက Boycott နဲ့ပတ်သက်ပြီး ပြည်သူတွေ သွေးအေးသွားမှာစိုးဝာာကြောင့်လို့ Fake News Check Community (Fncc) Burma ကပြောပါတယ်။

    “အန္တရာယ်ကင်းတဲ့ ဆန့်ကျင်မှုမျိုးကိုတောင် မလုပ်နိုင်ရင် ကျနော်တို့လိုချင်တဲ့ ပြည့်ဝတဲ့ ဒီမို‌ကရေစီဆိုတာ အိပ်မက်တောင်မမက်သင့်တော့ပါဘူး” လို့ Fncc ရဲ့ တာဝန်ရှိသူကပြောပါတယ်။

    ” ဒီကောင်တွေ ဒါမျိုးရိုက်ရင် ဘာဆက်ဖြစ်မလဲဆိုတာ မသိလို့မဟုတ်ဘူး။ဘာမှ မလွဲမရှောင်သာလို့ ရိုက်ရတာပါဆိုတဲ့ စောက်ခွက်တွေလည်း မဟုတ်ဘူး။ အထဲမှာ ကြောက်ကြောက်နဲ့ နေနေရလို့ပါဆိုပြီးမှ စောက်မှတ်မရှိ သွားပတ်သက်နေတဲ့ ပရိသတ် ဆိုတဲ့ စောက်ပိန်းတွေ အများကြီးရှိနေတာ သိလွန်လွန်းလို့ကို အားလုံးကို ဒါပဲဆိုပြီး ရိုက်ပြတာ”လို့ အစီအစဉ်တင်ဆက်သူ မောင်မောင်အေးက သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

    တော်လှန်အနုပညာရှင်စိန်သီးကလည်း “ပြည်သူချစ်ရင် ကမ္ဗည်း တင်မည်။ ပြည်သူမုန်းရင် ပျက်သုဥ်းစေရမည်…..” လို့ စစ်ကောင်စီ ဝါဒဖြန့်ဇာတ်ကားအပေါ် မှတ်ချက်ပေးပါတယ်။

    (စစ်အုပ်စုဝါဒဖြန့်ဇာတ်ကားမှ ဇာတ်ဝင်ခန်းမှ ပါဝင်သရုပ်​ဆောင်​နေသူ​များ။ဓါတ်ပုံ-Screengrab)

  • မြန်မာစစ်ခေါင်းဆောင်များကို အာဆီယံထိပ်သီးနှင့်ဆက်စပ် အစည်းအဝေးများ တက်ရောက်ခွင့် ဆက်လက်ပိတ်ပင်

    မြန်မာစစ်ခေါင်းဆောင်များကို အာဆီယံထိပ်သီးနှင့်ဆက်စပ် အစည်းအဝေးများ တက်ရောက်ခွင့် ဆက်လက်ပိတ်ပင်

    အာဆီယံ ဘုံသဘောတူညီချက် ၅ ချက် အကောင်အထည်ဖော်ရန် ပျက်ကွက်နေမှုကြောင့် မြန်မာစစ်ခေါင်းဆောင်များကို အာဆီယံထိပ်သီးနှင့်ဆက်စပ် အစည်းအဝေးများ တက်ရောက်ခွင့် ဆက်လက်ပိတ်ပင်

    ရွေးကောက်ပွဲ မကျင်းပမီ အကြမ်းဖက်မှုများရပ်တန့်ရန်နှင့် အားလုံးပါဝင်သော တွေ့ဆုံညှိနှိုင်းရေး လုပ်ဆောင်ရမည်ဟု အာဆီယံက အသိပေး

    မြန်မာအကြမ်းဖက်စစ်တပ်အနေဖြင့် အာဆီယံဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖော်ရန် ပျက်ကွက်နေသည့်အတွက် မြန်မာစစ်ခေါင်းဆောင်များကို အာဆီယံ ထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ တက်ရောက်ခွင့် ဆက်လက်ပိတ်ပင်လိုက်ကြောင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးက ဆုံးဖြတ်ကြေညာချက် ထုတ်ပြန်လိုက်သည်။

    မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ တွင် အောက်တိုဘာလ ၂၆ ရက်နေ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးအပြီး အချက် ၂၈ ချက်ပါ မြန်မာ့အရေး ဆွေးနွေးချက် ကြေညာစာတမ်းကို ထုတ်ပြန်ခဲ့ပြီး ယင်းကြေညာချက်တွင် အဓိက အချက်များအနေဖြင့် မြန်မာစစ်တပ်က အာဆီယံဘုံသဘော တူ ညီချက် ၅ ချက်ကို အဓိပ္ပာယ်ရှိသော အကောင်အထည်ဖော် တိုးတက်မှုများ မလုပ်ဆောင်သေးလျှင် အာဆီယံထိပ်သီးအစည်းအဝေးနှင့် နောက်ဆက်တွဲ ဆက်စပ် အစည်းအဝေးများတွင် မြန်မာစစ်ခေါင်းဆောင်များ တက်ရောက်ခွင့်ပြုမည်မဟုတ်ဘဲ နိုင်ငံရေးအရ ကိုယ်စားမပြုသူကိုသာ တက်ခွင့်ပြုမည်ဖြစ်ကြောင်း သိရှိရသည်။

    ထို့ပြင် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး၏ ကြေညာချက်တွင် ရွေးကောက်ပွဲများမကျင်းပမီ နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းရန် ဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖော်ပြီး အကြမ်းဖက်မှုများကို ရပ်တန့်ရမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။

    “မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများကို လျှော့ချရန်နှင့် အရပ်သားများနှင့် အရပ်ဘက်အခြေခံအဆောက်အအုံများကို ပစ်မှတ်ထားတိုက်ခိုက်မှုများကို ရပ်တန့်ရန်၊ ယုံကြည်မှုတည်ဆောက်ရေး ကြိုးပမ်းမှုများကို မြှင့်တင်ရန် တိုက်တွန်းပါသည်။ ” ရွေးကောက်ပွဲများမတိုင်မီ အကြမ်းဖက်မှုများ ရပ်တန့်ခြင်းနှင့် အားလုံးပါဝင်သည့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပရမည်ဟု အလေးပေးပြောကြားလိုပါသည်” ဟု အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

    မြန်မာစစ်တပ်က လာမည့် ဒီဇင်ဘာလတွင် ရွေးကောက်ပွဲကျင်းပရန် စီစဉ်နေမှုနှင့် လေ့လာစောင့်ကြည့်ရေးအဖွဲ့များကို ဖိတ်ခေါ်မှုနှင့်ပတ်သက်၍ ရွေးကောက်ပွဲသည် လွတ်လပ် မျှတ ငြိမ်းချမ်း ပွင့်လင်းမြင်သာပြီး အားလုံးပါဝင်သည့် ယုံကြည်စိတ်ချရသော ရွေးကောက်ပွဲဖြစ်ရမည်ဖြစ်ကြောင်း အာဆီယံ ထုတ်ပြန်ကြေညာသည်။

    မြန်မာနိုင်ငံအခြေအနေကြောင့် နောက်ဆက်တွဲ ဖြစ်ပေါ်လာသော လူကုန်ကူးမှု၊ မူးယစ်ဆေးဝါးမှောင်ခိုရောင်းဝယ်မှု၊ နေရပ်စွန့်ခွာမှု၊ ဆိုက်ဘာခြိမ်းခြောက်မှုများနှင့် အွန်လိုင်းလိမ်လည်မှုများအပါအဝင် ပဋိပက္ခမှပေါ်ပေါက်လာသော နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများကို ကိုင်တွယ်ဖြေရှင်းရေး အားလုံးပူးပေါင်းဆောင်ရွက်ရန် သဘောတူညီခဲ့ကြောင်း သိရှိရသည်။

    အာဆီယံက မြန်မာနိုင်ငံပြည်သူများ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ဒီမိုကရေစီရရှိရေးအတွက် ကူညီရန် ကုလသမဂ္ဂ၊ နိုင်ငံတကာတို့နှင့်အတူ လက်တွဲ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပြီး အနာဂတ်အစည်းအဝေးများတွင် တိုးတက်မှုကို ပြန်လည်သုံးသပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

  • စစ်​ကော်မရှင်​ ရွေး​ကောက်ပွဲ ပြိုင်ဘက်မရှိ၍ အမတ်ဖြစ်မည့်သူ ၃၀ ​ကျော်ရှိ

    စစ်​ကော်မရှင်​ ရွေး​ကောက်ပွဲ ပြိုင်ဘက်မရှိ၍ အမတ်ဖြစ်မည့်သူ ၃၀ ​ကျော်ရှိ

    စစ်ကော်မရှင်က ပြုလုပ်မည့် ရွေးကောက်ပွဲတွင် ပြိုင်ဘက်မရှိ၍ လွှတ်တော်အမတ်ဖြစ်မည့် ကိုယ်စားလှယ်လောင်း ၃၀ ကျော်ရှိနေကြောင်း စစ်ကော်မရှင်လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ၏ ယမန်နေ့(အောက်တိုဘာ ၂၅) ထုတ်ပြန်ထားသည့်စာရင်းအရ သိရသည်။

    ပြိုင်ဘက်မရှိသည့် မဲဆန္ဒနယ်မြေ ၃၁ နေရာရှိပြီး ထိုအထဲမှ ၂၈ နေရာတွင် ကြံ့ခိုင်ရေးပါတီမှ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကာ ရှမ်းနှင့် တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီမှ တနေရာ၊ “ဝ”အမျိုးသားပါတီမှ တနေရာနှင့် အာခါမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီမှ တနေရာ ဝင်ရောက်အရွေးချယ်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

    စစ်ကော်မရှင်၏ သက်ဆိုင်ရာရွေးကောက်ပွဲဉပဒေအရ မဲဆန္ဒနယ်တနယ်တွင် ရွေးကောက်ခံမည့် ကိုယ်စားလှယ်လောင်းတဦးတည်းသာရှိလျှင် ယင်းမဲဆန္ဒနယ်အတွက် ရွေးကောက်ပွဲ ကျင်းပခြင်းမပြုတော့ဘဲ ထိုပုဂ္ဂိုလ်အား လွှတ်တော်ကိုယ်စားလှယ်ဖြစ်ကြောင်း ကြေညာရမည်ဟု ဆိုထားသည့်အတွက် ပြိုင်ဘက်မရှိသည့် ထိုလူ ၃၀ ကျော်မှာ လွှတ်တော်ကိုယ်စားလှယ်များအဖြစ် ကြေညာခံရမည်ဖြစ်သည်။

    ပြိုင်ဘက်မရှိသည့် မဲဆန္ဒနယ်မြေများသည် ပြည်သူ့ လွှတ်တော်တွင် ကချင်ပြည်နယ် နောင်မွန်း၊ မံစီ၊ ရွှေကူ၊ စစ်ကိုင်းတိုင်း မင်းကင်း၊ ဝန်းသို၊ မော်လိုက်၊ ကနီ၊ ဆားလင်းကြီး၊ ရေဦး၊ တနင်္သာရီတိုင်း ရေဖြူ၊ လောင်းလုံ၊ ရှမ်းပြည်နယ် မက်မန်း၊ ဖယ်ခုံ၊ မိုးနဲ၊ အမျိုးသားလွှတ်တော် မဲအများဆုံးရသူအနိုင်ယူ (FPTP) စနစ်တွင် ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ် (၁)တို့ဖြစ်သည်။

    တိုင်းဒေသကြီး သို့မဟုတ်ပြည်နယ်လွှတ်တော် FPTP စနစ်တွင် ကချင်ပြည်နယ် ရွှေကူ၊ စစ်ကိုင်းတိုင်း ကောလင်း၊ ဝန်းသို၊ တမူး၊ ဘုတလင်၊ မော်လိုက်၊ ကနီ၊ ဆားလင်းကြီး၊ ရေဦး၊ တနင်္သာရီတိုင်း ရေဖြူ၊ သရက်ချောင်း၊ မကွေးတိုင်း ဂန့်ဂေါ၊ ရှမ်းပြည်နယ် ကျောက်မဲတို့ဖြစ်သည်။

    ထို့ပြင် တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ် FPTP စနစ်တွင် ကချင်တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်၊ အာခါတိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်နှင့် ကယန်း(ခ)ပဒေါင်တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်တို့ဖြစ်ကြောင်း ဖော်ပြထားသည်။

    ထိုအထဲမှ မိုးနဲမဲဆန္ဒနယ်တွင် ရှမ်းနှင့် တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီမှ ဦးစိုင်းထွန်းလင်း၊ ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ် (၁)တွင် “ဝ”အမျိုးသားပါတီမှ ဦးအမ်ဇော်လတ်နှင့် အာခါတိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်တွင် အာခါအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ဦးထွန်းအောင်တို့ဖြစ်ပြီး ကျန်မဲဆန္ဒနယ်များသည် ကြံ့ခိုင်​ရေးပါတီကိုယ်စားလှယ်​လောင်းများဖြစ်သည်။

    စစ်တပ်က မဲစာရင်းအကြောင်းပြအာဏာသိမ်းပြီးနောက် နိုင်ငံအတွင်း စစ်ကော်မရှင်တပ်နှင့် တော်လှန်ရေးအင်အားစုများအကြား တိုက်ပွဲများ ကျယ်ကျယ်ပြန့်ပြန်ဖြစ်ပွားနေရာ အဆိုပါ မဲဆန္ဒနယ်များထဲမှအများစုမှာ ပဋိပက္ခဖြစ်ပွားရာဒေသများထဲပါဝင်သည်။

    နိုင်ငံတဝန်း လက်နက်ကိုင်ပဋိပက္ခများကြားတွင် ကျင်းပမည့် ရွေးကောက်ပွဲအား အပိုင်းလိုက်ခွဲကျင်းပမည်ဖြစ်ပြီး အပိုင်း ၁ ကို လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် မြို့နယ် ၁၀၂ မြို့နယ်တွင် စတင်ကျင်းပမည်ဖြစ်ကြောင်း စစ်ကော်မရှင်က ဆိုထားသည်။

    ထိုရွေးကောက်ပွဲအား တနိုင်ငံလုံးအတိုင်းအတာဖြင့် ဝင်ပြိုင်မည့် ပါတီခြောက်ခုအပါအဝင် ၅၇ ပါတီက ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ရွေးကောက်ပွဲဝင်ပြိုင်ရန် ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းရာတွင် ကြံ့ခိုင်ရေးပါတီက အရေအတွက် ၁,၀၀၀ ကျော်ဖြင့် အများဆုံးစာရင်းတင်သွင်းခဲ့ခြင်းဖြစ်သည်။

    စစ်အုပ်စု၏ ရွေးကောက်ပွဲသည် အတုအယောင်ရွေးကောက်ပွဲသာဖြစ်ပြီး လက်မခံကြောင်း၊ အဆိုပါရွေးကောက်ပွဲသည် အများယုံကြည်လက်ခံနိုင်သည့် ရွေးကောက်ပွဲမဖြစ်နိုင်သည့်အပြင် သွေးထွက်သံယိုမှုများ ပို၍ပင်ဖြစ်ပွားစေနိုင်ကြောင်း ​တော်လှန်​ရေးအင်အားစုများ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် ​လေ့လာသူများက​ ​​ပြောထားသည်။

  • Rerouting

    Rerouting

    Rerouting (2024)

    ညမှာမောင်းတဲ့ app ကားဒါရိုက်ဘာတစ်ယောက်ဖြစ်တဲ့ Danny က ပျောက်သွားတဲ့မိန်းကလေးနှစ်ယောက် ပြန်ပေးဆွဲခံရတဲ့အမှုမှာ တရားခံအဖြစ်နဲ့ မတရားစွပ်စွဲခံခဲ့ရတယ်။

    Danny လည်း ရဲတွေက သူ့ကိုလုံးဝမယုံကြတဲ့အခါ သူအပြစ်မဲ့ကြောင်း သက်သေပြဖိုအတွက် အန္တရာယ်များတဲ့နည်းလမ်းကို ကြိုးစားပါတော့တယ်။

    ဒီလိုနဲ့ နောက်ကွယ်က ပူးပေါင်းကြံစည်မှုနဲ့ မှောင်မိုက်တဲ့ လျှို့ဝှက်ချက်တွေကို ဘယ်လိုတွေ့လာရမလဲဆိုတာကို ဒီဇာတ်လမ်းထဲမှာ ဆက်လက်ကြည့်ရှုလိုရပါတယ်။

  • ဒေါ်သက်သက်ခိုင် လာမယ့်ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ခွင့်မရ

    ဒေါ်သက်သက်ခိုင် လာမယ့်ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ခွင့်မရ

    ရွေးကောက်ပွဲဥပဒေပုဒ်မ ၈ (ဃ) ပါပြဋ္ဌာန်းချက်နဲ့ ငြိစွန်းတာကြောင့် လာမယ့်ရွေးကောက်ပွဲမှာ ဒေါ်သက်သက်ခိုင် ဝင်ရောက်ယှဥ်ပြိုင်ခွင့် မရဘူးလို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အတည်ပြုဖြေကြားပါတယ်။

    သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ ၈ (ဃ)မှာတော့ ကိုယ်စားလှယ်လောင်းဟာ “နိုင်ငံတော်နှင့် ပုဂ္ဂလိကသို့ မသင့်လျော်သည့် ပေးရန်တာဝန်များ ကင်းရှင်းသူ”ဖြစ်ရမယ်လို့ဖော်ပြထားပါတယ်။

    အဲဒီပုဒ်မ ဟာ ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းကမှ လွှတ်တော်ရွေးကောက်ပွဲဥပဒေတွေကို ပြန်လည်ပြင်ဆင်ရာမှာ လွှတ်တော် ကိုယ်စားလှယ်လောင်းအရည်အချင်းသတ်မှတ်ချက်ထဲ ထပ်တိုးထည့်သွင်းခဲ့တဲ့ ပုဒ်မဖြစ်ပါတယ်။

    အခုရွေးကောက်ပွဲမှာ လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ၅၀၂၃ ဦး မှာ ဥပဒေနဲ့မညီလို့ ပယ်ဖျက်ခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်း ၈၆ ဦးရှိတယ်လို့လည်း ကော်မရှင်က ပြောပါတယ်။

    ဒေါ်သက်သက်ခိုင် ငြိစွန်းတယ်ဆိုတဲ့ ပုဒ်မ ၈ (ဃ) ဟာ ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်ရှိသူ လူပုဂ္ဂိုလ်နဲ့သာ တိုက်ရိုက်သက်ဆိုင်ပြီး နိုင်ငံရေးပါတီနဲ့ အကျုံးမဝင်ဘူးလို့လည်း ကော်မရှင်ဆီက သိရှိရပါတယ်။

    ဒါကြောင့် သူ့ရဲ့ ပြည်သူ့ရှေ့ဆောင် PPP ပါတီကတော့ ဆက်လက်ရပ်တည်ပိုင်ခွင့်ရှိတယ်လို့နားလည်ရပါတယ်။

    စစ်ကော်မရှင်ခန့်ရွေးကောက်ပွဲကော်မရှင်ရဲ့ဖြေဆိုချက်တွေနဲ့ ပတ်သက်လို့ ဒေါ်သက်သက်ခိုင်ဘက်က တစုံတရာတုံ့ပြန်တာတော့မရှိသေးပါဘူး။

    ဒေါ်သက်သက်ခိုင်ကို လာမယ့်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဥ်ပြိုင်ခွင့်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပယ်ဖျက်လိုက်တယ်လို့ ဖြေကြားပါတယ်။

    သူဟာ သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ ၈ (ဃ) ပါပြဋ္ဌာန်းချက်နဲ့ ငြိစွန်းတာကြောင့် ကိုယ်စားလှယ်လောင်းစာရင်းက ပယ်ဖျက်တာဖြစ်တယ်လို့ ဆိုပါတယ်။

    အဲဒီ ပုဒ်မ ၈ (ဃ)မှာတော့ ကိုယ်စားလှယ်လောင်းဟာ ‘နိုင်ငံတော်နှင့် ပုဂ္ဂလိကသို့ မသင့်လျော်သည့် ပေးရန်တာဝန်များ ကင်းရှင်းသူ’ ဖြစ်ရမယ်လို့ဖော်ပြထားပါတယ်။

    အဲဒီပုဒ်မ ဟာ ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းကမှ လွှတ်တော်ရွေးကောက်ပွဲဥပဒေတွေကို ပြန်လည်ပြင်ဆင်ရာမှာ လွှတ်တော်ကိုယ်စားလှယ်လောင်းအရည်အချင်းသတ်မှတ်ချက်ထဲ ထပ်တိုးထည့်သွင်းခဲ့တာဖြစ်ပါတယ်။

    မအောင်မြင်သော 68 Residence အိမ်ရာစီမံကိန်းကြောင့် ငွေကျပ် ဘီလီယံ ၁၀၀ ကျော်အကြွေးတင်ကာ ပြန်လည် ပေးဆပ်နိုင်ခြင်းမရှိသည့် သက်သက်ခိုင် လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်မှ ပယ်ဖျက်ခံရ

    ရန်ကုန်မြို့တွင် မအောင်မြင်သော 68 Residence အိမ်ရာစီမံကိန်းကြောင့် ငွေကျပ် ဘီလီယံ ၁၀၀ ကျော်အကြွေးတင်နေသည့် ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌ သက်သက်ခိုင်မှာ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်မှ ပယ်ဖျက်ခံရကြောင်း နိုင်ငံရေးအသိုင်းအ၀ိုင်းက ပြောဆိုသည်။

    ကမ္ဘာအေးဘုရားလမ်းနှင့်ဆရာစံလမ်းထောင့်ရှိ 68 Residence အိမ်ရာစီမံ ကိန်းကို သက်သက်ခိုင်နှင့်အောင်ကျော်ဝင်းတို့က ကမ္ဘောဇဘဏ်ထံမှ ငွေကျပ် ဘီလီယံ ၁၀၀ ကျော် ချေးငှားခဲ့ကြောင်း၊ သို့ရာတွင် 68 Residence အိမ်ရာစီမံကိန်းမှာ အချိန်မီ ပြီးစီးခြင်းမရှိခြင်း၊ အခန်းအပ်နိုင်ခြင်းမရှိခဲ့ကြောင်း၊ ထို့ပြင် ကမ္ဘောဇဘဏ်မှ ချေးယူထားသော ငွေကျပ် ဘီလီယံ ၁၀၀ ကျော်မှာလည်း ပြန်လည် ပေးဆပ်နိုင်ခြင်းမရှိကြောင်း သိရှိရသည်။

    “လွှတ်တော်ကိုယ်စားလှယ်လောင်း အရည်အချင်းသတ်မှတ်ချက်မှာ လူမွဲအဖြစ် သက်ဆိုင်ရာ တရားရုံး၏ ကြေညာခံထားရခြင်းမှ လွတ်မြောက်ခွင့် မရသေးသူ ဆိုတာ ပါတယ်။ အဲဒီတော့ ဒေါ်သက်သက်ခိုင်ကိစ္စက လူမွဲတော့ မကြေညာခံရသေးသော်လည်း အကြွေးပြန်မဆပ်နိုင်လို့ တရားတဘောင် ဖြစ်နေတဲ့သဘောတော့ရှိတယ်။ ဆိုတော့ အရည်အချင်းသတ်မှတ်ချက်နဲ့ကတော့ ငြိတယ်လို့ ပြောလို့ရသလို မငြိသေးဘူးလို့လည်း ပြောလို့ရတယ်။ ဒါပေမယ့် အကြွေးမဆပ်နိုင်တာမို့လို့ လူမွဲအဖြစ် ကြေညာခံရတာမျိုးလည်းရှိလာနိုင်တယ်။ ဒါကြောင့် လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်ကနေ ပယ်ဖျက်ခြင်း၊ မပယ်ဖျက်ခြင်းကတော့ ရွေးကောက်ပွဲကော်မရှင်ရဲ့ ဆုံးဖြတ်ချက်နဲ့ ဆင်ခြင်တုံတရားအပေါ်မှာပဲ မူတည်ပါတယ်” ဟု နိုင်ငံရေးအသိုင်းအ၀ိုင်းက သုံးသပ်ပြောဆိုသည်။

    စစ်တပ်က ပြင်ဆင်ထားသော ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေ အခန်း ၅ ပုဒ်မ ၈ (ဃ) ပါ လွှတ်တော်ကိုယ်စားလှယ် အရည်အချင်းသတ်မှတ်ချက်တွင် နိုင်ငံတော်နှင့် ပုဂ္ဂလိက သို့ မသင့်လျော်သည့် ပေးရန် တာဝန်ကင်းရှင်းသူများ ဟု ပြဋ္ဌာန်းထားရာ သက်သက်ခိုင်မှာ ကမ္ဘောဇဘဏ်သို့ ငွေကျပ် ဘီလီယံ ၁၀၀ ကျော် အကြွေးပေးရန် ရှိနေ၍ အဆိုပါ ဥပဒေပုဒ်မနှင့်လည်း ငြိစွန်းနေကြောင်း သိရှိရသည်။

    ရန်ကုန်မြို့ ၊ ဗဟန်းမြို့နယ်၊ ဆရာစံလမ်းနှင့်ကမ္ဘာအေးဘုရားလမ်းရှိ မြေတစ်ဧကပေါ်တွင် တည်ဆောက်ခဲ့သော ၂၇ ထပ်အမြင့်ရှိ 68 Residence အဆင့်မြင့်ကွန်ဒိုကို United GP Development ကုမ္ပဏီက တာဝန်ယူတည်ဆောက်နေခြင်းဖြစ်ပြီး သက်သက်ခိုင်နှင့်အောင်ကျော်ဝင်းမှာ အဆိုပါကုမ္ပဏီ၏ ဥက္ကဋ္ဌနှင့်ဒါရိုက်တာများဖြစ်ကြသည်။

    ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ဥက္ကဋ္ဌ သက်သက်ခိုင်မှာ လာမည့် စစ်တပ်က ပြုလုပ်မည့် ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်း၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် ၂ မှ ဝင်ရောက်ယှဉ်ပြိုင်ရန် လျှောက်လွှာတင်သွင်းခဲ့ပြီး ၎င်း၏ မဲဆန္ဒ နယ်တွင် ဗဟန်း၊ ကမာရွတ်၊ အလုံ၊ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ လှိုင်၊ မရမ်းကုန်း မြောက်ဥက္ကလာပမြို့နယ်တို့ပါဝင်သည်။

    သက်သက်ခိုင်၏ ပါတီမှာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်သည်။

    သက်သက်ခိုင်သည် ၂၀၁၅ ခုနှစ်တွင် NLD ပါတီ၏ ဒဂုံမြို့နယ် ပြည်သူ့ လွှတ် တော်ကိုယ်စားလှယ်အဖြစ် အနိုင်ရရှိခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် NLD ပါတီမှ နုတ်ထွက်ခဲ့သူဖြစ်သည်။ ၂၀၁၉ ခုနှစ်တွင် ပြည်သူ့ရှေ့ဆောင်ပါတီ ထူထောင်ခဲ့ ပြီး ၂၀၂၀ ရွေးကောက်ပွဲတွင် သက်သက်ခိုင်၏ ပြည်သူ့ရှေ့ဆောင်ပါတီမှာ အမတ်နေရာ တစ်ခုမှ အနိုင်မရရှိဘဲ ခွက်ခွက်လန်အောင် ရှုံးနိမ်ခဲ့သည်။

    သက်သက်ခိုင်မှာ ၂၀၂၁ အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတွင် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဖြစ်လာခဲ့ပြီး ၂၀၂၃ ဩဂုတ် ၃ရက်တွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး အဖြစ် ပြောင်းလဲခန့်အပ် ခံရကာ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့ ဝန်ကြီးရာထူးတာဝန်များမှ အနားပေးခံခဲ့ရသည်။