Category: News

  • စစ်ကော်မရှင်က အကြိမ်ကြိမ်အင်အားဖြည့်ထားသည့် နတ်ရေကန်ဗျူဟာကုန်းကို  သိမ်းပိုက်

    စစ်ကော်မရှင်က အကြိမ်ကြိမ်အင်အားဖြည့်ထားသည့် နတ်ရေကန်ဗျူဟာကုန်းကို သိမ်းပိုက်

    မကွေး၊ ငဖဲမြို့နယ်၊ ပဒါန်းရှိစစ်ကကော်မရှင်၏ နတ်ရေကန်လေကြောင်းရန် ကာကွယ်ရေးတပ်စခန်းကုန်းကို AA နှင့်မဟာမိတ်တပ်များက သိမ်းပိုက်ရရှိပြီဖြစ်ကြောင်း သိရသည်။

    စစ်ကော်မရှင်တပ်၏ နတ်ရေကန်ဗျူဟာကုန်းကို ကိုးလနီးပါးအကြာ တိုက်ခိုက်ပြီးနောက် ယနေ့ အောက် တိုဘာ ၁၄ ရက်နေ့တွင် အလုံးစုံသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။

    “စခန်းကထွက်ပြေးတဲ့တပ်သားတွေကို ဖမ်းမိထားတာရှိတယ်။ အချို့ကျတော့ လက်နက်ချတာပေါ့။ အသေးစိတ်ကို ထုတ်ပြန်ပါလိမ့်မယ်။ ဒီ‌ညနေမှာ အလုံးစုံသိမ်းလို့ရတာပါ”ဟု သတင်းရင်းမြစ်က ပြောသည်။

    နတ်ရေကန်စခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ သည် ဟောင်ဝစ်ဇာအမြောက်များနှင့် စစ်ဖက်သုံးစက်များကိုပါ သယ်ယူထွက်ပြေး ကြပြီးနောက် စခန်းအနီးထိ AA တပ်များ ချဉ်းကပ်သိမ်းပိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

    “စစ်ယာဉ်တန်းတွေက နတ်ရေကန်ကိုမတက်နိုင်ရင် ကပစ ၁၄ ကာကွယ်ရေးပစ္စည်းစက်ရုံကို အဓိကကာကွယ်ဖို့ဖြစ်နိုင်တယ်။ နတ်ရေကန်ကတော့ ဘယ် လိုမှလှုပ်မရတဲ့အနေအထားနဲ့ ပိတ်ဆို့ထားပြီးသွားပါပြီ။ ဗျူဟာကုန်းထဲခံပစ်နေတဲ့အဖွဲ့တွေ ကျန်နေသေးတယ်လို့လည်း သိရပါတယ် “ဟု ယမန်နေ့ အောက်တို ဘာ ၁၃ ရက်နေ့ကစစ်ရေးသတင်းရင်းမြစ်က ပြောသည်။

    နတ်ရေကန်ဗျူဟာမှ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ ထွက်ပြေးသွားပြီး လေကြောင်းမှလည်း နတ်ရေကန်ဗျူဟာကုန်းနှင့် အနီးတဝိုက်ကို ပြန်လည်ကြဲချတိုက် ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

    ပြီးခဲ့သည့် အောက်တိုဘာ ၁၀ ရက်နေ့က စခန်းသိမ်း ဆည်းခံရသည့်ဟု သတင်းထွက်ပေါ်ပြီးနောက် စစ်ကော်မရှင်က မကွေးဘက်မှနေ၍ အရပ်သုံးယာဉ်အချို့ပါ အင်အားအပြည့် စစ်ယာဥ်တန်းများကို မစခ ၉၀၅ အတွင်းသို့ ပို့ဆောင်ခဲ့သည်။

    စစ်ယာဉ်တန်းများအနက် အင်အားအပြည့်ပါ စစ်သုံးကားကြီး ၁၁ စီးသည် ပျဉ်းဝစစ်ဆေးရေးဂိတ်အထိ ရောက်ရှိရပ်နားနေပြီဖြစ်ကြောင်း သိရသည်။

    ထို့အပြင် နတ်ရေကန်ဗျူဟာတစ်ခုလုံး အလုံးစုံပိတ် ဆို့ ထိန်းချုပ်ခံလိုက်ရပြီးနောက် ဆက်သွယ်ရေးလမ်းကြောင်းများပါ ပြတ်တောက်သွားပြီးနောက် ပျဉ်းဝစစ်ဆေးရေးဂိတ်အထိ စစ်ကော်မရှင်၏ အရာရှိပိုင်းများပါ ရောက်ရှိလာပြီး ညွှန်ကြားမှုပေးနေကြောင်း သိရသည်။

    AA တပ်ဖွဲ့များမှာ နတ်ရေကန်ပတ်ဝန်းကျင်ရှိ ကာကင်းစခန်းများအားလုံးကို သိမ်းလိုက်သည့်အပြင် ဗျူဟာကုန်းကြီးတစ်ခုလုံးကိုပါ ထိန်းချုပ်ထားသည့် အတွက် စစ်ကော်မရှင်လေကြောင်းမှပေးပို့သည့် လက်နက်ခဲယမ်းထုပ် အများစုကို AA က သိမ်းယူသွားကြောင်း သိရသည်။

    လက်ရှိတွင် ဗျူဟာကုန်းသို့ တက်လာသည့် စစ်ကူစစ်ကြောင်းများနှင့် AA တပ်တို့ တိုက်ပွဲဖြစ်ပွားနေပြီး လေကြောင်းမှလည်း ဗုံးကြဲတိုက်ခိုက်မှုများရှိကြောင်း သိရသည်။

  • စစ်တပ်က ကလေးငယ်များ ပညာသင်ကြားရာ နေရာကို ရည်ရွယ်ချက်ရှိရှိ ဗုံးကျဲပြီး စစ်ရာဇဝတ်မှု ပြောင်ပြောင်တင်းတင်း ကျူးလွန်

    စစ်တပ်က ကလေးငယ်များ ပညာသင်ကြားရာ နေရာကို ရည်ရွယ်ချက်ရှိရှိ ဗုံးကျဲပြီး စစ်ရာဇဝတ်မှု ပြောင်ပြောင်တင်းတင်း ကျူးလွန်

    ဟားခါး၊ ဗန်ဟားရွာ စာသင်ကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်မှု အသက် ၈ နှစ်နှင့် ၁၂ နှစ်အရွယ် ကလေးငယ် ၂ ဦးသေဆုံးပြီး ၂၁ ဦး ထိခိုက်ဒဏ်ရာရကာ ၂ ဦးစိုးရိမ်ရ

    စစ်တပ်က ကလေးငယ်များ ပညာသင်ကြားရာ နေရာကို ရည်ရွယ်ချက်ရှိရှိ ဗုံးကျဲပြီး စစ်ရာဇဝတ်မှု ပြောင်ပြောင်တင်းတင်း ကျူးလွန်ခြင်းဖြစ်ဟု CDF-Hakha ပြောဆို

    ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ ဗန်ဟားရွာ စာသင်ကျောင်းကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခြင်းကြောင့် အသက် ၈ နှစ်နှင့် ၁၂ နှစ်အရွယ် ကလေးငယ် ၂ ဦးသေဆုံးပြီး ၂၁ ဦး ထိခိုက်ဒဏ်ရာရကာ ၂ ဦးစိုးရိမ်ရကြောင်း CDF-Hakha က ထုတ်ပြန်ထားသည်။

    အောက်တိုဘာလ ၁၃ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် ဟားခါးမြို့နယ်၊ ဗန်ဟားကျေးရွာ စာသင်ကျောင်းကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုအတွင်း အသက် ၈ နှစ်အရွယ် ကျောင်းသား ၁ ဦး နှင့် အသက် ၁၂ နှစ်အရွယ် ကျောင်းသူ ၁ ဦး သေဆုံးခဲ့ပြီး ၂၁ ဦး ထိခိုက်ဒဏ်ရာရရှိကာ ၂ ဦးမှာ ဒဏ်ရာအခြေအနေ စိုးရိမ်ရကြောင်း၊ ထိုသို့ လေကြောင်း တိုက်ခိုက်မှုကို CDF-Hakha က ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချထားပြီး မိသားစုဝင်များနှင့် ရွာသူရွာသားများနဲ့အတူ ထပ်တူဝမ်းနည်းကြေကွဲရကြောင်း ထုတ်ပြန်ထားသည်။

    အကြမ်းဖက် စစ်တပ်က လေကြောင်း တိုက်ခိုက်ခဲ့သော ဗန်ဟားကျေးရွာသည် CDF-Hakha ၏ တပ်စခန်းမဟုတ်ကြောင်း၊ အရပ်သား ပြည်သူ ကလေးများ ပညာသင်ကြားရာနေရာဖြစ်သည့် ကျောင်းကို ရည်ရွယ်ချက်ရှိရှိ အကြမ်းဖက် စစ်တပ်က ပစ်မှတ်ထား သတ်မှတ်တိုက်ခိုက်ခြင်းသည် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေများနှင့် အခြေခံ လူ့အခွင့်အရေးဆိုင်ရာ နိယာမများ၊ လက်နက်ကိုင်ပဋိပက္ခ ဥပဒေများကို ဆိုးရွားစွာ ပြောင်ပြောင် တင်းတင်း ချိုးဖောက်ခြင်းဖြစ်ပြီး စစ်ရာဇဝတ်မှုကျူးလွန်ခြင်းဖြစ်ကြောင်း CDF-Hakha က ပြောဆိုထားသည်။

    အကြမ်းဖက် စစ်ကောင်စီသည် ၎င်းတို့၏ ရွေးကောက်ပွဲအကြိုကာလများတွင် အရပ်သား နေရာများကို ဂျက်တိုက်လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ချင်းပြည်အနှံ့ ဆက်တိုက်လုပ်ဆောင်နေခြင်းသည် တရားမဝင်ရွေးကောက်ပွဲဖြစ်ခြင်းကို ပေါ်လွန်ပြသခြင်းဖြစ်ကြောင်း၊ မည်သူမျှ ရွေးကောက်ပွဲတွင် လုံးဝ မပါဝင်ကြရန်နှင့် ပါဝင်သူများကို ထိရောက်စွာ အရေးယူမည်ဟု CDF-Hakha ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    အကြမ်းဖက် စစ်တပ်သည် အရပ်သားများ၊ ပြည်သူ့အဆောက်အအုံများနှင့် ကျောင်းများ၊ ဆေးရုံများနှင့် ဘာသာရေးအဆောက်အအုံများ ကာကွယ်စောင့်ရှောက်မည့်အစား တိုက်ခိုက်ခြင်းကို ချက်ချင်းရပ်တန့်ရန် လိုအပ်ပြီး ဤကဲ့သို့ တိုက်ခိုက်မှုကို စီစဉ်သူ၊ ခွင့်ပြုသူနှင့် အကောင်အထည် ဖော်သူများကို တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရန် သက်ဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်းများ၊ ပြည်တွင်းအဖွဲ့အစည်းများမှ ဖိအားပေးရန် တိုက်တွန်းကြောင်း၊ အကြမ်းဖက် စစ်ကောင်စီသည် ပြည်သူ့အာဏာကို ပြည်သူလူထုလက်သို့ ပြန်လည်အပ်နှင်းပြီး စစ်အာဏာရှင်စနစ်ကို အပြီးတိုင် ဖျက်သိမ်းသည်အထိ ပြည်သူနဲ့အတူ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း CDF-Hakha က ပြောဆိုထားသည်။

  • “ပန်ဆယ်လို”ကို Follow လုပ်ထားတာ ပညာမတတ် အောက်တန်းစားတွေပါဆိုတဲ့ ဥက္ကာမင်းမောင်

    “ပန်ဆယ်လို”ကို Follow လုပ်ထားတာ ပညာမတတ် အောက်တန်းစားတွေပါဆိုတဲ့ ဥက္ကာမင်းမောင်

    လူတစ်​ယောက်ရဲ့ သမိုင်းဟာပြင်မရဘူး..

    စာခိုးချပြီး စာ​ရေးဆရာမလုပ်​ပေမယ့် ပြဿနာ​တွေတက်ခဲ့တာ အားလုံးအသိ..

    မဂ်လာ​စျေး ​ဘေထုပ်သည်ဘဝက​နေ ​အ​မေစု​ဘေးနား​ရောက် လယ်ဆယ်ဘဏ်က ​ချေး​ငွေသိန်း ၂ ​သောင်းမှာ နိုင်ငံ​ရေး​ငွေ​ကြားထဲက​ဖြောင်ပြီး​မြောက်ဒဂုံကအိမ်ဝယ်တယ်..

    ရှားရှားပါးပါး တခုတည်း​သော MRTV 4 အင်တာဗျူး Let’s Talk အတွက် ကိုဇင်​အောင်က​ခေါ်​မေးတာ အပိုင်း ၁ လွှင့်ပြီး လူတကာဝိုင်းဆဲလို့ အပ်ိုင်း ၂ ကို​ကြေငြာပြီးမလွှင့်​တော့ပဲ မယ်လိုဒီ let’a talk အစားဝင်ခြင်းခံရတယ်..

    လူတကာဆယ်လီတကာပတ်ဆဲလို့ ​သူနဲ့အဆင့်အတန်းတူ ပညာမတတ် အောက်တန်းစား Follower ​တွေတိုးလာပြီး လူသိလာတယ်..

    အ​မေစုကိုအသုံးချပြီး အ​မေစုပုံရင်ထိုး​တွေလုပ်​ရောင်းတယ်..

    အဲ့ကတည်းက ကြာကန်ရွာသူမရဲ့ သမိုင်း​ကြောင်း​ကောင်းသလားမ​​ကောင်းဘူးလား ​ထွေ​ထွေထူးထူး​တောင် ​ပြော​နေစရာမလိုဘူးဟယ်..

    စာဖတ်တတ်သူတိုင်း ဦး​နှောက်ပါရင် စဥ်းစားတတ်တယ်..

    သူက ကိုယ့်အစွမ်းအစ​ ကိုယ်ပိုင်အရည်အချင်း​ကြောင့် နာမည်ကြီးလာပြီး ဒီဘဝ​ရောက်လာတာမရှိခဲ့ဘူး..

    သူများမိဘနဲ့ အရွယ်မ​ရောက်​သေးတဲ့ က​လေးပါမကျန် ရိုင်းစိုင်း ပတ်ဆဲ​စော်ကား personal တိုက်ခိုက်လာပြီး​​ တော်လှန်​ရေး​ အလှူငွေ ခိုးလို့ လူ သ_တ် လို့ PDF ​တွေရဲ့ အသက်​တွေ ချနင်း ပြည်သူ​တွေရဲ့ ​သွေး​တွေ မျက်ရည်​တွေ ​မြေခရပြီး တော်လှန်​ရေးဆိုတာဖြစ်လာလို့ ဒီဘဝ​ရောက်လာတဲ့ ​အရိုင်းအစိုင်း ​အောက်တန်းစားမိန်းမယု_တ်

    ​တော်လှန်​ရေး​ကြောင့် သူ နဲ့ သူ့မိသားစုဘဝ၊ ငတက်ပြားအ​ပေါင်းအပါတသိုက် ဘဝ​ပြောင်းသွားတာ..

    အ​မေရိကားမှာအလုပ်လုပ်စရာမလိုပဲ Facebook ​ပေါ် post တင်နိုင်ငံ​ရေး​ပြော လက် ၃ ​ချောင်း​ထောင်​နေရုံနဲ့ ​ဒေါ်လာသန်းချီ အိတ်ထဲ စာရင်း​ပျောက် အင်း​ပျောက် ဘယ်သူမှ လိုက်မစစ်နိုင်ပဲဝင်တယ်..

    ရင်းရတာ ပါးစပ်.. အသက်​ပေးရတာ ပျက်စီးရတဲ့ ပြည်သူတွေနဲ့ သူ့​မွေးရပ်​မြေ မြန်မာပြည်…

    ဒါ​တွေ​ကြောင့် ​တော်လှန်​ရေး​အောင်သွားလဲ ခွင့်လွှတ်​ပေးရမယ့် ​ကောင်မမျိုးမဟုတ်သလို မ​အောင်လဲ ခွင့်လွှတ်​ပေးရမယ့်​ကောင်မမျိုး မဟုတ်ဘူး..

    ဒီစကားကို အခါခါ အမုန်းခံပြီး​ပြောမယ်..

    ငါ့လာတိုက်ခိုက်ပြီး ငါ့နာမည်ဖျက်လဲ ပရိတ်သတ်က ပိုချစ်ပြီး ငါပဲ ပိုပိုနာမည်ကြီးသွားတာ​တော့ မတတ်နိုင်ဘူး..

    ငါ့ကံကိုက အဲ့လိုဖြစ်​နေတာ..

    ငါက တိုက်ခိုက်ခံရ​လေ သနားပြီး ပိုချစ် ပိုကာကွယ် ပိုအား​ပေး လာကြ​လေဖြစ်​နေတယ်..

    အခုအချိန်မှ အတိတ်ကို ပြင်ပြီး ဥက္ကာမင်း​မောင်ကို ဥ​ပေက္ခာပြန်ပြုလို့မရ​တော့ဘူး..

    အရမ်း​နောက်ကျသွားပြီ.. ကျွတ်ကျွတ်ကျွတ်

    ရဲထူးဝင်း (ဥက္ကာမင်းမောင်)

  • အင်တာနက်ကတဆင့် စစ်ကော်မရှင် ခြေရာခံတိုက်ခိုက်နိုင်ကြောင်း အမေရိကန်စစ်သမီး မစိုးမြတ်သင်းရှင်းပြ

    အင်တာနက်ကတဆင့် စစ်ကော်မရှင် ခြေရာခံတိုက်ခိုက်နိုင်ကြောင်း အမေရိကန်စစ်သမီး မစိုးမြတ်သင်းရှင်းပြ

    အင်တာနက်ကတဆင့် စစ်ကော်မရှင် ခြေရာခံတိုက်ခိုက်နိုင်ကြောင်း အမေရိကန်စစ်သမီး မစိုးမြတ်သင်းရှင်းပြ

    မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်က ရွာတစ်ရွာမှာ စည်းကမ်းမလိုက်နာတဲ့ စတားလင့်အင်တာနက်လိုင်း ဖြုတ်သိမ်းရင်း PDF ရဲဘော်တွေနဲ့ အိမ်ရှင်တွေကြား ရုန်းရင်းဆန်ခတ်မှု ဖြစ်ပွားခဲ့ပြီး အဆိုပါ ရုပ်သံဖိုင် ဟာလည်း လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့ပါတယ်။

    ဒီဖြစ်စဥ်နဲ့ပတ်သတ်ပြီး စစ်ကော်မရှင်ဟာ ပြည်ပနည်းပညာအကူအညီတွေနဲ့ စတားလင့် အင်တာနက်ကတဆင့် ခြေရာခံပြီး လွတ်မြောက်နယ်မြေတွေပြန်ရဖို့ တိုက်ခိုက်မှုတွေ လုပ်ဆောင်နိုင်တယ်လို့ အမေရိကန်စစ်တပ်မှာ တာဝန်ထမ်းဆောင်နေသူ စစ်သမီး မစိုးမြတ်သင်းက ရှင်းပြပါတယ်။

    ရုပ်သံ – Soe Myat Thin

  • ရေးမြို့နယ် အာယုတောင်ဘက်ခြမ်းရှိ စစ်တပ်၏ ခမရ ၃၄၃ စခန်းကုန်းကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်

    ရေးမြို့နယ် အာယုတောင်ဘက်ခြမ်းရှိ စစ်တပ်၏ ခမရ ၃၄၃ စခန်းကုန်းကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်

    မွန်ပြည်နယ် ရေးမြို့နယ် အာယုတောင်ဘက်ခြမ်းရှိ အကြမ်းဖက်စစ်တပ်၏ ခမရ ၃၄၃ စခန်းကုန်းကို လက်နက်ကြီးများဖြင့် သွားရောက်ပစ်ခတ်ခဲ့ကြောင်း ရေးဘီလူးတပ်ဖွဲ့၏ ခေါင်းဆောင် ရေးဘီလူးက ပြောကြားသည်။

    ယမန်နေ့ အောက်တိုဘာလ ၁၃ ရက်နေ့ နံနက်ပိုင်းတွင် အကြမ်းဖက်စစ်တပ်၏ အနီးနားအထိ သွားရောက်၍ ၆၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

    “ကျွန်တော်တို့ မနေ့တုန်းက ၁၃ ရက်နေ့ မနက် ၈ နာရီခွဲလောက်မှာ ၃၄၃ အာယုတောင်ဘက်ခြမ်းမှာ ရှိတဲ့ ၃၄၃ တပ်ကို လက်နက်ကြီး သွားပစ်တာပေါ့။ တပ်ထဲကိုတော့ ၆၀ အသီးတော့ ကျတယ်။ ၃ လုံးပစ်တယ် ၃ လုံး လုံးကွဲတယ်။ ကျွန်တော်တို့ တပ်အနီးနားအထိကို ဝင်ရောက်ပစ်ခတ်နိုက်ခဲ့တယ်”ဟု ရေးဘီလူးတပ်ဖွဲ့၏ တပ်ရင်းမှူးက ပြောကြားသည်။

    ပစ်ခတ်မှုအတွင်း အကြမ်းဖက်စစ်သားများ၏ ထိခိုက်မှု စာရင်း မသိရှိရသေးကြောင်း ရေးဘီလူးအဖွဲ့ထံမှ သိရှိရသည်။