Category: News

  • စဉ့်ကူး စတားလင့် စက်ပိုင်ရှင်ကို ဒဏ်ကြေးဆောင်စေ၍ အရေးယူမည် ဟုဆို

    စဉ့်ကူး စတားလင့် စက်ပိုင်ရှင်ကို ဒဏ်ကြေးဆောင်စေ၍ အရေးယူမည် ဟုဆို

    မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်တွင် ဖြစ်ပွားခဲ့သော စတားလင့်အင်တာနက်ကိစ္စ စက်ပိုင်ရှင်နှင့် ကာကွယ်ရေးတပ်ဖွဲ့ဝင်တို့ အချေအတင်စကားများခဲ့ကြသည့်ဖြစ်စဉ်အတွင်း စက်ပိုင်ရှင်သည် စတားလင့်အင်တာနက်အသုံးပြုမှုဆိုင်ရာစည်းကမ်းများကို ချိုးဖောက်သောကြောင့် ဒဏ်ကြေးငွေဆောင်စေ၍ အရေးယူသွားမည်ဟု စဉ့်ကူးမြို့နယ် အရေးပေါ် အုပ်ချုပ်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

    ၎င်းက “စည်းကမ်းစည်းနဲ့ ပတ်သက်ပြီး ထုတ်ပြန်ထားတဲ့ ပြစ်ဒဏ်နဲ့ ဒဏ်ကြေးကိုပဲ ကျနော်တို့ အရေးယူဆောင်ရွက်ဖို့ ရှိပါတယ်။ စက်ပိုင်ရှင်ကိုတော့ သီးခြားခေါ်ယူစစ်ဆေးမေးမြန်းတာတွေ မလုပ်ပါဘူး” ဟု ပြောသည်။

    စဉ့်ကူးမြို့နယ်အတွင်း စတားလင့်ခ်အင်တာနက် အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများအဖြစ် စဉ့်ကူးမြို့နယ် အရေးပေါ် အုပ်ချုပ်ရေးအဖွဲ့ က ထုတ်ပြန်ထားရာတွင် အချက် ၇ ချက်ပါရှိပြီး လက်ရှိ စက်ပိုင်ရှင်သည် စည်းကမ်း (၁) Starlink Internet ကို အိမ်သုံးသီးသန့်အတွက်သာ ခွင့်ပြုမည်ဖြစ်ပြီး အများပြည်သူကို အခကြေးငွေဖြင့် မျှဝေအသုံးပြုခွင့် လုံးဝခွင့်မပြုခြင်းနှင့် စည်းကမ်း (၃) ပြည်သူလူထုအား အသုံးပြုခွင့်ပေးလိုပါက သက်ဆိုင်ရာတာဝန်ရှိသူများထံ လျှောက်ထားရမည်ဖြစ်ပြီး ခွင့်ပြုချက်ရမှသာ သုံးစွဲခွင့်ရရှိမည် စသည်တို့ကို ချိုးဖောက်ခြင်းဖြစ်ကြောင်း ဆိုသည်။

    အဆိုပါ စည်းကမ်းအချက်တခုခုကို ချိုးဖောက်ပါက ပထမကြိမ် ဒဏ်ငွေ ကျပ် ၁၀ သိန်း၊ ဒုတိယအကြိမ် ဒဏ်ငွေ ကျပ်သိန်း ၂၀၊ တတိယအကြိမ် စက်ဖြုတ်သိမ်းခြင်းတို့ဖြင့် အရေးယူသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

    ယခု စက်ပိုင်ရှင်သည် စည်းမျည်းစည်းကမ်းများ ချိုးဖောက်ခြင်းသည် ပထမအကြိမ်ဖြစ်သော်လည်း သွားရောက် ထိန်းသိမ်းခြင်းမှာ ဒုတိယအကြိမ်ဖြစ်ကြောင်းနှင့် စတားလင့်အင်တာနက် အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို ယခုနှစ် မတ်လ ၁၆ ရက်က ထုတ်ပြန်ထားသည့်ကာလအတွင်း စက်အလုံး ၃၀ ကျော် အရေးယူထားပြီးဖြစ်ကြောင်း စဉ့်ကူးမြို့နယ် အရေးပေါ် အုပ်ချုပ်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

    အောက်တိုဘာ ၁၁ ရက် နေ့လယ် ၁ နာရီဝန်းကျင်၌ စဥ့်ကူးမြို့နယ် ကျေးရွာတရွာတွင် စည်းမျဉ်းစည်းကမ်းနှင့်မညီဘဲ စတားလင့် အသုံးပြုမှု သိမ်းဆည်းရန် မြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ ပူးပေါင်း အင်အား ၅ ဦးက သွားရောက်ခဲ့ရာ စက်ပိုင်ရှင်က တာဝန်ရှိသူ လာရောက် သိမ်းဆည်းမှ လက်ခံမည်ဟု ပြန်လည်ပြောဆိုသဖြင့် အရေးပေါ် အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ညွှန်ကြားချက်ဖြင့် တာဝန်ရှိသူတဦး၊ ပူးပေါင်းတပ်ဖွဲ့ဝင် ၁၂ ဦးတို့ မွန်းလွဲ ၃ နာရီ ထပ်မံ သွားရောက်ခဲ့ပြီးနောက် အချေအတင် စကားများခဲ့ကြသည်။ ထိုရုပ်သံမှတ်တမ်းသည် ယမန်နေ့၌ လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့သလို စဉ့်ကူးမြို့နယ် အရေးပေါ် အုပ်ချုပ်ရေးအဖွဲ့ ပြန်ကြားရေးအဖွဲ့က သက်ဆိုင်သူများအား အရေးယူသွားရန် ယမန်နေ့က ထုတ်ပြန်ခဲ့သည်။

    ထိုဖြစ်စဉ်တွင် ရဲဘော်များသည် အရေးပေါ် အုပ်ချုပ်ရေးအဖွဲ့၏ ညွှန် ကြားချက်ဖြင့် တာဝန်ထမ်းဆောင်ကြခြင်းဖြစ်ပြီး ဖြစ်လာသမျှကိစ္စများကို အရေးပေါ် အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ခံ၍ လိုအပ်သည့် အကာ အကွယ်များကိုလည်း ရဲဘော်များဘက်မှ ရပ်တည်သွားမည်ဖြစ်သလို တော်လှန်ရေးရဲဘော်များအနေဖြင့် ပြည်သူလူထုအပေါ် ဆက်ဆံရမည့် ကျင့်ဝတ်စည်းကမ်းများကို ချိုးဖောက်မှုရှိသည်ဟု သုံးသပ်ထားသော ကြောင့် ရဲဘော်တချို့ကို သတိပေးအရေးယူမှုနှင့် လူမှုရေးပြစ်ဒဏ်တချို့ ချမှတ်သွားမည်ဖြစ်ကြောင်း စဉ့်ကူးမြို့နယ် အရေးပေါ် အုပ်ချုပ်ရေးအဖွဲ့ ပြန်ကြားရေး တာဝန်ခံက ပြောသည်။

  • သန်လျင်ဘက်မှာတောင် မလုံခြုံတော့ဘူးနော်…

    သန်လျင်ဘက်မှာတောင် မလုံခြုံတော့ဘူးနော်…

    သန်လျင်ဘက်မှာတောင် မလုံခြုံတော့ဘူးနော်…

    လုတဲ့အဖွဲ့က နည်းပညာလည်း မြင့်တယ်တဲ့ K Payရော Bankingပါ ပါသွားတာတဲ့

    သန်လျင်ရောက် ၂ နှစ်ပြည့် အမှတ်တရပါ

    စျေးကနေ လမ်းလျှောက် ​အပြန် ဘေးတွဲနဲ့ လူလတ်ပိုင်း သုံးယောက် (အမျိုးသား ၂ ယောက် အမျိုးသမီး ၁ ယောက်) ဖုန်း ကို လုတာ

    ဖြစ်နေတဲ့အချိန်တုန်း ကကိုယ်လည်း ကြောက်စိတ်မရှိ ပြန်လုတာ

    အားမမျှတော့ ph လည်း ပါသွားတယ်။

    လူလည်း ဒဏ်ရာရ။

    အခု သွေးအေးတဲ့အချိန် ပြန်စဥ်းစားတော့ ကျေးဇူးတင်မိတယ် အသက်ကို ချမ်းသာပေးလို့။

    ကိုယ် ကိုယ်တိုင်လည်း အမြဲ သတိရှိရှိသွားလာနေတာပါ

    တကယ်ကျ အုပ်စုဖွဲ့ပြီး အခုလိုကျ ဘာမှမတက်နိုင်ပါဘူး။

    ချစ်သောတွေ အားလုံးလည်း အစစ အရာရာ ဂရုစိုက်ပါ။

    အမြဲအဖော်လေးနဲ့ ခုချိန်သွားတာ အကောင်းဆုံးပါ။

    အစစအရာရာ ကူညီဖေးမပေးခဲ့သူအားလုံး ကျေးဇူးပါ

    Banking ထဲကပတ်ဆံပါ ပါသွားပါပြီ

    ဒဏ်ရာအရှိန်ရယ် ဆေးကုဖို့ရယ်နဲ Kpay acc ကို online ကပိတ်ဖို့ကြိုးစားခဲ့တာ busy ဖြစ်နေတာနဲ့ Monday မှ Kpay Centerသွားလိုက်တော့ ဖုန်းထဲကနေ ထုတ်သွားပြီတဲ့။

    အမှန်ဆို မလွယ်လှလာပါဘူး

    Phone password လည်း ဖြေ ရမယ်

    ပတ်ဆံက Banking မှာပါ အာ့ကို Kpayထဲ ရွေ့တယ်

    password သိမှရမယ်

    အာ့အဆင့်မှာလည်း ပြီးတော့ မှ Kpay ထဲကနေစိတ်ကြိုက်သုံးသွားတာ

    Kpay password တောင်ချိန်းသွားတယ်

    အကုန်လုံးက ဆရာကျကျပါပဲ

    လုပ်သွားတာ အဆင့်တွေအများကြီးကိုလုပ်သွားတာပါ။

    ဖုန်းပျောက်တာက 16.8.2025(5:50pm)

    Kpay တွေစပြီးသုံးသွားတာက 17.8.2025 (4:20pm)

    အခု စာရေးတာက ရိုးရိုး ဖုန်းတစ်ခုထဲလိုချင်တာ မဟုတ်ပဲ Kpay /Banking တွေထိပါရည်ရွယ်ထားတာ

    အဖွဲ့အစည်းရယ် နည်းပညာ အပိုင်းတွေပါ ရည်ရွယ်ချက်ရှိရှိလုပ်နေလို့ အားလုံးကို မျှဝေချင်တဲ့စိတ်နဲ့ရေးလိုက်တာပါ။

    accountထဲထားလည်း မလုံ ခြုံဘူးဆိုတာကို ကိုယ်တွေ့မို့ သတိပိုထားပေးကြပါ ချစ်သောတို့ရေ

    ရင်နာနာနဲ့ပေါ့

    Credit Han Lay

  • မင်းအောင်လှိုင်နှင့် မိန်းမကြူကြူလှ အပါအဝင် စစ်အရာရှိများကို သိက္ခာကျစေရန် ပြောဆိုခဲ့သည့် အမှုဟောင်းများဖြင့် တိုင်ကြားခံရသော အမေရိကန်နိုင်ငံသူ သမီးဆိုး

    အွန်လိုင်းပေါ်တွင် မင်းအောင်လှိုင်နှင့် မိန်းမကြူကြူလှ အပါအဝင် စစ်အရာရှိများကို သိက္ခာကျစေရန် ပြောဆိုခဲ့သည့် အမှုဟောင်းများဖြင့် တိုင်ကြားခံရသော အမေရိကန်နိုင်ငံသူ သမီးဆိုး(ခ) သက်ကိုကို လေဆိပ်တွင် အဖမ်းခံရပြီး ပြင်ဦးလွင်ရဲစခန်းသို့ ပို့ဆောင်မည်

    အွန်လိုင်းပေါ်တွင် မင်းအောင်လှိုင်နှင့် မိန်းမကြူကြူလှ အပါအဝင် စစ်အရာရှိများကို သိက္ခာကျစေရန် ပြောဆိုခဲ့သည့် အမှုဟောင်းများဖြင့် တိုင်ကြားခံရသော အမေရိကန်နိုင်ငံသူ သမီးဆိုး(ခ) သက်ကိုကိုအား ယမန်နေ့ ရန်ကုန် လေဆိပ်တွင် ဖမ်းဆီးပြီး ပြင်ဦးလွင်ရဲစခန်းသို့ ပို့ဆောင်မည်ဖြစ်ကြောင်း သမီးဆိုး၏ မိတ်ဆွေဖြစ်သူက ပြောဆိုသည်။

    အောက်တိုဘာလ ၁၂ ရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်အချိန် အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း၊ ခရီးစဥ်အမှတ် 8M 335 ဖြင့် ရန်ကုန်လေဆိပ်မှ ထိုင်းနိုင်ငံသုဝဏ္ဏဘူမိလေဆိပ်သို့ ထွက်ခွာမည့် သက်ကိုကို (သမီးဆိုး) ကို စစ်တပ်က ရန်ကုန်လေဆိပ်တွင် ဖမ်းဆီးခဲ့ကြောင်း၊ သမီးဆိုးကို ပြင်ဦးလွင်တွင် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် အေသင်ကို ဆိုသူက အမှုဖွင့်ထားကြောင်း၊ ထို့ပြင် စစ်တပ်မှ မင်းအောင်လှိုင်၊ ကြူကြူလှနှင့် အရာရှိများကို သိက္ခာကျဆင်းစေရန် ပြောဆိုထားသော လူမှုကွန်ရက်မှ ဗီဒီယိုဖိုင်များကိုလည်း စစ်တပ်ထံသို့ ပေးပို့၍ အေသင်ကိုက ဆက်လက်တိုင်ကြားထားသဖြင့် အမှုများ ထပ်မံ တိုးလာနိုင်ကြောင်း ၎င်းက ဆိုသည်။

    “ဖမ်းတာက ရန်ကုန်လေဆိပ်မှာ ဖမ်းတာပါ။ ရဲဘက်ကတော့ ပြင်ဦးလွင်မှာ အမှုဖွင့်ထားလို့ ပြင်ဦးလွင်ကို လွှဲမယ်လို့ ပြောတယ်။ နောက်ထပ်တိုင်ထားတာတွေလည်း ရှိတော့ အမှုတွေ ထပ်တိုးနိုင်တယ်လို့လည်း ရဲက ပြောတယ်။ အခုတော့ မင်္ဂလာဒုံရဲစခန်းမှာပဲ ရှိသေးတယ်။ ဒီနေ့ သို့မဟုတ် မနက်ဖြန်လောက်တော့ ပြင်ဦးလွင်ကို လွှဲမယ်။ ထမင်းဟင်းပို့လို့ရတယ်။ မိသားစုတွေနဲ့ တွေ့ခွင့်ရှိပါတယ်။ အဆက် အသွယ်လည်းရတယ်” ဟု သမီးဆိုး၏ မိတ်ဆွေဖြစ်သူက ရှင်းပြသည်။

    သမီးဆိုးက အွန်လိုင်းတွင် အေသင်ကိုဟု လူသိများသော အမျိုးသမီးနှင့် ပြဿနာ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ပြီး ရန်ကုန်လေဆိပ်မှ ပြန်လည် ထွက်ခွာစဉ် ဖမ်းဆီးခံရခြင်းဖြစ်သည်။

    ဒီဖြစ်စဉ်ကြီးမှာ အေသင်ကို ဘယ်သူမှမထင်တဲ့အကွက် ကို သုံးချသွားခဲ့တာ။ သမီးဆိုးကို ရွှေဘဲမှာ ချိန်းတုန်းက တော့ သူနဲ့သူ့သား ဂုဏ်သိက္ခာအတွက် ဖြေရှင်းပါရန်ဆိုပြီး တတွင်တွင်ပြောပြီး ဖိတ်ခေါ်ခဲ့တာ။

    အကယ်၍ သမီးဆိုးသာ ပတ်ပြေးမနေဘဲ ကိုယ်တကယ် ပြောခဲ့တဲ့ကိစ္စတွေပဲဆိုပြီး ဖြေရှင်းတောင်းပန်လိုက်ရင် ဒီအထိ ဖြစ် လာစရာ မရှိဘူး။

    သမီးဆိုးကလည်း “နင်ကို ဘယ်တော့မှ မတောင်းပန်ဘူး”ဆိုတဲ့ မေပန်းချီကို ယတိပြတ် ကြုံးဝါးခဲ့သလိုကြီး သွားလျှော့တွက်ခဲ့တာ။

    အေသင်ကို ကို ဘယ်ရှေ့နေက အကြံပေး မြှောက်ပေး လိုက်တယ်မသိဘူး။ အခု တိုင်တန်းတဲ့စာရွက်တွေထွက် လာတော့မှ အားလုံးအံ့ဩကုန်ကြတာ။

    အခုလို အမှုမကြီး ကြီးအောင် အေသင်ကိုက သူနဲ့လည်း ပတ်သက်မှု မရှိရအောင် “တပ်မတော်၏ အကြီးအကဲဖြစ်သည့် ကာချုပ်ကတော် အမေကြူကြူလှ” ဆိုတဲ့ ခေါင်းစဉ်ကို Highlight လုပ်သွားတာ။ ဒီလိုတိုင်တန်းမှုမျိုး လက်ခံထားတဲ့ ရဲစခန်းကလည်း မလုပ်ရင် မရတော့ဘူးလေ။

    အေသင်ကိုက သူနဲ့ သူ့သား ကိစ္စနဲ့သာ အကြောင်းပြုတရားစွဲရင် ရဲစခန်းက သေချာတယ် ဖမ်းမပေးဘူးဆိုတာ သူ နားလည် သဘောပေါက်တယ်။ ဖမ်းရင်လည်း တရားရေးစရိတ် ကုန်ကျမယ်ဆိုတာပါ သိပုံရတယ်။ အဲ့တော့ တွေ့တာနဲ့ တန်းဖမ်းလို့ရမယ့် ၊ တရားစရိတ် မကုန်မယ့် အခြေအနေကို ဖန်တီးသွားတာ။

    အခုဆိုရင် သမီးဆိုးအဖမ်းခံရမှု အကြောင်းပြချက်က စစ်တပ်အသိုင်းအဝိုင်းကြီး တခုလုံးကို စော်ကားတယ်ဆိုတာမျိုးနဲ့ လက်စားချေပြလိုက်တာ။ တရားလိုအနေနဲ့လည်း ရင်ဆိုင်စရာမလိုတော့ဘူး။ ပြည်သူတဦးက သက်သေတွေနဲ့တကွ သတင်းပေးတိုင်တာဆိုတော့ ရဲစခန်းကိစ္စဖြစ်သွားတယ်။

    ဒီနိုင်ငံမှာ အားလုံးကို ပုတ်ခတ်ပြောဆို ဝေဖန်မှုတွေဟာ ထိရောက်တဲ့ အပြစ်မဟုတ်ပေမယ့် စစ်တပ်ရဲ့နတ်နေ ကိုင်း ကြူကြူလှ နဲ့ မင်းအောင်လှိုင် အပါအဝင် စစ်တပ် ကို သွားမထိနဲ့ဆိုတဲ့သဘော။ ထိတာနဲ့ ဘယ်သူမဆို ရောက်တဲ့အရပ်မှာ အစစ်အဆေးမရှိ မရမက ဖမ်းကို ဖမ်းရမယ်ဆိုတာ သက်သေပြသွားတာ။

    အေသင်ကိုက မိန်းမလည်လုပ်သွားတာ သမီးဆိုးကတော့ ငါ့ကို ထိမရဘူးဆိုတဲ့ အထာ

    မဟာ ဘောမတွေရဲ့ ဘယ်သူပြိုင်လို့ နိုင်ပါတော့နိုင်ဆိုတဲ့ နှစ်ပတ်တာ ဇာတ်လမ်းမှာ ပိုကောက်ကျစ်စဉ်းလဲနိုင်ပြီး တချက်ခုတ် နှစ်ချက်ပြတ်လုပ်သွားတဲ့ အေသင်ကိုက အနိုင်ရရှိသွားကြောင်းပါ။

  • စိုးဝင်းကို အရေးပါသော အစိုးရဝန်ကြီးဌာနဆိုင်ရာ အမျိုး သားအဆင့်ကော်မတီများနှင့်ဗဟိုကော်မတီများမှ  ဖယ်ထုတ်

    စိုးဝင်းကို အရေးပါသော အစိုးရဝန်ကြီးဌာနဆိုင်ရာ အမျိုး သားအဆင့်ကော်မတီများနှင့်ဗဟိုကော်မတီများမှ ဖယ်ထုတ်

    မင်းအောင်လှိုင်က စိုးဝင်းကို အရေးပါသော အစိုးရဝန်ကြီးဌာနဆိုင်ရာ အမျိုး သားအဆင့်ကော်မတီများနှင့်ဗဟိုကော်မတီများမှ ဖယ်ထုတ်

    စစ်ဘက်ဆိုင်ရာတွင်လည်း စိုးဝင်း အစား ကျော်စွာလင်းကို အဓိက ဆုံးဖြတ်ခွင့် တာဝန်များပေး

    အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က စိုးဝင်းကို အရေးပါသော အစိုးရဝန်ကြီးဌာနဆိုင်ရာ အမျိုးသားအဆင့်ကောမတီများနှင့် ဗဟိုကော်မတီများမှ ဖယ်ထုတ်လိုက်ကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်၏ ပြောဆိုချက်နှင့် စစ်တပ်က ထုတ်ပြန်ထားသော ပြန်တမ်းများအရ သိရှိရသည်။

    ဇူလိုင်လ ၃၁ ရက်နေ့ စစ်အုပ်ချုပ်ရေးကို ဖျက်သိမ်းပြီး ကာ/လုံက အစိုးရသစ်ပုံစံ ပြန်လည် ဖွဲ့စည်းခဲ့ရာတွင် ယခင်က စိုးဝင်းက ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်ခဲ့သော အမျိုးသားအဆင့်ကော်မတီနှင့် ဗဟိုကော်မတီများတွင် စိုးဝင်းကို ပြန်လည် ခန့်အပ်ခြင်းမရှိတော့ဘဲ မင်းအောင်လှိုင်နှင့် နိုင်ငံတော်ဝန်ကြီးအဖြစ် တာဝန်ပေးခံရသူ ညိုစောတို့ကသာ အဓိက ဦးဆောင်သူ ဥက္ကဋ္ဌ များဖြစ်လာကြောင်း၊ နိုင်ငံအတွက် အရေးပါသော အမျိုးသားအဆင့် ကော်မတီနှင့် ဗဟိုကော်မတီ ၁၃ ခုထက်မနည်းတွင် စိုးဝင်းကို ဖယ်ထုတ်လိုက်ကြောင်း သိရှိရသည်။

    ယခင်က စိုး၀င်းက ဦးဆောင်သူ အဖြစ် ဆောင်ရွက်ခွင့် ရခဲ့သော ဘဏ္ဍာရေးကော်မရှင် ၊ အမျိုးသားစီမံကိန်းကော်မရှင် တို့တွင် မင်းအောင်လှိုင်က ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်ပြီး ညိုစောကို ဒုတိယဥက္ကဋ္ဌ အဖြစ် ခန့်အပ်ထားပြီး စိုးဝင်းကို လုံး၀ ထည့်သွင်းဖွဲ့စည်းခြင်းမပြုတော့သည်ကို တွေ့ရှိရသည်။

    စိုးဝင်း ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်ခဲ့သော အမျိုးသားသဘာ၀ ဘေးအန္တရာယ်စီမံခန့်ခွဲရေးဆိုင်ရာ ကော်မတီတွင် ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်ကို ဥက္ကဋ္ဌ အဖြစ်လည်းကောင်း၊ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီတွင်လည်း ဝန်ကြီးချုပ် ညိုစောကို ဥက္ကဋ္ဌ အဖြစ်လည်းကောင်း၊ လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းမှု ပြန်လည် စိစစ်ရေးကော်မတီတွင်လည်း ညိုစောကို ဥက္ကဋ္ဌ အဖြစ်လည်းကောင်း ခန့်အပ်ထားသည်။

    စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိက ကျသော အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အမျိုးသားအဆင့်ကော်မတီတွင်လည်း မင်းအောင်လှိုင်က ဥက္ကဋ္ဌ ၊ ညိုစော ဒုတိယဥက္ကဋ္ဌ အဖြစ် ပါဝင်ပြီး စိုးဝင်းကို လုံး၀ ဖယ်ထုတ်လိုက်ကြောင်း၊ စက်မှုလုပ်ငန်းနှင့် စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီတွင်လည်း ညိုစောက ဥက္ကဋ္ဌ အဖြစ်လည်းကောင်း၊ မြန်မာ့အထူးစီးပွားရေး ဇုန်ဆိုင်ရာ စီမံခန့်ခွဲရေး ဗဟိုအဖွဲ့တွင် ညိုစောက ဥက္ကဋ္ဌ အဖြစ်လည်းကောင်း ပါဝင်ပြီး စိုးဝင်းမှာ လုံး၀ ပါဝင်ခြင်းမရှိတော့ပေ။

    သို့ရာတွင် အုပ်ချုပ်ရေးယန္တရားအတွက် အရေးမပါသော ကော်မတီနှင့်အဖွဲ့များတွင် စိုးဝင်းကို ဆက်လက် ထည့်သွင်းဖွဲ့စည်းထားသည်ကို တွေ့ရှိရပြီး ဂုဏ်ထူးဆောင်ဘွဲ့၊ တံဆိပ် ချီးမြှင့်ရေး စိစစ်ရေးအဖွဲ့တွင် စိုးဝင်းကို နာယကအဖြစ်လည်းကောင်း၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီတွင် စိုးဝင်းကို ဒုတိယဥက္ကဋ္ဌ အဖြစ်လည်းကောင်း မင်းအောင်လှိုင်က ထည့်သွင်းဖွဲ့စည်းထားသည်။

    အလားတူ စစ်ဘက်ဆိုင်ရာ စီမံခန့်ခွဲရေးများတွင်လည်း ကြည်း၊ရေ၊လေ ညှိနှိုင်းကွပ်ကဲရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်းကို မင်းအောင်လှိုင်က အဓိ က စီမံခန့်ခွဲရန် တာဝန်ပေးထားသဖြင့် စိုးဝင်းမှာ စစ်ဘက်ရေးရာနှင့် စစ်ရေးဆိုင်ရာ စီမံခန့်တွင်လည်း လုပ် ပိုင်ခွင့်နည်းလာကြောင်း သိရှိရသည်။

    “စစ်ဘက်ရော အရပ်ဘက်ရောမှာ ဒုတပ်ချုပ်ကို တာဝန်ပေးတာ အတော်ကို နည်းလာတာတွေ့ရပါတယ်။ ဒါက နှစ်ဦးကြားမှာ အဆင်မပြေလို့ ဆိုတာထက် တပ်ချုပ်က သူ့လူတွေကို ပိုပြီး ပွဲထုတ်လာတာမျိုးလို့ ပြောလို့ရတယ်။ ဒုချုပ်ရဲ့ ဩဇာနဲ့ အာဏာ ကျဆင်းအောင် လျှော့ချမှုလို့ ပြောလို့ရပါတယ်။ ကြံ့ခိုင်ရေးပါတီဆီကို ပြောင်းရွှေ့လိုက်တဲ့ ဗိုလ်ချုပ်ကြီးတွေနဲ့ ဒုဗိုလ်ချုပ်ကြီးတွေမှာလည်း ဒုတပ်ချုပ်ရဲ့ လူတွေ မပါဝင်ပါဘူး။ ဒုတပ်ချုပ်ရဲ့ လူတော်တော်များများ စစ်ဘက်ရော အရပ်ဘက်မှာပါ နေရာမရတာများပါတယ်” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က သုံးသပ်ပြောဆိုသည်။

    ၂၀၂၄ ခုနှစ် ဩဂုတ်လအတွင်းတွင်လည်း မင်းအောင်လှိုင်က ညိုစော၊ အောင်လင်းဒွေးနှင့် ရဲဝင်းဦးတို့ကို ဗိုလ်ချုပ်ကြီးရာထူးများ တိုးမြှင့်ပေးခဲ့ပြီးနောက် ဒုစစ်ခေါင်း ဆောင် စိုးဝင်း၏ ရုံးခန်းကို ၎င်း၏ ဘေးချင်းကပ် အခန်းနေရာတွင် မထားတော့ဘဲ အခြားနေရာသို့ အတင်းအကျပ်ပြောင်းရွှေ့စေခဲ့သည်။

    မူလက ဒုစစ်ခေါင်းဆောင် စိုးဝင်း၏ စစ်ရုံးမှ ရုံးခန်းနှင့် သမ္မတအိမ်တော်ရှိ စစ်ကောင်စီ ဒုတိယဥက္ကဋ္ဌ ရုံးခန်းတို့မှာ မင်းအောင်လှိုင်နှင့်အခန်းချင်း ဘေးကပ်လျက်တွင် ထားရှိခဲ့ခြင်းဖြစ်သော်လည်း ၂၀၂၄ ခုနှစ် ဩဂုတ်လတွင် စိုးဝင်း၏ စစ်ရုံးမှ ရုံးခန်းကို အောက်ထပ်သို့ လည်းကောင်း၊ ဒုတိယဥက္ကဋ္ဌ ရုံးခန်းကို သမ္မတ အိမ်တော်မှ ဒုတိယသမ္မတအိမ်တော်ရုံးခန်းသို့လည်းကောင်း မင်းအောင် လှိုင်က အတင်းအကျပ် ပြောင်းရွှေ့ခိုင်းခဲ့သည်။

  • ပေါက်ခေါင်းတွင် စစ်တပ်၏ ဘော်ဒါအထိုင်စခန်းမှ လူအချိန်အပြောင်း ပြုလုပ်ပြီး ပြန်လာသော စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်

    ပေါက်ခေါင်းတွင် စစ်တပ်၏ ဘော်ဒါအထိုင်စခန်းမှ လူအချိန်အပြောင်း ပြုလုပ်ပြီး ပြန်လာသော စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်

    ပေါက်ခေါင်းတွင် စစ်တပ်၏ ဘော်ဒါအထိုင်စခန်းမှ လူအချိန်အပြောင်း ပြုလုပ်ပြီး ပြန်လာသော စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်မှု ထိခိုက်ဒဏ်ရာရရှိသူများပြားပြီး ခဲယမ်းတချို့ သိမ်းဆည်းရရှိ

    ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်တွင် အကြမ်းဖက် စစ်တပ်၏ ဘော်ဒါအထိုင်စခန်းမှ လူအချိန်အပြောင်း ပြုလုပ်ပြီး ပြန်လာသော စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်ရာ ထိခိုက်ဒဏ်ရာရရှိသူများပြားပြီး ခဲယမ်းတချို့ သိမ်းဆည်းရရှိခဲ့ကြောင်း ပြည်ခရိုင်တပ်ရင်း ၂ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ရဲဘော် Red Star က ပြောဆိုသည်။

    အောက်တိုဘာလ ၁၁ ရက်နေ့ ည ၈ နာရီခန့်တွင် ပေါက်ခေါင်းမြို့နယ် ဘော်ဒါ အထိုင်စခန်းမှ လူအချိန်းအပြောင်းလုပ်ပြီး ပြန်လာသော အင်အား ၄၄ ဦးပါ စစ်ကြောင်းကို ပဲခူးတိုင်း၊ ဗျူဟာ ၂၁ ကွပ်ကဲမှုအောက်ရှိ ပြည်ခရိုင်တပ်ရင်း အမှတ် ၂ ၊ ၃၆၀၂ တပ်ရင်း တပ်ခွဲ ၃ မှ ရဲဘော်များက တောင်လည်ကျေးရွာအနီးရှိ ဂွေးပင်ကုန်းနေရာတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်ဒဏ်ရာရရှိသူများပြားပြီး ဒဏ်ရာရစစ်သားများကို ထမ်းစင်ဖြင့် ပြန်လည် သယ်ထုတ်သွားကြောင်း သိရှိရသည်။

    ထိုသို့ မိုင်းဆွဲ တိုက်ခိုက်ပြီးနောက် အောက်တိုဘာလ ၁၂ ရက်နေ့ နံနက်ပိုင်းတွင် အဆိုပါ‌ နေရာကို တော်လှန်ရေး ရဲဘော်များက နယ်မြေရှင်းလင်းရေး ပြုလုပ်စဉ် စစ်သုံးကျောပိုးအိတ်တစ်လုံး၊ MA ကျည်ဘောက် ၁ ခု ၊ BA 100 ဗုံးသီး ၁ လုံး၊ 5.56ကျည် ၇၀ တောင့်၊ power ban ၁ လုံး တို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

    အလားတူ အောက်တိုဘာလ ၄ ရက်နေ့ နံနက်ပိုင်းကလည်း ပေါက်ခေါင်းမြို့နယ်၊ တောင်လည်ကျေးရွာ အထိုင်စခန်းမှ အင်အား ၅၀ ခန့် ပါဝင်သော စစ်တပ် ခြေလျင်စစ်ကြောင်းကို ဗျူဟာ ၂၁ ကွပ်ကဲမှုအောက်ရှိ ပြည်ခရိုင်တပ်ရင်း အမှတ် ၂ ၃၆၀၂ တပ်ရင်း တပ်ခွဲ ၃ ၊ တပ်ခွဲ ၄ နှင့် ရွှေတောင် ပကဖ တို့ ပူးပေါင်းပြီး အုတ်ဖိုကျေးရွာအနီးတွင် မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ထိခိုက်မှုရှိသော်လည်း အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။

    ထို့ပြင် အောက်တိုဘာလ ၈ ရက်နေ့ တွင်လည်း ပေါက်ခေါင်းမြို့နယ် ချင်းလည်ဂိတ်မှ ကင်းပုန်းဝပ်ရန် ထွက်လာသော အင်အား ၂၀ ခန့်ပါ‌‌စစ်ကြောင်းနှင့် ဗျူဟာ(၂၁)ကွပ်ကဲမှုအောက်ရှိ ပြည်ခရိုင်တပ်ရင်း အမှတ် ၂ ၃၆၀၂ တပ်ရင်း တပ်ခွဲ ၃ နှင့် ရွှေတောင် (ပကဖ) မှရဲဘော်များ ထိတွေ့ ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မှုမရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

    “ပေါက်ခေါင်းမြို့နယ်ထဲမှာတော့ စစ်ခွေးတွေနဲ့ ထိတွေ့မှုဖြစ်တာကတော့ ဆက်တိုက်ကို ဖြစ်ပွားခဲ့ပါတယ်။ ကျနော်တို့ ပြောက်ကျား ပုံစံနဲ့ မိုင်းဆွဲ တိုက်ခိုက်တာ ပစ်ခတ် တိုက်ခိုက်တာ လုပ်ဆောင်ခဲ့တော့ ရဲဘော်တွေ ထိခိုက်မှုမရှိပါဘူး။ စစ်ခွေးတွေက ထိခိုက်မှုရှိပေမယ့် အရေအတွက်ကိုတော့ အတည်မပြုနိုင်သေးပါဘူး။ ကျနော်တို့ ဆက်လက် စုံစမ်းနေပါတယ်” ဟု ပြည်ခရိုင်တပ်ရင်း ၂ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ရဲဘော် Red Star က ပြောဆိုသည်။