တောင်ကြီးမြို့ ၊ ပြည်တော်သာရပ်ကွက်၊ ဗိုလ်ချုပ်လမ်းပေါ်တွင် ဖွင့်ထားသော ပီတာ ကော့တေး ဘားဆိုင် တွင် ထိတ်လန့်ဖွယ် ကောင်းသော လူသေမှု တစ်ခု ဖြစ်ခဲ့ကြောင်း သိရသည်။ ဆိုင်ရှင် ဖြစ်သူ ပီတာ(ခေါ်) အောင်မျိုးသူ မှာ အသက်မပြည့်သေးသော ဆိုင်ဝန်ထမ်း ဖြစ်သူ မိန်းကလေးငယ် ကို လူမဆန်စွာ ထိုးကြိတ်ရိုက်နှက်ခြင်းကြောင့် အသက်သေဆုံးခဲ့ရသည် အထိ ဖြစ်ခဲ့သည်။ လူသေမှု ဆိုခြင်းထက် လူသတ်မှု ဟုပင် ဆိုရမည်ပင် ဖြစ်တော့သည်။ အခင်းဖြစ်စဉ် ညတွင် ညပိုင်း ၁၀ နာရီ ကျော်အထိ ဆိုင်ရောက်ရှိနေသော စားသုံးသူ တစ်ဦး ပြောပြချက် အရ ညပိုင်း (၁၀) နာရီ အချိန်ထိ ထူးထူးခြားခြား ဘာမှ မဖြစ်သေးကြောင်းကိုလည်း ဆိုသည်။ […]