Category: News

  • ကမ္ဘာလုံးပြိုပျက်ပြီးနောက် နတ်ရေကန်စခန်းကို AA က စနိုက်ဘာ၊ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုပိုလုပ်လာ

    (အကြမ်းဖက်စစ်တပ်မှ သေဆုံးသူနှင့်ထွက်ပြေးသူများယခင်ကထက်ပိုရှိလာ)

    နတ်ရေကန်လေကြောင်းရန်ကာကွယ်ရေးဗျူဟာစခန်းကကမ္ဘာလုံးကိုအာရက္ခတပ်တော်က လက်နက်ကြီးတွေနဲ့ တိုက်ခိုက်ဖြိုဖျက်ပြီးနောကAA က စနိုက်ဘာများ၊လက်နက်ကြီးများဖြင့်၎င်းစခန်းအား တိုက်ခိုက်မှုပိုပြုလုပ်နေသည်ဟု ဒေသတွင်းစစ်ရေးသတင်းရင်းမြစ် တစ်ဦးက နိရဉ္စရာကို ပြောသည်။

    “ကမ္ဘာလုံးက ဒီလ၁၆ ရက်နေ့က လက်နက်ကြီးကျည် ထိမှန်ပြီး ပြိုသွားပြီ။ AAကနိုဝင်ဘာ ၁၇ ရက်နေ့ကတည်း စနိုက်ဘာနဲ့အာပီဂျီလိုလက်နက်ကြီးတွေနဲ့ စတင်ပြီးတိုက်ခိုက်မှုတွေကိုပိုပြုလုပ်နေပါတယ်”ဟု ပြောသည်။

    ယခုကဲ့သို့AA စတင်တိုက်ခိုက်နေခြင်းကြောင့် အကြမ်းဖက်စစ်တပ်မှ သေဆုံးမှုများလည်းရှိလာပြီးနောက်ဆက်တွဲအကျိုးရလဒ်အနေဖြင့် စစ်သားများ ထွက်ပြေးမှုလည်းပိုများလာနေသည်ဟု ၎င်းကဆက်လက်ပြောဆိုသည်။

    “အခုလို စစ်သားတွေ နတ်ရေကန်တောင်ပေါ်မှာ ပိတ်မိနေတာလနဲ့ချီရှိလာပြီးမှ နတ်ရေကန်ကိုစကိုင်တဲ့သဘောပါ။ စစ်တပ်က အကျအဆုံးနဲ့ ထွက်ပြေးမှုပိုများလာသလို တစ်ဖက်မှာလည်း လေကြောင်းကနေ ယခင်ကထက်ပိုမိုဗုံးကြဲချလာတယ်” ဟု ပြောသည်။

    နိုဝင်ဘာ ၁၆ ရက်နေ့ကလေထီးဖြင့် ချပေးသော ပစွည်းထုတ်များကိုကောက်ယူပြီးကမ္ဘာလုံးထဲတွင်သိုလှောင်ရန်ပြင်ဆင်နေချိန်၌ AAမှလက်နက်​ကြီးများ၊ဒရုန်းဗုံးများဖြင့် ချိန်ကိုက်ပစ်ခတ်တိုက်ခိုက်သောကြောင့် စစ်သားများသေဆုံးမှုရှိပြီးထိုအထဲတွင် ဗိုလ်ကြီးအဆင့်ရှိသူတစ်ဦးလည်းပါဝင်သည်ဟုအာဏာပိုင်များနှင့် နီးစပ်သူပဒါန်းဒေသခံတစ်ဦး၏ ပြောကြားချက်အရသိရသည်။

    “သေတဲ့စစ်သားတွေအထဲမှာ ဗိုလ်ကြီးအဆင့်ရှိတဲ့သူ တစ်ယောက်သေတယ်လို့ကြားတယ်။ စားနပ်ရိက္ခာနှင့်ဆေးပစွည်းတွေအကုန်ပျက်စီးသွားတယ်လို့ကြားပါတယ်”ဟုပြောသည်။

    အခုလို AA ကနတ်ရေကန်တောင်စခန်းကို အချိန်အတော်သင့်ဖြတ်တောက်ထားပြီးနောက် မနေ့ညကစပြီး စတင်တိုက်ခိုက်နေမူကြောင့် တပ်ဖွဲ့ဝင်တချို့လည်းထွက်ပြေးမူရှိသလို တချို့လည်းသေဆုံးနေပြီဟု၎င်းက ဆက်လက်ပြောဆိုသည်။

    အကြမ်းဖက်စစ်တပ်သည် နတ်ရေကန်ကိုစစ်ကူရန်နည်းလမ်းမျိုးစုံဖြင့်ထိုးဖောက် ကြိုးစားနေသော်လည်း ထိုးစစ်ဆင်နေသောအကြမ်းဖက စစ်တပ် စစ်ကြောင်းတို့မှာ လမ်းဟောင်းပဇီနှင့်လမ်းသစ်ဂုတ်ကြီးတို့ကိုမကျော်နိုင်ဘဲAA နှင့် တော်လှန်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက်ခြင်းကို ခံနေရဟု သိရသည်။

    တိုက်ပွဲဖြစ်ပွားရာအနီးက ပဇီ၊နောင်ရွာ၊လိူင်ရွာ၊ဂုတ်ကြီး၊စွန်တက်၊လင်းတဲ၊မြေလပ်စသည့်ကျေးရွာများကိုလေကြောင်း၊ဂျက်၊Y12၊ဒရုန်း၊လက်နက်ကြီးတို့ဖြင့်နေ့စဉ်ပစ်ခတ်နေပြီး ကျေးရွာ​ရှိနေအိမ် အများစုမှာ မီးလောင်ပြိုပျက်သွားပြီးဒေသခံအများစုမှာ ရိုးပေါ်တွင် ဘေးလွှတ်ရာ၌စစ်ရှောင်နေရသည်ဟုသိရသည်။

  • နွေဦးတော်လှန်ရေး အသုံးအနှုန်းကြောင့် ပြည်သူ့ပါတီအမတ်လောင်းကို စရဖ ခေါ်ယူစစ်ဆေး

    နွေဦးတော်လှန်ရေး အသုံးအနှုန်းကြောင့် ပြည်သူ့ပါတီအမတ်လောင်းကို စရဖ ခေါ်ယူစစ်ဆေး

    ၂၀၂၁ နွေဦးတော်လှန်ရေး ၊ ၂၀၂၁ အရေးတော်ပုံ ဟူသော စကားရပ်များ မဲဆွယ်ရာတွင် သုံးစွဲခဲ့မှု ကြောင့် ပြည်သူ့ပါတီ (PP) ၏ ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ် ကိုယ်စားလှယ်လောင်း ဦးလွင်မြင့်ကို နိုဝင်ဘာလ ၁၇ ရက်နေ့ ညနေတွင် စစ်တပ်က ခေါ်ယူမေးမြန်းမှုများပြုလုပ်ခဲ့ကြောင်း ပါတီထံက သိရသည်။

    ရန်ကုန်အခြေစိုက် စရဖဟု အများက သိကြသည့် စစ်ဘက်ဆိုင်ရာလုံခြုံရေးတပ်က ခေါ်ယူမေးမြန်းပြီး ပြန်လွှတ်ပေးခဲ့သည်ဟု PP ပါတီ၏ ဗဟိုအတွင်းရေးမှူးဖြစ်သူ ဦးကျော်ကျော်ထွေး (ခ) ဦးမာကီးက ပြောသည်။

    “စရဖက လာခေါ်ပြီးတော့ မေးမြန်းစရာရှိတာတွေ မေးမြန်းပြီးတော့ ပြန်ပို့ပေးလိုက်တယ်လို့ ကြားတယ်။ ဖမ်းထားတယ်၊ အရေးယူတယ်ဆိုတာမျိုးတော့မရှိသေးပါဘူး။ ခေါ်ပြီးတော့ မေးမြန်းစစ်ဆေးတာ”ဟု ၎င်းက ဆိုသည်။

    ၎င်းအနေဖြင့် အသေးစိတ်အခြေအနေ မသိရသေးကြောင်း PP ပါတီ ဗဟိုအတွင်းရေးမှူးက ပြောသည်။

    အသက် ၆၈ နှစ်အရွယ် နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးဖြစ်သူ ဦးလွင်မြင့်က ၎င်း၏ လူမှုကွန်ရက် TikTok မှ တဆင့် ရွေးကောက်ပွဲအတွက် မဲဆွယ်စဉ် ‘၂၀၂၁ နွေဦးတော်လှန်ရေး’တွင် ပါဝင်ခဲ့ကြောင်း ပြောဆိုစည်းရုံးခဲ့သလို ‘၂၀၂၁ အရေးတော်ပုံ’ဆိုသည့် စကားရပ် သုံးစွဲမှုကြောင့် အကြမ်းဖက်အားပေးသူ ဟု ဆိုကာ စစ်တပ်ဝါဒဖြန့် တယ်လီဂရမ်များက ပြီးခဲ့သည့်ရက်သတ္တပတ်က လှုံ့ဆော်ရေးသားမှုများ ပြုလုပ်ခဲ့ကြသည်။

    ၂၀၂၁ အရေးတော်ပုံ စကားလုံး သုံးစွဲကြောင်း မှန်ကန်ပါက သက်ဆိုင်ရာဥပဒေဖြင့် အရေးယူမည် ဖြစ်ကြောင်း စစ်တပ်လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က နိုဝင်ဘာလ ၁၇ ရက်နေ့က မီဒီယာများကို ဖြေကြားထားသည်။

    ထို့နောက် နိုဝင်ဘာလ ၁၇ ရက်နေ့ ညပိုင်း၌ အဆိုပါစကားများပါဝင်သည်ဆိုသည့် ရုပ်သံဖိုင်ကို ဦးလွင်မြင့်၏ TikTok အကောင့်တွင်တွေ့ရှိခြင်း မရှိတော့ပေ။

    ဦးလွင်မြင့်သည် ၁၉၈၈ ကာလ ဒီမိုကရေစီလှုပ်ရှားမှုတွင် ပါဝင်ခဲ့သလို ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ အပြီးတွင်လည်း နိုင်ငံရေး ပုဒ်မ ၅ (ည)ဖြင့် ထောင် ၁၀ နှစ် အကျဉ်းကျခဲ့ဖူးသူဖြစ်သည်။

    ၂၀၂၁ နွေဦးတော်လှန်ရေးတွင် ၎င်း၏သားဖြစ်သူ ကိုသန်းထိုက်ဦးမှာလည်း ဆူပူအောင်လှုံ့ဆော်မှု ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅ ဖြင့် ဖမ်းဆီးအကျဉ်းကျခဲ့ရကြောင်း ၎င်း၏ ရွေးကောက်ပွဲအောင်နိုင်ရေး လက်ကမ်းစာစောင်တွင် ဦးလွင်မြင့်က ထည့်သွင်းဖော်ပြထားသည်။

    ထို့ပြင် ၎င်း၏ အဖေ၊ သားဖြစ်သူအပါအဝင် မျိုးဆက် သုံးခုလုံးသည် ဒီမိုကရေစီအရေးလှုပ်ရှားမှုများတွင် ပါဝင်မှုကြောင့် မျိုးဆက်သုံးဆက် နိုင်ငံရေးအကျဉ်းသားများဖြစ်သည်ဟု ဦးလွင်မြင့်က ကြေညာထား သည်။

    စစ်တပ်က ၎င်းတို့စိတ်ကြိုက်ပြင်ဆင်နေသည့် ရွေးကောက်ပွဲကို လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်၍ အပိုင်း သုံးပိုင်းခွဲကာ ကျင်းပမည်ဖြစ်ပြီး ပြည်သူ့ပါတီက တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ၅၁၂ နေရာ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

    အမြင့်ဆုံး သေဒဏ်အထိ ချမှတ်နိုင်သော ရွေးကောက်ပွဲ ဥပဒေ စတင်ပြဋ္ဌာန်းခဲ့သည့် ယခုနှစ် ဇူလိုင်လ ၂၉ ရက်နေ့မှ စတင်၍ အောက်တိုဘာလ ၂၉ ရက်နေ့ထိ အမှု ၄၀ မှုအတွက် အမျိုးသား ၈၃ ဦးနှင့် အမျိုးသမီးငါးဦး စုစုပေါင်း ၈၈ ဦး အရေးယူထားကြောင်း စစ်ကော်မရှင် ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က အောက်တိုဘာလ ၃၁ ရက်နေ့ နေပြည်တော်၌ ပြုလုပ်သော ရွေးကောက်ပွဲအစည်းအဝေးတစ်ခုတွင် ပြောထားသည်။

  • မြန်မာနိုင်ငံတွင် ကျားဖြန့်များ ကြီးထွားလာမှု ထိုင်းနိုင်ငံကြောင့်ဟု အပြစ်တင်

    မြန်မာနိုင်ငံတွင် ကျားဖြန့်များ ကြီးထွားလာမှု ထိုင်းနိုင်ငံကြောင့်ဟု အပြစ်တင်

    အမေရိကန်၏အွန်လိုင်း ကျားဖြန့်လိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှု တိုက်ဖျက်ရေးတွင် နက်နဲလျှို့ဝှက်သော ရည်ရွယ်ချက်တစ်ခု ရှိနေဟု အကြမ်းဖက်စစ်တပ် ပြောခွင့်ရ ဇော်မဲထွန်း ပြော

    မြန်မာနိုင်ငံတွင် ကျားဖြန့်များ ကြီးထွားလာမှု ထိုင်းနိုင်ငံကြောင့်ဟု အပြစ်တင်

    အမေရိကန်ပြည်ထောင်စု၏အွန်လိုင်း ကျားဖြန့်လိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှု တိုက်ဖျက်ရေးမှာ Hidden Agenda နက်နဲလျှို့ဝှက်သော ရည်ရွယ်ချက်တစ်ခု ရှိနေကြောင်း အကြမ်းဖက်စစ်တပ် ပြောခွင့်ရ ဇော်မဲထွန်းက ပြောဆိုသည်။

    ယနေ့ စစ်တပ်၏ ဝါဒဖြန့် သတင်းစာများမှတစ်ဆင့် ထိုသို့ ထုတ်ဖော်ပြောဆိုလာခြင်းဖြစ်ပြီး အမေရိကန်ပြည်ထောင်စုအနေဖြင့် မြန်မာနိုင်ငံနှင့်ပတ်သက်ပြီး Strike Force Burma အဖွဲ့ ဖွဲ့စည်း၍ မြန်မာနိုင်ငံရှိ ကျားဖြန့်စင်တာ ၂ ခုကို စစ်ဆင်ရေး ပြုလုပ်ခဲ့သည်ဟု သိရှိရကြောင်း၊ ယင်းအပြင် မြန်မာနိုင်ငံရှိ KK Park ကဲ့သို့သော လိမ်လည်မှုနေရာများကို တိုက်ဖျက်ရန်အတွက် Royal Thai Police War Room Task Force နှင့်အတူ ပူးပေါင်းဆောင်ရွက်ရန် ဘန်ကောက်သို့ FBI Agent များစေလွှတ်သည်ဟု သိရှိရကြောင်း၊ အကြမ်းဖက် ဇော်မင်းထွန်းက ပြောဆိုသည်။

    “‘ဒါတွေကို သုံးသပ်ကြည့်ရင် ဒီနိုင်ငံအနေနဲ့ ခုနက ပြောတဲ့ အွန်လိုင်းလိမ်လည်မှု၊ အွန်လိုင်းလောင်းကစားမှု တိုက်ဖျက်ရေး ဆိုတာထက် Hidden Agenda နက်နဲတဲ့ လျှို့ဝှက်ရည်ရွယ်ချက် တစ်ခု ရှိနေနိုင်တယ်လို့ ကျနော်တို့ သုံးသပ်ရရှိပါတယ်” ဟု အကြမ်းဖက် ဇော်မင်းထွန်းက ပြောဆိုသည်။

    ယင်းအပြင် မြန်မာနိုင်ငံရှိ ကျားဖြန့် ဒေသများဖြစ်သော KK Park ၊ ရွှေကုက္ကိုလ်၊ ကျောက်ခတ်ဒေသများရှိ အခြေခံလူနေထိုင်မှု ရေ၊ လျှပ်စစ်မီး၊ ဆက်သွယ်ရေးတို့မှာ တစ်ဖက်နိုင်ငံမှ ရရှိခြင်းဖြစ်ကြောင်း၊ စစ်တပ်က KK Park ကို ဖြို ဖျက်စဉ်ကလည်း အစများ ထိုင်းနိုင်ငံဘက်သို့ ကျရောက်သည်ဟု ကန့်ကွက်ကြောင်း၊ KK Park ကို ဖောက်ခွဲ ဖြိုဖျက်မှုများသည် အဆင့်မြင့် ဖောက်ခွဲမှုများ ဖြစ်၍ အနီးအနားရှိ သစ်ပင်ပင် မလှုပ်ကြောင်း၊ ထို့ကြောင့် ထိုင်းနိုင်ငံထဲသို့ အစများ ကျစရာ အကြောင်းမရှိကြောင်း ၎င်းက ဆိုပြန်သည်။

    ထို့အပြင် ကျားဖြန့်ဒေသရှိ အလုပ်လုပ်ကိုင်နေသော နိုင်ငံခြားသားများ၏ ၉၉ ဒသမ ၅ ရာခိုင်နှုန်းမှာ ထိုင်းနိုင်ငံမှ တစ်ဆင့် ဝင်ရောက်လာခြင်းဖြစ်ကြောင်း အကြမ်းဖက် ဇော်မင်းထွန်းက အပြစ်တင် ပြောဆိုခဲ့သည်။

  • BGF က စစ်တပ်၏ ကရင်လုံ/နယ်ဝန်ကြီး ဗိုလ်မှူးကြီး မင်းကျော်သူနှင့်အတူ ကျားဖြန့် လုပ်နေသော တရုတ်များအပါအဝင် နိုင်ငံခြားသား ၃၄၆ ဦးကို ဖမ်းဆီးပြ

    BGF က စစ်တပ်၏ ကရင်လုံ/နယ်ဝန်ကြီး ဗိုလ်မှူးကြီး မင်းကျော်သူနှင့်အတူ ကျားဖြန့် လုပ်နေသော တရုတ်များအပါအဝင် နိုင်ငံခြားသား ၃၄၆ ဦးကို ဖမ်းဆီးပြ

    ရွှေကုက္ကိုလ်ကို ထူထောင်ခဲ့သော BGF က စစ်တပ်၏ ကရင်လုံ/နယ်ဝန်ကြီး ဗိုလ်မှူးကြီး မင်းကျော်သူနှင့်အတူ ကျားဖြန့် လုပ်နေသော တရုတ်များအပါအဝင် နိုင်ငံခြားသား ၃၄၆ ဦးကို ဖမ်းဆီးပြ

    ရထိုက်ကုမ္ပဏီထိပ်တန်းတာဝန်ရှိသူများနှင့် တရုတ်ကျားဖြန့်သူဌေးများအားလုံးကို BGF က ရွှေ့ပြောင်းပေးထား

    ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်တွင် ကျားဖြန့် မြို့တော် ရွှေကုက္ကိုလ်ကို ထူထောင်ခဲ့သော နယ်ခြားစောင့်-BGF က စစ်တပ်၏ ကရင်လုံ/နယ်ဝန်ကြီး ဗိုလ်မှူးကြီး မင်းကျော်သူနှင့်အတူ ကျားဖြန့် လုပ်နေသော တရုတ်များအပါအဝင် နိုင်ငံခြားသား ၃၄၆ ဦးကို ယမန်နေ့ ညနေပိုင်းက ဖမ်းဆီးပြခဲ့သည်။

    ထိုင်းသတင်းထောက်များကိုပါ ခေါ်ယူပြီး စစ်တပ်၊ ရဲနှင့်အတူ BGF နိုင်မော်ဇော် ဦးဆောင်သော တပ်ဖွဲ့များက ရွှေကုက္ကိုလ်အတွင်းမှ ကျားဖြန့် လုပ်နေသော တရုတ်များနှင့် နိုင်ငံခြားသား ၃၄၆ ဦးကို ဝင်ရောက် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ကွန်ပျူတာများ၊ ဖုန်းများကိုပါ ဖမ်းဆီးရရှိခဲ့ကြောင်း ထိုင်း The Reporters သတင်း၏ ဖော်ပြချက်အရ သိရှိရသည်။

    ယမန်နေ့ညပိုင်း ရွှေကုက္ကိုလ်တွင် အဆောက်အအုံအများစုမှာ မည်းမှောင်နေပြီး မီးစက်သံများလည်း မကြားရတော့ ကြောင်း ထိုင်းသတင်းက ဆိုသည်။

    ထိုင်းအစိုးရက မြဝတီမြို့သို့ လျှပ်စစ်၊ ရေနှင့် အင်တာနက် ဖြတ်တောက်ထားသည့် ကာလအတွင်းတွင်ပင် လင်းထိန်နေသော ရွှေကုက္ကိုလ်မှ အဆောက်အအုံကြီးများမှာ မီးစက်သံများနှင့် မီးများ လင်းထိန်မနေတော့ကြောင်း၊ စစ်တပ်၊ရဲနှင့် BGF က ကျားဖြန့်လိမ်လည်သူများကို နှိမ်နင်းရန် စစ်ဆင်ရေးတစ်ခု စတင်ခဲ့သည့် ပထမဆုံးညဖြစ်ကြောင်း ထိုင်းသတင်းက ဆက်လက်ရေးသားထားသည်။

    “တကယ်အရေးကြီးတဲ့ ရထိုက် ကုမ္ပဏီ ထိပ်တန်း တာဝန်ရှိသူတွေနဲ့ ကျားဖြန့် တရုတ်သူဌေးတွေက နိုဝင်ဘာလ ၁၇ ရက်နေ့ ညကတည်းက BGF က သယ်ထုတ်သွားပြီ။ နိုဝင်ဘာလ ၁၈ ရက်နေ့ မှာ ကရင်နယ်လုံဝန်ကြီး ဗိုလ်မှူးကြီး မင်းကျော်သူ၊ ရဲမှုးနဲ့ ဗျူဟာမှုး တွေ ‌ခေါ်လာပြပြီး ကျားဖြန့်ရုံတချို့ ဝင်ဖမ်းပြတယ်။ ကွန်ပျူတာတွေ ဖုန်းတွေ ရာနဲ့ ချီပြီး ရတယ်။ ကွန်ပျူတာ တွေ ကိုတော့ နေရာစီစဉ်ပြီး ဖျက်မယ်မီးရှို့ပြ မယ်။ ရွှေကုက္ကိုလ်ထဲက အရေးကြီးတဲ့ တရုတ်တချို့တွေကို အခြားနေရာတွေဆီ ရွှေ့ထားတယ်။ တကယ်တော့ ရွှေကုက္ကိုလ်ဆိုတာကို BGF ကပဲ ထူထောင်ပြီး သူတို့ဟာသူတို့ အဖမ်းပြတာ။ အဖမ်းပြတာကလည်း ကျားဖြန့် အလုပ်သမားတွေပဲ မိတာ။ အရေးကြီးတဲ့သူတွေ မဖမ်းဘူး” ဟု ရွှေကုက္ကိုလ်အခြေအနေကို စောင့်ကြည့်နေသော ကရင်စစ်ရေး သတင်းရင်းမြစ်က ဆိုသည်။

    နိုဝင်ဘာလ ၁၇ ရက်နေ့ စစ်တပ်လက်အောက်ခံ BGF နိုင်မောင်ဇော်က ကျားဖြန့်များကို အပြီးသတ် နှိမ်နင်းတော့မည်ဟု ထုတ်ဖော်ပြောဆိုခဲ့သော်လည်း လက်တွေ့တွင် ကျားဖြန့် ထူထောင်ရာတွင် အဓိက ထိပ်တန်းတာဝန်ရှိသော ရထိုက် ကုမ္ပဏီတာဝန်ရှိသူများနှင့် ကျားဖြန့် တရုတ်သူဌေးများကို BGF က သယ်ထုတ်သွားမှုမှာ မေးခွန်းထုတ်စရာဖြစ်သည်ဟု ကရင်စစ်ရေး သတင်းရင်းမြစ်က ဆက်လက်ပြောဆိုသည်။

    သို့ရာတွင် ရွှေကုက္ကိုလ်တွင် ဆက်လက် လည်ပတ်နေသော ကျားဖြန့် ကုမ္ပဏီများ ဆက်လက်ရှိနေဆဲဖြစ်ပြီး တချို့သော ကုမ္ပဏီများမှာ ရွှေကုက္ကိုလ်မြို့မှ ပြင်ပ နေရာသစ်တစ်ခုသို့ ကွန်ပျူတာများ၊ ဖုန်းများနှင့် ဆက်စပ်ပစ္စည်းများ ပြောင်းရွှေ့နေကြောင်း ကျားဖြန့် မြန်မာအလုပ်သမားများနှင့် အချိတ်အဆက်ရှိနေသော ကရင်သတင်းရင်းမြစ်တချို့က ပြောဆိုသည်။

    နိုဝင်ဘာလ ၁၇ ရက်နေ့ ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ ရွှေကုက္ကိုလ်မြို့သစ်တွင် ကျားဖြန့်များကို အပြီးသတ်အပြတ် နှိမ်နင်းတော့မည်ဖြစ်ကြောင်း၊ ရွှေကုက္ကိုလ်တွင် ကျားဖြန့် ၁၀၀၀ နှင့် ၂၀၀၀ အကြားရှိပြီး ကျားဖြန့်များကို လုံး၀ မထားတော့ဘဲ အပြတ် အပြီး နှိမ်နင်းတော့မည်ဖြစ်ကြောင်း၊ ထိုသို့ နှိမ်နင်းရာတွင် စစ်တပ်နှင့်ပူးပေါင်း၍ နှိမ်နင်းမည်ဖြစ်ကြောင်း၊ အမေရိကန်နှင့် တရုတ်ဖိအားရှိလာ၍ မဟုတ်ဘဲ BGF က ကျားဖြန့် နှိမ်နင်းရန် ဆုံးဖြတ်သည့်အချိန်နှင့်တိုက်ဆိုင်နေခြင်းဖြစ်ကြောင်း BGF နိုင်မောင်ဇော်က ထုတ်ဖော်ပြောဆိုခဲ့သည်။

    “ရွှေကုက္ကိုလ်မှာ ကျားဖြန့် သိန်းချီရှိတာ။ အခုက သူက ကျားဖြန့် ၁၀၀၀ နဲ့ ၂၀၀၀ အကြားရှိတယ်ဆိုတော့။ အဲဒီလောက်ပဲ အဖမ်းပြမယ့် သဘောမျိုးပြောသွားတာ။ ရွှေကုက္ကိုလ်ထဲမှာ ကျားဖြန့် မရှိဘူးဆိုရင် ၁ သိန်းကနေ ၂ သိန်းကြားရှိပါတယ်” ဟု ကရင်စစ်ရေး သတင်းရင်းမြစ်က ရှင်းပြသည်။

    ရွှေကုက္ကိုလ် ထူထောင်သူ She Zhijiang ကို ကျားဖြန့်ငွေလိမ်မှု များ အပါအဝင် နိုင်ငံတကာရာဇ ဝတ်မှုများဖြင့် ထိုင်းနိုင်ငံက တရုတ်နိုင်ငံသို့ နိုဝင်ဘာလ ၁၂ ရက်နေ့တွင် လွှဲပြောင်းလိုက်ပြီး အမေရိကန်ကလည်း ကျားဖြန့် များကို အကာအကွယ်ပေးနေသော DKBA တပ်ဖွဲ့ နှင့် ခေါင်းဆောင် ၄ ဦးကို စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့ကာ ကျားဖြန့်တိုက်ဖျက်ရေး အထူးတပ်ဖွဲ့ကိုလည်း ဖွဲ့စည်းခဲ့သည်။

    မြ၀တီမြို့နယ်တွင် ကျားဖြန့် စင်တာများကို BGF စောချစ်သူ၊ DKBA အပါ အဝင် စစ်တပ်နှင့် အဆင်ပြေသော လက်နက်ကိုင်တပ်ဖွဲ့များက အကြီးအကျယ် လုပ်ကိုင်နေကြခြင်းဖြစ်သည်။

    ဓာတ်ပုံ- The Reporters။

  • သားဖြစ်သူကိုလဲ စစ်မှုထမ်းခိုင်းမှာပါ ဆိုတဲ့ အေသင်ကို

    သားဖြစ်သူကိုလဲ စစ်မှုထမ်းခိုင်းမှာပါ ဆိုတဲ့ အေသင်ကို

    စစ်မှုထမ်းခေါ်ယူတာနဲ့ပတ်သက်ပြီးမျှဝေပါရစေရှင်

    မြန်မာပြည်မှာ အရေးကြီးဆုံးအောက်ခြေ
    အုပ်ချုပ်ရေးအပိုင်းက ရပ်ကွက်အုပ်ချုပ်ရေး
    အပိုင်းဖြစ်ပါတယ်

    ရပ်ကွက်အုပ်ချုပ်ရေးမှုးတစ်ယောက်က
    ကိုယ့်ရပ်ကွက်လေး တစ်ခုထဲက
    ကိုယ့်ရပ်ကွက်သားတွေရဲ့အခြေအနေအမှန်ကိုမှ
    မသုံးသပ်နိုင်ပဲ ငါရပ်ကွက်လူကြီးကွ ဆိုပြီး လုပ်ချင်ရာလုပ်
    ရင်တော့ အောက်ခြေကစပြီး ဖြစ်ချင်ရာဖြစ်နေတော့မှာပါ

    ကျွန်မ နဲ့ မောင်နှမ တစ်ဝမ်းပဲ ကွဲ တဲ့ မောင် လေး
    သူ့မိန့်မကကားမှောက်တာခြေထောက်ကအောက်ပိုင်းခါးရိုးထိပြီး လမ်းမလျှောက်နိုင်ဘူးးးဝှီးချဲနဲ့နေရတဲ့သူ မိန်းမကကလေးမွေးထားတာ ၁ ရက်ပဲ ရှိသေးတဲ့အချိန် မှာပဲ အဲ့ဒီမောင်လေးကိုစစ်မှု့ထမ်းရမယ်ဆိုပြီး လာ ခေါ်သွားပါတယ်

    ကျွန်မ ဆီ ကို ကျွန်မ ညီမ ဝမ်းကွဲတွေ ဖုန်းဆက်ကြတာပေါ့
    ဘာဆက်လုပ်ရမလည်း မိန်းမက ကလေးမွေးထားတာ ၁ ရက်ပဲ ရှိသေးတယ် အလုပ်လည်းမလုပ်နိုင် ဘာလုပ်ရမှန်းမသိတော့ဘူးးးကူညီပါဦး ဆိုတော့

    ကျွန်မ က ဘာလုပ်ပေးနိုင်မှာ လည်း ငါကဘာမှ လုပ်ပေးလို့
    မရဘူး သူ့မိန်းမကိုကလေးပွေ့သွားပြီး သက်ဆိုင်ရာ နယ်မြေကသက်ဆိုင်ရာရုံးကိုခေါ်သွား အသနားခံစာတွေ အဆင့်ဆင့် တင်မှတ်တမ်းပုံတွေ ပို့ ဆိုပြီး ခိုင်းလိုက်တာ ငွေတစ်ကျပ်မှ
    မကုန်ဘူးးးးစစ်မှု့ထမ်းပါသွားတဲ့မောင်လေး ဒီနေ့ပြန်ရောက်လာပါပြီ

    အဓိက ရပ်ကျေးတွေ က စပြီးခေါ်ကတည်းက
    ဒီလူကို ခေါ်သင့် မခေါ်သင့် ဆိုတာ သေချာစီစစ်သင့်ပါတယ်

    တကယ်လို့ ရပ်ကျေးကနေ ထည့်လိုက်လို့ ကိုယ်ပါသွားရင်
    ကိုယ်ကတကယ် ကို မိအို ဖအို ရှိတဲ့ သူ
    တကယ် အလုပ်ကျွေးပြုနေတဲ့သူ
    တကယ်ကို ကိုယ့်မိသားစု မှာ တခြားကူမဲ့သူမရှိလို့
    တကယ် ဒုက္ခရောက်မယ်ဆိုရင် အသနားခံစာသာ တင်ကြပါ
    လွတ်ပါတယ် နော်

    အသနားခံစာ တင်လို့ ပြန်ရောက်လာတာ ကျွန်မတွေ့ တာ နှစ်ယောက် ရှိပါပြီ လက်တွေ့ပါ

    လူလွတ်မှန်သမျှကတော့ စစ်မှု့ထမ်းကို ထမ်းရမှာပါ
    ရှောင်လို့မရပါဘူးးးကျွန်မလည်းသားတွေမွေးထားတာ
    လွှတ်မှာပါ နိုင်ငံသားတိုင်း စစ်မှု့ထမ်းရမယ် ဆိုတာ
    ဥပဒေ ပါပဲ ။

    စစ်မှုထမ်းရင် လစာ ရတယ် လို့ ပြောတယ်တော့

    ငါ့လာမဆဲကြနဲ့နော် တကယ် ခက်ခဲသွားတဲ့သူတွေ အသနားခံစာတင်ပြီး လက်တွေ့ ပြန်ရောက်လာတဲ့သူတွေရှိလို့ပြောပြတာ

    အေသင်ကို ✍️