Category: News

  • စစ်တပ်ဝင်စီးသဖြင့် ထိုင်းနိုင်ငံဘက်ကို ကျားဖြန့်လုပ်သားများ ထွက်ပြေး

    စစ်တပ်ဝင်စီးသဖြင့် ထိုင်းနိုင်ငံဘက်ကို ကျားဖြန့်လုပ်သားများ ထွက်ပြေး

    ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် KK Park ရှိ ကျားဖြန့်ငွေလိမ်ရာဇဝတ်ဂိုဏ်း လုပ်ငန်းတခုကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းတဲ့အတွက် အောက်တိုဘာ ၂၂ ရက် ဒီနေ့ မွန်းလွဲပိုင်းမှာ ကျားဖြန့်လုပ်သားတွေ ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်လာကြတယ်လို့ နယ်စပ်သတင်းရင်းမြစ်က ပြောပါတယ်။

    စစ်ကောင်စီတပ်တွေက လက်နက်အပြည့်အစုံနဲ့ အင်အားသုံး ဝင်ရောက်စီးနင်းတဲ့အတွက် ဒီနေ့ မွန်းလွဲပိုင်းမှာ တရုတ်နိုင်ငံသားတွေအပါအဝင် ကျားဖြန့်လုပ်သား ၅၆ ယောက် ထိုင်းနိုင်ငံ ဘက်ကို ထွက်ပြေးတိမ်းရှောင်လာကြတာလို့ ဆိုပါတယ်။

    အခုဝင်ရောက်စီးနင်းတဲ့ ကျားဖြန့်လုပ်ငန်းဝင်းအတွင်းမှာ တရုတ်နိုင်ငံသားအများစုအပါအဝင် ထိုင်း၊ ဗီယက်နမ်၊ မလေးရှားစတဲ့ နိုင်ငံပေါင်း ၃၀ လောက်က လူအယောက် ၂,၀၀၀ လောက် ကျားဖြန့်ငွေလိမ် လုပ်ငန်းတွေ လုပ်နေကြတယ်လို့ သိရပါတယ်။

    အောက်တိုဘာ ၁၉ ရက်ကလည်း နာမည်ဆိုးနဲ့ကျော်ကြားတဲ့ KK Park ဆိုက်ဘာငွေလိမ်ခြံဝင်းထဲက အဆောက်အအုံတခုကို စစ်တပ်က အယောင်ပြ စီးနင်းမှုတရပ် လုပ်ဆောင်ခဲ့ပြီး Star Link ဆက်သွယ်ရေးပစ္စည်းတချို့ကို သိမ်းဆည်းပြခဲ့ပါတယ်။

    ထိုင်း-မြန်မာနယ်စပ်၊ မြန်မာဘက်အခြမ်းရှိ အွန်လိုင်းကျားဖြန့် ငွေလိမ်စင်တာများမှ Starlink စက်ပေါင်း ၂၅၀၀ ကျော်ကို အင်တာနက်ဝန်ဆောင်မှု ဖြတ်တောက်လိုက်ပြီဟု SpaceX က တရားဝင်ထုတ်ပြော

    ထိုင်း-မြန်မာနယ်စပ်၊ မြန်မာဘက်အခြမ်းရှိ အွန်လိုင်းငွေလိမ်ကျားဖြန့်စင်တာများမှ Starlink စက်ပေါင်း ၂၅၀၀ ကျော်ကို အင်တာနက်ဝန်ဆောင်မှု ဖြတ်တောက်လိုက်ပြီဟု SpaceX က တရားဝင်ထုတ်ပြောဆိုလိုက်ကြောင်း AFP က သတင်းက ဖော်ပြသည်။

    စတားလင့် အင်တာနက် ဝန်ဆောင်မှု ပေးနေသော SpaceX ကုမ္ပဏီက မြန်မာနိုင်ငံရှိ ကျားဖြန့်စင်တာများတွင် အသုံးပြုနေသည့် Starlink စက်ပေါင်း ၂၅၀၀ ကျော်ကို အင်တာနက် ဝန်ဆောင်မှုဖြတ်တောက်လိုက်ကြောင်း၊ အိမ်နီးချင်း ထိုင်းနိုင်ငံက အင်တာနက်လိုင်းများ ဖြတ်တောက်ပြီးနောက် Starlink ဂြိုလ်တုအင်တာနက်ကို အများအပြား အသုံးပြုလာကြကြောင်း သိရှိရသည်။

    “SpaceX က မြန်မာနိုင်ငံရှိ သံသယရှိသော ‘ကျားဖြန့်စင်တာအနီးတစ်၀ိုက်မှ Starlink စက် ၂၅၀၀ ကျော်ကို ဖော်ထုတ်ပြီး ပိတ်ပင်လိုက်ပါတယ်” ဟု SpaceX ၏ Starlink ကုမ္ပဏီ ဒုတိယဥက္ကဋ္ဌ Lauren Dreyer က ပြောဆိုသည်။

    လတ်တလော အကြမ်းဖက်စစ်တပက် KK Park ကို ဝင်ရောက်စီးနင်းပြီး Starlink terminals အလုံး ၃၀ ကို သိမ်းဆည်းရမိခဲ့ကြောင်း ကြေညာခဲ့သည်။

    မြ၀တီ KK Park ကို စစ်တပ်က ဝင်ရောက်စီးနင်းရန်ရှိသောကြောင့် တရုတ်၊ ထိုင်း အပါအဝင် နိုင်ငံခြားသား ၃၀၀ ကျော် နှင့် ပြည်တွင်းအလုပ်သမားများ ရာချီ ထွက်ပြေး၊ KK Park ကို စီမံခန့်ခွဲနေသော BGF က ဂိတ်ဖွင့်ပေးထား

    ကရင်ပြည်နယ်၊ မြဝတီမြို့ တောင်ဘက်ရှိ KK Park ကျားဖြန့်ရုံများကို အကြမ်း ဖက် စစ်တပ်က ဝင်ရောက်စီးနင်းရန် ရောက်ရှိနေပြီး နိုင်ငံခြားသား ၃၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေကြောင်း နယ်စပ်မှ ကရင်သတင်းရင်းမြစ်က ပြောဆိုသည်။

    အောက်တိုဘာလ ၂၂ ရက်နေ့ နံနက် ၈ နာရီခန့်တွင် မြဝတီမြို့ တောင်ဘက်ရှိ KK Park ကျားဖြန့်ရုံများကို အကြမ်းဖက် စစ်တပ်က ဝင်ရောက်စီးနင်းရန် ရောက်ရှိနေခြင်းကြောင့် တရုတ်နှင့် ထိုင်းနိုင်ငံသားများ အပါအဝင် နိုင်ငံခြားသား ၃၀၀ ​ကျော် ထွက်​ပြေးတိမ်း​ရှောင်နေကြောင်း သိရသည်။

    လက်ရှိချိန်တွင် ထွက်ပြေး တိမ်းရှောင်နေရသော နိုင်ငံခြားသားများသည် ထိုင်းနိုင်ငံဘက်သို့ ကမ်းကူးရန် လုပ်ဆောင်နေပြီး KK Park ကို စီမံခန့်ခွဲနေသော BGF တပ်ဖွဲ့ကလည်း KK Park အတွင်းရှိ တံခါးများနှင့် ဂိတ်များကို ဖွင့်ပေးထားကြောင်း သိရှိရသည်။

    “ဒီနေ့ နံနက် ၈ နာရီမှာ မြဝတီ​မြို့​ တောင်ဘက်မှာရှိတဲ့ KK Park ကျားဖျန့်ရုံကို စစ်​တပ်က ဝင်​ရောက်စီးနင်းဖို့ ရောက်နေတယ်လို့ သိရတယ်။ တရုတ်နဲ့ ထိုင်းနိုင်ငံသားတွေ အပါအဝင် အခြားနိုင်ငံခြားသား ၃၀၀ ​ကျော် ထွက်​ပြေးတိမ်း​ရှောင်နေတယ်။ KK Park ဝင်စီးတော့မယ်ဆိုပြီး BGF က တံခါး တွေဖွင့်ပေးထားတယ်လို့ သိရတယ်။ တရုတ်တွေ ထိုင်းတွေ ကမ်းကူဖို့ လှေဂိတ်တွေ ဘက် ဆင်းလာနေတယ်။ ထိုင်းဘက်ခြမ်းကိုတော့ မကူးရသေးဘူး။ စစ်တပ်နဲ့ BGF က KK park ဆိုဒ် နားမှာပဲ ရှိ နေတယ်” ဟု ကရင် သတင်ရင်းမြစ်က ပြောဆိုသည်။

    KK Park ကို စွန့်ခွာလာသော နိုင်ငံခြားသားများအနက်မှ ထိုင်းနိုင်ငံသားများကို ထိုင်းအာဏာပိုင်များက ပြန်လည် ခေါ်ယူနေပြီး အခြားနိုင်ငံခြားသားများကို ကူးခွင့်မပေးကြောင်း၊ ပြည်တွင်းမှ မြန်မာများမှာမူ မြ၀တီမြို့ နှင့် ရွှေက္ကိုလ်ဘက်သို့ သွားရန် ကြိုးစားနေကြကြောင်း သိရှိရသည်။

    “မြဝတီ မြို့ဘက်ကို သွား နေကြတယ်။ထိုင်းဘက်က ပေးမဝင်ဘူး။ ကမ်းကူးမခံဘူး။ အချို့ တရုတ် တွေ ကို BGF က ကားတွေနဲ့ ခေါ်ထုတ် နေတယ်။ ထိုင်း တွေ က တော့ ထိုင်းဘက်ကို ထိုင်းစစ်တပ် မမြင် တဲ့ ဂိတ် တွေ ဘက်ကနေ ပြန်ကူး ပေးနေ တယ်။ ထိုင်း ၁၅၀ ကျော် ထိုင်းဘက် ပြန် ရောက်သွားပြီ လို့ သိရတယ်” ဟု ကရင်သတင်းရင်းမြစ်က ပြောဆိုသည်။

    အောက်တိုဘာလ ၁၉ ရက်နေ့ကလည်း အကြမ်းဖက် စစ်တပ်က မြ၀တီမြို့နယ်အတွင်းရှိ KK Parkကို စီးနင်းခဲ့ရာ ဆောက်လုပ်ပြီးအဆောက်အအုံ ၁ ထပ်တိုက် ၁၀ လုံး၊ ၂ ထပ်တိုက် အလုံး ၁၀၀၊ ၄ ထပ်တိုက်အလုံး၂၀၊ ၅ ထပ်တိုက် ၂ လုံး၊ ၁ ထပ်တိုက် ဈေးဆိုင်ခန်း၂၀ လုံး၊ ၂ ထပ်တိုက် ဈေးဆိုင်ခန်း ၃၀ လုံး၊ ၁ ထပ်တိုက်ဂိုထောင် ၁၅ လုံး၊ ၂ ထပ်တိုက်ဂိုထောင် ၂၀ လုံး၊ ၄ ထပ်တိုက် ဂိုထောင် ၁၀ လုံး၊ ဆောက်လုပ်ဆဲ ၂ ထပ်တိုက် ၂၁ လုံး၊ ၃ ထပ်တိုက် ၁၀ လုံး၊ ၄ ထပ်တိုက် ၅ လုံး၊ ၅ ထပ်တိုက် ၅ လုံးနှင့် ၁ ထပ်တိုက် ဆေးပေးခန်း ၂ ခန်းတို့ တွေ့ရှိခဲ့ကြောင်း ၊ Star Link စလောင်း အစုံ ၃၀ နှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ပြီး အလုပ်သမား အမျိုးသား ၁၆၄၅ ဦး၊ အမျိုးသမီး ၄၅၅ ဦး၊ လုံခြုံရေးအမျိုးသား ၉၈ ဦး စုစုပေါင်း ၂၁၉၈ ဦး တွေ့ရှိခဲ့ကြောင်း ထုတ်ပြန်ထားသည်။

  • Never Look Away

    Never Look Away

    Never Look Away (2018)

    အနုပညာဆိုတာ ဘာလဲ။ အနုပညာရှင်ဆိုတာ ဘာပါလဲ။ နတ်ကြီးတဲ့မေးခွန်းတွေဖြစ်လို့ ကိုယ်တိုင်မဖြေရဲလို့ သူများ ပြောထားတာတွေပဲ ကိုးကားပါရစေ။ ဂျာမန်လူမျိုး ပန်းပုဆရာ Wilhelm Lehmbruck ကတော့ အနုပညာပစ္စည်းတစ်ခုဆိုတာ လူသားတွေ စဖြစ်တည်တုန်းက ကမ္ဘာကြီးကိုမြင်ရသလို အသစ်အဆန်းဖြစ်နေရမယ် တဲ့။

    အဲဒီစကားကို သူ့ဘာသာရှိနေတုန်းကတော့မထူးခြားပေမဲ့ အနုပညာနဲ့ပေါင်းပြီး ခံစားတတ်တဲ့နှလုံးသားနဲ့ ကြည့်လိုက်တဲ့အချိန်မှာ တန်ဖိုးတစ်ခုရှိလာပြီး၊ ထူးခြားတဲ့ လှပမှုပါရှိနေတဲ့ အရာတစ်ခုဖြစ်လာပါတယ် လို့ ဒီဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင်ဖြစ်တဲ့ ကာ့တ် က ခံယူထားပါတယ်။

    အနုပညာရှင်ဆိုတာကရော ဒီဇာတ်ကားထဲကပဲ မှီငြမ်းပါမယ်။ အနုပညာရှင်ဆိုတာ တခြားအရာအားလုံးနဲ့ အနုပညာဆိုရင် အနုပညာကိုရွေးကြတဲ့သူတွေပါတဲ့။ လူတိုင်းအနုပညာရှင်ဖြစ်နိုင်ပါတယ်။ အနုပညာကိုပဲရွေးဖို့လိုတာပါ။

    ပန်းချီ၊ ပန်းပု၊ ဂီတ ဘယ်အနုပညာကိုမဆို ဘာအနှောင်အဖွဲ့မှမရှိဘဲ လွတ်လွတ်လပ်လပ် အနုပညာကို ဖန်တီးကြတဲ့ သူတွေ နောက်တစ်မျိုးပြောရရင် အနုပညာကိုဖန်တီးရင်း ကမ္ဘာကြီးကနေလွတ်မြောက်နေကြသူတွေ လို့ပြောလို့ရတာပေါ့။

    ကိုယ့်ကိုကိုယ် လွတ်မြောက်အောင် ကြိုးစားရင်းနဲ့ လောကကြီးကိုပါ လွတ်လပ်ခွင့်ပေးသူတွေပါ။ အနုပညာရှင်ဆိုတာ လွတ်မြောက်မှုကိုပြပေးသူတွေ။ ရိုးသားသူတွေ၊ လမ်းရိုးကဖောက်ထွက်သူတွေ။ လွတ်လပ်သူတွေပါပဲ။

    Never Look Away ဆိုတဲ့ ဒီဇာတ်ကားလေးက ၂၀၁၈ ကထွက်ခဲ့တာဖြစ်ပြီး ဒုတိယ ကမ္ဘာစစ်ကို ဖြတ်သန်းလာရတဲ့ ပါရမီရှင် ဂျာမန်အနုပညာရှင်တစ်ယောက်ရဲ့ အကြောင်းကိုရိုက်ကူးထားတဲ့ စိတ်ကူးယဉ်ဇာတ်လမ်းလေးပါ။

    ဒီဇာတ်လမ်းလေးမှာ အနုပညာအကြောင်းတွေ အများကြီးပါသလို ရိုးရိုး Romance ဇာတ်လမ်းလေးလို သဘောထားကြည့်ရင်လည်း တော်တော်ကောင်းတဲ့ ဇာတ်ကားပါလို့ပြောပါရစေ။

    IMDB Rating ကတော့ 7.7/10 ဖြစ်ပြီး Rotten Tomato ကတော့ 77% ရရှိထားပါတယ်။

    (ဝတ်လစ်စလစ် အခန်းတချို့ပါသောကြောင့် မိသားစုနှင့်အတူ မကြည့်သင့်ပါကြောင်း အသိပေးအပ်ပါသည်။)

  • ရည်းစားနှင့်စကားများပြီး ကားလမ်းမပေါ် လှဲအိပ်နေသည့်အမျိုးသမီး ၁ ဦး ကားကြိတ်ခံရပြီး သေဆုံး

    ရည်းစားနှင့်စကားများပြီး ကားလမ်းမပေါ် လှဲအိပ်နေသည့်အမျိုးသမီး ၁ ဦး ကားကြိတ်ခံရပြီး သေဆုံး

    ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်ထဲက ရွှေဂုံတိုင် ကုန်းကျော်တံတား အဆင်းမှာ ရည်းစားနဲ့ စကားများပြီး ကားလမ်းမပေါ် လှဲအိပ်နေခဲ့တဲ့ အမျိုးသမီးတယောက်ကို တံတားပေါ်ကဆင်းလာတဲ့ ကားတစီးက တက်ကြိတ်မိခဲ့တဲ့အတွက် သေဆုံးသွားတယ်လို့ လူမှုကူညီရေးအသင်းတွေထံက သိရပါတယ်။

    အောက်တိုဘာ ၂၁ ရက် မနေ့ညပိုင်းမှာ ဗဟန်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်းပေါ်က ရွှေဂံတိုင် တံတားအဆင်းမှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

    အသက် ၂၃ နှစ်အရွယ်ရှိ သေဆုံးသူ အမျိုးသမီးဟာ ကလောမြို့ကို အလည်အပတ်ခရီး ထွက်ရာကနေ ပြန်လာပြီး ရည်းစားဖြစ်သူနဲ့ တွေ့ဆုံစဉ် စကားများခဲ့ရာက စိတ်ဆိုးပြီး ကားလမ်းမပေါ် တက်အိပ်ခဲ့တာလို့ ဖြစ်စဉ်ကို သိရှိသူတွေက ပြောပါတယ်။

    ဗဟန်းမြို့နယ်မှာ နေထိုင်သူတယောက်က “ကလောက ပြန်လာတာ အိမ်တန်းမပြန်ဘဲ ရည်းစားနဲ့ လာတွေ့တာတဲ့။ သူ့ကောင်လေးနဲ့ စကားများပြီး ကောင်လေးက သူ့ကို အထုပ်အပိုးတွေနဲ့ထားပြီး ကားမောင်းထွက်သွားတော့ သူက လမ်းပေါ်မှာ လှဲအိပ်ချလိုက်တာ။ ဘေးကလူတွေ လိုက်ဆွဲဖို့လုပ်သေးတယ်။ အဲဒါကို မမီလိုက်ဘူး၊ ကားတစီးက တက်ကြိတ်သွားတာ”လို့ ပြောပါတယ်။

    သေဆုံးသူ အမျိုးသမီးငယ်ဟာ မင်္ဂလာဒုံမြို့နယ်၊ စွယ်တော်အိမ်ရာမှာ နေထိုင်တဲ့ အသက် ၂၃ နှစ်အရွယ် မလင်းပြည့်အိမ် ဖြစ်ပြီး သူ့ရဲ့ ရုပ်အလောင်းကို မေတ္တာအလင်းလူမှုကူညီရေးအသင်း ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ပါတယ်။

    သေဆုံးသူရဲ့ မိသားစုဝင်တွေနဲ့ ညတွင်းချင်း အဆက်အသွယ်ရခဲ့ပေမဲ့ တက်ကြိတ်သွားတဲ့ ကားကတော့ မောင်းနှင်ထွက်ပြေးသွားလို့ စုံစမ်းနေဆဲ ဖြစ်ပါတယ်။

  • လာဘ်စားကြမ်းသည့် ဂိုဏ်းစတား တင်ချို ပြည်ခိုင်ဖြိုး အမတ်လောင်းဖြစ်လာ

    လာဘ်စားကြမ်းသည့် ဂိုဏ်းစတား တင်ချို ပြည်ခိုင်ဖြိုး အမတ်လောင်းဖြစ်လာ

    မော်လမြိုင်တွင် လာဘ်စားကြမ်းသည့် ဂိုဏ်းစတား တင်ချို ပြည်ခိုင်ဖြိုး အမတ်လောင်းဖြစ်လာ

    မွန်ပြည်နယ်၊မော်လမြိုင်မြို့တွင် လာဘ်စားကြမ်းသည်ဟု နာမည်ကြီးနေသော ဂိုဏ်းစတားတင်ချို ကို ပြည်ခိုင်ဖြိုးပါတီက အမတ်လောင်းအဖြစ် ရွေးချယ်ထားကြောင်း သိရသည်။

    လက်ရှိ မော်လမြိုင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ဖြစ်ပြီး မော်လမြိုင်မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ လည်းဖြစ်သူ တင်ချိုကို မွန်ပြည်နယ်လွှတ်တော်၊အချိုးကျကိုယ်စားပြုစနစ်(မဲဆန္ဒနယ်အမှတ်၁)တွင် ပြည်ခိုင်ဖြိုးပါတီ အမတ်လောင်းအဖြစ် ရွေးချယ်ထားကြောင်း တရားမဝင်ရွေးကောက်ပွဲကော်မရှင် ထုတ်ပြန်ချက်အရသိရသည်။

    “တင်ချိုဆိုတာ မော်လမြိုင်မှာတကယ့်ကိုဂိုဏ်းစတားပဲ။မော်လမြိုင်အုပ်ကြီးတွေကို သူပဲရွေးတယ်။ အုပ်ကြီးတွေက လစဉ်ပေးရတဲ့လိုင်းကြေး သူ့ဆီပဲ သွားတာ။မော်လမြိုင်မြို့ပေါ်က ကေတီဗီ၊ မာဆက်၊လောင်းကစား မဟုတ်တာလုပ်တာမှန်သမျှရဲ့ ခေါင်ဟာ ဒီကောင်ပဲ”ဟု မော်လမြိုင်မြို့ခံ လူမှုကူညီရေးသမားတစ်ဦးက ပြောသည်။

    တင်ချိုသည် တရားမဝင် မွန်ဝန်ကြီးချုပ် အောင်ကြည်သိန်း၏ လက်ရင်းတပည့်ဖြစ်ပြီး ငွေအရှာ ကောင်းသဖြင့် အောင်ကြည်သိန်းအားကိုးရသော တပည့်ဖြစ်သည်။

    “လာဘ်စားတာကြမ်းလို့ အမတ်လောင်းအရွေးခံရတာလို့ မော်လမြိုင်မှာ ဟာသပြောနေကြသေး တယ်။ တင်ချိုက အမတ်လောင်းတင်မကဘူး။ ရွေးကောက်ပွဲပြီးရင် မွန်ပြည်နယ်အစိုးရအဖွဲ့မှာ ကျိန်းသေပေါက် ဝန်ကြီးဖြစ်မယ်လို့ ကြံ့ဖွတ်အသိုင်းအဝိုင်းက အရင်ကတည်းက ပြောနေကြတယ်။ တင်ချိုနဲ့တူတူ လုပ်စားနေတဲ့ လောင်းကစားဒိုင်ချုပ်တွေ၊ မူးယစ်ဆေးဖြန့်တဲ့ကောင်တွေက တင်ချို ဝန်ကြီးဖြစ်အောင် ငွေလိုက်ကြမယ်လို့ သိရတယ်”ဟု ၎င်းက ဆက်လက်ပြောသည်။

    တင်ချိုသည် ယခင်က မော်လမြိုင်မြို့တွင် ကြက်သမားတစ်ဦးအဖြစ် နာမည်ကြီးခဲ့သူဖြစ်ကြောင်း မော်လမြိုင်မြို့၊ မုပွန်ရပ်ကွက်နေ ပြည်ခိုင်ဖြိုးပါတီနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

    “အရင်က တိုက်ကြက်လည်း ကိုယ်တိုင်မွေးတယ်။ ကြက်လည်းတိုက်တယ်။ ရဲသတင်းပေးလည်း လုပ်ခဲ့တယ်”ဟု ၎င်းက ပြောသည်။

    လက်ရှိမော်လမြိုင်မြို့နယ်အတွင်းရှိ ရပ်ကျေးအုပ်ချုပ်ရေးမှူးများမှာ တင်ချိုစိတ်ကြိုက်ခန့်ထားသည့် ပြည်ခိုင်ဖြိုးပါတီဝင်များဖြစ်ကြပြီး ရပ်ကွက်ကြီးအုပ်ချုပ်ရေးမှူးတို့၏ တစ်လ တရားမဝင်ရသည့် ဝင်ငွေမှာ ကျပ်သိန်း၁၀၀ခန့်ရှိကာ လစဉ် တင်ချိုထံသို့ ကျပ်၅သိန်းမှ ၁၀သိန်းကျော်အထိ ဆက်ကြေးပေးရကြောင်း လူမှုကူညီရေးသမားက ဆိုသည်။

    မော်လမြိုင်ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့မှာ စားသောက်ဆိုင်၊ ကေတီဗီဆိုင်၊ အနှိပ်ခန်း၊ ပြည့်တန်ဆာခန်း၊ ချဲ၊ မူးယစ်ဆေး၊ လောင်းကစား၊ အိမ်ခြံမြေအရောင်း အဝယ်နှင့် စစ်မှုထမ်းကြေးတို့မှ တရားမဝင် ဝင်ငွေရရှိကြပြီး၂၀၂၄ ခုနှစ်၊ ပွင့်လင်းရာသီမှစ၍ မော်လမြိုင်မြို့ပေါ်ရပ်ကွက်များ၌ ဇာတ်ပွဲသွင်းကာ လောင်းကစားဝိုင်းများခင်း ခွင့်ရသဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ဝင်ငွေပိုကောင်းလာကြကြောင်း သိရသည်။

  • စစ်တပ် ဝင်စီးမည်ဆို၍ KK Park မှ အလုပ်သမားထောင်ချီ တိမ်းရှောင်

    စစ်တပ် ဝင်စီးမည်ဆို၍ KK Park မှ အလုပ်သမားထောင်ချီ တိမ်းရှောင်

    စစ်တပ် ဝင်စီးမည်ဆို၍ KK Park မှ အလုပ်သမားထောင်ချီ တိမ်းရှောင်

    စစ်တပ် ဝင်စီးမည်ဆိုသောသတင်းကြောင့် KK Park တရုတ်အလုပ်ဆိုက်များထဲမှ အလုပ်သမားထောင်ချီ ယနေ့ နံနက်ပိုင်းတွင် ထွက်ပြေးတိမ်းရှောင်နေကြကြောင်း ဒေသခံများက ပြောသည်။

    ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် မယ်ထော်သလေးကျေးရွာအနီး KK Park ရှိ အလုပ်သမားများသည် အလုပ်ဆိုက်ဂိတ်များထဲမှထွက်၍ မယ်ထော်သလေး၊ အင်ကြင်းမြိုင်လမ်းမကြီးအတိုင်း နီးစပ်ရာ မယ်ထော်သလေးရွာနှင့် မြဝတီဘက်သို့ ထွက်ပြေးကြခြင်းဟု ဆိုသည်။

    ဒေသခံတဦးက “စကစ ဝင်စီးမယ်လို့ အသံထွက်ပြီးတော့ AA ဆိုက်မှာလုပ်နေတဲ့ ထောင်သောင်းချီရှိတဲ့ အလုပ်သမားတွေ မနက်ကတည်းက ပြေးနေကြတာ ပွဲတော်ကြီးအတိုင်းပဲ။ အထုပ်အပိုးတွေနဲ့ရော၊ ကားတွေနဲ့ရော၊ ကုန်းကြောင်းရော ဆိုင်ကယ်နဲ့ပြေးတဲ့သူကပြေးနဲ့ တကယ့်ကို စစ်ဖြစ်လို့ ပြေးနေကြတဲ့အတိုင်းပဲ အခုထိပြေးနေကြတာ” ဟု ယနေ့ နံနက် ၉ နာရီခွဲခန့်တွင် ပြောသည်။

    KK Park မှ အလုပ်သမားများကို ကရင်နယ်ခြားစောင့်တပ် (BGF) လုံခြုံရေးအစောင့်များက ဂိတ်များဖွင့်၍ ရှောင်ခိုင်းလိုက် ခြင်းဖြစ်ကြောင်း၊ တရုတ်နိုင်ငံသားများအား ကားနှင့်သယ်ပေးနေကြောင်း စသည့် ဒေသခံများ ပြောဆိုမှုနှင့်ပတ်သက်ပြီး BGF အကြီးအကဲတဦးက အတည်ပြုသည်။

    အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) လုပ်ငန်းများကြီးစိုးရာနေရာအဖြစ် နိုင်ငံတကာတွင် နာမည်ဆိုးဖြင့်ကျော်ကြားနေသော AA ဆိုက်(ဒေသအခေါ် ) KK Park ကို စစ်တပ်က ပြီးခဲ့သည့်ရက်ပိုင်း၌ ဟန်ပြဝင်စီးမှုအဖြစ် ဝေဖန်မှုများ ထွက်ပေါ် ပြီးနောက် ယနေ့ စစ်တပ်မှ ထပ်မံဝင်စီးမည်ဆိုသောသတင်း ထွက်လာခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။