Category: News

  • ပေါက်ပြားကိုင်ပြီး ရှင်သန်နေရတဲ့ စစ်သားမိန်းမ (ရဲမေ) များဘ၀

    ပေါက်ပြားကိုင်ပြီး ရှင်သန်နေရတဲ့ စစ်သားမိန်းမ (ရဲမေ) များဘ၀

    ပေါက်ပြားကိုင်ပြီး ရှင်သန်နေရတဲ့ စစ်သားမိန်းမ (ရဲမေ) များဘ၀

    အာဏာသိမ်း စစ်ကော်မရှင်တပ်ဟာ ခင်ပွန်းဖြစ်သူ စစ်သားတွေကို ရှေ့တန်းပို့ စစ်တိုက်ခိုင်းချိန်မှာ နောက်တန်းက ဇနီး (ရဲမေ) တွေကိုလည်း တပ်သန့်ရှင်းရေးလုပ်ခိုင်းတာ၊ တပ်လုံခြုံရေးအတွက် သေနတ်ကိုင် ကင်းစောင့်ခိုင်းတာ အပြင် စစ်တပ်ရဲ့တရားခံဖမ်းဆီးတဲ့နေရာတွေမှာပါ လစာမပေးဘဲ ခိုင်းစေနေတယ်လို့ သိရပါတယ်။

    ရုပ်သံ – လူမှုကွန်ရက်

  • တောင်ငူမှာ PDF တွေ ရန်ကုန် – မန္တလေးလမ်းဟောင်းပေါ်တက်လာ

    တောင်ငူမှာ PDF တွေ ရန်ကုန် – မန္တလေးလမ်းဟောင်းပေါ်တက်လာ

    တောင်ငူခရိုင်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ရဲဘော်တွေ ရန်ကုန် – မန္တလေးလမ်းဟောင်းပေါ်တက်လာတဲ့ရုပ်သံဖိုင်ကို တောင်ငူခရိုင်အမှတ် ၂တပ်ရင်းက ဒီနေ့ဩဂုတ်လ ၂၆ ရက်မှာ ထုတ်ပြန်လာပါတယ်။

    “အမြန်လမ်းပေါ်မှာတွေ့ကြမယ်”လို့လည်း အဆိုပါရုပ်သံမှာ ရေးသားထားပါတယ်။

  • မြောက်ဦးမြို့တွင် အလှူလုပ်ရန် ပြင်ဆင်နေသော နေအိမ်ကို  စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု သေ ဆုံးသူ ၁၂ ဦးရှိလာ

    မြောက်ဦးမြို့တွင် အလှူလုပ်ရန် ပြင်ဆင်နေသော နေအိမ်ကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု သေ ဆုံးသူ ၁၂ ဦးရှိလာ

    ယခုနှစ်အတွင်း စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့်လူ ၈၆ ဦး သေဆုံးခဲ့ပြီး စစ်တပ် ကျူးလွန်သော စစ်ရာဇဝတ်မှုများကို နိုင်ငံတကာထံသို့ ပေးပို့မည်

    ရခိုင်ပြည်၊ မြောက်ဦးမြို့ကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချခဲ့သဖြင့် သေဆုံးသူ ၁၂ ဦးရှိလာပြီး ၂၀၂၅ ခုနှစ်အတွင်း ရခိုင်ပြည်သူ ၈၆ ဦး စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် သေဆုံးခဲ့ကြောင်း အာရက္ခတပ်တော် AA က သတင်းထုတ်ပြန်သည်။

    ယမန်နေ့ ဩဂုတ်လ ၂၅ ရက်နေ့၊ ည ၁၁ နာရီ ၂၅ မိနစ်အချိန်ခန့်တွင် အာရက္ခပြည်၊ မြောက်ဦးမြို့၊ ဒိုင်းကျီရပ်ကွက်ကို အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံး ၂ လုံး ကျဲချတိုက်ခိုက်ခဲ့ကြောင်း၊ ယင်းသို လေကြောင်း တိုက်ခိုက်မှုကြောင့် အလှူလုပ်ရန် ပြင်ဆင်နေကြသော မိသားစုဝင်များ နှင့် ၎င်းပတ်ဝန်းကျင်အနီးအနားမှ ကလေးငယ် ၅ ဦး အပါအဝင် အပြစ်မဲ့ အရပ်သားပြည်သူ ၁၂ ဦး သေဆုံးခဲ့ရပြီး ပြည်သူ ၂၀ ဦးလည်း ထိခိုက်ဒဏ်ရာများ ရရှိကာ လူနေအိမ် ၈ လုံး ပျက်စီးခဲ့ရကြောင်း သိရှိရသည်။

    စစ်တပ်က ညအချိန် လူအများ အိပ်မောကျနေသည်ကို အခွင့်ကောင်းယူပြီး ယခုကဲ့သို အပြစ်မဲ့အရပ်သားပြည်သူများ ထိခိုက်သေဆုံးမှုများပြားစေရန် တမင်တကာ ရည်ရွယ်ချက်ရှိရှိဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ယခုအချိန် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှု ကြောင့် သေဆုံးသူ ပြည်သူ ၈၆ ဦးရှိကြောင်း သိရှိရသည်။

    စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများအနေဖြင့် ၂၀၂၅ ခုနှစ်၊ မေလ ၁၄ ရက်နေ့နှင့် မေလ ၁၅ ရက်နေ့များတွင်လည်း စစ်တပ်က ကျောက်တော်မြို၊ ရွာမရပ်ကွက်ကို ဂျက်ဖိုက်တာဖြင့် ၂ ရက်ဆက်တိုက် ဗုံးကျဲတိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူ ၈ ဦး ‌သေဆုံးခဲ့ရပြီး ဒဏ်ရာရသူ စုစုပေါင်း ၁၄ ဦးအထိ ရှိခဲ့ကြောင်း သိရှိရသည်။

    ထို့အတူ ၂၀၂၅ ခုနှစ်၊ မေလ ၁၃ ရက်နေ့၊ နံနက် ၁၀ နာရီ ၀၅ မိနစ်အချိန်တွင်လည်း ရသေ့တောင်မြိုနယ်၊ ထွန်းရဝေရွာဟောင်းကို စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကျဲချသဖြင့် ပြည်သူ ၁၂ ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။

    ယင်းအပြင် ဇန်နဝါရီလ ၁၈ ရက်နေ့ ညနေပိုင်းတွင်လည်း မြောက်ဦးမြိုနယ်၊ ရမ်းချောင်းရွာအနီးတစ်ဝိုက်ကို စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့မှုကြောင့် စစ်သုံပန်းမိသားစုဝင်များထဲမှ ကလေးငယ်နှင့် အမျိုးသမီးစုစုပေါင်း ၂၈ ဦးသေဆုံးကာ ၂၅ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

    ဇန်နဝါရီလ ၈ ရက်နေ့၊ မွန်းလွဲ ၁ နာရီ ၂၀ မိနစ်တွင် ရမ်းဗြဲမြိုနယ်၊ ကျောက်နီမော်ကျေးရွာကို စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့မှုကြောင့် သေဆုံးသူ ၂၆ ဦးရှိကြောင်း သိရှိရသည်။

    စစ်တပ်က စစ်ဘက်နှင့်မသက်ဆိုင်သော စာသင်ကျောင်းများ၊ ဆေးရုံဆေးခန်းများ၊ ဈေးများ၊ ဘာသာရေးအဆောက်အုံများ၊ လမ်းတံတားများ၊ စစ်ဘေးရှောင်စခန်းများ နှင့် လူနေထူထပ်သော မြို့ ရွာ ရပ်ကွက် နေရာများ စသည်ဖြင့် အပြစ်မဲ့ပြည်သူများကို ပစ်မှတ်ထား တိုက်ခိုက်သည့် လုပ်ရပ်များ လူစိတ်ကင်းမဲ့သောတိုက်ခိုက်မှုမျိုးကို အာရက္ခဒေသအတွင်းသာမက နိုင်ငံအနှံအပြား၌ နေ့စဉ် ရက်ဆက် ပြုလုပ်နေကြောင်း၊ စစ်တပ်က စစ်ရာဇဝတ်မှုများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ကျူးလွန်လျက်ရှိကြောင်း AA က ပြောဆိုသည်။

    အာရက္ခပြည်သူများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ကာ စစ်ရာဇဝတ်မှုများကို နိုင်ငံအနှံ နေ့စဉ် ရက်ဆက် ကျူးလွန်နေသော စစ်ကောင်စီ၏ စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်နေသော လုပ်ရပ်များကို ပြင်းထန်စွာရှုတ်ချပြီး အဆိုပါလုပ်ရပ်များကို နိုင်ငံတကာအဖွဲအစည်းများထံသို့ ပေးပို့သွားမည်ဖြစ်သည့်အပြင် AA က လုပ်သင့်လုပ်ထိုက်သည်များအား ဆက်လက် လုပ် ဆောင်သွားမည်ဖြစ်ကြောင်း AA က ထုတ်ပြန်ပြောဆိုသည်။

    ဖက်ဆစ် အကြမ်းဖက် စစ်ကောင်စီမှ မြောက်ဦးမြို့အား လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုဖြစ်စဉ်နှင့်ပတ်သက်၍ သတင်းထုတ်ပြန်ချက်

    ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၂၆) ရက်

    ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၂၅) ရက်နေ့၊ ည (၁၁) နာရီ ( ၂၅) မိနစ်အချိန်ခန့်တွင် အာရက္ခပြည်၊ မြောက်ဦးမြို့၊ ဒိုင်းကျီရပ်ကွက်အား ဖက်ဆစ် အကြမ်းဖက်စစ်ကောင်စီသည် ဂျက်ဖိုက်တာဖြင့် ဗုံး (၂) လုံး ကြဲချတိုက်ခိုက်ခဲ့သည်။ ယင်းသို့ လေကြောင်း တိုက်ခိုက်မှုကြောင့် အလှူလုပ်ရန် ပြင်ဆင်နေကြသော မိသားစုဝင်များ နှင့် ၎င်းပတ်ဝန်းကျင်အနီးအနားမှ ကလေးငယ် (၅) ဦး အပါအဝင် အပြစ်မဲ့ အရပ်သားပြည်သူ (၁၂) ဦး သေဆုံးခဲ့ရပြီး (၂၀) ဦးလည်း ထိခိုက်ဒဏ်ရာများ ရရှိကာ လူနေအိမ် (၈) လုံး ပျက်စီးခဲ့ရသည်။

    ဖက်ဆစ် အကြမ်းဖက် စစ်ကောင်စီသည် ညအချိန် လူအများ အိပ်မောကျနေသည်ကို အခွင့်ကောင်းယူပြီး ယခုကဲ့သို့ အပြစ်မဲ့အရပ်သားပြည်သူများ ထိခိုက်သေဆုံးမှုများပြားစေရန် တမင်တကာ ရည်ရွယ်ချက်ရှိရှိဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ သာဓကအားဖြင့် ၂၀၂၅ ခုနှစ် တစ်နှစ်အတွင်း၌ပင်-

    (၁) ၂၀၂၅ ခုနှစ်၊ မေလ (၁၄) ရက်နှင့် (၁၅) ရက်နေ့များတွင်လည်း ဖက်ဆစ် အကြမ်းဖက် စစ်ကောင်စီသည် ကျောက်တော်မြို့၊ ရွာမရပ်ကွက်အား ဂျက်ဖိုက်တာဖြင့် (၂) ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူ (၈) ဦး ‌သေဆုံးခဲ့ရပြီး ဒဏ်ရာရသူ စုစုပေါင်း (၁၄) ဦးအထိ ရှိခဲ့သည်။

    (၂) ၂၀၂၅ ခုနှစ်၊ မေလ (၁၃) ရက်နေ့၊ နံနက် (၁၀) နာရီ (၀၅) မိနစ်အချိန်တွင်လည်း ရသေ့တောင်မြို့နယ်၊ ထွန်းရဝေရွာဟောင်းအား ဖက်ဆစ် အကြမ်းဖက် စစ်ကောင်စီမှ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့အရပ်သေား သေဆုံးသူ (၁၂) ယောက်၊ ဒဏ် ရာရရှိသူ (၂၃) ယောက် နှင့် လူနေအိမ် (၃၁) လုံး ပျက်စီးခဲ့ရသည်။

    (၃) ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၁၈) ရက်နေ့ ညနေပိုင်းတွင်လည်း မြောက်ဦးမြို့နယ်၊ ရမ်းချောင်းရွာအနီးတစ်ဝိုက်အား ဖက်ဆစ် အကြမ်းဖက် စစ်ကောင်စီ (ယခု) မှ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် ၎င်းပတ်ဝန်းကျင်၌ အာရက္ခတပ်တော်မှ ထိန်းသိမ်းထားသော စစ်ကောင်စီ၏ စစ်သုံ့ပန်းမိသားစုဝင်များထဲမှ ကလေးငယ်နှင့် အမျိုးသမီးစုစုပေါင်း (၂၈) ဦးသေဆုံးကာ (၂၅) ဦးဒဏ်ရာရရှိခဲ့သည်။

    (၄)၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၈) ရက်နေ့၊ နေ့လယ် (၁) နာရီ (၂၀) မိနစ်တွင် ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာ အား ဖက်ဆစ်အကြမ်းဖက် စစ်ကောင်စီ (ယခု ) မှ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် သေဆုံးသူ (၂၆) ယောက်၊ ဒဏ်ရာရရှိသူ (၁၂) ယောက် နှင့် လူနေအိမ် (၃၉၈) လုံးပျက်စီးခဲ့ရသည်။

    နိုင်ငံတစ်ဝန်း၌ စစ်ရှုံးနေသော အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီသည် စစ်ဘက်နှင့်မသက်ဆိုင်သည့် စာသင်ကျောင်းများ၊ ဆေးရုံဆေးခန်းများ၊ ဈေးများ၊ ဘာသာရေးအဆောက်အုံများ၊ လမ်းတံတားများ၊ စစ်ဘေးရှောင်စခန်းများ နှင့် လူနေထူထပ်သော မြို့ရွာ ရပ်ကွက် နေရာများ စသည်ဖြင့် အပြစ်မဲ့ပြည်သူများအား ပစ်မှတ်ထား တိုက်ခိုက်သည့် လုပ်ရပ်များ လူစိတ်ကင်းမဲ့သောတိုက်ခိုက်မှုမျိုးကို အာရက္ခဒေသအတွင်းသာမက နိုင်ငံအနှံ့အပြား၌ နေ့စဉ်ရက်ဆက် ပြုလုပ်နေပြီး စစ်ရာဇဝတ်မှုများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ကျူးလွန်လျက်ရှိသည်။

    အကြမ်းဖက် ဖက်ဆစ်စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အသက်ဆုံးရှုံးသွားခဲ့ရသော မိဘပြည်သူလူထုများ၏ မိသားစု၊ ဆွေမျိုးများနှင့် ထပ်တူဝမ်းနည်းရပါသည်။ အပြစ်မဲ့အရပ်သား အာရက္ခပြည်သူများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ကာ စစ်ရာဇဝတ်မှုများကို နိုင်ငံအနှံ့ နေ့စဉ် ရက်ဆက် ကျူးလွန်နေသော စစ်ကောင်စီ၏ စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်နေသော လုပ်ရပ်များကို ပြင်းထန်စွာရှုတ်ချပြီး ဤလုပ်ရပ်များကို သက်ဆိုင်ရာနိုင်ငံတကာအဖွဲ့အစည်းများထံသို့ ပေးပို့သွားမည်ဖြစ်သည့်အပြင် မိမိတို့အနေဖြင့် လုပ်သင့်လုပ်ထိုက်သည်များအား ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်သည်။ ထို့အပြင် အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီ၏ ယခုတိုက်ခိုက်မှုနှင့်ပတ်သက်၍ နောက်ဆက်တွဲ ထိခိုက်၊ သေဆုံးမှုများရှိပါက ထပ်မံတင်ပြပေးသွားပါမည်။

    သတင်းနှင့်ပြန်ကြားရေး

    အာရက္ခတပ်တော်

  • ရွေးကောက်ပွဲ ဥပဒေဖြင့် စစ်တပ်က ပထမဆုံး အမှုဖွင့်မှုဖြစ်လာ

    ရွေးကောက်ပွဲ ဥပဒေဖြင့် စစ်တပ်က ပထမဆုံး အမှုဖွင့်မှုဖြစ်လာ

    လားရှိုးမြို့ပေါ် ကားလုယက်မှုကို လုံခြုံရေးကင်းမဲ့မှုအဖြစ် ဝေဖန်ခဲ့သော ကိုနေသွေးကို စစ်တပ်က ရွေးကောက်ပွဲနှောင့်ယှက်မှုဥပဒေဖြင့် အမှုဖွင့်ဖမ်းဆီး၊ ရွေးကောက်ပွဲ ဥပဒေဖြင့် စစ်တပ်က ပထမဆုံး အမှုဖွင့်မှုဖြစ်လာ

    ရှမ်းပြည်နယ်၊ မြောက်ပိုင်း၊ လားရှိုးမြို့တွင် နေ့အချိန် ကားလုယက်မှု ဖြစ်ပွားသည့်အပေါ် လုံခြုံရေး ကင်းမဲ့မှုအဖြစ် ဝေဖန်ခဲ့သော တောင်ကြီးမြို့မှ ကိုနေသွေး ကို စစ်တပ်က ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေဖြင့် အမှုဖွင့်လိုက်ကြောင်း စစ်တပ် တယ်လီဂရမ်ချန်နယ်များ၏ သတင်းဖော်ပြချက်အရ သိရှိရသည်။

    ဩဂုတ်လ ၂၃ ရက်နေ့ ညနေ ၆ နာရီ ၃၀ မိနစ်အချိန် လားရှိုးမြို့၊ ရပ်ကွက် ၅ တွင် မြို့ခံ အမျိုးသမီး မောင်းနှင်လာသောကားကို အမျိုးသား ၂ ဦးက ဆိုင်ကယ်ဖြင့် လာရောက် ၍ သေနတ်ဖြင့် ပစ်ဖောက် ကားလုယက်သွားခဲ့ကြောင်း၊ အဆိုပါ လုယက်မှုအပေါ် လားရှိုးမြို့တွင် လုံခြုံရေးမရှိဖြစ်နေကြောင်း၊ ပြည် သူများကို မဲပေးရန် သာတိုက်တွန်းနေပြီး လုံခြုံရေး မရှိကြောင်း၊ ပြည်သူ့ဆန္ဒမဲသာလိုချင်ပြီး အဖြစ်မရှိကြောင်း တောင်ကြီးမြို့မှ ကိုနေသွေးက လူမှုကွန်ရက်တွင် ဝေဖန်ရေးသားခဲ့သည်။

    အဆိုပါရေးသားမှုအပေါ် စစ်တပ်က ကိုနေသွေး၏ “Lashio Baegyi” Facebook Account ၏ ရေးသားမှုများသည် ပါတီစုံဒီမိုကရေစီအ ထွေထွေ ရွေးကောက်ပွဲကို ပျက်ပြားစေရန်ု ရေးသားဖြန့်ဝေမှုအဖြစ် သတ်မှတ်ပြီး ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့် ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေ၊ ပုဒ်မ ၂၃ (က) ဖြင့် အမှုဖွင့်ဖမ်းဆီးလိုက်ကြောင်း သိရှိရသည်။

    ကိုနေသွေးသည် တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၊ ရပ်ကွက် ၁ တွင် နေထိုင်သူ ဖြစ်သဖြင့် တောင်ကြီးမြို့၊ အေးသာယာနယ်မြေရဲစခန်းတွင် အမှုဖွင့် ဖမ်းဆီးထားသည်။

    ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေ၊ ပုဒ်မ ၂၃ (က) မှာ ရွေး ကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များကိုဖြစ်စေ သို့မဟုတ် လုပ်ငန်း စဉ်၏ တစ် စိတ်တစ်ဒေသကိုဖြစ်စေ ပျက်ပြားစေရန် ဟောပြောခြင်း၊ ပြောဆိုခြင်း၊ စည်းရုံးခြင်း၊ လှုံ့ဆော်ခြင်း၊ ဆန္ဒပြခြင်း သို့မဟုတ် စာရေးသားဖြန့်ချိခြင်းတို့ကို မည်သည့်နည်းနှင့်မျှ မပြုရဘဲ အဆိုပါတားမြစ်ချက်ကို ဖောက်ဖျက်ကျူး လွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို ထောင်ဒဏ်အနည်း ဆုံး သုံးနှစ်မှ အများဆုံး ခုနစ်နှစ်အထိချမှတ်ရမည့်ပြင် ငွေဒဏ်လည်းချမှတ် နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။

    တောင်ကြီးမြို့မှ ကိုနေသွေးကို ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေး ကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေဖြင့် အမှုဖွင့်မှုမှာ ပထမဆုံးသော အမှုဖြစ်ကြောင်း ရဲသတင်းရင်းမြစ်များထံမှ သိရှိရသည်။

    အကြမ်းဖက် စစ်ကောင်စီက ယခုနှစ်ကုန်ပိုင်း ရွေးကောက်ပွဲ ကို ကာကွယ်ရန်အတွက် နှောင့်ယှက် ဖျက်ဆီးသူများကို ထောင်ဒဏ် အနည်းဆုံး ၃ နှစ်မှ ထောင် ဒဏ် တစ်သက် တစ်ကျွန်းနှင့် သေဒဏ်များ ချမှတ်နိုင်သော ဥပဒေကို စစ်ကောင်စီက ဇူလိုင်လ ၂၉ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့သည်။

    အကြမ်းဖက်စစ်တပ်က “ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက် ဟန့်တား ဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေး ဥ့ပဒေ” ဟု အမည် တပ်ထားသော ဥပဒေကို ပြဋ္ဌာန်းလိုက်ပြီး ယင်းဥပဒေတွင် ရွေးကောက်ပွဲ လုံခြုံ ရေးကော်မတီများကို ဗဟိုအဆင့်မှ ပြည်နယ်/တိုင်း၊ မြို့နယ်များအထိ ဖွဲ့စည်းမည်ဖြစ်ကြောင်း စစ်ကောင်စီက ပြဋ္ဌာန်းထားသည်။

    စစ်ကောင်စီက ပြဋ္ဌာန်းထားသော ဥပဒေတွင် ရွေးကောက်ပွဲကို ပျက်ပြားစေရန် ဟောပြောခြင်း၊ ပြောဆိုခြင်း၊ စည်းရုံးခြင်း၊ လှုံ့ဆော်ခြင်း၊ ဆန္ဒပြခြင်း ၊ စာရေးသား ဖြန့်ဝေခြင်းတို့ကို ပြုလုပ်ပါ အရေးယူမည်ဖြစ်ကြောင်း၊ ခြိမ်းခြောက်ခြင်း၊ ဟန့်တားခြင်း၊ မလျော်ဩဇာသုံးခြင်း၊ နာကျင်စေခြင်း၊ အပြင်းအထန် နာကျင်စေခြင်း၊ လူစုလူဝေးဖြင့် ကန့်ကွက်ခြင်း၊ လူသေဆုံးစေခြင်းများ ဖြစ်ပေါ်လာပါက ပြစ်မှုကို လိုက်၍ အနည်းဆုံး ထောင်ဒဏ် ၃ နှစ်မှ အများဆုံး ထောင်ဒဏ် တစ်သက်တစ်ကျွန်းနှင့်သေဒဏ်တို့ကို ချမှတ်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။

  • မြောက်ဦးတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေး ၅ ဦးအပါ ၁၂ ဦး သေဆုံး

    မြောက်ဦးတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေး ၅ ဦးအပါ ၁၂ ဦး သေဆုံး

    ရခိုင်ရှေးဟောင်းယဉ်ကျေးမှုရှိရာ မြောက်ဦးတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ကေလး ၅ ဦးအပါ ၁၂ ဦး သေဆုံး

    ရခိုင်ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များစွာ တည်ရှိသည့် ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်တွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ငါးဦးအပါအဝင် ၁၂ ဦးသေဆုံးခဲ့ပြီး ၂၀ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း အာရက္ခတပ်တော် ULA/AA ထံမွ သိရသည်။

    ဦး..နဲ့ ဒေါ်.. တို့အိမ်မှာ သုံးဘီးဝယ်ပြီး ကျနော်တို့ဒီဘက်ဓလေ့အရ ပစ္စည်းတခုဝယ်ပြီးရင် ပရိတ်ရွတ် ဆွမ်းကျွေးဖို့လုပ်တယ်။ အဲ့ဒီအတွက် မနက်ကျရင် ဆွမ်းကျွေးပရိတ်နာ လုပ်ဖို့ မိသားစု ဆွေးမျိုးတွေက လာပြင်ဆင်ကြတာ။ ဂ်က္ဖိုက္တာက အဲ့ဒီအိမ်ဘေးနားကို လာကြဲလို့ လူတွေအသေအပြောက်များတာ။ အဲ့ဒီသုံးဘီးလည်းပါသွားတယ်။ ကံဆိုးသွားတာပေါ့။ စစ်ကောင်စီကတော့ အရပ်သားပြည်သူတွေကိုပဲ ဦးတည်တိုက်နေတာ ဟု ULA/AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောသည်။

    မြောက်ဦးမြို့နယ်၊ ဒိုင်းကျီရပ်ကွက်ကို ယမန်နေ့ ဩဂုတ် ၂၅ ရက် ည ၁၁ နာရီခွဲအချိန်ခန့်တွင် ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ ဗုံးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင့် အသက် ၁၆ နှစ်အောက် မိန်းကလေး သုံးဦး၊ ယောက်ျားလေး နှစ်ဦး၊ လူကြီး အမျိုးသား ခြောက်ဦး၊ အမျိုးသမီး တဦး စုစုပေါင်း သေဆုံးသူ ၁၂ ဦးရှိကြောင်း သိရသည်။

    ဒဏ်ရာရသူများတွင် အသက် လေးနှစ်အရွယ် ကလေးအပါအဝင် ကလေးငယ် မိန်းကလေး တဦး၊ ယောက်ျားလေး နှစ်ဦး၊ လူကြီး အမျိုးသား သုံးဦး၊ အမျိုးသမီး ၁၄ ဦး စုစုပေါင်း ၂၀ ဦး ပြင်းထန် ဒဏ်ရာ ရရွိကာ အချို့ စိုးရိမ်ရကြောင်း ဦးခိုင်သုခက ပြောသည်။

    လေကြောင်းတိုက်ခိုက်မှုကြောင့် လူနေအိမ်ရှစ်လုံးနှင့် အရပ်သား ယာဉ်အချို့လည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

    မြောက်ဦးတွင် ရှေးရခိုင်ဘုရင်များ တည်ထားခဲ့သည့် ရှေးဟောင်းအမွေအနှစ် ဗိသုကာလက်ရာ အမ်ားအျပား စုဝေးနေသည့် နေရာတခုဖြစ်သည်။ ယခု ဗုံးကြဲခံရသည့် နေရာသည် ယဉ်ကျေးမှုအဆောက်အဦများနှင့် နီးကပ်လျက်ရှိကြောင်း ဆိုသည်။

    မြောက်ဦးက တမြို့လုံး ရှေးဟောင်းနဲ့ လွတ်ကင်းတဲ့နေရာမဟုတ်ပါဘူး။ ခုက သူတို့ လူဦးရေထူထပ်တဲ့ ရပ္ကြက္ကို ဗုံးကြဲတိုက်ခိုက်တာပါ။ အကြမ်းဖက် ဖက်စစ် စစ်ကောင်စီအနေနဲ့ သူတို့ ရှေးဟောင်းပစ္စည်းတွေနဲ့ ပတ်သက်ပြီး တန္ဖိုးထား ထိန်းသိမ်းခဲ့တာမျိုး မဟုတ်ပါဘူး။ တချို့ဟာကျရင် မြန်မာပြည်မဘက်က နေရာတွေကိုဘဲ UNESCO ဝင်ဖို့ကြိုးစားပြီး တျခား တိုင်းရင်းသားလူမျိုးတွေရှိတဲ့ လူမျိုးတွေရှိတဲ့နေရာတွေကို နောက်ချန်ထားတဲ့ သဘောမျိုးပါ။ တကယ္ဆို မြောက်ဦးက UNESCO ဝင်သင့်တာ ကြာပါပြီ ဟု ဦးခိုင်သုခက ပြောသည်။

    မြောက်ဦးကို ရှေးဟောင်းယဉ်ကျေးမှုအမွေနှစ် UNESCO စာရင်းဝင်နိုင်ရေး အဆိုပြုလွှာမူချောအား ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်တွင် ပြင်သစ်နိုင်ငံ၊ ပါရီမြို့ရှိ UNESCO ရုံးချုပ်သို့ တင်သွင်းခဲ့သည်။ သို့သော် တိုက်ပွဲနှင့် ဒေသတွင်း မတည်ငြိမ်မှုများကြောင့် UNESCO ပညာရှင်များ လာရောက်ကွင်းဆင်းလေ့လာရန် အခက်တွေ့ကာ ၂၀၂၂ ခုနှစ်တွင် ရှေးဟောင်းယဉ်ကျေးမှုစာရင်းဝင်နိုင်ရေးဆောင်ရွက်ချက်များ ယာယီရပ်တန့်ထားခဲ့ရသည်။

    စစ်ကော်မရှင်က နှစ်ပေါင်း ၁၀၀၀ ခန့်မှ ရှေးဟောင်းအမွေအနှစ်များရှိရာဒေသကို လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်နေပြီး နှစ်ပေါင်း ၁၂၅ နှစ်သက်တမ်းရှိ နောင်ချိုနှင့် ကျောက်မဲကြား ဂုတ်ထိပ်မီးရထားလမ်းတံတားဖျက်ဆီးခံရမှုကို အကြောင်းပြကာ ကန့်ကွက်ရှုံ့ချမှုများ အကြိမ်ကြိမ်လုပ်ဆောင်နေသည်။ စစ်ကော်မရှင်တပ်၏ လေကြောင်းဗုံးကြဲမှုများကို အစဉ်တစိုက် နှုတ်ဆိတ်နေသည့် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA၊ စစ်ကော်မရှင်၏ လူ့အခွင့်အရေးကော်မရှင်၊ မြန်မာနိုင်ငံသဘင်အစည်းအရုံး (ဗဟို)၊ မြန်မာနိုင်ငံဟာသပညာရှင်များ အစည်းအရုံး၊ ဂီတအစည်းအရုံး စသည့် အဖွဲ့အစည်းများကလည်း ဂုတ်ထိပ်တံတားဖျက်ဆီးခံရမှုကို ကန့်ကွက်ကြောင်း ယနေ့ထုတ်သတင်းစာတွင် ဖော်ပြထားသည်။

    မြောက်ဦးမြို့ကို အာရက္ခတပ်တော် AA က ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလတွင် သိမ်းပိုက်ခဲ့ပြီး မြို့အုပ်ချုပ်ရေးကို ULA/AA က ဆက်လက်ဆောင်ရွက်နေရာ ထိုမြို့သိမ်းတိုက်ပွဲ နောက်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ဒေသ ဖြစ်သည်။