ရွေးကောက်ပွဲဥပဒေတွင် မဲပေးသူ မည်သည့်ရာခိုင်နှုန်းရှိမှ ရွေးကောက်ပွဲအောင်မြင်မည်ဆိုသော သတ်မှတ်ပြဋ္ဌာန်းထားခြင်းမရှိ၍ မဖြစ် ဖြစ်အောင် ရွေးကောက်ပွဲလုပ်မည်ဟု မင်းအောင်လှိုင် ပြော
Category: News
-

စစ်သင်္ဘောအုပ်စု စင်းခန်းတံတားဖြတ်သန်းစဉ် KIAပူးပေါင်းတပ်ရဲဘော်က အင်္ကျီမီးရှို့ကာ ဓာတ်ဆီပုံးပစ်ချ တိုက်ခိုက်
ကချင်ပြည်နယ်၊ ဗန်းမော်မြို့သို့ စစ်ကောင်စီက ရေကြောင်းမှ စစ်အင်အားဖြည့်တင်းစဉ် ဧရာ၀တီမြစ်ကူးတံတား (စင်းခန်း)အရောက် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နှင့် စစ်ကောင်စီ သင်္ဘောအုပ်စုအကြား တိုက်ပွဲပြင်းထန်နေသည့် မှတ်တမ်းရုပ်သံကို ကချင်သတင်းရင်းမြစ်အချို့က ယခုရက်ပိုင်းအတွင်း ဖော်ပြသည်။
ကချင်စစ်ရေးသတင်းရင်းမြစ်တဦးက “မအလ ဂျပုရယ် ခဗျားတိမ်းဘော(သင်္ဘော) မီးလိုက်ရှို့တဲ့ ကီယာအဖွဲ့ကို မိထားတယ်ဗျ”ဟု ရေးသားကာ တံတားပေါ်မှ KIA ပူးပေါင်းတပ်နှင့် သင်္ဘောပေါ်မှ စစ်အုပ်စုအကြား အပြန်အလှန် တိုက်ပွဲဖြစ်ပွားမှု ရုပ်သံကို လွန်ခဲ့သည့် သုံးရက်က ဖော်ပြထားသည်။
အဆိုပါ တိုက်ပွဲဖြစ်စဉ်နှင့်ပတ်သက်ပြီး ကချင်သတင်းရင်းမြစ်က စစ်သင်္ဘောများ ဗန်းမော်မြို့သို့ ဆန်တက်စဉ် စင်းခန်းတံတား ဖြတ်သွားချိန် တိုက်ပွဲဖြစ်ပွားမှု ရုပ်သံဟု အတည်ပြုသည်။
“ဟုတ်တယ်။ သူတို့ တက်လာတာလည်း သုံးပုံမှာ နှစ်ပုံ မပြည့်တပြည့်ပဲ ရောက်တယ်ဆိုတော့ ပြန်ဆင်းဖို့လည်း လုံခြုံရေးမပါရင် မဆင်းရဲဘူးထင်ပါတယ်။သင်္ဘောတွေက အကုန်လုံး ဗန်းမော်မှာပဲရှိသေးတယ်” ဟု ကချင်သတင်းရင်းမြစ်က ပြောသည်။
ရုပ်သံတွင် ပစ်ခတ်သံများစွာကြားနေရပြီးသင်္ဘောပေါ်မှ ပစ်ခတ်သည် ကျည်အချို့တံတားကို ထိမှန်သည်ကို တွေ့ရသည်။
“ဒူဝါကို ပစ်နေတယ်နော် ဒူဝါကိုပစ်နေတယ်” ဟု တော်လှန်ရေးရဲဘော်တဦးက KIA အရာရှိငယ်တဦးဟု ယူဆရသူအား ပြောဆိုသည်။
ထို့ပြင် စစ်သင်္ဘောများ တံတားအောက်ဖြတ်သန်းစဉ် အင်္ကျီမီးရှို့ပစ်ချပြီး ဆီပုံးဟုယူဆရသည့် ပုံးတခုပစ်ချကာ စစ်ကောင်စီသင်္ဘော မီးလောင်စေရန်တိုက်ခိုက်ခဲ့သည်ကိုလည်း တွေ့ရသည်။
“တစီးကျန်သေးတယ်”
“အင်္ကျီချွတ်ပေးရမလား”
“ အော် ကျည်ရှိသေးတာပဲ မရှိတော့ဘူးအောက်မေ့နေတာ”
“ဓာတ်ဆီမှ မရှိတော့တာ”
“ဓာတ်ဆီ ဒီအထဲမှာ”
“ ဓာတ်ဆီလား ဘယ်မှာလဲ”
“အဲဒီထဲမှာ”
“တစီးကျန်သေးတယ်မဟုတ်လား”
“ လာနင်က လောင်းလိုက် ငါဒီဟာမီးရှို့ပြီးမှ ပစ်ထည့်လိုက်မယ်”ဟု KIA အရာရှိနှင့် တော်လှန်ရေး ရဲဘော်တို့ အပြန်အလှန် ပြောဆိုသံကို ရုပ်သံ၌ ကြားရသည်။
အဆိုပါ အရာရှိငယ်ဟု ယူဆရသူသည် စစ်သင်္ဘောများ တံတားကိုကျော်သွားပြီးနောက် လက်နက်ငယ်ဖြင့် ဆက်လက်ပစ်ခတ်ခဲ့သည့်ရုပ်သံဖိုင်လည်း ထွက်ပေါ်ခဲ့သည်။
ထိုသို့ တိုက်ခိုက်မှုကြောင့် စစ်သင်္ဘောများထိခိုက်မှု ရှိ၊မရှိ အခြေအနေကို ရုပ်သံ၌ မတွေ့ရပေ။
သို့သော် စစ်သင်္ဘောများကို ရွှေကူနှင့်ဗန်းမော်မြို့နယ်ကြားတွင် KIAပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ စစ်သင်္ဘော ၆စီး ထိခိုက်ပျက်စီးနစ်မြုပ်ခဲ့ဟု KIA သတင်းပြန်ကြားရေးဌာနနှင့် ကချင်စစ်ရေးသတင်းရင်းမြစ်တို့က အသိပေးထားသည်။
ဩဂုတ် ၁ရက်က စစ်သင်္ဘော ၁၁စီးခန့် ဗန်းမော်မြို့သို့ ရောက်ရှိခဲ့ရာ စစ်ကူအင်အားထက် လက်နက်ခဲယမ်းရိက္ခာများ အဓိကပါဝင်သည်ဟု KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောထားသည်။
အဆိုပါ စစ်သင်္ဘောများ ဗန်းမော်သို့ရောက်ရှိပြီးနောက် စစ်ကောင်စီတပ်က မြေပြင်ထိုးစစ်အပြင် လေကြောင်း ဒရုန်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်ခဲ့၍ ဩဂုတ်လဆန်းမှ ယခုအချိန်ထိ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားလျက်ရှိသည်။
ထို့ပြင် စင်းခန်းတံတားကို စစ်တပ်က ပြန်လည်ထိန်းချုပ်နိုင်ကြောင်း စစ်ကောင်စီ၏ ဝါဒဖြန့်သူများက ရေးသားဖြန့်ဝေမှုများရှိခဲ့သည်။ ထို့ကြောင့် KIA ပူးပေါင်းတပ်က ဩဂုတ်ပထမပတ်တွင် တံတားရှေ့၌တပ်ဖွဲ့ဝင်များ စုစည်းရိုက်ကူးထားသည့် ဓာတ်ပုံမှတ်တမ်းကို ဖော်ပြကာ ဆက်လက်ထိန်းချုပ်ထားဆဲဖြစ်ကြောင်း တော်လှန်ရေးရဲဘော်အချို့က အသိပေးထားသည်။
ရုပ်သံ – Gauri Lahpai Zau Hkam
-

လိုက်ထရက်ယာဥ် လူတင်လို့ဆိုကာ ဖမ်းကြသည်
သောက်ရှက်မရှိဆုံးလူနှင့်
ကိုယ်ချင်းစာတရားနဲနဲမှမရှိသောသူများသာလျှင်
လိုက်ထရက်ယာဥ် လူတင်လို့ဆိုကာ ဖမ်းကြသည်။
ပညာပေးပြောပေးရမည်ကို
အပြစ်ကြီးတစ်ခုလို ပုံကြီးချဲ့ပြောသည်
ဘာညာဘာညာလုပ်သည်
မရသော် ဖမ်းသည်
သောက်ရှက်များ မဲ့လွန်းလှသည်။
နေမျိုးသူရ
12.8.2025
-

ပေါက်မြို့နယ်ရှိ ကျေးရွာ ၁၈ ရွာကို စစ်တပ်က Y-12 လေယာဉ်ဖြင့် ၂ ရက်ဆက် ဗုံး ၅၀ ကျော် ကျဲချ တိုက်ခိုက်
ပေါက်မြို့နယ်ရှိ ကျေးရွာ ၁၈ ရွာကို စစ်တပ်က Y-12 လေယာဉ်ဖြင့် ၂ ရက်ဆက် ဗုံး ၅၀ ကျော် ကျဲချ တိုက်ခိုက်မှု ကလေးငယ်များ အပါအဝင် ပြည်သူ ၅ ဦးသေဆုံးပြီး ၃၀ ကျော် ထိခိုက်ဒဏ်ရာရ
-

စစ်အုပ်စုကင်းစင်ရေးအတွက် စစ်ရှိန်မြှင့်ဖို့ KIA၊ NUG တို့နဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ချင်းညီနောင်ပြော
ချင်းပြည်နယ် အပါအဝင် နိုင်ငံတဝန်းမှာ စစ်ရေး၊ နိုင်ငံရေးတိုးမြှင့် လုပ် ဆောင်သွားဖို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA ) အပါအဝင် အမျိူးသားညီညွှတ်ရေးအစိုးရ (NUG)ရဲ့တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ချင်းညီနောင်တပ်ဖွဲ့ ဝင်တွေက ဩဂုတ်လ ၁၂ ရက် ဒီနေ့မှာ ပြောပါတယ်။
ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်းမှာပဲ ကချင်ပြည်နယ်၊ လိုင်ဇာမြို့မှာ ချင်းညီနောင်တပ်ဖွဲ့ တာဝန်ရှိသူတွေနဲ့ KIO/KIA ရဲ့ ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော် အပါအဝင်၊ NUG ရဲ့ယာယီသမ္မတ ဒူဝါလရှီးလ၊ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး စတဲ့တာဝန်ရှိသူတွေနဲ့ အသီးသီးတွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။
အခုလို တွေ့ဆုံမှုကနေ တဆင့် စစ်ရေး၊နိုင်ငံရေး တိုးမြှင့်လုပ်ဆောင်နိုင်ဖို့ ဆွေးနွေးမှုတွေ လုပ်ခဲ့တယ်လို့ ချင်းညီနောင်တပ်ဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူ (မင်းတပ်မြို့နယ် ပအဖ) ဆလိုင်းယောမာန်က ပြောပါတယ်။

“ကျွန်တော်တို့ (KIO) ဗိုလ်ချုပ် ဂွန်မော်တို့နဲ့ တွေ့ဖြစ်တာကတော့ အဓိက တော့ တော်လှန်ရေးနဲ့ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက်ကြဖို့၊ မဟာဗျူဟာကျကျ ဘယ်လို ချိတ်ဆက်ကြမယ်။ ပိုနီးကပ်တဲ့ဆက်ဆံရေးတွေနဲ့ဘယ်လို ပူးပေါင်းကြမယ်။ အဲ့ဒီလိုမျိုးပါ၊ တော်လှန်ရေးအတွက်ဆိုတော့ အကုန်လုံးပါတယ်လို့ ပြောလို့ရပါတယ်။ဘာကြောင့်များလဲဆိုတော့ အဓိက တော့ အတူတူပူးပေါင်းလုပ်ဆောင်ကြဖို့ အချိန်ကျလာတာရယ်။ အဆင်သင့်ဖြစ်လာတယ်ဆိုတဲ့ ပုံစံမျိူးပါ။ ပြီးတော့မှ NUG အဖွဲ့တွေနဲ့ တွေ့ဆုံတာလဲ အဲ့ဒီလိုမျိုးပါ၊ တော်လှန်ရေးနဲ့ပတ်သက်ပြီး အမြင်တွေ ဆွေးနွေးဖြစ်ပါတယ်”
ဒီတွေ့ဆုံ ဆွေးနွေးမှုကတဆင့် ချင်းပြည်နယ်ကို လူသားချင်း စာနာမှုဆိုင်ရာ အကူအညီပေးနိုင်ရေး အပါအဝင် ချင်းပြည်တဝန်း စစ်အုပ်စုကင်းစင်နိုင်ရေး လုပ်ဆောင်သွားဖို့ ရည်ရွယ်တယ်လို့ သူကဆိုပါတယ်။
ဒါကြောင့် ချင်းပြည်နယ်အထဲက စစ်အုပ်စု စိုးမိုးနယ်မြေတွေကို တိုက်ခိုက်သွားမယ်လို့ ချင်းအမျိုးသားအဖွဲ့ချုပ်(CNO/CNDF) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက ပြောပါတယ်။
“ကျွန်တော်တို့ ချင်းမှာ CB ရဲ့ နယ်နိမိတ်ထဲမှာ တီးတိန်မြို့ ကျန်နေပါသေးတယ်။ ဆိုတော့ ဒီဟာကိုလဲ တော်လှန်ရေးအစုအဖွဲ့တွေနဲ့ ပေါင်းဖို့ တော့ အမြန်ဆုံးသိမ်းနိုင်ဖို့ ကြိုးစားလုပ် ဆောင်နေပါတယ်။ မကြာခင်မှာ အသီးအပွင့်တွေ မြင်ရမယ်လို့ ယုံကြည်ပါတယ်”
ချင်းပြည်နယ်က ဖလမ်း၊ မင်းတပ်၊ ကန်ပက်လက်၊ မတူပီ၊ တွန်းဇံ၊ ကျီခါး၊ ရိဒ်ခေါ်ဒါရ်၊ လိုင်လင်းပီ၊ ကျင်ဒွေး၊ မကွီးအိမ်နူး၊ နှာရိန်၊ ရေဇွာ၊ ဝေဘူလ၊ ဆူရ်ခွားစတဲ့ မြို့တွေကို ချင်းတော်လှန်ရေးတပ်တွေကသိမ်းပိုက် ထိန်းချုပ်ထားပြီး ပလက်၀မြို့နဲ့ ဆမီးမြို့ကိုတော့ အာရက္ခတပ်တော် (AA) က သိမ်းပိုက် ထိန်းချုပ်ထားပါတယ်။

ဒါ့အပြင် စစ်အုပ်စုတွေ ရှိနေသေးတဲ့ ဟားခါး၊ ထန်တလန်၊ ခိုင်ကမ်းနဲ့ တီးတိန်မြို့ တို့ကိုလည်း စစ်အုပ်စုကင်းစင်ရေး အမြန်ဆုံးလုပ်ဆောင်သွားမယ်လို့ ချင်းပြည် တော်လှန်ရေး တပ်ဖွဲ့တွေ ကထုတ်ဖော် ပြောဆိုပါထားပါတယ်။
အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာတဲ့ ချင်းလက်နက်ကိုင်တပ်ဖွဲ့တွေ ဖြစ်တဲ့ ချင်းကာကွယ်ရေး – မင်းတပ် (CDF – Mindat)၊ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/CNDF) ၊ ဇိုမီးဖက်ဒရယ်အစည်းအရုံး (ZFU/PDF – Zoland)၊ ချင်းကာကွယ်ရေးတပ် – ကန်ပက်လက် ( CDF – Kanpalet ) ၊ချင်းကာကွယ်ရေးတပ် – မတူပီ (တပ်မဟာ – ၁) နဲ့ မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ (MTC/MDF) စတဲ့ အဖွဲ့တွေစုပေါင်းကာ ချင်းညီနောင်တပ်ဖွဲ့အဖြစ် ဖွဲ့စည်းထားတာ ဖြစ်ပြီးတော့ အာရက္ခတပ်တော် (AA )နဲ့ မဟာမိတ် ဖွဲ့စည်းထားပါတယ်။
