Category: News

  • အရာရှိ​တွေပါ​သေဆုံးထိခိုက်ပြီး အထိနာလို့ စစ်တပ်အသိုင်းအဝိုင်းမှာ ဂယက်ထနေ

    ဧရာဝတီတိုက်ပွဲမှာ အရာရှိ​တွေပါ​သေဆုံးထိခိုက်ပြီး အထိနာလို့ စစ်တပ်အသိုင်းအဝိုင်းမှာ ဂယက်ထနေ

    ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်မှာ ယခုရက်ပိုင်းဖြစ်ပွားနေတဲ့တိုက်ပွဲတွေအတွင်း စစ်တပ်အရာရှိအချို့ ထိခိုက်သေဆုံးခဲ့ပြီး ဆေးကုသနေသူတွေအတွက် လုံလောက်တဲ့ထောက်ပံ့မှုတွေမရတဲ့အပေါ် စစ်တပ်မိသားစုဝင်တွေကဝေဖန်နေကြပါတယ်။

    သာပေါင်းမြို့နယ်၊သာပေါင်းကလေးရွာပတ်ဝန်းကျင်မှာတပ်မ (၆၆) လက်အောက်ခံ တပ်ရင်းတွေနဲ့ အာရက္ခတပ်တော်(AA)ဦး​ဆောင်တဲ့ ပူး​ပေါင်းတပ်​တွေတိုက်ပွဲတွေပြင်းထန်နေတာဖြစ်ပါတယ်။

    “တိုက်ပွဲကဆက်တိုက်ပြင်းထန်နေတာဖြစ်ပြီး စစ်တပ်ဘက်မှာ အထိအခိုက်တော်တော်များတယ်။ ပုသိမ်မှာဆေးကုနေရတဲ့သူတွေရှိသလို မင်္ဂလာဒုံစစ်ဆေးရုံကိုပို့ပြီးကုရတာတွေလည်းများတယ်။ အရာရှိတွေပါထိတော့မိသားစုဝင်တွေလည်းအလုပ်ပျက်တယ်။ဒဏ်ရာပြင်းထန်တဲ့သူတွေက စိတ်ဓာတ်တွေကျနေပြီ။ရှေ့တန်းကတိုက်ပွဲကလည်း သတင်းကောင်းမရှိဘူး။လက်နက်တွေဆုံးတာလည်းရှိတော့ အရေးယူခံရသေးတယ်”လို့ သာပေါင်းတိုက်ပွဲမှာဒဏ်ရာရတဲ့ ဗိုလ်ကြီးအဆင့်ရှိသူတစ်ဦးရဲ့ မိသားစုဝင်တစ်ဦးကပြောပါတယ်။

    အခုရက်ပိုင်းဖြစ်တဲ့တိုက်ပွဲမှာအာဏာသိမ်း စစ်တပ်ကဗိုလ်မှူးတစ်ဦးသေဆုံးခဲ့ပြီး ဒီဇင်ဘာ ၂ ရက် မှာတော့ ပုသိမ်မြို့က ရွှေမြင်တင်သုဿန်မှာလုံခြုံရေးအများအပြားချပြီးသင်္ဂြိုဟ်ခဲ့ပါတယ်။

    ဧရာဝတီတိုင်းမှာတိုက်ပွဲတွေစဖြစ်တဲ့ ၂၀၂၄ ဒီဇင်ဘာလအတွင်းမှာ အာဏာသိမ်းဒုခေါင်ဆောင်ကိုယ်တိုင် ပုသိမ်မြို့ကိုရောက်ရှိလာပြီး စစ်‌ကောင်စီတပ်ဖွဲ့တင်တွေ၊ စစ်မှုထမ်းသင်တန်းဆင်းတွေအနေနဲ့ တိုက်ပွဲတွေမှာထွက်မပြေးဖို့ စည်းရုံးခဲ့ဖူးပါတယ်။

    ပြီးခဲ့တဲ့ နိုဝင်ဘာလကုန်ကလည်း စစ်ခေါင်းဆောင်ကိုယ်တိုင်း ဧရာဝတီတိုင်းကို ရောက်လာပြီး စည်းရုံးရေးဆင်းသွားပါသေးတယ်။

    လတ်တလောမှာ ဧရာဝတီတိုင်းအတွင်းသာပေါင်းမြို့နယ်အပြင် ရွှေသောင်ယံနဲ့လေးမျက်နှာမြို့နယ်တွေမှာလည်းတိုက်ပွဲတွေဖြစ်နေပါတယ်။

    သာပေါင်းနဲ့လေးမျက်နှာစစ်မြေပြင်မှာတပ်မ (၆၆)လက်အောက်ခံတပ်ရင်းတွေဖြစ်တဲ့ ခမရ (၄)၊ ခမရ (၅)၊ ခမရ (၆)၊ ခမရ (၁၀)၊ ခလရ (၃၅)၊ ခလရ (၈၀)နဲ့ အနောက်တောင်တိုင်း စစ်ဌာနချုပ်၊ ပုသိမ်လက်အောက်ခံတပ်ရင်း တွေဖြစ်တဲ့ ခလရ (၆၃)၊ ခလရ (၂၇၁) တို့ရှိနေတယ်လို့ AA က နိုဝင်ဘာလ၁၁ ရက်နေ့ထုတ်ပြန်ချက်မှာဖော်ပြခဲ့ပါတယ်။

    အော်တိုဘာလ၃ရက်နေ့ကနေ နိုဝင်ဘာလ၇ရက်နေ့အတွင်း တိုက်ပွဲတွေမှာ ရှေ့တန်းကနေထွက်ပြေးလာလို့ ဖမ်းမိထားသူ ၂၀ကျော်၊ လက်နက်ချ အလင်းဝင်ရောက်သူ ၂၀ကျော်ရှိတယ်လို့ ဆိုပါတယ်။

    “အရာရှိတွေသေရင်သာအသံထွက်တာ။ စစ်မှုထမ်းသင်တန်းဆင်းတွေနဲ့ပတ်သက်ရင် ဘာမှမကြားရတော့ဘူး။ ရပ်ကွက်ထဲကနေခေါ်သွားတယ်။ ပြီးတော့အဆက်သွယ်မရတော့ဘူး။ အဲဒီလိုလူတွေအများကြီးပဲ”လို့ ဧရာဝတီတိုင်းဓနုဖြူမြို့ခံတစ်ဦးကပြောပါတယ်။

    ယရွှေသောင်ယံ၊ သာပေါင်းနဲ့ လေးမျက်နှာမြို့နယ်ဟာရခိုင်ပြည်နယ်၊ဂွမြို့နယ်နဲ့ ဆက်စပ်နေပါတယ်။

    ၂၀၂၄ ဒီဇင်ဘာလကဂွမြို့ကို AAက သိမ်းယူပြီးတဲ့နောက်ပိုင်းမှာလည်း ရွှေသောင်ယံ၊ သာပေါင်းနဲ့ ဂွမြို့နယ်စပ်နေရာတွေမှာ တိုက်ပွဲတွေပြင်းထန်ခဲ့ဖူးပါတယ်။

    ရွှေသောင်ယံမြို့နယ်ထဲမှာဆိုရင် ၂၀၂၅ ဇန်နဝါရီလထဲမှာ တိုက်ပွဲတွေအပြင်းထန်ဆုံးဖြစ်ခဲ့ပြီး ဘောမိနဲ့ မကျီးစင်ရွာကို AAနဲ့ ပူးပေါင်းတပ်တွေကထိန်းချုပ်ခဲ့ပါတယ်။အိမ်ခြေလေးရာကျော်ရှိတဲ့ ဘောမိရွာကိုစစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲဖျက်ဆီးခဲ့ပါတယ်။ ဒေသခံတချို့လည်း သေဆုံးခဲ့ပါတယ်။

    လေးမျက်နှာမြို့နယ်အတွင်းကတိုက်ပွဲတွေမှာလည်းအရပ်သားထိခိုက်သေဆုံးမှုတွေရှိနေပြီး အရပ်သားတွေရှိနေတဲ့ကျေးရွာတွေကို စစ်တပ်က လေကြောင်းကနေတိုက်ခိုက်မှုတွေပြုလုပ်နေပါတယ်။စစ်ဘေးရှောင်ပြည်သူ တွေကိုအကူအညီတွေပေးကြဖို့အတွက် ဧရာဝတီတိုင်းထဲက အရပ်ဖက်လူမှုကူညီရေးလုပ်ဆောင်သူတွေက တောင်းဆိုထားပါတယ်။

    တိုက်ပွဲတွေထဲမှာအထိနာနေတဲ့စစ်အုပ်စုကအရပ်သားပြည်သူတွေရှိတဲ့ကျေးရွာတွေကို ပစ်မှတ်ထားပြီးလေကြောင်းကနေတိုက်ခိုက်နေတယ်လို့လည်း ဒေသခံတွေကပြောပါတယ်။

    ပြီးခဲ့တဲ့အောက်တိုဘာ ၂၃ ရက်က လေးမျက်နှာမြို့နယ်၊ စပြင်ကျေးရွာကို စစ်ကောင်စီက လေကြောင်းကနေဗုံးကြဲလို့ အရပ်သား ၂၄ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း AYA PDF အမှတ် ၂၉ ဗျူဟာက ထုတ်ပြန်ထားပါတယ်။

  • ရန်ကုန်၊ စလင်းနှင့် ဝမ်းတွင်းမြို့နယ်တွင် လူငယ် ၅၀ နီးပါး စစ်မှုထမ်းခိုင်းရန် ပေါ်တာဆွဲ ဖမ်းဆီးခံရ

    ရန်ကုန်၊ စလင်းနှင့် ဝမ်းတွင်းမြို့နယ်တွင် လူငယ် ၅၀ နီးပါး စစ်မှုထမ်းခိုင်းရန် ပေါ်တာဆွဲ ဖမ်းဆီးခံရ

    ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ ၂ ရပ်ကွက်တွင် နေထိုင်သော အသက် ၄၃နှစ်အရွယ် ကလေးဖခင်တစ်ဦးကို စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးသွားကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။

    ဒီဇင်ဘာလ ၁ ရက်နေ့ ည ၁၀ နာရီ ၃၀ မိနစ်အချိန် မရမ်းကုန်းမြို့နယ်၊ ၂ ရပ်ကွက်တွင် နေထိုင်သော သားသမီး ၂ ဦး၏ ဖခင်ဖြစ်သူ အသက် ၄၃ နှစ်အရွယ် အမျိုးသားသည် ညစာစားရန် အပြင်သို့ သွားစဉ် ပျောက်ဆုံးသွားခဲ့ကြောင်း၊ မိသားစုကလည်း လူပျောက်ကြေညာခဲ့ပြီးနောက် ဒီဇင်ဘာလ ၄ ရက်နေ့တွင် စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးသွားခဲ့ကြောင်း၊ ၎င်း၏ အသက်အရွယ်မှာ စစ်မှုထမ်းရမည့် အသက်အရွယ် အပိုင်းအခြားဖြစ်သော အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း မဟုတ်တော့သော်လည်း စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးသွားကြောင်း သိရှိရသည်။

    “အဖမ်းခံရတဲ့သူက စုဆောင်းရေးတပ်ကို ရောက်သွားတယ်။ သူက ကျန်းမာရေးသိပ်မကောင်းဘူး။ သူ့တပ်က အရာရှိကို သူက အသက် ၄၀ ကျော်နေပြီ ဘာလို့ စစ်မှုထမ်းခိုင်းတာလဲမေးတော့ မင်းကို ဖမ်းပြီး ရောင်းစားသွားတာဆိုပြီး ပြောတယ်လို့ သိရတယ်” ဟု ယင်းဖြစ်စဉ်ကို သိရှိသော ဒေသခံပြည်သူတစ်ဦးက ပြောဆိုသည်။

    အလားတူ မကွေးတိုင်း၊ စလင်းမြို့တွင်လည်း လူငယ် ၂၉ ဦးကို အကြမ်းဖက် စစ်တပ် ပေါ်တာဆွဲဖမ်းဆီးပြီး ၁ ဦးလျှင် ငွေကျပ် သိန်း ၁၄၀ ဖြင့် ပြန်ရွေးခိုင်းကာ ငွေကြေးပေးနိုင်ခြင်းမရှိသူများကို စစ်သင်တန်းကျောင်းသို့ ပို့ဆောင်လိုက်ကြောင်း ပြည်သူ့ ညီနောင်-စလင်း သတင်းတာဝန်ခံ ကိုပြည်သူက ပြောဆိုသည်။

    ပေါ်တာဆွဲ ဖမ်းဆီးခံရသော လူငယ် ၂၉ ဦးထဲမှ လူငယ် ၂ ဦးကိုသာ မိသားစုက ငွေကျပ် သိန်း ၁၄၀ ဖြင့် ပြန်လည် ရွေးထုတ်နိုင်ခဲ့ပြီး ကျန် ၂၇ဦးမှာ ရမည်းသင်းမြို့ အခြေခံလေ့ကျင့်ရေးသင်တန်းကျောင်း ရလသ အမှတ် (၁) ရဲ/စစ် သင်တန်းကျောင်းသို့ ပို့ဆောင်ခဲ့ကြောင်းသိရှိရသည်။

    “လူငယ် ၂၉ ဦးကို စစ်ခွေးတွေက ပေါ်တာဆွဲဖမ်းသွားတယ်။ စစ်ခွေး ပေါ်တာဆွဲ ဖမ်းဆီးသွားတဲ့ လူငယ် ၂၉ ဦးထဲက ၂ ဦးကို ၁ ဦးလျှင် သိန်း ၁၄၀ဖြင့် မိသားစုဝင်များက ပြန်ရွှေးခဲ့ရပြီး၊ ၂ ဦးထဲကို ပြန်ရွှေးလို့ရတယ်။ ကျန်တဲ့ လူငယ် ၂၇ ဦးကိုတော့ ရမည်းသင်းမြို့ အခြေခံလေ့ကျင့်ရေးသင်တန်းကျောင်း ရလသ အမှတ် (၁) ရဲ/စစ် သင်တန်းကျောင်းသို့ ပို့ဆောင်ခဲ့တယ်လို့ သိရတယ်”ဟု ပြည်သူ့ ညီနောင်-စလင်း သတင်းတာဝန်ခံ ကိုပြည်သူက ပြောဆိုသည်။

    အလားတူ မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ် ကျေးရွာ ၄ ရွာကို ဝင်ရောက်စီးနင်းပြီး လူငယ် ၁၅ ဦးကို အကြမ်းဖက် စစ်တပ် ပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်း Voice Of Wundwin မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

    ယမန်နေ့ ဒီဇင်ဘာလ ၄ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်အချိန် မိတ္ထီလာ မှ လာသော အကြမ်းဖက် စစ်တပ် စစ်ကား ကား၃စီးက ဝမ်းတွင်းမြို့နယ် ကျေးရွာ ၄ရွာကို ဝင်ရောက်စီးနင်းပြီး လူငယ် ၁၅ ဦးကို အကြမ်းဖက် စစ်တပ် ပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်း၊ ဖမ်းဆီးခံရသည့် လူငယ်များမှာ သဖန်ရွာကျေးရွာမှ ၇ ဦး ၊ ရှားတောကျေးရွာမှ ၃ဦး ၊ ရွှေဖလားကန်ကျေးရွာမှ ၁ ဦး ၊ တဲစုကကျေးရွာမှ ၄ ဦး တို့ ဖြစ်ကြောင်း သိရှိရသည်။

    “စစ်ခွေး ဖမ်းဆီးသွားတဲ့ လူငယ် အသက်၂၀ ဝန်းကျင်တွေလို့ပြောတယ်။ သဖန်ရွာကျေးရွာ ၇ ဦး ၊ ရှားတောကျေးရွာ ၃ဦး၊ ရွှေဖလားကန်ကျေးရွာ ၁ ဦး၊ တဲစုကကျေးရွာ ၄ ဦးကို စစ်ခွေးတွေက ဝင် ဆွဲသွားတယ်။ လူလတ်ပိုင်းတွေပေါ့။ အသက် ၄၀ ကျော်လည်းပါတယ်။ အမျိုးသားတွေကြီးပဲ ။ စစ်ခွေးတွေ ဖမ်းဆီးသွားတဲ့ လူငယ်တွေကို မိတ္ထီလာဘက်ကိုခေါ်သွားတယ်”ဟု Voice Of Wundwin မှ တာဝန်ရှိသူက ပြောဆိုသည်။

    အောက်တိုဘာလ ၉ ရက်နေ့ကလည်း ဝမ်းတွင်းမြို့နယ်ရှိ ကျင်းရွာမှ လူငယ် ၁ ဦး ၊ ဖိုလ်ကုန်းရွာမှ လူငယ် ၁ ဦးနှင့် အိုင်သာရွာ ၊ နတ်နန်းရွာတို့မှ လူငယ် ၃ ဦးကို စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးသွားကြောင်း သိရှိရသည်။

    အကြမ်းဖက်စစ်တပ်က ယခု ဒီဇင်ဘာလလယ်ပိုင်းတွင် စစ်မှုထမ်းသင်တန်းအပတ်စဉ် ၂၀ ကို ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရှိရသည်။

    ဓာတ်ပုံ- ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းကာလ စစ်အာဏာရှင် ဆန့်ကျင်သော ပြည်သူများကို စစ်တပ်က အကြမ်းဖက် ဖမ်းဆီးခဲ့စဉ်။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)

  • စစ်တပ်က ပြည်သူ ၄ ဦးကို ဖမ်းဆီးပြီး လက်ချောင်းနှင့် နားရွက်တို့ကို ဖြတ်တောက်ခဲ့

    စစ်တပ်က ပြည်သူ ၄ ဦးကို ဖမ်းဆီးပြီး လက်ချောင်းနှင့် နားရွက်တို့ကို ဖြတ်တောက်ခဲ့

    ပေါက်မြို့နယ်တွင် စစ်တပ်က ပြည်သူ ၄ ဦးကို ဖမ်းဆီးပြီး လက်ချောင်းနှင့် နားရွက်တို့ကို ဖြတ်တောက်ခဲ့

    မကွေးတိုင်း၊ ပေါက်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ပြည်သူ ၄ ဦးကို ဖမ်းဆီးပြီး လက်ချောင်းနှင့် နားရွက်တို့ကို ဖြတ်တောက်ခဲ့ကြောင်း မကွေးတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

    နိုဝင်ဘာလ အတွင်း ပေါက်မြို့နယ်ကို စစ်ကြောင်းထိုးခဲ့သော စစ်တပ်၏ ကပစ ၂၄ မှ ထွက်လာသော စစ်ကြောင်းသည် ပေါက်မြို့နယ်၊ အနောက်တောင်ဘက်ရှိ တယ်ပင်ရွာနှင့် မကျီးကုန်းရွာကို ဝင်ရောက် စီးနင်းစဉ် တယ်ပင်ကျေးရွာမှ အသက် ၂၀ နှစ်အရွယ် ဖြိုးဝေဇော် ၊ အသက် ၂၀နှစ်အရွယ် ခိုင်လင်းအောင် ၊ အသက် ၁၈နှစ်အရွယ် မင်းခန့်ဇော် နှင့် မကျီးကုန်းရွာမှ အသက် ၂၅နှစ် အရွယ် ပြည်စုံဝင်း တို့ကို ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    ထိုသို့ ဖမ်းဆီးခဲ့သော ပြည်သူများကို စစ်ဆေးမေးမြန်းပြီး ပြည်သူ ၃ ဦးကို လက်နောက်ပြန် ကြိုးတုပ်၍ သစ်တုံးပေါ် တင်ကာ လက်ညှိုးများကို ဖြတ်တောက်ခဲ့ကြောင်း၊ ထို့ပြင် ပြည်သူ ၁ ဦးကိုလည်း ၎င်းတို့ စစ်ဆေးမေးမြန်းစဉ် စကားထစ်သည်ဟုဆိုကာ နားရွက်ဖြတ်တောက်ခဲ့ကြောင်း သိရှိရသည်။

    ယင်းသို့ ပြည်သူ ၄ ဦးကို ဖမ်းဆီး နှိပ်စက်ပြီးနောက် ပေါက်မြို့နယ် မြောက်ပိုင်းသို့ စစ်ကြောင်းထိုးရာ လမ်းတလျှောက်တွင် လူသားဒိုင်းအဖြစ် ရှေ့ဆုံးမှ ထားပြီး စေလွှတ်ခဲ့ကြောင်း၊ နိုဝင်ဘာလ ၂၉ ရက်နေ့တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ငဖောင်ကန်ကျေးရွာသို့ ရောက်ရှိချိန်တွင် လူသားဒိုင်းအဖြစ် ဖမ်းဆီးထားသူများကို ပြန်လည် လွှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    “စစ်ခွေးစစ်ကြောင်းက အင်အား ၂၀၀ ခန့်ပါတယ်။ စစ်ခွေးတွေက နေအိမ်တွေကို မီးရှို့တာရှိပါတယ်။ ကျေးရွာတွေ မီးရှို့ဖျက်ဆီးတာ ပြည်သူတွေကို သတ်ဖြတ်ခဲ့တာ မုဒိမ်းကျင့် သတ်ဖြတ်ခဲ့တာ ပစ္စည်းတွေ ခိုးယူသွားတာ အများအပြား ကျူးလွန်ခဲ့ပါတယ်။ နေ့ရက် အတိအကျတော့ ကျနော်တို့ဆီ ရောက်ရှိထားတာမျိုးတော့ မရှိသေးပါဘူး။ ကျူးလွန်ခဲ့တာတော့ စစ်ကြောင်းထိုးရာ တလျှောက်လုံးပါပဲခွေးတပ်က ပြန်လွှတ်ပေးလိုက်တာပါ။ ဖမ်းပြီး စစ်ကြောင်း တလျှောက် လူသားဒိုင်း လုပ်ခဲ့တာ မသေလို့ ပြန်လွှတ်ပေးလိုက်တာပါ” ဟု မကွေးတိုင်း ပကဖမှ တာဝန်ရှိသူက ပြောဆိုသည်။

    ထို့ပြင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် အမျိုးသမီးများ အပါအဝင် ပြည်သူ ၁၆ ဦးကိုလည်း မုဒိမ်းကျင့် သတ်ဖြတ်ခဲ့ပြီး ကျေးရွာ ၁၀ ခု နှင့် စစ်ရှောင်စခန်း ၁ ခုကို မီးရှို့ဖျက်ဆီးခဲ့ခြင်းကြောင့် နေအိမ် ၈၅ လုံးနှင့် စစ်ရှောင်တဲအိမ် ၃၀ လုံး မီးလောင် ပြာကျခဲ့ကြောင်း သိရှိရသည်။

    အကြမ်းဖက် စစ်တပ်၏ စစ်ရာဇ၀တ်မှု ကျူးလွန်မှုများ၊ လူ့အခွင့်အရေးချိုးဖောက်မှုများသည် ပြီးဆုံးသွားမည်မဟုတ်ဘဲ မကွေးတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့အနေဖြင့် အကြမ်းဖက်စစ်တပ် အလုံးစုံ တိုက်ခိုက်နိုင်‌ရေး ဦးတည်ကာ ပြည်သူလူထုအတွက် တရားမျှတမှု ပြန်လည် ရရှိသည်အထိ မဆုတ်မနစ် တိုက်ပွဲ၀င်သွားမည်ဖြစ်ကြောင်း မကွေးတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)မှ တာဝန်ရှိသူက ဆက်လက် ပြောဆိုသည်။

  • လသာမြို့နယ် ရွှေဇင်ရွှေဆိုင် ဓားပြတိုက်ခံရ၍ ရွှေထည်ပစ္စည်းများ နှင့် ငွေကျပ်သိန်း (၁၀၀၀) ဖိုးခန့် ပါသွား

    လသာမြို့နယ် ရွှေဇင်ရွှေဆိုင် ဓားပြတိုက်ခံရ၍ ရွှေထည်ပစ္စည်းများ နှင့် ငွေကျပ်သိန်း (၁၀၀၀) ဖိုးခန့် ပါသွား

    လသာမြို့နယ် ရွှေဇင်ရွှေဆိုင် ဓါးပြတိုက်မှု ရွှေထည်ပစ္စည်းတွေနဲ့ ငွေသားသိန်းတထောင် ယူဆောင်သွား

    ရန်ကုန်တိုင်း ၊ လသာမြို့နယ် ၊ အမှတ်(၃)ရပ်ကွက်၊မဟာဗန္ဓုလ လမ်းမှာရှိတဲ့ ” ရွှေဇင်ရွှေဆိုင် “မှာ ဒီကနေ့ ဒီဇင်ဘာ ၅ ရက်နေ့ မနက်ပိုင်းက ဓားပြတိုက်လုယက်မှု ဖြစ်ပွားပြီး ရွှေထည်ပစ္စည်းတွေ နဲ့ ငွေသား ကျပ်သိန်း တထောင်လောက် ပါသွားတယ်လို့ ကနဦးသိရပါတယ်။

    ဒီကနေ့ မနက်ပိုင်း ၉ နာရီလောက်မှာ ရွှေဆိုင်ဖွင့်ဖို့အတွက် ကားပေါ်ကနေ ရွှေထည်ပစ္စည်းထုတ်တွေ ချစဥ် အမည်မသိ သေနတ်ကိုင်ထားတဲ့ အမျိုးသား နှစ်ယောက် ရောက်ရှိလာပြီး သေနတ်ပြ ခြိမ်းခြောက်ကာ ပစ္စည်းနဲ့ ငွေသားကို လုယက်သွားတာ ဖြစ်တယ်လို့ သိရပါတယ် ။

    ရွှေဆိုင် လုယက်ခံရမှု ဖြစ်စဥ်နဲ့ပတ်သက်ပြီး လသာရဲစခန်းကို ဆက်သွယ်မေးမြန်းရာ ဖြစ်စဥ်မှန်ကန်ကြောင်း အတည်ပြု ပြောဆိုပါတယ်။

    ” ဖြစ်စဥ်ကဟုတ်ပါတယ်။ လုယက်မှု ပါ။ အခု စုံစမ်းစစ်ဆေးဖို့ သွားနေကြတုန်းဘဲ ဆိုတော့ အသေးစိတ်တော့ မသိရသေးဘူး ။ ” လို့ တာဝန်ကျ ရဲတပ်ဖွဲ့ဝင်က ပြောပါတယ်။

    ရွှေထည်ပစ္စည်းတွေ လုယက်သွားသူတွေကတော့ ဆိုင်ကယ်နဲ့ရောက်ရှိလာပြီး လုယက်သွားတာဖြစ်ကြောင်း ၊ လက်ရှိမှာ CCTV မှတ်တမ်းကိုလည်း စစ်ဆေးနေပြီး ကျူးလွန်သူတွေ ထွက်ပြေးသွားတဲ့ လမ်းကြောင်းကို ရှာဖွေစစ်ဆေးမှုတွေ လုပ်နေတယ်လို့ သိရပါတယ် ။

    “မြို့ထဲက ဆိုင်ကယ်စီးခွင့်မရှိတဲ့နေရာမှာ မနက်အစော ဆိုင်ကယ်နဲ့ လာလုယက်တာဆိုတော့ ဖမ်းမိမယ့် အခြေအနေတော့ များမယ်ထင်တယ်။ တစီးတည်းကို သုံးယောက်လာတာမှာ တယောက်က ဆိုင်ကယ်နဲ့စောင့်နေပြီး ကျန်နှစ်ယောက်က ဝင်လုတဲ့ပုံစံမျိုးပါ ။ ဒီရွှေဆိုင်က ဒီအချိန် လာပြီးဆိုင်ဖွင့်နေကြဆိုတာကို သိလို့သာ ခုလိုအချိန်အတိအကျနဲ့ လုသွားတာပေါ့။ ” လို့ မြို့ခံတယောက်က ပြောပါတယ်။

    လက်ရှိအထိတော့ ရွှေဆိုင် ဓားပြတိုက် လုယက်သူတွေကို ဖမ်းဆီးရမိခြင်းမရှိသေးဘူးလို့ သိရပါတယ်။

    “ပြစ်မှုကျူးလွန်သူ (၂)ယောက်နဲ့ ရှေ့ကဆိုင်ကယ်မောင်းတဲ့လူပါတယ်။ လသာမြို့နယ်ထဲက ရွှေဇင်ရွှေဆိုင်ကို လုယက်သွားတဲ့သူတွေပါ။ ဗန္ဒုလလမ်းအတိုင်း မောင်းနှင်သွားပြီးတော့ ရွှေတိဂုံဘုရားရောက်တဲ့အခါမှာ အနော်ရထာလမ်းအတိုင်းမောင်းသွားပါတယ်”ဟု လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောပါတယ်။

    ” ရွှေဇင်ရွှေဆိုင် ” ဟာ စစ်ခေါင်းဆောင် မင်းအောင်လှိုင် အာဏာသိမ်းပြီး နောက်ပိုင်း စစ်ကောင်စီ မှာ အကြီးပိုင်ရာထူးတွေ တာဝန်ထမ်းဆောင်ခဲ့ပြီး လက်ရှိနေပြည်တော်ကောင်စီ ဥက္ကဌ အဖြစ်တာဝန်ယူထားတဲ့ ဒုတိယဗိုလ်ချုပ်ကြီးဟောင်း သန်းထွန်းဦး ရဲ့ မိသားစုဝင်တွေ ထဲက တစ်ဦးပိုင်ဆိုင်တဲ့ ရွေဆိုင်ဖြစ်တယ်လို့ စစ်တပ် အသိုင်းဝိုင်းထံက စုံစမ်းသိရပါတယ်။

    မနက်ပိုင်း ရွှေဆိုင်ဖွင့်လှစ်ချိန်မှာ အမျိုးသား နှစ်ယောက် ရောက်ရှိလာပြီး သေနတ်နဲ့ ခြိမ်းခြောက်ကာ ရွှေထည် ပစ္စည်းတွေ နဲ့ ငွေကျပ် သိန်းတစ်ထောင်ခန့်ကို လုယူသွားတယ်လို့ ဆိုပါတယ်။

    အဲ့ဒီရွှေဆိုင်ဟာ ဒုတိယဗိုလ်ချုပ်ကြီးဟောင်း သန်းထွန်းဦးရဲ့ ဆွေမျိုးတစ်ဦးပိုင်ဆိုင်တာဖြစ်ပြီး TV ကြော်ညာတွေ မှာပါတဲ့ နာမည်ကျော် “ရွှေစင် ရွှေဆိုင်” မဟုတ်ဘဲ ” ရွှေဇင်ရွှေဆိုင် ” ဖြစ်တယ်လို့ လည်းသိရပါတယ်။

    ဒုတိယဗိုလ်ချုပ်ကြီးဟောင်း သန်းထွန်းဦးဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီရဲ့ အကြံပေးအဖွဲ့မှာ ဒုတိယဗိုလ်ချုပ်ကြီး လူအေး၊ဒေါက်တာရင်ရင်နွယ်၊ ဒေါ်ယဥ်ယဥ်ဦး ၊ဒေါက်တာဆလိုင်းငွန်ကျုံး လန်၊ဒေါ်ခင်ဦးလှိုင် နဲ့ ဗိုလ်မှူးကြီး ထိန်လင်း တို့ နဲ့ အတူပါဝင်တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။

    သူဟာ စစ်ခေါင်းဆောင်မင်းအောင်လှိုင် ကို တိုက်ရိုက် အကြံပေးခွင့်ရှိတဲ့ သူတစ်ဦးအဖြစ်လည်း စစ်တပ် အသိုင်းအဝိုင်းမှာ ထင်ရှားပါတယ်။

    ဒုတိယဗိုလ်ချုပ်ကြီးဟောင်း သန်းထွန်းဦးဟ အမှတ် (၆) စစ်ဆင်ရေးအထူးအဖွဲ့မှူး (ကစထ-၆) ရာထူး ကိုလည်း စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ တာဝန်ယူခဲပါသေးတယ်။

    ၂၀၂၃ ခုနှစ်နောက်ပိုင်းမှာ စစ်တပ်က အနားယူပြီးတဲ့နောက် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ နဲ့ နေပြည်တော်မြို့တော်ဝန် အဖြစ် စစ်ခေါင်းဆောင်က တာဝန်ပေးအပ်ခဲ့တာဖြစ်ပါတယ်။

    နိုဝင်ဘာ ၁၂ ရက်ကလည်း မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ ၊ နာရီစင်အနီးရှိ “အောင်စံပယ်” စိန်ရွှေရတနာဆိုင်မှာ ဓားပြတိုက်မှုဖြစ်ပွားပြီး ဆိုင်လုံခြုံရေးဝန်ထမ်းအမျိုးသား သေဆုံးမှုရှိခဲ့ တယ်လို့သိရပါတယ်။

    စက်တင်ဘာ ၁၁ ရက်ကလည်း မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့မှာ ရွှေဆိုင်သိမ်းပြီး ကားနဲ့ နေအိမ်ကိုပြန်လာတဲ့ ရွှေဆိုင်ပိုင်ရှင်တွေကို နေအိမ်ရှေ့အရောက်မှာ သေနတ်ပစ်ဖောက် ဓားပြတိုက်ပြီး ငွေသားနဲ့ ရွှေထည်ပစ္စည်းထုတ်အပါအဝင် စုစုပေါင်း သိန်း ၄၀၀၀ နီးပါး လုယက်မှု ဖြစ်ပွားခဲ့ပါတယ်။

    ဩဂုတ်လ ၁၄ ရက် ကလည်း ရန်ကုန် ၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ အမှတ် ၃၄ရပ်ကွက်၊ ဦးဝိစာရလမ်းရှိ ရွှေစင်အကယ်ဒမီရွှေဆိုင်မှာ ဓားပြတိုက်ခံခဲ့ရပြီး ဓားပြတိုက်သူထဲက တယောက်ကို ဖမ်းဆီးရမိခဲ့သလို ရွှေတွေလည်း ပါမသွားဘူးလို့ သိရပါတယ်။

    မတ် ၂၃ ရက်ကလည်း ရန်ကုန်မြို့၊ ပန်းဘဲတန်းမြို့နယ်၊ ဗန္ဓုလလမ်း၂၉ လမ်း နဲ့ လမ်း ၃၀ ကြားရှိ တိတ်ရှိန်ရွှေဆိုင်မှာ ဓားပြတိုက်ခံရပြီး ရွှေထည်ပစ္စည်းတွေ လုယက်ခံရမှု ဖြစ်ပွားခဲ့ပါတယ်။

    ဓာတ်ပုံ – CJ

  • နေပြည်တော်နဲ့ ကျားဖြန့် ဆက်နွယ်နေမှု အထောက်အထား တော်တော်များများရထားပြီးပြီ

    နေပြည်တော်နဲ့ ကျားဖြန့် ဆက်နွယ်နေမှု အထောက်အထား တော်တော်များများရထားပြီးပြီ

    “ကျားဖြန့် (Scam Center) တွေနဲ့ပတ်သက်ရင် သက်သေအထောက်အထားတွေကို စစ်ကောင်စီဖက်က ဖျောက်ဖျက်လိုက်ပေမယ့် International Banking System ကနေတစ်ဆင့် Money Laundering ကိစ္စတွေကိုလိုက်လို့ရတယ်။

    အခုဆိုရင် ဝါရှင်တန် အခြေစိုက် C4 ADS အဖွဲ့က မိုဘိုင်းဖုန်းဆက်ကနယ်တွေကို ခြေရာခံထားတာရှိတယ်။

    အဲဒီခြေရာခံချက်တွေထဲမှာ နေပြည်တော်သမ္မတအိမ်မှာရှိနေတဲ့ ဖုန်းလိုင်းတွေနဲ့ KK park နဲ့ ရွှေကုက္ကိုလ်နဲ့ အမြဲပဲ အဆက်အသွယ်ရှိနေတာတွေ့ရတယ်။

    အဲဒီလမ်းကြောင်းတွေကို တနှစ်စာ ခြေရာခံထားတာရှိတယ်။ ထပ်ခါထပ်ခါ သွားလိုက်လာလိုက်ဖြစ်နေတာတွေ့ရတယ်။”