Category: News

  • စစ်ကော်မရှင်၏ ရွေးကောက်ပွဲကို လက်မခံခြင်းသည် ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်လျှောက် မည်ကို လက်မခံခြင်းဟု PPP ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်ပြော

    စစ်ကော်မရှင်၏ ရွေးကောက်ပွဲကို လက်မခံခြင်းသည် ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်လျှောက် မည်ကို လက်မခံခြင်းဟု PPP ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်ပြော

    စစ်ကော်မရှင်၏ ရွေးကောက်ပွဲကို လက်မခံခြင်းသည် ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်လျှောက် မည်ကို လက်မခံခြင်းဟု PPP ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်ပြော

    စစ်ကော်မရှင်က ပြုလုပ်ရန် စီစဉ်နေသော ရွေးကောက်ပွဲအား လက်မခံခြင်းသည် ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်လျှောက်မည်ကို လက်မခံခြင်းဖြစ်ကြောင်း စစ်ကော်မရှင် ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မည့် ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ဥက္ကဋ္ဌဒေါ်သက်သက်ခိုင်က ပြောကြားသည်။

    သို့သော် ဥပဒေပညာရှင်များနှင့် နိုင်ငံရေးလေ့လာသူများကမူ စစ်ကော်မရှင်၏ ရွေးကောက်ပွဲသည် ဒီမိုကရေစီ အင်္ဂါရပ်များနှင့် ကိုက်ညီမှုမရှိဘဲ အာဏာရှင်စနစ်ကို ဆက်လက်တည်ဆောက်ရန်သာ ရည်ရွယ်သည်ဟု ပြန်လည်ထောက်ပြထားသည်။

    နေပြည်တော်တွင် စစ်ကော်မရှင်လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင် (UEC) နှင့် နိုင်ငံရေး ပါတီများသည် ဩဂုတ် ၂၆ ရက်နေ့ကတွေ့ဆုံခဲ့ပြီး အဆိုပါ တွေ့ဆုံမှုနှင့်ပတ်သက်၍ မေးမြန်းမှုကို ဒေါ်သက်သက်ခိုင်က ယခုကဲ့သို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။

    “ရွေးကောက်ပွဲကို လက်မခံဘူးဆိုတာက ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်လျှောက်မှာကို လက်မခံ ဘူးဆိုတဲ့ သဘော သက်ရောက်ပါတယ်။ အဲဒါကြောင့်မို့လို့ ကျွန်မတို့ ပါတီအနေနဲ့ ရွေးကောက်ပွဲကို ပြည်သူလူထု ပူးပေါင်းပါဝင်ပြီးတော့ မဲထွက်ပေးကြဖို့ တိုက်တွန်းပါတယ်” ဟု PPP ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်က ပြောသည်။

    ယင်းအပြင် တွေ့ဆုံမှုအတွင်း ရွေးကောက်ပွဲစနစ်၊ မဲဆန္ဒနယ် သတ်မှတ်ခြင်းနှင့် ရောက်ရှိရာနေရပ်၌ မဲပေးလိုပါက အနည်းဆုံးရက်ပေါင်း ၁၈၀ ထက်မနည်း နေထိုင်ရမည့်ကိစ္စ၊ ကိုယ်စားလှယ်လောင်းများ၏ ပညာအရည်အချင်းကိစ္စ စသည်တို့ကို ဆွေးနွေးခဲ့ကြကြောင်း PPP ဥက္ကဋ္ဌ ထံမှ သိရသည်။

    စစ်ကော်မရှင်က ပြုလုပ်မည့် ရွေးကောက်ပွဲသည် အာဏာရှင်များ အဓွန့်ရှည်ရေးအတွက် ရည်ရွယ် ပုံဖော်ထားသော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အသုံးချလုပ်ခြင်းဖြစ်၍ ဒီမိုကရေစီ အင်္ဂါမစုံကြောင်း ဥပဒေပညာရှင် CDM မြို့နယ်တရားသူကြီး ဒေါ်သဥ္ဇာမြက ဆိုသည်။

    “ဒီရွေးကောက်ပွဲက မတရားပါဘူး။ ရွေးကောက်ပွဲဆိုတာ ဒီမိုကရေစီအင်္ဂါရပ်ထဲက တခုမျှသာပါ။ ပြည်နယ်တွေမှာ ကိုယ်ပိုင်ဥပဒေ ပြဌာန်းခွင့်မရှိတဲ့အတွက် ဒီမိုကရေစီမဟုတ်ပါဘူး” ဟု CDM မြို့နယ် တရားသူကြီး ဒေါ်သဥ္ဇာမြက ဧရာဝတီတိုင်းမ်ကို ပြောသည်။

    ထို့ကြောင့် ဒီမိုကရေစီ လမ်းကြောင်းပေါ်တွင် ရှိမနေသည့် အာဏာသိမ်း စစ်ကော်မရှင်က ပြုလုပ်သော ရွေးကောက်ပွဲကို ဆန့်ကျင်ခြင်းသည် ဒီမိုကရေစီကို လက်ခံခြင်းဖြစ်သလို အကြမ်းဖက်စစ်တပ် အုပ်ချုပ်မှုအား လက်မခံသည့်သဘောဖြစ်ကြောင်း ၎င်းက ဆက်လက်ထောက်ပြ သည်။

    လက်ရှိတွင် စစ်ကော်မရှင်က ရွေးကောက်ပွဲအား အပိုင်းလိုက် ပြုလုပ်သွားရန် စီစဉ်နေပြီး စစ်ရေး ပြင်းထန်နေသော ဒေသများအပါအဝင် ၎င်းတို့ထိန်းချုပ်မှုအောက်ရှိ မြို့နယ် ၁၀၂ မြို့နယ်တို့၌ လာမည့် ဒီဇင်ဘာ ၂၈ ရက်တွင် ရွေးကောက်ပွဲ အပိုင်း (၁) ပြုလုပ်မည်ဟု ထုတ်ပြန်ထားသည်။

    ရွေးကောက်ပွဲ ပြုလုပ်ရန် ကြိုးပမ်းနေသော စစ်ကော်မရှင်သည် ၎င်းတို့ကိုင်စွဲထားသော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကိုပင် လိုက်နာခြင်းမရှိသလို လက်အောက်ခံ UEC သည်လည်း ထိုဖွဲ့စည်းပုံနှင့်အညီ ပေါ်ပေါက်လာခြင်းမဟုတ်ကြောင်း ရန်ကုန်ပြည်သူ့အကျိုးဆောင်ကွန်ရက်မှ တာဝန်ခံ ဦးဇော်ရမ်းက ဆိုသည်။

    “ဒီမိုကရေစီကို ဒီရွေးကောက်ပွဲက ခေါ်ဆောင်သွားမှာ၊ ဒီမိုကရေစီကို တည်ဆောက်မှာဆိုတာ လုံးဝ မဖြစ်နိုင်ဘူး။ ဘာလို့ဆို သူတို့အာဏာသိမ်းပြီးနောက်ပိုင်း တစ်ပြည်လုံးမှာ ဖြစ်ပျက်လာတဲ့ အခင်း အကျင်းကို ကြည့်ရင်သိနိုင်တယ်” ဟု ရန်ကုန်ပြည်သူ့အကျိုးဆောင်ကွန်ရက်မှ တာဝန်ခံ ဦးဇော်ရမ်းက ပြောသည်။

    စစ်ကော်မရှင်သည် ၎င်းတို့အာဏာသိမ်းမှု တရားဝင်ဖြစ်စေရန်နှင့် နေ့စဉ်ကျူးလွန်နေသည့် စစ်ရာဇဝတ် မှုများ ပြစ်ဒဏ်လျော့ပေါ့ ကင်းလွတ်ခွင့်ရရန်အတွက် ရွေးကောက်ပွဲ ပြုလုပ်ခြင်းဖြစ်သော်လည်း မည် သူ့အတွက်မှ ထွက်ပေါက်ဖြစ်လာစရာရှိမည်မဟုတ် နိုင်ငံရေးလေ့လာအကဲသူများက ဆိုသည်။

    စစ်ကော်မရှင်သည် အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးခေါင်းဆောင်များနှင့် လူထုထောက်ခံမှု ရရှိထားသည့် ပါတီများကို ဖမ်းဆီးဖျက်သိမ်းကာ နေ့စဉ်နှင့်အမျှ အရပ်သားများကို ဗုံးကြဲသတ်ဖြတ် နေသောကြောင့် ၎င်းတို့ပြုလုပ်မည့် ရွေးကောက်ပွဲကို ပြည်တွင်း၊ ပြည်ပရှိ မြန်မာနိုင်ငံသား အများ အပြားက ကန့်ကွက်ရှုတ်ချ၍ လက်မခံကြောင်း သိရသည်။

    ဓာတ်ပုံ-MOI ၊ လူမှုကွန်ရက်

  • တောင်ပိုင်းတိုင်း စစ်ဌာနချုပ်ကို ရှော့တိုက်ဒုံး ၅ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်မှု

    တောင်ပိုင်းတိုင်း စစ်ဌာနချုပ်ကို ရှော့တိုက်ဒုံး ၅ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်မှု

    တောင်ပိုင်းတိုင်း စစ်ဌာနချုပ်ကို ရှော့တိုက်ဒုံး ၅ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်မှု စစ်အရာရှိ ၂ ဦး အပါ အဝင် စစ်သား ၆ ဦးသေဆုံးပြီး အရာရှိနေအိမ်နှင့် ဘားတိုက် မီးလောင်(ရုပ်/သံ)

    ပဲခူးတိုင်း၊ တောင်ငူအခြေစိုက် အကြမ်းဖက် စစ်တပ်၏ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (တပခ) ကို ရှော့တိုက်ဒုံး ၅ လုံးဖြင့် ပစ် ခတ်တိုက်ခိုက်ခဲ့ရာ အရာရှိ ၂ ဦး အပါအဝင် ၆ ဦး သေဆုံးပြီး အရာရှိနေအိမ်နှင့် ဘားတိုက်တို့ မီးလောင် ပျက်စီးခဲ့ကြောင်း Brave Warriors for Myanmar (BWM) မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

    ဩဂုတ်လ ၂၆ ရက်နေ့ နံနက် ၁၀ နာရီ ၃၅ မိနစ်ခန့်တွင် BWM အဖွဲ့၏ ဦးဆောင်စီမံမှုဖြင့် Mountain Knight Civilian Defense Forces (MKCDF)၊ Anti-Coup People’s Liberation Force (ACPLF) ၊ သံတောင်မြောက်ပိုင်း အထူးဒေသ ဖိုက်တာ ဆားခဲအဖွဲ့နှင့် KNLA တပ်မဟာ ၂ တပ်ရင်း ၅ တို့က အကြမ်းဖက် စစ်တပ်၏ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကို BWM Mission 45 အဖြစ် ၁၀၇ မမ ရှော့တိုက်ဒုံး ၅ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းသို့ ပစ်ခတ်မှုအတွင်း ရှော့တိုက်ဒုံး ၄ လုံး အောင်မြင်စွာ ပစ်ခတ်နိုင်ခဲ့ကြောင်း သိရှိရသည်။

    ထို တိုက်ခိုက်မှု အတွင်း စစ်တပ် အရာရှိ ၂ ဦးနှင့် အခြားအဆင့်စစ်သည် ၄ ဦး ပွဲချင်းပြီးသေဆုံးပြီး ၄ ဦး ထိခိုက်ဒဏ်ရာရရှိကာ အရာရှိနေအိမ် ၁ လုံးနှင့် လူပျို ဘားတိုက်တစ်ခြမ်းတို့ မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

    “တောင်ပိုင်းတိုင်း စစ်ဌာနချုပ်ရဲ့ ထိခိုက်မှု အခြေအနေတွေက BWM အနေနဲ့ လက်လှမ်းမီသလောက် စုံစမ်းပြီး ရရှိလာထားတဲ့ သတင်းရင်းမြစ်များစွာထဲက တူညီနေတဲ့ အချက်အလက်တွေကို စိစစ်ရွေးထုတ်ပြီး စုဆောင်းတင်ပြထားတာပါ။ စစ်ခွေးတွေဘယ်မှာနေနေ မလုံခြုံစေရဘူးလို့ပဲ မှတ်ချက်ပြုချင်ပါတယ်” ဟု Brave Warriors for Myanmar (BWM) မှ တာဝန်ရှိသူတစ်ဦးက ဆက်လက်ပြောဆိုသည်။

    အကြမ်းဖက် စစ်တပ်၏ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်သည် ကရင်ပြည်နယ်၊ ကရင်နီပြည်၊ ရှမ်းတောင်ရှိ တောင်လှန်ရေးအင်အားစုများကို နည်းမျိုးစုံဖြင့် နှိမ်နင်းနေသော စစ်တပ်၏ အားထားရသည့် စစ်တိုင်းဌာနချုပ်တစ်ခုဖြစ်ကြောင်း၊ ထို့ကြောင့် တော်လှန်ရေးတပ်များက ပစ်ခတ်တိုက်ခိုက်ခြင်းဖြစ်ပြီး စစ်တပ်အနေဖြင့် မိမိ၏ စစ်တိုင်းစစ်ဌာနချုပ်ကိုပင် ကာကွယ်နိုင်စွမ်းမရှိသည့် အချက်ကိုလည်း ပေါ်လွင်စေကြောင်း Brave Warriors for Myanmar (BWM) မှ တာဝန်ရှိသူက ပြောဆိုသည်။

  • ဘုတလင်တွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၅ ဦးထက်မနည်း သေဆုံး

    ဘုတလင်တွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၅ ဦးထက်မနည်း သေဆုံး

    စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် အရှေ့ခြမ်း ပဲပြစ်တော အရှေ့ရွာအနီးမှာ ဩဂုတ် ၂၆ ရက် ညနေပိုင်းကစတင်ပြီး ဩဂုတ် ၂၇ ရက် မနက်ပိုင်းအထိ စစ်တပ်ရဲ့ စစ်ကြောင်းနဲ့ ဘုတလင်မြို့နယ် တော်လှန်ရေးတပ်ပေါင်းစုတို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

    အဆိုပါစစ်ကြောင်းဟာ ဩဂုတ် ၂၂ ရက် မနက်ပိုင်းက ဘုတလင်မြို့အနောက်ဘက် လွဲတဲရွာဘက်ကို စစ်ကြောင်းထွက်ပြီး စစ်ကောင်စီပြုလုပ်မယ့် ရွေးကောက်ပွဲကို မဲပေးဖို့ ပြည်သူတွေကို စည်းရုံးခဲ့ကာ လွဲတဲရွာကနေ ထတန်းရွာ၊ တလိုင်းရွာကို ဖြတ်သန်းပြီး ပဲပြစ်တောရွာအရောက်မှာ အခုလို တိုက်ပွဲဖြစ်ပွားတာလို့လည်း သိရပါတယ်။

    ပဲပြစ်တောရွာသားတယောက်က “စစ်ကြောင်းလာကတည်းက ရွာကနေ ရှောင်လာတာဗျ။ ဒီစစ်ကြောင်းက ရွေးကောက်ပွဲအတွက် စည်းရုံးရေးစစ်ကြောင်းမို့လားတော့ မသိဘူး၊ ရွာကိုတော့ မီးရှို့တာတွေ၊ ဖျက်ဆီးတာတွေ လုပ်မသွားဘူး။ သူတို့ မနေ့ညနေပိုင်းကတော့ တိုက်ပွဲဖြစ်ကြသေးတယ်နဲ့ တူတယ်။ ပစ်သံခတ်သံတွေတော့ ကြားလိုက်တယ်။ ညပိုင်း ရပ်သွားပြီး ဒီနေ့မနက်ခင်းပိုင်း ဘုတလင်ဘက် ပြန်ခေါက်သွားတာကို ဘုတလင်မြို့အဝင် မင်းကျော်ခေါင် စက်သုံးဆီအရောင်းဆိုင်အနီး မိုင်းထပ်ပြီး အဆွဲခံရသေးတယ်။ မိုင်းဆွဲတဲ့အသံလည်း ကြားလိုက်ရတယ်။ ဘယ်လောက်သေတယ် ဆိုတာကိုတော့ အတိအကျ မသိဘူး” လို့ ပြောပါတယ်။

    တိုက်ပွဲအတွင်း စစ်တပ်ဘက်က အနည်းဆုံး ၅ ယောက်ထက်မနည်း သေဆုံးပြီး G1 တလက်၊ MA1 တလက်၊ လက်ပစ်ဗုံးသီးတလုံးနဲ့ ဖုန်းတလုံး ပြည်သူ့ကာကွယ်ရေးတပ်ဘက်က သိမ်းဆည်းရမိတယ်လို့လည်း ပြည်သူ့ကာကွယ်ရေးရဲဘော်တယောက်က ပြောပါတယ်။

    “မနေ့ ဩဂုတ်လ ၂၆ ရက်နေ့ ညနေပိုင်း ၅ နာရီလောက်က ပဲပြစ်တောအရှေ့ရွာရဲ့ တောင်ဘက်ကို ထွက်လာတဲ့အချိန်မှာ ကျနော်တို့ဘက်က ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်တာ။ စစ်(–)‌‌‌‌‌‌‌‌‌‌‌ ၂ ကောင်ကတော့ နေရာတင် ပွဲချင်းပြီး သေဆုံးတယ်။ ကျနော်တို့ ဒရုန်းနဲ့တိုက်ခိုက်ပြီး လက်နက်ငယ်တွေနဲ့ ဝင်ပစ်တယ်။ စစ်(–) ၃ ကောင်ထက်မနည်း သေတယ်။ စုစုပေါင်း ၅ ဦးထက်မနည်း သေတယ်။ ကျနော်တို့ အဲဒီတိုက်ပွဲမှာ သေနတ် ၂ လက်၊ ဗုံးသီးတလုံးနဲ့ ဖုန်းတလုံးလည်း သိမ်းဆည်းရခဲ့တယ်။ ဩဂုတ်လ ၂၇ ရက်နေ့ မနက်ခင်းမှာ မိုင်းထပ်ဆွဲ တိုက်ခိုက်ခဲ့သေးတယ်။ အဲဒီနေရာမှာလည်း စစ်ကောင်စီတပ်သားတွေ သေဆုံး ထိခိုက်ဒဏ်ရာရတာတွေလည်း ရှိနိုင်တယ်။”

    ဘုတလင်မြို့နယ်က ပဲပြစ်တောရွာ ရောက်ရှိနေတဲ့ စစ်ကြောင်းကို စစ်ကူပေးနိုင်ဖို့ ဩဂုတ် ၂၇ ရက် မနက်ပိုင်းမှာ မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ စစ်ကြောင်းတကြောင်း ထွက်လာပြီးနောက် မုံရွာ-ဘုတလင် အစပ်မှာရှိတဲ့ ဇီးတောကျေးရွာကို ဝင်ရောက်မီးရှို့ခဲ့ရာ ပြည်သူနေအိမ် ၁၀ လုံး ပျက်စီးခဲ့ပြီး ကားလမ်းမဘေးက ဈေးဆိုင်တွေကိုလည်း မီးရှို့တယ်လို့ သိရပါတယ်။

  • ပြင်ဦးလွင်၊ ရေချမ်းအိုး ရပ်ကွက်ရှိ ပြည်သူပိုင် မြေဧက ၂၀၀ ကျော်တွင် တည်ဆောက်ထားသော  နေအိမ်များကို စစ်တပ်က အတင်းအကျပ် ဖျက်ဆီးပြီးနောက် ဒုဗိုလ်မှူးကြီး သိန်းနိုင်ထွန်းအမည်ဖြင့် တပ်ပိုင်မြေလျှောက်ထား

    ပြင်ဦးလွင်၊ ရေချမ်းအိုး ရပ်ကွက်ရှိ ပြည်သူပိုင် မြေဧက ၂၀၀ ကျော်တွင် တည်ဆောက်ထားသော နေအိမ်များကို စစ်တပ်က အတင်းအကျပ် ဖျက်ဆီးပြီးနောက် ဒုဗိုလ်မှူးကြီး သိန်းနိုင်ထွန်းအမည်ဖြင့် တပ်ပိုင်မြေလျှောက်ထား

    ပြင်ဦးလွင်၊ ရေချမ်းအိုး ရပ်ကွက်ရှိ ပြည်သူပိုင် မြေဧက ၂၀၀ ကျော်တွင် တည်ဆောက်ထားသော နေအိမ်များကို စစ်တပ်က အတင်းအကျပ် ဖျက်ဆီးပြီးနောက် ဒုဗိုလ်မှူးကြီး သိန်းနိုင်ထွန်းအမည်ဖြင့် တပ်ပိုင်မြေလျှောက်ထား

    လမ်းမတန်း မျက်နှာစာ မြေဧက ၅၀ ကို မင်းအောင်လှိုင်၏ သားဖြစ်သူ အောင်ပြည့်စုံက ရယူမည်

    မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ တပ်မတော်နည်းပညာတက္ကသိုလ်အရှေ့ ရပ်ကွက်ကြီး ၁၂ ၊ ရေ ချမ်းအိုး ရပ်ကွက်ရှိ ပြည်သူလူထု နေထိုင်သော မြေဧက ၂၀၀ ကျော်ပေါ်မှ နေအိမ်များကို စစ်တပ်က အတင်း အကျပ် ဖျက်ဆီးပြီးနောက် ဒုဗိုလ်မှူးကြီး သိန်းနိုင်ထွန်းအမည်ဖြင့် တပ်ပိုင်မြေလျှောက်ထားကြောင်း သိရှိရသည်။

    ယမန်နှစ်နှစ်ကုန်ပိုင်းတွင် မန္တလေးတိုင်း ပြင်ဦးလွင်မြို့ တပ်မတော်နည်းပညာတက္ကသိုလ်အရှေ့ ရပ်ကွက်ကြီး ၁၂ ရေချမ်းအိုးရပ် ကွက်အတွင်း မြေဧက ၂၀၀ ဒသမ ၁၄ ပေါ်ရှိ ပြည်သူလူထု အိမ် ထောင်စု‎ပေါင်း ၁၀၀၀ ခန့်နေထိုင်သည့် မြေနေရာကို စစ်တပ်က အတင်းအကျပ်ဝင်ရောက်ဖျက်ဆီး ခဲ့ကြောင်း၊ ယခုအခါ ယင်းမြေဧက ၂၀၀ ဒသမ ၁၄ ဧကကို တိုးချဲ့တပ်ပိုင်မြေအဖြစ် သတ်မှတ်ပေးရန် ဒုတိယဗိုလ်မှူးကြီး သိန်းနိုင်ထွန်းက လျှောက်ထားလာကြောင်း သိရှိရသည်။

    ” တပ်ပိုင်မြေမဟုတ်တဲ့နေရာကို တပ်ပိုင်မြေဆိုပြီး အတင်းအကျပ် ပြည်သူတွေကို နှင်ထုတ် ဖမ်းဆီးပြီး နေအိမ်တွေနဲ့ ရပ်ကွက်တွေကို ဖျက်ဆီးတာတွေ လုပ်တယ်။ အခု ဘယ်ပြည်သူမှ မနေရဲအောင် လုပ်ပြီးတော့မှ အဲဒီနေရာကို တပ်ပိုင်မြေအဖြစ် ပြန်လျှောက်ထားလာတာ။ ပြည်သူတွေကို တမင်ကို အနိုင်ကျင့်တာ ထင်ရှားပါတယ်” ဟု နေအိမ် ဖြိုဖျက်ခံလိုက်ရသော ဒေသခံပြည်သူတစ်ဦးက ပြောဆိုသည်။

    စစ်တပ်က တပ်ပိုင်မြေအဖြစ် လျှောက်ထားသော မြေဧက ၂၀၀ ဒသမ ၁၄ ဧက အနက်မှ လမ်းမတန်း မျက်နှာစာ မြေဧက ၅၀ ကို မင်းအောင်လှိုင်၏သားဖြစ်သူ အောင်ပြည့်စုံက ပုဂ္ဂလိက ဆောက်လုပ်ရေးလုပ်ငန်းများ လုပ်ကိုင်ရန် ရယူမည်ဖြစ်ကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရှိရသည်။

    အဆိုပါ မြေနေရာကို တပ်ပိုင်မြေဟု နာမည်တပ်ကာ အကြမ်းဖက်စစ်တပ်က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှစတင်၍ သိမ်းယူရန်ကြိုးပမ်းခဲ့ပြီး ယင်းနေရာတွင် အိမ်ထောင်စုပေါင်း ၁၀၀၀ ခန့် လူဦး ရေ ၃၀၀၀၀ ဝန်းကျင်နေထိုင်ခဲ့ကြသည်။

    အဆိုပါ ရပ်ကွက်ကို ၂၀၀၀ ပြည့်နှစ်က တည်းက တပ်မတော်အလုပ်ရုံတည် ဆောက်မည်ဟုဆိုကာ လျှာထားမြေနေရာ သတ်မှတ်ခဲ့ပြီး မြေယာပိုင်ရှင် တောင်သူများနှင့် ညှိုနှိုင်းခဲ့ဖူးကြောင်း၊ စစ်တပ်၏ အလုပ်ရုံစီမံကိန်းအတွက် မြေပိုင်ရှင် တောင် သူအများစုက လက်မှတ်မထိုးခဲ့ကြ၍ စီမံကိန်းရပ်ဆိုင်းခဲ့ကြောင်း၊ ၂၀၁၃ ခုနှစ်တွင် တောင်သူများက တပ်ပိုင်မြေ မဟုတ်ကြောင်း အဆင့်ဆင့် စာတင်ခဲ့သဖြင့် တပ်ပိုင်မြေမဟုတ်ပေါ်လွင်ခဲ့ကြောင်း၊ သို့ရာတွင် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းချိန်တွင် မြေကွက်များကို ပြန်လည် သိမ်းယူခဲ့ခြင်းဖြစ်သည်။

    တပ်ပိုင်မြေအဖြစ် မြေသိမ်းယူခဲ့ရာတွင် ဒုတိယဗိုလ်မှူးကြီး သိန်းနိုင်ထွန်း၊ ဗိုလ်မှူး ပြည့်ဖြိုးအောင်၊ ဗိုလ်ကြီး သိန်းသန်းဇော် တို့က ဦးဆောင်ခဲ့ပြီး လက်ရှိ တပ်ပိုင်မြေအဖြစ် လျှောက်ထားရာတွင် ဒုဗိုလ်မှူးကြီး သိန်းနိုင်ထွန်းက ဦးဆောင်လျက်ရှိသည်။

    ရေချမ်းအိုးရပ်ကွက်ရှိ မြေဧက ၂၀၀ ကျော်ကို စစ်တပ်က သိမ်းယူမှုမှု နောက်ကွယ်တွင် မင်းအောင်လှိုင်၏သား အောင်ပြည့်စုံ အပါအဝင် ဗိုလ်ချုပ်များအတွက် မြေကွက်များ ဖော်ထုတ်ရန်၊ တပ်မတော်ဗဟိုလေ့ကျင့်ရေးအလုပ်ရုံ တည်ဆောက်ရန်၊ တပ်လုံခြုံရေးနှင့် မင်းအောင်လှိုင်၏ လုံခြုံရေးအတွက် တပ်မတော်နည်းပညာ တက္ကသိုလ်ရှေ့တွင် လူနေရပ်ကွက်များ မရှိစေလိုသည့် ရည်ရွယ်ချက်များပါဝင်ကြောင်း တပ်သတင်းရင်းမြစ်တချို့ထံမှ သိရှိရသည်။

  • အလင်းဝင်ဖို့ သတိပေးခံရတဲ့ သုံပွင့်ဗိုလ် ခန့်ထက်နောင် ဗန်းမော်တိုက်ပွဲမှာ သေဆုံး

    အလင်းဝင်ဖို့ သတိပေးခံရတဲ့ သုံပွင့်ဗိုလ် ခန့်ထက်နောင် ဗန်းမော်တိုက်ပွဲမှာ သေဆုံး

    စစ်ကောင်စီတပ်တပ်က တန်ပြန်ထိုးစစ်ဆင်ပြီး တိုက်ပွဲပြင်းထန်နေတဲ့ ဗန်းမော်တိုက်ပွဲမှာ စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုရှိနေတဲ့ထဲ သုံးပွင့်ဗိုလ်တစ်ဦးဖြစ်တဲ့ ခန့်ထက်နောင်ဆိုသူလည်း သေဆုံးသွားတယ်လို့ သိရပါတယ်။

    သေဆုံးသွားတဲ့ သုံးပွင့်ဗိုလ် ခန့်ထက်နောင်ဆိုသူဟာ ဩဂုတ်လ ၂၃ ကနေ ၂၅ ရက်နေ့အထိ ဗန်းမော် သံချပ်ကာတပ် အမှတ် ၅၀၁၄ ၊ ခလရ ၂၃၆ နဲ့ အမတ ၃၆၆ စတဲ့ တပ်နေရာမှာ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်း သေဆုံးသွားတာဖြစ်တယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်တစ်ဦးပြောပါတယ်။

    “ဟုတ်ပါတယ်။ ဒီရက်ပိုင်းအတွင်းမှာဖြစ်တဲ့တိုက်ပွဲမှာပဲ ပါသွားတယ်လို့ပြောပါတယ်။ သူနဲ့ နောက်ထပ် အရာရှိ နှစ်ဦးလည်းပါတယ်လို့ပြောတယ်။ အဲ့နှစ်ယောက်ကတော့ ဘယ်သူဘယ်ဝါဆိုတာတော့ သေချာမသိရဘူး”လို့ပြောပါတယ်။

    ရုပ်အလောင်းပြန်ရမရ အသေးစိတ်မသိရပေမယ့် ကသာဒေသခံတစ်ဦးဖြစ်တာကြောင့် မိဘဖြစ်သူတွေက နာရေးပြုလုပ်လိုက်ပြီလို့ သိရပြီး သတင်းမပေါက်ကြားဖို့အတွက်လည်း စစ်တပ်က သတိပေးထားတယ်လို့လည်း သိရပါတယ်။

    တိုက်ပွဲမှာ သေဆုံးသွားတဲ့ သုံးပွင့်ဗိုလ် ခန့်ထက်နောင်ဟာ ပြီးခဲ့တဲ့ နှစ်လ ဝန်းကျင်လောက်မှာပဲ တနိုင်းဒေသကနေ ပြောင်းရွှေ့လာသူဖြစ်ပြီးတော့ ဗန်းမော်ရှေ့တန်းမှာ သေဆုံးသွားတာဖြစ်တယ်လို့ အကြောင်းသိရှိတဲ့သူတွေက လူမှုကွန်ယက်စာမျက်နှာပေါ် တွေမှာ ပြောဆိုနေတာတွေ့ရပါတယ်။

    နောက်ထပ် ရှေ့တန်းရောက် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးကလည်း “ ဖြစ်နိုင်ခြေရှိပါတယ်။ ဒီရက်ပိုင်းမှာ ဗန်းမော်တိုက်ပွဲမှာက စစ်တပ်ဘက်က သေဆုံးတဲ့သူတွေတော့ တော်တော်များတယ်။ သူတို့မျှောင့်ထားတဲ့ အတိုင်းတော့ ဖြစ်မလာပုံရတယ်”လို့ပြောပါတယ်။

    ဒါ့အပြင် ခန့်ထက်နောင်ကို တနိုင်းမှာ တာဝန်ကျစဉ်က တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက အလင်းဝင်ဖို့ သတိပေးပြောဆိုတာတွေရှိခဲ့ပေမယ့် လက်မခံဘဲ ငြင်းဆန်ခဲ့သူဖြစ်ပြီး KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကို ချေမှုန်းဖို့ စိတ်ထက်သန်သူတစ်ဦးအနေနဲ့ ရပ်တည်နေသူဖြစ်တယ်လို့လည်း သိရပါတယ်။

    ဩဂုတ်လ ၂၃ ရက်နေ့က ဖြစ်ပွားတဲ့ တိုက်ပွဲမှာ သုံးပွင့်ဗိုလ်ဖြစ်တဲ့ ခန့်ထက်နောင်အပါ အရာရှိ ၂ ဦးထက်မနည်းလည်း သေဆုံးခဲ့တဲ့အပြင် ထိုးစစ်ဆင်တိုက်ခိုက်လာတဲ့ စစ်ကြောင်းတစ်ခုကိုလည်း KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ရှင်းလင်းဆောင်ရွက်နိုင်ခဲ့တယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်တစ်ဦးက ပြောပါတယ်။

    ဗန်းမော်တိုက်ပွဲဟာ ဒီကနေ့ ဩဂုတ်လ ၂၇ ရက်နေ့အထိ သံချပ်ကာတပ် အမှတ် ၅၀၁၄ ၊ ခလရ ၂၃၆ နဲ့ အမတ ၃၆၆ စတဲ့ တပ်နေရာတွေမှာ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပါတယ်။

    ✍ နော်ထွယ့်(ဟူးကောင့်)