Category: News

  • မိုးကုတ်မြို့နယ်ကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးကျဲ

    မိုးကုတ်မြို့နယ်ကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးကျဲ

    မိုးကုတ်မြို့နယ်ကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးကျဲမှု ကလေး ၂ ဦး၊ ကိုရင်ငယ် ၁ ပါး အပါအဝင် ပြည်သူ ၅ ဦးသေဆုံး

    (more…)

  • ကျိုက်ထိုနှင့်ဘီးလင်းမြို့နယ်အကြားတွင်  စစ်ယာဉ်တန်းကိုတိုက်ခိုက်မှု စစ်တပ်ဘက်မှ ၈ ဦးသေဆုံး (ရုပ်သံ)

    ကျိုက်ထိုနှင့်ဘီးလင်းမြို့နယ်အကြားတွင် စစ်ယာဉ်တန်းကိုတိုက်ခိုက်မှု စစ်တပ်ဘက်မှ ၈ ဦးသေဆုံး (ရုပ်သံ)

    ရန်ကုန်-မော်လမြိုင်ကားလမ်း၊ ကျိုက်ထိုနှင့်ဘီးလင်းမြို့နယ်အကြားတွင် စစ်ယာဉ်တန်းကိုတိုက်ခိုက်မှု စစ်တပ်ဘက်မှ ၈ ဦးသေဆုံး

    (more…)

  • ‎လာဘ်စားသည့် ရဲအရာရှိ ၃ ဦး ထောင်မကျစေရန် လာဘ်ထိုးသဖြင့် စစ်ရေးပြင်းထန်သည့်ဒေသများကိုပို့ဆောင်ရန်စီစဉ်

    ‎လာဘ်စားသည့် ရဲအရာရှိ ၃ ဦး ထောင်မကျစေရန် လာဘ်ထိုးသဖြင့် စစ်ရေးပြင်းထန်သည့်ဒေသများကိုပို့ဆောင်ရန်စီစဉ်

    ဧရာဝတီတိုင်း၊ ပုသိမ်ရှိ ရဲအရာရှိသုံးဦးသည် လာဘ်စားမှုဖြင့် ထောင်မကျစေရန် လာဘ်ထိုးခဲ့သည်ကို အထက်အဆင့်များက သိရှိသွားသည့်အတွက် အဆင့်ဆင့် လာဘ်လိုက်ထိုးနေရကြောင်း သိရသည်။

    ‎ပုသိမ်မြို့နယ် တိုင်းရဲတပ်ဖွဲ့ ဒုစရိုက်နှိမ်နင်းရေးခေါင်းဆောင် ချစ်စမ်းမောင်၊ ခရိုင် ဒုစရိုက်နှိမ်နင်းရေးခေါင်းဆောင် မြင့်အောင်၊ မြို့နယ်မှူး ရဲရန်အောင်တို့ သုံးဦးကို ရေနံ့သာဂိတ်မှ ရခိုင်သို့တင်ပို့သည့် ကုန်ပစ္စည်းများအတွက် လာဘ်‌ငွေယူမှုဖြင့် စစ်ဆေးခံခဲ့ရကြောင်း သိရသည်။

    ‎ပြီးခဲ့သည့်နှစ် စက်တင်ဘာလအတွင်းကစစ်ဆေးခံရပြီးနောက် ပြည်ထဲရေးကို လာဘ်ငွေပေးကာ ရာထူးတစ်ဆင့်ကျဖြင့် မူလနေရာမှမပြောင်းရွှေ့ရရေး ပြုလုပ်ခဲ့ကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။

    ‎”အမှုစစ်ပြီး ကာကွယ်ရေးဘက်ကလောက် အပြစ်ပေးတာမျိုးမရှိဘူး။ ရာထူးတစ်ဆင့်ချတယ်ပြောတယ်။ လာဘ်ထပ်ပေးတာ ပေါက်ကြားပြီး မီးခဲထိုင်မိနေပြီ” ဟု သတင်းရင်းမြစ်က ပြောသည်။

    ‎အဆိုပါဖြစ်စဉ်မှာပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်ထံပေါက်ကြားသွားကာ လာဘ်စားမှူးတွင်ပါဝင်သည့် ရဲမှူး ၃ဦးကို စစ်ရေးပြင်းထန်သည့် နယ်မြေများကိုပို့ဆောင်မည် ဖြစ်ကြောင်း သိရသည်။

    ‎ကချင်၊ ကရင်နီနှင့် ရခိုင်ပြည်နယ်တို့သို့ အဆိုပါ လာဘ်ပေးလာဘ်ယူပြုလုပ်ခဲ့သည့် ရဲမှူး ၃ဦးကို ပို့ဆောင်မည်ဟု သတင်းများထွက်ပေါ်လာသည့်အတွက် မပြောင်းရွှေ့ရရေး လာဘ်ထိုးရန် အသည်းအသန်ကြိုးစားနေကြသည်ဟုဆိုသည်။

    ‎ရေနံ့သာဂိတ်မှနေ၍ ရခိုင်ပြည်နယ်သို့ စက်သုံးဆီ၊ ဆေးဝါးနှင့် အခြေခံစားသောက်ကုန်များကို လာဘ်ငွေယူပြီး သယ်ယူပို့ဆောင်ခဲ့မှုအတွက် အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူ စစ်အရာရှိ ၁၀ဦးခန့်ကို စစ်ကော်မရှင်က ဖမ်းဆီးခဲ့သည်။

    ‎ထို့နောက် တိုင်းစစ်ဦးစီးချုပ်အပါအဝင် လေးဦးကို သေဒဏ်နှင့် နှစ်ရှည်ထောင်ဒဏ်များချမှတ်ခဲ့ပြီး ပိုင်ဆိုင်မှုများကိုပါ စစ်ကော်မရှင်က သိမ်းယူခဲ့သည်။

  • ဗဟန်းတွင် ရက်သားအရွယ် ကလေးငယ်အလောင်း စွန့်ပစ်ခဲ့

    ဗဟန်းတွင် ရက်သားအရွယ် ကလေးငယ်အလောင်း စွန့်ပစ်ခဲ့

    ရန်ကုန်၊ ဗဟန်းမြို့နယ်မှာ ဩဂုတ် ၉ ရက် ဒီနေ့မနက်ပိုင်းက ရက်သားအရွယ် ကလေးငယ်တယောက်ရဲ့ ရုပ်အလောင်းတွေ့ခဲ့ရတယ်လို့ မေတ္တာစေတနာ လူမှုကူညီရေးအသင်း ဆီကနေ သိရပါတယ်။

    မနက် ၉ နာရီကျော်က ဗဟန်းမြို့နယ်၊ မဟာစည်သာသနာ့ရိပ်သာလမ်း အမှိုက်ကန်နားမှာ ရက်သားအရွယ် ကလေးငယ်ရဲ့ ရုပ်အလောင်းကို တွေ့ခဲ့ရတာလို့ သိရပါတယ်။

    မေတ္တာစေတနာ လူမှုကူညီရေးအသင်း တာဝန်ရှိသူတယောက်က “အမှိုက်ကန်နားမှာပစ်သွားတာ။ ဗဟန်းမြို့မ ရဲစခန်းကနေပြီးတော့ ဖုန်းဆက်အကူအညီလှမ်းတောင်းလို့ သွားခဲ့တာပေါ့။ ရက်သားလောက်ပဲရှိဦးမယ်။ ချက်ကြိုးတွေတောင်မဖြည်ရသေးဘူး။ ယောကျ်ားလေးလို့ ယူဆရတယ်။ ပုပ်နံ့တွေတောင်ထွက်နေပြီ” လို့ ပြောပါတယ်။။

    လာရောက်စွန့်ပစ်ထားတဲ့ ရက်သားအရွယ်ကလေးရုပ်အလောင်းနဲ့ပတ်သက်လို့ ဗဟန်းမြို့မ ရဲစခန်းတာဝန်ရှိသူတွေ ဆက်လက်စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။

    အလောင်းကိုတော့ လူမှုကူညီရေးအသင်းကားနဲ့ ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနကနေတဆင့် ရင်ခွဲရုံဆီ ပို့ဆောင်ပေးခဲ့ပြီး သေစာရင်းလုပ်ပြီးနောက် ရန်ကုန်ဆေးရုံကြီး အအေးတိုက်ဆီကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

    Photo : မေတ္တာစေတနာ လူမှုကူညီရေး အသင်း