ရွှေပြည်သာမှ အမျိုးသမီးတစ်ဦးကို တင်တောင်းငွေမက်လုံးပေးစည်းရုံးပြီး လက်ထပ်သည့် တရုတ်အမျိုးသား ကို အလုပ်နှင့်ထောင်ဒဏ် ၁၂ နှစ်ချမှတ် ရန်ကုန်တိုင်းဒေသကြီး ၊ ရွှေပြည်သာမြို့နယ်မှာ နေထိုင်တဲ့ အမျိုးသမီးတစ်ဦးကို တရုတ်အမျိုးသား နဲ့ လက်ထပ်ပါက တင်တောင်းငွေကျပ်သိန်း၂၀၀ ခန့် ရရှိမယ်လို့ မက်လုံးပေးစည်းရုံးပြီး လက်ထပ်ယူကာ တရုတ်နိုင်ငံသို့ ခေါ်ဆောင်ရန် လုပ်ဆောင်တဲ့ တရုတ်အမျိုးသားကို အလုပ်နဲ့ထောင်ဒဏ် ၁၂ နှစ် ချမှတ် ခဲ့တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ထံမှ သိရပါတယ်။ ဖြစ်စဉ်မှာ ရွှေပြည်သာမြို့နယ် ၁၉ ရပ်ကွက်မှာနေထိုင်တဲ့ အမျိုးသမီးတစ်ဦး ဟာ အလုပ်လုပ်ကိုင်ရန် အတွက် တမြို့ထဲနေ သူငယ်ချင်းဖြစ်သူ မယုယုခိုင် ကို တိုင်ပင်ရာ မယုယုခိုင်မှ တရုတ်အမျိုးသားနဲ့ လက်ထပ်ရင် သိန်း ၁၈၀/၂၀၀ ရရှိမယ်လို့ စည်းရုံးပြောဆို၍ ရွှေပြည်သာ […]