Category: News

  • ရန်ကုန်မြို့လယ်မှာ NO VOTE လှုပ်ရှားမှုပြုလုပ်

    ရန်ကုန်မြို့လယ်ရှိ အထင်ကရလမ်းတခုဖြစ်တဲံ ယောမင်းကြီးလမ်းမှာ ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း)မှ “NO VOTE” စာတန်းကိုင်ဆောင်ပြီး အတုအယောင် ရွေးကောက်ပွဲ မဲမပေးရေး၊ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

    ရုပ်သံ – ရေဘဝဲ

  • Non-CDM ဝန်ထမ်းများအနေဖြင့် စစ်တပ်နှင့် သဟဇာတဖြစ်စွာ လက်တွဲဆောင်ရွက်နိုင်သူများကို ဆန္ဒမဲပေး ရွေးချယ်ရန် မင်းအောင်လှိုင်က ပေါ်ပေါ်တင်တင် ဖိအားပေးလာ

    Non-CDM ဝန်ထမ်းများအနေဖြင့် စစ်တပ်နှင့် သဟဇာတဖြစ်စွာ လက်တွဲဆောင်ရွက်နိုင်သူများကို ဆန္ဒမဲပေး ရွေးချယ်ရန် မင်းအောင်လှိုင်က ပေါ်ပေါ်တင်တင် ဖိအားပေးလာ

    ဝန်ကြီးဌာနများတွင် ကြံ့ဖွတ်ပါတီကိုသာ မဲပေးရမည်ဟု နှုတ်မိန့်ညွှန်ကြားမှုများ ရှိလာ

    စစ်တပ်က ပြုလုပ်မည့် ရွေးကောက်ပွဲတွင် Non-CDM ဝန်ထမ်းများအနေဖြင့် စစ်တပ်နှင့် သဟဇာ တဖြစ်စွာ လက်တွဲဆောင်ရွက်နိုင်သူများကို ဆန္ဒမဲပေး ရွေးချယ်ရန်လိုအပ်ကြောင်း မင်းအောင်လှိုင်က ပေါ်ပေါ်တင်တင် ဖိအားပေး ပြောဆိုသည်။

    ယမန်နေ့ ပြင်ဦးလွင်မြို့နယ်၊ ဇီးပင်ကြီးရှိ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက် မြန်မာပြည်)၊ ရဲအရာရှိလေ့ကျင့်ရေးကျောင်း (ဇီးပင်ကြီး) နှင့် ဗဟိုမီးသတ်သင်တန်း ကျောင်း(ပြင်ဦးလွင်)တို့မှ နည်းပြအရာရှိများနှင့် သင်တန်းသား၊သင်တန်းသူများကို တွေ့ဆုံစဉ် မင်းအောင်လှိုင်က ထိုသို့ တရားဝင် ပေါ်ပေါ်တင်တင် ဖိအားပေး ပြောဆိုလာခြင်းဖြစ်သည်။

    “သင်တန်းသား သင်တန်းသူများအနေဖြင့် ဆန္ဒမဲများပေးရာတွင် တိုင်းပြည်နှင့်ဒေသအကျိုးကို ဆောင်ရွက်နိုင်သူ၊ ဒို့တာဝန်အရေးသုံးပါးကို လိုက်နာစောင့်ထိန်းနိုင်သူ၊ စစ်တပ်က နိုင်ငံတော်တည်ရှိသရွေ့ တည်ရှိနေမည့် အခိုင်မာဆုံးသော အဖွဲ့အစည်း (Institution)ဖြစ်သဖြင့် စစ်တပ်နှင့် သဟဇာတဖြစ်စွာ လက်တွဲဆောင်ရွက်နိုင်သူများကိုရွေးချယ်၍ ဆန္ဒမဲပေးရန်လိုကြောင်း” မင်းအောင်လှိုင်က ဆိုသည်။

    ယင်းအပြင် မင်းအောင်လှိုင်က နိုင်ငံ့ဝန်ထမ်းများအနေဖြင့် သက်ဆိုင်ရာ မိမိတို့တာဝန်များ အလိုက် ဆက်လက်ထမ်းဆောင်ရခြင်းဖြစ်ကြောင်း၊ နိုင်ငံရေးတွင်အာဏာရပါတီအလိုက်၊ အစိုးရအဖွဲ့အလိုက် မူဝါဒများကွဲပြားသွားမည်ဖြစ်သော်လည်း ရုံး/ဌာနများအနေဖြင့် ပြောင်းလဲမှုရှိမည်မဟုတ်ကြောင်း၊ နိုင်ငံတော်တွင်ဖြစ်ပေါ်ကြုံတွေ့ခဲ့ရသည့်နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုအခက်အခဲ၊ အကျပ်အတည်းများကို စစ်တပ်ကပင် ဦးဆောင်၍ ဖြေရှင်းခဲ့ရကြောင်း၊နိုင်ငံတော်တွင် ကြုံတွေ့ခဲ့ရသည့် သမိုင်းကြောင်းများကို မှန်မှန်ကန်ကန် လေ့လာသိရှိနားလည်ကြရန်လိုကြောင်း ဆက်လက်ပြောဆိုသည်။

    မြန်မာနိုင်ငံအနေဖြင့် ပထဝီအနေအထားအရ အင်အားကြီး နိုင်ငံကြီးနှစ်ခုအကြားတွင်တည်ရှိနေပြီး ရှုပ်ထွေးသည့် နိုင်ငံရေးသမိုင်းကြောင်းနောက်ခံများလည်းရှိကြောင်း၊ အရှေ့နှင့်အနောက်၏ မတူညီသည့် သဘောသဘာဝများ၊ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများ၊ နိုင်ငံရေးအရတည်ငြိမ်မှုရရှိရန် လိုအပ်နေမှုများကို တည်ငြိမ်မှုရှိအောင် ထိန်းသိမ်းဆောင်ရွက်နိုင်မှုမရှိပါက နိုင်ငံပြိုကွဲမည့်အခြေအနေများနှင့် ကြုံတွေ့နိုင်ကြောင်း၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် မဲမသမာမှုများ ဖြစ်ပွားခဲ့ချိန်၌ ဥပဒေနှင့်အညီဖြေရှင်းမှုများ ဆောင်ရွက်ပေးခဲ့ခြင်းမရှိခြင်းကြောင့် စစ်တပ်အနေဖြင့်ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့် အညီ နိုင်ငံ့တာဝန်များကို ထမ်းဆောင်ခဲ့ရခြင်းဖြစ်ကြောင်း မင်းအောင်လှိုင်က ပြောဆိုပြန်သည်။

    ဒီဇင်ဘာလ ၂၈ ရက်နေ့ ကျင်းပမည့် ရွေးကောက်ပွဲအတွက် ရက်ပေါင်း ၂၆ ရက်သာ လိုတော့သည့်အချိန်တွင် အကြမ်းဖက် မင်းအောင်လှိုင်က ထိုသို့ စစ်တပ်နှင့် လက်တွဲနိုင်သူများကို မဲပေးရွေးချယ်ရမည်ကြောင်း ဖိအားပေးနေသည့်အပြင် နေပြည်တော်နှင့်နိုင်ငံတစ်ဝန်းလုံးရှိ ဝန်ထမ်းများနှင့်မိသားစုများကို စစ်တပ်လက်အောက်ခံ ကြံ့ဖွတ်ပါတီကိုသာ ဆန္ဒမဲပေးရန် နှုတ်မိန့်ဖြင့် ညွှန်ကြားမှုများ လုပ်ဆောင်လာကြောင်း နေပြည်တော်ရှိ ဝန်ထမ်းသတင်းရင်းမြစ်များက ပြောဆိုသည်။

  • ကျောက်ဖြူ သိုင်းချောင်းဆည်နှင့် မင်းပြင်ကာကင်းကုန်းများကို AA က ထိုးစစ်ဆင်သိမ်းပိုက်လိုက်ပြီဟု သတင်းထွက်နေ

    အာရက္ခတပ်တော် (AA)သည် ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်ရှိ သိုင်းချောင်းဆည်နှင့် မင်းပြင် မိုးလေဝသ ရေဒါစခန်းကိုကာထားသည့် ကာကင်းကုန်းများကို ယမန်နေ့က ထိုးစစ်ဆင်တိုက်ခိုက်ပြီး အပြီးသတ် သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်ဟု မြေပြင်သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

    အကြမ်းဖက်စစ်တပ်အခြေချတပ်စွဲနေရာယူထားသည့် ‌သိုင်းချောင်းဆည်‌ ဘေးပတ်ဝန်းကျင်က အဓိကကျသည့် ကာကင်းစခန်းကုန်းကို AA က ယမန်နေ့ ဒီဇင်ဘာ ၁ ရက်နေ့က ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက် ကာကင်းစခန်းတချို့ကို သိမ်းပိုက်ခဲ့သည်ဟု ဆိုသည်။

    “သိုင်းချောင်းဆည်ရဲ့ အဓိကကျတဲ့နေရာ ကာကင်းကုန်းတွေပေါ့။ AA က ထိုးစစ်ဆင်ပြီးသိမ်းတာ။ လက်နက်ခဲယမ်းတချို့လည်း သိမ်းဆည်းရမိတယ်။ စစ်တပ်က အထိနာပြီး ဆည်ဖက်ကို ဝရုန်းသုန်းကားနဲ့ နောက်ဆုတ်သွားကြတယ်။ စစ်တပ်ကတော့ လက်နက်ကြီး၊ ဒရုန်းကတော့ တရစပ်ပစ်တယ်” ဟု ပြောသည်။

    အလားတူ မင်းပြင်ရှိ မိုးလေဝသရေဒါစခန်းအနီးအနားဝန်းကျင်တွင် တပ်စွဲထားသည့် ကာကင်း စခန်းကုန်းများကိုလည်း ယမန်နေ့ ‌ဒီဇင်ဘာ ၁ ရက်နေ့က သိမ်းလိုက်နိုင်ပြီဟု စစ်ရေးသတင်းရင်း မြစ်တစ်ဦးကပြောသည်။

    “မင်းပြင်ဆိုင်ကလုန်း စင်တာအနီးပတ်ဝန်းကျင် ကာထားတဲ့ ကာကင်းကုန်းတွေကိုလည်း သိမ်းလိုက်နိုင်တယ်။ တိုက်ပွဲတွေကတော့ အနီးအနားဝန်းကျင်မှာ ဖြစ်တုန်း။ အထိလည်းနာနေတယ်” ဟု ပြောသည်။

    ပြီးခဲ့သည့်ရက်ပိုင်းကလည်း ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းနှင့် မင်းပြင်တွင် တပ်စွဲထားသည့် စစ်အုပ်စုတပ်ဖွဲ့များသို့ ရိက္ခာလာပို့သော စစ်ကြောင်းကို AA က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်က အကျအဆုံးများပြီး ဖရိုဖရဲထွက်ပြေးသွားခဲ့သည်ဟု စစ်မြေပြင် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

    သိုင်းချောင်းနှင့်မင်းပြင်တွင် နိုဝင်ဘာလမှစပြီး အကြမ်းဖက်စစ်တပ်နှင့် AA တို့ သူတစ်ပြန်၊ ကိုယ်တစ်ပြန် တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်သည်။

    အကြမ်းဖက်စစ်တပ်ဖက်မှ လက်နက်ဒရုန်း၊ လေကြောင်း‌၊ ရေကြောင်းပစ်ကူဖြင့် AA ကို အပြင်းအထန် ထိုးစစ်ဆင်သည့်အတွက် AA က နောက်ဆုတ်‌လက်လွှတ်ပေးခဲ့ရသည့်နေရာများကို ပြန်လည် တိုက်ခိုက်နေကြောင်း သိရသည်။

    ယင်းနောက် AA ဖက်က ပြောက်ကျားစနစ်၊ လက်နက်ကြီး၊ စနိုက်ဘာများဖြင့် ပြန်လည်ပစ်ခတ်ပြီး ပြန်လည်ထိုးစစ်ဆင်နေသဖြင့် တိုက်ပွဲမှာ ဆက်လက်ပြင်းထန်လျက်ရှိကြောင်း သိရသည်။

    လက်နက်ကြီးကျည်များပစ်ခတ်သံများကို ကျောက်ဖြူမြို့ပေါ်ကအထိပါ နေ့စဉ်လိုလိုကြားနေရသည်ဟု မြို့ခံအမျိုးသမီးတစ်ဦးက ပြောသည်။

    “တခါတလေ ဒိုးတန်းတောင်ဖက်ကလိုလို၊ သစ်ပုတ်တောင်ဖက်ကလိုလို အသံတွေတော့ကြားရတယ်။ တခါတလေ အရမ်းကျယ်ကျယ်ကြားရတယ်။ နေရာတော့ အတိကျမခန်းမှန်းတတ်ဘူး” ဟု ပြောသည်။

    ကျောက်ဖြူတိုက်ပွဲတွင် အထိနာကျဆုံးများနေသည့်အတွက် အကြမ်းဖက် စစ်အုပ်စု၏ တပ်မ (၁၁)မှ အင်အား ၅၀၀ ခန့်ကို ရေကြောင်းမှတဆင့် ကျောက်ဖြူသို့ပို့ဆောင်လိုက်ပြီဖြစ်ကြောင်း ဒီဇင်ဘာ ၁ ရက်နေ့ ဗိုလ်ကြီးဇင်ယော်၏ စစ်ရေးသတင်း သုံးသပ်တင်ပြချက်တွင် ဖော်ပြထားသည်။

    တပ်မ (၁၁)၏ နည်းဗျူဟာ (နဗဟ) ၁၁၁ မျိုးမင်းသန့် ဦးစီးသည့် ခမရ ၂၁၂၊ ၂၁၃ နှင့် ၂၁၉ ခန့်မှန်း အင်အား ၅၀၀ ဝန်းကျင်ဖြစ်ပြီး ကျောက်ဖြူတပ်နယ်သို့ ဦးတည်ပို့ဆောင်လာခြင်းဖြစ်သည်ဟု ဆိုသည်။

    ဓာတ်ပုံ – AA Info Desk (ပုံဟောင်း)

  • သံဃနာယကအုပ်စုအား လှန်ပြနေသလိုပဲ

    သံဃနာယကအုပ်စုအား လှန်ပြနေသလိုပဲ

    ပရဟိတ မလုပ်ရဘူးမဆိုလိုပါဘူး။

    လမ်းပေါ် အိမ်ကြိုအိမ်ကြားတွေဆီ လူ့ကျွန်ပမာ မလုပ်အပ် မလုပ်သင့်သလိုသာသနာမှာ တကယ် မအပ်စပ် မသင့်​မြတ်တဲ့ လုပ်ရပ်လည်း ဖြစ်ပါတယ်။

    မော်လမြိုင် သံဃနာယကအုပ်စုအား လှန်ပြနေသလိုပဲနော်

    သာသနာနဲ့ လုံးဝ ဆန့်ကျင် ကန့်လန့် မအပ်စပ် မသင့်မြတ်ကြောင်း ထောက်ပြရှင်းပြ ပြီးသလို မြို့နယ်သံဃနာယက ရုံးမှာပါ ဆရာတော်ကြီးများက သြဝါဒပေးထားပါလျှက်နဲ့ နားမလိုလို ဟန်ရေးပြတဲ့ ပရဟိတအမည်ခံ ကိုယ်တော်ဖြစ်ပါတယ်။

    ယခုလို လုပ်နေတဲ့ကိစ္စတွေအား သာသနာအသိုင်းအဝိုင်းမှ ဝေဖန်ရှုတ်ချ

  • ရန်ကုန်တွင် ပျော်ပွဲရွှင်ပွဲများကျင်းပရန် စစ်ခေါင်းဆောင် ညွှန်ကြား

    ရန်ကုန်တွင် ပျော်ပွဲရွှင်ပွဲများကျင်းပရန် စစ်ခေါင်းဆောင် ညွှန်ကြား

    ရန်ကုန်မှာ ဒီဇင်ဘာလအတွင်း မြို့နယ်အလိုက် လူထုလမ်းလျှောက်ပွဲနဲ့ လွတ်လပ်ရေးအကြို ပျော်ပွဲရွှင်ပွဲတွေ လုပ်ဖို့ နိုဝင်ဘာ ၃၀ ရက်မှာ စစ်ခေါင်းဆောင်က ညွှန်ကြားထားတယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်တဲ့ သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။

    မနေ့က စစ်ခေါင်းဆောင်က ရန်ကုန်ရောက်ရှိချိန် စစ်ကောင်စီလက်အောက်ခံ တိုင်းအစိုးရအဖွဲ့ကို ပြောဆိုခဲ့တာဖြစ်ပြီး တိုင်းရုံးကတဆင့် ခရိုင်နဲ့ မြို့နယ်ကို ညွှန်ကြားတာလို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

    “ဒီဇင်ဘာက နှစ်တိုင်းလုပ်နေကျ။ ဒါပေမဲ့ ဒီနှစ်က အရင်နှစ်နဲ့မတူဘူး၊ လွတ်လပ်ရေးအကြိုပွဲတွေ လူထုလမ်းလျှောက်ပွဲတွေ လုပ်ခိုင်းတာ။ ဦးဆောင်လုပ်မယ့်သူရှိရင်လည်း လုံခြုံရေးအပြည့်ပေးဖို့၊ လူစည်ကားတဲ့နေရာ ရွေးပေးဖို့၊ လုပ်သမျှ မှတ်တမ်းတင် ဓာတ်ပုံရိုက်ပို့ပြီး တိုင်းအစိုးရကို အချိန်နဲ့တပြေးညီ ပို့ဖို့ ညွှန်ကြားတာ။ ဓာတ်ပုံရိုက်ဖို့ အခက်အခဲရှိရင် ပြန်/ဆက်ကို အကူအညီ တောင်းဖို့ ညွှန်ကြားတာ။”

    မြို့နယ်မှာပါဝင်တဲ့ အုပ်ချုပ်ရေးအဖွဲ့တွေက မိမိမြို့နယ်အတွင်း ဒီဇင်ဘာ လူထုလမ်းလျှောက်ပွဲ အပါအဝင် ပျော်ပွဲရွှင်ပွဲ ၃ ကြိမ် ပြုလုပ်ရမှာဖြစ်ပြီး မြို့နယ်နဲ့ မြို့ရှိတဲ့ အုပ်ချုပ်ရေးအဖွဲ့တွေက ၅ ကြိမ်နဲ့အထက် ပြုလုပ်ရမှာဖြစ်တယ်လို့ မြောက်ဒဂုံ ရပ်ကွက်တာဝန်ခံတယောက်က ပြောပါတယ်။

    “မြို့နယ်ဆိုရင် ဒီဇင်ဘာ စုပေါင်းလမ်းလျှောက်ပွဲ တကြိမ်၊ လွတ်လပ်ရေးအကြိုက တကြိမ် တခြားခေါင်းစဥ်နဲ့က တကြိမ် လုပ်ပေးရမယ်။ ဥပမာ စျေးရောင်းပွဲတို့၊ နှစ်ကျိပ်ရှစ်ဆူတို့၊ လမ်းဖွင့်ပွဲတို့၊ မြို့တွေရှိတဲ့ မြို့နယ်ကျတော့ မြို့နယ်က ၃ ကြိမ်၊ မြို့က ၂ ကြိမ်၊ စုစုပေါင်း ၅ ကြိမ် လုပ်ရမှာ။ အရေးကြီးတာ လူစည်ကားနေဖို့ပဲ။”

    အဆိုပါ ပျော်ပွဲရွှင်ပွဲတွေကို ဒီဇင်ဘာ ၂၈ ရက် မတိုင်ခင် ပြုလုပ်ရမှာဖြစ်ပြီး ထပ်မံပြုလုပ်မယ့် ပျော်ပွဲရွှင်ပွဲတွေကို ဒီဇင်ဘာ ၃၀ ရက်ကစပြီး ပြန်လည်ခွင့်ပြုပေးမှာလို့ သူက ရှင်းပြပါတယ်။

    အခုလို ပျော်ပွဲရွှင်ပွဲတွေလုပ်တာဟာ နိုင်ငံတကာအမြင်မှာ မြန်မာနိုင်ငံအတွင်း တည်ငြိမ်အေးချမ်းနေတယ်လို့ ထင်မှတ်အောင် စစ်ကောင်စီရဲ့ ဝါဒဖြန့် လိမ်လည် ဆိုက်ဝါးထည့်မှု တခုသာ ဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသူတယောက်က သုံးသပ် ပြောဆိုပါတယ်။

    “ပျော်ပွဲရွှင်ပွဲတွေ ကြည့်ပြီး မြန်မာနိုင်ငံရဲ့အခြေအနေကို သုံးသပ်ရင် မှားသွားလိမ့်မယ်။ တောင်ကြီး မီးပုံးပျံပွဲ လုပ်နေတဲ့အချိန် ရခိုင်မှာ ဗုံးကြဲလို့ သေတဲ့ ဒေသခံတွေ မနည်းဘူး။ ပြည်သူ့ရင်ပြင်မှာ လူတွေ ကခုန်နေတဲ့အချိန် မတ္တရာ၊ စဥ့်ကူး၊ သပိတ်ကျင်းမှာ ဗုံးကြဲလို့ အသက်လုပြေးနေရတဲ့သူတွေ ရှိတယ်။”

    နေ့စဥ် ဘာသာရေးဆိုင်ရာ အဆောက်အအုံတွေနဲ့ ပြည်သူတွေကို ဗုံးကြဲသတ်ဖြတ်နေတဲ့ အာဏာသိမ်း စစ်ခေါင်းဆောင် အနေနဲ့ နိုင်ငံတကာအမြင်မှာ တိုင်းပြည်တည်ငြိမ်အေးချမ်းတယ်လို့ ထင်အောင် ပျော်ပွဲရွှင်ပွဲလုပ်နေတာ ဖြစ်ပါတယ်။