Category: News

  • စစ်အုပ်စုစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် ဗိုလ်မှူးနဲ့ ဗိုလ်ကြီးအဆင့်ရှိသူ အပါအဝင် စစ်အုပ်စု ၁၀၀ ခန့်သေဆုံး

    စစ်အုပ်စုစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် ဗိုလ်မှူးနဲ့ ဗိုလ်ကြီးအဆင့်ရှိသူ အပါအဝင် စစ်အုပ်စု ၁၀၀ ခန့်သေဆုံး

    စစ်အုပ်စုစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် ဗိုလ်မှူးနဲ့ ဗိုလ်ကြီးအဆင့်ရှိသူ အပါအဝင် စစ်အုပ်စု ၁၀၀ ခန့်သေဆုံး

    လက်နက် အများအပြားသိမ်းဆည်းရမိ

    အင်အား ၂၀၀ ခန့်ပါတဲ့ စစ်ကြောင်းတစ်ကြောင်း ချင်းပြည် ဖလမ်းမြို့အနီးထိ ရောက်ရှိနေ

    ချင်းပြည်နယ် တီးတိန်နဲ့ ဖလမ်းမြို့နယ်တွေကို စစ်ကြောင်းသုံးကြောင်းနဲ့ သုံးပတ်နီးပါးအကြာ စစ်ကြောင်းထိုးနေတဲ့ စစ်အုပ်စုတပ်တွေက နို ဝင်ဘာ ၁၈ ရက် ဒီနေ့မနက်မှာ ဖလမ်းမြို့ နဲ့ ၁၄)မိုင်ခန့် အကွာအဝေးကို ရောက်ရှိလာတယ်လို့ ဒေသခံ စစ်ရေးသတင်း ရင်းမြစ်တွေက ပြောပါတယ်။

    စစ်အုပ်စုတပ်တွေက အောက်တိုဘာ ၂၉ ရက်နေ့ကနေ ကလေး – နတ်ချောင်း- ဝေဘူလမြို့ကနေ စစ်ကြောင်းတစ်ကြောင်း၊ တီးတိန်မြို့ပေါ်ကနေ စစ်ကြောင်းတစ်ကြောင်း ကလေးမြို့ ကလေး -တီးတိန်-လမ်းလမ်းမကြီးကနေ စစ်ကြောင်းတစ်ကြောင်း စုစုပေါင်း အင်အား ၇၀၀ ခန့် စစ်ကြောင်းသုံးကြောင်းနဲ့ ဝင်ရောက်နေတာ ဖြစ်ပါတယ်။

    အဲ့ဒီ စစ်ကြောင်းသုံးကြောင်းထဲမှာ ကလေး – နတ်ချောင်းလမ်း၊ ဝေဘူလမြို့ကနေထိုးတဲ့ စစ်ကြောင်းတစ်ကြောင်းကတော့ ဝေဘူလမြို့ကို စစ်အုပ်စုတပ် ထိန်းချုပ်ပြီးနောက် နိုဝင်ဘာ ၁၇ ရက်နေ့ကတည်းက ဖလမ်းမြို့နဲ့ ၁၄ မိုင်ခန့် အကွာအဝေးမှာရှိတဲ့ ဗားရ်တံတား( မဏိပူရမြစ်ကို)ကို ဖြတ်ကျော်လာပြီလို့ ဆိုပါတယ်။

    အဲဒီ စစ်အုပ်စုစစ်ကြောင်းနဲ့ ချင်းညီနောင် မဟာမိတ်တပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ဖြစ်နေတယ်လို့ ချင်းအမျိုးသားကာကွယ်ရေးတပ် (CNO/CNDF ) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီ က ပြောပါတယ်။

    “မနေ့ ညက တောက်လျှောက် ထိတွေ့မှု ရှိပါတယ်၊မနေ့က ရှစ်နာရီ လောက်မှာတစ်ကြိမ် ၊ (၁၀) နာရီ မှာ တစ်ကြိမ် အဲလို ထိတွေ့မှု ရှိပြီးတော့ ကျနော်တို့ခုခံနေတဲ့ အခြေအနေရှိပါတယ်။သူတို့ရောက်တဲ့ နေရာတွေကတော့ ဖလမ်းရဲ့ အရှေ့ဘက် ရွာတွေနဲ့ မဏိပူရ တဖက်ကမ်းမှာ ရှိတဲ့ ရွာတွေမှာကော ၊နောက် ချောင်းတလျှောက် ခြေကုပ်ယူပြီးတော့ ဖလမ်းဘက်ကို ထိုးစစ်ဆင် ရောက်ရှိလာတာ ဖြစ်ပါတယ်”

    အလားတူ တီးတိန်မြို့နယ် သိုင်းငင်းကျေးရွာကနေမှာ ခြေ ကုပ်ယူထားတဲ့ စစ်အုပ်စုတပ်ကလဲ စစ်ရေးအရ အရေးပါတဲ့ ကနေဒီတောင်ကုန်းနဲ့ သိုင်းငင်းကျေးရွာကို ထိန်းချုပ်ပြီးတော့ ဖလမ်းမြို့ကို ကလေး- သိုင်းငင်း -ဖလမ်း လမ်းမကြီး အတိုင်း ထိုးစစ်ဆင်လာသလို ချင်းအမျိုးသားတပ်မတော် (CNA/CNF ) တပ်ဖွဲ့ နဲ့ မဟာမိတ်တပ်ဖွဲ့ဝင်တွေက ကြားဖြတ် တိုက်ခိုက်ကာ တိုက်ပွဲဖြစ်ပွားနေတယ်လို့ ချင်းညီနောင် တပ်ဖွဲ့ဝင် ချင်းအမျိုးသားကာကွယ်ရေး တပ် (CNO/CNDF ) ပြောရေးဆိုခွင့် ရှိသူ ဆလိုင်းတင်မီက ဆက်ပြောပါတယ်။

    “သိုင်းငင်းဘက် က ရောက်လာတဲ့ဟာလဲ သိုင်းငင်းကိုလဲ သူတို့ သိမ်းပိုက်တာပေါ့။ကနေဒီကိုလဲ သူတို့ သိမ်းပိုက် တာ ပေါ့၊အဲ့ ဒီ ဘက်က ကားလမ်းအတိုင်း ထိုးတဲ့ ဖလမ်းဘက်ကို ထိုးတဲ့ စစ်ကောင်းကိုတော့ (CC -Chinland )ကောင်စီဘက်က ကာနေတယ်လို့ သိရပါတယ်”

    ချင်းပြည်နယ်ကို အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေတဲ့ စစ်အုပ်စုတပ်တွေကို ချင်းတော်လှန်ရေးတပ်က စစ်ကိုင်းတိုင်း၊ ကလေးမြို့နဲ့ မကွေးတိုင်း ဂန့်ဂေါမြို့ကနေ ချင်းပြည်နယ် ဖလမ်းနဲ့တီးတိန်မြို့တွေမှာ တိုက်ခိုက်ခဲ့ပြီးတော့ ဗိုလ်မှူးနဲ့ ဗိုလ်ကြီးအဆင့်တွေ အပါအဝင် စစ်အုပ်စု ၁၀၀ ခန့်ကို ချေမှုန်းသုတ်သင်နိုင်ခဲ့သလို စစ်သုံ့ပန်းနဲ့ လက်နက်ခဲယမ်းတွေအများအပြား သိမ်းဆည်း ရရှိထားတယ်လို့ ချင်းပြည်အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ဒီနေ့မှာသတင်းထုတ်ပြန်ပါတယ်။

    ဒီတိုက်ခိုက်မှုကိုတော့ ချင်းအမျိုးသားတပ်မတော် (CAN/CNF) နဲ့ ဒေသန္တရကာကွယ်ရေးတပ်ဖွဲ့၊ချင်းညီနောင် တပ်ဖွဲ့ ဝင် Chin National Defense Force (CNDF) ၊ PDF Zoland တွေနဲ့ Vakok PDF၊ကျောင်းသားတပ်မတော် (ABSDF)၊ PDF ခရိုင်တပ်ရင်းတွေ၊ ပကဖတွေ၊ Yaw Defense Force (YDF) စတဲ့ မဟာမိတ်တပ်တွေကစစ်ဆင်ရေးဆင်နွဲ့ခဲ့တာ ဖြစ်ပြီးတော့ ဖလမ်းမြို့နဲ့ ဝေဘူလမြို့အကြား၊ တီးတိန်မြို့နဲ့ ခိုင်ကမ်းမြို့အကြား၊ကလေး -ဂန့် ဂေါ ကမ်းပါးနီ ၊ကြံသာ ။မှန်‌တော ရွာ အနီးမှာစစ်အုပ်စုကို တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

    ဒီလို တိုက်ပွဲ ဖြစ်ပွားနေချိန် စစ်အုပ်စုတွေက နိုဝင်ဘာလ ၆ ရက်မှာ Fighter Jet တိုက်လေယာဉ်နဲ့ လေးကြိမ်၊ နိုဝင်ဘာလ ၁၄ ရက်မှာ တိုက်လေယာဉ်နဲ့ ခုနှစ်ကြိမ်၊ Y-12 နဲ့ တစ်ကြိမ်၊ နိုဝင်ဘာလ ၁၅ ရက်မှာ တိုက်လေယာဉ်နဲ့ နှစ်ကြိမ်၊ နိုဝင်ဘာလ ၁၆ ရက်မှာ တိုက်လေယာဉ်နဲ့ နှစ်ကြိမ်၊ Y-12 နဲ့ ဗုံးအလုံး ၅၀ ခန့်၊ နိုဝင်ဘာလ ၁၇ ရက်မှာ တိုက်လေယာဉ်နဲ့ လေးကြိမ် လေကြောင်းတိုက်ခိုက်ခဲ့ပြီး ဖလမ်းမြို့နဲ့ ဝေဘူလမြို့အကြား၊ တီးတိန်မြို့နဲ့ ခိုင်ကမ်းမြို့အကြား တိုက်ပွဲတွေမှာလည်း စစ်အုပ်စုက နိုဝင်ဘာလ ၁၇ ရက်မှာ တိုက်လေယာဉ်နဲ့ နှစ်ကြိမ်၊ Y-12 နဲ့ တစ်ကြိမ် လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    “ရန်သူမှ လေယာဉ်နှင့် ဒရုန်းတို့ကို အားပြုပြီး တိုက်ခိုက်နေသော်လည်း ချင်းလဲန်အစိုးရတပ်ဖွဲ့နှင့် မဟာမိတ် အဖွဲ့များသည် ဗိုလ်မှူး၊ ဗိုလ်ကြီးအဆင့် အရာရှိများ အပါအဝင် ရန်သူအင်အား ၁၀၀ ခန့်ကို ချေမှုန်းနိုင်ခဲ့သည်။ စစ်သုံ့ပန်းတစ်ချို့ ဖမ်းဆီးရမိပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်းနိုင်ခဲ့သည်” လို့ ချင်းပြည်အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ဖော်ပြပါတယ်။

    လက်ရှိမှာ စစ်အုပ်စု ရန်ကြောင့် ကလေးမြို့နယ်နဲ့ ဂန့်ဂေါမြို့နယ် ကျေးရွာတွေက ထောင်ချီတဲ့ ဒေသခံပြည်သူတွေ အပါအဝင် ချင်းပြည် ဖလမ်းနဲ့ တီးတိန်မြို့နယ်ရှိ ကျေးရွာပေါင်း ၂၀ ကျော်က ဒေသခံတွေ တောတောင်တွေအတွင်း ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

    စစ်အုပ်စု ရန်ကြောင့် တီးတိန်မြို့နယ်အတွင်းက ခိုင်ကမ်း၊ ထေးဇန်၊ ဆွလိမ်၊ အာလွယ်၊ သိုင်းငင်း၊ ဆဲဇန်၊ ဟိန်ဇိန်၊ ဆိုဇန်၊ မွာလ်ပီးကျေးရွာတွေနဲ့ ဖလမ်းမြို့နယ်အထဲက လိုင်ဗား၊ တလန်းဇာရ်၊လုမ်းဘန်း၊ ပါရ်သဲ၊ ထင်းရှုးမြိုင်၊ ဗားရ်နဲ့ဝေဘူလစတဲ့ ကျေးရွာ ပေါင်း ၂၀ ကျော် နိုဝင်ဘာ ၁ ရက်က စတင်ကာ တောတောင်အတွင်း ထွက်ပြေးတိမ်းရှောင်နေကြရကာ စားဝတ်နေရေး အကူအညီတွေ လိုအပ်နေတယ်လို့ စစ်ဘေးရှောင်အရေးကူညီနေတဲ့ သိုင်းငင်းကျေးရွာ ဒေသခံတစ်ဦးက ပြောပါတယ်။

    တီးတိန်မြို့နယ်နဲ့ ဖလမ်းမြို့နယ်အတွင်း စစ်အုပ်စု စစ်ကြောင်းထိုးဝင်ရောက်လာချိန်မှာ ဓားစာခံ လူသားဒိုင်းကာ လမ်းပြအဖြစ် ဖမ်းဆီးခေါ်ဆောင်လာတဲ့ ဒေသခံ ပြည်သူ ၁၄ ဦးကို ချင်းညီနောင် တပ်ဖွဲ့က နိုဝင်ဘာ ၇ ရက်မှာ ကယ်ထုတ်ပေးနိုင်ခဲ့တယ်လို့ ချင်းညီနောင်တပ်ဖွဲ့ ဝင် PDF -Zoland က ထုတ်ပြန်ထားပါတယ်။

    ချင်းပြည်နယ်မှာတော့ ချင်း တော်လှန်ရေးတပ်တွေက ဖလမ်းမြို့အပါအဝင်မင်းတပ်၊ ကန်ပက်လက်၊ မတူပီ၊ တွန်းဇံ၊ ကျီခါး၊ ရိဒ်ခေါ်ဒါရ်၊ လိုင်လင်းပီ၊ ကျင်ဒွေး၊ မကွီးအိမ်နူး၊ နှာရိန်၊ ရေဇွာ၊ ဆူရ်ခွား မြို့တွေကို သိမ်းပိုက် ထိန်းချုပ်ထားပြီး ပလက်၀မြို့နဲ့ ဆမီးမြို့တွေကိုတော့ အာရက္ခတပ်တော် (AA) က သိမ်းပိုက် ထိန်းချုပ်ထားပါတယ်။လက်ရှိအချိန်မှာတော့ ဟားခါး၊ထန်တလန်၊တီးတိန် ၊ခိုင်ကမ်း မြို့ လေးမြို့နယ်နဲ့တော်လှန်ရေးအင်အားစု သိမ်းပိုက်ထားတဲ့ ‌ဝေဘူလမြို့အပါအဝင် မြို့ အပါအဝင် စစ်ရေးအရ အရေးပါတဲ့ ကနေဒီတောင်ကုန်းကို စစ်အုပ်စုက ပြန်လည် ထိန်းချုပ်ထားပါတယ်။

  • ဘယ်လောက်တောင်ကြောက်ပြီးနာကျင်နေရှာမလဲကလေးရယ်

    ဘယ်လောက်တောင်ကြောက်ပြီးနာကျင်နေရှာမလဲကလေးရယ်

    ဘယ်လောက်တောင်ကြောက်ပြီးနာကျင်နေရှာမလဲကလေးရယ်

    သားအလောင်းကို ဆေးရုံက 16ရက်နေ့ ဒီနေ့မှာ၊ အလှူလုပ်ဖို့ ဆေးရုံက ခလေးအဖေကို အပ်လိုက်ပါပီ။

    ဖြစ်စဉ်အားလုံးကို အဖေပြန်ပြောပြခဲ့တယ်။

    ခလေး10လလောက်မှာ၊ အမေဖြစ်သူက နောက်တယောက်ရှိခဲ့တယ်။

    အကြိမ်ကြိမ် ဖ-မ်းမိခဲ့ပီး၊ခလေးမျက်နှာကြောင့် ခွင့်လွတ် ပေးခဲ့တယ်။

    နောက်ဆုံးမှာ စကားများကြပီး၊ ခလေးအမေကို ရိုက်ခဲ့ပီး၊ လမ်းခွဲခဲ့ကြတယ်။

    ခလေးအမေဟာ၊ သားကို ပစ်ပီး အရင်ထွက်သွား ခဲ့တာ။

    ခလေးကို အဖေကပဲ ပြုစုလာခဲ့တာ ၂နှစ်ရှိပီး၊ အခုဆိုခလေးက 2နှစ်10လထဲကို ရောက်ခဲ့ပီ။

    သူရာဘာသွားခြစ်ရင် ခလေးကို အိမ်နားက ထမင်းဆိုင်မှာ အပ်ခဲ့တယ်။

    13ရက်နေ့ညက သူအလုပ် သွားနေချိန်၊ ခလေးက ည11နာရီလောက်မှာ၊ ကားလေးကိုင်ပီး၊ အိမ်ထဲက ထွက်လာခဲ့တယ်။

    14ရက်နေ့ ညနေမှာ ခလေးအလောင်းကို တွေ့တော့၊ ဘာလုပ်လို့ လုပ်ရမှန်း မသိဘူး။

    အလောင်းမှာ အင်ကျီမရှိ၊ သစ်ရွက်တွေ ကပ်နေတော့ ရေချိုးပေးပီး၊ အနှီးနဲ့ ပတ်ထား ပေးခဲ့တယ်။

    ရဲကို ပထမဆုံး တိုင်ရမယ် ဆိုတဲ့သတိလဲ မကပ်ခဲ့ဘူး။

    ဒါကြောင့် သူဘာလုပ်လုပ် အားလုံးက ပထမ အကြောင်းစုံ မသိသေးတော့ တမျိုးမြင်နေကြတာ။

    နောက် အိမ်နီးချင်းက ရဲကို အသိပေးမှ ရမယ်။

    ခလေးကို ခနချထားပြောမှ သားအလောင်းကို ချပီး ရဲတိုင်ခဲ့ကြတယ်။

    ရဲက ခလေးအဖေကို ရုံးခေါ်သွားပီး CCTV ထဲမှာ ခလေးကို ဘယ်သူ လုပ်တာလဲ ဆိုတာ အတူကြည့်ကြတယ်ရှင့်။

    CCTV ထဲမှာ ခလေးက ည 11 နာရီလောက် အပြင်ထွက်လာတော့ ခွေးအကြီးကြီး ၂ ကောင် မျက်လုံး တွေက နီရဲနေတာပဲရှင့်။

    ခလေးကို ချောင်းနေကြတယ်။

    နောက် ခလေးကို ဝိုင်းကိုက် ခလေး နားရွက်တွေကိုက်ဖြတ်၊ ဦးခေါင်း သရေခွံကို သွားကြီးတွေနဲ့ ဆွဲခွါနေကြတာ။

    CCTV ထဲမှာ အားလုံးမြင်နေရတယ်။

    မြင်ကွင်းကို ခလေး အဖေက မကြည့်ရက် တော့ပဲ ထပြန်လာခဲ့တယ်ရှင့်။

    ဒါကြောင့် သူ့မှာ မခံစားနိုင်တော့ ဆိုင်ကယ်၁စီးနဲ့ လျောက်ပြေး၊ လျောက်မောင်း နေတာ။

    အလောင်းစစ်ဆေးရလဒ်မှာ ကိုနေရာ 60 နေရာဟာ ခွေးကိုက် ခံထားရပီး၊ ခွေးသားရည်တွေကို စစ်ဆေး တွေ့ခဲ့ကြတယ်။

    နောက်ဆုံး သားအတွက် အလှူလုပ်ပေးဖို့ အလောင်းကို အဖေဖြစ်သူဆီ ဆေးရုံက အပ်လိုက် ပါပီရှင့်။

    အိမ်နီးချင်းတွေ ခန့်မှန်းပြောပြတာက ခလေးက ဘိုက်ဆာလို့ နေနေကျ ထမင်းဆိုင်ကို လာတယ်နဲ့တူတယ်။

    ဘာကြောင့်လဲဆို ခွေးကိုက် ခံရတဲ့နေရာက ထမင်းဆိုင် လာတဲ့လမ်း ဖြစ်နေလို့ရှင့်။

    ခလေးအဖေလဲ သနားပါတယ်။ 10လ ထဲက ပြုစုလာတာ၊ အရန်းဒုက္ခရောက်ခဲ့မှာပဲ။

    ခလေးလေးကောင်းမွန်ရာ ရောက်ပါစေ၊ နောက်ဘဝမှာ မိစုံဖစုံနဲ့ အတူနေရပါစေရှင်။

    ထိုင်း-မြန်မာမူရင်းဘာသာပြန် Nanpiya

  • အိမ်မှနှင်ချတဲ့ ယောက္ခမကို သားမက်က ခဲတံချွန်တဲ့ဓားဖြင့်လည်လှီးသတ်

    အိမ်မှနှင်ချတဲ့ ယောက္ခမကို သားမက်က ခဲတံချွန်တဲ့ဓားဖြင့်လည်လှီးသတ်

    လင်မယားရန်ဖြစ်တာလို့ အိမ်မှနှင်ချတဲ့ ယောက္ခမကို သားမက်က ခဲတံချွန်တဲ့ဓားဖြင့်လည်လှီးသတ်

    ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ဟင်္သာတမြို့နယ်၊ အိပ်ပျက်အုပ်စု
    ငှက်ပျောတောရွာတွင် သမက်ဖြစ်သူမှ ယောက္ခအား ခဲတံချွန်ဓားဖြင့်လည်လှီးသတ်မှုဖြစ်ပွားရာလူတစ်ဦး သေဆုံးသွားကြောင်းသိရှိရသည်။

    ဖြစ်စဉ်မှာ နိုဝင်ဘာလ (၈)ရက် ည(၁၁)နာရီခွဲခန့်တွင် ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ဟင်္သာတမြို့နယ်ဟင်္သာတနယ်မြေစခန်းအပိုင်အိပ်ပျက်အုပ်စု ငှက်ပျောတောကျေးရွာရှိ ဦးချစ်ကို(သေဆုံး)၏ နေအိမ်၌ အမျိုးသားတဦး
    အသတ်ခံရကြောင်း သတင်းအရ ဟင်္သာတမြို့ နယ် ဟင်္သာတနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါနေအိမ်ပိုင်ရှင် ဦးချစ်ကို(ဘ)ဦးဗိုက်ကြီး (၅၂)နှစ် မှာ နေအိမ်ပေါ်တွင် လည်ပင်းယာဘက် အလျား(၇)စင်တီမီတာ အနံ(၄)စင်တီမီတာ အနက်(၂)စင်တီမီတာခန့်
    ပြတ်ရှဒဏ်ရာ(၁)ချက်(ပြင်းထန်)၊ လည်ပင်းယာဘက် အလျား(၁၂)စင်တီမီတာ အနံ(၄)စင်တီမီတာ အနက်(၃)စင်တီမီတာခန့် ပြတ်ရှဒဏ်ရာ(၁)ချက်(ပြင်းထန်)၊ လည်ပင်းယာဘက်အလျား(၉)စင်တီမီတာ အန်(၅)စင်တီမီတာ အနက်(၄)စင်တီမီတာခန့်ပြတ်ရှဒဏ်ရာ(၁)ချက်(ပြင်းထန်ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို စစ်ဆေးတွေ့ ရှိရသဖြင့် ဟင်္သာတမြို့နယ် ဟင်္သာတနယ်မြေရဲစခန်း အမှုကြီးအမှတ် ၅/၂၀၂၅၊ (ပ)၆၁/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ (၃ဝ၂)ဖြင့် အမှုဖွင့်စစ်ဆေးဆောင်ရွက်ခဲ့သည်။

    အမှုမှ တရားလိုဖြစ်သူ ဒေါ်စန်းစန်းအေး(သေဆုံးသူ၏ ဇနီး)(ဘ)ဦးစိန်သောင်း၊ (၄၇)နှစ်အား စစ်ဆေးမေးမြန်းရာ ၎င်းသည် ၂၀၂၅-ခုနှစ် နိုဝင်ဘာလ(၈)ရက်နေ့
    ည(၁၁)နာရီခွဲခန့် အချိန်တွင် ခင်ပွန်းဖြစ်သူ ဦးချစ်ကို(သေဆုံး)နှင့် အတူ နေအိမ်တွင်ရှိနေစဉ်အိမ်ရှေ့တွင် သမီးဖြစ်သူ အိဇာခြည်အောင်နှင့် သားမက်ဖြစ်သူ သန့်ဇင်ဖြိုးတို့စကားများရန်ဖြစ်သံကြားရ၍ ခင်ပွန်းဖြစ်သူ ဦးချစ်ကိုမှ ၎င်းတို့အားအိမ်ပေါ်သို့လာရောက်ရန်ခေါ်ခဲ့ပြီး ဆက်လက်ရန်ဖြစ်နေသဖြင့် ဦးချစ်ကိုမှ ၎င်းကိုအား“နင်တို့ခဏခဏရန်ဖြစ်နေတယ်,ငါ့အိမ်မှာ မနေနဲ့”ဟု နှင်ချပြောဆိုသည်ကို သားမက်ဖြစ်သူ သန့်ဇင်ဖြိုးမှ ဒေါသထွက်ကာ ဦးချစ်ကို၏ လည်ပင်းအား ဓားဖြင့်ခုတ်သောကြောင့်အထက်ဖော်ပြပါ နာကျင်းဒဏ်ရာများ ရရှိပြီး အခင်းဖြစ်နေရာတွင်ပင် သေဆုံးသွားခဲ့ပြီး သားမက်ဖြစ်သူ သန့်ဇင်ဖြိုးမှာ သမီးဖြစ်သူ အိဇာခြည်အောင်အား ခေါ်ဆောင်ကာထွက်ပြေးတိမ်းရှောင်သွားကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် တရားခံဖမ်းဆီးရမိရေးဆက်လက်ဆောင်ရွက်ခဲ့ရာ နိုဝင်ဘာလ (၉)ရက်နေ့ နံနက် ၈နာရီ ၂၀မိနစ် အချိန်တွင်ဟင်္သာတမြို့ လယ်တော်စစ်ဆေးရေးဂိတ်တွင် ဒုရဲအုပ် ရဲလွင် ဦးစီးသောအဖွဲ့မှ ကျူးလွန်သူ သန့်ဇင်ဖြိုး(၂၂)နှစ်အား ဇနီးဖြစ်သူ အိဇာခြည်အောင်နှင့်အတူ ဖမ်းဆီးရမိကြောင်း သိရှိရပါသည်။

    အမှန်တရားသတင်းဂျာနယ်

    ကိုဇော်မင်း(ဟင်္သာတ)

  • သိမ်းပိုက်ထားသော နယ်မြေများ မဆုံးရှုံးရေး ချင်းတပ်များအားလုံး ပူးပေါင်း ခုခံနေ

    သိမ်းပိုက်ထားသော နယ်မြေများ မဆုံးရှုံးရေး ချင်းတပ်များအားလုံး ပူးပေါင်း ခုခံနေ

    ချင်းပြည်နယ်၊ ဖလမ်းမြို့နှင့် ၁၂ မိုင်ခန့်အကွာ မဏိပူရမြစ်အနီး စစ်တပ်နှင့် ချင်းတော်လှန်ရေးတပ်များ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ

    သိမ်းပိုက်ထားသော နယ်မြေများ မဆုံးရှုံးရေး ချင်းတပ်များအားလုံး ပူးပေါင်း ခုခံနေ

    ချင်းပြည်နယ်၊ ဖလမ်းမြို့နှင့် ၁၂ မိုင်ခန့်အကွာရှိ မဏိပူရမြစ်အနီးတွင် စစ်တပ်နှင့် ချင်းတော်လှန်ရေးတပ်များ တိုက်ပွဲပြင်းထန်နေပြီး သိမ်းပိုက်ထားသော နယ်မြေများ မဆုံးရှုံးရေးအတွက် ချင်းတပ်များအားလုံးပူးပေါင်း ညီညွတ်စွာဖြင့် ခုခံနေကြောင်း ချင်းညီနောင်ပြော ရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီထွဋ်က ပြောကြားသည်။

    ယမန်နေ့ နိုဝင်ဘာလ ၁၇ ရက် နံနက် ၈ နာရီမှ ၁၀ နာရီဝန်းကျင်အထိ ဖလမ်းမြို့နှင့် ၁၂ မိုင်ခန့်အ ကွာ မဏိပူရမြစ်အနီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့်ချင်းတော်လှန်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲပြင်းထန်ခဲ့ကြောင်း၊ ယင်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်က အထိနာပြီး ဂျက်ဖိုက်တာ ဖြင့် ၆ ကြိမ်ဗုံးကျဲတိုက်ခိုက်ခဲ့သည့် Y12 ၊ Y8 လေယာဉ်များဖြင့်လည်း ပစ်ကူပေးတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

    “မနေ့က မနက်ပိုင်း ၈ နာရီခွဲ လောက်ကနေ ၁၀ နာရီဝန်းကျင်လောက်အထိ ထိတွေ့မှုတွေ ဖြစ်ပါ တယ်။ အခြေအနေကတော့ သူတို့ဘက်ကနေ နောက်မဆုတ်ဘူးဆိုရင်တော့ ဘယ်အချိန်မဆို ထိ တွေ့မှု၊ ပစ်ခတ်မှုတွေက ပြင်းထန်လာနိုင်တဲ့ အခြေအနေမှာရှိပါတယ်။ မနေ့ကဆိုရင်လည်း ညနေ ပိုင်း ၂ နာရီခွဲလောက်ကနေ ၃ နာရီလောက်အထိ Y12 တွေရော၊ ထောက်လှမ်းတဲ့လေယာဉ် Y8 တို့ အဲဒါတွေ လာတယ်။ ဂျက်ဖိုက်တာနဲ့လည်း ၆ ကြိမ်လောက်လာပစ်ပါတယ်။ သူတို့ဘက်ကလည်း အထိနာတာ ရှိမယ်ထင်ပါတယ်။ ကျနော်တို့ဘက်ကလည်းအတတ်နိုင်ဆုံး နယ်မြေသိမ်းပြီးသားနယ် မြေတွေ ပြန်လက်လွှတ်အဆုံးရှုံမခံရအောင် ပြန်လည်ခုခံတိုက်ခိုက်နေတဲ့ အနေအထားရှိပါတယ်။” ဟု ချင်းညီနောင်အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီထွက်က ပြောကြားသည်။

    အောက်တိုဘာလ ၂၉ ရက်နေ့မှစ၍ စစ်ကိုင်းတိုင်း၊ ကလေးမြို့မှတဆင့် ချင်းပြည်နယ်၊ ဖလမ်းမြို့ ဘက်သို့ စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်ခဲ့ရာ နိုဝင်ဘာလ ၃ ရက်နေ့တွင် ဝေဘူလမြို့ကို ပြန်လည်သိမ်းပိုက်ထိန်းချုပ်ခဲ့ကြောင်း၊ ယင်းမှတဆင့် ဖလမ်းမြို့ဘက်သို့ ဆက်လက် ထိုးစစ်ဆင်နေခြင်းဖြစ်ကြောင်းသည်ရသည်။

    အလားတူ သိုင်းငင်ကျေးရွာသို့ ရောက်ရှိနေသော အကြမ်းဖက်စစ်တပ်စစ်ကြောင်း ကလည်း ဖလမ်း မြို့ ဘက်သို့ ဆက်လက်၍ ထိုးစစ်ဆင်တိုက်ခိုက်နေမှုများရှိပြီး ယင်းအကြမ်းဖက်စစ်တပ်က စစ် ကြောင်းများကို ချင်းညီနောင်အဖွဲ့ – CB နှင့် ချင်းပြည်ကောင်စီ -CC တပ်ဖွဲ့ဝင်များက စည်းစည်း လုံး လုံးဖြင့် တိုက်ခိုက်ချေမှုန်းနေကြောင်း သိရသည်။

    “အဓိကတော့ ဖလမ်းရဲ့ အရှေ့ဘက်မဏိပူရချောင်းရှိတယ်။ အဲဒီချောင်းရဲ့တဖက်ကမ်းမှာရှိတဲ့ ရွာ တွေမှာ ဖြစ်ဖြစ်၊ တောတွေထဲမှာဖြစ်ဖြစ် ခြေကုပ်ယူထားတယ်။ အဲဒီချောင်းကိုကျော်ပြီးမှ ကျနော်တို့ ဖလမ်းမြို့ထဲကို ထိုးစစ်ဆင်ဖို့ ကြိုးစားလာနေတာ၊ အဲဒီမဏိပူရမြစ်က ဖလမ်းကနေ ၁၂ မိုင်အထက် အကွာအဝေးရှိတဲ့ မြစ်ပါ။ အဲလိုဆိုတော့ တော်တော်နီးပြီလို့ပြောလို့ရပါတယ်။ မြေပြင်အခြေအနေမှာ ကျနော်တို့ CB ဘက် ကရဲဘော်တွေရှိသလို CC ဘက်က ရဲဘော်တွေလည်းရှိ တယ်။ အားလုံး ဘုံရန် သူ စကစကို စည်းစည်းလုံးလုံးနဲ့တိုက်ခိုက်နေတဲ့ အခြေ အနေဖြစ်ပါတယ်။” ဟု ချင်းညီနောင်ပြော ရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီထွဋ်က ရှင်းပြသည်။

    အကြမ်းဖက်စစ်တပ် စစ်ကြောင်းကြောင့် ဒေသနေပြည်သူ ၂ သောင်းကျော် စစ်ဘေးရှောင်နေရပြီး အရေးပေါ် အမိုးအကာများ၊ စောင်၊ အနွေးထည်၊ စားနပ်ရိက္ခာနှင့် ဆေးဝါးများလိုအပ်လျက်ရှိကြောင်း သိရသည်။

    “ဖလမ်းရဲ့အရှေ့ဘက်ခြမ်းတခွင်လုံးက သိုင်ငင်းဘက်ကနေလည်း ထိုးစစ်ဆင်တယ်၊ ဝေဘူလဘက် က နေလည်း ထိုးစစ်ဆင်တဲ့အခါကျတော့ ပြည်သူတွေက ရွာတွေမှာ မနေရဲတော့ဘူး။ နောက်ပြီး တော့ ကလေး ဘက်ကနေ ထိုးစစ်ဆင်တဲ့အခါ ကနေ စလို့ ကလေးမှာရှိတဲ့ ရွာတွေမှာနေတဲ့ ပြည် သူတွေက တောင်ပေါ်မှာ စစ်ရှောင်ကြတယ်။ အဲဒီတောင်ပေါ်တွေကနေ ချင်းတောင်ဘက်ကို ထိုး စစ်ဆင် လာတဲ့အခါကျတော့ ပြည်သူက ရွှေ့ပြောင်း၊ ရွှေ့ပြောင်းပြီး စစ်ဘေးရှောင်နေကြရတာ။ စစ်ရှောင်က ၂ သောင်းကျော်ရှိပါတယ်။ အခုချိန်က ဆောင်းရာသီဆိုတော့ အမိုးအကာတွေလိုတယ်၊ စောင်တွေလိုတယ်၊ အစားအသောက်တွေ၊ ဆေးဝါးပစ္စည်းတွေလိုတယ်။” ဟု ဆလိုင်းတင်မီထွဋ်က ပြောဆိုသည်။

  • ကလေး၊ ဂန့်ဂေါ၊ ဖလမ်းနှင့်တီးတိန်မြို့နယ်တို့တွင် စစ်တပ်နှင့် တော်လှန်ရေးမဟာမိတ်များအကြား တိုက်ပွဲများအပြင်းအထန်ဖြစ်ပြီး စစ်တပ်ဘက်မှ ဗိုလ်မှူး၊ ဗိုလ်ကြီး အပါအဝင် စစ်သား ၁၀၀ ဝန်းကျင်သေဆုံး

    ကလေး၊ ဂန့်ဂေါ၊ ဖလမ်းနှင့်တီးတိန်မြို့နယ်တို့တွင် စစ်တပ်နှင့် တော်လှန်ရေးမဟာမိတ်များအကြား တိုက်ပွဲများအပြင်းအထန်ဖြစ်ပြီး စစ်တပ်ဘက်မှ ဗိုလ်မှူး၊ ဗိုလ်ကြီး အပါအဝင် စစ်သား ၁၀၀ ဝန်းကျင်သေဆုံး

    ကလေး၊ ဂန့်ဂေါ၊ ဖလမ်းနှင့်တီးတိန်မြို့နယ်တို့တွင် စစ်တပ်နှင့် တော်လှန်ရေးမဟာမိတ်များအကြား တိုက်ပွဲများအပြင်းအထန်ဖြစ်ပြီး စစ်တပ်ဘက်မှ ဗိုလ်မှူး၊ ဗိုလ်ကြီး အပါအဝင် စစ်သား ၁၀၀ ဝန်းကျင်သေဆုံး

    စစ်သုံ့ပန်းတချို့နှင့် လက်နက်ခဲယမ်းအများအပြား သိမ်းပိုက်ရရှိ

    အကြမ်းဖက်စစ်တပ်က ချင်းပြည်နယ်အတွင်းသို့ ထိုးဖောက်ဝင်ရန် စစ်ကြောင်းထိုးလာမှုကို ချင်းတော်လှန်ရေးတပ်များနှင့် မဟာမိတ်တော်လှန်ရေးများက ပူးပေါင်း ခုခံတိုက်ခိုက်ခဲ့ကြရာ တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားပြီး စစ်တပ်ဘက်မှ ဗိုလ်မှူး၊ ဗိုလ်ကြီး အပါအဝင် ၁၀၀ ဝန်းကျင်သေဆုံးကြောင်း ချင်းပြည်(Chinland)အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

    ချင်းအမျိုးသားတပ်မတော်နှင့် ဒေသန္တရကာကွယ်ရေးတပ်ဖွဲ့များဖြင့် ဖွဲ့စည်းထားသည့် ချင်းလဲန်အစိုးရတပ်ဖွဲ့၏ စစ်ကြောင်း ၁ နှင့် စစ် ကြောင်း ၂ တို့က အကြမ်းဖက်စစ်တပ်ကို ကလေးမြို့နယ်၊ ဂန့်ဂေါမြို့နယ်၊ ဖလမ်းမြို့နယ်နှင့် တီးတိန်မြို့နယ်တို့တွင် တိုက်ခိုက်ခဲ့ကြောင်း၊Chinland အစိုးရတပ်ဖွဲ့၏ စစ်ကြောင်း ၁ က Vakok PDF ၊ ကျောင်းသားတပ်မတော် (ABSDF) ၊ PDF ခရိုင်တပ်ရင်းများ၊ ပကဖများ၊ Yaw Defense Force (YDF) စသည့် မဟာမိတ်အဖွဲ့များနှင့် လက်တွဲ၍ ကလေးမြို့နှင့် ဂန့်ဂေါမြို့အကြားတွင်စစ်ကောင်စီတပ်ကို တိုက်ခိုက်နေကြောင်း သိရှိရသည်။

    စစ်တပ်က လေယာဉ်နှင့် ဒရုန်းတို့ကို အားပြုပြီး တိုက်ခိုက်နေသော်လည်း Chinland အစိုးရ တပ်ဖွဲ့နှင့် မဟာမိတ်အဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် စစ်တပ်ဘက်မှ ဗိုလ်မှူး၊ ဗိုလ်ကြီးအဆင့် အရာရှိများ အပါအဝင် အင်အား ၁၀၀ ခန့်ကို ချေမှုန်းနိုင်ခဲ့ပြီး စစ်သုံ့ပန်းတချို့ ဖမ်းဆီးရမိကြောင်း၊ လက်နက်ခဲယမ်းများလည်း သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရှိရသည်။

    အထိနာနေသော စစ်တပ်က နိုဝင်ဘာလ ၆ ရက်နေ့တွင် တိုက်လေယာဉ်ဖြင့် ၄ ကြိမ်၊ နိုဝင်ဘာလ ၁၄ ရက်နေ့တွင် တိုက်လေယာဉ်ဖြင့် ၇ ကြိမ်၊ Y-12 လေယာဉ် ဖြင့် ၁ ကြိမ်၊ နိုဝင်ဘာလ ၁၅ ရက်နေ့တွင် တိုက်လေယာဉ် ဖြင့် ၂ ကြိမ်၊ နိုဝင်ဘာလ ၁၆ ရက်နေ့တွင် တိုက်လေယာဉ်ဖြင့် ၂ ကြိမ်၊ Y-12 ဖြင့် ဗုံးအလုံး ၅၀ ခန့်၊ နိုဝင်ဘာလ ၁၇ ရက်နေ့ တွင် Fighter Jet ဖြင့် ၄ ကြိမ် လေကြောင်းတိုက် ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

    အလားတူ Chinland အစိုးရ တပ်ဖွဲ့၏ စစ်ကြောင်း ၂ က Chin National Defense Force (CNDF) ၊ PDF Zoland စသည့် မိတ်ဖက်အဖွဲ့များနှင့် လက်တွဲ၍ ဖလမ်းမြို့နှင့်ဝေဘူလမြို့အကြားတွင်လည်းကောင်း၊ တီးတိန်မြို့နှင့်ခိုင်ကမ်းမြို့အကြားတွင်လည်းကောင်း စစ်ကောင်စီတပ်ကို တိုက်ခိုက်နေကြောင်း၊ စစ်တပ်က ယမန်နေ့နိုဝင်ဘာလ ၁၇ ရက်နေ့တွင် လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။