Category: News

  • စစ်တပ်၏ အတုအယောင်ရွေးကောက်ပွဲအတွက်  မဲပေးရေး လှုပ်ရှားမှုများတွင် အတင်းအကျပ် ဖိအားပေး ဆင့်ခေါ်၍ ပါဝင်ရသော အဆိုတော်နှင့် အနုပညာရှင်များကို   ဆန္ဒအလျောက် တက်ကြွစွာ ပါဝင်သူများဟု  မောင်မောင်အုန်းက  သုံးနှုန်းပြီး ဂုဏ်ယူသည်ဟု ပြောပြန်

    စစ်တပ်၏ အတုအယောင်ရွေးကောက်ပွဲအတွက် မဲပေးရေး လှုပ်ရှားမှုများတွင် အတင်းအကျပ် ဖိအားပေး ဆင့်ခေါ်၍ ပါဝင်ရသော အဆိုတော်နှင့် အနုပညာရှင်များကို ဆန္ဒအလျောက် တက်ကြွစွာ ပါဝင်သူများဟု မောင်မောင်အုန်းက သုံးနှုန်းပြီး ဂုဏ်ယူသည်ဟု ပြောပြန်

    စစ်တပ်၏ အတုအယောင်ရွေးကောက်ပွဲအတွက် မဲပေးရေး လှုပ်ရှားမှုများတွင် အတင်းအကျပ် ဖိအားပေး ဆင့်ခေါ်၍ ပါဝင်ရသော အဆိုတော်နှင့် အနုပညာရှင်များကို ဆန္ဒအလျောက် တက်ကြွစွာ ပါဝင်သူများဟု မောင်မောင်အုန်းက သုံးနှုန်းပြီး ဂုဏ်ယူသည်ဟု ပြောပြန်

    အကြမ်းဖက် စစ်တပ်၏ အတုအယောင်ရွေးကောက်ပွဲအတွက် မဲပေးရေး လှုပ်ရှားမှုများတွင် အတင်းအကျပ် ဖိအားပေး ဆင့်ခေါ်၍ ပါဝင်ရသော အဆိုတော်နှင့် အနုပညာရှင်များကို ဆန္ဒအလျောက် တက်ကြွစွာ ပါဝင်သူများဟု စစ်တပ်လက်အောက်ခံ ပြန်ကြားရေးဝန်ကြီးဆိုသူ မောင်မောင်အုန်းက စတင်သုံးနှုန်းပြောဆိုလာသည်။

    နိုဝင်ဘာလ ၁၅ ရက်နေ့ ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားတွင် ရွေးကောက်ပွဲ အောင်မြင်ရေး ဂီတအစည်းအရုံး (ဗဟို) အစီ အစဉ်ဖြင့် အသိပညာပေးနှိုးဆော်ရေး ရွေးကောက်ပွဲလှုံ့ဆော်တေး ရိုက်ကူးနေမှုကို မောင်မောင်အုန်းက သွားရောက် ကြည့်ရှုပြီးနောက် ယင်းကဲ့သို့ မောင်မောင်အုန်းက ပြောဆိုသုံးနှုန်းလာခြင်းဖြစ်သည်။

    ရွေးကောက်ပွဲ မဲပေးရေး လှုပ်ရှားမှုအတွက် ဂီတအစည်းအရုံး (ဗဟို) ဥက္ကဋ္ဌ လွင်မြင့်နှင့် အဆိုတော်များက လာရောက်ပါဝင်ခဲ့ကြပြီး ရွေးကောက်ပွဲလှုံ့ဆော်တေးသီချင်းရိုက်ကူးခဲ့ကြကြောင်း၊ “အနာဂတ်မျှော်ရည် မဲပေးမည်” သီချင်းခေါင်းစဉ်ဖြင့် တေးသံရှင်များဖြစ်ကြသည့် ရဲထိုက်၊ ကိုလတ်၊ ကြည်ဖြူခင်၊ ရွှေဖြူ၊ မို့မို့ကျော်လွင်၊ ခင်လပြည့်ဝန်းနှင့် ပုလဲသန့်သွယ်တို့ က သီဆို ရိုက်ကူးခဲ့ကြောင်း၊ ယင်းတေးသီချင်းကို အကော်ဒီယံ အောင်မင်းနိုင်က ရေးသားပြီး ဂီတမှူး အကယ်ဒမီဝင်းကိုနှင့် အဖွဲ့က တီးခတ်အသံသွင်းကြောင်း သိရှိရသည်။

    ယင်းနောက် မောင်မောင်အုန်းက ရွေးကောက်ပွဲ မဲပေးရေး ထောက်ခံ တေးသီချင်း လာရောက် ရိုက်ကူးပေးသော တေးသံရှင်များကို တွေ့ဆုံပြီး အနု ပညာရှင်များက ယခုကဲ့သို့ ဆန္ဒအလျောက် တက်ကြွစွာပါဝင်ဆောင်ရွက်မှုအပေါ် ဂုဏ်ယူအသိအမှတ်ပြုသည်ဟု ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်သည်။

    အောက်တိုဘာလ ၃၀ ရက်နေ့ အကြမ်းဖက်စစ်တပ် လက်အောက်ခံ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ချုပ်အေးကြွယ်က ရန်ကုန်မြို့ရှိ ရုပ်ရှင်လုပ်ငန်းရုံးတွင် ရုပ်ရှင်နှင့် အနုပညာရှင်အသိုင်းအ၀ိုင်းကို ခေါ်ယူတွေ့ဆုံပြီး လာမည့် ရွေး ကောက် ပွဲအတွက် စစ်တပ်က ပြုလုပ်မည့် ဝါဒဖြန့် အလိမ်အညာ စည်းရုံးရေးများတွင် ပါဝင်သရုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ လွတ်ငြိမ်းဖြင့် ပြန်လည် လွတ်မြောက်လာသော အနုပညာရှင်၊ သရုပ်ဆောင်များပါ မကျန် ပါဝင်ရမည်ဖြစ်ကြောင်း အကယ်၍ ငြင်းဆန်လျှင် အထက်အမိန့်အရ အရေးယူမည်ဟု ဖိအားပေးပြောဆိုခဲ့ခြင်းဖြစ်သည်။

    ထိုသို့ ရွေးကောက်ပွဲ ဝါဒဖြန့် လှုပ်ရှားမှုများတွင် ပါဝင်ရန် ဆက်သွယ်မှုကို အကြောင်းမပြန်သဖြင့် မင်းသမီးဖွေးဖွေးနှင့် သရုပ်ဆောင် အလင်းရောင်ကိုလည်း စစ်တပ်က ခေါ်ယူ စစ်ဆေးမှုများ လုပ်ဆောင်ခဲ့သေးသည်။

    စစ်တပ်က ထုတ်လွှင့်ပြသခဲ့သော “ခေတ်သမိုင်းကို ဒုန်းစိုင်းမည့်သူများ” ရွေး ကောက်ပွဲဆိုင်ရာ အလိမ် အညာဝါဒဖြန့် ဇာတ်လမ်းကို လူမှုကွန်ရက်မှတစ် ဆင့် ဝေဖန်သည်ဟုဆိုကာ ဒါရိုက်တာ မိုက်တီး(ခ)သန်းထွန်းဇော်၊ ဇာတ်ပို့ သရုပ်ဆောင် ကျော်ဝင်းထွဋ်(ခ)ကျော်မင်းထွဋ်နှင့် ဟာသ သရုပ် ဆောင် အုန်းဒိုင်း(ခ)ဇော်မြင့် ၊ ဒါရိုက်တာ အောင်ချမ်းလူ၊ ရုပ်ရှင်ဒါရိုက်တာသက်လွင်(ခ) ဇမ္ဗူထွန်းသက်လွင် တို့ကို စစ်တပ်က ဖမ်းဆီးထားပြီး ရွေး ကောက်ပွဲ နှောင့်ယှက်သူများ ဥပဒေဖြင့် အမှုဖွင့်ထားသည်။

    မောင်မောင်အုန်းက စစ်တပ်၏ အတုအယောင် ရွေးကောက်ပွဲ မဲပေးရေး လှုပ်ရှားမှုများ ရိုက်ကူးရေးများတွင် ကိုယ်တိုင် ကိုယ်ကျ လာရောက် ကြည့်ရှုခြင်းဖြင့် မင်းအောင်လှိုင်၏ မျက်နှာသာပေးမှုကို ရရန် ကြိုးပမ်းနေကြောင်း ပြန်ကြားရေးနှင့် နီးစပ်သော သတင်းရင်းမြစ်တချို့က ဆိုသည်။

    “မောင်မောင်အုန်းက သရုပ်ဆောင်၊ အဆိုတော်တွေ ဆိုင်းဘုတ် ကိုင်ပြီး ရိုက်မယ့်နေ့ က လာဖို့ စီစဉ်ထားတာ။ မင်းသားမင်းသမီးတွေ၊ အဆိုတော်တွေ ကို တစ်ယောက်ချင်းစီကို ကိုင်တိုင်နှုတ်ဖို့ရော၊ အုပ်စုလိုက် မိန့်ခွန်းခြွေ ၊ စုပေါင်း ဓါတ်ပုံရိုက်ဖို့ နဲ့ သူ ဒီအနုပညာရှင်တွေ ကို ဘယ်လို စည်းရုံးထားပါတယ် ၊ ဘယ်လိုတွေ ဆောင်ရွက်နေပါတယ်ဆိုပြီး မအလ ကို မျက်နှာချိုသွေးပြီး မျက်နှာလို မျက်နှရလုပ်ဖို့ အစီစဉ်ရှိခဲ့ပေမယ့် တကယ်ရိုက်ကူးရေးနေ့မှာ မောင်မောင်အုန်းက မလာဖြစ်တော့ဘူး။ သူလာမယ့် အစီအစဉ်ပျက်သွားတယ်။ နေပြည်တော်မှာ အရေးပေါ်ကိစ္စ ရှိလို့ ဆိုပြီး အားချင်းသွားလိုက်ရလို့ ။ အဲဒါကြောင့် အဆိုတော်တွေနဲ့ “အနာဂတ်မျှော်ရည် မဲပေးမယ်” ဆိုတဲ့သီချင်း ရိုက်ကူးချိန်မှာ လာတာ။ နိုဝင်ဘာ ၁၅ နေ့ ရန်ကုန် ပြည်လမ်း မြန်မာ့အသံမှာ ရိုက်တဲ့ ရိုက်ကူးရေးကိုတော့ မင်းသားကြီးက မင်းသား လာလုပ်ပြီး သူ့ပထွေး မအလ ကို မျက်နှာလုပ်ပြီး အစီရင်ခံတယ်” ဟု အနုပညာအသိုင်းအ၀ိုင်း သတင်းရင်းမြစ်က ပြောဆိုသည်။

    အကြမ်းဖက်စစ်တပ်က လာမည့် ဒီဇင်ဘာလ ၂၈ ရက်​နေ့အတွင် အတုအယောင် ရွေးကောက်ပွဲ ပထမပိုင်းကို စတင်ပြုလုပ်မည်ဟု ထုတ်ပြန်ကြေညာထားသည်။

  • ကြံ့ခိုင်ရေးပါတီ မဲဆွယ်ဆိုင်းဘုတ် စောင့်ကြည့်ရန် ဘေးတွဲမောင်းသူများကို စေခိုင်း

    ကြံ့ခိုင်ရေးပါတီ မဲဆွယ်ဆိုင်းဘုတ် စောင့်ကြည့်ရန် ဘေးတွဲမောင်းသူများကို စေခိုင်း

    ရန်ကုန်တိုင်းက မြို့နယ်တချို့မှာ စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးပါတီရဲ့ မဲဆွယ်ဆိုင်းဘုတ်တွေ ဖျက်ခံရတာ မဖြစ်ရအောင် ဘေးတွဲမောင်းသူနဲ့ သတင်းပေးတချို့ကို အလှည့်ကျစောင့်ကြည့်ဖို့ စေခိုင်းထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

    ရွေးကောက်ပွဲ ဝင်ပြိုင်မယ့်ပါတီတွေက မဲဆွယ်ဆိုင်းဘုတ်တွေ စိုက်ထူလာကြသလို အဲဒီဆိုင်းဘုတ်တွေ ဖျက်ဆီးခံရတာတွေလည်း ရှိလာတဲ့အတွက် ဖျက်ဆီးခံရတာ အများဆုံး ကြုံတွေ့နေရတဲ့ ကြံ့ခိုင်ရေးပါတီက ရပ်ကျေးအုပ်ချုပ်ရေးမှူးရုံးတွေကတဆင့် စောင့်ကြည့်ခိုင်းတာတွေ လုပ်နေတာလို့ ဆိုပါတယ်။

    သင်္ဃန်းကျွန်းမြို့နယ်မှာ အနှေးယာဉ်လုပ်သားတယောက်က “ဘေးတွဲမောင်းတဲ့သူတွေ အလှည့်ကျ ဆိုင်းဘုတ်လုံခြုံရေး စောင့်ရမယ်ဆိုလို့ ညစ်နေကြတယ်လေ။ ဒီအတိုင်း ထိုင်စောင့်ခိုင်းတာမျိုးတော့ မဟုတ်ဘူး၊ အနီးဝန်းကျင်မှာ ရှိနေရမယ်လို့ ခိုင်းထားတယ် ပြောတာပဲ” လို့ ပြောပါတယ်။

    ရန်ကုန်မြို့မှာ ကြံ့ခိုင်ရေးပါတီရဲ့ မဲဆွယ်ဆိုင်းဘုတ် ဖျက်ဆီးခံနေရလို့ ရဲတပ်ဖွဲ့က လုံခြုံရေးပေး စောင့်ကြည့်ဖို့ ညွှန်ကြားမှုရှိတယ် ဆိုတဲ့သတင်း ထွက်နေပေမဲ့ နယ်မြေမှာရှိတဲ့ ရဲအင်အားနဲ့ အချိန်ပြည့် စောင့်ကြည့်ပေးနေဖို့ မဖြစ်နိုင်တဲ့အတွက် အရပ်သားထဲက ဖိအားပေးခိုင်းလို့ ရမယ့်သူတွေကို ပြန်ခိုင်းထားတဲ့သဘော ဖြစ်တယ်လို့ အုပ်ချုပ်ရေးပိုင်းနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

    “သီးခြားညွှန်ကြားချက်နဲ့ ခိုင်းတာမျိုး မဟုတ်ဘူး။ ရပ်ကွက်ရုံးတွေက အဆင်ပြေသလို သူတို့နဲ့ မကင်းတဲ့သူတွေကို တာဝန်ပေးတဲ့သဘော။ မဟုတ်လို့ သူ့အပိုင်ထဲမှာ တခုခုဖြစ်သွားရင် အကြိတ်ခံရမှာလေ။”

    စစ်ကောင်စီက ရွေးကောက်ပွဲ မဲဆွယ်ကာလ မတိုင်ခင်ကတည်းက ဘေးတွဲမောင်းသူနဲ့ ဥပဒေနဲ့ မလွတ်ကင်းတဲ့လုပ်ငန်း လုပ်နေသူတွေကို လိုအပ်တဲ့နေရာတွေမှာ အသုံးချနိုင်အောင် အောက်ခြေ အုပ်ချုပ်ရေးအဖွဲ့တွေက လက်သပ်မွေးနိုင်ဖို့ လမ်းဖွင့်ပေးထားခဲ့တာ ရှိပါတယ်။

    အဲဒီနောက် ဘေးတွဲမောင်းသူတွေကို ပြည်သူ့လုံခြုံရေးအဖွဲ့ထဲဝင်မှ အဖမ်းအဆီးမခံရစေဘဲ ဆက်လုပ်ခွင့်ပေးမယ်လို့ အကျပ်ကိုင်ပြီး အဖွဲ့ဝင်နံပါတ်တွေ ထုတ်ပေးခဲ့သလို လုံခြုံရေးပိုင်းနဲ့ ညပိုင်း ကင်းလှည့်တာ၊ ဧည့်စာရင်းစစ်တာတွေမှာ အလှည့်ကျ လိုက်ခိုင်းတာမျိုး ရှိခဲ့ကာ အခု စစ်အုပ်စုရဲ့ ကျောထောက်နောက်ခံပါတီအတွက်ပါ အသုံးချလာတာ ဖြစ်ပါတယ်။

    အာဏာသိမ်းစစ်တပ်က လုပ်မယ့် ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ထားပါတယ်။

  • အာဏာသိမ်းကာလ ကြံ့ဖွံ့ပါတီဝင် ၁,၀၀၀ ကျော် အသတ်ခံရကြောင်း ဦးခင်ရီပြော

    အာဏာသိမ်းကာလ ကြံ့ဖွံ့ပါတီဝင် ၁,၀၀၀ ကျော် အသတ်ခံရကြောင်း ဦးခင်ရီပြော

    အာဏာသိမ်းကာလအတွင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဝင် ၁,၀၀၀ ကျော် အသတ်ခံခဲ့ရကြောင်း ပါတီဥက္ကဌ ဦးခင်ရီက နိုဝင်ဘာလ ၁၃ ရက်နေ့က နေပြည်တော်၊ ဇေယျာသီရိ မြို့နယ်မှ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့်တွေ့ဆုံရာတွင် ပြောသည်။

    အဆိုပါတွေ့ဆုံပွဲတွင်ပြောဆိုသည့် ရုပ်သံဖိုင်ကို ယမန်နေ့ (နိုဝင်ဘာ ၁၅)တွင် ကြံ့ဖွံ့ပါတီကဖော်ပြရာ ဦးခင်ရီက “တပ်မတော်ကိုထောက်ခံမိရင် ပြည်ခိုင်ဖြိုးပါတီဝင်ဖြစ်လို့ရှိရင် အသတ်ခံရတဲ့သဘောဖြစ် နေတယ်။ ငါနဲ့မတူငါ့ရန်သူလို့ ဖြစ်နေတဲ့သဘောရှိတယ်။ ဟုတ်တယ်မလား။ ကျွန်တော်ခုနကပြောတယ် ကျွန်တော်တို့ပါတီဝင် ၁,၀၀၀ ကျော်သေသွားပြီ” ဟု ပြောသည်။

    အသတ်ခံရသည့် ပါတီဝင်များအတွက် ပေးဆပ်ပေးရန်လိုသည်ဟုလည်း ၎င်းက ဆက်ပြောသည်။

    “အဲ့ဒီလူတွေအတွက် သူတို့မှာ ဘာဆန္ဒတွေရှိကြလဲ။ သူတို့ ဝိဉာဉ်လောကကို ရောက်သွားပြီ။ ပိုမိုမြင့်မား တဲ့နေရာတခု အေးချမ်းတဲ့ဘဝတခုကို သူတို့လိုချင်ကြမှာပဲ။ သူတို့အတွက် ကျွန်တော်တို့က ဘာလုပ်ပေး ဖို့လိုလဲ။ သူတို့အတွက် ကျွန်တော်တို့ ပေးဆပ်ပေးဖို့လိုတယ်” ဟု ဆိုသည်။

    ထို့နောက် ဦးခင်ရီက ၎င်းတို့ပါတီအတွက် မဲဆွယ်ပြောဆိုခဲ့သည်။

    ကြံ့ဖွဲ့ပါတီသည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် မတ်လထဲတွင် အသတ်ခံရသည့်ပါတီဝင်များအတွက် အထိမ်းအ မှတ်ကျောက်တိုင်ဟုဆိုသည့် ကျောက်တိုင်တခုကို နေပြည်တော်ရှိ ကြံ့ဖွံ့ရုံးချုပ်တွင် စိုက်ထူခဲ့ဖူးသည်။

    အဆိုပါ ကျောက်တိုင်ဖွင့်ပွဲတွင် ထိုစဉ်က ကြံ့ဖွံ့ဥက္ကဌ ဦးသန်းဌေးက အာဏာသိမ်းချိန်ကစပြီး ၂၀၂၂ ခုနှစ် မတ်လ ၂၆ ရက်နေ့အထိ ကြံ့ဖွံ့ပါတီဝင်နှင့် ဝန်းရံထောက်ခံသူပေါင်း ၁,၃၂၇ ဦးသေဆုံးခဲ့ကြောင်း ပြောဆိုခဲ့ဖူးသည်။

    ထို့ပြင် ထိုကျောက်တိုင်တွင် “အစွန်းရောက် NLD ပါတီ၏ အာဏာတပ်မက်မှုကြောင့် ဖြစ်ပေါ်လာသည့် အကြမ်းဖက်စနစ်ဆိုးတွင် သားကောင်ဖြစ်ခဲ့ရခြင်းအတွက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အနေဖြင့် ပါတီဝင်တို့၏ မိသားစုနှင့်အတူ ထပ်တူ ကြေကွဲဝမ်းနည်းရပါသည်” ဟုဆိုကာ ရွေးကောက်ခံ ရသော်လည်း အာဏာသိမ်းဖယ်ရှားခံရသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီကို အပြစ်တင် စကား ထည့်သွင်းရေးထိုးခဲ့သည်။

    ၂၀၂၀ ပြည့်နှစ်အထွေထွေရွေးကောက်ပွဲတွင် NLD ပါတီနှင့် ကြံ့ဖွံ့ပါတီက မဲဆန္ဒနယ်အားလုံးနီးပါးတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ကြံ့ဖွံ့ပါတီက ၇၁ နေရာသာအနိုင်ရပြီး NLD ပါတီက မဲဆန္ဒနယ် ၉၂၀ အနိုင်ရရှိခဲ့ သည်။

    သို့သော် ထိုသို့အနိုင်ရခြင်းမှာ မဲသမမာမှုကြောင့်ဟု ကြံ့ဖွံ့ပါတီနှင့် စစ်တပ်ကစွပ်စွဲခဲ့ပြီး လွှတ်တော် ခေါ် ယူကျင်းပမည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် မဲစာရင်းအကြောင်းပြကာ စစ်တပ်က အာဏာသိမ်းခဲ့သည်။

    လက်ရှိတွင် စစ်ကော်မရှင်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် NLD ထိပ် ပိုင်းခေါင်းဆောင်များကို ဖမ်းဆီးထောင်ချထားပြီး NLD ပါတီကို ဖျက်သိမ်းကြောင်း ကြေညာထားကာ လာမည့်ဒီဇင်ဘာလတွင် ၎င်းတို့ခွင့်ပြုထားသည့် ပါတီများနှင့် ရွေးကောက်ပွဲလုပ်ရန်စီစဉ်နေရာ ကြံ့ဖွံ့ ပါတီက ကိုယ်စားလှယ်လောင်းအင်အားအများဆုံးဖြင့် ဝင်ရောက်ယှဉ်ပြိုင်ရန် စာရင်းပေးထားသည်။

    အာဏာသိမ်းကာလအတွင်း NLD ပါတီဝင်များမှာလည်း စစ်တပ်၏ ဖမ်းဆီးသတ်ဖြတ်ခံရခြင်း၊ အကျဉ်း ထောင်များတွင် သေဆုံးခြင်းတို့ရှိခဲ့ပြီး ပြည်သူများအနေဖြင့်လည်း လေကြောင်းတိုက်ခိုက်ခံရခြင်း အပါ အဝင် စစ်ကော်မရှင်၏ တိုက်ခိုက်မှုများကြောင့် သေဆုံးမှုများနေ့စဉ်ဖြစ်ပွားလျက်ရှိသည်။

    နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP)၏ ထုတ်ပြန်ချက်အရ အာဏာသိမ်း ကာလ ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ် နိုဝင်ဘာလ၁၄ ရက်နေ့အထိ စစ်ကော်မရှင်နှင့် ၎င်း၏ လက်ပါးစေများ ကြောင့်သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်း ၇,၄၀၀ ကျော်ရှိကြောင်း သိရသည်။

  • ရန်ကုန်မှာ ကြံ့ခိုင်ရေးရုံးကို ဗုံးနဲ့ တိုက်ခိုက်

    ရန်ကုန်မှာ ကြံ့ခိုင်ရေးရုံးကို ဗုံးနဲ့ တိုက်ခိုက်

    ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်မှာ ကြံ့ခိုင်ရေးရုံးကို မနေ့ညက ဗုံးတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ မြို့ပြကြွက်က ထုတ်ပြန်ပါတယ်။

    ဒီတိုက်ခိုက်မှုမှာ ကြံ့ခိုင်ရေးရုံးဂိတ်ရှိ စစ်သားနှစ်ဦးက ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ မြို့ပြကြွက်ထုတ်ပြန်ချက်အရ သိရပါတယ်။

    မြို့ပြကြွက်တာဝန်ရှိသူက “ စခ ၂ ပြည်သူစစ် ၂ နှစ်ဦး ထိခိုက်တယ်လို့ သတင်းရတယ်” လို့ ပြောပါတယ်။

    မြို့ပြကြွက်အနေနဲ့ စစ်အုပ်စု၏ အကြမ်းဖက်သွေးစွန်းမှုများကို တရားဝင်ဖြစ်ရေး အသည်းအသန်ကြိုးပမ်းမှုများကို တားဆီးရန် နဲ့ စစ်အုပ်စု၏ပြည်သူအပေါ် မတရားဖမ်း ဆီးစစ်မှုထမ်းခိုင်းနေမှုများကို လက်တုန့်ပြန်တိုက်ခိုက်သွားမည်ဖြစ်တဲ့အတွက် စစ်အုပ်စု အလိုကျဘောမနေမှုများကို ရပ်တန့်ကြရန် သတိပေးတယ်လို့ ထုတ်ပြန်ထားပါတယ်။

    Photo – မြို့ပြကြွက်

  • KK Park စီးနင်းမှုနောက်ကွယ် BGF ဘာတွေဆက်ကြံစည်နေလဲ

    KK Park စီးနင်းမှုနောက်ကွယ် BGF ဘာတွေဆက်ကြံစည်နေလဲ

    ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက် KK Parkအွန်းလိုင်းငွေလိမ်ကျားဖြန့်လုပ်ငန်းသည် အကြမ်းဖက် စစ်ကောင်စီတပ်နှင့်BGFတပ်တို့အကြားညှိနိုင်းကာစီးနင်းမှုတစ်ရပ်လုပ်ဆောင်ခဲ့သည်။

    KK Park ကျားဖြန့်လုပ်ငန်းလုပ်ကိုင်သည့်အလုပ်ရုံတွင် BGFတပ်ဖွဲ့များမှ လုံခြုံရေးအကြောင်းပြချက်ဖြင့် အဓိကကျားဖြန့်လုပ်ငန်းလုပ်ကိုင်သူများလုံခြုံသည့်နေရာသို့အသီးသီးပြောင်းရွေ့ထားသည်ဟုလည်း စုံစမ်းသိရှိရသည်။

    ကျားဖြန့်လုပ်ငန်းချုပ်နှောင်မှုမှလွတ်မြောက်ရန် ကြိုးစားနေသူသာမန်လုပ်သားများသည် ဒီဖြစ်စဉ်အခင်းအကျင်းအပေါ် လွတ်မြောက်မှုလမ်းစတစ်ခုအဖြစ် အသုံးချကာ လွတ်မြောက်ရာ ဒေသနှင့်နီးစပ်ရာထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်လာသည်မှာ ၁၄၀၀ ဦးထက်မနည်းရှိသည်။

    ထိုင်းနိုင်ငံနဲ့နယ်နိမိတ်ထိစပ်နေသည့် မြန်မာနှင့်ကမ္ဗောဒီးယားနိုင်ငံမှ ကျားဖြန့်လုပ်ငန်းသည် အိမ်ရှင်နိုင်ငံ ခရိုနီအပါအဝင် တရုတ်စီးပွားရေးသမားများနှင့် ထိုင်းနိုင်ငံစီးပွားရေးသမားအချို့လည်း လျှို့ဝှက်ပတ်သက် ဆက်နွယ်နေသည်ဟု ထိုင်းနိုင်ငံဆိုင်ရာအစိုးရအဖွဲ့အစည်းနဲ့နီးစပ်သည့် သတင်းအရင်းမြစ်များမှသုံးသပ် ပြောဆိုမှုများရှိနေသည်။

    ၎င်းလုပ်ငန်းများ ပပျောက်နိုင်ဖို့ရာ အင်မတန်ခက်ခဲပြီး အိမ်နီးချင်း ထိုင်းနိုင်ငံအစိုးရအနေဖြင့် ဝိုင်းဝန်းကိုင်တွယ်ဖြေရှင်းနိုင်လိမ့်မည်မဟုတ်ဟု အဆိုပါသတင်းအရင်းမြစ်များမှသုံးသပ်ပြောဆိုထားသည်။

    ကရင်ပြည်နယ်တွင် ကျားဖြန့်လုပ်ငန်းအား အဓိက စတင်ဝင်ရောက်လုပ်ကိုင်သည့် တရုတ်လူမျိုး ရှိကျိကျန်းသည် အွန်လိုင်းကျားဖြန့်လုပ်ငန်းထူထောင်ရာမှာ ကရင်နယ်ခြားစောင့်တပ်(BGF)၊အကြမ်းဖက် စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဦးဆောင်စစ်တပ်တို့နဲ့ပါဝင်ပတ်သက်မှုများရှိနေသည်ဆိုတာ မမှားလောက်ပေ။

    KK Park စီးနင်းမှုသည် နားလည်မှုဖြင့် စီးနင်းမှုလုပ်ဆောင်ရာမှာ အာစီယံနှင့် နိုင်ငံတကာအလယ်တွင် နိုင်ငံရေးအမြတ်ထုတ်မှုနှင့် KK Park နှင့်ပြည်တွင်းရှိ ကျားဖြန့်လုပ်ငန်းနှိမ်နင်းမှုများဟန်ပြလုပ်ဆောင်မှုနှင့် အတူ စတားလင့် (star Link)စက်ဟောင်းများနှင့် ကျားဖြန့်အလုပ်ရုံမိုင်းဖေါက်မှုများ ယုတ္တိတန်အောင် လုပ်ဆောင်ဇတ်ဆင်နေခြင်းသာဖြစ်သည်ကိုတွေ့ရမည်ဖြစ်သည်။

    စစ်ကောင်စီသည် ကျားဖြန့်လုပ်ငန်းမှ အကျိုးအမြတ်ခံစားရရှိသည်ဟု လေ့လာသုံးသပ်ပြောဆိုမှုတွေရှိ နေသည်။ BGFတပ်ဖွဲ့များလုပ်ကိုင်သည့် ကျားဖြန့်လုပ်ငန်းသည် အကြမ်းဖက်စစ်ကောင်စီမှ လုံခြုံရေးထိပါးနှောက်ယှက်မှုမရှိသည်မှာ BGF လစဉ်ရရှိသည့် ကျားဖြန့်လုပ်ငန်းငွေကြေးများသည် စစ်ကောင်စီထံသို့ ရာခိုင်နှုန်းဖြင့်ပေးဆောင်နေရသည်ဟု သုံးသပ်သူများဆိုသည်။

    KNU ကရင်အမျိုးသားအစည်းအရုံးသည် ကရင်ပြည်နယ်အတွင်းရှိ KK Park ကျားဖြန့်လုပ်ငန်းနှင့် ပတ်သက်ဆက်နွယ်သည့် ခေါင်းဆောင်အချို့လည်းရှိသည်မှာ ပါဝင်လက်မှတ်ရေးထိုးခဲ့သည့် သက်သေသည်လုံးဝငြင်းဆိုမရသည့်အချက်ပေဖြစ်သည်။

    KNU အဖွဲ့အစည်းတစ်ခုလုံးကိုယ်စားပြုသည့်ဝင်ရောက်လက်မှတ်ထိုးချင်းမျိုးမဟုတ်ဘဲ စီးပွားရေး အကျိုးစီးပွားတစ်ခုတည်းသာ ရှုမြင်သည့် ပုဂ္ဂိုလ်ရေးအရ ပတ်သက်ဆက်နွယ်မှုသာဖြစ်သည်။ အောက်တိုလာလ ၂၆ရက်နေ့စွဲဖြင့် KNUဗဟို၏ထုတ်ပြန်ချက်မှာ ကျားဖြန့်လုပ်ငန်းသည် KNU အဖွဲ့အစည်းအနေဖြင့်ပတ်သက်ဆက်နွယ်ခြင်းမရှိဟုငြင်းဆိုထားသည်မှာ အားလုံးနားလည် သဘောပေါက်ကြမည်ဖြစ်သည်။

    လွန်ခဲ့သည့် ကွန်ဂရက်ကာလသက်တမ်း KNU ဉက္ကဌဟောင်းစောမူတူးစေးဖိုး တာဝန်ယူခဲ့စဉ်တွင် ဗဟိုကောင်မတီဝင်များအကြား ကျားဖြန့်တွင် ပါဝင်ပတ်သက်မှုများရှိနေသည်ဟု သတင်းထွက်ရှိမှုအပေါ် ပြည်တွင်းပြည်ပ ကရင်လူမှုအဖွဲ့အစည်းများ ဖြေရှင်းချက်ပေးရန်တောင်းဆိုကြခဲ့ကြသည်။

    KNU ဗဟိုကော်မတီအုပ်ချုပ်ရေးပိုင်းရှိခေါင်းဆောင်အချို့သည် ကျားဖြန့်လုပ်ငန်းနှင့်ပါဝင်ပတ်သက် ဆက်နွယ်မှုရှိသည်ဟုသတင်းထွက်ပေါ်လာသည့်အပေါ် ခေါင်းဆောင်များအနေဖြင့် တိကျမှန်ကန်တဲ့ ဖြေရှင်းချက်ပေးပြီးမှသာလျှင် ကွန်ဂရက်တက်ရောက်မည်ဟု KNLA ဒုစစ်ဦးစီးချုပ် ဒု-ဗိုလ်ချုပ်ကြီး စောဘောကျော်ဟဲအပါအဝင် KNU တပ်မဟာ ၅ နှင့် ၂ အနေဖြင့် တက်ရောက်ခဲ့ခြင်းမရှိဟု ပြတ်ပြတ် သားသားငြင်းဆိုကွန့်ကွက်ခဲ့ကြသည်။

    KNU မိခင်အဖွဲ့အစည်းမှ ခွဲထွက်သည့် ကရင်လက်နက်ကိုင်အဖွဲ့များ ကျားဖြန့်လုပ်ငန်းအဓိကလုပ်ကိုင်လာ သည့် BGF၊DKBA၊PC အဖွဲ့တို့သည် ငွေလိမ်ကျားဖြန့်လုပ်ငန်းမှ ငွေကြေးအကျိုးအမြတ်များရရှိသည်မှာ သိရှိနားလည်လာပြီး ကျားဖြန့်လုပ်ငန်း နှိမ်နင်းသည်ထက် ပိုမိုအားကောင်းလာအောင် ဆက်လက်ဆောင် ရွက် ဦးတည်သွားနေသည်ကိုတွေ့ရှိရသည်။

    KK Park ကျားဖြန့်‌ငွေလိမ်လုပ်ငန်းလုပ်ကိုင်သည့်နေရာအား သရုပ်ပြစီးနင်းမှုဖေါက်ခွဲဖျက်စီးသော်လည်း ၎င်းဒေသအနီးတစ်ဝိုက်တွင် ကျားဖြန့်လုပ်ငန်းအများအပြားရှိနေသည်။ ဘုရားသုံးဆူဒေသတွင်လည်း ကျားဖြန့်လုပ်ငန်းများလုပ်ကိုင်လျှက်ရှိနေသည်။

    ကရင်ပြည်နယ်တွင် ကျားဖြန့်လုပ်ငန်းများအနက် BGF ခေါင်းဆောင် ဗိုလ်မုတ်သုန်‌ထိန်းချုပ်သည့်နေရာနှင့် ဗိုလ်ချစ်သူ ထိန်းချုပ်သည့်ရွေကုက္ကိုလ်ဒေသတို့သည် ကာစီနို ကျားဖြန့် အွန်လိုင်းငွေလိမ်လုပ်ငန်း လုပ်ကိုင်သည့်နေရာသည် KK Park ကျားဖြန့်လုပ်ငန်းထက် လုပ်ငန်းလည်ပတ်သည်ဟု နယ်မြေခံ သတင်းအရင်းမြစ်တစ်ဦးမှပြောပါသည်။

    KK Park အပါအဝင် ရွှေကုက္ကိုလ် ကျားဖြန့်လုပ်ငန်းလုပ်ကိုင်သည့်နေရာသည် NLDအစိုးရလက်ထက်တွင် ၎င်းနေရာများအား ဒေသဖွံ့ဖြိုးရေးအတွက် စာသင်ကျောင်း၊ ဆေးရုံ၊ဆေးခန်း၊ ဈေးဝယ်စင်တာများ၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများအတွက်တည်ဆောက်ရန် အစိုးရထံမှခွင့်ပြုမိန့် တောင်းခံသည့် အားလျော်စွာ သင့်တော်သည့်တောင်းဆိုချက်အပေါ် ခွင့်ပြုသင့်သည်ဟု မှတ်ယူကာ တည်ဆောက်ခွင့် ပြုခဲ့သည်။

    ၂၀၂၁အကြမ်းဖက်စစ်ခေါင်းဆောင် မတရားအာဏာသိမ်း သည့်နောက်ပိုင်းတွင် ဒေသအတွင်းတည်ဆောက် လုပ်ဆောင်သည့်ဖွံ့ဖြိုးရေးလုပ်ငန်းများသည် ကျားဖြန့်လုပ်ငန်းအသွင်ဖြင့် ပိုမိုကျယ်ပြန့်လုပ်ကိုင်လာသည် မှာ ယနေ့အထိပင်ဖြစ်သည်။

    အကြမ်းဖက်စစ်ခေါင်းဆောင်အာဏာသိမ်းသည့်နောက်ပိုင်းတွင် နိုင်ငံတာကာ စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှု နှင့်အတူနိုင်ငံပိုင်စီးပွားရေးဘက်ပေါင်းစုံအခက်ရင်ဆိုင်နေရချိန်မှာ ကျားဖြန့်လုပ်ငန်းသည် စစ်ခေါင်းဆောင် မင်းအောင်လှိုင်တပ်အတွက်‌ စစ်အသုံးစားရိတ်အတွက် အသက်ရှုပေါက်တစ်ခုဟုလည်းဆိုရသည်မှာ မမှားပေ။

    နိုင်ငံတာကာနှင့် အာဆီယံ နိုင်ငံများအကြား နိုင်ငံရေးအမြတ်ထုတ်မှုလုပ်ဇတ်သည် KK Park ကျားဖြန့် လုပ်ငန်းနေရာတွင် ကျားဖြန့်လုပ်ငန်းရပ်တန့်နိုင်သော်လည်း ကျားဖြန့်လုပ်ငန်းသည် ထပ်မံဆက်လက် ရှင်သန်ရန်ခြေလှမ်းပြင်ဆင်နေသည်။

    ကျားဖြန့်လုပ်ငန်းလုပ်ကိုင်သည့် BGFခေါင်းဆောင် စောချစ်သူအပါအဝင် BGFခေါင်းဆောင်များသည် ကရင်အချင်းချင်းမတိုက်လိုသည့်အပြင် စစ်ကောင်စီဘက်တွင်လည်း စစ်ရေးပါဝင်ပတ်သက်မှုမရှိဘဲ ရပ်တည်မည်ဟု ကြွေးကြော်ထားပြီး KNU ထိပ်ပိုင်းခေါင်းဆောင်များနှင့် ယုံကြည်မှုတည်ဆောက်ကာ KNU ဗဟိုသို့အကြိမ်ကြိမ်လာရောက်တွေ့ဆုံဆွေးနွေးမှုများလုပ်ဆောင်ခဲ့သည်။

    BGF မှ Karen National Army (KNA) အဖြစ်ပြောင်းလဲဖွဲ့စည်းခဲ့သော်လည်း ဗိုလ်ချစ်သူသည် တော်လှန်ရေးတပ်နှင့်တိုင်းရင်းသားမဟာမိတ်တပ်များအပေါ်ရိုးသားမှုမရှိဘဲ အခွင့်ကောင်းယူကာ စစ်ကောင်စီအတွက် အသုံးချသွားသည်ကိုတွေ့ရှိရသည်။

    လက်ရှိတွင် ကရင်ပြည်နယ်အတွင်းရှိ မယ်တရေဒေသနှင့် မြိုင်ကြီးငူအပါအဝင် မဲတဝေါလမ်းဒေသဘက်သို့ ကျားဖြန့်လုပ်ငန်းဆက်လက်ရှင်သန်လုပ်ကိုင်ရန် ကြိုးစားနေသည်ဟု သတင်းများထွက်ပေါ်နေသည်။

    ပုံဟောင်းများ