ဒေါ်အောင်ဆန်းစုကြည်အား နေပြည်တော်ရှိ အထူးဆောက်ထားသော အိမ်သို့ ရွှေ့ပြောင်းထား နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား နေပြည်တော်ရှိ သီးသန့်ထောင်သဖွယ် အထူးဆောက် လုပ်ထားသောအိမ်သို့ ပြီးခဲ့သည့် သင်္ကြန်အတက်နေ့ (ဧပြီ ၁၆ရက်)က အရေးပေါ် ပြောင်းရွှေ့ခဲ့ကြောင်း စုံစမ်းသိရသည်။ ယင်းနေအိမ်သည် နေပြည်တော်ရှိ စစ်တပ်နယ်မြေအတွင်း တိုက်ရိုက်တည်ရှိခြင်းမဟုတ်ဘဲ စစ်တပ်မိသားစုများ နေထိုင်ရာမြို့နယ်တွင် တည်ရှိကြောင်း၊ သိသာထင်ရှားသည့် အလွန်မြင့်မားသော ခြံစည်းရိုးများကို ပတ်ပတ်လည်ခတ်ထားကြောင်း သိရသည်။ ထို့အဆောက်အအုံမှာ ဒေါ်အောင်ဆန်းစုကြည် မပြောင်းရွှေ့မီ အရေးပေါ် အမြန်အချောသတ် ဆောက်လုပ်ခဲ့ခြင်းဖြစ် နိုင်ကြောင်း သတင်းရင်းမြစ်က ပြောသည်။ ဒေါ်အောင်ဆန်းစုကြည် ပြောင်းရွှေ့ပြီး နောက်တရက် နှစ်ဆန်းတရက်နေ့ (ဧပြီ ၁၇ ရက်)တွင် သမ္မတ ဦးဝင်းမြင့်ကို လက်ရှိကျခံနေသည့် ပြစ်ဒဏ်များမှ လွတ်ငြိမ်းခွင့်ပြုခဲ့သည်။ ပြီးခဲ့သည့် ဧပြီ ၂၅ […]