ဖြူးမြို့နယ်၊ သစ်ချောက်ခင်ရွာနှင့် ရှားပင်ညောင်ရွာ စက်လှေဆိပ်ကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၄ ဦးသေဆုံး ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ သစ်ချောက်ခင်ရွာနှင့် ရှားပင်ညောင်ရွာ စက်လှေဆိပ်ကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၄ ဦးသေဆုံးခဲ့ကြောင်း ဒေသပြည်သူများကပြောဆိုသည်။ ယနေ့ မေလ ၇ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် ဖြူးမြို့နယ် သစ်ချောက်ခင်ရွာနှင့် ရှားပင်ညောင်ရွာ စက်လှေဆိပ်များကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှု အတွင်း ထန်းတပင်မြို့နယ်၊ ဘွားအေစုကျေးရွာမှ စက်လှေလုပ်သားများဖြစ်သော ကိုဇော်ဝင်းထွဋ် ၊ ကိုသံခဲ၊ ကိုစိုင်းကိုကိုနှင့် ကိုဝကြီး […]