Category: News

  • သီတာယုမွန်အဖွဲ့မှ ပျူစောထီးများ လိုက်ပါလာသည့်ကားကို ကြားဖြတ် တိုက်ခိုက်

    သီတာယုမွန်အဖွဲ့မှ ပျူစောထီးများ လိုက်ပါလာသည့်ကားကို ကြားဖြတ် တိုက်ခိုက်

    မြင်းခြံမြို့နယ်တွင် ပြည်သူ့စစ်ခေါင်းဆောင် သီတာယုမွန်အဖွဲ့မှ ပျူစောထီးများ လိုက်ပါလာသည့်ကားကို ကြားဖြတ် တိုက်ခိုက်မှု ၅ ဦး သေဆုံးပြီး သေနတ် ၃ လက် နှင့် ခဲယမ်းများ သိမ်းဆည်းရမိ

    မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် ပြည်သူ့စစ်ခေါင်းဆောင် သီတာယုမွန်အဖွဲ့မှ ပျူစောထီးများ လိုက်ပါလာသည့် ကားကို ကြားဖြတ်တိုက်ခိုက်ရာ ၅ ဦးပွဲချင်းပြီး သေဆုံးပြီး သေနတ် ၃ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) မှ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ရဲဘော်မှိုင်းက ပြောဆိုသည်။

    နိုဝင်ဘာလ ၂၉ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် မြင်းခြံမြို့နယ် ပြည်သူ့စစ်ခေါင်းဆောင် သီတာယုမွန်မှ ပျူစောထီးများ လိုက်ပါလာသောကားကို Pakokku Special Task Force ပခုက္ကူမြို့နယ် တပ်ရင်း ၁ မှ ရဲဘော် ဒီး နှင့် ရဲဘော် ဓာတ်​ဗူး ဦးဆောင်သည့် အဖွဲ့က ​ညောင်ဦး-မြင်းခြံလမ်းပိုင်း တနေရာအရောက်တွင် ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

    ထိုတိုက်ခိုက်မှုအတွင်း ပျူစောထီး ၅ ဦး ပွဲချင်းပြီး သေဆုံးကာ G4 သေနတ် ၁ လက် ၊ ကာဘိုင် ၂ လက်နှင့် ကျည်အများအပြား သိမ်းဆည်းရရှိခဲ့ကြောင်း၊ တိုက်ခိုက်မှု ပြုလုပ်ပြီးနောက် တော်လှန်ရေး တပ်ဖွဲ့များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

    “ပါလာတဲ့ ၅ ယောက်လုံး အကုန်သေတာ။ စစ်ခွေး ၅ ဦးက နေရာတင် ပွဲချင်းပြီး သေဆုံးပါတယ်။ စစ်ကော်မရှင်အနေနဲ့ ​ပြည်သူတွေမကြည်ဖြူဘူးဆိုရင် ဘယ်နေရာမှာပဲနေနေ လုံခြုံမှုမရှိဘူးဆိုတာ ကို အသိပေးချင်ပါတယ် ” ဟု ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) မှ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ရဲဘော်မှိုင်းက ပြောဆိုသည်။

  • မိုးကုတ်မှာ စစ်အုပ်စုနဲ့တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်နေ

    မိုးကုတ်မှာ စစ်အုပ်စုနဲ့တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်နေ

    မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်မှာ စစ်အုပ်စုတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြား နိုဝင်ဘာလ ၃၀ ရက် ဒီနေ့ ညနေ ၅ နာရီခွဲကစပြီး တိုက်ပွဲဖြစ်ပွားနေတယ်လို့ မြေပြင်စစ်ရေးသတင်းအရင်းအမြစ်က ပြောပါတယ်။

    တော်လှန်ရေးတပ်တွေ တပ်ဆုတ်ထားတဲ့ မြို့ပြင်အထိ စစ်အုပ်စုတပ်က ဒီနေ့ညနေပိုင်းမှာ ဝင်ရောက်လာတာကြောင့် တိုက်ပွဲဖြစ်ပွားခဲ့တာလို့ အမည်မဖော်လိုတဲ့ စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးက ပြောပါတယ်။

    “ကျန်တော်တို့က သူတို့ရဲ့ (TNLA) တောင်းဆိုချက်အရ မြို့အပြင်မှာ ရှိနေထားပေးတာပါ။ အဲ့ဒီအထိ စစ်ကော်မရှင်တပ်တွေကို TNLA က အနီးကပ်အထိုင်ချပြီး ခေါ်လာရာကနေ ထိတွေ့တိုက်ပွဲတွေ ဖြစ်နေတာပါ”

    လတ်တလောမှာ တိုက်ပွဲဆက်ဖြစ်နေသလို စစ်အုပ်စုတပ်ဘက်က ဆက်တိုက်ပစ်ခတ်နေတာကြောင့် တိုက်ပွဲဆက်ပြင်းထန်လာနိုင်တယ်လို့ ဆိုပါတယ်။

    အပစ်ရပ်ပြီးနောက် အင်အားရာနု့ချီတဲ့ စစ်အုပ်စုတပ်တွေကို နိုဝင်ဘာလ ၂၉ ရကါ ညပိုင်းမှာ မိုးကုတ်မြို့ထဲကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)က ခေါ်သွင်းလာတာ ဖြစ်ပါတယ်။

    လက်ရှိမှာလည်း TNLA က တပ်သားတချို့ မိုးကုတ်မြို့ထဲက ဆက်ဆံရေးရုံးမှာ ဆက်ရှိနေပြီး စစ်အုပ်စုတပ်နဲ့ အုပ်ချုပ်ရေးပိုင်း ကိစ္စတချို့ဆွေးနွေး နေတယ်လို့ ဆိုပါတယ်။

    ဒါ့အပြင် နိုဝင်ဘာလ ၂၉ ရက်နေ့ကတော့ မိုးကုတ်မြို့မှာ ကျန်ရှိနေတဲ့ ဒေသခံတွေကို TNLA က အပြင်ထွက်သွားလာခွင့်မပြုထားပေမဲ့ ဒီနေ့မှာတော့ ပုံမှန်အတိုင်း ပြန်ခွင့်ပြုနေတယ်လို့ ဆိုပါတယ်။

    တရုတ်နိုင်ငံရဲ့ အကျပ်ကိုင်ဖိအားပေးမှုကြောင့် ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၉ ရက်က စစ်အုပ်စုနဲ့TNLA တပ်တို့ဟာ ကူမင်းမြို့နယ်မှာ အပစ်ရပ်သဘောတူညီချက်နဲ့ မိုးကုတ်နဲ့မိုးမိတ်မြို့နယ်တို့ကို လက်လွှတ်ခဲ့တာ ဖြစ်ပါတယ်။

  • ဝက်လက်မြို့နယ်တွင် အတက်ရောဂါ ခံစားနေရသည့် စစ်သား ၁ ဦးကို ပရိတ် ရေ ဖြန်းပေးသည့် အသက် ၆၀ နှစ်အရွယ် ဒေါ်ဆန်းလွင်ကို စစ်တပ်က ပစ်သတ်

    ဝက်လက်မြို့နယ်တွင် အတက်ရောဂါ ခံစားနေရသည့် စစ်သား ၁ ဦးကို ပရိတ် ရေ ဖြန်းပေးသည့် အသက် ၆၀ နှစ်အရွယ် ဒေါ်ဆန်းလွင်ကို စစ်တပ်က ပစ်သတ်

    စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် စစ်သား ၁ ဦးကို ပရိတ်ရေဖြင့် ထွက်ပက်သည့် အသက် ၆၀ အရွယ် ဒေါ်ဆန်းလွင်ကို စစ်တပ်က ပစ်သတ်ခဲ့ကြောင်း ဗန္ဓုလနှင့်အဖွဲ့သားများ တပ်ဖွဲ့မှ ကိုရာမက ပြောဆိုသည်။

    နိုဝင်ဘာလ ၂၃ ရက်နေ့တွင် ဝက်လက်မြို့နယ် အတွင်းရှိ ကျေးရွာတစ်ရွာကို စစ်ကြောင်းထိုးဝင်ရောက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းမှ စစ် သား ၁ ဦး အတက်ရောဂါ ခံစားနေရသည့် အတွက် ကျေးရွာနေပြည်သူ အသက် ၆၀ အရွယ် ဒေါ်ဆန်းလွင်က ပရိတ်ရေဖြင့် ထွက်ပက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

    ထိုသို့ ပရိတ်ရေဖြင့် ထွက်ပက်သည်ကို စစ်ကြောင်းတွင် လိုက်ပါလာသော အရာရှိက စုန်းမကြီး ဟုပြောဆိုပြီး သေနတ်ဖြင့် ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့ ပစ်သတ်ပြီးနောက် ဒေါ်ဆန်းလွင်၏ ရုပ်အလောင်းကို စစ်သားများက စောင်ဖြင့် သယ်ယူကာ သားနားရွာ နှင့် မောက်ကြိုးရွာ အကြားတွင် ရုပ်အလောင်းကို မြေမြုပ်ဖျောက်ဖျက်ခဲ့ကြောင်း သိရှိရသည်။

    “အဖွားက ရွာထဲကို စစ်ကြောင်းဝင်လာတော့ မပြေးဘူးလို့ သိရတယ်။ စစ်ခွေးစစ်ကြောင်းက ရွာထဲရောက်တော့ အိမ်တွေကို လိုက်မွှေနေတုန်း စစ်ခွေး ၁ ကောင်က မကောင်းဆိုးဝါး ဝင်ပူးသလို အတက်ရောဂါဖြစ်သလို တွန့်လိမ်ကောက်ကွေးနေတဲ့ အချိန်မှာအဖွားက ပရိတ်ရေဖြင့် ထွက်ပက်ပေးတာ အဖွားရေနဲ့ ပက်လိုက်တဲ့ အချိန်မှာ အဲစစ်ခွေးက ပြန်ငြိမ်သွားတာ အဲတာကို မြင်တော့ စစ်ကြောင်းမှာပါလာတဲ့ အရာရှိက စုန်းမကြီးဆိုပြီး သေနတ်နဲ့ ပစ်သတ်လိုက်တာ အဲလိုပစ်သတ်ပြီး ရုပ်အလောင်းကို စစ်ခွေးတွေ စောင်နဲ့သယ်ယူသွားပြီး မြေမြုပ်ခဲ့တာ” ဟု ဗန္ဓုလနှင့်အဖွဲ့သားများ တပ်ဖွဲ့မှ ကိုရာမက ပြောဆိုသည်။

    ထိုအကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ယင်းနေ့တွင် ပုဏ္ဏားကျေးရွာကို ဝင်ရောက် မီးရှို့နေစဉ် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်သား ၃၅ ဦး သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိကာ လက်နက် ၃၀ ကျော်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

  • ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ လှည်းတန်းလူကူးတံတားပေါ်မှ အသက် (၂၅) နှစ်အရွယ် အမျိုးသမီးတစ်ဦး ပြုတ်ကျသေဆုံး

    ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ လှည်းတန်းလူကူးတံတားပေါ်မှ အသက် (၂၅) နှစ်အရွယ် အမျိုးသမီးတစ်ဦး ပြုတ်ကျသေဆုံး

    ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ လှည်းတန်းလူကူးတံတားပေါ်မှ အသက် (၂၅) နှစ်အရွယ် အမျိုးသမီးတစ်ဦး ပြုတ်ကျသေဆုံးသွားခဲ့ကြောင်း သွားရောက်ကူညီခဲ့သည့် လူမှုကူညီရေးအသင်းထံမှ သိရသည်။

    ဖြစ်စဉ်မှာ ယမန်နေ့ (နိုဝင်ဘာ ၂၉ရက်) ညပိုင်းက ကမာရွတ်မြို့နယ်၊ ပြည်လမ်းပေါ်၊ မာလာမှတ်တိုင်အနီး လှည်းတန်းလူကူးကုန်း တံတားတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    “ဘယ်လိုဖြစ်ပြီး ပြုတ်ကျတာလဲတော့ သေသေချာချာမသိရသေးဘူး။ မိသားစုနဲ့လဲ အဆက်အသွယ်မရသေးဘူး။ ပြုတ်ကျတာက မာလာဆောင်ရှေ့က လူကူးတံတားပေါ်က ပြုတ်ကျတာပါ”ဟု သွားရောက်ကူညီခဲ့သည့် လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

    လူကူးကုန်းတံတားပေါ်မှ ပြုတ်ကျသေဆုံးသူမှာ အသက် (၂၅) နှစ်ဝန်းကျင်အရွယ် အမျိုးသမီးတစ်ဦးဖြစ်ပြီး ပြင်ပထိခိုက်ဒဏ်ရာများ ပြင်းပြင်းထန်ထန်မတွေ့ရှိရသော်လည်း ဆေးရုံကြီးသို့ ပို့ဆောင်ပြီးနောက် ခဏအကြာတွင် သေဆုံးသွားခဲ့ကြောင်း ၎င်းက ဆိုသည်။

    “ပြင်ပထိခိုက်ဒဏ်ရာတော့ ကြီးကြီးမားမားမတွေ့ရပါဘူး။ ပြုတ်ကျတဲ့အရှိန်ကြောင့် နည်းနည်းတော့ထိခိုက်မိတာရှိတာပေါ့။ ဆေးရုံကြီး ကိုပို့ပြီး ည (၁၁) နာရီမှာပဲ ဆုံးသွားတယ်။ မိသားစုနဲ့ အဆက်အသွယ်ရဖို့လည်း စုံစမ်းနေတုန်းပါ”ဟု ၎င်းက ပြောသည်။

    လက်ရှိတွင် သေဆုံးသူအမျိုးသမီးအား ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားပြီး ဖြစ်စဉ်အကြောင်းအရာနှင့် ပတ်သက်၍ သက်ဆိုင်ရာက စုံစမ်းလျက်ရှိကြောင်း သိရသည်။

    အလားတူ ပြီးခဲ့သည့် ဧပြီလ ၁ရက်ကလည်း ကမာရွတ်မြို့နယ်၊ အင်းစိန်လမ်းပေါ်ရှိ လှည်းတန်းလူကူးကုန်းတံတားပေါ်မှ အသက် (၂၀) နှစ်ကျော်ဝန်းကျင် အမျိုးသမီးတစ်ဦးဓာတ်ပုံရိုက်စဉ်ဖုန်းပြုတ်ကျသဖြင့် လိုက်ဖမ်းရာမှ လူပါပြုတ်ကျခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားဖူးကြောင်း သိရသည်။

  • ပြည်သူ့ပါတီ ဆိုင်းဘုတ်တင်ပွဲတွင် ဆောင်းဘောက်သံဆူသဖြင့် တရားစွဲမည်ဟု ဦးကိုကိုကြီးခံရခြိမ်းခြောက်

    ပြည်သူ့ပါတီ ဆိုင်းဘုတ်တင်ပွဲတွင် ဆောင်းဘောက်သံဆူသဖြင့် တရားစွဲမည်ဟု ဦးကိုကိုကြီးခံရခြိမ်းခြောက်

    ရန်ကုန်မြို့ရှိ ပြည်သူ့ပါတီ ဆိုင်းဘုတ်တင်ပွဲတွင် ဆောင်းဘောက်သံဆူညံနေသဖြင့် တရားစွဲမည်ဟု ဦးကိုကိုကြီး ခြိမ်းခြောက်ခံခဲ့ရကြောင်း သိရသည်။

    ပြီးခဲ့သည့် နိုဝင်ဘာလ ၂၈ရက်၊ ညနေပိုင်းက လမ်းမတော်မြို့နယ်၊ အနော်ရထာလမ်း နှင့် လမ်းသစ်လမ်းထောင့်ရှိ ပြည်သူ့ပါတီ ဆိုင်းဘုတ်တင်ပွဲတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဆိုသူမှ ခြိမ်းခြောက်ခဲ့ခြင်းဖြစ်ကြောင်း ဦးကိုကိုကြီးက ဆိုသည်။

    “ပရိတ်သတ်ထဲမှာ သူစိမ်းတစ်ယောက် တောက်လျောက် ဖုန်းနဲ့ ဓာတ်ပုံရိုက်တာ ၊ ဗွီဒီယိုရိုက်တာ လုပ်နေတဲ့အခါကျတော့ ပြောနေရင်း နဲ့ စိတ်ထဲမှာ ဘယ်အဖွဲ့အစည်းကလဲ ဆိုတာ သံသယဖြစ်တယ်။ ပြောနေတုန်းမှာ ဝင်လာပြီးတော့ ဝင်တားတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီဆောင်းဘောက်ကို မသုံးပါနဲ့တဲ့။ ရဲဘော်တွေကလည်း ကော်မရှင် ဥက္ကဋ္ဌလို့ ပြောတဲ့အတွက် ညှိနှိုင်းတဲ့အနေနဲ့ အသံကို တိုးပေးတယ်။ ကျတော်ပြောတဲ့မိုက်ပါ ပြောလို့မရတော့ဘူး အသံပျောက်သွားတဲ့အထိ တက်နိုင်သမျှ လိုက်လျောဆောင်ရွက်ပေးတယ်။ တချို့က ကျတော် တိုက်ရိုက်မကြားလိုက်ဘူး။ တရားစွဲမယ် ဘာစွဲမယ် ဆိုပြီး ခြိမ်းခြောက်သွားလိုက် ပုံစံမျိုးတွေပါဖြစ်တယ်” ဟု ဦးကိုကိုကြီးက ပြောသည်။

    အဆိုပါ အခမ်းအနားအတွက် ရန်ကုန်တိုင်း ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးဆောင်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်ထံ စာတင်၍ ခွင့်ပြုချက် တောင်းခံထားသဖြင့် ခွင့်ပြုချက်ရရှိထားသော အခမ်းအနားဖြစ်သော်လည်း ယခုကဲ့သို့ လာရောက်ဟန့်တားခံရခြင်းဖြစ်ကြောင်း နိုဝင်ဘာ ၂၉ ရက်က ပုဇွန်တောင်မြို့နယ် မဟာဗန္ဓုလတာဝါရှိ ပြည်သူ့ပါတီဗဟိုဌာနချုပ်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ၎င်းက ဆိုသည်။

    စစ်ကော်မရှင်မှ ၂၀၂၅ခုနှစ်တွင် ပြုလုပ်မည့်ရွေးကောက်ပွဲတွင် ပြည်သူ့ပါတီဥက္ကဠ ဦးကိုကိုကြီးသည် လမ်းမတော်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအနေဖြင့် ဝင်ရောက်အရွေးခံသွားမည့်သူတစ်ဦးလည်း ဖြစ်သည်။

    ၅၀၅-က အမှုနှင့် ပတ်သက်ပြီး လွတ်ငြိမ်းချမ်းသာခွင့်များ၊ လွတ်ငြိမ်းသက်သာခွင့်များနှင့် အမှုပိတ်သိမ်းခြင်းများ ဆောင်ရွက်နေချိန်တွင် အောက်ခြေ၌ ပြည်သူ့ပါတီ၏ လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦး ဖမ်းဆီးခံနေရကြောင်း ဦးကိုကိုကြီးက ဆိုသည်။

    စစ်တပ်မှ ပြုလုပ်မည့် အတုအယောင် ရွေးကောက်ပွဲတွင် ဦးကိုကိုကြီး ဝင်ရောက်ယှဉ်ပြိုင်ခြင်းသည် စစ်တပ်နှင့် တသားတည်းရပ်တည် နေခြင်းဖြစ်ပြီး ပြည်သူ့အပေါ်သစ္စာ ဖောက်ခြင်းဖြစ်သည်ဟု နိုင်ငံရေးအကျဉ်းသားဟောင်းများကဆိုသည်။

    ” ပြည်သူကို နေ့စဉ်နဲ့အမျှ လေကြောင်းတစ်မျိုး၊ မြေပြင်စစ်ကြောင်းထိုးတစ်မျိုးနဲ့ သတ်ဖြတ်နေတယ်။ အကျဉ်းထောင်ထဲမှာလည်း ကြိုးပေးခံခဲ့ရတဲ့သူတွေ၊‌ထောင့်တစ်သက်၊ သေဒဏ်ချမှတ်ခံထားရသူ တွေရှိတယ်၊ ဆေးဝါးကုသခွင့်မပေးဘဲ ရိုက်နှက် နေတာ တွေရှိတယ်၊ ဒီလောက် လူ့အခွင့် အရေးချိုးမှုတွေ ကျူးလွန်နေတာကို မျက်ကွယ်ပြုပြီး ကိုယ်ကျိုးအတွက် စစ်တပ်နဲ့ ပူးပေါင်းနေတာဟာ ပြည်သူ့အပေါ်ကို သစ္စာဖောက်ခြင်းသာ ဖြစ်တယ် “ဟု မြင်းခြံအကျဉ်းထောင်မှာ လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးကပြောသည်။

    ” ကိုယ်တိုင်ရော၊ ကိုယ့်မိသားစုဝင်တွေရော စစ်တပ်ရဲ့ ယုတ်မာ မှုတွေ ကြုံတွေ့ခဲ့ရတယ်၊ အခုတစ်နိုင်ငံလုံးလည်း စစ်တပ် ကြောင့် ဒုက္ခရောက် နေကြရတယ်၊ အဲဒီတော့ ပြည်သူ့ဘက်ကို မျက်နှာမမူတဲ့သူ တွေကိုတော့ ဘယ်နည်းနဲ့မှ ခွင့်လွှတ်နိုင်စရာ မရှိပါဘူး ” ဟု မန္တလေးအိုးဘို အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာသည့် နိုင်ငံရေးအကျဥ်းသားဟောင်းတစ်ဦးက ပြောသည်။

    ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲတုန်းတွင် ဦးကိုကိုကြီးသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီမှ ဝင်ပြိုင်ရန် ကြိုးစားခဲ့သော်လည်း ကိုယ်စားလှယ်လောင်းအဖြစ် NLD ပါတီမှ ရွေးချယ်ခဲ့ခြင်းမရှိပေ။

    ထို့နောက် ၂၀၁၈ ခုနှစ်တွင် ပြည်သူ့ပါတီကို တည်ထောင်ခဲ့ပြီး ၂၀၂၀ ရွေးကောက်ပွဲ၌ တောင်ဥက္ကလာပမြို့နယ်မှ ဝင်ပြိုင်ယှဉ်ပြိုင်ခဲ့ရာ မဲရလဒ် ၂ ဒသမ ၇၄ ရာခိုင်နှုန်းသာ ရရှိခဲ့ပြီး အရှက်တကွဲရှုံးနိမ့်ခဲ့သည်။