Category: News

  • ခင်ဦးတိုက်ပွဲတွင် သေဆုံးသွားသော စစ်သားအလောင်းများ စစ်တပ်က လာမကောက်ဘဲ စွန့်ပစ်ထားသဖြင့် တော်လှန်ရေးအင်အားစုများက နယ်မြေရှင်းလင်း မီးသဂြိုလ်ပေးရ

    ခင်ဦးတိုက်ပွဲတွင် သေဆုံးသွားသော စစ်သားအလောင်းများ စစ်တပ်က လာမကောက်ဘဲ စွန့်ပစ်ထားသဖြင့် တော်လှန်ရေးအင်အားစုများက နယ်မြေရှင်းလင်း မီးသဂြိုလ်ပေးရ

    ခင်ဦးတိုက်ပွဲတွင် သေဆုံးသွားသော စစ်သားအလောင်းများ စစ်တပ်က လာမကောက်ဘဲ စွန့်ပစ်ထားသဖြင့် တော်လှန်ရေးအင်အားစုများက နယ်မြေရှင်းလင်း မီးသဂြိုလ်ပေးရ

    စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အတွင်း တိုက်ပွဲတွင် သေဆုံးသွားသော စစ်သားအလောင်းများ စစ် တပ်က လာမကောက်ဘဲ စွန့်ပစ်ထားသဖြင့် တော်လှန်ရေးအင်အားစုများက နယ်မြေရှင်းလင်း မီးသဂြိုလ်ပေးရကြောင်း ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ခင်ဦးပကဖ)မှ တော်လှန်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

    နိုဝင်ဘာလ ၂၃ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် ခင်ဦးမြို့နယ်၊ မုံလှကျေးရွာအတွင်း ၄ ရက်အကြာ ယာယီ တပ်စွဲ အထိုင်ချထာသော အကြမ်းဖက် စစ်တပ်သည် ပျဥ်ထောင်ပျူစောထီးရွာသို့ အင်အား ၁၈၀ ခန့်ဖြင့် ထွက်လာစဉ် တော်လှန်ရေးတပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းတိုက်ပွဲတွင် စစ်တပ် စစ်ကြောင်းတစ်ခုလုံး ပျက်သွားပြီး စစ်သား ၈၀ ဝန်းကျင်သေဆုံးကာ လက်နက် ၂၉ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

    ယင်းနောက် စစ်တပ်စစ်ကြောင်းမှာ မုံလှကျေးရွာအတွင်း ၈ ရက်မြောက်အကြာ ယာယီ အထိုင်ချ တပ်စွဲနေထိုင်ခဲ့ပြီး နိုဝင်ဘာလ ၂၇ ရက်နေ့ ညနေပိုင်း မုံလှ-ပင်စိမ်းကင်း – ကျီစု – အောင်သာယာ – ကာဘိုးအထိ အဆိုပါ လမ်းကြောင်းအတိုင်း တိတ်တဆိတ် ဆုတ်ခွာသွားကြကြောင်း၊ နိုဝင်ဘာလ ၂၈ ရက်နေ့ တော်လှန်ရေးအင်အားစုများက တိုက်ပွဲဖြစ် နေရာသို့ နယ်မြေရှင်းလင်းရေးများ သွားရောက် ဆောင်ရွက်ခဲ့ရာ စစ်တပ်ဘက်မှ သေဆုံးပုတ်ပွနေသော စစ်သားအလောင်း အများအပြား လယ်ကွင်းထဲ၊ ချောင်းထဲနှင့် နေရာအနှံ့အပြားတွင် တွေ့ရကြောင်း ၊ ယင်းအလောင်းများကို ခင်ဦးပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်များဥက ဒီဇယ်/ဓာတ်ဆီဗူးများ၊ တာယာကွင်းများ၊ မီးစာတုတ်များ အသင့်ယူဆောင်၍ ၎င်းရုပ်အလောင်းများ၏ နေရာတွင်ပင် မီးရှို့ သင်္ဂြိုဟ်ပေးခဲ့ကြကြောင်း သိရှိရသည်။

    “အလောင်းတွေက ပုတ်ပွ နံစော်နေတာ။ သူတို့စခတွေက စခ အလောင်းတွေ လာမသယ်တော့ဘူး။ ဒီအတိုင်းထားသွားတာ။ လူ့ဂုဏ်သိက္ခာအရ သဂြိုလ်ပေးဖို့ ကျနော်တို့က လုပ်ဆောင်ပေးတာပါ။ အလောင်းအတော်များများက ပုတ်ပွနေတယ်” ဟု တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

    အဆိုပါ ခင်ဦးတိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ၆၀ နှင့် ၈၀ အကြား သေဆုံးခဲ့ပြီး စ အကြမ်းဖက် စစ်တပ်ထံမှ ငါးကြင်းမှီး ၁ လက်၊ MA-1 ၁၀ လက်၊ MA-2 ၃ လက်၊ BA-100/ 60mm ကွန်မန်ဒို စိန်ပြောင်း ၁ လက်၊ MA-3 ၃ လက်၊ MA-4 ၁ လက်၊ G-3 ၄ လက်၊ MAS Sniper ၁ လက်၊ M1- ၅ လက်နှင့် ဆက်စပ် ကျည် ခဲယမ်း အစုံ၊ အများအပြား သိမ်းဆည်းရမိခဲ့သည်။

  • လိပ်ကျွန်း လူသတ်မှု- သံသယနှင့် စီရင်ချက် နောက်ကွယ်က မြန်မာလုပ်သားနှစ်ဦး ဘဝဇာတ်လမ်း

    လိပ်ကျွန်း လူသတ်မှု- သံသယနှင့် စီရင်ချက် နောက်ကွယ်က မြန်မာလုပ်သားနှစ်ဦး ဘဝဇာတ်လမ်း

    လိပ်ကျွန်း လူသတ်မှု- သံသယနှင့် စီရင်ချက် နောက်ကွယ်က မြန်မာလုပ်သားနှစ်ဦး ဘဝဇာတ်လမ်း

    မြန်မာလူငယ်နှစ်ဦးဟာ ရဲစခန်းမှာ နှိပ်စက်ညှင်းပမ်းမှုများကြောင့်သာ ပြစ်မှုကို ဝန်ခံဖြောင့်ချက်ပေးခဲ့ရတာ ဖြစ်တယ်လို့ ၎င်းတို့ရဲ့ ရှေ့နေများနဲ့ မိသားစုဝင်များက စွပ်စွဲခဲ့ပါတယ်။

    ဤအဖြစ်အပျက်သည် ၂၀၁၄ ခုနှစ်က ထိုင်းနိုင်ငံ ကော့တောင်ကျွန်းမှာ ဗြိတိသျှ ခရီးသွားများဖြစ်သည့် Hannah Witheridge (အသက် ၂၃ နှစ်) နှင့် David Miller (အသက် ၂၄ နှစ်) တို့ စုံတွဲသေဆုံးခဲ့တဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ပွဲးခဲ့ပါတယ်။ ထိုင်းရဲတပ်ဖွဲ့သည် အခင်းဖြစ်ပွားရာ နေရာတွင် တွေ့ရှိရသည့် စီးကရက်တိုများ နှင့် ဆံပင်များ မှရရှိသော DNA နမူနာများနဲ့ ကိုက်ညီသူကို ရှာဖွေရန် ကျွန်းပေါ်ရှိ နိုင်ငံခြားသား ခရီးသွားများ နှင့် ရွှေ့ပြောင်းလုပ်သားများကို စစ်ဆေးခဲ့ပါတယ်။

    နောက်ပိုင်းတွင် မြန်မာရွှေ့ပြောင်းလုပ်သားများ ကို ပိုမိုပစ်မှတ်ထား စစ်ဆေးခဲ့ပြီး ပြစ်မှုဖြစ်ပွားသည့်နေရာနှင့် နီးစပ်သော နေရာများတွင် အလုပ်လုပ်ကိုင်နေကြတဲ့ ဝင်းဇော်ထွန်း နှင့် ဇော်လင်း တို့၏ DNA နမူနာများသည် သေဆုံးသူ ဟန်နာ၏ ကိုယ်ခန္ဓာနှင့် ပုဆိန် တို့တွင် တွေ့ရှိရသည့် နမူနာများနှင့် ကိုက်ညီသည် ဟု စတင်စွပ်စွဲခဲ့ပါတယ်။

    ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ တွင် ရခိုင်ပြည်နယ်မှ လာရောက်အလုပ်လုပ်ကိုင်သော အသက် ၂၂ နှစ်အရွယ် မြန်မာရွှေ့ပြောင်းလုပ်သား ဝင်းဇော်ထွန်း နှင့် ဇော်လင်း တို့ နှစ်ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးပြီး သံသယရှိသူအဖြစ် စွဲချက်တင်ခဲ့ပါတယ်။ ထိုအချိန်က ထိုင်းနိုင်ငံ နိုင်ငံရေးမှာ ရှုပ်ထွေးနေပြီး ဗိုလ်ချုပ်ကြီး ပရာရွတ်ချန်အိုချာ အာဏာသိမ်းပြီး ကာလဖြစ်ခြင်း၊ သေဆုံးသူများမှာ ဗြိတိန်နိုင်ငံသားများ ဖြစ်ခြင်းကြောင့် တရားခံ အမြန်ဆုံး ဖမ်းမိရေးမှာ ထိုင်းအာဏာပိုင်များအတွက် အလောတကြီး လိုအပ်ချက် တစ်ခု ဖြစ်ခဲ့ပါတယ်။

    အခင်းဖြစ်ပွားတဲ့ နေရာမှာ အမှတ်တရ ပန်းလေးတွေ ချထားတာကို တွေ့ရပါတယ်။ လိပ်ကျွန်းသည် ကမ္ဘာပေါ်တွင် ရေငုပ်ရန် အကောင်းဆုံးနှင့် ဈေးအသက်သာဆုံး နေရာများ ထဲက တစ်ခုအဖြစ် ကျော်ကြားပါတယ်။
    PADI (Professional Association of Diving Instructors) လိုမျိုး ရေငုပ်သင်တန်း လက်မှတ်တွေ ရယူဖို့အတွက် နှစ်စဉ် လူပေါင်း (၁၀၀,၀၀၀) နီးပါး လာရောက်လေ့လာသင်ယူကြပါတယ်။

    ဒီကျွန်းမှာ လူမိုက်ဂိုဏ်းဆန်ဆန် အုပ်စုဖွဲ့ လွှမ်းမိုးမှုများ ရှိနေခြင်း၊ မူးယစ်ဆေးဝါးကိစ္စ ကို ထိုင်းအာဏာပိုင်များ ထိန်းချုပ်ရန် ခက်ခဲနေခြင်း စသည့် မကောင်းသတင်းများ လည်း ရှိပါတယ်။ အမှုတွင် အဓိက သက်သေခံပစ္စည်းဖြစ်သည့် ဟန်နာ၏ အနီးအနားတွင် တွေ့ရှိရသည့် DNA သက်သေအချို့ ဖျောက်ဖျက်ခံရခြင်း၊ ကျွန်းသူကြီး သားဖြစ်သူအား စစ်ဆေးမှုမရှိခြင်းတို့ကိုလည်း မီဒီယာများက မေးခွန်းထုတ်ခဲ့ပါတယ်။

    ထိုင်းမီဒီယာများနှင့် ပြည်သူအများစုက မြန်မာလုပ်သားနှစ်ဦးသည် အထင်လွဲခံရခြင်းသာ ဖြစ်ပြီး၊ ကျူးလွန်သူမှာ ထိုင်းနိုင်ငံသား ဖြစ်ပါက ခရီးသွားလုပ်ငန်းကို ထိခိုက်မည်စိုးသဖြင့် မြန်မာလုပ်သားများကို အစားထိုးခဲ့ခြင်း ဖြစ်မည်ဟု ယူဆခဲ့ကြပါတယ်။ ရဲတပ်ဖွဲ့က ထိုသူနှစ်ဦးသည် ရာဇဝတ်မှုကျူးလွန်ကြောင်း ဝန်ခံခဲ့သည် ဟုဆိုသော်လည်း၊ ၎င်းတို့နှစ်ဦးကမူ ရဲများ၏ နှိပ်စက်ညှင်းပန်းမှု ကြောင့် အတင်းအကျပ် ဝန်ခံခဲ့ရသည် ဟုဆိုကာ နောက်ပိုင်းတွင် ဝန်ခံချက်ကို ပြန်လည်ရုပ်သိမ်းခဲ့ပါတယ်။

    ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာ ၂၄ ရက်နေ့ မှာ ကော့စမွေခရိုင်တရားရုံးသည် DNA အထောက်အထားကို အဓိကထားပြီး ပြစ်မှုထင်ရှားသည် ဟု ဆုံးဖြတ်ကာ သေဒဏ် ချမှတ်ခဲ့ပါတယ်။ မြန်မာနိုင်ငံသားများ၊ လူ့အခွင့်အရေးအဖွဲ့များနှင့် မှုခင်းဆေးပညာရှင်များက DNA စစ်ဆေးမှုသည် နိုင်ငံတကာစံနှုန်းနှင့် မညီကြောင်း၊ ရဲတပ်ဖွဲ့၏ စစ်ဆေးမှုတွင် အားနည်းချက်များရှိကြောင်း ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြပါတယ်။

    ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီ ၂၃ ရက်နေ့ မှာ အယူခံတရားရုံးကလည်း အောက်ရုံး၏ သေဒဏ်စီရင်ချက်ကို အတည်ပြုခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်၊ ဩဂုတ် ၂၉ ရက်နေ့ မှာ နောက်ဆုံးအဆင့်ဖြစ်သည့် ထိုင်းနိုင်ငံ အမြင့်ဆုံးတရားရုံးကလည်း အယူခံကို ပယ်ချပြီး စီရင်ချက်ကို ထပ်မံအတည်ပြုခဲ့ပါတယ်။ ၎င်းတို့၏ ရှေ့နေများက ထိုင်းဘုရင်ထံ အသနားခံစာ တင်သွင်း တောင်းဆိုခဲ့ပါတယ်။

    ထိုင်းဘုရင်မင်းမြတ် မဟာဝါချီရာလောင်ကွန်း က ၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၁၄ ရက်နေ့ တွင် ဇော်လင်း နှင့် ဝင်းဇော်ထွန်း တို့၏ သေဒဏ် စီရင်ချက်ကို တစ်သက်တစ်ကျွန်း ထောင်ဒဏ် သို့ ပြောင်းလဲလျှော့ပေါ့ခဲ့ပါတယ်။ ၂၀၂၅ ခုနှစ် အထိ လက်ရှိအခြေအနေမှာတော့ ဇော်လင်း နှင့် ဝင်းဇော်ထွန်း တို့သည် ထိုင်းနိုင်ငံရှိ အကျဉ်းထောင်တွင် တစ်သက်တစ်ကျွန်း ထောင်ဒဏ် ကို ဆက်လက်ကျခံနေရဆဲပါ။

    ဤအမှုသည် တရားစီရင်ရေးဆိုင်ရာ စိန်ခေါ်မှုများ၊ ရွှေ့ပြောင်းလုပ်သားများအပေါ် ခွဲခြားဆက်ဆံမှုနှင့် နိုင်ငံတကာ ဖိအားများ ကြောင့် ဝင်းနှင့်ဇော် အဖြစ် သမိုင်းတွင်ခဲ့ပါတယ်။ လက်ရှိတွင် မြန်မာလုပ်သားနှစ်ဦးသည် သေဒဏ်မှ လွတ်မြောက်ကာ တစ်သက်တစ်ကျွန်း ထောင်ဒဏ် ကို ခံစားနေရဆဲဖြစ်ပြီး၊ ၁၀ နှစ်ကျော်ကြာလာပြီးနောက် ယနေ့အချိန်မှာတော့ သူတို့အကြောင်းပြောသူ သိပ်မရှိတော့ပဲ မိသားစုဆွေမျိုးများကတော့ ဘယ်အချိန် လွတ်ငြိမ်းခွင့် ရမလဲဆိုတာကို မျှော်လင့်နေရဆဲပါ။

    Reference: Wikipedia Koh Tao murders

  • စစ်တပ်ဘက်တော်သား အဆိုတော်ယုန်လေး၏ သိန်း ၆၀၀၀ ကျော် အကုန်ကျခံရိုက်ထားသော “မြို့ပြထဲက လမ်းမ” ရုပ်ရှင်  ကြည့်ရှုသူ တစ်ဦးမှ မရှိ

    စစ်တပ်ဘက်တော်သား အဆိုတော်ယုန်လေး၏ သိန်း ၆၀၀၀ ကျော် အကုန်ကျခံရိုက်ထားသော “မြို့ပြထဲက လမ်းမ” ရုပ်ရှင် ကြည့်ရှုသူ တစ်ဦးမှ မရှိ

    မြန်မာနိုင်ငံတွင် လူမိုက်များနှင့် ပေါင်း၍ ငွေကျပ် သိန်းရာထောင်ချီရယူ မိုက်ကြေးခွဲ အကြွေးတောင်း အလုပ်လုပ်ကိုင်နေသော အဆိုတော်ယုန်လေးက ဒါရိုက်တာအဖြစ် သိန်း ၆၀၀၀ ကျော် အကုန်ကျခံရိုက်ထားသော “မြို့ပြထဲက လမ်းမ” ရုပ်ရှင် လူမကြည့်၍ အနုပညာလောကမှ အနားယူရန် များနေပြီဖြစ်ကြောင်း ယမန်နေ့ လူမှုကွန်ရက်မှတစ်ဆင့် အသိပေးထုတ်ပြန်သည်။

    အဆိုတော်ယုန်လေးက ဒါရိုက်တာအဖြစ် “မြို့ပြထဲက လမ်းမ” ရုပ်ရှင်ကို ၁ နှစ်ခွဲကြာရိုက်ကူးခဲ့ကြောင်း၊ အဆိုပါရုပ်ရှင်ဇာတ်ကားအတွက် ငွေကျပ် သိန်း ၆၀၀၀ အကုန်ကျခံ ရိုက်ကူးခဲ့ကြောင်း၊ သို့ရာတွင် ယနေ့ စတင်ရုံတင်သည့်အချိန်တွင် ကြည့်ရှုသူ ၁ ဦးမှမရှိ၍ ရုံပိတ်လိုက်ရပြီး တစ်နှစ်လုံးအတွက် ဝင်ငွေအနည်းဆုံး ဇတ်ကားအဖြစ် စံချိန်တင်သွားကြောင်း ထုတ်ဖော်ပြောဆိုသည်။

    “မုန်းတဲ့ သူတွေ တိုက်ခိုက်တဲ့ သူတွေ နိုင်ပါတယ်။ အနုပညာလောက က အနားယူဖို့များသွားပါပြီ။ အခုတင်တဲ့ မြို့ပြထဲက လမ်းမ ဆိုတဲ့ ဇာတ်ကား အများကြီး ကြိုးစားထားပါတယ် ။ သိန်း ၆၀၀၀ ကျော်ကုန်ပါတယ် ။ ပြင်ဆင်လိုက်ရိုက်ကူးအချိန် ၁ နှစ်ခွဲကြာပါတယ်။ ဒီနေ့ စတင်တယ် ။ ကြည့်ပြီးတဲ့ သူတွေတော့ Quality သိပါတယ် ။ ဒီနှစ်တစ်နှစ်လုံး မှာ ဝင်ငွေ အနည်းဆုံးဇာတ်ကား အဖြစ်စံချိန်ဝင်သွားပါပြီ။ ရုံမှာ လူတစ်ယောက်မှ မရှိလို့ ပိတ်ရပါတယ် ။ နံပတ်၁ အချက် ဘေးမှာ အကြံပေးမယ့်လူကောင်း ဝိုင်းလုပ်ပေးမယ့် မိသားစု စိတ်ရှိတဲ့ လူကောင်းမရှိဘူး။ အနုပညာရှင် တစ်ချို့ပါ. . အဲ့စကားကြီး တွေလည်း မရေးချင်ဘူး။ အကူညီသူတောင်းတာ ဘဝ ပျက်မယ့် အကူညီတွေ ဝင်ရင်းပေးလိုက်ရတာ ။ တစ်ယောက်ထဲ မဟုတ်ဘူး လူပေါင်းရာကျော်တယ် ။ Acc အတုက ကောမန့် တစ်ခု အဆဲခံရဖို့တောင် သူတို့အဆဲမခံချင်ကျဘူး ယုန်လေး နဲ့ မပက်သက်ပါဘူး ။ကင်းပါတယ်ပေါ့ ။ ထားပါတော့. ဝန်းရံပေးခဲတဲ့ သူတစ်ယောက်ချင်းစီတိုင်းကို အမြဲ အမှတ်တရ ရှိနေမှာပါ ။ တစ်သက်လုံး မသေမချင်း အနုပညာပဲ လုပ်ချင်ခဲ့တာ။ အဲ့ရည်ရွယ်ချက်က မြန်မြန်ပျက်စီးသွားမယ်လို့မထင်ခဲ့ဘူး ” ဟု အဆိုတော်ယုန်လေးက သူ၏ လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။

    ထိုသို့ ရေးသားခဲ့ပြီးနောက် ၂ နာရီဝန်းကျင်အကြာတွင် အဆိုတော်ယုန်လေးက သူ၏ လူမှုကွန်ရက်မှ ပို့စ်ကို ပြန်လည် ဖြုတ်သွားခဲ့ပြီး ၎င်း ရိုက်ကူးထားသော “မြို့ပြထဲက လမ်းမ ” ရုပ်ရှင်မှာ လူမိုက်နှင့် ဂိုဏ်းစတားများအကြောင်း ရိုက်ကူးထားခြင်းဖြစ်သည်။

    အဆိုတော်ယုန်လေးမှာ စစ်တပ်ကို ထောက်ခံသော အမာခံ အဆိုတော်တစ်ဦးဖြစ်ပြီး စစ်တပ်အတွက် ပေါ်လစီ ဇာတ်ကားများ ရိုက်ကူးပေးခြင်း၊ သီချင်းများ ရေးသားပေးခြင်းများ လုပ်ဆောင်သည့်အပြင် သာကေတမှ လူမိုက်ဝင်းထွဋ်ဝင်းနှင့်ပူးပေါင်း၍ အကြွေးတောင်းပေးခြင်း အလုပ်များကို လုပ်ကိုင်နေသူလည်းဖြစ်သည်။

    မကြာသေးမီက မဟာနဒီထရေးဒင်းကုမ္ပဏီမှ ဒါရိုက်တာ ရဲမင်းလွင်ထံမှ ငွေကျပ် သိန်း ၁၀၀၀ ရယူ၍ ပဲမျိုးစုံ အကြွေးမပေးသော လုပ်ငန်းရှင် ဇော်ဇော်လေးထံမှ အကြွေးတောင်းပေးရန် အဆိုတော်ယုန်လေးနှင့် သာကေတလူမိုက် ဝင်းထွဋ်ဝင်းတို့က အလုပ်လက်ခံခဲ့ကြကြောင်း၊ သို့ရာတွင် အကြွေးတောင်းပေးရန် ပျက်ကွက်ခဲ့ပြီး အကြွေးတောင်းရန် အလုပ်အပ်ခဲ့သော ငွေကြေးကိုလည်း ပြန်မပေးခဲ့ကြောင်း မဟာနဒီ ထရေးဒင်း ဒါရိုက်တာရဲမင်းလွင်က ထုတ်ဖော်ပြောဆိုခဲ့သည်။

  • နေပြည်တော်က ပုဂ္ဂလိကပိုင် ကြေးမုံဆေးရုံကို စစ်ကောင်စီ ချိပ်ပိတ်

    နေပြည်တော်က ပုဂ္ဂလိကပိုင် ကြေးမုံဆေးရုံကို စစ်ကောင်စီ ချိပ်ပိတ်

    နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏသီရိမြို့နယ် ဒက္ခိဏသီရိရပ်ကွက် ဝေဒလမ်းမှာ ဖွင့်လှစ်ထားတဲ့ ပုဂ္ဂလိကပိုင် ကြေးမုံဆေးရုံကို စစ်ကောင်စီတပ်က နိုဝင်ဘာ ၂၅ ရက်မှာ ချိပ်ပိတ်လိုက်တယ်လို့ မြိုခံတွေဆီက သိရပါတယ်။

    ကြေးမုံအထွေထွေရောဂါကုဆေးရုံကို စစ်ကောင်စီ တပ်၊ ရဲ၊ ထွေအုပ်နဲ့ကျန်းမာရေးဌာနက နိုဝင်ဘာ ၂၅ ရက်က ဝင်စစ်ဆေးခဲ့ပြီးနောက် ချိပ်ပိတ်ခဲ့တာလို့ မြို့ခံတယောက်က ပြောပါတယ်။

    “ရှောင်တခင်စစ်ဆေးတာမဟုတ်ဘူး၊ သတင်းအတိအကျရလို့ လာစစ်တဲ့ပုံစံ။ ဒက္ခိဏသီရိမှာ လူတွေ တခုခုဖြစ်ရင် ကြေးမုံဆေးရုံကိုပဲသွားကြတယ်။ ဝန်ဆောင်မှုလည်းကောင်းတယ်၊ ဂရုစိုက်မှုလည်းရှိတယ်။ သတင်းကြားတာတော့ စစ်ဆေးရုံက ပါရဂူဗိုလ်မှူးတယောက်က အဲဆေးရုံမှာ CDM ဝန်ထမ်းတွေ ခန့်ထားတယ်ဆိုပြီးတိုင်လို့ လာပြီးချိပ်ပိတ်သွားတယ်လို့ ပြောနေကြတယ်။”

    လိုင်စင်သက်တမ်းကုန်တာကြောင့် ဆေးရုံပိတ်ထားရတာဖြစ်ပြီး လိုင်စင်အတွက် ဆေးရုံက တာဝန်ရှိသူတွေ လုပ်ဆောင်နေပြီး ဘယ်အချိန်မှာ ပြန်ဖွင့်မယ်ဆိုတာ မသိကြောင်း ဆေးရုံနဲ့နီးစပ်တဲ့ သတင်းအရင်းအမြစ်က ပြောပါတယ်။

    “ဆေးရုံပိတ်ထားရတယ်ဆိုတာ မှန်ပါတယ်။ လိုင်စင်သက်တမ်းကုန်လို့ ပိတ်တာလို့ ဆေးရုံကပြောတယ်။ အဲ့ဒီအတွက်လည်း ဆေးရုံဘက်က တာဝန်ရှိသူတွေ လိုက်လုပ်နေတယ်၊ ဘယ်နေ့ပြန်ဖွင့်မလဲဆိုတာတော့ မသိသေးဘူး။”

    ကျန်းမာရေးဝန်ကြီးဌာနဘက်ကတော့ “ကြေးမှုံဆေးရုံဟာ လိုင်စင်သက်တမ်းကုန်နေတဲ့အပြင် တရားဝင်ဆေးကုသခွင့်မရှိတဲ့ ဆရာဝန်၊ အထူးကုတွေ ခန့်ထားတဲ့အတွက် လူနာတွေအကျိုးအတွက် လုပ်ငန်းရပ်ဆိုင်းရတာ” လို့ နိုဝင်ဘာ ၂၇ ရ က်မှာ စစ်အုပ်စုနဲ့ ပြည်တွင်းသတင်းသမားတွေ စုဖွဲ့ထားတဲ့ Viber Group မှာ မေးမြန်းထားတာကို ပြန်လည်ဖြေကြားထားပါတယ်။

    စစ်တပ် အာဏာသိမ်းပြီး ၅ နှစ်အတွင်း ရန်ကုန်နဲ့မန္တလေး၊ ဧရာဝတီနဲ့စစ်ကိုင်းမှာ CDM ဝန်ထမ်းတွေ ခန့်ထားတယ်ဆိုတဲ့ အကြောင်းပြချက် နဲ့ ပိတ်သိမ်းခံရတဲ့ ပုဂ္ဂလိကဆေးရုံပေါင်း ၅၀ နီးပါးရှိသလို ဖမ်းဆီးခံရတဲ့ ကျန်းမာရေးဝန်ထမ်းတွေလည်း ရှိပါတယ်။

  • ရှမ်းတောင်တိုက်ပွဲ ခြေမြန်တပ်ရင်း(၄၂၇)တပ်ရင်းမှူး သေဆုံးဟုဆို

    ရှမ်းပြည်နယ်တောင်ပိုင်းက တိုက်ပွဲအတွင်းမှာ အမှတ်(၄၂၇)ခြေမြန်တပ်ရင်း (ခမရ-၄၂၇) တပ်ရင်းမှူး အပါအဝင် စစ်ကောင်စီတပ်က သေဆုံးမှုများတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်နဲ့ မြေပြင်ရဲဘော်အချို့က ပြောပါတယ်။

    ခမရ(၄၂၇)တပ်ရင်းဟာ ဒီးမော့ဆိုမြို့နယ်အခြေစိုက်တပ်ဖြစ်ပေမယ့် ရှမ်းပြည်တောင်ပိုင်းကို စစ်ဆင် ရေးဝင်နေရတယ်လို့ အခုလဆန်းပိုင်းက အဲဒီတပ်ရင်းကနေ အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားတစ်ဦးက ဆိုပါတယ်။

    “ရင်းမှူး အသေရတယ်။ကျန်တဲ့ အသေးစိတ်ကို ကျနော့်တို့ အခြေနေအရတော့ပြောပြလို့မရသေးဘူး”လို့ ရှမ်းတောင်တိုက်ပွဲအတွင်းမှာရှိနေတဲ့ ရဲဘော်တစ်ဦးက ပြောပါတယ်။

    စစ်ကောင်စီရဲ့ တပ်ရင်းမှူးသေဆုံးတယ်ဆိုတဲ့ အချက်နဲ့ပတ်သက်ပြီး သီးခြားအတည်မပြုနိုင်သေးပါ။

    စစ်ကောင်စီတပ်ဟာ ပအိုဝ်းပြည်သူ့စစ် PNO တပ်သားအင်အားကိုအသုံးချပြီး ပင်လောင်းနဲ့ ဖယ်ခုံမြို့နယ်တွေမှာ ရွေးကောက်ပွဲကျင်းပဖို့ စစ်ကြောင်းထိုးရင်း ကြားဖြတ်တိုက်ခံနေရတာလို့ ရှမ်းတောင်စစ်ရေးသတင်းရင်းမြစ်က အသိပေးပါတယ်။

    “မြို့နယ်လုံးကျွတ် ရွေးကောက်ပွဲတွေလုပ်နိုင်ဖို့ ရွာတွေကို ထိုးစစ်ဆင်နေတာ။တိုက်ပွဲကတော့ ပြင်းထန်နေဆဲပဲ”လို့ သူက ပြောပါတယ်။

    တိုက်ပွဲနေရာတွေကို လုံခြုံရေးအခြေအနေ အတိအကျဖော်ပြလို့ မရသေးပေမယ့် ပင်လောင်းမြို့နယ် တောင်ဘက်ခြမ်းနဲ့ ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်းမှာ တိုက်ပွဲတွေ ဖြစ်နေတာလို့ သိရပါတယ်။

    အခုလပိုင်း ဖယ်ခုံအနောက်ခြမ်းတိုက်ပွဲတွေမှာ ပအိုဝ်းပြည်သူ့စစ် PNOက ဗိုလ်မှူးသုံးဦးအပါအဝင် တပ်သားအဆင့်တွေလည်း သေဆုံးသူတွေအများအပြားရှိတယ်လို့ ရှမ်းတောင် စစ်ရေးသတင်းရင်းမြစ်တွေက ပြောထားပါတယ်။

    ရှမ်းတောင်နဲ့ ထိစပ်နေတဲ့ ကရင်နီပြည်နယ်ရဲ့ ဒီးမော့ဆိုမြို့နယ်မှာလည်း စစ်ကောင်စီတပ်စစ်ကြောင်း ထိုးလာတာကြောင့် တိုက်ပွဲတွေ ဖြစ်နေပါတယ်။

    စစ်ကောင်စီတပ်က ကရင်နီပြည်နယ် မယ်စဲ့၊ဖားဆောင်း နဲ့ ရှားတောမြို့နယ်ကလွဲလို့ ကျန်တဲ့မြို့နယ်တွေမှာ ရွေးကောက်ပွဲလုပ်ဖို့ စီစဥ်ထားပြီး ပြည်နယ်အတွင်းက လွိုင်ကော်၊ဒီးမော့ဆို၊ဖရူဆို၊ဘောလခဲ နဲ့ ရှမ်း -ကရင်နီနယ်စပ် ဖယ်ခုံမြို့နယ်တွေမှာ စစ်မျက်နှာငါးခု ဖွင့်ပြီးထိုးစစ်ဆင်နေတာဖြစ်ပါတယ်။

    (ရှမ်းတောင်တိုက်ပွဲတစ်ခုအတွင်းသေဆုံးတဲ့ ခမရ(၄၂၇)တပ်ရင်းမှူးရဲ့ ဦးထုပ်ကို တွေ့ရစဥ်။ဓာတ်ပုံ – Ko Ko Peter)