Category: News

  • အဆိုတော် သံသာဝင်းကို စစ်ကောင်စီက နှစ်ရှည်ထောင်ဒဏ်ချမှတ်

    အဆိုတော် သံသာဝင်းကို စစ်ကောင်စီက နှစ်ရှည်ထောင်ဒဏ်ချမှတ်

    ၂၀၂၃ ခုနှစ်အတွင်း ရန်ကုန်မြို့တွင် ဖမ်းဆီးခံလိုက်ရသည့် အဆိုတော် ဒေါက်တာသံသာဝင်းကို စစ်ကောင်စီက ပုဒ်မ ၅၀၅ (က) ၊ ၅၀ (ည) အပြင် ပုဒ်မပေါင်းများစွာဖြင့် ဖမ်းဆီးတရားစွဲဆိုခဲ့ပြီး နောက် နှစ်ရှည်ထောင်ဒဏ်များချမှတ်ခဲ့ခြင်းဖြစ်သည်။

    အဆိုတော်နွဲ့ယဉ်ဝင်း၏ သမီးဖြစ်သလို အဆိုတော် အနဂ္ဂ၏ ဇနီးဖြစ်သူ သံသာဝင်း ဖမ်းဆီးခံ ထားရသည့်သတင်းကို စစ်ကောင်စီက သတင်းအမှောင်ချထားသည်။

    NLD ပါတီ ၏ ၂၀၁၅ ၂၀၂၀ အောင်နိုင်ရေးသီချင်းများ ဖန်တီးသူ သံသာဝင်းကို စစ်ကောင်စီက အငြိုးထားကာ အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ်တွင် ခေါ်ယူစစ်ဆေးမှုများပြုလုပ်ပြီးပြန်လွှတ်ပေးခဲ့သည်။ ၂၀၂၃ ခုနှစ်ကုန်ပိုင်းခန့်တွင်မှု ပုဒ်မပေါင်းများစွာဖြင့် ၎င်း၏ နေအိမ်ကို ဝင်ရာက်စီးနင်းဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

    စစ်ကောင်စီသည် အဆိုတော်သံသာဝင်း၏ သတင်းကို ပြင်ပသို့မပေါက်ကြားရန် ထိန်ချန်ထားပြီး ၎င်း၏ မိသားစုဝင်များကိုလဲ စောင့်ကြည့်နေကြောင်း နီးစပ်သူများ၏ အဆိုအရသိရသည်။

    (သတင်းပေးပို့လာသည့် နီးစပ်သူများ၏ မေတ္တာရပ်ခံချက်အရ အနှစ်၂၀ အစား နှစ်ရှည်ပြစ်ဒဏ်ဟု ပြင်ဆင်ပေးရန် သတင်းပေးပို့လာ၍ တည်းဖြတ်ကာ ပြန်လည်ပြင်ဆင်ထားပါသည်)

    DVB သတင်း၏ အဆိုအရ အဆိုတော်သံသာဝင်း၏ အကိုကိုလဲဖမ်းဆီးခံခဲ့ရပြီး အခုဇူလိုင်လထဲတွင် ပြန်လည်လွတ်မြောက်လာကြောင်း ဖော်ပြထားသည်။

    ထို့အပြင် တေးသံရှင် အဆိုတော် နွဲ့ယဉ်ဝင်း ကိုလဲ ခေါ်ယူစစ်ဆေးကာ စစ်ကောင်စီ၏ ဖျော်ဖြေရေးပွဲလမ်းသဘင်များတွင် ပါဝင်စေရန် ဖိအားပေးမှုများရှိနေသည်ဟု နီးစပ်သူများ၏ အဆိုအရသိရသည်။

    အဆိုတော် ဟန်နီထွန်း ကမူ “ပထမတော့ ကိုယ်မပြောချင်လို့ လုံးဝ လျှို့ဝှက်ထားတာပါပဲ။ ဒီရက်ပိုင်းမှာ ကိုယ်သိပ်စိတ်ပူနေရတဲ့ ကောင်မလေးတစ်ယောက်ရှိတယ်။ အရုပ်လေးလိုချစ်စရာသိပ်ကောင်းပြီးလှတဲ့မျက်နှာလေးနဲ့ လူကောင်က သေးသေးလေး။ ဖက်ရှင်ကျကျ ဝတ်စားဆင်ယင်တတ်ပြီး သီချင်းချိုချိုလေးတွေဆိုတဲ့ အဆိုတော်ကောင်မလေး။ ဒီနေ့ ဆုံးရှုံးမှုကို ကြားလိုက်ပြီးတဲ့အချိန် ပထမဆုံး သတိရလိုက်တာ သူမလေးကို ပါပဲ။ ချလိုက်တဲ့ပြစ်ဒါဏ်နဲ့ မလိုက်မဖက်ထောင်ထဲမှာ ကျန်းမာနေပါစေ။ လောကဓံကိုကြံ့ကြံ့ခံနိုင်အောင် သန်စွမ်းလာပါစေ ကလေး လေးရေ”လို့ ၎င်း ၏Facebook အကောင့်တွင် ရေးသားထားသည်။

  • Love at First Hiccup

    Love at First Hiccup

    Love at First Hiccup (2009)

    ဒီရုပ်ရှင်လေးကတော့ 2009 မှာထွက်ရှိခဲ့တဲ့ Romantic Comedy အမျိုးအစားဖြစ်ပါတယ်။

    ဇာတ်လမ်းကတော့ အထက်တန်းကျောင်းသား Victor ရဲ့အကြောင်းပဲ ဖြစ်ပါတယ်။

    သူဟာ ကျောင်းကို အသစ်ရောက်လာတဲ့ Freshman တစ်ယောက်ဖြစ်ပြီး ကျောင်းမှာ လူကြိုက်များပြီး လှပတဲ့ စီနီယာကျောင်းသူ Anya ကို မြင်မြင်ချင်း စွဲလမ်းသွားပါတယ်။

    ဒါပေမယ့် အန်ယာဟာ ချမ်းသာပြီး အထက်တန်းကျတဲ့ Peter နဲ့ ချစ်သူဖြစ်နေတာမို့ Victor အတွက်တော့ လက်လှမ်းမမီတဲ့အခြေအနေပါပဲ။

    Victor ဟာ Anya ကို အသည်းအသန်ချစ်မိရာကနေ “Anya-itis” ဆိုတဲ့ ရောဂါတွေပါ ခံစားနေရပါတယ်။

    ရှက်တတ်တဲ့ ရိုးသားကြိုးစားဖိုးသခွားလေး Anya ရဲ့ အသည်းကို ဘယ်လိုရအောင်ယူမလဲဆိုတာကို စိတ်ဝင်စားဖွယ်ဟာသနှောပြီးရိုက်ကူးထားပါတယ်။

  • KK Park မှ ကျားဖြန့် တရုတ်သူဌေးများ အပါအဝင် အရေးပါသူများကို BGF မှ စောချစ်သူ၊ တင်ဝင်းနှင့် မုတ်သုန်တို့က ခေါ်ထုတ်ပြီး ခိုလှုံခွင့်ပေးထား

    KK Park မှ ကျားဖြန့် တရုတ်သူဌေးများ အပါအဝင် အရေးပါသူများကို BGF မှ စောချစ်သူ၊ တင်ဝင်းနှင့် မုတ်သုန်တို့က ခေါ်ထုတ်ပြီး ခိုလှုံခွင့်ပေးထား

    မြ၀တီမြို့နယ် KK Park မှ ကျားဖြန့် တရုတ်သူဌေးများ အပါအဝင် အရေးပါသူများကို BGF မှ စောချစ်သူ၊ တင်ဝင်းနှင့် မုတ်သုန်တို့က ခေါ်ထုတ်ပြီး ခိုလှုံခွင့်ပေးထား

    ကရင်ပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ်၊ မြ၀တီမြို့နယ်၊ KK Park မှာ ကျားဖြန့် လက်ကြီး တရုတ်လုပ်ငန်းရှင်များ အပါအဝင် အရေးပါသူများကို စစ်တပ်လက်အောက်ခံ ကရင်နယ်ခြားစောင့်တပ်-BGF မှ စောချစ်သူ၊ တင်ဝင်းနှင့် မုတ်သုန်တို့က ခေါ်ထုတ်သွားပြီး ရွှေက္ကိုလ် အပါအဝင် ဘေးကင်းရာ နေရာများတွင် ခိုလှုံခွင့်ပေးထားကြောင်း ကရင်စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

    အောက်တိုဘာလ ၂၂ ရက်နေ့ကတည်းက BGF မှ စောချစ်သူ၊ တင်ဝင်းနှင့် မုတ် သုန်တို့က KK Park မှ ကျားဖြန့် တရုတ်သူဌေးများ၊ အွန်လိုင်း နည်းပညာဆိုင်ရာ ပညာရှင်များ အပါအဝင် အရေးပါသူများကို ခေါ်ထုတ်သွားပြီး တချို့မှာ ရွှေက္ကိုလ်တွင် ရောက်ရှိကာ တချို့မှာမူ BGF က အထူးစီစဉ်ပေးထားသော နေရာများတွင် ယာယီခိုလှုံနေကြကြောင်း သိရှိရသည်။

    ” KK Park က ကျားဖြန့် တရုတ်သူဌေးတွေ၊ အိုင်တီ ပညာရှင်တွေနဲ့ အရေးပါသူတွေကို အောက်တိုဘာလ ၂၂ လောက်ကတည်းက BGF အကုန်ခေါ်ထုတ်သွားပြီး ရွှေက္ကိုလ်၊ ဘုရားသုံးဆူနဲ့ BGF နယ်မြေတွေမှာ ရွှေ့ထားပေးတယ်။ အခု ထိုင်းဘက်နဲ့ မြ၀တီဘက်ကို ထွက်ပြေးနေတာတွေက အလုပ်သမားနဲ့ အလုပ်ကြီးကြပ်ရေး စတဲ့ လုပ်ငန်းလည်ပတ်တဲ့သူတွေပဲ။ အဓိက အရေးကြီး ပုဂ္ဂိုလ်တွေက BGF က ဗိုလ်တင်ဝင်းနဲ့ စီမံမှုနဲ့ လုံခြုံတဲ့နေရာတွေကို ရွှေ့ပေးပြီးသွားပြီ။ KK Park ကို စစ်တပ်က ဝင်စီးမယ်၊ နှင်လွှတ်မယ်ဆိုတာတွေက စစ်တပ်နဲ့ BGF ညှိနှိုင်းပြီး လုပ်ကြတာ” ဟု ကရင်စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

    KK Park မှ ကျားဖြန့် တရုတ်သူဌေး များအပါအဝင် အရေးပါသူများကို BGF က အထူးအစီအစဉ်ဖြင့် ရွှေ့ပြောင်းပေးရာတွင် မြ၀တီ ၂၇၅ ဂိတ်၊ သင်္ဃန်းညီနောင်ဂိတ်၊ ကော့ကရိတ် ၉ တိုင်ဂိတ်၊ ကျုံဒိုးဂိတ် အပါအဝင် စစ်တပ်ဂိတ်များ လမ်းကြောင်းဖွင့်ပေးထားကြောင်း သိရှိရသည်။

    လတ်တလော ထိုင်းဘက်သို့ ထွက်ပြေးနေကြသော တရုတ် အပါအဝင် နိုင်ငံခြားသား ၇၀၀ ကျော်ရှိနေပြီး ထိုင်းနိုင်ငံက ထွက်ပြေးလာသူများကို စိစစ်ခြင်း၊ ယာယီခိုလှုံနိုင်သော နေရာများ စီစဉ်ပေးခြင်းနှင့် အရေးယူ ဆောင်ရွက်မှုများ လုပ်ဆောင်ရန် စာရင်းကောက်ယူခြင်းများ လုပ်ဆောင်လျက်ရှိကြောင်း ထိုင်းသတင်းများက ဖော်ပြသည်။

    ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ဘက်သို့ မြ၀တီမြို့နယ် KK Park မှ ထွက်ပြေးလာသော နိုင်ငံခြားသားများ အများစုတွင် တရုတ်နိုင်ငံသားများဖြစ်ကြောင်း၊ လက်ရှိ တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးကလည်း စိစစ်မှုများ လုပ်ဆောင်နေပြီး သက်ဆိုင်ရာ တရုတ်သံရုံးနှင့် ချိတ်ဆက် ဆောင်ရွက်ရန်လည်း အစီအစဉ်ရှိနေကြောင်း စိစစ်မှုများတွင် ပါဝင်ကူညီပေးနေသော တရုတ်-မြန်မာ-ထိုင်း စကားပြန်တချို့ထံမှ သိရှိရသည်။

    စစ်တပ်ကလည်း KK Park မှ နိုင်ငံခြားသား ၁၁၈ ဦးကို ဖမ်းဆီးရရှိထားကြောင်း ယမန်နေ့ညပိုင်း သတင်းထုတ်ပြန်သည်။

    KK Park မှာ BGF က အဓိက လုံခြုံရေးယူ တာဝန်ယူ တည်ဆောက်ထားသော အွန်လိုင်းကျားဖြန့်စင်တာတစ်ခုဖြစ်ပြီး မြ၀တီမြို့နယ်၊ မယ်ထော်သလေးကျေး ရွာအနီး ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်ကမ်းဘေးတွင် တည်ရှိ သည်။

    ဓာတ်ပုံ- မြန်မာအကြမ်းဖက် စစ်တပ် လက်အောက်ခံ BGF မှ စောချစ်သူနှင့် မုတ်သုန်။

  • ကချင်ဒေသတွင်း စစ်တပ်က လူသတ်ပွဲကျင်းပခဲ့တဲ့ အောက်တိုဘာလ

    ကချင်ဒေသတွင်း စစ်တပ်က လူသတ်ပွဲကျင်းပခဲ့တဲ့ အောက်တိုဘာလ

    အောက်တိုဘာလဟာ ရက်စက်မှု‌အပေါင်းသရဖူ‌ဆောင်းထားတဲ့ စစ်တပ်ရဲ့လေကြောင်းပစ်ခတ်မှုကြောင့် ကချင်ဒေသမှာ အပြစ်မဲ့ပြည်သူရာချီ အစုလိုက်အပြုံလိုက် သွေးမြေကျပြီး သေဆုံးခဲ့ရတဲ့လဖြစ်ပါတယ်။

    အာဏာသိမ်းပြီး တစ်နှစ်ကျော်အကြာ ၂၀၂၂ ခုနှစ်အောက်တိုဘာလ ၂၃ ရက်ည ထင်မှတ်မထားတဲ့ လေကြောင်းပစ်ခတ်မှုဟာ ဖားကန့်ဒေသ အနန့်ပါနေရာဦးတည်တိုက်ခိုက်ခဲ့ပါတယ်။

    ဒီလေကြောင်းပစ်ခတ်မှုကြောင့် ကချင်အနုပညာရှင်တစ်ချို့ ၊ KIO အမှုထမ်းများ၊ အပြစ်မဲ့ပြည်သူ စုစုပေါင်းသေဆုံးသူ ၆၉ ဦး သေဆုံးခဲ့ကာ အဆိုးရွားဆုံးလူသတ်မှုကို စစ်တပ်က ပြောင် ပြောင်တင်းတင်း သတ်ဖြတ်ခဲ့တာ အားလုံးအသိဖြစ်ပါတယ်။

    အနန့်ပါ အရပ်သားသေဆုံးမှုဖြစ်စဉ်ဟာ ယခု ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၂၃ ရက်နေ့မှာ သုံးနှစ်ပြည့်ခဲ့ပြီး ဒီအဖြစ်အပျက်ကြီးကို အခုချိန်အထိ ဝမ်းနည်းပူဆွေးအမှတ်ရနေရဆဲဖြစ်တယ်လို့ ကချင်အနုပညာရှင်တစ်ဦးက သူ့ရဲ့ခံစားချက်ကို ရင်ဖွင့်ပြောဆိုပါတယ်။

    “ဒီဖြစ်စဉ်ထဲမှာ အနုပညာရှင်တွေနဲ့ ပတ်သက်နီးစပ်သူက ၃ ယောက်ပါတယ်။ အားလုံးသိတဲ့ အော်ရာလီပါမယ်။ ဇော်မွန်း(King) တို့ပါတယ်။ အခင်းဖြစ်ပွားတဲ့ အနန့်ပါအထိသွားခဲ့ရတယ်။ အဲချိန် တကယ်လို့ အချိန်နည်းနည်းနောက်ကျသွားရင်တောင် ပြန်တောင်မတွေ့နိုင်လောက်ဘူး။ ဘာပဲဖြစ်ဖြစ် ပြောချင်တာက သူများတွေအတွက်တော့မသိဘူး။ ဒီလိုအဖြစ်ပျက်ကြီးဖြစ်ခဲ့တဲ့ အချိန်ကာလတစ်ခုရောက်လာတိုင်း ၊ သူတို့ဖန်တီးခဲ့ရတဲ့ အနုပညာပုံရိပ်တွေ ပြန်မြင်တိုင်း အနုပညာလုပ်ငန်းလုပ်ရင်းနဲ့ပဲ အသက်ပေးဆပ်လိုက်ရတယ်ဆိုပြီး သတိရတိုင်းအမြဲစိတ်မကောင်းဖြစ်ရတယ်။ အချိန်ကသာ သုံးနှစ်ဆိုပေမယ့် မနေ့ တစ်နေ့ကလိုပါပဲ”လို့ပြောပါတယ်။

    အနန့်ပါ လေကြောင်းတိုက်ခိုက်ခံရမှုဟာ (၆၂) နှစ်ပြည့် KIO နေ့အထိမ်းအမှတ်အဖြစ် ကချင်အနုပညာရှင်တွေနဲ့အတူ ဂုဏ်ပြုပွဲလုပ်နေရင်း စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အနုပညာရှင်အပါ KIO အမှုထမ်း၊ လုပ်ငန်းရှင်တစ်ချို့နဲ့ ပွဲတက်ရောက်သူများ ၆၉ ဦးသေဆုံးခဲ့သလို ထိဒဏ်ရာရရှိခဲ့သူလည်းများပြားခဲ့တဲ့အတွက် ကချင်လူထုရဲ့ နှလုံးသားထဲမှာ မေ့မရတဲ့ နေ့အဖြစ် ထင်ကျန်နေပါတယ်။

    အဲဒီနောက် တစ်နှစ်အကြာ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၉ နေ့မှာလည်း တစ်ဖန် KIO ထိန်းချုပ်နယ်မြေ မုန့်လိုင်ခက်စစ်ရှောင်စခန်းနေရာကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာကြောင့် စစ်ရှောင်ပြည်သူ ၂၉ ဦးသေဆုံးပြီး ၅၀ ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ရပါတယ်။

    တိုက်ပွဲနေရာမဟုတ်တဲ့ စစ်ရှောင်တွေခိုလှုံနေတဲ့ နေရာကို ပစ်မှတ်ထား ပစ်ခတ်ခံရတဲ့ဖြစ်စဉ်ကြောင့် လက်ရှိ အချိန်အထိ အိပ်မက်ဆိုးတစ်ခုကြီးလို ကြောက်လန့် နေရဆဲဖြစ်တယ်လို့ မုန်လိုင်ခက် စစ်ရှောင်အမျိုးသမီးတစ်ဦးလည်း သူ့ရဲ့ ခံစားချက်ကို အခုလို ပြောဆိုလာပါတယ်။

    “မုန်လိုင်ခက်မှာနေတဲ့ ကျမတို့က အခုချိန်အထိ မမြင်နိုင်တဲ့အတွင်းစိတ်ကနေ ကြောက်လန့်စိတ်တွေက အမြဲတမ်းဖြစ်နေတယ်။ အခုလိုလည်း ဒရုန်း၊ လေယာဉ်ဆိုပြီး အသံကြားလိုက်တာနဲ့ ဘယ်လိုလုပ်ရမှန်းမသိကြောက်လန့်နေကြတာ။ တစ်အုပ်တစ်စု သေဆုံးတဲ့ ဖြစ်ရပ်ကြီးက စိတ်ဒဏ်ရာရသလိုဖြစ်သွားတာ။ တခြားနေရာမှာဖြစ်တယ် ဆိုတဲ့ သတင်းတွေကြားရင်တောင် မကြည့်ရဲ မတွေးရဲဖြစ်နေကြတာ။ အားလုံးက စိတ်ဒဏ်ရာရသွားကြတာများတယ်”လို့ပြောပါတယ်။

    အနန့်ပါနဲ့ မုန်လိုင်ခက် ဒီဖြစ်စဉ် နှစ်ခုဟာ ကချင်ပြည်နယ်ထဲမှာ အဆိုးဆုံး စစ်တပ်ရဲ့ လူသတ်ပွဲဖြစ်ရပ်ဆိုးကြီးဖြစ်ပြီး ဒါဟာ ရည်ရွယ်ချက်နဲ့ သတ်ဖြတ်တာဖြစ်တယ်လို့ ကချင်လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ အမျိုးသမီးတစ်ဦးက အခုလိုပြောပါတယ်။

    “ကျမတို့ ကချင်ဒေသမှာဖြစ်ပွားခဲ့တဲ့ အခြေအနေကို ကြည့်ရမယ်ဆိုရင် အနန့်ပါလို လူသေဆုံးမှုက လူအများအပြားကို တစ်ခါတည်း သေဆုံးဖို့ ရည်ရွယ်ပြီး လုပ်တာဖြစ်တယ်။ အစုလိုက်အပြုံလိုက် သေဆုံးအောင် တမင်သတ်ဖြတ်ခဲ့ကြတာဖြစ်တယ်။ ပြီးရင် ပြည်သူတွေရဲ့ ကြောက်စိတ်ဖြစ်အောင် ၊ အာဏာပြန်ပြီး တက်ရောက်အောင် လုပ်နေတာဖြစ်တယ်။ ဒီလိုလုပ်ရပ်တွေက စစ်ရာဇဝတ်ချိုးဖောက်နေတာတင်မဟုတ်ဘူး ပြည်သူလူထုရဲ့ အသက်တစ်ချောင်းတောင် တန်ဖိုးထားပေးဖို့ လူသားချင်းစာနာမှုဆိုတာ သူတို့မှာလုံးဝမရှိဘူးဆိုတာတွေ့ရတယ်”လို့ပြောပါတယ်။

    မုန်လိုင်ခက်စစ်ရှောင်စခန်း ပစ်ခတ်ခံရမှုအပြီး အောက်တိုဘာလ ၁၆ ရက်နေ့မှာ ဖားကန့်ဒေသ KIO တပ်မဟာ (၉) ဌာနချုပ်နဲ့ အနန့်ပါနေရာ ဒုတိယအကြိမ် ထပ်မံလေကြောင်းတိုက်ခိုက်ခံရပြီး စစ်တပ်ဟာ လူသတ်ပွဲကို ဆက်တိုက်ကျူးလွန်ခဲ့ပါတယ်။

    အဲဒီဖြစ်စဉ်မှာလည်း KIO အထက်တန်းအရာ ၄ ဦးအပါ တပ်သားအဆင့်ရှိသူ စုစုပေါင်း ၁၀ ယောက်ကျော်သေဆုံးမှုရှိခဲ့ပါသေးတယ်။

    အာဏာသိမ်း ၄ နှစ်‌ကျော်ကာလအတွင်း ကချင်ဒေသတွင်း ‌လေကြောင်းပစ်ခတ်ခံရတဲ့အခြေအနေကို ခြုံငုံကြည့်ရင် အောက်တိုဘာလမှာဖြစ်ပါတယ်။

    ဒါကြောင့် ကချင်ပြည်သူတွေ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌အဖြစ်ဆိုးနဲ့အမှတ်ရကျန်ရှိ‌ နေတဲ့ အောက်တိုဘာလရောက်တိုင်း စစ်တပ်ရဲ့သတ်ဖြတ်မှုကြောင့် မိသားစုဝင်ဆုံးရှုံးခဲ့ရတဲ့ အိမ်ထောင်မိသားစုတွေ၊ မိတ်ဆွေတွေက ဝမ်းနည်းခြင်းအမှတ်တရဆုတောင်းသံနဲ့အတူ ကချင်လူထုရဲ့ မေ့မရတဲ့နေ့ဖြစ်ခဲ့ပါတယ်။

    ✍ နော်ထွယ့်(ဟူးကောင့်)

  • KK Park ကို နယ်ခြားစောင့်တပ် BGF က ဗုံးကြဲ

    KK Park ကို နယ်ခြားစောင့်တပ် BGF က ဗုံးကြဲ

    ထိုင်း – မြန်မာ နယ်ခြားစောင့်တပ် BGF က ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ထဲမှာရှိတဲ့ အွန်လိုင်းငွေလိမ် (ကျားဖြန့်) နဲ့ နာမည်ကြီးနေတဲ့ KK Park ကို အောက်တိုဘာ ၂၃ ညနေ့ ၆ နာရီလောက်မှာ ဗုံးကြဲဖျက်ဆီးလိုက်ပါတယ်။

    အဆောက်အအုံတချို့ အပြင်းအထန် မီးခိုးထွက်နေပြီး မဲဆောက်ခရိုင်ထဲက သတင်းထောက်တချို့ထံမေးမြန်းရာ နယ်ခြားစောင့်တပ် BGF က KK Park ရှိ နေရာ ၃ ခုကို ဗုံးကြဲချတာလို့ ကနဦးသတင်းရကြောင်း Nareswan Army ရဲမှူးက ပြောကြားပါတယ်။

    အသေးစိတ်အချက်အလက်ကို စုံစမ်းနေဆဲလို့လည်း ဆိုပါတယ်။

    အောက်တိုဘာ ၂၄ ရက် မနက်ဖြန် မြန်မာစစ်အုပ်စုက တရုတ်ကိုယ်စားလှယ်တချို့နဲ့အတူ KK Park မှာ ဝင်ရောက်စစ်ဆေးဖို့ရှိနေတာကြောင့် BGF က အခုလို ဗုံးကြဲဖျက်ဆီးတာလို့ သတင်းတချို့လည်း ထွက်ပေါ်နေပါတယ်။

    မလေးရှားနိုင်ငံမှာ အောက်တိုဘာ ၂၆ ရက်ကနေ ၂၈ ရက်နေ့အထိ ကျင်းပမယ့် ၄၇ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးမတိုင်မီ ကျားဖြန့် (အွန်လိုင်းငွေလိမ်လုပ်ငန်း) တိုက်ဖျက်ဖို့ တရုတ်ဘက်ကလည်း မျှော်မှန်းထားပါတယ်။

    KK Park မှာ ကျားဖြန့် (အွန်လိုင်းငွေလိမ်လုပ်ငန်း) လုပ်ကိုင်ပြီး ရှိနေကြတဲ့ နိုင်ငံခြားသား ၁၀၀၀ နီးပါးယမန်နေ့အစောပိုင်းကစပြီး ထိုင်းနိုင်ငံဘက်ခြမ်းကို ထွက်ပြေးတိမ်းရှောင်နေကြပါတယ်။ တချိန်တည်းမှာ ကရင်လက်နက်ကိုင်တပ် KNU, BGF, DKBA, KNPC အပါအဝင် ကရင်တပ်ဖွဲ့တွေဟာလည်း လာမယ့်ရက်တွေထဲ တွေ့ဆုံဆွေးနွေးကြဖို့ရှိနေပါတယ်။

    ပုံစာ – ယမန်နေ့ ညနေပိုင်း မြဝတီ KK Park မှာ မီးခိုးများတွေ့ရစဉ်။ The Reporters/Screen Grab