Category: News

  • အိုးသည်ကုန်း စစ်တပ်ဂိတ်တွင် စစ်သားနှင့် ပျူစောထီးများ စကားများ ရန်ဖြစ်

    အိုးသည်ကုန်း စစ်တပ်ဂိတ်တွင် စစ်သားနှင့် ပျူစောထီးများ စကားများ ရန်ဖြစ်

    အုတ်ဖိုမြို့နယ်ရှိ အိုးသည်ကုန်း စစ်တပ်ဂိတ်တွင် စစ်သားနှင့် ပျူစောထီးများ စကားများ ရန်ဖြစ်ရာမှ အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပြီး ၁ ဦး သေဆုံး

    ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်ရှိ အိုးသည်ကုန်း အကြမ်းဖက် စစ်တပ်ဂိတ်တွင် စစ်သားနှင့် ပျူစောထီးများ စကားများ ရန်ဖြစ်ရာမှ အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပြီး ၁ ဦး သေဆုံးခဲ့ကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။

    အောက်တိုဘာလ ၅ ရက်နေ့ ညနေ ၅ နာရီခန့်တွင် အုတ်ဖိုမြို့နယ်၊ အိုးသည်ကုန်း စစ်တပ် ဂိတ်တွင်ကင်းစောင့်နေသော စစ်သားနှင့် ပျူစောထီးများ စကားများ ရန်ဖြစ်ရာမှ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    ထိုပစ်ခတ်မှု အတွင်း ပျူစောထီး ၁ ဦး နေရာတင် ပွဲချင်းပြီး သေဆုံးခဲ့ပြီး စစ်သား ၁ ဦးမှာလည်း ပြည်ဆေးရုံတွင် အရေးပေါ် ဆေးကုသမှု ခံယူနေရကြောင်း သိရှိရသည်။

    “အိုးသည်ကုန်း စစ်ခွေးဂိတ်မှာ မနေ့က ညနေ ၅ နာရီလောက်မှာ စစ်ခွေးနဲ့ ပျူစောထီးတွေ ရန်ဖြစ် စကားများပြီး အချင်းချင်း အပြန်အလှန် ပစ်ခတ်ကျတာ ပျူစောထီး ၁ ကောင်ကတော့ ပွဲချင်းပြီး သေဆုံးတယ်။ စစ်ခွေးကတော့ ပြည်ဆေးရုံကို ပြင်းထန်ဒဏ်ရာတွေနဲ့ အရေးပေါ်ပို့ဆောင်ထားရတယ်လို့ သိရတယ်” ဟု ဒေသခံပြည်သူတစ်ဦးက ပြောဆိုသည်။

    အဆိုပါ အိုးသည်ကုန်း စစ်တပ်ဂိတ်သည် လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးခြင်း၊ ခရီးသွားပြည်သူများထံမှ ငွေကြေး အဆမတန် ကောက်ခံခြင်းများ လုပ်ဆောင်နေခြင်းဖြစ်ပြီး ယခု ပစ်ခတ်မှုသည် အချင်းချင်း ဝေစုခွဲရာမှ အဝေမထည့်ဘဲ ခိုက်ရန် ဖြစ်ပွားခြင်းဖြစ်နိုင်ကြောင်း ဒေသခံပြည်သူများက ဆက်လက်ပြောဆိုသည်။

  • ရေဖြူတွင် စစ်ကြောင်းထိုး မီးရှို့နေသည့် စစ်တပ်ကို တိုက်ခိုက်မှု ၁၃ ဦးသေဆုံး

    ရေဖြူတွင် စစ်ကြောင်းထိုး မီးရှို့နေသည့် စစ်တပ်ကို တိုက်ခိုက်မှု ၁၃ ဦးသေဆုံး

    ရေဖြူတွင် စစ်ကြောင်းထိုး မီးရှို့နေသည့် စစ်တပ်ကို တိုက်ခိုက်မှု ၁၃ ဦးသေဆုံးပြီး စစ်သား အလောင်းများကို နေအိမ်ထဲထည့်ကာ မီးရှို့ဖျောက်ဖျက်

    စစ်တပ် မီးရှို့မှုကြောင့် ကြံ့ဖွတ် အမတ်ဟောင်း ပျူစောထီးနိုင်ဦးနေအိမ်ပါပြာကျ

    တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်တွင် စစ်ကြောင်းထိုး မီးရှို့နေသည့် အကြမ်းဖက် စစ်တပ်ကို တိုက်ခိုက်ရာ ၁၃ ဦးသေဆုံးပြီး စစ်သား အလောင်းများကို နေအိမ်ထဲထည့်ကာ မီးရှို့ဖျောက်ဖျက်သွားကြောင်း ထားဝယ်ခရိုင်တပ်ပေါင်းစုမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

    စက်တင်ဘာလ ၂၈ ရက်နေ့တွင် ရေဖြူမြို့နယ်အတွင်း ဝင်ရောက်လာသော အင်အား ၂ဝဝ ကျော်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ပုဂေါဇွန်းရွာကို ရောက်ရှိလာပြီး ရွာသားများကိုဖမ်းဆီးခြင်း၊ လူနေအိမ်များအားဖျက်ဆီးခြင်း၊ ရွှေငွေနှင့်လက်ဝတ်ရတနာများအားယူဆောင်ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

    ထိုသို့ ပုဂေါဇွန်းရွာကို ဝင်ရောက်စီးနင်းပြီးနောက် စက်တင်ဘာလ ၂၉ ရက်နေ့တွင် ယင်းစစ်ကြောင်းသည် ဝက်ချောင်းရွာမှ တဆင့်ခမောင်းချောင်းရွာသို့ ရောက်ရှိလာပြီး လူနေအိမ်များနှင့်စျေးဆိုင်များကို ဖျက်ဆီး၍ စျေးဆိုင်အတွင်းရှိပစ္စည်းများကို ထပ်မံ ယူဆောင်သွားကြောင်း သိရှိရသည်။

    စက်တင်ဘာလ ၃၀ ရက်နေ့တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဧကနိရွာအနီးသို့ ရောက်ရှိခဲ့ပြီး ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များ နှင့် တိုက်ပွဲစတင်ဖြစ်ပွားခဲ့ကြောင်း၊ ထိုတိုက်ပွဲသည် အောက်တိုဘာလ ၁ ရက်နေ့ ညနေ ၆ နာရီထိ ဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ အထိနာကာ လူနေအိမ် ၁၀ လုံးကို မီးရှို့ကာ နေအိမ်တချို့ကိုလည်း ဖျက်ဆီးသွားခဲ့ကြောင်း သိရသည်။

    တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၁၃ ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရသူများလည်း များပြားကြောင်း၊ တိုက်ပွဲ၌ သေဆုံးခဲ့သော စစ်သား မသာအလောင်းများကို နေအိမ်များ အတွင်းထည့်ကာ မီးရှို့ဖျောက်ဖျက်ခဲ့ပြီး မီးလောင်ကျွမ်းခြင်းမရှိသော စစ်သား မသာအလောင်းများကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက မီးရှို့သင်္ဂြိုလ်ပေးခဲ့ရကြောင်း သိရှိရသည်။

    အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်း၏ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၁၀ လုံးပြာကျခဲ့ပြီး ကြံ့ဖွတ်အမတ်ဟောင်း ပျူစောထီး နိုင်ဦး ၏နေအိမ်အပါအဝင် ကြံ့ဖွတ်အမာခံများ၏ နေအိမ် ၅ လုံးလည်းပြာကျခဲ့ကြောင်း သိရသည်။

    “အခုက ပွင့်လင်းရာသီထဲရောက်ပြီဆိုတော့ နေရာတိုင်းမှာ တိုက်ပွဲတွေပြင်းထန်လာနိုင်တယ်။ ရန်သူ့ စကမ စစ်ကြောင်းတွေလည်း မြို့နယ်တိုင်းမှာ လှည့်ပတ်သွားလာနေတယ်။ တွေ့တဲ့လူငယ်တွေ ပေါ်တာဆွဲ ဖမ်းဆီးသွားတာတွေကြုံနေရတယ်။ အဲဒီတော့ခွေးတွေ စစ်ကြောင်း၀င်လာရင်မတွေ့အောင်နေကြဖို့ အရေးကြီးတယ်။ နောက်တစ်ချက်က ထား၀ယ်ခရိုင်ထဲမှာလေကြောင်းကနေတိုက်ပွဲမရှိဘဲ ရွာတွေထဲကို အကြောင်းမဲ့ ဗုံးကျဲတိုက်ခိုက်မှုတွေရှိလာတယ် ဆိုတော့ လေယာဉ်ကိုလည်း သတိထားဖို့ အကြံပြုတိုက်တွန်းပါတယ်။ လေကြောင်းအန္တရာယ်ရှိလာလိမ့်မယ်။ အဓိကက ဒီကောင်တွေကအကြမ်းဖက်ပြီပြီ အရပ်သား ပြည်သူရှိတဲ့နေရာတွေကိုပဲ ကျဲတာဖြစ်လို့ ‌မြို့နယ်တိုင်းသတိပြုဖို့လိုတယ်။ ပွင့်လင်းရာသီ ရောက်လာတဲ့အတွက် ကြိုတင်ပြင်ဆင်မှုတွေလုပ်ထားကြဖို့လိုမယ်။ ဥပမာအရေးကြီးပစ္စည်းအထုပ်ပိုးသေချာထုပ်ထားတာမျိုး ဗုံးခိုကျင်းတွေတူးထားကြတာမျိုး လုပ်ထားသင့်တယ်” ဟု ထားဝယ်ခရိုင်တပ်ပေါင်းစုမှ တာဝန်ရှိသူက ပြောဆိုသည်။

    ထိုတိုက်ခိုက်မှုကို ထားဝယ်ခရိုင်တပ်ပေါင်းစု၊ ရေဖြူမြို့နယ်အခြေစိုက်မဟာမိတ်ပူးပေါင်းတပ်ဖွဲ့နှင့် မဟာမိတ်ပူးပေါင်းအဖွဲ့များက ပူးပေါင်းလုပ်ဆောင်ခဲ့ပြီး တိုက်ပွဲအတွင်း တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များဘက်မှ ရဲဘော် ၁ ဦး မြင့်မြတ်စွာ ကျဆုံးခဲ့ကာ ရဲဘော် ၃ ဦးလည်း မစိုးရိမ်ရဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

  • အသက် ၁၆ နှစ်အရွယ်  မိန်းကလေးကို စစ်သားများက  အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့

    အသက် ၁၆ နှစ်အရွယ် မိန်းကလေးကို စစ်သားများက အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့

    ကျောက်မဲမြို့နယ်ကို စစ်တပ်က ထိုးစစ်ဆင်ခဲ့စဉ် ပြည်သူ ၄ ဦးကို သတ်ဖြတ်ခဲ့ပြီး အသက် ၁၆ နှစ်အရွယ် မိန်းကလေးကိုပါ စစ်သားများက အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့

    ရှမ်းပြည်နယ် ကျောက်မဲမြို့မှ ၁၀ ကီလိုမီတာ ခန့်ကွာ ၀ေးသော လယ်တဲတွင် တိမ်းရှောင်နေသော ပြည်သူ ၄ ဦးကို အကြမ်းဖက်စစ်တပ်က သတ်ဖြတ်ခဲ့ပြီး ယင်းသို့ သတ်ဖြတ်မှုတွင် အသက် ၁၆ နှစ်အရွယ် မိန်းကလေးကိုလည်း အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်၏ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

    ကျောက်မဲမြို့သို့ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင် သိမ်းပိုက်ခဲ့သော စစ်တပ်က စက်တင်ဘာလ ၂၄ ရက်နေ့ ကျောက်မဲမြို့မှ ၁၀ ကီလိုမီတာ ခန့်ကွာ ၀ေးသော လယ်တဲတွင် တိမ်းရှောင်နေသော အရပ်သား ၄ ဦးကိုသတ်ဖြတ်ခဲ့ကာ အသက် ၁၆ နှစ်အရွယ်မိန်း ကလေး ကိုလည်းအဓမ္မပြုကျင့်ခဲ့ကြောင်း၊ စစ်တပ်၏ စစ်ဆင်ရေးကြောင့် ၂၀၂၅ ခုနှစ် ဩဂုတ်လမှ စတင်၍ ကျောက်မဲမြို့နယ်မှ ရွာသား ၁၀,၀၀၀ ကျော်နေရပ်စွန့်ခွာ တိမ်းရှောင်ခဲ့ကြရကြောင်း သိရှိရသည်။

    စက်တင်ဘာလ ၂၄ ရက်နေ့ နံနက် ၁၀ နာရီခွဲခန့်တွင် ကျောက်မဲမြို့နယ် နား အိုက်ခန့် ရွာမှ စခန်းသာရွာဘက်သို့ ကင်းလှည့်လာ သော အင်အား ၁၀၀ ခန့်ရှိသော စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် လမ်းပေါ်တွင် ရွာသားတစ်ဦးနှင့် တွေ့ဆုံခဲ့ကြောင်း၊ ထိုစစ် သားများက ရွာသားကို စစ်ဆေးမေးမြန်းပြီး ရိုက်နှက်ခဲ့ ကြောင်း၊ ထိုရွာသား ထွက်ပြေးရန်ကြိုးပမ်းသောအခါ စစ် သား ၂ ဦးက အနီးရှိ တဲတစ်လုံးသို့ လိုက်လံဖမ်းဆီး ရာ မှ အသက် ၃၀ အရွယ်ခန့်ရှိ သံဃာ (ဦးဇင်း) တစ်ပါးနှင့် တွေ့ဆုံခဲ့ကြောင်း၊ ဦးဇင်းက စစ်သားများကို မြင်၍ ကြောက်လန့်ကာ လယ်ကွင်းထဲသို့ ပုန်းအောင်းရန် ထွက် ပြေး ရန်ကြိုး ပမ်းခဲ့ကြောင်း၊ စစ်သားများက ဦးဇင်း၏ ညာဘက်မျက်လုံးကိုထိမှန်အောင် ပစ်ခတ်သတ်ဖြတ်ခဲ့ပြီး အဆိုပါ သတ်ဖြတ် မှုကို ရွာခေါင်းဆောင်တစ်ဦး မျက်မြင်တွေ့ရှိခဲ့ကြောင်း သိရှိရသည်။

    ထို့နောက် စစ်သားများက ရွာခေါင်းဆောင်ကို ထိုဧရိယာအတွင်းရှိ လူများ၏ တည်နေရာနှင့် အရေအတွက်ကို မေးမြန်းခဲ့ကြောင်း၊ ရွာခေါင်းဆောင်က အနီးအနားရှိ လယ်တဲများတွင် လူခုနစ်ဦးခန့် ရှိကြောင်း ပြန်လည်ဖြေကြား သောအခါ စစ်သားများက ထိုသူများကို ခေါ်လာရန် အမိန့်ပေးခဲ့ကြောင်း၊ သူတို့သည် ရွာခေါင်းဆောင်နောက်ကို မော်တော်ဆိုင်ကယ်များဖြင့် လိုက်ခဲ့ကြပြီး ၎င်းတို့ သတ်ပစ်လိုက်သော ဦးဇင်းထံမှ ယူလာခဲ့သည့် ဆိုင်ကယ်တစ် စီးလည်း ပါဝင်ကြောင်း၊ တဲတစ်ခုသို့ ရောက်ရှိသောအခါ ရွာခေါင်းဆောင်အပါအဝင် ရွာသားသုံးဦး ထွက်ပြေးလွတ် မြောက် သွားသော်လည်း မိခင်တစ်ဦး၊ အသက် ၁၆ နှစ်အရွယ် သမီးတစ်ဦးနှင့် အသက် ၁၂ နှစ်အရွယ် သားတစ်ဦးတို့ အထဲတွင် ကျန်ရစ်ခဲ့ကြောင်း သိရှိရသည်။

    တဲအတွင်းဖြစ်ခဲ့သည့်ဖြစ်စဥ်များအတွက် တိုက်ရိုက်မျက်မြင်သက်သေ မရှိသော်လည်း အခင်းဖြစ်စဥ်နှင့် သက်သေ ခံပစ္စည်းများက စစ်ကောင်စီတပ်သားများက သတ်ဖြတ်မှုနှင့် လိင်အကြမ်းဖက်မှုအတွက် တာ၀န်ရှိသည်ကို တိကျစွာညွန်ပြနေကြောင်း၊ အသက် ၁၆ နှစ်အရွယ်မိန်းကလေးဖြစ်သူမှာ တဲထဲတွင် ကိုယ်လုံးတီး အနေအထားဖြင့် နဖူးနှင့် ခန္ဓာ ကိုယ်တွင် ဒဏ်ရာများနှင့်သွေးများရွဲကာ သေဆုံးနေသည်ကိုတွေ့ခဲ့ရကြောင်း၊ သူမ၏ အ၀တ်များကို မီးဖိုချောင် အနီး တွင်တွေ့ခဲ့ရပြီး စစ်တပ်ယူနီဖောင်း၊ အသုံးအဆောင်များနှင့် လက်နက်အချို့မှာ သူမ၏ခန္ဓာကိုယ်အနီးတွင် ကျန်ရစ်ခဲ့ကြောင်း သိရှိရသည်။

    မိခင်ဖြစ်သူမှာလည်း အသတ်မခံရခင် စစ်သားများအား သမီးဖြစ်သူကို အန္တရာယ်မပြုရန် တောင်းပန်ခဲ့သည်ဟု ယုံကြည်ရသော်လည်း စစ်တပ်က ရင်ဘတ်ကို ကျည်ဆန်ဖြင့်သေဆုံးသည်အထိ ပစ်သတ်ခဲ့ကြကြောင်း၊ အသက် ၁၂ နှစ်အရွယ်ကောင်လေးမှာလည်း ၄င်း၏ ဗိုက်နှင့် ခေါင်းတွင်သေနတ်ဒဏ်ရာများဖြင့် ပစ်ခတ်ခံရကာသေဆုံးခဲ့ကြောင်း သိရှိရသည်။

    ၄င်းတို့၏ရုပ်အလောင်းကို နောက်နေ့မနက်တွင်တွေ့မြင်ခဲ့သော ဖခင်ဖြစ်သူက “ကျွန်တော်တဲကိုပြန်ရောက်တော့ ကျနော့်မိန်းမကို ရင်ဘတ်မှာကျည်ရာနဲ့မြေပေါ်လဲနေတာတွေ့တယ်၊သားကလည်း သူ့ဘေးမှာလဲနေပြီး သွေးတွေရွဲနေတာ၊သမီးရဲ့အ၀တ်အစားတွေကိုလည်း မြေပေါ်မှာတွေ့တယ်၊သူ့အလောင်းကိုကျ အ၀တ်အစားတွေမပါဘဲတဲထဲမှာတွေ့တယ်၊သူမကအဓမ္မကျင့်ပြီးအသတ်ခံရတာ ဘေးမှာလည်း မြန်မာစစ်တပ်ရဲ့ ၀တ်စုံနဲ့ (သေနတ်ပြောင်းခေါင်း)တွေလည်းတွေ့တယ်”ဟု ပြောဆိုသည်။

    ထိုအချိန်အတောအတွင်း စစ်ကောင်စီ၏ လေယာဉ်များ အပေါ်မှ ပျံဝဲနေခဲ့သောကြောင့် အနီးအနားရှိ ရွာသားများ သည် ပုန်းအောင်းနေခဲ့ကြရကြောင်း၊ စက်တင်ဘာလ ၂၅ ရက်နေ့၊ နံနက် ၁၁ နာရီခွဲခန့်တွင်မှ ရွာသားများနှင့် ဆွေမျိုးသားချင်းများက ထိုနေရာသို့ ပြန်လာကြပြီး ဘုန်းကြီးမှ စတင်ကာ သေဆုံးသူများကို မီးသင်္ဂြိုဟ်ခဲ့ကြကြောင်း သိရှိရသည်။

    သေဆုံးသွားသူများမှာ အသက် ၃၀ ခန့်ရှိသော ဘုန်းကြီး ၊ လုံးအော၏ ဇနီး ပါလျန်း၊ အသက် ၁၆ နှစ်အရွယ် သမီး၊ သား အသက် ၁၂ နှစ်အရွယ် စိုင်းသန်းမောင် တို့ဖြစ်ကြောင်း သိရှိရသည်။

    “စစ်ကောင်စီရှိနေသရွေ့တော့ ဒီလို ရာဇဝတ်မှုတွေ ဆက်ပြီး ကျူးလွန်နေမှာ ဖြစ်တဲ့အတွက်ကြောင့် ဒီစစ်ကောင်စီနဲ့ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးအတွက် ကျွန်မတို့ နိုင်တဲ့ ဘက်က အကုန်အတူတူဝိုင်းပြီး ကြိုးစားကြဖို့လိုတယ်လို့ပဲ ကျွန်မပြောချင်ပါတယ်” ဟု ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်၏ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

    ကျောက်မဲမြို့နယ်အတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုများကြောင့် ပြည်သူများ သေဆုံးထိခိုက်မှုများစွာ ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရသည်။

  • ရန်ကုန်မြို့လယ်က ဟိုတယ်တွင် အမျိုးသမီး ၁ ဦး အပိုင်းပိုင်းခုတ်ထစ် သတ်ဖြတ်ခံရ

    ရန်ကုန်မြို့လယ်က ဟိုတယ်တွင် အမျိုးသမီး ၁ ဦး အပိုင်းပိုင်းခုတ်ထစ် သတ်ဖြတ်ခံရ

    ရန်ကုန်မြို့လယ်ကောင်၊ ပန်းဘဲတန်းမြို့နယ် အမှတ် ၁၁ ရပ်ကွက်၊ ၃၂ လမ်း အထက်ဘလောက်မှာရှိတဲ့ Beauty Land Hotel မှာ အောက်တိုဘာ ၆ ရက် ဒီနေ့မနက် အမျိုးသမီး တယောက် အပိုင်းပိုင်းခုတ်ထစ် သတ်ဖြတ်ခံခဲ့ရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

    ဒီကနေ့ မနက် ၉ နာရီခွဲက Beauty Land Hotel အခန်းနံပါတ် ၅၀၂ မှာ တည်းခိုတဲ့အမျိုးသမီးကို လူသတ်သမားက အပိုင်းပိုင်းခုတ်ထစ်သတ်ဖြတ်ကာ အခန်းအပြင်ဘက် လေအေးပေးစက် တပ်ဆင်ထားတဲ့စင်ပေါ်မှာ အမှိုက်အိတ်အပြာနဲ့ စွန့်ပစ်ခဲ့တာလို့ မြို့ခံတယောက်က ပြောပါတယ်။

    “ဘယ်အချိန်ကတည်းက သတ်သွားလဲ မသိဘူး။ လူကို အသားငါးခုတ်သလို အပိုင်းပိုင်း ခုတ်ထစ်ပြီး အမှိုက်အိတ်ထဲ ထည့်ထားပြီး လေအေးပေးစက်ပေါ် တင်ထားတာ။ လက်တဖက်ထွက်နေမှ သိတာ။ အတော်လေးကြောက်ဖို့ကောင်းတယ်။ ဟိုတယ်ထဲမှာ ဒီလို ခုတ်ထစ် သတ်ဖြတ်နေတာကို မသိဘူးဆိုတော့ စဥ်းစားလို့မရဘူး။”

    လတ်တလောမှာ စစ်ကောင်စီတပ်နဲ့ ရဲတွေက အဆိုပါဟိုတယ်အတွင်း ဝန်ထမ်းတွကို စစ်ဆေးနေပြီး CCTV မှတ်တမ်းတွေကို တိုက်ဆိုင်စစ်ဆေးနေတယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတယောက် က ပြောပါတယ်။

    “သေတဲ့အမျိုးသမီးရဲ့ ကိုယ်ရေးအချက်အလက်တွေနဲ့ CCTV တွေ တိုက်ပြီး စစ်ဆေးနေတယ်၊ သတ်သွားတဲ့သူကို မိဖို့ဆိုတာတော့ မလွယ်ဘူး။ မြို့လယ်ကောင်က ဟိုတယ်မှာ ဒီလို လူသတ်မှု ဖြစ်တယ်ဆိုတော့ အုပ်ချုပ်ရေးပိုင်းက စောက်ရှက်ကွဲတာပေါ့။”

    ပြီးခဲ့တဲ့ သြဂုတ်လအတွင်းက မရမ်းကုန်းမြိုနယ် ကမ္ဘာအေးကွန်ဒိုမှာ နေထိုင်တဲ့ တောင်ကိုရီးယားနိုင်ငံသားတယောက် လုယက်သတ်ဖြတ်ခံရသလို လသာမြို့နယ်က နယူးပါတီ KTV မှာ တရုတ်နိုင်ငံသားတယောက် သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်ခံခဲ့ရပါတယ်။

    အလားတူ အခုနှစ် ဇန်နဝါရီလအစောပိုင်းက ဒေါပုံ၊ သာကေတ၊ မရမ်းကုန်း၊ ကွမ်းခြံကုန်းနဲ့ ရွှေပြည်သာမြို့နယ်မှာ လူ ၅ ယောက် လုယက်သတ်ဖြတ်ခံရပြီး ပြစ်မှု ကျူးလွန်သူတွေကို အခုချိန်ထိ ရဲတွေက ဖမ်းဆီးရမိခြင်းမရှိသေးပါဘူး။

  • မုံရွာတွင် ရဲအရာရှိ ၃ ဦးနှင့် ရဲတပ်သား ၁ ဦးတို့ လိုက်ပါလာသော ကားကို တော်လှန်ရေးတပ်များက ပစ်ခတ်တိုက်ခိုက်

    မုံရွာတွင် ရဲအရာရှိ ၃ ဦးနှင့် ရဲတပ်သား ၁ ဦးတို့ လိုက်ပါလာသော ကားကို တော်လှန်ရေးတပ်များက ပစ်ခတ်တိုက်ခိုက်

    မုံရွာတွင် ပြည်သူများထံမှ ဆက်ကြေးကောက်နေသော ရဲအရာရှိ ၃ ဦးနှင့် ရဲတပ်သား ၁ ဦးတို့ လိုက်ပါလာသော ကားကို တော်လှန်ရေးတပ်များက ပစ်ခတ်မှု ရဲ ၄ ဦး သေဆုံး (ရုပ်/သံ)

    စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်တွင် ပြည်သူများထံမှ ဆက်ကြေးကောက်နေသော ရဲအရာရှိ ၃ ဦးနှင့် ရဲတပ်သား ၁ ဦးတို့ လိုက်ပါလာသော ကားကို တော် လှန်ရေးတပ်များက ပစ်ခတ်မှု ရဲ ၄ ဦး သေဆုံးပြီး လက်နက်ခဲယမ်းများသိမ်းဆည်းရရှိကြောင်း မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့(မုံရွာမြို့နယ်-ပလဖ)မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

    အောက်တိုဘာလ ၄ ရက်နေ့ နံနက်ပိုင်း မုံရွာမြို့နယ်၊ သာစည်လမ်းနှင့် အက်တောအ၀ိုင်းပတ်တွင် ပြည်သူများထံမှ ငွေကြေးနှင့်ပါလာသော ပစ္စည်းများ အတင်းအဓမ္မဆက်ကြေးကောက်ခံနေသော ရဲ အရာရှိ ၃ ဦးနှင့် ရဲတပ်သား ၁ ဦးလိုက်ပါသော အိမ်စီးကားကို တော်လှန်ရေးတပ်များက တိုက်ခိုက်ခဲ့ကြောင်း၊ အပြန်အလှန် တိုက်ခိုက်မှုအတွင်း ရဲ ၄ ဦးစလုံး သေဆုံးခဲ့ပြီး တော် လှန်ရေးတပ်များ အထိအခိုက်မရှိခဲ့ကြောင်း၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

    သေဆုံးသူ ရဲ ၄ ဦးအနက်မှ ၁ ဦးမှာ ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ နမ္မတီးနယ်မြေရဲစခန်းမှ ရဲတပ်ကြပ် သိန်းဇော်ဖြစ်ကြောင်း၊ သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများမှာ BA 63 (ခေါ်) G3 ၂ လက်၊၉မမ ပစ္စတို ၁ လက်တို့ဖြစ်ပြီး လိုက်ပါစီးနင်းလာသော အိမ်စီးကားမှာလည်း ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပျက်စီးသွားကြောင်း သိရှိရသည်။

    “ပြည်သူတွေအနေနဲ့ လက်ရှိအခြေအနေမှာ အထူးဂရုစိုက်ပြီးသွားလာပေးကြဖို့နဲ့ဘေးကင်းကြပါစေလို့ ပြောချင်ပါတယ်”ဟု မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့(မုံရွာမြို့နယ်-ပလဖ)မှ တာဝန်ရှိသူက ပြောဆိုသည်။

    အဆိုပါ မစ်ရှင်ကို မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့(မုံရွာမြို့နယ်-ပလဖ) နှင့် ကျောင်းသားတပ်တော် (SAF)၊ မုံရွာခရိုင်တပ်ရင်း ၂ ၊ ခွဲ ၁ ရွာဇော်ကြီးတော်လှန်သံ၊ Budalin Mobile Team တို့က အတူပူး‌ပေါင်း တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။